ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 21

13.4K 1.9K 49
By Kay_Wine

MWFV Ch 21

The Video


Zawgyi Version

ခ်င္ေရွာက္က အမႊာႏွစ္ေယာက္ရဲ႕အိပ္ခန္းတံခါးေရွ႕မွာ ခဏေလာက္ရပ္ေနခဲ့တယ္။ အရင္က သူရဲ႕တည္ၿငိမ္ပုံနဲ႔ စာရင္ အခုခ်ိန္မွာေတာ့ သူ႔အမူအရာက နက္နက္နဲနဲေတြးေတာေနတဲ့ပုံေပါက္ေနခဲ့တယ္။ ႐ုတ္တရက္ႀကီး သူ႔ဆီမွာ ကေလးႏွစ္ေယာက္ရွိလာခဲ့ၿပီ။ အရင္ကေတာ့ Mr.ခ်င္က ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဘာမွအေလးအနက္ မထားခဲ့ဘူး။ ဒါက ကေလးေလးႏွစ္ေယာက္ပဲေလ။ အကယ္၍မ်ား သူက သူတို႔ေလးေတြကို ပ်ိဳးေထာင္ေပးရမယ္ ဆိုရင္လည္း လုပ္ေပးလိုက္႐ုံေပါ့။ သူက ထပ္တိုးလာမယ့္ ပါးစပ္ႏွစ္ေပါက္ကို မေကြၽးေမြးႏိုင္တာမ်ိဳးမွ မဟုတ္တာ။ ကံအားေလ်ာ္စြာနဲ႔ ႐ုတ္တရက္ေပၚလာတဲ့ ကေလးႏွစ္ေယာက္ေၾကာင့္ ပ်င္းေတာင္မပ်င္းရေတာ့ဘူးေလ။

သို႔ေပမယ့္ သူအေနနဲ႔ ေနာက္ဆုံးေတာ့လည္း ဒီကေလးေတြက သူရဲ႕ေသြးသားရင္းေတြျဖစ္တယ္ဆိုတာကို အတည္ျပဳၿပီးေနာက္မွာေတာ့ Mr.ခ်င္ရဲ႕စိတ္အေျခအေနက ေနာက္တစ္ဖန္ေျပာင္းလဲသြားပုံေပၚတယ္။ ဒီေျပာင္းလဲမႈက အရမ္းကိုသိမ္ေမြ႕ညင္သာတာေၾကာင့္ အဲဒါကဘာလဲဆိုတာကိုေတာင္ သူရွင္းရွင္းလင္းလင္း မေျပာႏိုင္ဘူး။ သူက ဒီခံစားခ်က္ႀကီးနဲ႔ မရင္းႏွီးလွေပမယ့္လို႔ သူ႔ႏွလုံးသားထဲမွာ အသက္ရႈက်ပ္လုနီးပါး ထူးဆန္းတဲ့ခံစားခ်က္တစ္ခုနဲ႔ ျပည့္က်ပ္ေနသလိုမ်ိဳး ခံစားရေစခဲ့တယ္။

“ဆရာ?”

“ဆရာ?”

ဦးေလးဖုက ခ်င္ေရွာက္ကို သူအေတြးေတြထဲကေန ျပန္မေရာက္လာခင္အထိ အႀကိမ္အနည္းငယ္ေလာက္ လွမ္းေခၚေနခဲ့ရတယ္။

“ဆရာ ကေလးေတြကိုသြားၾကည့္မလို႔လား?” ဦးေလးဖုက ေမးလိုက္တယ္။ သူအေပၚထပ္ကို တက္သြားတဲ့အခ်ိန္မွာ အိမ္ေတာ္ထိန္းအဘိုးႀကီးက Mr.ခ်င္ကို သူ႔ကေလးေတြရဲ႕အိပ္ခန္းေရွ႕မွာ ေတြေဝစြာနဲ႔ မတ္တပ္ရပ္ေနတာကို ျမင္လိုက္ရတယ္။

“မဟုတ္ဘူး” ခ်င္ေရွာက္ သူ႔ဘာသာသူေတြးေနခဲ့တာကေတာ့ သူ႔အေနနဲ႔ ကေလးေတြကို ေတြ႕ခ်င္ေပမယ့္လည္း သူတို႔ေလးေတြကို ဘယ္လိုစကားမ်ိဳးေျပာဆိုသင့္လဲဆိုတာကိုေတာ့ သူ မသိေသးဘူးဆိုတာပါပဲ။

