MWFV Ch 23
New Names
Zawgyi Version
ေဝ့မင္အလယ္တန္းေက်ာင္းတြင္ျဖစ္သည္။
"ေက်ာင္းအလွပန္းေလးကိုမဲေပးၾကစို႔" အစီအစဥ္ကၿပီးဆုံးသြားခဲ့ေလၿပီ။ စုန႔္ရွင္းယီႏွင့္သူမတို႔ရဲ႕ၿပိဳင္ဆိုင္မႈမွာ စုေပက ေနာက္ဆုံးေတာ့ ႏွာတစ္ဖ်ားအသာနဲ႔အႏိုင္ရရွိခဲ့တယ္။
သူမရဲ႕ေဘးခ်င္းကပ္အတန္းေဖာ္တုန႔္ဝိန္ခ်ီက ဒီရလဒ္ႏွင့္ပတ္သတ္ၿပီး ကာယကံရွင္ျဖစ္တဲ့စုေပထက္ေတာင္မွပဲ ပိုမိုစိတ္လႈပ္ရွားေနပုံေပါက္ေနခဲ့တယ္။ "ဟားဟား, အရင္ကေတာ့ တစ္ခ်ိဳ႕လူေတြကေျပာရဲေနလိုက္ၾကတာမ်ား ေနာက္ဆုံးက်ရင္ ရယ္ေမာေပ်ာ္႐ႊင္ေနရမယ့္သူက နင္မဟုတ္ႏိုင္ပါဘူးဆိုတဲ့သူေတြ။ အခုက်ေတာ့လည္း, ၾကည့္စမ္းပါအုန္း, စုန႔္ရွင္းယီရႈံးသြားၿပီးေတာ့ သူတို႔ခံရမယ့္အလွည့္က ဒီေလာက္ျမန္ျမန္ဆန္ဆန္ႀကီး ေရာက္လာတာကိုေလ!"
"ခဏေလး, ခဏေလး... ငါအရင္တုန္းက screenshot ႐ိုက္ထားတာေလးကို ငါ့ရဲ႕ alt account မွာ တင္ပါရေစအုန္း, ၿပီးမွ အဲဒီစုန႔္ရွင္းယီရဲ႕ fan ေတြကို သူတို႔ေတြ႕ႀကဳံလိုက္ရတာေတြက နာက်င္ရလား မနာက်င္ရဘူးလားဆိုတာကို ေမးၾကည့္လိုက္အုန္းမွ!" တုန႔္ဝိန္ခ်ီက ပိုပိုၿပီးေတာ့ေတာင္စိတ္လႈပ္ရွားလာခဲ့တယ္။
[T/N : Alternate (alt) account - ရွင္းလင္းခ်က္ရွာဖို႔ google ေခါက္လိုက္တာ႐ူးခါသြားတယ္ကြယ္။ အမ သိသေလာက္ေျပာရရင္ ကိုယ္ေရးကိုယ္တာကိစၥေတြလုပ္ဖို႔အတြက္ သီးသန႔္ထားတဲ့ account လို႔ေျပာရမလား။ အလြယ္ေျပာရရင္ personal account မဟုတ္တဲ့ေနာက္ထပ္ account တစ္ခုေပါ့။]
"မလုပ္နဲ႔" စုေပက ေကာင္မေလးရဲ႕ '႐ူးေၾကာင္ေၾကာင္' အႀကံဉာဏ္ကိုတားျမစ္လိုက္ၿပီး : "နင့္ကိုစုန႔္ရွင္းယီရဲ႕ fan ေတြဝိုင္းအုံလာၾကလိမ့္မယ္" စုန႔္ရွင္းယီကေက်ာင္းမွာ fan ေတြအေျမာက္အမ်ားရွိသူျဖစ္တာေၾကာင့္ အကယ္၍ တုန႔္ဝိန္ခ်ီကဖိုရမ္ထဲမွာ တကယ္ႀကီးသူတို႔ကို ရန္သြားစမိလိုက္ရင္ေတာ့ျဖင့္ သူတို႔ကသူမကို တစစီဆြဲၿဖဲပစ္လိုက္ၾကလိမ့္မယ္။
စုေပရဲ႕အႀကံေပးခ်က္ကိုနားေထာင္ၿပီးေတာ့ တုန႔္ဝိန္ခ်ီက သူ႔အႀကံကိုေဖ်ာက္ပစ္လိုက္ေပမယ့္လည္း သူမအမူအရာကေတာ့ ဘဝင္ခိုက္ေနဆဲပဲ။ သူမက လက္မခံႏိုင္သလိုမ်ိဳးနဲ႔ တိုးတိုးေလးေရ႐ြတ္လိုက္ၿပီး အထင္ေသးတဲ့ေလသံနဲ႔ေျပာလိုက္တယ္ : "ခါးသီးတဲ့အမွန္တရားကိုရင္ဆိုင္ရတာပဲေလ, သူတို႔က ဘာေျပာႏိုင္မွာမို႔လို႔လဲ? နင္ကတစ္မဲအသာနဲ႔ႏိုင္သြားခဲ့တယ္ဆိုရင္ေတာင္မွ စုန႔္ရွင္းယီထက္ နင္ကပိုေတာ္တယ္ဆိုတာကို သက္ေသျပေနေသးတာပဲေလ။ နင္သူမကို မဲေပါင္း ၃၀၀ေက်ာ္နဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္ဆိုတာကို ေျပာေနစရာေတာင္မလိုေတာ့ဘူးေပါ့!"
"ဒီလိုလူေတြက ဒါကိုလက္မခံႏိုင္ဘူးဆိုရင္ေတာင္မွ နင္ကငါတို႔ေက်ာင္းရဲ႕အလွပန္းေလးျဖစ္သြားၿပီေလ" တုန႔္ဝိန္ခ်ီက စုေပကို ႐ႊတ္ေနာက္ေနာက္နဲ႔မ်က္စိတစ္ဖက္မွိတ္ျပလိုက္ၿပီး : " 'ေက်ာင္းအလွပန္းေလး' title ကို အႏိုင္ရရွိသြားတဲ့ ငါတို႔ရဲ႕အတန္းေဖာ္ေလးစုေပအတြက္ ဂုဏ္ယူဝမ္းေျမာက္ပါတယ္ေနာ္။ အခုဘယ္လို ခံစားေနရပါသလဲရွင့္?"
စုေပ : "..."
တုန႔္ဝိန္ခ်ီ : "ဟုတ္ပါၿပီ, နင္ဘာမွသိပ္ၿပီးထူးထူးျခားျခားမခံစားရဘူးလို႔ပဲေျပာမွာေသခ်ာတယ္"
သူမရဲ႕ဒီေဘးခ်င္းကပ္အတန္းေဖာ္ေလးက ေတာ္ေတာ္ေလးကိုဂ႐ုမစိုက္တတ္တဲ့စ႐ိုက္ရွိသူျဖစ္တယ္။ သို႔ေပမယ့္လို႔ တုန႔္ဝိန္ခ်ီကစုေပကို အနီးကပ္ၾကည့္မိလိုက္ခ်ိန္မွာေတာ့ သူမနားလည္သေဘာေပါက္ သြားခဲ့ရတာကေတာ့ လြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ေလာက္ကမွ သူမ ပထမဆုံးေက်ာင္းေျပာင္းလာတဲ့ အခ်ိန္တုန္းကထက္ကို ဒီေကာင္မေလးက တကယ္ႀကီးပိုပိုလွလာတာပဲ!
"ငါအတည္ေျပာေနတာ, စုေပ, တစ္ျခားသူေတြရဲ႕အျမင္ကိုဂ႐ုမစိုက္ဘူးဆိုရင္ေတာင္မွ နင့္မ်က္ႏွာတန္ဖိုးေလး တစ္ခုတည္းနဲ႔တင္ စုန႔္ရွင္းယီထက္ကို အမ်ားႀကီးသာေနၿပီးသားပဲဥစၥာ"
စုေပကအသာၿပဳံးလိုက္ၿပီး : "နင္သတိထားသင့္တယ္ေနာ္။ စုန႔္ရွင္းယီရဲ႕ fan ေတြမၾကားေစနဲ႔အုန္း"
ေက်ာင္းအလွပန္းေလးကိုမဲေပးၾကတဲ့အစီအစဥ္ႏွင့္ပတ္သတ္ၿပီး ထြက္ေပၚလာတဲ့ရလဒ္အရ တစ္ခ်ိဳ႕လူေတြက ေပ်ာ္႐ႊင္ေနၾကခ်ိန္မွာ တစ္ခ်ိဳ႕ကေတာ့တကယ္ႀကီးမေပ်ာ္႐ႊင္ႏိုင္ၾကေလဘူး။ သူတို႔ထဲက မေပ်ာ္႐ႊင္ႏိုင္ၾကတဲ့ လူအမ်ားစုကေတာ့ စုန႔္ရွင္းယီရဲ႕ fan ေတြပဲျဖစ္တယ္။ အထူးသျဖင့္ ရလဒ္ေတြထြက္ေပၚလာၿပီးေနာက္ပိုင္းမွာ စုန႔္ရွင္းယီက ဒီလို public status တစ္ခုကိုတင္ခဲ့တယ္ : [ႏွေျမာစရာေကာင္းလိုက္တာ] နတ္ဘုရားမေလးစုန႔္ရဲ႕ ဝမ္းနည္းေၾကကြဲေနတဲ့မ်က္ႏွာ selfie ပုံတစ္ပုံႏွင့္အတူ ဂီတအခန္းထဲမွာ သူမ စႏၵရားေလ့က်င့္တီးခတ္ေနတဲ့ ဗီဒီယိုမွတ္တမ္းတစ္ခုကိုပါ ပူးတြဲတင္ထားခဲ့တယ္။
ဘာမွထပ္ရွင္းျပေနစရာမလိုေလာက္ေအာင္ ဒါကိုျမင္လိုက္ရတဲ့လူတိုင္းက စုန႔္ရွင္းယီတစ္ေယာက္ေတာ့ 'အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ' နဲ႔ပတ္သတ္ၿပီး ဝမ္းနည္းေနတယ္ဆိုတာကို သိသြားၾကေတာ့တယ္။ ႐ုတ္တရက္ပဲ ေက်ာင္းဖိုရမ္ထဲမွာ အသံေပါင္းေျမာက္မ်ားစြာက စုေပကို ေမးခြန္းထုတ္ခဲ့ၾကတယ္။
[ငါ႐ုတ္တရက္ႀကီးကန္းသြားတာမ်ားလား? စုေပကတကယ္ႀကီးစုန႔္ရွင္းယီကိုႏိုင္သြားတာေပါ့!]
