LOVE, BUT HURT (Season 3)_ Th...

By HninAung913

202K 27.5K 1.6K

ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလ... More

Part 1 ( ပြန်လည်ရောက်ရှိလာခြင်း)
Part 2( အဖြူရောင် ဝတ်ရုံစ)
Part 3(အစားထိုး အမျိုးသားကိုယ်လုပ်တော်)
Part 4( မရင်းနှီးသော မျက်နှာတစ်စုံ)
Part 5 (ပထမဆုံးသော)
Part 6 (ဝတ်ရုံနက်နှင့် လုပ်ကြံသူ)
Part 7 (သတိရမိ....သူ)
Part 8 ( မင်း..ဘယ်သူလဲ)
Part 9 (မင်းအနားမှာပဲ ရှိနေပေးမယ်)
Part 10 ( မူလပိုင်ရှင်နှင့် ပတ်သတ်၍)
Part 11 ( ဝူနန်ပြည်နယ်မှ ထွက်ပေါ်လာသောကောလဟာလ)
Part 12 ( ကျင့်ယိချန်နှင့် တွေ့ဆုံခြင်း )
Part 13 ( ရင့်သီးလွန်းလှသော စကားလုံးများ)
Part 14 ( အမိန့်အမှာစာ ပါးလိုက်သည်)
Part 15 * ( အန်းလု.....ကိုယ့်ကိုယုံ)
Part 16 ( ယွဲ့ဖုန်ရေကန်က မီးမျှောပွဲ)
Part 17 (အရပ်က...ပိုပုသွားတာပဲ)
Part 18 ( မင်းတစ်ယောက်တည်း အတွက်ပဲ)
Part 19 ( မင်းသမီး ချင်းယာ)
Part 20 ( မင်းတစ်ယောက်တည်း)
Part 21( အင်အားပြိုင်ခြင်း)
Part 22 ( ၀န်ခံခြင်း)
Part 23 (ဆင့်ခေါ်လိုက်သူ)
Part 24 ( အပေးအယူ)
Part 25 (သူတစ်ယောက်တည်းသာ)
Part 26( သတိရမိတဲ့ လက်ထပ်ပွဲလေးတစ်ခု)
Part 27 ( ကျွန်တော့်ကို နားလည်ပေးလို့)
Part 28 ( လွတ်ငြိမ်းခွင့်)
Part 29 ( ယိချန်သို့ အမှာစာ)
Part 30 ( အသည်းကွဲသမားနဲ့အတူ သေရည်သောက်ခြင်း)
Part 31 ( နောက်တကြိမ် ထပ်ပြီးတော့...)
Part 32 (အန်းလုဆီက စာ)
Part 33 (မင်းက တိမ်စိုင်တွေလိုပဲ)
Part 34 (အန်းလု နိုးလာပြီ)
Part 35( ကျွန်တော်က လူသားတစ်ယောက်မလို့လား)
Part 36* (ကိုယ့်အချစ်ကို ယုံကြည်ပါ)
Part 37 ( မိန်းကလေးတယောက်လို ဝတ်စားခြင်း)
Part 38 ( ဆံထိုး)
Part 39 (မင်းအနားမှာ ကိုယ်ရှိတယ်)
Part 40 ( သွေးစွန်းအနမ်း)
Part 41 (ရင်ဝသို့ထိတွေ့လာသော ဓားတစ်ချောင်း)
Part 42 ( ရွေးချယ်စရာ တစ်ခုတည်း)
Part 44 ( သူနိုးလာတော့ အန်းလုကအနားမှာမရှိဘူး)
Part 45 ( ပိုင်ရှင်ဆီ ပြန်ဖို့အချိန်ကျပြီ)
Part 46 ( ဆွဲကြိုးလေးရဲ့ပိုင်ရှင်က မင်းလေ)
Part 47 ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)
Part 48 ( နောက်ဆုံးသောစတင်ခြင်း) Final part

Part 43 ( အသိစိတ်တို့ ကင်းမဲ့သော်လည်း)

1.8K 296 18
By HninAung913

အပိုင်း ၄၃ ( အသိစိတ်တို့ ကင်းမဲ့သော်လည်း)

" ရှန်းအာ....ရှန်းအာရေ......အရမ်းပြေးမဆော့ရဘူးလေ။"

​လေး၊ ငါးနှစ်အရွယ်ခန့်သာရှိသေးတဲ့ ကလေးလေးတယောက်ဟာ ဥယျာဥ်တော်ရဲ့ နေရာလွတ်မှာပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေလေရဲ့။ နန်းတွင်းသူ ခြောက်ဦးခန့်က မိဖုရားအဆောင်အယောင် ဝတ်ဆင်ထားသောအမျိုးသမီးတစ်ဦး၏ နောက်တွင် ရပ်ကာနေကြသည်။

သူမသည် ထိုကလေးငယ်အား လှမ်းဖမ်းရန်ရှေ့သို့ခါးကိုကိုင်းကာ ငုံ့လိုက်သည်။

" မိပြီ...အရမ်းမပြေးရဘူးလို့....ချော်လဲလိမ့်မယ် ရှန်းအာရဲ့။"

" ဟီးဟီး....မယ်တော်ကလည်း အတူဆော့ရအောင်လို့ပါ။"

သူမက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမကိုရယ်ကာမျက်နှာချိုသွေးနေသော ထိုကလေး၏ နှခေါင်းထိပ်ကလေးအားအသာဆွဲညှစ်လိုက်သည်။

" မယ်တော်က ရှန်းအာလေးတစ်ခုခုဖြစ်မှာကို စိုးရိမ်လို့ပါ။ ဝူရှဲ့အဆောင်ကိုသွားကြမယ်။ သားရဲ့ ခမည်းတော်က ထမင်းစားဖို့စောင့်နေလောက်ပြီ။"

"အွန်း..."

ကလေးငယ်က ရယ်မောလျက် ခေါင်းညိမ့်ပြတော့ မိဖုရားသည် သူမ၏သားလေးအားလက်ကိုဆွဲ၍ ဝူရှဲ့အဆောင်ဘက်သို့ ဦးတည်လိူက်တော့သည်။ ထိုအဖြစ်အပျက်ကို ယောက်ျားသားတစ်ယောက်က ကြည့်နေပါ၏။ သူ၏လက်တို့သည် တဖြည်းဖြည်း အဝေးသို့ရောက်နေပြီဖြစ်သော ထိုသားအမိအား လှမ်းတားရန်ကြိုးစားနေသည်။ ဤသည်က လီချီရှန်းပင်။

ချီရှန်းသည် မိမိငယ်စဥ်ကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို မျက်စိရှေ့တွင်ပြန်မြင်နေရ၏။ သူငယ်စဥ်က တကယ်ကိုလွတ်လပ်ပေါ့ပါးပျော်ရွှင်ခဲ့ရသည့် ကလေးတယောက်ဖြစ်ခဲ့ဖူးသည်။ ဤသိူ့သော အရယ်အမောရှိခဲ့ဖူးသည့် ကလေးတယောက်သည် ယခုကဲ့သို့တည်ငြိမ်ခက်ထန်လာသည့်အကြောင်းအရင်းသည်ကား သူ၏မိခင်ကိုဆုံးရှုံးလိုက်ရခြင်းကြောင့်ပင်။

ရှေ့တွင်ပျောက်ကွယ်သွားပြီဖြစ်သော ထိုသားအမိ၏ပုံရိပ်ကြောင့် ချီရှန်းသူ၏လက်ကိုပြန်ချလိုက်သည်။ ချက်ချင်းပင် နန်းတော်ကြီး၏ ဥယျာဥ်သည် အခိုးအငွေ့သဖွယ်ဖြစ်ကာ ပျောက်ကွယ်သွားလေ၏။ ချီရှန်း သူ၏မျက်ဝန်းအစုံကိုတချက်ခပ်လိုက်စဥ်တွင်ပဲ နောက်ထပ် နေရာတစ်ခုသိူ့သူရောက်နေလေပြီ။

ငါးနှစ်အရွယ်ရှိ ကလေးငယ်သည်ဖိနပ်လေးတစ်ဖက်ကို ပိုက်ကာငိုကြွေးနေသည်။ မျက်ဝန်းကမျက်ရည်တို့က ပါးပြင်ကိုဆက်တိုက်ကျဆင်းလာခဲ့သော်လည်း ထိုကလေးသည် အသံတစ်သံမှမထွက်အောင်လည်း ထိန်းချုပ်နေသေး၏။