“သူတို႔အိပ္ပါေစ” ထူးဆန္းတဲ့ခံစားခ်က္တစ္ခုက Mr.ခ်င္ရဲ႕ႏွလုံးသားထဲမွာ ႐ုတ္တရက္ေပၚထြက္လာခဲ့တယ္။ ဒီခံစားခ်က္က အမွန္ျဖစ္ပုံမရေပမယ့္ အခ်ိန္တစ္ခ်ိဳ႕ၾကာသြားတာေတာင္မွ ဘယ္ဟာကမမွန္ကန္ဘူးလဲဆိုတာကို သူ မရွာေဖြႏိုင္ေသးတာေၾကာင့္ ဒါကိုလ်စ္လ်ဴရႈလိုက္႐ုံပဲရွိေတာ့တယ္။

ခ်င္ေရွာက္ : “စာၾကည့္ခန္းထဲကို လက္ဖက္ရည္တစ္အိုးေလာက္ယူလာေပးပါ”

ဦးေလးဖု : “ေနာက္က်တဲ့အထိ အလုပ္လုပ္မလို႔လား ဆရာ?”

ခ်င္ေရွာက္ : “အင္း”

-----

စုေပ အစကထင္လိုက္တာေတာ့ ခ်င္ေရွာက္က မေန႔ညက အိမ္ျပန္မလာဘူးလို႔ပဲ။ ဒါေပမယ့္ သူမ မနက္ေစာေစာ ထမင္းစားခန္းထဲသို႔ ဝင္လိုက္တဲ့အခါမွာ သူမ ခ်င္ေရွာက္ကို အလုပ္သြားဖို႔ အဆင္သင့္ျဖစ္ေနတဲ့ပုံနဲ႔ ေတြ႕လိုက္ရတယ္။

စုေပက ထိတ္လန႔္သြားၿပီး : “အေဖ မေန႔ညကျပန္လာတာလား?”

“အင္း” သူျပန္ေျဖလိုက္တယ္။

အေဖႏွင့္သမီးၾကားက ေလထုကေတာ့ ခဏေလာက္အထိ ႐ုတ္ခ်ည္းၿငိမ္သက္သြားခဲ့တယ္။

“ဒါဆို အေဖမနက္စာေရာစားၿပီးၿပီလား? သမီးတို႔နဲ႔အတူစားပါလားဟင္?” စုေပက ယဥ္ေက်းစြာေမးလိုက္တယ္။ သူမေလသံက နည္းနည္းသတိထားေျပာသလိုျဖစ္ေနခဲ့တယ္။

“မစားေတာ့ဘူး” ခ်င္ေရွာက္က အျပင္သြားဖို႔အဆင္သင့္ျဖစ္လို႔ေနတယ္။

စုေပ : “အေဖ ကုမၸဏီကိုသြားမလို႔လား?”

ခ်င္ေရွာက္ : “အင္း”

စုေပက ခဏေလာက္စဥ္းစားၿပီး ခ်င္ေရွာက္ကို ရပ္တန႔္ေစခဲ့တယ္ : “အေဖ ခဏေလးေစာင့္ေပးအုန္းေနာ္” သူမက မီးဖိုေခ်ာင္ထဲသို႔ အေျပးသြားလိုက္ၿပီး သူမလက္ထဲမွာ ထမင္းဘူးတစ္ခုႏွင့္အတူ ျမန္ျမန္ဆန္ဆန္ပဲ ျပန္ေျပးထြက္လာခဲ့တယ္။

“ဒါက အေဖ့အတြက္မနက္စာေလးပါ။ အေဖ လမ္းမွာစားသြားေနာ္” စုေပက ဒီလို ‘ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ လြန္ကဲေနေသာဥကၠဌႀကီး’ ပုံစံေပါက္ေနတဲ့သူေတြက ပုံမွန္စားဖို႔ အိပ္ဖို႔ လိုလား မလိုဘူးလား ဆိုတာကို မသိေလဘူး။ ဝတၳဳထဲမွာေတာ့ ခ်င္ေရွာက္က ကုမၸဏီမွာစားေလ့ရွိတယ္လို႔ ေဖာ္ျပထားပုံမရဘူး။ အစကတည္းက စုေပက သူစားဖို႔အတြက္ မျပင္ေပးထားခဲ့ဘူး။ ဒီတစ္ခုကေတာ့ သူမႏွင့္စုေရွာင္ေပါင္အတြက္ ျဖစ္တယ္။

ကေလးမေလးရဲ႕ခ်ိဳသာတဲ့အၿပဳံးေလးက ခ်င္ေရွာက္ရဲ႕သူငယ္အိမ္အထိ ေရာင္ျပန္ဟပ္သြားခဲ့ကာ ျငင္းဆန္တဲ့ စကားလုံးေလးတစ္လုံးေတာင္ သူမေျပာရက္ႏိုင္ေလာက္ေအာင္ ျဖစ္သြားေစခဲ့တယ္။