[မဟုတ္ဘူး, နင္ကန္းသြားတာမဟုတ္ဘူး, ဒါေပမယ့္ စုေပကို vote ေပးၾကတဲ့ အဲဒီလူေတြကကန္းေနၾကတာ]
[ငါဒီႏွစ္ရဲ႕အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈကိုမၾကည့္ခ်င္ေတာ့ဘူး။ ငါကန္းသြားမွာကိုေၾကာက္ေနလို႔]
[အဖြင့္တင္ဆက္မႈၿပီးၿပီးခ်င္း စုန႔္ရွင္းယီကိုေဖ်ာ္ေျဖခြင့္ေပးဖို႔ ငါအႀကံျပဳထားတယ္။ ဆန႔္က်င္ဖက္ႏွစ္ခုကို တစ္ဆက္တည္းၾကည့္ရတာက ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းေလာက္တယ္ ေနာက္ၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့လူေတြကိုလည္း ႏႈိးလိုက္ႏိုင္တယ္ေလ]
-----
တစ္ခ်ိန္တည္းမွာပဲ အမည္မသိ account တစ္ခုက 'ေက်ာင္းအလွပန္းေလးကိုမဲေပးၾကစို႔' ရဲ႕ေဘးမွာ vote အသစ္တစ္ခုကို ဖန္တီးလိုက္တယ္ : [မွန္ကန္ေအာင္ခန႔္မွန္းႏိုင္ၾကမယ့္သူမ်ားအတြက္ဆုတစ္ခု။ စုေပရဲ႕ 'အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ' ရလဒ္က ဘယ္လိုမ်ားျဖစ္ႏိုင္မလဲ]
A. ဒီရာစုႏွစ္ရဲ႕အရယ္ရဆုံးဟာသေဖ်ာ္ေျဖမႈတစ္ခု
B. မေကာင္းမကန္းဂီတေဖ်ာ္ေျဖတင္ဆက္မႈတစ္ခုရဲ႕သမိုင္းတြင္ေလာက္မယ့္ျမင္ကြင္းတစ္ခု
C. ေဝ့မင္အလယ္တန္းေက်ာင္းရဲ႕ ၃၁၅ အတုအေယာင္ေဖာ္ျပခ်က္ျမင္ကြင္းတစ္ခု
[Koffean's Note : ၃၁၅ - နာမည္ႀကီးအမွတ္တံဆိပ္မ်ား၏ မတရားေသာအေလ့အထမ်ားကို ေဖာ္ထုတ္တင္ျပေလ့ရွိေသာ national tv program တစ္ခု။ နာမည္ကိုေတာ့ ကမာၻ႔စားသုံးသူမ်ား အခြင့္အေရးေန႔ျဖစ္ေသာ မတ္လ ၁၅ ရက္ေန႔မွ ေကာက္ႏုတ္ထားျခင္းျဖစ္သည္။ (From jingdaily.com)]
Vote အသစ္တစ္ခု အြန္လိုင္းေပၚေရာက္ၿပီးသိပ္မၾကာခင္မွာပဲ သူ႔ရဲ႕ေရပန္းစားမႈက "ေက်ာင္းအလွပန္းေလးကိုမဲေပးၾကစို႔" ဆိုတဲ့အစီအစဥ္နားကိုေတာင္ ခ်ဥ္းကပ္လာႏိုင္ခဲ့တယ္။
"နင္ေရာ vote ေပးအုန္းမလို႔လား?" တုန႔္ဝိန္ခ်ီက မိုဘိုင္းဖုန္းနဲ႔အလုပ္ရႈပ္ေနတာကိုျမင္ရေတာ့ စုေပက ေနာက္ေျပာင္ၿပီးေမးလိုက္တယ္။
"မေပးပါဘူး, ငါကသူတို႔ကိုႀကိမ္းေမာင္းေနတာ"
"ဒါဆို, စုေပ, နင္က 'အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ' အတြက္တကယ္ႀကီးစႏၵရားတီးျပမွာလား?" တုန႔္ဝိန္ခ်ီက သူမေခါင္းကိုေမာ့ၿပီးေမးလိုက္တယ္။
"အင္း"
"သတၱိေကာင္းလိုက္တာဟယ္! စုေပရာ နင္တကယ္သတၱိရွိတာပဲေနာ္!" တုန႔္ဝိန္ခ်ီက စုေပထံသို႔ 'ကိုးကြယ္ဆည္းကပ္ေသာ' အမူအရာတစ္ခုလုပ္ျပလိုက္တယ္။ [T/N : အ႐ိုအေသေပးတာကိုေျပာခ်င္တာပါ]
ဖိုရမ္ေပၚမွစုန႔္ရွင္းယီရဲ႕ fan ေတြက အရမ္းရက္စက္ၾကမ္းၾကဳတ္ၾကတယ္ဆိုတာ အံ့ၾသစရာေတာ့မဟုတ္ဘူး။ အစတုန္းကေတာ့ စုန႔္ရွင္းယီက ဒီႏွစ္မွာလည္းစႏၵရားတီးခတ္ဖို႔ျပင္ဆင္ေနခဲ့တာ။ မေမွ်ာ္လင့္ပဲ အဖြင့္မွာ ေဖ်ာ္ေျဖတင္ဆက္ခြင့္ရမယ့္ သူမအခြင့္အေရးကို စုေပကလုယူသြား႐ုံတင္မက ဒီအသစ္ေကာင္မေလးကလည္း စႏၵရားကိုပဲတီးခတ္ေဖ်ာ္ေျဖမွာဆိုေတာ့။ တုန႔္ဝိန္ခ်ီသာမက လူေတာ္ေတာ္မ်ားမ်ားကလည္း 'အဖြင့္ေဖ်ာ္ေျဖတင္ဆက္မႈ' အတြက္ စုေပရဲ႕အစီအစဥ္ကို သိရွိသြားၾကၿပီးတဲ့ေနာက္ စုေပက စုန႔္ရွင္းယီကို တမင္သက္သက္စိန္ေခၚခ်င္ေနတာမ်ားလားလို႔ သူတို႔ေတြးမိလိုက္ၾကတယ္။
လူတိုင္းရဲ႕ခန႔္မွန္းခ်က္အေပၚမွာ စုေပက comment တစ္ေၾကာင္းသာ တုံ႔ျပန္လိုက္တယ္ : "နင္တို႔အားလုံး အေတြးလြန္ေနၾကၿပီ"
သူမ႐ိုးရွင္းစြာနဲ႔ စႏၵရားကိုေ႐ြးခ်ယ္လိုက္ရတာကေတာ့ ဒါက သူမဆီမွာကြၽမ္းက်င္မႈအလုံအေလာက္ရွိတဲ့ တစ္ခုတည္းေသာ အႏုပညာအရည္အခ်င္းတစ္ခုျဖစ္တာေၾကာင့္ပဲ။ စႏၵရားသာမတီးျဖစ္ဘူးဆိုရင္ သူမ တကယ္ႀကီးစင္ျမင့္ေပၚတက္ၿပီး "တိတ္တဆိတ္ေလးပဲ ကြၽန္မထြက္သြားပါရေစ..." လို႔ပဲ႐ြတ္ျပလိုက္သင့္လား?
"ငါ့ကိုအမွန္အတိုင္းေျပာစမ္းပါ," တုန႔္ဝိန္ခ်ီက ႐ုတ္တရက္ေလးနက္တဲ့မ်က္ႏွာနဲ႔ စုေပကိုၾကည့္လိုက္တယ္။ "နင္ စုန႔္ရွင္းယီကို အႏိုင္ရႏိုင္မယ္လို႔ထင္လား?"
"ငါမသိဘူး" စုေပကအမွန္အတိုင္းေျဖလိုက္တယ္ : "ဒါေပမယ့္ ငါကသူမနဲ႔ႏႈိင္းယွဥ္ဖို႔လိုတယ္လို႔ေတာ့ မထင္ဘူး" စုန႔္ရွင္းယီက သူမရဲ႕စႏၵရားတီးခတ္ေဖ်ာ္ေျဖမႈကို ဆက္လုပ္ခ်င္ေနေသးရင္ေတာင္မွ ေက်ာင္းအေနနဲ႔ မလိုအပ္ပဲ စႏၵရားတီးခတ္ေဖ်ာ္ေျဖမႈႏွစ္ခု ဆက္တိုက္ႀကီးလုပ္ခြင့္ျပဳဖို႔ သေဘာမတူေပးေလာက္ဘူးေလ။
တုန႔္ဝိန္ခ်ီ : ဒါကေတာ္ေတာ္ေလးျဖစ္ႏိုင္ေခ်ရွိတယ္။
"ဒါဆို, နင့္ရဲ႕ျပင္ဆင္မႈကေရာဘယ္လိုေနလဲ?"
