Part 21( အင်အားပြိုင်ခြင်း)

3.8K 627 25
                                    

အပိုင်း ၂၁ ( အင်အားပြိုင်ခြင်း)

မင်္ဂလာပွဲအခမ်းအနားက မနက်ဖြန်မနေ၀င်ချိန်တွင် စတင်ကျရောက်မည်ဆိုသော်လည်း တိုင်းပြည်ကြီးငယ်များမှ ဖိတ်ကြားကာထားသော သက်ဆိုင်ရာလူတိူ့က ရောက်ရှိနေနှင့်ကျပြီဖြစ်သည်။ ခန်းမဆောင်ကြီးသည် မျက်စိတစ်ဆုံး လူများနှင့်ပြည့်နှက်နေချေသည်။ အားလုံးက အလျားလိုက်ညီညာစွာစီတန်းထားသော လေးထောင်သဏ္ဍာန်စားပွဲပုလေးများကို ရှေ့တွင်ထားကာ ၎င်းတို့၏ အဆင့်အတန်းအလိုက်ထိုင်ကြသည်။

ချီရှန်းက ခန်းမဆောင်သို့ကြွလာသော်လည်း တည့်တည့်မတ်မတ်မ၀င်သေးပဲ ခန်းမဆောင်၏ တံခါးဝတွင်မတ်တပ်ရပ်ကာ ထိုညစာစားပွဲအားအကဲခပ်နေသည်။ သူ၏နောက်တွင် ကျီချန်းနှင့် အန်းလုက ခြေသုံးလှမ်းအကွာအ၀ေးဖြင့် ပါလာသည်။ ချင်းယာက သူတိူ့နှင့်​မလှမ်းမကမ်းတွင် ရပ်ကာနေပြီး သူမက ပန်းနုရောင်ဝတ်ရုံရှည်ကို ပန်း၀တ်လွှာတို့စီခြယ်ကာပုံဖော်ထားသည့် ဂါ၀န်ကို ဝတ်ဆင်ကာထားပြီး မင်းသမီးတစ်ပါးအသွင်ပြင်ဆင်ကာထားသည်။ ဤအချိန်တွင်တော့ သူမ၏ ခါးဘေးထက်တွင် မည်သည် လက်နက်ပစ္စည်းမျှမရှိတော့ပါချေ။

"အရှင်ချီရှန်း...ကျွန်မနောက်လိုက်ခဲ့ပေးပါ။

ကိုယ်လုပ်တော်ကျင့် နဲ့ အရှင်ကျီချန်းကတော့ ညာဘက်ထောင့် မှာနေရာနှစ်နေရာ ပြင်ဆင်ပေးထားပါတယ်။ ကျေးဇူးပြုပြီးကြွပါ။ "

အန်းလုက နောက်ဘက်နားမှနေ၍ ချီရှန်း၏ကျောပြင်ကို အသာတို့လိုက်သည်။ ချီရှန်းက မသိမသာလှည့်ကြည့်တော့ သူကခေါင်းငုံ့နေလေ၏။ ချီရှန်းက ပြန်လှည့်လိုက်ရင်း ချင်းယာကိုကြည့်လိုက်သည်။ ပြီးနောက် သူကခန့်ညားစွာနှင့်ပင် ထိုခန်းမဆောင်ကြီး၏ အလည်လမ်းကြောင်းမှနေ၍ လျှောက်လှမ်းလာတော့သည်။

ရှေ့တည့်တည့်တွင်ပင် မြင်နေရသည်က ဝူနန်နယ်စားမင်းပင်ဖြစ်သည်။ သူက ရှေ့ဘက်နားတွင် ထိုင်ကာနေသော အခြားနယ်စားများနှင့် အချင်းချင်းစကားဆိုရင်း ရယ်မောနေသည်။ အသက်ခြောက်ဆယ်နီးပါးရှိနေပြီဖြစ်သော အဘိုးကြီးဖြစ်သော်လည်း သူ၏ပုံစံကသန်မာနေသေးသည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now