ချီရှန်း ထိုကလေးအနားသို့သွားလိုက်သည်။ ထို့ကလေး၏ ဘေးတွင်ထိုင်လိုက်ပြီးနောက် ထိုကလေး၏ကျောပြင်ကိုခပ်ဖွဖွပွတ်သတ်ပေးလိုက်သည်။ သို့သော်လည်း သူ၏လက်တို့က ထိုကလေး၏ကိုယ်ခန္တာကို ထိကိုင်၍မရချေ။ ချီရှန်းက သူ၏လက်ကိုပြန်ကြည့်နေချိန်မှာပဲ ပိတ်ထားသော တံခါးကိုမဖွင့်ပဲ ဒီအတိုင်းဖြတ်သန်းကာဝင်လာသော အနည်းငယ်လင်းသည့်ခန္တာကိုယ်နှင့် အမျိုးသမီးတစ်ယောက်ဝင်ရောက်လာသည်။

ချီရှန်းသည် ရုတ်တရက် မတ်တပ်ကောက်ရပ်လိုက်မိသည်။ သူမကတော့ ချီရှန်းကိုမြင်ပုံမရပဲ ထိုကလေးဆီသို့သာဦးတည်လျက် သူမ၏ရင်ခွင်ထဲကို ကလေးအားထည့်ကာ ကျောပြင်ကိုပုတ်ပေးနေ၏။

" ရှန်းအာ....မယ်တော် မင်းအနားမှာရှိပါတယ်။ မင်းအနားမှာ အမြဲရှိနေပြီး မင်းကိုကာကွယ်ပေးနေမှာပါ.... နော်....မငိုပါနဲ့တော့...ကျေးဇူးပြုပြီး...."

သူမသည် ဆို့နင့်နေသော ငိုကျွေးသံဖြင့် ထိုကလေးကိုပွေ့ဖက်နေပါသော်လည်း ကလေးငယ်သည် သူမကိုမြင်ပုံမရသလို သူမ၏အထိအတွေကိုလည်း ခံစားမိပုံမရချေ။ ဘေးတွင် ရပ်ကာနေသော ချီရှန်းသည်မည်သည့်အသံတစ်သံမှ မထွက်နိုင်ပဲ ပြူးကျယ်နေသော မျက်လုံးဝိုင်းတို့ဖြင့်သာ ရပ်ကြည့်နေမိ၏။ သူ၏နှုတ်ခမ်းပါးတို့သည် အနည်းငယ်တုန်လှုပ်နေသည်။

“..မယ်....မယ်...တော်...”

ထို့နောက် ချက်ချင်းဆိုသလိုနောက်ထပ်နေရာတစ်ခုကို သူရောက်ပြန်သည်။ အရာအားလုံးက သူ၏မှတ်ဉာဏ်တွေဖြစ်မှန်း သူသိလိုက်ရသည်။ ပို၍ဆိုးသည်က သူ၏မိခင်သည်သူ့အနားတွင် အမြဲလိုလိုရှိနေတတ်သည်မှာ သူအရွယ်ရောက်သည်အထိပင်။

အဲ့ဒီနောက် သူမသိမမြင်ခဲ့ဖူးသည့်မှတ်ဉာဏ်တစ်ခုကိုသူတွေ့မြင်လိုက်ရလေ၏။ ထိုအရာက သူမမှတ်မိသည့်အရာဟုပြောလို့မရနိုင်သည်မှာ ထိုအချိန်ကာလသည် သူပင်လူ့လောကထဲမရောက်သေးသည့် သူ၏မိခင်နှင့် ဖခင်တို့နှစ်ဦးသားစတင်တွေ့ဆုံသည့်အချိန်ဖြစ်သည်။

မိန်းကလေးသည် စျေးတန်းထဲတွင်ပစ္စည်းအသစ်အဆန်းများကို လျောက်ပတ်ကာကြည့်နေ၏။ သူမသည် လူ့ပြည်သို့ဒုတိယအကြိမ်မြောက်ရောက်လာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်၅၀၀ကတကြိမ် သူမရောက်လာတုန်းကနှင့် မတူပဲကွဲပြားနေတာကြောင့် သူမက နေရာစုံကို ပတ်ကြည့်နေမိသည်။ သူမ မြို့ပြင်ကိုတယောက်တည်းပင်ရောက်လာခဲ့၏။

နွေဦးရာသီရဲ့ လေပြည်ဟာ မက်မွန်ပန်းပွင့်တို့ကို ကြွေလွင့်နိုင်စွမ်းရှိ၏။ သူမက ပွင့်ရွက်ကြွေလွှာများကို လက်ဖြင့်ခံကာ ဖမ်းဆုပ်နေသည်။ သူမ၏ဆံနွယ်များသည် ထက်ဝက်ခန့်စည်းနှောင်ထားသည့်အတွက် အောက်နားစွန်းပိုင်းသည် လေနှင့်အတူ လွင့်နေကြသည်။ လူလတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ဦးသည် ဓားတစ်လတ်ကို ကိုင်ဆောင်ထားပြီး သူမ၏ မလှမ်းမကမ်းတွင်ရပ်ကာ သူမကိုအချိန်အတော်ကြာထိ ကြည့်နေမိသည်။ ပန်းပွင့်ကြွေလွှာတို့ကို ဖမ်းနေသောသူမက သတိထားမိသွားပြီး လှမ်းအော်လိူက်လေ၏။

" ရှင်က ဘယ်သူလဲ။"

ထိုအခါမှ ထိုလူကသူမ၏အနားသို့ရောက်ကာလာပြီး သူမကိုခေါင်းညိမ့်ပြကာ သူ့ကိုယ်သူမိတ်ဆက်လိုက်လေ၏။

" ကျွန်တော်က လီကျင်းပါ။ ဒီက မိန်းကလေးကအရမ်းကိုလှနေတာမို့ ခွင့်ပြုချက်မတောင်းပဲ ကြည့်မိသွားပါတယ်။ တောင်းပန်ပါရစေ။"

သူတို့နှစ်ဦးသား အချိန်အတော်ကြာအထိ အကြည့်ချင်းဆုံမိကြသည်။ ချီရှန်းက သူနှင့် မလှမ်းမကမ်းတွင် မြင်နေရသောမြင်ကွင်းကို သဘောကျစွာကြည့်နေမိ၏။ ထိုမြင်ကွင်းက သူ၏မိဘနှစ်ပါးစတင်တွေ့ဆုံခဲ့ကြပြီး အချစ်တစ်ခုဖြစ်ပေါ်စေခဲ့သည့် အခိုက်အတန့်တစ်ခုဖြစ်သည်။

" ဒီလိူပဲ အချိန်ဖြုန်းနေတော့မှာလား။ ကိုယ့်ရဲ့နေရာကို ကိုယ်ပြန်သင့်ပြီလေ။"

ဘေးမှ ရုတ်တရက်ပြောလာသည့် စကားသံကြောင့် သူလန့်သွားသည်။ ဘေးကိုစောင်းကာ ငုံ့ကြည့်မိတော့ ကိုယ်ခန္တာတစ်ခုလုံး အဖြူရောင်ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ထားသည့် သူ၏မိခင်ကိုတွေ့လိုက်ရလေ၏။

" မယ်တော်...."

သူမက ချီရှန်းကိုစောင်းကြည့်လာသည်။

" ပြန်ရတော့မယ်လေ။ ဒီနေရာမှာ အကြာကြီးနေလို့မရဘူး။"

"ဘာလို့လဲ။ "

သူမက မည်သည့်စကားတစ်ခွန်းကိုမျှမပြောပဲ ချီရှန်းဆီမှ လှည့်ထွက်လိုက်သည်။ သူမ၏ အောက်ဖျားပိုင်းသည် ခြေထောက်တစ်စုံဖြစ်မနေပဲ အခိုးအငွေ့တို့သာ ရစ်သိုင်းနေကြ၏။  ချီရှန်းသည် သူမကို လှမ်းအော်ကာမေးခွန်းထုတ်သည်။

" ဘာလို့.... ကိုယ့်ရဲ့ရင်သွေးတစ်ယောက်အတွက် ဒီလောက်ထိ စတေးခဲ့တာလဲ။"

ချီရှန်း ထပ်မံကာမေးမြန်းလိုက်သော်လည်း သူမသည် ချီရှန်းကိုလှည့်မကြည့်သေးပဲအချိန်အတော်ကြာသည်အထိ ကျောပေးကာရပ်တန့်နေမိသည်။ ပြီးမှ ချီရှန်းဘက်သို့လှည့်ကာ ပြုံးလိုက်ရင်း

" ထိုက်တန်တယ်ထင်လို့ပေါ့။

ကိုယ့်ရဲ့ ကလေးအတွက် မိဘဆိုတာအသက်ကိုတောင်စွန့်သင့်ရင် စွန့်ရမှာပဲလေ....ဒါတွေအားလုံးက အမေကျေနပ်လို့လုပ်ခဲ့တာတွေချည်းပါပဲ။"

သူမသည် တဖက်သို့ပြန်လှည့်သွားလေ၏။ ချီရှန်းသည် ခြေနှစ်လှမ်းခန့်အမြန်လှမ်းကာ သူမအနားသို့ရောက်လာသည်။

" တကယ်လို့ ကျွန်တော်ကိုသာအသိပေးခဲ့ရင် ကျွန်တော်ဒီလောက်ထိ မယ်တော့်ကိုမုန်းမိမှာမဟုတ်ဘူး။ ကျွန်တော်ကို ဒီအတိုင်း ရုတ်တရက်ထားသွားခဲ့တဲ့ မိခင်တစ်ယောက်ဆိုတဲ့ စိတ်ကြီးနဲ့ကျွန်တော်ရှင်သန်နေခဲ့ရတာ။ ကျွန်တော်ကို နည်းနည်းလောက်သာ ပြောပြပေးခဲ့မယ်ဆိုရင်.... ကျွန်တော်ဒီလောက်ထိ......"