"မဆိုးပါဘူး"
စုေပက သူမရဲ႕စႏၵရားဆရာမကို ေက်ာင္းတည္ေထာင္ျခင္းအထိမ္းအမွတ္ႏွစ္ပတ္လည္အခမ္းအနားမွာ သူမေဖ်ာ္ေျဖဖို႔စီစဥ္ထားခဲ့တဲ့သီခ်င္းကို တိုက္႐ိုက္ေပးလိုက္တာေၾကာင့္ ဆရာမက်ဴးက သူမအတြက္ သင္႐ိုးအတိုေလးတစ္ခု (shortcut သေဘာမ်ိဳး) ဖန္တီးေပးလိုက္တယ္။ အေျဖကေတာ့ : သီခ်င္းကို အပိုင္းအေသးေလးေတြအျဖစ္ ခြဲလိုက္ၿပီး စုေပရဲ႕ေလ့က်င့္မႈကို ေန႔စဥ္ေန႔တိုင္း လာေရာက္ႀကီးၾကပ္ေပးျခင္း ျဖစ္တယ္။
အခုခ်ိန္မွာ စုေပရဲ႕တီးခတ္မႈက အစပိုင္းတုန္းလိုမ်ိဳး ေတာင့္တင္းမေနေတာ့ဘူး။ ဆရာမက်ဴးရဲ႕သင္ခန္းစာအၿပီး ေနာက္ရက္အနည္းငယ္အတြင္းမွာေတာ့ စုေပက သူမဘာသာသူမ သီခ်င္းတစ္ပုဒ္လုံးကို ႀကိဳးစားတီးခတ္ႏိုင္ေတာ့မွာျဖစ္တယ္။
တုန႔္ဝိန္ခ်ီက ဖိုရမ္မွာဟိုၾကည့္ဒီၾကည့္လုပ္ေနတုန္း သူမ႐ုတ္တရက္ပဲ post အသစ္တစ္ခုကိုေတြ႕သြားခဲ့တယ္။
"ဘယ္ေသာက္႐ူးေကာင္ကမ်ားဒါကိုတင္လိုက္တာလဲဟ!" သူမကေဒါသတႀကီးဆူပူႀကိမ္းေမာင္းေနခဲ့တယ္။
အရင္တုန္းကေတာ့ သူတို႔ေက်ာင္းမွေက်ာင္းသားေတြက စုေပနဲ႔စုေရွာင္ေပါင္တို႔ကို ေ႐ႊၾကာပင္ေတြဆိုၿပီး အတင္းအဖ်င္းေျပာေနခဲ့ၾကတာ။ ေနာက္ပိုင္း လ်ိဳ႕ခိုင္နဲ႔ခ်န္ဇန္းက အဲဒီေန႔တုန္းက သူတို႔ေတြ႕လိုက္ရတဲ့ အမႊာႏွစ္ေယာက္ကိုလာႀကိဳတဲ့ '၇၇၇၇၇ ကား' အေၾကာင္း သတင္းေတြျဖန႔္လိုက္တာေၾကာင့္ သူတို႔ကို ေ႐ႊၾကာပင္ေတြလို႔ ေနာက္ထပ္ဘယ္သူမွမေျပာရဲၾကေတာ့ဘူး။ သို႔ေသာ္လည္း အခုခ်ိန္မွာ ေနာက္ထပ္ ထင္ေၾကးအသစ္တစ္ခုရွိေနျပန္တယ္ : စုေပနဲ႔စုေရွာင္ေပါင္က ေသခ်ာေပါက္မိသားစုတစ္စုရဲ႕ တရားမဝင္ကေလးေတြျဖစ္တယ္ဆိုတာပါပဲ။
စုေပက ဒီလူေတြရဲ႕ေတြးေခၚႏိုင္စြမ္းေတြကို ေလးစားသြားခဲ့တယ္။ ဒီတစ္ႀကိမ္ေတာ့ သူတို႔အမွန္အတိုင္းနီးနီးကို ခန႔္မွန္းႏိုင္ခဲ့ၾကတယ္။ သူမနဲ႔စုေရွာင္ေပါင္က Mr.ခ်င္ရဲ႕တရားမဝင္ကေလးေတြပဲလား? ေျပာရခက္ေပမယ့္လည္း-အနာဂါတ္မွာဘာေတြျဖစ္လာမလဲဆိုတာကိုဘယ္သူမွမသိႏိုင္ဘူးေလ။
တုန႔္ဝိန္ခ်ီျမင္လိုက္ရတဲ့ post က စုေပနဲ႔စုေရွာင္ေပါင္တို႔က တရားမဝင္ကေလးေတြျဖစ္တယ္ဆိုတဲ့အေၾကာင္း သက္ေသျပရန္အတြက္ 'အေထာက္အထား' မ်ိဳးစုံကို အသုံးခ်ထား႐ုံသာမက အမႊာေတြအတြက္ အလြန္တရာ ခမ္းနားႀကီးက်ယ္လွေသာ ေခြးေသြးေနာက္ခံဇာတ္လမ္းကိုပါ သူတို႔ကေရးသားထားခဲ့ၾကတာျဖစ္တယ္။
[Koffean's Note : ေရွးေခတ္တ႐ုတ္ျပည္မွာ (black dog blood) ေခြးနက္ရဲ႕ေသြးကို ေမွာ္နက္၏ အဆိပ္ေျဖေဆးအျဖစ္ သတ္မွတ္ထားခဲ့ၾကတယ္။ (dog blood) ေခြးေသြးအေၾကာင္းကိုေတာ့ အမ chapter 6 မွာတုန္းကရွင္းျပခဲ့ၿပီးပါၿပီ။ Koffean လည္း ဒါကိုပဲရွင္းျပထားတာမို႔ ထပ္မေရးေတာ့ပါဘူးေနာ္။]
"နင္ေျပာေတာ့ အဲဒါကအ႐ူးေကာင္တစ္ေကာင္ရဲ႕လက္ခ်က္ဆို, ဒါေတာင္အဲဒါကိုအခုထိဖတ္ေနေသးတယ္, နင့္ IQ ကိုပ်က္ဆီးေစမွာကိုေတာ့မေၾကာက္ဘူးလား?" စုေပက ဂ႐ုမစိုက္ေလဟန္နဲ႔မွတ္ခ်က္ေပးလိုက္တယ္။ သူမ အၾကည့္ေတြကို႐ုတ္သိမ္းလိုက္ၿပီး သူမအိမ္စာကိုသာဆက္လုပ္ေနခဲ့တယ္။
ဦးေလးဖုက အခုေလးတင္ message တစ္ေစာင္ပို႔လိုက္တယ္, ဒီေန႔ သူမနဲ႔စုေရွာင္ေပါင္တို႔ကို သူလာႀကိဳမယ္ ဆိုတဲ့အေၾကာင္း သူတို႔ကိုေျပာထားတာျဖစ္တယ္။ သူမအေနနဲ႔ အေၾကာင္းျပခ်က္ကို မသိေပမယ့္လို႔ စုေပက သူမအိမ္စာေတြကို ေစာေစာၿပီးေအာင္လုပ္ထားဖို႔ ဆုံးျဖတ္လိုက္တယ္။
-----
စာသင္ခန္းရဲ႕တစ္ဖက္ျခမ္းတြင္ေတာ့ လ်ိဳ႕ခိုင္နဲ႔သူ႔အဖြဲ႕က တူညီတဲ့ post ကိုပဲ ဆူပူႀကိမ္းေမာင္းေနရင္း အလုပ္မ်ားေနခဲ့ၾကတယ္။
လ်ိဳ႕ခိုင္ : "ဖာ့ခ္! ဒီ account ကေတာ့ ေသာက္ရမ္း႐ူးသြပ္ေနၿပီပဲ။ ငါခုနေလးတင္ စုေရွာင္ေပါင္နဲ႔စုေပတို႔ အတင္းအဖ်င္းေတြကို ေပ်ာက္ကြယ္သြားေအာင္ ကူညီေပးခဲ့တာေလ။ အဲဒါကို အခုက်ေတာ့ အသစ္တစ္ခု ထပ္ထြက္လာျပန္ၿပီ"
တုယီမင္ : "က်စ္, သူတို႔ IQ ဘယ္ေလာက္နိမ့္လဲဆိုတာ မေန႔ကတည္းက မင္းမသိလိုက္ဘူးလား"
ခ်န္ဇန္း : "ဒါေပမယ့္ ဒီဇာတ္လမ္းႀကီးက အတုႀကီးမွန္းသိသာလြန္းမေနဘူးလား? ေခြးေသြးဇာတ္လမ္းေတာင္ အဲဒါကိုမ႐ိုက္ရဲေလာက္ဘူး။ ဘယ္ေသာက္႐ူးေကာင္ကမ်ားလုပ္တာပါလိမ့္?"
လ်ိဳ႕ခိုင္ : "ငါလည္းမသိဘူး, အဲဒါကအမည္မသိ user တစ္ေယာက္ကြ"
"ဘယ္သူလုပ္လဲစစ္ၾကည့္လိုက္" ႐ုတ္တရက္, ရွဲ႕မင္႐ႊမ္းကႏိုးလာၿပီးေတာ့ ေအးစက္စက္ေလသံနဲ႔ ေျပာလိုက္တယ္။
"ဟုတ္သားပဲ, ငါတို႔ group ထဲမွာဆရာႀကီးရွိေသးတယ္ေလ!"
"ေဟ့! ရႈယန္ယန္, အစ္ကို႐ႊမ္းကမင္းကိုအလုပ္လုပ္ခိုင္းေနတယ္" လ်ိဳ႕ခိုင္က ရႈယန္ယန္ရဲ႕ထိုင္ခုံကို ကန္လိုက္တယ္။
ရႈယန္ယန္က ေၾကာင္ေတာင္ေတာင္ေလးနဲ႔ သူ႔ေခါင္းကိုအသာလွည့္လိုက္ၿပီးေတာ့ : "ဘာကိုစစ္ရမွာလဲ?"
"အဲဒါကိုတင္လိုက္တဲ့သူကိုေပါ့။ သူတို႔ကအမည္မသိ account ကိုသုံးထားတာ။ ဘယ္အ႐ူးေကာင္လုပ္တာလဲ ဆိုတာ မင္းၾကည့္လို႔ရလား"
"အာ, ဒါကလြယ္ပါတယ္" ရႈယန္ယန္ကဖုန္းကိုယူလိုက္ၿပီး အမည္မသိသူရဲ႕အခ်က္အလက္ေတြကို ျမန္ျမန္ဆန္ဆန္ပဲ crack လုပ္လိုက္တယ္ : "ဟုတ္ၿပီ, သူက ယန္ရန္ရိတဲ့, အတန္း ၈-၆ က"
"မိုက္လွခ်ည္လား!"
"ဒါနဲ႔, အဘိုးႀကီးရႈ, မင္းဒီမနက္ကတည္းကဘာေတြဒီေလာက္ေတာင္ၾကည့္ေနရတာလဲ? ေက်ာင္းသင္ခန္းစာ တစ္ခုလား? မင္းဘာလို႔အရမ္းစိတ္ဝင္တစားျဖစ္ေနရတာလဲ?" ရႈယန္ယန္က သူတို႔စကားေျပာေနတာကို နားေတာင္မေထာင္ေလဘူး။
"မင္းဖင္ႀကီးကိုေက်ာင္းသင္ခန္းစာလား။ ငါၾကည့္ေနတာက ငါ့ရဲ႕နတ္ဘုရားေလး [Q] ရဲ႕ level ရွင္းလင္းတဲ့မွတ္တမ္းကြ"
"နတ္ဘုရား [Q] ကဘယ္သူလဲ? Shaquille O'Neal?"
