အပိုင်း ၁၁ ( ဝူနန်ပြည်နယ်မှ ထွက်ပေါ်လာသောကောလဟာလ)
"ယုံးယွမ်"နန်းဆောင်တွင်ဖြစ်သည်။
ပြင်ပရှိ အရာအားလုံးကအေးချမ်းနေလေ၏။ အဆောင်၏အပြင်ဘက်တွင်ပင် သစ်ပင်ပန်းမန်များက အမြဲလိုလို ၀ေဆာနေလေ့ရှိတာကြောင့် သစ်ကိုင်းများတွင် လာရောက်နားခိုကြကာ တေးသီနေသော ငှက်ငယ်များကို တွေ့နိုင်သေးသည်။
"ရော့ ဒါပါစား။ ထပ်ထည့်အုန်း။"
"ကိုယ့်ပန်းကန်ထဲမှာ တကယ်ကိုပဲ ပြည့်လျှံနေပြီ။"
"မရဘူး။ အရင်လိုပုံစံပြန်ဖြစ်တာကိုပဲလိုချင်တာ။ ကြည့်အုန်း........ မျက်နှာကို ချောင်ကျသွားလိုက်တာ။"
အန်းလုက ချီရှန်း၏ပန်းကန်ထဲသို့ ဟင်းမျိုးစုံကို
တူဖြင့်ညှက်ကာနားလှမ်းထည့်ပေးနေရင်း တူကိုင်ထားသော လက်ဖြင့်ပင် ချီရှန်း၏မျက်နှာအား ထိတွေ့၏။ ချီရှန်း၏ ထမင်းပန်းကန်လုံးထဲတွင်တော့ ထမင်းသာမက ဟင်းများပါ လျံထွက်နေလေသည်။ချီရှန်းက ပြော၍မရသည့်အဆုံးတွင် ထမင်းပန်းကန်ထဲသို့ ဟင်းများဆက်ထည့်ပေးနေသော အန်းလုကိုသာ မေးထောက်ကာပြုံးရင်းကြည့်နေသည်။ အန်းလုက ဟိုပန်းကန်နှိုက်၊ သည်ပန်းကန်နှိုက်ဖြင့် အလူပ်ရှုပ်နေလေ၏။
သူကအတော်ကြာမှ သတိထားမိပုံရသည်။ သူ့အား ငေးကြည့်နေသော ချီရှန်းအား ကြည့်လိုက်ပြီး
"ဘာလို့လဲ။ ဘာလို့ကြည့်တာလဲ။ ရုပ်ဆိုးလို့လား။"
ချီရှန်းက အေးဆေးစွာပင်ပြန်ဖြေသည်။
"မဟုတ်ပါဘူး။ မင်းကိုယ့်ဆီပြန်လာတာကို အခုထိမယုံနိုင်သေးတာမလို့။"
အန်းလုက လက်ထဲတွင်ကိုင်ထားသော သစ်သားဖြင့်လုပ်ထားသည့်တူ၏ အစွန်းနှစ်ဖက်အား နှုတ်ခမ်းတွင်တေ့ကာ ထိုတူတွင် ကပ်ကျန်နေသော အရသာတစ်ချို့ကို စုပ်ကာခံစားနေသည်။
"မသိဘူး။ ကျွန်တော်လည်း ဘာလို့ဒီကိုရောက်လာမှန်း။ တော်တော် ကြောင်တောင်တောင်နိုင်နေတယ်။
ပြီးတော့ကြည့်အုန်း။ နောက်တစ်ယောက်ရဲ့ ခန္တာကိုယ်ကြီးနဲ့။"
YOU ARE READING
LOVE, BUT HURT (Season 3)_ The Last Begin_[Completed]
Historical Fictionကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီး ရိုးရှင်းနေလောက်ပေမဲ့ ကိုယ်မင်းကိုချစ်တယ်" Hello! This is Season 3 of Love, But Hurt Fiction and n...