ချီရှန်းသည် စကားတို့ကိုဆက်မပြောနိုင်တော့ပဲ သူ၏ခေါင်းကိုငုံ့လိုက်လေ၏။ အခုချိန်မှာ သူဟာဆိုးသွမ်းတဲ့ကလေးတစ်ယောက်လိုသာ ခံစားလိုက်ရသည်။ သူ့တဖက်တည်းကိုပဲ သူကြည့်မိခဲ့တဲ့ တကိုယ်ကောင်းသမားသာသာပင်။ သို့သော် သူမသည် ချီရှန်း၏ ပါးပြင်ကိုသူမ၏လက်ဖြင့် ခပ်ဖွဖွထိကိုင်ရင်း မော့လာစေသည်။ ခေါင်းပြန်​ထောင်လာသော ချီရှန်း၏မျက်ဝန်းများတွင် မျက်ရည်များပြည့်နှက်နေလေ၏။ သူ၏မျက်ရည်တို့က သူ၏မိခင်ထိကိုင်ထားသော လက်ပေါ်သို့ပင် ပါးပြင်ကိုဖြတ်လျက် ကျဆင်းနေကြသည်။

" ဒီမယ်တော်က ညံ့ဖျင်းခဲ့လို့ပါ။ ဒီမယ်တော့်အပြစ်တွေပါ။ မငိုပါနဲ့။ "

သူမသည် ချီရှန်းကိုပွေ့ဖက်လိုက်၏။ ချီရှန်းသည်သူ၏ခေါင်းအား သူမ၏ပုခုံးထက်ကို ခါးကိုင်းကာ တင်လိုက်သည်။ မျက်ဝန်းနှစ်ဖက်ကို မှိတ်လျက် ငိုကြွေးနေမိ၏။ ထိုမျက်ရည်တို့က သူမည်သိူ့ပင် အားတင်းထားပါစေ မရနိုင်ပဲစီးကျနေကြတာကြောင့် သူနောက်ဆုံးတွင် မိမိကိုယ်ကို စိတ်လွတ်ကိုယ်လွတ် ငိုကြွေးခွင့် ပေးလိုက်လေတော့သည်။

.............................

" မယ်တော်...... ရှန်ဖန်းကို သိလား။"

"......"

ရှေ့မှသွားနေသော သူမ ထိုအမည်နာမကြောင့် ရုတ်တရက်ရပ်တန့်သွားသည်။ ချီရှန်းကပင်ဆက်ပြော၏။

" အန်းလုပြောပုံအရဆို သူကမယ်တော်ရဲ့မွေးစားသားတဲ့။ သူ့မှာ ရည်ရွယ်ချက်တစ်ခုခုရှိလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။

ထင်ခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ရည်ရွယ်ချက်က ကျွန်တော်ကို သတ်ချင်နေတာဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်နဲ့ အန်းလုကို ဒီကမ္ဘာကိုသူပဲ ပြန်ခေါ်ခဲ့တယ်လို့ပြောတယ်။ ကျွန်တော့်ဆီမှာ အန်းလုတို့ ကမ္ဘာနဲ့ပတ်သတ်ပြီး မှတ်ဉာဏ်တွေမရှိဘူး။ အန်းလုကတော့ အကုန်လုံးရှိနေတယ်။ အဲ့တာ ဘယ်လိုတွေဖြစ်တာလဲ။"

ချီရှန်း၏ မေးခွန်းများကိုနားထောင်အပြီးတွင် သူမက ခေါင်းကိုငုံ့ကာဆိုလာသည်။

" ရှန်ဖန်းက အရမ်းကိုလိမ္မာတဲ့ ကလေးတစ်ယောက်ပါ။ သူ့ကိုဘုန်းကြီးကျောင်းပျက်တစ်ခုမှာတွေ့ခဲ့တာ။ သူက အမေနဲ့အတူကိစ္စတော်တော်များများကို ကူညီပေးတယ်။ နောက်ပိုင်းမှာ အမေလုပ်ရတဲ့ကိစ္စတစ်ခုမှာ သူပါအတူပါရင်း သေနိုင်လောက်တဲ့ဒဏ်ရာရခဲ့လို့ အမေကသူ့ကို မွေးစားဖို့ဆုံးဖြတ်လိုက်ပြီး နတ်စွမ်းအင်တစ်ချို့ကို လက်ဆင့်ကမ်းပေးခဲ့တယ်။

အဲ့နောက်ပိုင်းတွေမှာ ကိစ္စတွေကိုအတူဖြေရှင်းကြပြီး အဆင်လည်းပြေနေခဲ့တဲ့အပြင် သူကတစ်နေ့တခြား စွမ်းအားတွေတောင်တိုးလာခဲ့သေးတယ်။ မင်းရဲ့ဖခင်နဲ့အမေနဲ့ စတွေ့ပြီး ချစ်ကြိုက်တဲ့အချိန်ကစပြီး ပြောင်းလဲသွားခဲ့တော့တာ။

ပြောရရင် အမေလူ့ပြည်မှာ လူသားတစ်ယောက်နဲ့ချစ်ကြိုက်ပြီး ကလေးယူခဲ့တယ်ဆိုတာကို နတ်ပြည်ကသိသွားခဲ့တယ်။ အဲ့တာတွေရဲ့နောက်ကွယ်က သူပဲလုပ်ခဲ့တာ။ နောက်ဆုံး အမေလည်း နတ်သက်ကြွေခံရလုနီးပါးဖြစ်ပြီး နတ်စွမ်းအင်နည်းနည်းနဲ့ အခုလိုဘဝရောက်ခဲ့တယ်။ သူကလည်း တချို့နေရာတွေမှာ လူသားတွေကိုနှောက်ယှက်ဒုက္ခပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေပေါ်ထွက်လာပြီး ကောင်းကင်ဘုံကနေ ထွက်ပြေးလာခဲ့ရတယ်။ အမေ့ရဲ့ နတ်စွမ်းအင်အပိုင်းအစတစ်ချို့က သူ့လက်ထဲမှာ။ သူအမေ့ကို ပြန်ကယ်ဖို့လုပ်နေတာဖြစ်လိမ့်မယ်။"

"သူ့မှာ မယ်တော်နဲ့ပတ်သတ်ပြီး နာကျင်စရာရှိခဲ့လို့ဖြစ်မယ်။ မယ်တော်အမြဲကာကွယ်ပေးနေတဲ့ ကျွန်တော်က သူ့အတွက်မနာလိုစရာတစ်ခုဖြစ်နေမှာပဲ။"

" အင်း...ဟုတ်လိမ့်မယ်။ ငါတကယ်ပဲ သူ့ကိုအဲ့ဒီအချိန်တွေမှာ ဂရုမစိုက်မိခဲ့ဘူး။

အန်းလုတို့ကမ္ဘာကနေ ပြန်ဆင့်ခေါ်လိုက်တဲ့ကိစ္စက သူ့ရဲ့စွမ်းအားအကုန်နီးပါးကိုသုံးလိုက်တာဆိုတော့ ပြီးပြည့်စုံမှု မရှိပဲဖြစ်သွားရတာ။ မင်းက မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီးတော့ အန်းလုက တစ်ခြားကိုယ်ခန္တာတစ်ခုနဲ့ ဖြစ်သွားခဲ့တယ်။

မပူပါနဲ့။ အန်းလုလည်း သူ့ရဲ့ကိုယ်ခန္တာနဲ့ပြန်ဖြစ်ပြီဆိုတော့ မင်းကိုလည်း အမေကအန်းလုတို့ ကမ္ဘာမှာ ဖြတ်သန်းခဲ့တဲ့ မှတ်ဉာဏ်တွေကိုပြန်ထည့်ပေးပါ့မယ်။"

" ကျေးဇူးတင်ပါတယ် မယ်တော်....ဒါဆို ကျွန်တော်သူ့ကို ဘယ်လိုနှိမ်နင်းရမလဲ။"

ချီရှန်းသည် သူမ၏မျက်ဝန်းများကိုကြည့်ကာ ထိုမေးခွန်းကိုမေးလိုက်သည်။ သူမကခေါင်းကိုငုံ့ကာထားပြီး တစ်ခုခုကိုစဥ်းစားနေပုံရသည်။ ထို့နောက်တွင် သူမက ချီရှန်းကို သေချာစွာကြည့်ရင်း

" ကျိုးပဲ့သွားတဲ့ ဆံထိုးရဲ့အပိုင်းတစ်ပိုင်းနဲ့ သူ့ရဲ့နှလုံးသားကိုထိုး..."