[T/N : Shaquille O'Neal - အေမရိကန္ႏိုင္ငံမွ ယခင္ကပေရာ္ဖက္ရွင္နယ္ ဘတ္စကတ္ေဘာကစားသမား တစ္ေယာက္ျဖစ္ၿပီး TNT Network တြင္ျပသလ်က္ရွိေသာ 'Inside the NBA' television program တြင္ အားကစားေလ့လာသုံးသပ္သူျဖစ္သည္။ သူ႔ကို အခ်ိန္တိုင္းမွာ ထင္ရွားေက်ာ္ၾကားေသာ ဘတ္စကတ္ေဘာ ကစားသမားမ်ားထဲမွတစ္ေယာက္အျဖစ္ သတ္မွတ္ထားၾကပါသည္။
TNT Network (Turner Network Television Network) - WarnerMedia Studio & Networks မွပိုင္ဆိုင္ေသာ အေမရိကန္ႏိုင္ငံမွ အေျခခံေကဘယ္စနစ္ျဖင့္ ၾကည့္ရႈရေသာ television channel တစ္ခုျဖစ္ပါသည္။
NBA (National Basketball Association) - အေမရိကန္ အမ်ိဳးသားပေရာ္ဖက္ရွင္နယ္ဘတ္စကတ္ေဘာ အသင္းျဖစ္သည္။ အသင္းေပါင္း ၃၀ ျဖင့္ဖြဲစည္းထားၿပီး အေမရိကန္ႏွင့္ကေနဒါရွိ အဓိကပေရာ္ဖက္ရွင္နယ္ အားကစားအသင္း ၄သင္းအနက္မွ တစ္ခုအပါအဝင္ျဖစ္သည္။ ကမာၻ႔အေကာင္းဆုံး အမ်ိဳးသား ပေရာ္ဖက္ရွင္နယ္ဘတ္စကတ္ေဘာအသင္းလည္းျဖစ္သည္။]
"NBA ကမဟုတ္ဘူး, ဒါက Red Hacker Master Challenge က"
"မင္းငါတို႔ကိုအရင္တုန္းကေျပာဖူးတဲ့ hacker ၿပိဳင္ပြဲဆိုတာလား? အဲဒီနတ္ဘုရား [Q] က ဘယ္လိုနတ္ဘုရားမ်ိဳးလဲ?"
"Red hacker လို႔ေျပာစမ္းပါကြ!" ရႈယန္ယန္က သူ႔မိုဘိုင္းဖုန္းေပၚက 'Red Hacker Challenge' အဆင့္သတ္မွတ္ခ်က္စာရင္းကို သူတို႔ကိုမျပခင္ 'red' ဆိုတဲ့စာလုံးကို အသားေပးေျပာလိုက္တယ္။
ေကာင္ေလးေတြက ခုႏွစ္ေယာက္ေျမာက္ေနရာမွာရွိေနတဲ့ [Q] ဆိုတဲ့သူကို အေျပးအလႊားလာၾကည့္ၾကၿပီး : "ခုႏွစ္ေယာက္ေျမာက္? ဒါေလးပဲလား? မင္းကနတ္ဘုရားလို႔ေတာင္ေခၚရတဲ့သူဆိုေတာ့ အနည္းဆုံးေတာ့ top 3 ထဲမွာရွိေနေလာက္မယ္လို႔ ငါထင္လိုက္မိတာ"
"မင္းနားမလည္ပါဘူးကြာ, မ်ားေသာအားျဖင့္တစ္ျခားလူေတြကိုသာ ဆရာႀကီးလို႔ေခၚလို႔ရေပမယ့္ [Q] ကေတာ့ နတ္ဘုရားအစစ္ကြ! အဆင့္သတ္မွတ္ခ်က္ပိုျမင့္တဲ့သူေတြက နတ္ဘုရား [Q] ထက္ အမွတ္နည္းနည္းေလး ပိုမ်ားေနေပမယ့္ သူတို႔ level ေတြကိုရွင္းလင္းႏိုင္ဖို႔ ပွ်မ္းမွ်လိုအပ္တဲ့အခ်ိန္က ေျခာက္နာရီေက်ာ္ၾကာတယ္ကြ, ဒါေပမယ့္ နတ္ဘုရား [Q] ကိုၾကည့္လိုက္စမ္း" ရႈယန္ယန္က [Q] ရဲ႕ေဒတာေပၚကိုႏွိပ္ျပလိုက္တယ္။
"၁နာရီနဲ႔၃မိနစ္?!" လူတိုင္းကအံ့ၾသသြားၾကတယ္။ သူတို႔နားမလည္ၾကေပမယ့္ ဒါကေတာ္ေတာ္ေလး မိုက္တဲ့ပုံပဲ။
"ဒီ [Q] ဆိုတာကဘယ္သူတဲ့လဲ? မင္းသူ႔ကိုသိလို႔လား?"
ရႈယန္ယန္ကမ်က္ေမွာင္အသာက်ဳံ႕ၿပီးမွ : "ငါလည္းမေသခ်ာဘူးကြ။ အခုခ်ိန္မွာလူေတာ္ေတာ္မ်ားမ်ားက နတ္ဘုရား [Q] ရဲ႕စတိုင္လ္ကို စူးစမ္းေနၾကတာပဲ။ ဒါေပမယ့္ ငါတို႔လည္းအခုခ်ိန္ထိ တစ္ျခားႀကီးျမတ္တဲ့ နတ္ဘုရားေတြရဲ႕စ႐ိုက္လကၡဏာေတြကိုေတာင္ မရွာႏိုင္ေသးဘူး။ အဲလိုဆိုေပမယ့္ တစ္ခ်ိဳ႕လူေတြ ခန႔္မွန္းေနၾကတာေတာ့ [Q] က နတ္ဘုရားေဝျဖစ္ႏိုင္တယ္ဆိုပဲ"
"အဲဒီလူကေရာဘယ္သူႀကီးလဲ?"
"ငါတို႔အသိုင္းအဝိုင္းထဲကဒဏၰာရီဆန္ဆန္တည္ရွိေနသူတစ္ေယာက္ေပါ့"
တစ္ျခားေကာင္ေလးမ်ား : ဒီနယ္ပယ္ကတစ္ျခားဟာေတြနဲ႔မတူဘူး။ အရမ္းနက္နဲၿပီးေတာ့ ငါတို႔နားမလည္ႏိုင္ေလာက္ဘူး။
လ်ိဳ႕ခိုင္ : "ဒါဆို, အဘိုးႀကီးရႈ, မင္းအဆင့္ကေရာဘယ္ေလာက္လဲ?"
ရႈယန္ယန္ : ...
ရႈယန္ယန္ : "မင္းမေမးေတာ့ဘူးဆိုရင္, ငါတို႔ေဘာ္ဒါေတြဆက္ျဖစ္ႏိုင္ေသးတယ္"
-----
ေန႔လည္ခင္းမွာေတာ့ စုေပႏွင့္စုေရွာင္ေပါင္တို႔ကို အေစာႀကီးလာႀကိဳသြားခဲ့တယ္။ သူတို႔က်င္းယြမ္ကို ေရာက္တဲ့အခ်ိန္မွာ Mr.ခ်င္ကအသင့္ေစာင့္ဆိုင္းလို႔ေနေလရဲ႕။ ခ်င္ေရွာက္ကအိမ္ကိုအေစာႀကီးျပန္လာတာကို ေတြ႕လိုက္ရေတာ့ စုေပကအေတာ္ေလးအံ့အားသင့္သြားခဲ့ေပမယ့္ သိပ္မၾကာခင္မွာပဲ သူတို႔ဒီလိုအေစာႀကီး ျပန္လာရတဲ့အေၾကာင္းရင္းက သူနဲ႔ဆက္စပ္ေနတာျဖစ္ႏိုင္တယ္လို႔ သူမေတြးဆမိလိုက္တယ္။
"ေဖေဖ?"
"ဟင္" ခ်င္ေရွာက္ကဒီ title ေလးကိုအသားက်ေနခဲ့ၿပီးေတာ့ သဘာဝက်က်ေလးပဲျပန္ေျဖလိုက္တယ္။
"တစ္ခုခုမ်ားျဖစ္လို႔လားဟင္?" စုေပကေမးလိုက္တယ္။
ခ်င္ေရွာက္ကသူ႔မ်က္ခုံးေတြပင့္လိုက္မိၿပီးေတာ့ တိတ္တိတ္ေလးေကာက္ခ်က္ခ်လိုက္တယ္ : ဉာဏ္ေကာင္းသားပဲ။
"မင္းတို႔အဝတ္အစားေတြလဲလိုက္ၾကအုန္း။ ငါတို႔တစ္ေနရာကိုသြားစရာရွိတယ္"
ဘယ္ေနရာလဲဆိုတာကို ခ်င္ေရွာက္ကမေျပာတဲ့အတြက္ စုေပလည္းေမးမေနေတာ့ဘူး။
-----
Mr.ခ်င္က စုေပႏွင့္စုေရွာင္ေပါင္ကို သူ႔အိမ္ေထာင္စုမွတ္ပုံတင္စာရင္းရွိတဲ့ေနရာမွ ေဒသခံရဲစခန္းဆီသို႔ ေခၚေဆာင္လာခဲ့တယ္။ သူ႔လက္ေထာက္က ႀကိဳတင္ခ်ိန္းဆိုမႈကိုျပဳလုပ္ေပးထားခဲ့တယ္။ ဒီလုပ္ငန္းစဥ္က အရမ္းကိုအဆင္ေျပေခ်ာေမြ႕လို႔ေနတယ္။ သူတို႔ျပန္ထြက္လာေတာ့ Mr.ခ်င္ရဲ႕အိမ္ေထာင္စုစာရင္းစာအုပ္မွာ စုေပႏွင့္စုေရွာင္ေပါင္တို႔ရဲ႕မွတ္ပုံတင္ႏွင့္အတူ ေနာက္ထပ္စာ႐ြက္ႏွစ္႐ြက္ပါ ပါလာခဲ့တယ္။ 'ေတာ္စပ္ပုံ' ဆိုတဲ့ ေကာ္လံတိုင္မွာေတာ့ 'အေဖႏွင့္သမီး' ႏွင့္ 'အေဖႏွင့္သား' ဆိုၿပီးအသီးသီးေရးသားထားခဲ့တယ္။
စုေပက သူမလက္ထဲမွာ ID ကဒ္အသစ္ႏွစ္ခုရွိေနတယ္။ တစ္ခုက သူမဥစၥာျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ စုေရွာင္ေပါင္ဟာျဖစ္တယ္။ မဟုတ္ေသးဘူး, သူ႔ကိုအခု ခ်င္ယြိ လို႔ေခၚရေတာ့မွာ။ 'ခ်င္ယြဲ႕' ႏွင့္ 'ခ်င္ယြိ', စုေပရဲ႕မ်က္လုံးေတြက ဒီနာမည္ႏွစ္ခုအေပၚသို႔က်ေရာက္ေနခဲ့တယ္။ သူမက အဲဒါေလးေတြကို ထပ္ခါထပ္ခါၾကည့္ေနမိၿပီးေတာ့ သူမႏႈတ္ခမ္းအစြန္းေလးေတြက မသိမသာေလးပင့္တက္သြားခဲ့တယ္။
ဒါေလးေတြက သူတို႔ကို Mr.ခ်င္မွည့္ေပးလိုက္တဲ့နာမည္အသစ္ေလးေတြပဲျဖစ္တယ္။ ဝတၳဳရဲ႕ extra အခန္းေတြမွာေရးသားထားတာက : စုေရွာင္ေပါင္ကေနာက္ဆုံးမွာေတာ့ ေထာင္သို႔အပို႔ခံလိုက္ရၿပီး စုေပကေတာ့ ႏွာဘူးဒါ႐ိုက္တာတစ္ေယာက္ရဲ႕လက္ထဲမွာပဲ ေသဆုံးသြားခဲ့ရတယ္။ အခု, သူတို႔နာမည္ေတြ ေျပာင္းလိုက္တာကေရာ သူတို႔ရဲ႕မေကာင္းတဲ့အနာဂါတ္အဆုံးသတ္ႀကီးကိုပါ ေျပာင္းလဲသြားႏိုင္မလား? ဒီအေတြးေလးက စုေပရဲ႕အၿပဳံးေတြကို ပိုၿပီးေတာ့ေတာင္က်ယ္ျပန႔္သြားေစခဲ့တယ္။
Mr.ခ်င္က အခုခ်ိန္စုေပရဲ႕စိတ္ထဲမွာ ဘာေတြရွိေနလဲဆိုတာကိုမသိေလဘူး။ သူကေနာက္ၾကည့္မွန္ကေန တဆင့္တစ္ခ်က္ၾကည့္လိုက္ေတာ့ ေကာင္မေလးက ID ကဒ္ႏွစ္ခုကိုကိုင္ထားရင္း အၿပဳံးႀကီးႀကီးတစ္ခု ၿပဳံးေနတာကိုေတြ႕လိုက္ရတယ္။ Mr.ခ်င္ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေလးေတြကလည္း အနည္းငယ္ ေကြးၫႊတ္သြားခဲ့ေတာ့တယ္။
"အိမ္ေရာက္မွထပ္ၾကည့္ေတာ့ေလ" သူကစုေပကိုသတိေပးလိုက္တယ္။ သူမက ကားထဲမွာ စာဖတ္ေနတာေၾကာင့္ သူမအျမင္အာ႐ုံေတြပိုဆိုးလာမွာကို မေၾကာက္ဘူးလား?