“ေကာင္းၿပီ” ခ်င္ေရွာက္က စုေပရဲ႕လက္ထဲမွ ထမင္းဘူးကိုယူလိုက္ၿပီး သူမလက္ဖဝါးကေန ထြက္လာတဲ့ လက္က်န္အပူေငြ႕ေလးကိုေတာင္ ခံစားမိလိုက္တယ္။

စုေပရဲ႕မ်က္ႏွာေပၚက အၿပဳံးေလးက နည္းနည္းေလးနစ္ဝင္သြားခဲ့ၿပီး : “ေနာက္မွေတြ႕မယ္ေနာ္ အေဖ”

ခ်င္ေရွာက္ : “ေကာင္းၿပီ”

သူဧည့္ခန္းကိုျဖတ္ေလွ်ာက္သြားတဲ့အခ်ိန္ သိပ္မရင္းႏွီးလွတဲ့အၾကည့္တစ္ခ်က္က Mr.ခ်င္ရဲ႕အာ႐ုံစိုက္မႈကို ဖမ္းစားသြားခဲ့တယ္။ သူ႔မ်က္လုံးေတြက ဆိုဖာေပၚမွာထိုင္ေနတဲ့ စုေရွာင္ေပါင္နဲ႔ ဆုံေတြ႕သြားခဲ့တယ္။ အေဖႏွင့္သားက တစ္ေယာက္နဲ႔တစ္ေယာက္ တခဏမွ်စိုက္ၾကည့္ေနခဲ့ၾကတယ္။ Mr.ခ်င္ရဲ႕မ်က္လုံးေတြက ခဏေလာက္ေလး တဖ်တ္ဖ်တ္မလႈပ္ခတ္သြားခင္ေလးမွာပဲ သူ႔အၾကည့္ေတြကို ႐ုတ္သိမ္းလိုက္ၿပီးေတာ့ လွည့္ထြက္သြားခဲ့ေတာ့တယ္။

“စုေရွာင္ေပါင္ ျမန္ျမန္ေလး မနက္စာလာစားလွည့္ေတာ့!” စုေပရဲ႕အသံက ထမင္းစားခန္းကေန ထြက္ေပၚလာခဲ့တယ္။

စုေရွာင္ေပါင္က ႏွာမႈတ္လိုက္ကာ ထမင္းစားခန္းထဲသို႔ ေလွ်ာက္လာခဲ့တယ္။

“နင္ဘာျဖစ္ေနတာလဲ?” သူမက သံသယျဖစ္စြာေမးလိုက္တယ္။ စုေရွာင္ေပါင္ရဲ႕စိတ္အေျခအေနက အခုေလးတင္ တစ္ေယာက္ေယာက္နဲ႔ ရန္ျဖစ္လာခဲ့တဲ့ပုံေပါက္ေနတယ္။

“ငါ နင့္ကို ဒီလိုမျဖစ္ေစခ်င္ဘူး” သူက သုန္မႈန္စြာေျပာတယ္။

“အာ? ဘယ္လိုမ်ိဳးလဲ?”

“သူ စိတ္ေက်နပ္ေအာင္ တမင္လုပ္ေနတာႀကီးကိုေပါ့” စုေရွာင္ေပါင္က စကားလုံးတစ္လုံးခ်င္းစီကို ျဖည္းျဖည္းခ်င္း ပစ္သြင္းလိုက္တယ္။ သဘာဝက်က်ေလးပဲ သူေျပာတဲ့ ‘သူ’ ဆိုတဲ့လူကိုေတာ့ ေမးေနစရာေတာင္မလိုအပ္ေလဘူး။

ေကာင္ေလးရဲ႕႐ုတ္တရက္မွတ္ခ်က္ေလးက စုေပကို ေၾကာင္ေတာင္ေတာင္ျဖစ္သြားေစခဲ့တယ္။ သူမက ခ်င္ေရွာက္အေနနဲ႔ သူမႏွင့္စုေရွာင္ေပါင္တို႔ရဲ႕ ျဖစ္တည္မႈကိုလက္ခံႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားခဲ့တယ္။ ေနာက္ဆုံးေတာ့လည္း အနာဂါတ္ကာလအခ်ိန္အေတာ္ၾကာသည္အထိ သူတို႔ႀကီးျပင္းလာသည့္တိုင္ေအာင္ ျဖည့္ဆည္းေပးမယ့္ ဒီ ‘ေငြေၾကးေထာက္ပံ့ေပးမယ့္ေဖေဖ’ ဆိုတဲ့သူအေပၚ မွီခိုေနရအုန္းမွာပဲျဖစ္တယ္။