..................................

* ခွမ်း...*

" လုပ်ပြန်ပြီ။ ဒီနေ့လည်း ထမင်းတွေကိုလွှတ်ပစ်ပြန်ပြီ။"

အချိန်ကာလက တစ်လပင်ကြာမြင်ခဲ့လေပြီ။ အန်းလုသည် ဝူနန်ပြည်နယ်၏ နန်းတော်ရှိ အိပ်ဆောင်တစ်ခုတွင် လက်နှစ်ဖက်လုံးကို ကြိုးချည်ကာ ချုပ်နှောင်ခံထားရ၏။ ယခုအချိန်ထိ လီချီရှန်း သတိမရသေးဘူးဟူသော သတင်းကိုလည်း သူကြားရသည်။ ထိုလူ၏မျက်နှာတစ်ခုတည်းကိုသာ ကြည့်၍နေရသည်မို့ ထိုလူမရှိတော့ဘူးဟူသော သတင်းကြားသည်နှင့် သူ့ဘဝကိုလည်း နိဂုန်းချုပ်ရန်အသင့်ပြင်ထားပြီးဖြစ်သည်။ ချိုက်အန်းမြို့တော်တွင်တော့ မကောင်းဆိုးဝါး ကိုယ်လုပ်တော်ဟူသော သတင်းစကားများက ပျံ့နှံနေခဲ့ပြီး နှစ်ပတ်ခန့်အကြာမှာတော့ ပျောက်ကွယ်သွားသည်။ သိူ့သော်လည်း တချို့လူတွေကတော့ တစ်ခါတစ်ရံ တစ်စွန်းစ၊ နှစ်စွန်းစ ပြောဆိုနေကြသေး၏။

ကျန်းရှီ၏ကိုယ်ခန္တာနှင့် ရှန်ဖန်းသည် တစ်နေ့လျင်နှစ်ကြိမ်ခန့် အန်းလုဆီသို့လာသည်။ အစာအငတ်ခံနေသည့် အန်းလုသည် စိတ်ညို့ခံရပြီးနောက် ပြန်အသိဝင်လာချိန်တွင် ထမင်းတစ်ပန်းကန်လုံးကို စားသောက်ပြီးဖြစ်နေလေ၏။ အမြဲတမ်းသူ၏ကိုယ်ပိုင်စိတ်မရှိပဲ နေရပါစေဟုသာ ဆုတောင်းနေမိ၏။

ကုတင်၏တိုင်တွင်ချည်ကာ ကြိုးဖြင့် ချုပ်နှောင်ထားသော မိမိ၏လက်များကို အတင်းရုန်းလိုက်သည်။ ထိုအချိန်တွင်ပဲ ရှန်ဖန်းသည် အခန်းတွင်းသို့ရောက်ကာလာလေ၏။ ထုံးစံအတိုင်း ကြမ်းပြင်ထက်တွင် မှောက်နေသောထမင်းနှင့် ဟင်းများကိုကြည့်ကာ မှောက်နေသော ထမင်းခွက်ကို ခြေထောက်ဖြင့်တွန်းလိုက်ရင်း ရှန်ဖန်းကပြောလိုက်သည်။

"မင်း.... တကယ်ပဲ ထမင်းတွေကိုမှောက်ပစ်နေရတာကို မငြီးငွေ့သေးဘူးလား။ ငါကတော့တကယ်ကို ငြီးငွေ့နေပြီ။ "

ရှန်ဖန်းသည် အန်းလုအနားသို့လျောက်ကာလာ၏။ ကုတင်ပေါ်တွင်ပင် အန်းလုဘေးသို့ ဝင်ထိုင်လိုက်ရင်း အန်းလုကိုသေချာကြည့်ကာ

" မင်းကို နေ့တိုင်းစိတ်ညို့ပြီးကျွေးနေရတာကိုလေ။"

အန်းလုသည် အချည်ခံထားရသောလက်ကို နှစ်ချက်ခန့်လှုပ်ကာရုန်းနေရင်း ရှန်ဖန်းအားကြည့်သည်။

"လူယုတ်မာ..!!!!!!."

အန်းလုက တင်းမာနေသောလေသံဖြင့် ရှန်ဖန်းအားသေချာစိုက်ကြည့်ကာအော်ဟစ်သည်။ ရှန်ဖန်းက အန်းလုကိုသေချာပြန်စိုက်ကြည့်ရင်း အတော်ကြာမှ အသံကျယ်ကြီးဖြင့် ရယ်မော၏။

" ဟားဟား...ဟားဟား.....

နောက်ပိုင်း ဒီအသံမှမကြားရတော့ရင် စားဝင် အိပ်ပျော်ပါတော့မလား။"

ရှန်ဖန်းသည် လက်သန်းဖြင့် သူ၏နားကိုထိုးလိုက်၏။

" အင်း ဘာပဲဖြစ်ဖြစ် ငါမင်းကို ငါအနားမှာထားဖို့ စဥ်းစားကြည့်ပေးပါ့မယ်။"

* ဖြောက်...*

ရှန်ဖန်းသည် လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့်တပြိုင်နက် အန်းလုသည် ချက်ချင်းမျက်ဝန်းများက အနီရောင်သို့ပြောင်းလဲသွား၏။

ရှန်ဖန်းက သူ၏နောက်တွင်ရပ်နေသော နန်းတွင်းသူတစ်ယောက်၏လက်ထဲမှ နောက်တကြိမ်ထပ်မံယူလာသည့် ဆန်ပြုတ်ပန်းကန်ကို ယူလိုက်ပြီး ဇွန်းဖြင့် အနည်းငယ်ခပ်ကာ အန်းလုကိုပြောလိုက်သည်။

" ပါးစပ်ဟ...."

အန်းလုသည် မျက်နှာသေဖြင့်ပင် သူ၏ ပါးစပ်ကိုဟလာ၏။ ရှန်ဖန်းသည် ပြုံးလျက်ပင်အန်းလုကို ဆန်ပြုတ်ခွံ့လိုက်သည်။ ပါးစပ်ထဲရောက်လာသည့် ဆန်ပြုတ်ကို အန်းလုကမြိုချလိုက်၏။ နှုတ်ခမ်းဘေးတွင် အနည်းငယ်ပေသွားသော ဆန်ပြုတ်အရည်များအား ရှန်ဖန်းက နန်းတွင်းသူဆီမှ လက်ကိုင်ပုဝါတောင်းကာ အန်းလုကိုသုတ်ပေးလိုက်သည်။

ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်သွားပြီးနောက်တွင် ရှန်ဖန်းက ပန်းကန်လုံးအား နန်းတွင်းသူဆီအပ်လိုက်ပြီး အန်းလုအား ခေါင်းကိုအသာပုတ်ကာ

" တာဝန်ကျေတယ်။ လိမ္မာတယ်။"

အန်းလုသည် ငူငူငိုင်ငိူင်ဖြင့်ပင် ငြိမ်နေလေ၏။ မည်သည့်တုံ့ပြန်မှုမျိုးမှ မပေးချေ။

" ဒါနဲ့ မကြာခင် ဝမ်းသာစရာသတင်းကြားရတော့မှာပါ။ မင်းမျှော်လင့်နေတဲ့ သတင်းမျိုးလေ....သိလား။ ပြီးတော့ မင်းလည်း ကိုယ်လက်လှုပ်ရှားမှု စရတော့မယ်မလား။"

ရှန်ဖန်းသည် ကျေနပ်နေသည့် အပြုံးအား အန်းလုကိုကြည့်ရင်းပြုံးလိုက်လေ၏။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Love, But Hurt S2 အတွက် Extra Part III နှစ်ပိုင်းရှိပါမယ်။ အဲ့နှစ်ပိုင်းက ဒီ Season 3 နဲ့ ဆက်စပ်နေတာပါ။ Book မှယအရင်ထည့်ထားတာမို့ စာအုပ်ကိစ္စပြီးရင် တင်ပေးမယ်နော်...❤❤

/////////////


အပိုင္း ၄၃ ( အသိစိတ္တို႔ ကင္းမဲ့ေသာ္လည္း)

" ရွန္းအာ....ရွန္းအာေရ......အရမ္းေျပးမေဆာ့ရဘူးေလ။"