"ဟုတ္ကဲ့ပါ, ေဖေဖ"
[Moon's Note : Hello...hello အမျပန္လာပါၿပီေနာ္။ စိတ္ပူေပးၾကတဲ့သူေတြေရာ ေစာင့္ေနမယ္ဆိုတဲ့ သူေတြကိုပါ ေက်းဇူးပါရွင့္။ အမ နားေနတဲ့အခ်ိန္မွာေတာင္ ဖတ္ေပးၾက vote ေပးၾကတဲ့ကေလးေတြအားလုံးကို ခ်စ္ပါတယ္လို႔ေျပာခ်င္ပါတယ္]
4.12.2020
Friday
_______________________________________
MWFV Ch 23
New Names
Unicode Version
ဝေ့မင်အလယ်တန်းကျောင်းတွင်ဖြစ်သည်။
"ကျောင်းအလှပန်းလေးကိုမဲပေးကြစို့" အစီအစဉ်ကပြီးဆုံးသွားခဲ့လေပြီ။ စုန့်ရှင်းယီနှင့်သူမတို့ရဲ့ပြိုင်ဆိုင်မှုမှာ စုပေက နောက်ဆုံးတော့ နှာတစ်ဖျားအသာနဲ့အနိုင်ရရှိခဲ့တယ်။
သူမရဲ့ဘေးချင်းကပ်အတန်းဖော်တုန့်ဝိန်ချီက ဒီရလဒ်နှင့်ပတ်သတ်ပြီး ကာယကံရှင်ဖြစ်တဲ့စုပေထက်တောင်မှပဲ ပိုမိုစိတ်လှုပ်ရှားနေပုံပေါက်နေခဲ့တယ်။ "ဟားဟား, အရင်ကတော့ တစ်ချို့လူတွေကပြောရဲနေလိုက်ကြတာများ နောက်ဆုံးကျရင် ရယ်မောပျော်ရွှင်နေရမယ့်သူက နင်မဟုတ်နိုင်ပါဘူးဆိုတဲ့သူတွေ။ အခုကျတော့လည်း, ကြည့်စမ်းပါအုန်း, စုန့်ရှင်းယီရှုံးသွားပြီးတော့ သူတို့ခံရမယ့်အလှည့်က ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ရောက်လာတာကိုလေ!"
"ခဏလေး, ခဏလေး... ငါအရင်တုန်းက screenshot ရိုက်ထားတာလေးကို ငါ့ရဲ့ alt account မှာ တင်ပါရစေအုန်း, ပြီးမှ အဲဒီစုန့်ရှင်းယီရဲ့ fan တွေကို သူတို့တွေ့ကြုံလိုက်ရတာတွေက နာကျင်ရလား မနာကျင်ရဘူးလားဆိုတာကို မေးကြည့်လိုက်အုန်းမှ!" တုန့်ဝိန်ချီက ပိုပိုပြီးတော့တောင်စိတ်လှုပ်ရှားလာခဲ့တယ်။
[T/N : Alternate (alt) account - ရှင်းလင်းချက်ရှာဖို့ google ခေါက်လိုက်တာရူးခါသွားတယ်ကွယ်။ အမ သိသလောက်ပြောရရင် ကိုယ်ရေးကိုယ်တာကိစ္စတွေလုပ်ဖို့အတွက် သီးသန့်ထားတဲ့ account လို့ပြောရမလား။ အလွယ်ပြောရရင် personal account မဟုတ်တဲ့နောက်ထပ် account တစ်ခုပေါ့။]
"မလုပ်နဲ့" စုပေက ကောင်မလေးရဲ့ 'ရူးကြောင်ကြောင်' အကြံဉာဏ်ကိုတားမြစ်လိုက်ပြီး : "နင့်ကိုစုန့်ရှင်းယီရဲ့ fan တွေဝိုင်းအုံလာကြလိမ့်မယ်" စုန့်ရှင်းယီကကျောင်းမှာ fan တွေအမြောက်အများရှိသူဖြစ်တာကြောင့် အကယ်၍ တုန့်ဝိန်ချီကဖိုရမ်ထဲမှာ တကယ်ကြီးသူတို့ကို ရန်သွားစမိလိုက်ရင်တော့ဖြင့် သူတို့ကသူမကို တစစီဆွဲဖြဲပစ်လိုက်ကြလိမ့်မယ်။
စုပေရဲ့အကြံပေးချက်ကိုနားထောင်ပြီးတော့ တုန့်ဝိန်ချီက သူ့အကြံကိုဖျောက်ပစ်လိုက်ပေမယ့်လည်း သူမအမူအရာကတော့ ဘဝင်ခိုက်နေဆဲပဲ။ သူမက လက်မခံနိုင်သလိုမျိုးနဲ့ တိုးတိုးလေးရေရွတ်လိုက်ပြီး အထင်သေးတဲ့လေသံနဲ့ပြောလိုက်တယ် : "ခါးသီးတဲ့အမှန်တရားကိုရင်ဆိုင်ရတာပဲလေ, သူတို့က ဘာပြောနိုင်မှာမို့လို့လဲ? နင်ကတစ်မဲအသာနဲ့နိုင်သွားခဲ့တယ်ဆိုရင်တောင်မှ စုန့်ရှင်းယီထက် နင်ကပိုတော်တယ်ဆိုတာကို သက်သေပြနေသေးတာပဲလေ။ နင်သူမကို မဲပေါင်း ၃၀၀ကျော်နဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကို ပြောနေစရာတောင်မလိုတော့ဘူးပေါ့!"
"ဒီလိုလူတွေက ဒါကိုလက်မခံနိုင်ဘူးဆိုရင်တောင်မှ နင်ကငါတို့ကျောင်းရဲ့အလှပန်းလေးဖြစ်သွားပြီလေ" တုန့်ဝိန်ချီက စုပေကို ရွှတ်နောက်နောက်နဲ့မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး : " 'ကျောင်းအလှပန်းလေး' title ကို အနိုင်ရရှိသွားတဲ့ ငါတို့ရဲ့အတန်းဖော်လေးစုပေအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်နော်။ အခုဘယ်လို ခံစားနေရပါသလဲရှင့်?"
စုပေ : "..."
တုန့်ဝိန်ချီ : "ဟုတ်ပါပြီ, နင်ဘာမှသိပ်ပြီးထူးထူးခြားခြားမခံစားရဘူးလို့ပဲပြောမှာသေချာတယ်"
သူမရဲ့ဒီဘေးချင်းကပ်အတန်းဖော်လေးက တော်တော်လေးကိုဂရုမစိုက်တတ်တဲ့စရိုက်ရှိသူဖြစ်တယ်။ သို့ပေမယ့်လို့ တုန့်ဝိန်ချီကစုပေကို အနီးကပ်ကြည့်မိလိုက်ချိန်မှာတော့ သူမနားလည်သဘောပေါက် သွားခဲ့ရတာကတော့ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်ကမှ သူမ ပထမဆုံးကျောင်းပြောင်းလာတဲ့ အချိန်တုန်းကထက်ကို ဒီကောင်မလေးက တကယ်ကြီးပိုပိုလှလာတာပဲ!
"ငါအတည်ပြောနေတာ, စုပေ, တစ်ခြားသူတွေရဲ့အမြင်ကိုဂရုမစိုက်ဘူးဆိုရင်တောင်မှ နင့်မျက်နှာတန်ဖိုးလေး တစ်ခုတည်းနဲ့တင် စုန့်ရှင်းယီထက်ကို အများကြီးသာနေပြီးသားပဲဥစ္စာ"
စုပေကအသာပြုံးလိုက်ပြီး : "နင်သတိထားသင့်တယ်နော်။ စုန့်ရှင်းယီရဲ့ fan တွေမကြားစေနဲ့အုန်း"
ကျောင်းအလှပန်းလေးကိုမဲပေးကြတဲ့အစီအစဉ်နှင့်ပတ်သတ်ပြီး ထွက်ပေါ်လာတဲ့ရလဒ်အရ တစ်ချို့လူတွေက ပျော်ရွှင်နေကြချိန်မှာ တစ်ချို့ကတော့တကယ်ကြီးမပျော်ရွှင်နိုင်ကြလေဘူး။ သူတို့ထဲက မပျော်ရွှင်နိုင်ကြတဲ့ လူအများစုကတော့ စုန့်ရှင်းယီရဲ့ fan တွေပဲဖြစ်တယ်။ အထူးသဖြင့် ရလဒ်တွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ စုန့်ရှင်းယီက ဒီလို public status တစ်ခုကိုတင်ခဲ့တယ် : [နှမြောစရာကောင်းလိုက်တာ] နတ်ဘုရားမလေးစုန့်ရဲ့ ဝမ်းနည်းကြေကွဲနေတဲ့မျက်နှာ selfie ပုံတစ်ပုံနှင့်အတူ ဂီတအခန်းထဲမှာ သူမ စန္ဒရားလေ့ကျင့်တီးခတ်နေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကိုပါ ပူးတွဲတင်ထားခဲ့တယ်။
ဘာမှထပ်ရှင်းပြနေစရာမလိုလောက်အောင် ဒါကိုမြင်လိုက်ရတဲ့လူတိုင်းက စုန့်ရှင်းယီတစ်ယောက်တော့ 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' နဲ့ပတ်သတ်ပြီး ဝမ်းနည်းနေတယ်ဆိုတာကို သိသွားကြတော့တယ်။ ရုတ်တရက်ပဲ ကျောင်းဖိုရမ်ထဲမှာ အသံပေါင်းမြောက်များစွာက စုပေကို မေးခွန်းထုတ်ခဲ့ကြတယ်။
[ငါရုတ်တရက်ကြီးကန်းသွားတာများလား? စုပေကတကယ်ကြီးစုန့်ရှင်းယီကိုနိုင်သွားတာပေါ့!]