မဟုတ္ေသးဘူးေလ, အခုခ်ိန္မွာ ‘ေငြေၾကးေထာက္ပံ့ေပးေသာ’ ဆိုတဲ့စကားလုံးကို ဖယ္လိုက္သင့္ၿပီေပါ့။

“သူကငါတို႔အေဖေလ” စုေပက စုေရွာင္ေပါင္ကို ေလးနက္စြာၾကည့္လိုက္တယ္။

သူမစကားေတြက စုေရွာင္ေပါင္ကိုသာ ပိုၿပီးေတာ့မ်က္ေမွာင္က်ဳံ႕သြားေစခဲ့တယ္။ သူတို႔ေက်းလက္ေဒသမွာ ေနထိုင္ခဲ့ခ်ိန္တုန္းကေတာင္မွ စုေပက တစ္စုံတစ္ေယာက္အေပၚ တမင္ရည္႐ြယ္ခ်က္ရွိရွိနဲ႔ စိတ္ေက်နပ္ေစရန္ တစ္ခါမွမႀကိဳးစားခဲ့ဖူးဘူး။ သူမက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေလ့ရွိၿပီး သူမလုပ္ခ်င္တာကို လြတ္လြတ္လပ္လပ္ လုပ္ေလ့ရွိသူျဖစ္တယ္။ သူက သူမကို သူ႔အက်ိဳးစီးပြားအတြက္ တစ္ျခားသူေတြကို ေက်နပ္ေအာင္လုပ္ေပးရတဲ့ အျဖစ္မ်ိဳးမျဖစ္ေစခ်င္ဘူး။ အဲဒီတစ္ျခားသူက သူတို႔နဲ႔ေသြးသားေတာ္စပ္တဲ့အေဖျဖစ္တဲ့သူ ျဖစ္ေနရင္ေတာင္မွေပါ့။

-----

ခ်င္ေရွာက္က ကုမၸဏီသို႔ ေရာက္ရွိသြားခဲ့တယ္။

“မဂၤလာနံနက္ခင္းပါ Mr.ခ်င္” Mr.ခ်င္က ပန္းေရာင္ထမင္းဘူးတစ္ခုကို ကိုင္ထားတာကိုျမင္လိုက္ရေတာ့ ခ်န္တဲ့က အံ့ၾသသြားခဲ့တယ္။ လက္ေထာက္ေကာင္းေလးတစ္ေယာက္အေနနဲ႔ သူက Mr.ခ်င္အတြက္ ထမင္းဘူးေလးကို သယ္လာေပးရန္အတြက္ လွမ္းယူဖို႔ႀကိဳးစားလိုက္တယ္။ ရလဒ္အေနနဲ႔ကေတာ့ Mr.ခ်င္က ျမန္ျမန္ဆန္ဆန္ပဲ သူ႔လက္ကိုေရွာင္ရွားလိုက္တယ္။ ဒါ့အျပင္ သူ႔ကိုၾကည့္ေနတဲ့ သူေဌးရဲ႕မ်က္လုံးေတြက ႐ြံရွာေနပုံေပါက္ေနခဲ့တယ္။

ခ်န္တဲ့ : ...

အာ, သူ႔လက္ေတြကို ေသေသခ်ာခ်ာေဆးထားၿပီးသားပါ။

ဒီထမင္းဘူးက ေရွာင္ေပထည့္ေပးလိုက္တာမ်ားလား? Mr.ခ်င္ရဲ႕တုံ႔ျပန္မႈကိုၾကည့္ရတာေတာ့ ေသခ်ာသေလာက္နီးပါးပဲ။

ဒီနားလည္သေဘာေပါက္မႈႀကီးက ခ်န္တဲ့ရဲ႕မ်က္လုံးေတြကို ပိုၿပီးေတာက္ပသြားေစခဲ့တယ္ : တကယ္လို႔မ်ား ဒါကအမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဆရာက ကေလးႏွစ္ေယာက္နဲ႔ ေကာင္းေကာင္းႀကီးကို အဆင္ေျပလာတယ္ ဆိုတဲ့သေဘာေပါ့။

အၿပဳံးႀကီးႀကီးတစ္ခုႏွင့္အတူ ခ်န္တဲ့က Mr.ခ်င္ေနာက္က လိုက္လာခဲ့ၿပီး ဒီေန႔ရဲ႕အခ်ိန္စာရင္းႏွင့္ အစီအစဥ္ေတြကို စတင္တင္ျပခဲ့ေတာ့တယ္။