​ေလး၊ ငါးႏွစ္အရြယ္ခန္႔သာရွိေသးတဲ့ ကေလးေလးတေယာက္ဟာ ဥယ်ာဥ္ေတာ္ရဲ့ ေနရာလြတ္မွာေပ်ာ္ရႊင္စြာ ေျပးလႊားေဆာ့ကစားေနေလရဲ့။ နန္းတြင္းသူ ေျခာက္ဦးခန္႔က မိဖုရားအေဆာင္အေယာင္ ဝတ္ဆင္ထားေသာအမ်ိဳးသမီးတစ္ဦး၏ ေနာက္တြင္ ရပ္ကာေနၾကသည္။

သူမသည္ ထိုကေလးငယ္အား လွမ္းဖမ္းရန္ေရွ႕သို႔ခါးကိုကိုင္းကာ ငုံ႔လိုက္သည္။

" မိၿပီ...အရမ္းမေျပးရဘူးလို႔....ေခ်ာ္လဲလိမ့္မယ္ ရွန္းအာရဲ့။"

" ဟီးဟီး....မယ္ေတာ္ကလည္း အတူေဆာ့ရေအာင္လို႔ပါ။"

သူမက ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး သူမကိုရယ္ကာမ်က္ႏွာခ်ိဳေသြးေနေသာ ထိုကေလး၏ ႏွေခါင္းထိပ္ကေလးအားအသာဆြဲညႇစ္လိုက္သည္။

" မယ္ေတာ္က ရွန္းအာေလးတစ္ခုခုျဖစ္မွာကို စိုးရိမ္လို႔ပါ။ ဝူရွဲ႕အေဆာင္ကိုသြားၾကမယ္။ သားရဲ့ ခမည္းေတာ္က ထမင္းစားဖို႔ေစာင့္ေနေလာက္ၿပီ။"

"အြန္း..."

ကေလးငယ္က ရယ္ေမာလ်က္ ေခါင္းညိမ့္ျပေတာ့ မိဖုရားသည္ သူမ၏သားေလးအားလက္ကိုဆြဲ၍ ဝူရွဲ႕အေဆာင္ဘက္သို႔ ဦးတည္လိူက္ေတာ့သည္။ ထိုအျဖစ္အပ်က္ကို ေယာက္်ားသားတစ္ေယာက္က ၾကည့္ေနပါ၏။ သူ၏လက္တို႔သည္ တျဖည္းျဖည္း အေဝးသို႔ေရာက္ေနၿပီျဖစ္ေသာ ထိုသားအမိအား လွမ္းတားရန္ႀကိဳးစားေနသည္။ ဤသည္က လီခ်ီရွန္းပင္။

ခ်ီရွန္းသည္ မိမိငယ္စဥ္ကျဖစ္ပ်က္ခဲ့သည့္အျဖစ္အပ်က္မ်ားကို မ်က္စိေရွ႕တြင္ျပန္ျမင္ေနရ၏။ သူငယ္စဥ္က တကယ္ကိုလြတ္လပ္ေပါ့ပါးေပ်ာ္ရႊင္ခဲ့ရသည့္ ကေလးတေယာက္ျဖစ္ခဲ့ဖူးသည္။ ဤသိူ႔ေသာ အရယ္အေမာရွိခဲ့ဖူးသည့္ ကေလးတေယာက္သည္ ယခုကဲ့သို႔တည္ၿငိမ္ခက္ထန္လာသည့္အေၾကာင္းအရင္းသည္ကား သူ၏မိခင္ကိုဆုံးရွုံးလိုက္ရျခင္းေၾကာင့္ပင္။

ေရွ႕တြင္ေပ်ာက္ကြယ္သြားၿပီျဖစ္ေသာ ထိုသားအမိ၏ပုံရိပ္ေၾကာင့္ ခ်ီရွန္းသူ၏လက္ကိုျပန္ခ်လိုက္သည္။ ခ်က္ခ်င္းပင္ နန္းေတာ္ႀကီး၏ ဥယ်ာဥ္သည္ အခိုးအေငြ႕သဖြယ္ျဖစ္ကာ ေပ်ာက္ကြယ္သြားေလ၏။ ခ်ီရွန္း သူ၏မ်က္ဝန္းအစုံကိုတခ်က္ခပ္လိုက္စဥ္တြင္ပဲ ေနာက္ထပ္ ေနရာတစ္ခုသိူ႔သူေရာက္ေနေလၿပီ။

ငါးႏွစ္အရြယ္ရွိ ကေလးငယ္သည္ဖိနပ္ေလးတစ္ဖက္ကို ပိုက္ကာငိုေႂကြးေနသည္။ မ်က္ဝန္းကမ်က္ရည္တို႔က ပါးျပင္ကိုဆက္တိုက္က်ဆင္းလာခဲ့ေသာ္လည္း ထိုကေလးသည္ အသံတစ္သံမွမထြက္ေအာင္လည္း ထိန္းခ်ဳပ္ေနေသး၏။

ခ်ီရွန္း ထိုကေလးအနားသို႔သြားလိုက္သည္။ ထို႔ကေလး၏ ေဘးတြင္ထိုင္လိုက္ၿပီးေနာက္ ထိုကေလး၏ေက်ာျပင္ကိုခပ္ဖြဖြပြတ္သတ္ေပးလိုက္သည္။ သို႔ေသာ္လည္း သူ၏လက္တို႔က ထိုကေလး၏ကိုယ္ခႏၲာကို ထိကိုင္၍မရေခ်။ ခ်ီရွန္းက သူ၏လက္ကိုျပန္ၾကည့္ေနခ်ိန္မွာပဲ ပိတ္ထားေသာ တံခါးကိုမဖြင့္ပဲ ဒီအတိုင္းျဖတ္သန္းကာဝင္လာေသာ အနည္းငယ္လင္းသည့္ခႏၲာကိုယ္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္ဝင္ေရာက္လာသည္။

ခ်ီရွန္းသည္ ႐ုတ္တရက္ မတ္တပ္ေကာက္ရပ္လိုက္မိသည္။ သူမကေတာ့ ခ်ီရွန္းကိုျမင္ပုံမရပဲ ထိုကေလးဆီသို႔သာဦးတည္လ်က္ သူမ၏ရင္ခြင္ထဲကို ကေလးအားထည့္ကာ ေက်ာျပင္ကိုပုတ္ေပးေန၏။

" ရွန္းအာ....မယ္ေတာ္ မင္းအနားမွာရွိပါတယ္။ မင္းအနားမွာ အျမဲရွိေနၿပီး မင္းကိုကာကြယ္ေပးေနမွာပါ.... ေနာ္....မငိုပါနဲ႔ေတာ့...ေက်းဇူးျပဳၿပီး...."

သူမသည္ ဆို႔နင့္ေနေသာ ငိုေကၽြးသံျဖင့္ ထိုကေလးကိုေပြ႕ဖက္ေနပါေသာ္လည္း ကေလးငယ္သည္ သူမကိုျမင္ပုံမရသလို သူမ၏အထိအေတြကိုလည္း ခံစားမိပုံမရေခ်။ ေဘးတြင္ ရပ္ကာေနေသာ ခ်ီရွန္းသည္မည္သည့္အသံတစ္သံမွ မထြက္နိုင္ပဲ ျပဴးက်ယ္ေနေသာ မ်က္လုံးဝိုင္းတို႔ျဖင့္သာ ရပ္ၾကည့္ေနမိ၏။ သူ၏ႏွုတ္ခမ္းပါးတို႔သည္ အနည္းငယ္တုန္လွုပ္ေနသည္။

“..မယ္....မယ္...ေတာ္...”

ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုေနာက္ထပ္ေနရာတစ္ခုကို သူေရာက္ျပန္သည္။ အရာအားလုံးက သူ၏မွတ္ဉာဏ္ေတြျဖစ္မွန္း သူသိလိုက္ရသည္။ ပို၍ဆိုးသည္က သူ၏မိခင္သည္သူ႔အနားတြင္ အျမဲလိုလိုရွိေနတတ္သည္မွာ သူအရြယ္ေရာက္သည္အထိပင္။

အဲ့ဒီေနာက္ သူမသိမျမင္ခဲ့ဖူးသည့္မွတ္ဉာဏ္တစ္ခုကိုသူေတြ႕ျမင္လိုက္ရေလ၏။ ထိုအရာက သူမမွတ္မိသည့္အရာဟုေျပာလို႔မရနိုင္သည္မွာ ထိုအခ်ိန္ကာလသည္ သူပင္လူ႔ေလာကထဲမေရာက္ေသးသည့္ သူ၏မိခင္ႏွင့္ ဖခင္တို႔ႏွစ္ဦးသားစတင္ေတြ႕ဆုံသည့္အခ်ိန္ျဖစ္သည္။

မိန္းကေလးသည္ ေစ်းတန္းထဲတြင္ပစၥည္းအသစ္အဆန္းမ်ားကို ေလ်ာက္ပတ္ကာၾကည့္ေန၏။ သူမသည္ လူ႔ျပည္သို႔ဒုတိယအႀကိမ္ေျမာက္ေရာက္လာျခင္းျဖစ္သည္။ လြန္ခဲ့ေသာ ႏွစ္၅၀၀ကတႀကိမ္ သူမေရာက္လာတုန္းကႏွင့္ မတူပဲကြဲျပားေနတာေၾကာင့္ သူမက ေနရာစုံကို ပတ္ၾကည့္ေနမိသည္။ သူမ ၿမိဳ႕ျပင္ကိုတေယာက္တည္းပင္ေရာက္လာခဲ့၏။

ေႏြဦးရာသီရဲ့ ေလျပည္ဟာ မက္မြန္ပန္းပြင့္တို႔ကို ေႂကြလြင့္နိုင္စြမ္းရွိ၏။ သူမက ပြင့္ရြက္ေႂကြလႊာမ်ားကို လက္ျဖင့္ခံကာ ဖမ္းဆုပ္ေနသည္။ သူမ၏ဆံႏြယ္မ်ားသည္ ထက္ဝက္ခန္႔စည္းေႏွာင္ထားသည့္အတြက္ ေအာက္နားစြန္းပိုင္းသည္ ေလႏွင့္အတူ လြင့္ေနၾကသည္။ လူလတ္ပိုင္းအရြယ္ရွိ အမ်ိဳးသားတစ္ဦးသည္ ဓားတစ္လတ္ကို ကိုင္ေဆာင္ထားၿပီး သူမ၏ မလွမ္းမကမ္းတြင္ရပ္ကာ သူမကိုအခ်ိန္အေတာ္ၾကာထိ ၾကည့္ေနမိသည္။ ပန္းပြင့္ေႂကြလႊာတို႔ကို ဖမ္းေနေသာသူမက သတိထားမိသြားၿပီး လွမ္းေအာ္လိူက္ေလ၏။

" ရွင္က ဘယ္သူလဲ။"

ထိုအခါမွ ထိုလူကသူမ၏အနားသို႔ေရာက္ကာလာၿပီး သူမကိုေခါင္းညိမ့္ျပကာ သူ႔ကိုယ္သူမိတ္ဆက္လိုက္ေလ၏။

" ကၽြန္ေတာ္က လီက်င္းပါ။ ဒီက မိန္းကေလးကအရမ္းကိုလွေနတာမို႔ ခြင့္ျပဳခ်က္မေတာင္းပဲ ၾကည့္မိသြားပါတယ္။ ေတာင္းပန္ပါရေစ။"

သူတို႔ႏွစ္ဦးသား အခ်ိန္အေတာ္ၾကာအထိ အၾကည့္ခ်င္းဆုံမိၾကသည္။ ခ်ီရွန္းက သူႏွင့္ မလွမ္းမကမ္းတြင္ ျမင္ေနရေသာျမင္ကြင္းကို သေဘာက်စြာၾကည့္ေနမိ၏။ ထိုျမင္ကြင္းက သူ၏မိဘႏွစ္ပါးစတင္ေတြ႕ဆုံခဲ့ၾကၿပီး အခ်စ္တစ္ခုျဖစ္ေပၚေစခဲ့သည့္ အခိုက္အတန္႔တစ္ခုျဖစ္သည္။

" ဒီလိူပဲ အခ်ိန္ျဖဳန္းေနေတာ့မွာလား။ ကိုယ့္ရဲ့ေနရာကို ကိုယ္ျပန္သင့္ၿပီေလ။"

ေဘးမွ ႐ုတ္တရက္ေျပာလာသည့္ စကားသံေၾကာင့္ သူလန္႔သြားသည္။ ေဘးကိုေစာင္းကာ ငုံ႔ၾကည့္မိေတာ့ ကိုယ္ခႏၲာတစ္ခုလုံး အျဖဴေရာင္ဝတ္႐ုံရွည္ကိုသာ ဝတ္ဆင္ထားသည့္ သူ၏မိခင္ကိုေတြ႕လိုက္ရေလ၏။

" မယ္ေတာ္...."

သူမက ခ်ီရွန္းကိုေစာင္းၾကည့္လာသည္။

" ျပန္ရေတာ့မယ္ေလ။ ဒီေနရာမွာ အၾကာႀကီးေနလို႔မရဘူး။"

"ဘာလို႔လဲ။ "

သူမက မည္သည့္စကားတစ္ခြန္းကိုမၽွမေျပာပဲ ခ်ီရွန္းဆီမွ လွည့္ထြက္လိုက္သည္။ သူမ၏ ေအာက္ဖ်ားပိုင္းသည္ ေျခေထာက္တစ္စုံျဖစ္မေနပဲ အခိုးအေငြ႕တို႔သာ ရစ္သိုင္းေနၾက၏။  ခ်ီရွန္းသည္ သူမကို လွမ္းေအာ္ကာေမးခြန္းထုတ္သည္။

" ဘာလို႔.... ကိုယ့္ရဲ့ရင္ေသြးတစ္ေယာက္အတြက္ ဒီေလာက္ထိ စေတးခဲ့တာလဲ။"

ခ်ီရွန္း ထပ္မံကာေမးျမန္းလိုက္ေသာ္လည္း သူမသည္ ခ်ီရွန္းကိုလွည့္မၾကည့္ေသးပဲအခ်ိန္အေတာ္ၾကာသည္အထိ ေက်ာေပးကာရပ္တန္႔ေနမိသည္။ ၿပီးမွ ခ်ီရွန္းဘက္သို႔လွည့္ကာ ျပဳံးလိုက္ရင္း

" ထိုက္တန္တယ္ထင္လို႔ေပါ့။

ကိုယ့္ရဲ့ ကေလးအတြက္ မိဘဆိုတာအသက္ကိုေတာင္စြန္႔သင့္ရင္ စြန္႔ရမွာပဲေလ....ဒါေတြအားလုံးက အေမေက်နပ္လို႔လုပ္ခဲ့တာေတြခ်ည္းပါပဲ။"

သူမသည္ တဖက္သို႔ျပန္လွည့္သြားေလ၏။ ခ်ီရွန္းသည္ ေျခႏွစ္လွမ္းခန္႔အျမန္လွမ္းကာ သူမအနားသို႔ေရာက္လာသည္။

" တကယ္လို႔ ကၽြန္ေတာ္ကိုသာအသိေပးခဲ့ရင္ ကၽြန္ေတာ္ဒီေလာက္ထိ မယ္ေတာ့္ကိုမုန္းမိမွာမဟုတ္ဘူး။ ကၽြန္ေတာ္ကို ဒီအတိုင္း ႐ုတ္တရက္ထားသြားခဲ့တဲ့ မိခင္တစ္ေယာက္ဆိုတဲ့ စိတ္ႀကီးနဲ႔ကၽြန္ေတာ္ရွင္သန္ေနခဲ့ရတာ။ ကၽြန္ေတာ္ကို နည္းနည္းေလာက္သာ ေျပာျပေပးခဲ့မယ္ဆိုရင္.... ကၽြန္ေတာ္ဒီေလာက္ထိ......"

ခ်ီရွန္းသည္ စကားတို႔ကိုဆက္မေျပာနိုင္ေတာ့ပဲ သူ၏ေခါင္းကိုငုံ႔လိုက္ေလ၏။ အခုခ်ိန္မွာ သူဟာဆိုးသြမ္းတဲ့ကေလးတစ္ေယာက္လိုသာ ခံစားလိုက္ရသည္။ သူ႔တဖက္တည္းကိုပဲ သူၾကည့္မိခဲ့တဲ့ တကိုယ္ေကာင္းသမားသာသာပင္။ သို႔ေသာ္ သူမသည္ ခ်ီရွန္း၏ ပါးျပင္ကိုသူမ၏လက္ျဖင့္ ခပ္ဖြဖြထိကိုင္ရင္း ေမာ့လာေစသည္။ ေခါင္းျပန္​ေထာင္လာေသာ ခ်ီရွန္း၏မ်က္ဝန္းမ်ားတြင္ မ်က္ရည္မ်ားျပည့္ႏွက္ေနေလ၏။ သူ၏မ်က္ရည္တို႔က သူ၏မိခင္ထိကိုင္ထားေသာ လက္ေပၚသို႔ပင္ ပါးျပင္ကိုျဖတ္လ်က္ က်ဆင္းေနၾကသည္။

" ဒီမယ္ေတာ္က ညံ့ဖ်င္းခဲ့လို႔ပါ။ ဒီမယ္ေတာ့္အျပစ္ေတြပါ။ မငိုပါနဲ႔။ "

သူမသည္ ခ်ီရွန္းကိုေပြ႕ဖက္လိုက္၏။ ခ်ီရွန္းသည္သူ၏ေခါင္းအား သူမ၏ပုခုံးထက္ကို ခါးကိုင္းကာ တင္လိုက္သည္။ မ်က္ဝန္းႏွစ္ဖက္ကို မွိတ္လ်က္ ငိုေႂကြးေနမိ၏။ ထိုမ်က္ရည္တို႔က သူမည္သိူ႔ပင္ အားတင္းထားပါေစ မရနိုင္ပဲစီးက်ေနၾကတာေၾကာင့္ သူေနာက္ဆုံးတြင္ မိမိကိုယ္ကို စိတ္လြတ္ကိုယ္လြတ္ ငိုေႂကြးခြင့္ ေပးလိုက္ေလေတာ့သည္။

.............................