[မဟုတ်ဘူး, နင်ကန်းသွားတာမဟုတ်ဘူး, ဒါပေမယ့် စုပေကို vote ပေးကြတဲ့ အဲဒီလူတွေကကန်းနေကြတာ]
[ငါဒီနှစ်ရဲ့အဖွင့်ဖျော်ဖြေတင်ဆက်မှုကိုမကြည့်ချင်တော့ဘူး။ ငါကန်းသွားမှာကိုကြောက်နေလို့]
[အဖွင့်တင်ဆက်မှုပြီးပြီးချင်း စုန့်ရှင်းယီကိုဖျော်ဖြေခွင့်ပေးဖို့ ငါအကြံပြုထားတယ်။ ဆန့်ကျင်ဖက်နှစ်ခုကို တစ်ဆက်တည်းကြည့်ရတာက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလောက်တယ် နောက်ပြီး အိပ်ချင်ယောင်ဆောင်နေတဲ့လူတွေကိုလည်း နှိုးလိုက်နိုင်တယ်လေ]
-----
တစ်ချိန်တည်းမှာပဲ အမည်မသိ account တစ်ခုက 'ကျောင်းအလှပန်းလေးကိုမဲပေးကြစို့' ရဲ့ဘေးမှာ vote အသစ်တစ်ခုကို ဖန်တီးလိုက်တယ် : [မှန်ကန်အောင်ခန့်မှန်းနိုင်ကြမယ့်သူများအတွက်ဆုတစ်ခု။ စုပေရဲ့ 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' ရလဒ်က ဘယ်လိုများဖြစ်နိုင်မလဲ]
A. ဒီရာစုနှစ်ရဲ့အရယ်ရဆုံးဟာသဖျော်ဖြေမှုတစ်ခု
B. မကောင်းမကန်းဂီတဖျော်ဖြေတင်ဆက်မှုတစ်ခုရဲ့သမိုင်းတွင်လောက်မယ့်မြင်ကွင်းတစ်ခု
C. ဝေ့မင်အလယ်တန်းကျောင်းရဲ့ ၃၁၅ အတုအယောင်ဖော်ပြချက်မြင်ကွင်းတစ်ခု
[Koffean's Note : ၃၁၅ - နာမည်ကြီးအမှတ်တံဆိပ်များ၏ မတရားသောအလေ့အထများကို ဖော်ထုတ်တင်ပြလေ့ရှိသော national tv program တစ်ခု။ နာမည်ကိုတော့ ကမ္ဘာ့စားသုံးသူများ အခွင့်အရေးနေ့ဖြစ်သော မတ်လ ၁၅ ရက်နေ့မှ ကောက်နုတ်ထားခြင်းဖြစ်သည်။ (From jingdaily.com)]
Vote အသစ်တစ်ခု အွန်လိုင်းပေါ်ရောက်ပြီးသိပ်မကြာခင်မှာပဲ သူ့ရဲ့ရေပန်းစားမှုက "ကျောင်းအလှပန်းလေးကိုမဲပေးကြစို့" ဆိုတဲ့အစီအစဉ်နားကိုတောင် ချဉ်းကပ်လာနိုင်ခဲ့တယ်။
"နင်ရော vote ပေးအုန်းမလို့လား?" တုန့်ဝိန်ချီက မိုဘိုင်းဖုန်းနဲ့အလုပ်ရှုပ်နေတာကိုမြင်ရတော့ စုပေက နောက်ပြောင်ပြီးမေးလိုက်တယ်။
"မပေးပါဘူး, ငါကသူတို့ကိုကြိမ်းမောင်းနေတာ"
"ဒါဆို, စုပေ, နင်က 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' အတွက်တကယ်ကြီးစန္ဒရားတီးပြမှာလား?" တုန့်ဝိန်ချီက သူမခေါင်းကိုမော့ပြီးမေးလိုက်တယ်။
"အင်း"
"သတ္တိကောင်းလိုက်တာဟယ်! စုပေရာ နင်တကယ်သတ္တိရှိတာပဲနော်!" တုန့်ဝိန်ချီက စုပေထံသို့ 'ကိုးကွယ်ဆည်းကပ်သော' အမူအရာတစ်ခုလုပ်ပြလိုက်တယ်။ [T/N : အရိုအသေပေးတာကိုပြောချင်တာပါ]
ဖိုရမ်ပေါ်မှစုန့်ရှင်းယီရဲ့ fan တွေက အရမ်းရက်စက်ကြမ်းကြုတ်ကြတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ဘူး။ အစတုန်းကတော့ စုန့်ရှင်းယီက ဒီနှစ်မှာလည်းစန္ဒရားတီးခတ်ဖို့ပြင်ဆင်နေခဲ့တာ။ မမျှော်လင့်ပဲ အဖွင့်မှာ ဖျော်ဖြေတင်ဆက်ခွင့်ရမယ့် သူမအခွင့်အရေးကို စုပေကလုယူသွားရုံတင်မက ဒီအသစ်ကောင်မလေးကလည်း စန္ဒရားကိုပဲတီးခတ်ဖျော်ဖြေမှာဆိုတော့။ တုန့်ဝိန်ချီသာမက လူတော်တော်များများကလည်း 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' အတွက် စုပေရဲ့အစီအစဉ်ကို သိရှိသွားကြပြီးတဲ့နောက် စုပေက စုန့်ရှင်းယီကို တမင်သက်သက်စိန်ခေါ်ချင်နေတာများလားလို့ သူတို့တွေးမိလိုက်ကြတယ်။
လူတိုင်းရဲ့ခန့်မှန်းချက်အပေါ်မှာ စုပေက comment တစ်ကြောင်းသာ တုံ့ပြန်လိုက်တယ် : "နင်တို့အားလုံး အတွေးလွန်နေကြပြီ"
သူမရိုးရှင်းစွာနဲ့ စန္ဒရားကိုရွေးချယ်လိုက်ရတာကတော့ ဒါက သူမဆီမှာကျွမ်းကျင်မှုအလုံအလောက်ရှိတဲ့ တစ်ခုတည်းသော အနုပညာအရည်အချင်းတစ်ခုဖြစ်တာကြောင့်ပဲ။ စန္ဒရားသာမတီးဖြစ်ဘူးဆိုရင် သူမ တကယ်ကြီးစင်မြင့်ပေါ်တက်ပြီး "တိတ်တဆိတ်လေးပဲ ကျွန်မထွက်သွားပါရစေ..." လို့ပဲရွတ်ပြလိုက်သင့်လား?
"ငါ့ကိုအမှန်အတိုင်းပြောစမ်းပါ," တုန့်ဝိန်ချီက ရုတ်တရက်လေးနက်တဲ့မျက်နှာနဲ့ စုပေကိုကြည့်လိုက်တယ်။ "နင် စုန့်ရှင်းယီကို အနိုင်ရနိုင်မယ်လို့ထင်လား?"
"ငါမသိဘူး" စုပေကအမှန်အတိုင်းဖြေလိုက်တယ် : "ဒါပေမယ့် ငါကသူမနဲ့နှိုင်းယှဉ်ဖို့လိုတယ်လို့တော့ မထင်ဘူး" စုန့်ရှင်းယီက သူမရဲ့စန္ဒရားတီးခတ်ဖျော်ဖြေမှုကို ဆက်လုပ်ချင်နေသေးရင်တောင်မှ ကျောင်းအနေနဲ့ မလိုအပ်ပဲ စန္ဒရားတီးခတ်ဖျော်ဖြေမှုနှစ်ခု ဆက်တိုက်ကြီးလုပ်ခွင့်ပြုဖို့ သဘောမတူပေးလောက်ဘူးလေ။
တုန့်ဝိန်ချီ : ဒါကတော်တော်လေးဖြစ်နိုင်ချေရှိတယ်။
"ဒါဆို, နင့်ရဲ့ပြင်ဆင်မှုကရောဘယ်လိုနေလဲ?"