ေန႔လည္ခင္းမွာေတာ့ ခ်န္တဲ့က Mr.ခ်င္အား စုေပႏွင့္စုေရွာင္ေပါင္တို႔ရဲ႕ အိမ္ေထာင္စုစာရင္းမွတ္ပုံတင္ျခင္း လုပ္ငန္းစဥ္ႏွင့္ပတ္သတ္ၿပီး စကားေျပာရန္အခ်ိန္ယူခဲ့ကာ ေနာက္ဆုံးမွာေတာ့ သူ႔အေနနဲ႔ ဒီစိတ္ဆင္းရဲစရာေကာင္းတဲ့ဗီဒီယိုအေၾကာင္း သူ႔ကိုေျပာျပရေတာ့မွာျဖစ္တယ္။

“သူတို႔အရင္ေက်ာင္းမွာတုန္းက ေရွာင္ေပနဲ႔ေရွာင္ေပါင္တို႔ရဲ႕အေျခအေနေတြက သိပ္မေကာင္းၾကဘူး။ ကြၽန္ေတာ့္ဆီမွာ ဆရာၾကည့္ကိုၾကည့္သင့္တယ္လို႔ထင္တဲ့ ဗီဒီယိုတစ္ခုရွိပါတယ္” Mr.ခ်င္ရဲ႕အၾကည့္ေအာက္မွာပဲ ခ်န္တဲ့က သူ႔ဖုန္းကိုလွမ္းေပးလိုက္တယ္။

ဒါက စုေပရဲ႕ေက်ာင္းတြင္းအႏိုင္က်င့္ခံခဲ့ရတဲ့ျဖစ္ရပ္ကို ႐ိုက္ကူးထားတဲ့ဗီဒီယိုျဖစ္တယ္။ ဒီဗီဒီယိုက မိန္းကေလးအမ်ားစုရဲ႕ ေလွာင္ေျပာင္သေရာ္သံေတြ၊ ဆဲဆိုသံေတြနဲ႔ အစျပဳထားခဲ့တယ္ : “စုေပ, ဟဲ့ေကာင္မ” , “ေန႔တိုင္းေန႔တိုင္း ေယာက္်ားေတြကို ဘယ္လိုျမဴစြယ္ရမလဲဆိုတာကိုပဲ သိတာမလား, ေသာက္ရမ္း႐ြံစရာ ေကာင္းတယ္” , “လာၿပီး ကင္မရာကိုၿပဳံးျပလိုက္ပါအုန္းဟ, ဒါမွ နင္ဘယ္ေလာက္ေအာက္တန္းက်လဲဆိုတာကို လူတိုင္းေတြ႕သြားရေအာင္လို႔ေလ...”

ဒီလိုေစာ္ကားေျပာဆိုမႈေတြကို ၾကားလိုက္ရေတာ့ Mr.ခ်င္ရဲ႕မ်က္ႏွာက ျမန္ျမန္ဆန္ဆန္ပဲ မည္းေမွာင္သြားခဲ့တယ္။

ခဏၾကာၿပီးေနာက္ ကင္မရာက ေနာက္ဆုံးေတာ့ အႏိုင္က်င့္ခံေနရတဲ့မိန္းကေလးဆီသို႔ လွည့္သြားခဲ့တယ္။ တစ္ခ်က္ေလးၾကည့္လိုက္႐ုံနဲ႔တင္ ခ်င္ေရွာက္က ဗီဒီယိုထဲမွ မိန္းကေလးဟာ စုေပျဖစ္တယ္ဆိုတာကို သိရွိသြားခဲ့တယ္။ သူမပုံစံက သူ သူမကိုပထမဆုံးအႀကိမ္စေတြ႕တုန္းကလိုမ်ိဳး အရမ္းပိန္ပါးၿပီးေတာ့ သနားစရာေကာင္းေနခဲ့တာျဖစ္တယ္။

မိန္းကေလးအုပ္စုႀကီးက စုေပကို ပတ္ပတ္လည္ဝိုင္းထားခဲ့တယ္။ သူတို႔ရဲ႕လက္ေတြကိုဆန႔္ထုတ္ကာ သူမအဝတ္အစားေတြကို အားရပါးရဆြဲၿဖဲခဲ့ၾကၿပီး သူတို႔ထဲမွတစ္ခ်ိဳ႕ဆိုရင္ေတာ့ ဘက္စုံသုံးဓားေတြကိုေတာင္ အသုံးျပဳခဲ့ၾကတယ္။ သူတို႔က စုေပရဲ႕ဆံပင္ေတြကိုလည္း အားနဲ႔ေဆာင့္ဆြဲထားၾကၿပီး သူမမ်က္ႏွာကို ဓားႏွင့္ ၿခိမ္းေျခာက္ထားကာ သူမကို႐ိုက္ႏွက္ခဲ့ၾကတယ္။ ဒီအႏိုင္က်င့္တဲ့ျဖစ္စဥ္တစ္ခုလုံးက အခ်ိန္အေတာ္ ၾကာျမင့္ခဲ့တာျဖစ္တယ္။