" မယ္ေတာ္...... ရွန္ဖန္းကို သိလား။"

"......"

ေရွ႕မွသြားေနေသာ သူမ ထိုအမည္နာမေၾကာင့္ ႐ုတ္တရက္ရပ္တန္႔သြားသည္။ ခ်ီရွန္းကပင္ဆက္ေျပာ၏။

" အန္းလုေျပာပုံအရဆို သူကမယ္ေတာ္ရဲ့ေမြးစားသားတဲ့။ သူ႔မွာ ရည္ရြယ္ခ်က္တစ္ခုခုရွိလိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ခဲ့တာ။

ထင္ခဲ့တဲ့အတိုင္းပဲ သူ႔ရဲ့ရည္ရြယ္ခ်က္က ကၽြန္ေတာ္ကို သတ္ခ်င္ေနတာျဖစ္ေနတယ္။ ၿပီးေတာ့ ကၽြန္ေတာ္နဲ႔ အန္းလုကို ဒီကမၻာကိုသူပဲ ျပန္ေခၚခဲ့တယ္လို႔ေျပာတယ္။ ကၽြန္ေတာ့္ဆီမွာ အန္းလုတို႔ ကမၻာနဲ႔ပတ္သတ္ၿပီး မွတ္ဉာဏ္ေတြမရွိဘူး။ အန္းလုကေတာ့ အကုန္လုံးရွိေနတယ္။ အဲ့တာ ဘယ္လိုေတြျဖစ္တာလဲ။"

ခ်ီရွန္း၏ ေမးခြန္းမ်ားကိုနားေထာင္အၿပီးတြင္ သူမက ေခါင္းကိုငုံ႔ကာဆိုလာသည္။

" ရွန္ဖန္းက အရမ္းကိုလိမၼာတဲ့ ကေလးတစ္ေယာက္ပါ။ သူ႔ကိုဘုန္းႀကီးေက်ာင္းပ်က္တစ္ခုမွာေတြ႕ခဲ့တာ။ သူက အေမနဲ႔အတူကိစၥေတာ္ေတာ္မ်ားမ်ားကို ကူညီေပးတယ္။ ေနာက္ပိုင္းမွာ အေမလုပ္ရတဲ့ကိစၥတစ္ခုမွာ သူပါအတူပါရင္း ေသနိုင္ေလာက္တဲ့ဒဏ္ရာရခဲ့လို႔ အေမကသူ႔ကို ေမြးစားဖို႔ဆုံးျဖတ္လိုက္ၿပီး နတ္စြမ္းအင္တစ္ခ်ိဳ႕ကို လက္ဆင့္ကမ္းေပးခဲ့တယ္။

အဲ့ေနာက္ပိုင္းေတြမွာ ကိစၥေတြကိုအတူေျဖရွင္းၾကၿပီး အဆင္လည္းေျပေနခဲ့တဲ့အျပင္ သူကတစ္ေန႔တျခား စြမ္းအားေတြေတာင္တိုးလာခဲ့ေသးတယ္။ မင္းရဲ့ဖခင္နဲ႔အေမနဲ႔ စေတြ႕ၿပီး ခ်စ္ႀကိဳက္တဲ့အခ်ိန္ကစၿပီး ေျပာင္းလဲသြားခဲ့ေတာ့တာ။

ေျပာရရင္ အေမလူ႔ျပည္မွာ လူသားတစ္ေယာက္နဲ႔ခ်စ္ႀကိဳက္ၿပီး ကေလးယူခဲ့တယ္ဆိုတာကို နတ္ျပည္ကသိသြားခဲ့တယ္။ အဲ့တာေတြရဲ့ေနာက္ကြယ္က သူပဲလုပ္ခဲ့တာ။ ေနာက္ဆုံး အေမလည္း နတ္သက္ေႂကြခံရလုနီးပါးျဖစ္ၿပီး နတ္စြမ္းအင္နည္းနည္းနဲ႔ အခုလိုဘဝေရာက္ခဲ့တယ္။ သူကလည္း တခ်ိဳ႕ေနရာေတြမွာ လူသားေတြကိုေႏွာက္ယွက္ဒုကၡေပးခဲ့တယ္ဆိုတဲ့ မွတ္တမ္းေတြေပၚထြက္လာၿပီး ေကာင္းကင္ဘုံကေန ထြက္ေျပးလာခဲ့ရတယ္။ အေမ့ရဲ့ နတ္စြမ္းအင္အပိုင္းအစတစ္ခ်ိဳ႕က သူ႔လက္ထဲမွာ။ သူအေမ့ကို ျပန္ကယ္ဖို႔လုပ္ေနတာျဖစ္လိမ့္မယ္။"

"သူ႔မွာ မယ္ေတာ္နဲ႔ပတ္သတ္ၿပီး နာက်င္စရာရွိခဲ့လို႔ျဖစ္မယ္။ မယ္ေတာ္အျမဲကာကြယ္ေပးေနတဲ့ ကၽြန္ေတာ္က သူ႔အတြက္မနာလိုစရာတစ္ခုျဖစ္ေနမွာပဲ။"

" အင္း...ဟုတ္လိမ့္မယ္။ ငါတကယ္ပဲ သူ႔ကိုအဲ့ဒီအခ်ိန္ေတြမွာ ဂ႐ုမစိုက္မိခဲ့ဘူး။

အန္းလုတို႔ကမၻာကေန ျပန္ဆင့္ေခၚလိုက္တဲ့ကိစၥက သူ႔ရဲ့စြမ္းအားအကုန္နီးပါးကိုသုံးလိုက္တာဆိုေတာ့ ၿပီးျပည့္စုံမွု မရွိပဲျဖစ္သြားရတာ။ မင္းက မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးသြားၿပီးေတာ့ အန္းလုက တစ္ျခားကိုယ္ခႏၲာတစ္ခုနဲ႔ ျဖစ္သြားခဲ့တယ္။

မပူပါနဲ႔။ အန္းလုလည္း သူ႔ရဲ့ကိုယ္ခႏၲာနဲ႔ျပန္ျဖစ္ၿပီဆိုေတာ့ မင္းကိုလည္း အေမကအန္းလုတို႔ ကမၻာမွာ ျဖတ္သန္းခဲ့တဲ့ မွတ္ဉာဏ္ေတြကိုျပန္ထည့္ေပးပါ့မယ္။"

" ေက်းဇူးတင္ပါတယ္ မယ္ေတာ္....ဒါဆို ကၽြန္ေတာ္သူ႔ကို ဘယ္လိုႏွိမ္နင္းရမလဲ။"

ခ်ီရွန္းသည္ သူမ၏မ်က္ဝန္းမ်ားကိုၾကည့္ကာ ထိုေမးခြန္းကိုေမးလိုက္သည္။ သူမကေခါင္းကိုငုံ႔ကာထားၿပီး တစ္ခုခုကိုစဥ္းစားေနပုံရသည္။ ထို႔ေနာက္တြင္ သူမက ခ်ီရွန္းကို ေသခ်ာစြာၾကည့္ရင္း

" က်ိဳးပဲ့သြားတဲ့ ဆံထိုးရဲ့အပိုင္းတစ္ပိုင္းနဲ႔ သူ႔ရဲ့ႏွလုံးသားကိုထိုး..."

..................................