"မဆိုးပါဘူး"
စုပေက သူမရဲ့စန္ဒရားဆရာမကို ကျောင်းတည်ထောင်ခြင်းအထိမ်းအမှတ်နှစ်ပတ်လည်အခမ်းအနားမှာ သူမဖျော်ဖြေဖို့စီစဉ်ထားခဲ့တဲ့သီချင်းကို တိုက်ရိုက်ပေးလိုက်တာကြောင့် ဆရာမကျူးက သူမအတွက် သင်ရိုးအတိုလေးတစ်ခု (shortcut သဘောမျိုး) ဖန်တီးပေးလိုက်တယ်။ အဖြေကတော့ : သီချင်းကို အပိုင်းအသေးလေးတွေအဖြစ် ခွဲလိုက်ပြီး စုပေရဲ့လေ့ကျင့်မှုကို နေ့စဉ်နေ့တိုင်း လာရောက်ကြီးကြပ်ပေးခြင်း ဖြစ်တယ်။
အခုချိန်မှာ စုပေရဲ့တီးခတ်မှုက အစပိုင်းတုန်းလိုမျိုး တောင့်တင်းမနေတော့ဘူး။ ဆရာမကျူးရဲ့သင်ခန်းစာအပြီး နောက်ရက်အနည်းငယ်အတွင်းမှာတော့ စုပေက သူမဘာသာသူမ သီချင်းတစ်ပုဒ်လုံးကို ကြိုးစားတီးခတ်နိုင်တော့မှာဖြစ်တယ်။
တုန့်ဝိန်ချီက ဖိုရမ်မှာဟိုကြည့်ဒီကြည့်လုပ်နေတုန်း သူမရုတ်တရက်ပဲ post အသစ်တစ်ခုကိုတွေ့သွားခဲ့တယ်။
"ဘယ်သောက်ရူးကောင်ကများဒါကိုတင်လိုက်တာလဲဟ!" သူမကဒေါသတကြီးဆူပူကြိမ်းမောင်းနေခဲ့တယ်။
အရင်တုန်းကတော့ သူတို့ကျောင်းမှကျောင်းသားတွေက စုပေနဲ့စုရှောင်ပေါင်တို့ကို ရွှေကြာပင်တွေဆိုပြီး အတင်းအဖျင်းပြောနေခဲ့ကြတာ။ နောက်ပိုင်း လျို့ခိုင်နဲ့ချန်ဇန်းက အဲဒီနေ့တုန်းက သူတို့တွေ့လိုက်ရတဲ့ အမွှာနှစ်ယောက်ကိုလာကြိုတဲ့ '၇၇၇၇၇ ကား' အကြောင်း သတင်းတွေဖြန့်လိုက်တာကြောင့် သူတို့ကို ရွှေကြာပင်တွေလို့ နောက်ထပ်ဘယ်သူမှမပြောရဲကြတော့ဘူး။ သို့သော်လည်း အခုချိန်မှာ နောက်ထပ် ထင်ကြေးအသစ်တစ်ခုရှိနေပြန်တယ် : စုပေနဲ့စုရှောင်ပေါင်က သေချာပေါက်မိသားစုတစ်စုရဲ့ တရားမဝင်ကလေးတွေဖြစ်တယ်ဆိုတာပါပဲ။
စုပေက ဒီလူတွေရဲ့တွေးခေါ်နိုင်စွမ်းတွေကို လေးစားသွားခဲ့တယ်။ ဒီတစ်ကြိမ်တော့ သူတို့အမှန်အတိုင်းနီးနီးကို ခန့်မှန်းနိုင်ခဲ့ကြတယ်။ သူမနဲ့စုရှောင်ပေါင်က Mr.ချင်ရဲ့တရားမဝင်ကလေးတွေပဲလား? ပြောရခက်ပေမယ့်လည်း-အနာဂါတ်မှာဘာတွေဖြစ်လာမလဲဆိုတာကိုဘယ်သူမှမသိနိုင်ဘူးလေ။
တုန့်ဝိန်ချီမြင်လိုက်ရတဲ့ post က စုပေနဲ့စုရှောင်ပေါင်တို့က တရားမဝင်ကလေးတွေဖြစ်တယ်ဆိုတဲ့အကြောင်း သက်သေပြရန်အတွက် 'အထောက်အထား' မျိုးစုံကို အသုံးချထားရုံသာမက အမွှာတွေအတွက် အလွန်တရာ ခမ်းနားကြီးကျယ်လှသော ခွေးသွေးနောက်ခံဇာတ်လမ်းကိုပါ သူတို့ကရေးသားထားခဲ့ကြတာဖြစ်တယ်။
[Koffean's Note : ရှေးခေတ်တရုတ်ပြည်မှာ (black dog blood) ခွေးနက်ရဲ့သွေးကို မှော်နက်၏ အဆိပ်ဖြေဆေးအဖြစ် သတ်မှတ်ထားခဲ့ကြတယ်။ (dog blood) ခွေးသွေးအကြောင်းကိုတော့ အမ chapter 6 မှာတုန်းကရှင်းပြခဲ့ပြီးပါပြီ။ Koffean လည်း ဒါကိုပဲရှင်းပြထားတာမို့ ထပ်မရေးတော့ပါဘူးနော်။]
"နင်ပြောတော့ အဲဒါကအရူးကောင်တစ်ကောင်ရဲ့လက်ချက်ဆို, ဒါတောင်အဲဒါကိုအခုထိဖတ်နေသေးတယ်, နင့် IQ ကိုပျက်ဆီးစေမှာကိုတော့မကြောက်ဘူးလား?" စုပေက ဂရုမစိုက်လေဟန်နဲ့မှတ်ချက်ပေးလိုက်တယ်။ သူမ အကြည့်တွေကိုရုတ်သိမ်းလိုက်ပြီး သူမအိမ်စာကိုသာဆက်လုပ်နေခဲ့တယ်။
ဦးလေးဖုက အခုလေးတင် message တစ်စောင်ပို့လိုက်တယ်, ဒီနေ့ သူမနဲ့စုရှောင်ပေါင်တို့ကို သူလာကြိုမယ် ဆိုတဲ့အကြောင်း သူတို့ကိုပြောထားတာဖြစ်တယ်။ သူမအနေနဲ့ အကြောင်းပြချက်ကို မသိပေမယ့်လို့ စုပေက သူမအိမ်စာတွေကို စောစောပြီးအောင်လုပ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။
-----
စာသင်ခန်းရဲ့တစ်ဖက်ခြမ်းတွင်တော့ လျို့ခိုင်နဲ့သူ့အဖွဲ့က တူညီတဲ့ post ကိုပဲ ဆူပူကြိမ်းမောင်းနေရင်း အလုပ်များနေခဲ့ကြတယ်။
လျို့ခိုင် : "ဖာ့ခ်! ဒီ account ကတော့ သောက်ရမ်းရူးသွပ်နေပြီပဲ။ ငါခုနလေးတင် စုရှောင်ပေါင်နဲ့စုပေတို့ အတင်းအဖျင်းတွေကို ပျောက်ကွယ်သွားအောင် ကူညီပေးခဲ့တာလေ။ အဲဒါကို အခုကျတော့ အသစ်တစ်ခု ထပ်ထွက်လာပြန်ပြီ"
တုယီမင် : "ကျစ်, သူတို့ IQ ဘယ်လောက်နိမ့်လဲဆိုတာ မနေ့ကတည်းက မင်းမသိလိုက်ဘူးလား"
ချန်ဇန်း : "ဒါပေမယ့် ဒီဇာတ်လမ်းကြီးက အတုကြီးမှန်းသိသာလွန်းမနေဘူးလား? ခွေးသွေးဇာတ်လမ်းတောင် အဲဒါကိုမရိုက်ရဲလောက်ဘူး။ ဘယ်သောက်ရူးကောင်ကများလုပ်တာပါလိမ့်?"
လျို့ခိုင် : "ငါလည်းမသိဘူး, အဲဒါကအမည်မသိ user တစ်ယောက်ကွ"
"ဘယ်သူလုပ်လဲစစ်ကြည့်လိုက်" ရုတ်တရက်, ရှဲ့မင်ရွှမ်းကနိုးလာပြီးတော့ အေးစက်စက်လေသံနဲ့ ပြောလိုက်တယ်။
"ဟုတ်သားပဲ, ငါတို့ group ထဲမှာဆရာကြီးရှိသေးတယ်လေ!"
"ဟေ့! ရှုယန်ယန်, အစ်ကိုရွှမ်းကမင်းကိုအလုပ်လုပ်ခိုင်းနေတယ်" လျို့ခိုင်က ရှုယန်ယန်ရဲ့ထိုင်ခုံကို ကန်လိုက်တယ်။
ရှုယန်ယန်က ကြောင်တောင်တောင်လေးနဲ့ သူ့ခေါင်းကိုအသာလှည့်လိုက်ပြီးတော့ : "ဘာကိုစစ်ရမှာလဲ?"
"အဲဒါကိုတင်လိုက်တဲ့သူကိုပေါ့။ သူတို့ကအမည်မသိ account ကိုသုံးထားတာ။ ဘယ်အရူးကောင်လုပ်တာလဲ ဆိုတာ မင်းကြည့်လို့ရလား"
"အာ, ဒါကလွယ်ပါတယ်" ရှုယန်ယန်ကဖုန်းကိုယူလိုက်ပြီး အမည်မသိသူရဲ့အချက်အလက်တွေကို မြန်မြန်ဆန်ဆန်ပဲ crack လုပ်လိုက်တယ် : "ဟုတ်ပြီ, သူက ယန်ရန်ရိတဲ့, အတန်း ၈-၆ က"
"မိုက်လှချည်လား!"
"ဒါနဲ့, အဘိုးကြီးရှု, မင်းဒီမနက်ကတည်းကဘာတွေဒီလောက်တောင်ကြည့်နေရတာလဲ? ကျောင်းသင်ခန်းစာ တစ်ခုလား? မင်းဘာလို့အရမ်းစိတ်ဝင်တစားဖြစ်နေရတာလဲ?" ရှုယန်ယန်က သူတို့စကားပြောနေတာကို နားတောင်မထောင်လေဘူး။
"မင်းဖင်ကြီးကိုကျောင်းသင်ခန်းစာလား။ ငါကြည့်နေတာက ငါ့ရဲ့နတ်ဘုရားလေး [Q] ရဲ့ level ရှင်းလင်းတဲ့မှတ်တမ်းကွ"
"နတ်ဘုရား [Q] ကဘယ်သူလဲ? Shaquille O'Neal?"
[T/N : Shaquille O'Neal - အမေရိကန်နိုင်ငံမှ ယခင်ကပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောကစားသမား တစ်ယောက်ဖြစ်ပြီး TNT Network တွင်ပြသလျက်ရှိသော 'Inside the NBA' television program တွင် အားကစားလေ့လာသုံးသပ်သူဖြစ်သည်။ သူ့ကို အချိန်တိုင်းမှာ ထင်ရှားကျော်ကြားသော ဘတ်စကတ်ဘော ကစားသမားများထဲမှတစ်ယောက်အဖြစ် သတ်မှတ်ထားကြပါသည်။
TNT Network (Turner Network Television Network) - WarnerMedia Studio & Networks မှပိုင်ဆိုင်သော အမေရိကန်နိုင်ငံမှ အခြေခံကေဘယ်စနစ်ဖြင့် ကြည့်ရှုရသော television channel တစ်ခုဖြစ်ပါသည်။
NBA (National Basketball Association) - အမေရိကန် အမျိုးသားပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘော အသင်းဖြစ်သည်။ အသင်းပေါင်း ၃၀ ဖြင့်ဖွဲစည်းထားပြီး အမေရိကန်နှင့်ကနေဒါရှိ အဓိကပရော်ဖက်ရှင်နယ် အားကစားအသင်း ၄သင်းအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသား ပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘောအသင်းလည်းဖြစ်သည်။]
"NBA ကမဟုတ်ဘူး, ဒါက Red Hacker Master Challenge က"
"မင်းငါတို့ကိုအရင်တုန်းကပြောဖူးတဲ့ hacker ပြိုင်ပွဲဆိုတာလား? အဲဒီနတ်ဘုရား [Q] က ဘယ်လိုနတ်ဘုရားမျိုးလဲ?"
