Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၃၈

67 11 4
By CrystSnow

Poliana က သူမရဲ့လက်ထောက်က အခန်းထဲမှာ ရှိနေသေးတာကို တွေ့လိုက်ရသည်. သူမက သူ့ကို တစ်ချက်ကြည့်လိုက်တော့ သူမရဲ့လက်ထောက်က Poliana နဲ့ သမားတော်တွေကို အခန်းထဲမှာ ထားခဲ့ကာ ထွက်သွားလိုက်သည်. Poliana က တော်ဝင်သမားတော်တွေနဲ့ သီးသန့်ဆွေးနွေးချင်မှန်း သိလိုသည်. သူတို့က သူမကျန်းမာရေးနဲ့ပတ်သက်ပြီး တခြားမေးခွန်းတွေ ရှိနေတာကိုလဲ မအံ့ဩပေ. သူမက စစ်တပ်ထဲမှာ ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် တိုက်ပွဲအတွင်းမှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ မေးချင်တာတွေ ရှိနိုင်သည်.

Poliana က တုန့်ဆိုင်းနေပေမဲ့ သမားတော်တွေကတော့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေကြသည်. ခဏလောက်တိတ်သွားပြီးတဲ့နောက်တော့ သူမက ရှင်းပြလာသည်.

"အရင်တုန်းက ကျွန်မ လိပ်ခေါင်းရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ဖူးတယ်. အဲ့တာ တော်တော်လေးဆိုးခဲ့ပေမဲ့ နောက်တော့ သက်သာသွားလို့ ကျွန်မက ပျောက်သွားပြီထင်တာ ဒါပေမဲ့ အခုတလော ကျွန်မ ကြားမိတာက လိပ်ခေါင်းရောဂါက အမြစ်ပြတ်အောင် ကုလို့မရဘူးဆို.."

သူမအတွက် ကံကောင်းသွားတာက ဒီသမားတော်တွေက ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ရင်းနှီးကျွမ်းဝင်သည်.

"အခုတလော မသက်မသာဖြစ်မိတာမျိုးရှိလား?"

လိပ်ခေါင်းရောဂါက မကြာခဏပြန်ဖြစ်တတ်ပြီး သန့်စင်ခန်းအသုံးပြုချိန်ကြာမြင့်တတ်တဲ့သူတွေမှာ အဖြစ်များသည်. ဒီရောဂါနဲ့ ပတ်သက်ပြီး ပြင်းထန်စွာခံစားရတဲ့လူတွေက သူတို့ရဲ့ အစာအိမ်ကိုကောင်းမွန်အောင် ကုသပေးဖို့လိုသည်.

"မရှိဘူး. ဘယ်လိုနာကျင်မှုမျိုးမှမရှိဘူး"

ဒါကြောင့်ပဲ သူမရောဂါက ပျောက်ကင်းသွားပြီလို့ သူမထင်ခဲ့မိတာဖြစ်သည်. အများအားဖြင့်တော့ သူမ အရက်သောက်မိတဲ့နေ့ရဲ့ နောက်တစ်နေ့ ဝမ်းသွားတဲ့အခါမှာ သူမ ဝမ်းထဲမှာ သွေးတွေပါလာတတ်က ထူးဆန်းနေပြီး တခြားလူတွေကလဲ ဒီလိုမျိုးပဲ ဖြစ်လိမ့်မယ်လို့ ထင်ကာ သူမက အရေးတယူမရှိခဲ့ပေ. ဒါပေမဲ့ လိပ်ခေါင်းရောဂါက ကုသလို့မရတဲ့ ရောဂါလို့ ပြောလာကြတော့ သူမ စိတ်ပူလာသည်.

ရုတ်တရက် Poliana က သူမဘောင်းဘီကို ဆွဲချလိုက်တော့ သားဖွားမီးယပ်သမားတော်မဟုတ်တဲ့ တခြားတော်ဝင်သမားတော်က လန့်သွားခဲ့သည်. သားဖွားမီးယပ်အထူးကုက သူမကို လျင်မြန်စွာနဲ့ စစ်ဆေးလိုက်ပြီးတော့ ပြောပြလိုက်သည်.

"ကြည့်ရတာ အရမ်းကြီးတော့ မဆိုးနေဘူး. မင်းအရက်အများကြီး မသောက်မိဖို့ပဲလိုတယ်"

Poliana က သူမ ဘောင်းဘီကို ပြန်ဆွဲတင်လိုက်တော့ Baron Redikal က သူ့မျက်စိဖုံးထားတာကို ရပ်လိုက်သည်. သားဖွားမီးယပ်အထူးကုက သူမကို ထပ်ပြီး အကြံပြုလိုက်သည်.