သူမကို ခဏေလာက္အထိ ႐ိုက္ႏွက္ၿပီးတဲ့ေနာက္မွာေတာ့ မိန္းကေလးေတြက စုေပကို ၾကမ္းျပင္ဆီသို႔ ကန္ေက်ာက္ခဲ့ၾကၿပီး သူမကိုယ္ေပၚသို႔ သူတို႔ေျခေထာက္ေတြနဲ႔ တက္နင္းခဲ့ၾကကာ သူမခႏၶာကိုယ္မွ တစ္ခ်ိဳ႕ေသာအစိတ္အပိုင္းမ်ားကိုေတာင္ ႐ိုက္ခ်ိဳးပစ္ဖို႔ႀကိဳးစားခဲ့ၾကတာျဖစ္တယ္။ မိန္းကေလးတစ္ေယာက္က ညစ္ပတ္တဲ့ေရပုံးတစ္ပုံးကိုယူလာၿပီး စုေပေပၚသို႔ပက္လိုက္ကာ အေျပာေကာင္းေကာင္းေလးနဲ႔ေျပာလိုက္တယ္ : “နင့္ခႏၶာကိုယ္ကအရမ္းညစ္ပတ္ေနေတာ့, ငါတို႔ကနင့္ကို ၾကင္ၾကင္နာနာေလးနဲ႔ကူေဆးေပးတာပါေနာ္” သူမ စကားလုံးေတြက တစ္ျခားမိန္းကေလးေတြကို ေပါက္ကြဲထြက္မတတ္ရယ္ေမာသံေတြျဖစ္လာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တယ္။

-----

အစကေနအဆုံးထိ ဗီဒီယိုထဲမွ စုေပက သူ႔ကိုယ္သူသာ တင္းက်ပ္စြာဖက္ထားခဲ့ၿပီး ၾကမ္းျပင္ေပၚမွာ ေကြးေကြးေလးျဖစ္ေနကာ စကားတစ္လုံးမွမေျပာဘဲ သူမႏႈတ္ခမ္းေတြကိုသာ ကိုက္ထားခဲ့တယ္။ သူမမ်က္လုံးထဲမွာ ေခါင္းမာၿပီးအေလ်ာ့မေပးလိုမႈေတြ ရွိေနေပမယ့္လို႔ ေၾကာက္႐ြံ႕မႈနဲ႔ အကူအညီမဲ့ေနမႈ တို႔ကေတာ့ ပိုမိုသိသာထင္ရွားေနခဲ့တာျဖစ္တယ္။

ဗီဒီယိုတစ္ခုလုံးက ၁၁မိနစ္ႏွင့္၂၈စကၠန႔္ ၾကာျမင္ခဲ့တာျဖစ္တယ္။ ခ်င္ေရွာက္က အစကေနအဆုံးထိ ၿငိမ္ၿငိမ္ေလး ၾကည့္ရႈေနခဲ့တယ္။ သူက စကားလုံးေလးတစ္လုံးေတာင္ မေျပာဘူးဆိုေပမယ့္လို႔ သူ႔မ်က္ႏွာက ေၾကာက္မက္ဖြယ္ေကာင္းလွတယ္။

ခ်န္တဲ့ သိေနခဲ့တယ္, Mr.ခ်င္က အခု တိတ္ဆိတ္ေနေပမယ့္လည္း, လက္ရွိ သူကေၾကာက္စရာအေကာင္းဆုံး ျဖစ္ေနၿပီဆိုတာကိုပဲ။

ခ်င္ေရွာက္က မိုဘိုင္းဖုန္းကို အလြန္အမင္းတင္းက်ပ္စြာ ဆုပ္ကိုင္ထားတာေၾကာင့္ သူ႔လက္ဆစ္ေတြဟာ အားစိုက္မႈေၾကာင့္ျဖဴေလ်ာ္လာခဲ့တယ္။ ခ်န္တဲ့က အားစိုက္ထိုက္မႈေၾကာင့္ အဆစ္ေတြရဲ႕ တကြၽတ္ကြၽတ္ျမည္သံ ကိုေတာင္ ၾကားေနရသလိုမ်ိဳး ထင္လိုက္မိတယ္။

Mr.ခ်င္က သူ႔ဖုန္းေလးကို ႐ိုက္ခြဲပစ္ေတာ့မလို႔လား?