"Red hacker လို့ပြောစမ်းပါကွ!" ရှုယန်ယန်က သူ့မိုဘိုင်းဖုန်းပေါ်က 'Red Hacker Challenge' အဆင့်သတ်မှတ်ချက်စာရင်းကို သူတို့ကိုမပြခင် 'red' ဆိုတဲ့စာလုံးကို အသားပေးပြောလိုက်တယ်။
ကောင်လေးတွေက ခုနှစ်ယောက်မြောက်နေရာမှာရှိနေတဲ့ [Q] ဆိုတဲ့သူကို အပြေးအလွှားလာကြည့်ကြပြီး : "ခုနှစ်ယောက်မြောက်? ဒါလေးပဲလား? မင်းကနတ်ဘုရားလို့တောင်ခေါ်ရတဲ့သူဆိုတော့ အနည်းဆုံးတော့ top 3 ထဲမှာရှိနေလောက်မယ်လို့ ငါထင်လိုက်မိတာ"
"မင်းနားမလည်ပါဘူးကွာ, များသောအားဖြင့်တစ်ခြားလူတွေကိုသာ ဆရာကြီးလို့ခေါ်လို့ရပေမယ့် [Q] ကတော့ နတ်ဘုရားအစစ်ကွ! အဆင့်သတ်မှတ်ချက်ပိုမြင့်တဲ့သူတွေက နတ်ဘုရား [Q] ထက် အမှတ်နည်းနည်းလေး ပိုများနေပေမယ့် သူတို့ level တွေကိုရှင်းလင်းနိုင်ဖို့ ပျှမ်းမျှလိုအပ်တဲ့အချိန်က ခြောက်နာရီကျော်ကြာတယ်ကွ, ဒါပေမယ့် နတ်ဘုရား [Q] ကိုကြည့်လိုက်စမ်း" ရှုယန်ယန်က [Q] ရဲ့ဒေတာပေါ်ကိုနှိပ်ပြလိုက်တယ်။
"၁နာရီနဲ့၃မိနစ်?!" လူတိုင်းကအံ့သြသွားကြတယ်။ သူတို့နားမလည်ကြပေမယ့် ဒါကတော်တော်လေး မိုက်တဲ့ပုံပဲ။
"ဒီ [Q] ဆိုတာကဘယ်သူတဲ့လဲ? မင်းသူ့ကိုသိလို့လား?"
ရှုယန်ယန်ကမျက်မှောင်အသာကျုံ့ပြီးမှ : "ငါလည်းမသေချာဘူးကွ။ အခုချိန်မှာလူတော်တော်များများက နတ်ဘုရား [Q] ရဲ့စတိုင်လ်ကို စူးစမ်းနေကြတာပဲ။ ဒါပေမယ့် ငါတို့လည်းအခုချိန်ထိ တစ်ခြားကြီးမြတ်တဲ့ နတ်ဘုရားတွေရဲ့စရိုက်လက္ခဏာတွေကိုတောင် မရှာနိုင်သေးဘူး။ အဲလိုဆိုပေမယ့် တစ်ချို့လူတွေ ခန့်မှန်းနေကြတာတော့ [Q] က နတ်ဘုရားဝေဖြစ်နိုင်တယ်ဆိုပဲ"
"အဲဒီလူကရောဘယ်သူကြီးလဲ?"
"ငါတို့အသိုင်းအဝိုင်းထဲကဒဏ္ဏာရီဆန်ဆန်တည်ရှိနေသူတစ်ယောက်ပေါ့"
တစ်ခြားကောင်လေးများ : ဒီနယ်ပယ်ကတစ်ခြားဟာတွေနဲ့မတူဘူး။ အရမ်းနက်နဲပြီးတော့ ငါတို့နားမလည်နိုင်လောက်ဘူး။
လျို့ခိုင် : "ဒါဆို, အဘိုးကြီးရှု, မင်းအဆင့်ကရောဘယ်လောက်လဲ?"
ရှုယန်ယန် : ...
ရှုယန်ယန် : "မင်းမမေးတော့ဘူးဆိုရင်, ငါတို့ဘော်ဒါတွေဆက်ဖြစ်နိုင်သေးတယ်"
-----
နေ့လည်ခင်းမှာတော့ စုပေနှင့်စုရှောင်ပေါင်တို့ကို အစောကြီးလာကြိုသွားခဲ့တယ်။ သူတို့ကျင်းယွမ်ကို ရောက်တဲ့အချိန်မှာ Mr.ချင်ကအသင့်စောင့်ဆိုင်းလို့နေလေရဲ့။ ချင်ရှောက်ကအိမ်ကိုအစောကြီးပြန်လာတာကို တွေ့လိုက်ရတော့ စုပေကအတော်လေးအံ့အားသင့်သွားခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ သူတို့ဒီလိုအစောကြီး ပြန်လာရတဲ့အကြောင်းရင်းက သူနဲ့ဆက်စပ်နေတာဖြစ်နိုင်တယ်လို့ သူမတွေးဆမိလိုက်တယ်။
"ဖေဖေ?"
"ဟင်" ချင်ရှောက်ကဒီ title လေးကိုအသားကျနေခဲ့ပြီးတော့ သဘာဝကျကျလေးပဲပြန်ဖြေလိုက်တယ်။
"တစ်ခုခုများဖြစ်လို့လားဟင်?" စုပေကမေးလိုက်တယ်။
ချင်ရှောက်ကသူ့မျက်ခုံးတွေပင့်လိုက်မိပြီးတော့ တိတ်တိတ်လေးကောက်ချက်ချလိုက်တယ် : ဉာဏ်ကောင်းသားပဲ။
"မင်းတို့အဝတ်အစားတွေလဲလိုက်ကြအုန်း။ ငါတို့တစ်နေရာကိုသွားစရာရှိတယ်"
ဘယ်နေရာလဲဆိုတာကို ချင်ရှောက်ကမပြောတဲ့အတွက် စုပေလည်းမေးမနေတော့ဘူး။
-----
Mr.ချင်က စုပေနှင့်စုရှောင်ပေါင်ကို သူ့အိမ်ထောင်စုမှတ်ပုံတင်စာရင်းရှိတဲ့နေရာမှ ဒေသခံရဲစခန်းဆီသို့ ခေါ်ဆောင်လာခဲ့တယ်။ သူ့လက်ထောက်က ကြိုတင်ချိန်းဆိုမှုကိုပြုလုပ်ပေးထားခဲ့တယ်။ ဒီလုပ်ငန်းစဉ်က အရမ်းကိုအဆင်ပြေချောမွေ့လို့နေတယ်။ သူတို့ပြန်ထွက်လာတော့ Mr.ချင်ရဲ့အိမ်ထောင်စုစာရင်းစာအုပ်မှာ စုပေနှင့်စုရှောင်ပေါင်တို့ရဲ့မှတ်ပုံတင်နှင့်အတူ နောက်ထပ်စာရွက်နှစ်ရွက်ပါ ပါလာခဲ့တယ်။ 'တော်စပ်ပုံ' ဆိုတဲ့ ကော်လံတိုင်မှာတော့ 'အဖေနှင့်သမီး' နှင့် 'အဖေနှင့်သား' ဆိုပြီးအသီးသီးရေးသားထားခဲ့တယ်။
စုပေက သူမလက်ထဲမှာ ID ကဒ်အသစ်နှစ်ခုရှိနေတယ်။ တစ်ခုက သူမဥစ္စာဖြစ်ပြီး နောက်တစ်ခုကတော့ စုရှောင်ပေါင်ဟာဖြစ်တယ်။ မဟုတ်သေးဘူး, သူ့ကိုအခု ချင်ယွိ လို့ခေါ်ရတော့မှာ။ 'ချင်ယွဲ့' နှင့် 'ချင်ယွိ', စုပေရဲ့မျက်လုံးတွေက ဒီနာမည်နှစ်ခုအပေါ်သို့ကျရောက်နေခဲ့တယ်။ သူမက အဲဒါလေးတွေကို ထပ်ခါထပ်ခါကြည့်နေမိပြီးတော့ သူမနှုတ်ခမ်းအစွန်းလေးတွေက မသိမသာလေးပင့်တက်သွားခဲ့တယ်။
ဒါလေးတွေက သူတို့ကို Mr.ချင်မှည့်ပေးလိုက်တဲ့နာမည်အသစ်လေးတွေပဲဖြစ်တယ်။ ဝတ္ထုရဲ့ extra အခန်းတွေမှာရေးသားထားတာက : စုရှောင်ပေါင်ကနောက်ဆုံးမှာတော့ ထောင်သို့အပို့ခံလိုက်ရပြီး စုပေကတော့ နှာဘူးဒါရိုက်တာတစ်ယောက်ရဲ့လက်ထဲမှာပဲ သေဆုံးသွားခဲ့ရတယ်။ အခု, သူတို့နာမည်တွေ ပြောင်းလိုက်တာကရော သူတို့ရဲ့မကောင်းတဲ့အနာဂါတ်အဆုံးသတ်ကြီးကိုပါ ပြောင်းလဲသွားနိုင်မလား? ဒီအတွေးလေးက စုပေရဲ့အပြုံးတွေကို ပိုပြီးတော့တောင်ကျယ်ပြန့်သွားစေခဲ့တယ်။
Mr.ချင်က အခုချိန်စုပေရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာကိုမသိလေဘူး။ သူကနောက်ကြည့်မှန်ကနေ တဆင့်တစ်ချက်ကြည့်လိုက်တော့ ကောင်မလေးက ID ကဒ်နှစ်ခုကိုကိုင်ထားရင်း အပြုံးကြီးကြီးတစ်ခု ပြုံးနေတာကိုတွေ့လိုက်ရတယ်။ Mr.ချင်ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေကလည်း အနည်းငယ် ကွေးညွှတ်သွားခဲ့တော့တယ်။
"အိမ်ရောက်မှထပ်ကြည့်တော့လေ" သူကစုပေကိုသတိပေးလိုက်တယ်။ သူမက ကားထဲမှာ စာဖတ်နေတာကြောင့် သူမအမြင်အာရုံတွေပိုဆိုးလာမှာကို မကြောက်ဘူးလား?
"ဟုတ်ကဲ့ပါ, ဖေဖေ"
[Moon's Note : Hello...hello အမပြန်လာပါပြီနော်။ စိတ်ပူပေးကြတဲ့သူတွေရော စောင့်နေမယ်ဆိုတဲ့ သူတွေကိုပါ ကျေးဇူးပါရှင့်။ အမ နားနေတဲ့အချိန်မှာတောင် ဖတ်ပေးကြ vote ပေးကြတဲ့ကလေးတွေအားလုံးကို ချစ်ပါတယ်လို့ပြောချင်ပါတယ်]
4.12.2020
Friday
_____
Thanks 😉