"မင်း ဒီမှာရှိနေပြီပဲဟာ တစ်လက်စတည်း မင်းရဲ့ အမျိုးသမီးအစိတ်အပိုင်းကို မစစ်ဆေးကြည့်ချင်ဘူးလား?"

"အဲ့အပိုင်းက အဆင်ပြေတယ်. ပြီးတော့ ကျွန်မ အဲ့အပိုင်းကို သုံးစရာမှမလိုတာ ပြီးတော့ နာလဲမနာဘူး"

"မင်း ရာသီပုံမှန်မလာတာ ကြာပြီလို့ ပြောသံကြားတယ်"

ဒါကြောင့်ပဲ Lucius က သူမကို စစ်ဆေးပေးဖို့ သမားတော်ကို ညွှန်ကြားခဲ့တာဖြစ်သည်. သူမကို ကြည့်ရတာ ကျန်းမာရေးကောင်းပေမဲ့ ဧကရာဇ်က သူမနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်မှာ စိုးရိမ်နေတာဖြစ်သည်. သမားတော်ကမေးလိုက်သည်.

"ကျေးဇူးပြုပြီး ငါ့ကို မေးခွန်းနည်းနည်းလောက်တော့ မေးခွင့်ပြုပါ"

Poliana က စစ်ဆေးမေးမြန်းခံရတာကို သဘောမကျပေမဲ့ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်. Baron Redikal က သူတို့ သီးသန့်ဆွေးနွေးလို့ရအောင် အခန်းထဲကနေ ထွက်သွားလိုက်သည်. သားဖွားမီးယပ်အထူးကုက သူမရာသီလာတာနဲ့ ပတ်သက်ပြီး မေးခွန်းနည်းနည်းမေးလိုက်သည်. ဒီကိစ္စနဲ့ ပတ်သက်ပြီး Poliana က ဂရုမစိုက်တာကြောင့် သူမအဖြေတွေက အထောက်အကူမဖြစ်ပေ. ဥပမာအနေနဲ့ သူမအတွင်းခံမှာ သွေးတွေ ဘယ်လောက်များလဲ, ဒါပေမဲ့ သူမက ဘာတွေဖြစ်လဲ အချိန်ဘယ်လောက်ကြာလဲဆိုတာကို မမှတ်မိပေ. သူမအနေနဲ့ ဒီဆယ်နှစ်အတွင်းမှာ ရာသီအနည်းငယ်လာခဲ့တာလား ဒါမှမဟုတ် တခြားအကြောင်းအရာတွေကြောင့် သွေးထွက်ခဲ့တာလားဆိုတာကို သူမဖြေတဲ့အဖြေပေါ်ကို အခြေခံပြီးတော့ သမားတော်က အဖြေမထုတ်နိုင်ပေ. Poliana က လူနာကောင်းတစ်ယောက်မဟုတ်ပေ.

သမားတော်က သူမကို ရှင်းပြလိုက်သည်.

"ငါ မင်းအကြောင်းကို စကြားတုန်းက မင်းက သွေးဆုံးတာစောတာဖြစ်မယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ရှင်းရှင်းပြောရရင် အဲ့လို ဖြစ်မယ်လို့လဲ မထင်ဘူး. မင်းရဲ့ လက်ရှိ ကျန်းမာရေးက အရမ်းကောင်းတယ်ဆိုတော့ သွေးဆုံးတာတော့မဖြစ်နိုင်ဘူး. မင်းရာသီပုံမှန်မလာတာက အာဟာရမပြည့်ဝတာနဲ့ စိတ်ဖိစီးမှုများတာကြောင့် ဖြစ်နိုင်တယ်လို့တော့ ယူဆလို့ရတယ်. မင်းရဲ့အခြေအနေကို ကုသဖို့ ငါသေချာစစ်ဆေးဖို့တော့လိုသေးတယ်"

"ရှင်က သမားတော်ကောင်းတစ်ယောက်ဆိုတာ ကျွန်မနားလည်ပါတယ် ဒါပေမဲ့ ကျွန်မ စိတ်မဝင်စားဘူး.. ကျေးဇူးပဲ"

"တကယ်လို့ မင်းစိတ်က အဲ့လိုဆိုလဲ ငါ မင်းဆန္ဒကို လေးစားမှာပါ..."