သူ ဒီအေတြးေလး ေတြးၿပီးၿပီးခ်င္းမွာပဲ ခ်န္တဲ့က က်ယ္ေလာင္လွတဲ့ ‘ဘန္း-’ ဆိုတဲ့အသံတစ္ခုကို ၾကားလိုက္ရၿပီး လြန္ခဲ့တဲ့လကမွ သူဝယ္ယူထားခဲ့တဲ့ အသစ္စက္စက္မိုဘိုင္းဖုန္းေလးဟာ အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားခဲ့ေတာ့တယ္။ ခ်န္တဲ့က ၾကမ္းျပင္ေပၚမွ ကြဲေၾကေနတဲ့အစိတ္အပိုင္းေတြကို တစ္ခ်က္ၾကည့္လိုက္ၿပီး အနည္းငယ္တြန႔္ဆုတ္သြားကာ ေတာင့္ေတာင့္ႀကီးရပ္ေနမိၿပီးေတာ့ လႈပ္ရွားမႈေလးတစ္ခု လုပ္ဖို႔အတြက္ေတာင္ ေၾကာက္လန႔္ေနခဲ့တာျဖစ္တယ္။

ခ်န္တဲ့က မသိမသာေလး သူ႔မ်က္လုံးေတြကို ငိုက္စိုက္ခ်ထားခဲ့ၿပီး အသက္ရႈသံေတြကို ထိန္းထားခဲ့ကာ စကားလုံးေလးတစ္လုံးေတာင္ မေျပာရဲေတာ့ဘူး : လက္ရွိ Mr.ခ်င္ႀကီးက အရမ္းေၾကာက္စရာေကာင္းတယ္ေလ။

အရင္တုန္းက သူ႔သူေဌးေဒါသထြက္တာကို သူျမင္ဖူးၿပီးသားဆိုေပမယ့္ ဒီတစ္ေခါက္ Mr.ခ်င္က ဒီလိုမ်ိဴး ေဒါသ အမ်က္ေျခာင္းေျခာင္းထြက္တာမ်ိဳးကိုေတာ့ သူပထမဆုံးအႀကိမ္အေနနဲ႔ ျမင္ေတြ႕လိုက္ရတာျဖစ္တယ္။ သို႔ေပသိ ဒါကနားလည္ေပးလို႔ရႏိုင္တဲ့အေျခအေနမ်ိဳးျဖစ္တယ္။ ခံေနရတာက သူ႔ကေလးေလ။ Mr.ခ်င္က အမႊာႏွစ္ေယာက္ရဲ႕တည္ရွိမႈကို အျပည့္အဝနားလည္လက္မခံႏိုင္ေသးဘူးဆိုေပမယ့္လည္း သူအေနနဲ႔ ေနာက္ဆုံးမွာေတာ့ သူတို႔ရဲ႕ပတ္သတ္ဆက္ႏြယ္မႈေတြကို လက္ခံေပးရမွာပဲျဖစ္တယ္။ ဘယ္မိဘကမ်ား သူတို႔သားသမီးေတြ အႏိုင္က်င့္ခံေနရတာကိုျမင္ၿပီး ေဒါသမထြက္ဘဲေနႏိုင္ပါ့မလဲ?

“ဘယ္သူလုပ္တာလဲ?”

ခဏၾကာေတာ့ ခ်န္တဲ့က ခ်င္ေရွာက္ေမးသံကို ၾကားလိုက္ရတယ္။ ပြက္ပြက္ဆူေနတဲ့ေဒါသေတြက သူ႔ရဲ႕ေအးစက္စက္ေလသံကေန ထြက္ေပၚလာခဲ့တယ္။

“သူတို႔က အဲဒီေက်ာင္းက ျပႆနာရွာတတ္တဲ့ေက်ာင္းသူေတြပါ...” ခ်န္တဲ့က ေျဖလိုက္တယ္။ ခဏရပ္လိုက္ၿပီးမွ သူကဆက္ေျပာတယ္ : “ေက်ာင္းက ဒီကိစၥကိုေျဖရွင္းေပးၿပီးပါၿပီ။ သူတို႔ရဲ႕မိဘေတြကို နစ္နာေၾကးေပးေဆာင္ဖို႔ ေက်ာင္းကိုေခၚလိုက္ၿပီးေတာ့ ေက်ာင္းသူေတြကိုလည္း အျပစ္ေပးၿပီးသြားပါၿပီ”

သို႔ေပမယ့္ ေက်ာင္းက စုေပကိုလည္း ယာယီေက်ာင္းရပ္နားေစခဲ့တယ္။ ဒါေပမယ့္ Mr.ခ်င္ရဲ႕လက္ရွိ အေျခအေနအရ ခ်န္တဲ့က ဒီအေၾကာင္းကို အခ်ိန္တစ္ခုေလာက္အထိ ထိန္ခ်န္ထားရအုန္းမွာပဲျဖစ္တယ္။

