Part 26( သတိရမိတဲ့ လက်ထပ်ပွဲလေးတစ်ခု)

3.1K 459 16
                                    

အပိုင်း ၂၆ ( သတိရမိတဲ့ လက်ထပ်ပွဲလေးတစ်ခု)

"ဘယ်တွေကိုသွားနေတာပါလဲ။ အရှင်ချီရှန်းက ရှာနေပါတယ်။"

ရှောင်ရှင်းက နန်းတော်တစ်ခုလုံးပတ်ရှာနေပုံရသည်။ နန်းတော်၏ လမ်းခုလပ်တစ်နေရာတွင် တယောက်တည်း ခေါင်းငိုက်စိုက်ကျကာ လျောက်လာနေသော အန်းလုကိုမြင်တော့ ချက်ချင်းပြေးလာလေ၏။ အနားသို့ရောက်ကာလာသော ရှောင်ရှင်းကို အန်းလုက အသာပြုံးပြလိုက်ပြီးနောက် ရှောင်ရှင်း၏အမေးကိုမဖြေပဲ ချီရှန်းရှိရာကိုသာမေးလိုက်သည်။

"အခမ်းအနားမှာပဲမလား။ ကျွန်တော် သူ့အနားကိုသွားလိုက်ပါ့မယ်။"

"မြန်မြန်သွားရအောင်။ ကျွန်တော်မျိုးနောက်က လိုက်ခဲ့ပေးပါ။"

ရှောင်ရှင်း၏ ပုံစံကထူးခြားနေပြန်သည်။ သူက အဖက်ဖက်ကိုကြည့်ကာ အတော်ကိုသတိထားနေပြီး သူ၏လက်ကိုင်ဓားကိုပါ သေချာစွာဆုပ်ကိုင်လျက် အသင့်အနေအထားဖြင့် ကိုင်ဆောင်ထားသည်။ အန်းလုက ရှောင်ရှင်း၏ ပုံစံကိုကြည့်ရင်း

"ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်မယ်လို့တွေးမိလို့လား။"

ထိုအခါ ရှောင်ရှင်းက သူ့အားလှည့်ကြည့်လာသည်။

"ဘာပဲဖြစ်ဖြစ် ဒီနေရာကရန်သူ့နေရာရယ်လို့တွေးလို့ရတာမလို့ ကျွန်တော်တို့ သတိကိုထားမှဖြစ်မှာ။ ကိုယ်လုပ်တော်လု ဒီလိုမျိုးတယောက်တည်းလျောက်သွားနေလို့ တစ်ခုခုဖြစ်သွားရင် အရှင်ချီရှန်းပဲ စိတ်ထိခိုက်ရလိမ့်မယ်။"

ရှောင်ရှင်း၏ ပုံစံက ချီရှန်းအတွက်အတော်ကိုစိုးရိမ်ပူပန်နေပုံပင်။ အန်းလုက ရှောင်ရှင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာကအနည်းငယ်ညိုးငယ်သွားပြီး ခေါင်းကိုငုံ့ကာချလိုက်သည်။

"ကျွန်တော် နောက်ခါ ဆင်ခြင်ပါ့မယ်။"

ထိုအခါမှ ရှောင်ရှင်းကဆိုသည်။

"ကျွန်တော် ကိုယ်လုပ်တော်လု ကိူအပြစ်တင်နေတာမဟုတ်ရပါဘူး။ အရှင်က ကိုယ်လုပ်တော်လု ကိုရှာခိုင်းလိူက်ပေမဲ့ သူ့အနားမှာကျွန်တော်မရှိချိန် တစ်ခုခုဖြစ်သွားမှာကို ကျွန်တော်အတော်လေးစိုးရိမ်နေလို့ပါ။ အခုချိန်ထိ ဘယ်သူကမှ မလှုပ်ရှားပဲ အရာအားလုံးလွယ်ကူနေတာက ပိုပြီးကြောက်စရာကောင်းတဲ့အခြေအနေပါ။ အဲ့ဒါကြောင့်ပါ။...

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now