သမားတော်က စိတ်ပျက်သွားသည်. လူနာတစ်ယောက်ကို ကုသဖို့က သူ/သူမက တက်ကြွစွာပူးပေါင်းလုပ်ဆောင်ဖို့လိုပေမဲ့ Poliana က စိတ်မဝင်စားတာ သိသာနေသည်. သူမက သူမရာသီပုံမှန်မလာတာထက် သူမရဲ့ လိပ်ခေါင်းရောဂါကို ပိုစိတ်ပူနေသည်. သမားတော်က ထပ်ပြောလိုက်သည်.

"မင်း စိတ်ပြောင်းသွားရင်တော့ ငါ့ကို အသိပေးပါ. စစ်သားတွေနဲ့ စစ်သည်တွေက အခြေအနေမဆိုးမချင်း သမားတော်တွေဆီကို မလာတတ်တာ ငါသိတယ်. မင်း နာကျင်မှုတွေနဲ့ မသက်မသာဖြစ်တာတွေကို သည်းခံနေဖို့မလိုဘူး"

သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက မလိုအပ်ပဲ အချိန်ကြာမြင့်စွာရွေ့ဆိုင်းနေတတ်တာကြောင့် သူတို့ရဲ့ရောဂါအခြေအနေပိုဆိုးသွားတဲ့ အဖြစ်တွေကို Poliana ကြုံဖူးသည်.

စစ်သားတွေက အသက်ငယ်ငယ်လေးနဲ့ နာတာရှည်ရောဂါဖြစ်တတ်တာမျိုးတွေလဲရှိသည်. စစ်မြေပြင်မှာ နှစ်ပေါင်းများစွာအချိန်ကုန်ခဲ့တာက လူ့ခန္ဓာကိုယ်ကို ပျက်စီးစေသည်. Poliana တောင်မှ သူမရဲ့အရိုးအဆစ်တွေက နာကျင်မှုတွေကို စတင်ခံစားနေရပြီ..

Poliana သိချင်တာက လိပ်ခေါင်းရောဂါအကြောင်းပဲဖြစ်သည်. ဒီရောဂါက ပျောက်ကင်းအောင် ကုသလို့မရဘူးဆိုတာကို သူမက လက်ခံလိုက်ပေမဲ့ မကြာခဏ ပြန်မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ? သူမက ဒီအကြောင်းမေးလိုက်တော့ သမားတော်က သူမအနေနဲ့ အရက်သောက်တာ ရပ်သင့်ကြောင်း အကျဉ်းချုံးပြောလိုက်သည်.

အရက်ဖြတ်ရမယ်? ဒီကိစ္စက မဖြစ်နိုင်တာကြောင့် Poliana က မျက်မှောင်ကြုံ့လိုက်သည်.

သူတို့စကားပြောပြီးတဲ့နောက်တော့ Poliana က အခန်းထဲကနေ ထွက်လာသည်. သူမ အပြင်ထွက်လာတော့ Baron Redikal က သူမ တစ်ခါမှမမြင်ဖူးတဲ့ လူငယ်တစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရသည်. သားဖွားမီးယပ်သမားတော်က သူ့ကိုတွေ့လိုက်တော့ သူကလဲ ဒီမမြင်ဖူးတဲ့လူကို ရင်းနှီးစွာနဲ့ နှုတ်ဆက်နေသည်. လူငယ်က သားဖွားမီးယပ်သမားတော်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်တော့ Baron Redikal က သူ့ကို တားကာ ပြောလိုက်သည်.


"မင်း Marquess ကို အရင် ဦးညွှတ်ဖို့လိုတယ်. Marquess Winter ဒါက ငါ့ရဲ့တပည့် Frau တဲ့..."

Frau က သားဖွားမီးယပ်သမားတော်ကို ဦးညွှတ်တာထက် ပိုပြီးတော့ လေးစားတဲ့ဟန်နဲ့ Poliana ကို ဦးညွှတ်လိုက်သည်. သူက သာမာန်အရပ်အမောင်းနဲ့ ကြည့်ကောင်းတဲ့ လူတစ်ယောက်ဖြစ်သည်. သူက ပိန်ကပ်မနေသလို ကြွက်သားတွေလဲ ရှိမနေပေ. သူ့ကိုကြည့်ရတာ ခပ်ဖိုင့်ဖိုင့်ပုံစံဖြစ်နေတာကြောင့် အထိုင်များတဲ့ဘဝနေထိုင်မှုမျိုးနဲ့ နေထိုင်တာဖြစ်ရမည်. တကယ်လို့ ဒီလူက သူမကိုယ်ရံတော်တွေထဲက တစ်ယောက်သာဆိုရင်တော့ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာကြောင့် ဒီလူကို ပြတင်းပေါက်ကနေ ပစ်ချလိုက်မိလောက်သည်.