* ခြမ္း...*

" လုပ္ျပန္ၿပီ။ ဒီေန႔လည္း ထမင္းေတြကိုလႊတ္ပစ္ျပန္ၿပီ။"

အခ်ိန္ကာလက တစ္လပင္ၾကာျမင္ခဲ့ေလၿပီ။ အန္းလုသည္ ဝူနန္ျပည္နယ္၏ နန္းေတာ္ရွိ အိပ္ေဆာင္တစ္ခုတြင္ လက္ႏွစ္ဖက္လုံးကို ႀကိဳးခ်ည္ကာ ခ်ဳပ္ေႏွာင္ခံထားရ၏။ ယခုအခ်ိန္ထိ လီခ်ီရွန္း သတိမရေသးဘူးဟူေသာ သတင္းကိုလည္း သူၾကားရသည္။ ထိုလူ၏မ်က္ႏွာတစ္ခုတည္းကိုသာ ၾကည့္၍ေနရသည္မို႔ ထိုလူမရွိေတာ့ဘူးဟူေသာ သတင္းၾကားသည္ႏွင့္ သူ႔ဘဝကိုလည္း နိဂုန္းခ်ဳပ္ရန္အသင့္ျပင္ထားၿပီးျဖစ္သည္။ ခ်ိဳက္အန္းၿမိဳ႕ေတာ္တြင္ေတာ့ မေကာင္းဆိုးဝါး ကိုယ္လုပ္ေတာ္ဟူေသာ သတင္းစကားမ်ားက ပ်ံ႕ႏွံေနခဲ့ၿပီး ႏွစ္ပတ္ခန္႔အၾကာမွာေတာ့ ေပ်ာက္ကြယ္သြားသည္။ သိူ႔ေသာ္လည္း တခ်ိဳ႕လူေတြကေတာ့ တစ္ခါတစ္ရံ တစ္စြန္းစ၊ ႏွစ္စြန္းစ ေျပာဆိုေနၾကေသး၏။

က်န္းရွီ၏ကိုယ္ခႏၲာႏွင့္ ရွန္ဖန္းသည္ တစ္ေန႔လ်င္ႏွစ္ႀကိမ္ခန္႔ အန္းလုဆီသို႔လာသည္။ အစာအငတ္ခံေနသည့္ အန္းလုသည္ စိတ္ညိဳ႕ခံရၿပီးေနာက္ ျပန္အသိဝင္လာခ်ိန္တြင္ ထမင္းတစ္ပန္းကန္လုံးကို စားေသာက္ၿပီးျဖစ္ေနေလ၏။ အျမဲတမ္းသူ၏ကိုယ္ပိုင္စိတ္မရွိပဲ ေနရပါေစဟုသာ ဆုေတာင္းေနမိ၏။

ကုတင္၏တိုင္တြင္ခ်ည္ကာ ႀကိဳးျဖင့္ ခ်ဳပ္ေႏွာင္ထားေသာ မိမိ၏လက္မ်ားကို အတင္း႐ုန္းလိုက္သည္။ ထိုအခ်ိန္တြင္ပဲ ရွန္ဖန္းသည္ အခန္းတြင္းသို႔ေရာက္ကာလာေလ၏။ ထုံးစံအတိုင္း ၾကမ္းျပင္ထက္တြင္ ေမွာက္ေနေသာထမင္းႏွင့္ ဟင္းမ်ားကိုၾကည့္ကာ ေမွာက္ေနေသာ ထမင္းခြက္ကို ေျခေထာက္ျဖင့္တြန္းလိုက္ရင္း ရွန္ဖန္းကေျပာလိုက္သည္။

"မင္း.... တကယ္ပဲ ထမင္းေတြကိုေမွာက္ပစ္ေနရတာကို မၿငီးေငြ႕ေသးဘူးလား။ ငါကေတာ့တကယ္ကို ၿငီးေငြ႕ေနၿပီ။ "

ရွန္ဖန္းသည္ အန္းလုအနားသို႔ေလ်ာက္ကာလာ၏။ ကုတင္ေပၚတြင္ပင္ အန္းလုေဘးသို႔ ဝင္ထိုင္လိုက္ရင္း အန္းလုကိုေသခ်ာၾကည့္ကာ

" မင္းကို ေန႔တိုင္းစိတ္ညိဳ႕ၿပီးေကၽြးေနရတာကိုေလ။"

အန္းလုသည္ အခ်ည္ခံထားရေသာလက္ကို ႏွစ္ခ်က္ခန္႔လွုပ္ကာ႐ုန္းေနရင္း ရွန္ဖန္းအားၾကည့္သည္။

"လူယုတ္မာ..!!!!!!."

အန္းလုက တင္းမာေနေသာေလသံျဖင့္ ရွန္ဖန္းအားေသခ်ာစိုက္ၾကည့္ကာေအာ္ဟစ္သည္။ ရွန္ဖန္းက အန္းလုကိုေသခ်ာျပန္စိုက္ၾကည့္ရင္း အေတာ္ၾကာမွ အသံက်ယ္ႀကီးျဖင့္ ရယ္ေမာ၏။

" ဟားဟား...ဟားဟား.....

ေနာက္ပိုင္း ဒီအသံမွမၾကားရေတာ့ရင္ စားဝင္ အိပ္ေပ်ာ္ပါေတာ့မလား။"

ရွန္ဖန္းသည္ လက္သန္းျဖင့္ သူ၏နားကိုထိုးလိုက္၏။

" အင္း ဘာပဲျဖစ္ျဖစ္ ငါမင္းကို ငါအနားမွာထားဖို႔ စဥ္းစားၾကည့္ေပးပါ့မယ္။"

* ေျဖာက္...*

ရွန္ဖန္းသည္ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္သည္ႏွင့္တၿပိဳင္နက္ အန္းလုသည္ ခ်က္ခ်င္းမ်က္ဝန္းမ်ားက အနီေရာင္သို႔ေျပာင္းလဲသြား၏။

ရွန္ဖန္းက သူ၏ေနာက္တြင္ရပ္ေနေသာ နန္းတြင္းသူတစ္ေယာက္၏လက္ထဲမွ ေနာက္တႀကိမ္ထပ္မံယူလာသည့္ ဆန္ျပဳတ္ပန္းကန္ကို ယူလိုက္ၿပီး ဇြန္းျဖင့္ အနည္းငယ္ခပ္ကာ အန္းလုကိုေျပာလိုက္သည္။

" ပါးစပ္ဟ...."

အန္းလုသည္ မ်က္ႏွာေသျဖင့္ပင္ သူ၏ ပါးစပ္ကိုဟလာ၏။ ရွန္ဖန္းသည္ ျပဳံးလ်က္ပင္အန္းလုကို ဆန္ျပဳတ္ခြံ့လိုက္သည္။ ပါးစပ္ထဲေရာက္လာသည့္ ဆန္ျပဳတ္ကို အန္းလုကၿမိဳခ်လိုက္၏။ ႏွုတ္ခမ္းေဘးတြင္ အနည္းငယ္ေပသြားေသာ ဆန္ျပဳတ္အရည္မ်ားအား ရွန္ဖန္းက နန္းတြင္းသူဆီမွ လက္ကိုင္ပုဝါေတာင္းကာ အန္းလုကိုသုတ္ေပးလိုက္သည္။

ဆန္ျပဳတ္တစ္ပန္းကန္လုံး ကုန္သြားၿပီးေနာက္တြင္ ရွန္ဖန္းက ပန္းကန္လုံးအား နန္းတြင္းသူဆီအပ္လိုက္ၿပီး အန္းလုအား ေခါင္းကိုအသာပုတ္ကာ

" တာဝန္ေက်တယ္။ လိမၼာတယ္။"

အန္းလုသည္ ငူငူငိုင္ငိူင္ျဖင့္ပင္ ၿငိမ္ေနေလ၏။ မည္သည့္တုံ႔ျပန္မွုမ်ိဳးမွ မေပးေခ်။

" ဒါနဲ႔ မၾကာခင္ ဝမ္းသာစရာသတင္းၾကားရေတာ့မွာပါ။ မင္းေမၽွာ္လင့္ေနတဲ့ သတင္းမ်ိဳးေလ....သိလား။ ၿပီးေတာ့ မင္းလည္း ကိုယ္လက္လွုပ္ရွားမွု စရေတာ့မယ္မလား။"

ရွန္ဖန္းသည္ ေက်နပ္ေနသည့္ အျပဳံးအား အန္းလုကိုၾကည့္ရင္းျပဳံးလိုက္ေလ၏။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Love, But Hurt S2 အတြက္ Extra Part III ႏွစ္ပိုင္းရွိပါမယ္။ အဲ့ႏွစ္ပိုင္းက ဒီ Season 3 နဲ႔ ဆက္စပ္ေနတာပါ။ Book မွယအရင္ထည့္ထားတာမို႔ စာအုပ္ကိစၥၿပီးရင္ တင္ေပးမယ္ေနာ္...❤❤

Continue Reading

You'll Also Like

70.6K 6.6K 58
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
163K 8K 23
Light ရဲ့ Season 3ပါ ဒါေပမယ့္ Light ရဲ့ Main Characterေတြက ဒီ Ficထဲမွာပါေတာ့မွာ မဟုတ္တာေျကာင့္ ဒီ Ficထဲကေကာင္ေလးေတြကိုပဲ ဦးစားေပးျပီး " Boy with swe...
892K 133K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...
23.7K 1.9K 9
အခ်စ္က သိပ္ဆန္းျကယ္တယ္