'သူက သမားတော်ဆိုတော့ အဆင်ပြေမယ်ထင်တာပဲ'

သမားတော်တွေက ဓါးကိုင်ပြီးတော့ စစ်တိုက်စရာမလိုပေ. အဲ့အစား သမားတော်တစ်ယောက် ခွဲစိတ်ဓါးကိုင်ကာ ရောဂါတွေနဲ့ စစ်တိုက်ရတာဖြစ်သည်. သမားတော်တွေက လျင်မြန်တဲ့လက်တွေရှိဖို့ လိုပေမဲ့ စစ်သားတွေလိုတော့ သူတို့ခြေထောက်တွေကို အမြန်လျှောက်ဖို့ မလိုပေ.

တကယ်လို့ Frau က တော်ဝင်သမားတော်တစ်ယောက်ရဲ့ တပည့်ဖြစ်ခဲ့ရင် သူလဲ တစ်နေ့နေ့ သမားတော်ဖြစ်လာနိုင်သည်. သမားတော်တွေနဲ့ သိကျွမ်းထားတာက ကောင်းတဲ့ကိစ္စဖြစ်တာကြောင့် Poliana က သူ့ကို သေချာကြည့်လိုက်သည်. Frau က ယဉ်ကျေးစွာနဲ့ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်.

"တွေ့ရတာ ဝမ်းသာပါတယ် Marquess Winter. ကျွန်တော့်နာမည်က Frau Sneke ပါ"

"ငါကတော့ Poliana Winter ပါ"

"ကျွန်တော်တို့တိုင်းပြည်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ သူရဲကောင်းနဲ့ တွေ့ခွင့်ရလို့ ဂုဏ်ယူမိပါတယ်. ကျွန်တော်တို့ တစ်ခါမှမတွေ့ဖူးတာကြောင့် အခုလိုပြောတာက တစ်မျိုးဖြစ်နေပေမဲ့ ကျွန်တော်က ခင်ဗျားကို အမြဲတမ်းလေးစားပြီးတော့ သဘောကျမိနေတာပါ Marquess Winter. ခင်ဗျားနဲ့ လူကိုယ်တိုင်တွေ့ခွင့်ရလိုက်တာ ကျွန်တော့်အိပ်မက်တွေ လက်တွေ့ဖြစ်လာတာပဲ. ဒီနေ့ကို ကျွန်တော်သေတဲ့အထိ မေ့မှာ မဟုတ်တော့ဘူး"

'ဝိုး, သူက တော်တော်လေးအပြောကောင်းတာပဲ'

သူ စကားတစ်ခွန်းမှ မပြောခင်ကတော့ Poliana က Frau နဲ့ ပတ်သက်ပြီး ခံစားချက်ကောင်းရှိခဲ့ပေမဲ့ သူက သူမကို ချီးမွှမ်းပြောဆိုလိုက်တော့ သူမက သူ့ကို ချက်ချင်းပဲ သဘောမကျသလိုဖြစ်သွားသည်. Frau က ကြည့်ကောင်းတဲ့လူငယ်လေးဖြစ်ပေမဲ့ ကြည့်ရတာ ဟန်ဆောင်နေပုံရသည်

Lucius နဲ့ ရင်းနှီးလာစေဖို့ သူမကို ချဉ်းကပ်ကြတဲ့လူတွေကို သူမတွေ့ဖူးသည်. သူတို့က သူမကို ချီးမွှမ်းကာ မြှောက်ပင့်ပြောဆိုတတ်ပြီး သူက သူတို့ကို သဘောမကျပေ. သူမက သူ့ကို ဘာစကားမှ မပြောတော့ပဲ အဝေးကိုလျှောက်သွားဖို့ လုပ်လိုက်ချိန်မှာ Frau က ထပ်ပြောလာသည်.

"ခင်ဗျားက ကျွန်တော်ထင်ထားတာထက် ပိုလှသားပဲ ကောလဟာလတွေထက် အများကြီးသာတယ်"

'ဘာ? ဒါက ငါကြားဖူးသမျှထဲမှာ အဆိုးဝါးဆုံး မြှောက်ပင့်ပြောဆိုတာပဲ... သူက လိမ်ညာပြီးတော့တောင် မြှောက်ပြောနေသေးတယ်!'

Continue Reading

You'll Also Like

172K 6.9K 20
*COMPLETED* Harry, Draco and the other seventh years have come to re-do the year. Draco is struggling with post war Hogwarts and is just trying to b...
2.6M 151K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.4M 274K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...