“ဒါက သူတို႔ဒီလိုမ်ိဳးေျဖရွင္းလိုက္တာေပါ့ေလ?” Mr.ခ်င္ရဲ႕အသံတိုးတိုးေလးက အံႀကိတ္ထားတဲ့သြားၾကားထဲကေန ညစ္ထုတ္လိုက္တဲ့အသံလိုမ်ိဳးပဲ။

ခ်န္တဲ့ခမ်ာ ခ်က္ခ်င္းဆိုသလို ျဖဴေဖ်ာ့သြားခဲ့ရတယ္။ ၿမိဳ႕ငယ္ေလးထဲက ခ႐ိုင္အဆင့္သာသာေက်ာင္းေတြက ၿမိဳ႕ႀကီးျပႀကီးက ေက်ာင္းေတြလိုမ်ိဳး မဟုတ္ဘူး။ သူတို႔က တကယ္တမ္း ေက်ာင္းတြင္းအၾကမ္းဖက္မႈေတြနဲ႔ အႏိုင္က်င့္ဗိုလ္က်မႈျဖစ္ရပ္ေတြရဲ႕ စိုးရိမ္ဖြယ္ေကာင္းတဲ့အေျခအေနမ်ိဳးေတြကို ဘယ္ေတာ့မွလည္း နားလည္ၾကမွာမဟုတ္ဘူး။ ေနာက္ၿပီး အဲဒီအခ်ိန္တုန္းက စုေပနဲ႔စုေရွာင္ေပါင္တို႔ဆီမွာ သူတို႔ကိုကာကြယ္ေပးမယ့္ လူႀကီးတစ္ေယာက္မွမရွိဘဲ အထီးက်န္ေနခဲ့ၾကရတယ္။

ဒီေမာင္ႏွမႏွစ္ေယာက္က ဒါ့ေၾကာင့္မ်ား Mr.ခ်င္ကိုရွာေဖြဖို႔ ဆုံးျဖတ္ခဲ့ၾကတာမ်ားလား? ခ်န္တဲ့က ႐ုတ္တရက္ စိတ္မခ်မ္းမသာျဖစ္သြားခဲ့ရတယ္။ သူအေနနဲ႔ သူတို႔ေလးေတြကို ရထားဘူတာ႐ုံရဲ႕ ရဲစခန္းကေန သြားေခၚခဲ့ရတဲ့အခ်ိန္ကို မွတ္မိေနေသးတယ္ : ကေလးႏွစ္ေယာက္က အရမ္းပိန္ေညာင္ေနၿပီး ညစ္ပတ္ေပေရေနခဲ့တယ္ေလ။

“ဒီထဲမွာပါတဲ့ေက်ာင္းသူေတြရယ္ သူတို႔မိဘေတြရယ္ ေနာက္ၿပီး ဒီကိစၥကို တာဝန္ယူေျဖရွင္းတဲ့ဆရာ၊ ဆရာမေတြ အကုန္လုံးကို သြားစစ္ေဆးလိုက္”

“ဟုတ္ကဲ့ပါ ဆရာ” ခ်န္တဲ့က ေလးနက္တဲ့မ်က္ႏွာနဲ႔ ျပန္ေျဖလိုက္တယ္။ Mr.ခ်င္က သူ႔ရပ္တည္ခ်က္ႏွင့္သူ ေနထိုင္သူျဖစ္ၿပီး ဒီျဖစ္ရပ္ကို ဒီလိုေျဖရွင္းလိုက္တာမ်ိဳး သူလက္မခံႏိုင္တဲ့ပုံေပါက္ေနခဲ့တယ္။

ခ်န္တဲ့ထြက္သြားၿပီးေနာက္ ခ်င္ေရွာက္က ႐ုံးခန္းထဲမွာ အၾကာႀကီးထိုင္ေနခဲ့တယ္။

-----

အဲဒီညမွာ ခ်င္ေရွာက္က အရမ္းဉာဥ့္နက္မွပဲ ျပန္ေရာက္လာခဲ့တယ္။

ဗီလိန္ျဖစ္တဲ့ Mr.ခ်င္က တကယ့္တမ္းေတာ့ မၾကာခဏအခ်ိန္ပိုဆင္းေနရၿပီး ဇာတ္လိုက္ထက္ေတာင္မွ အလုပ္မ်ားေနတာကို ေတြးမိေတာ့ စုေပက တကယ့္ကို ဂ႐ုမစိုက္မိေတာ့ဘူး။

သို႔ေပသိ ဒီေန႔ေတာ့ စုေပက အေစာႀကီးမအိပ္ျဖစ္ေလာက္ေတာ့ဘူး။ အခုခ်ိန္မွာေတာ့ သူမဆီမွာ ကိုယ္ပိုင္ကြန္ပ်ဴတာရွိၿပီျဖစ္တာေၾကာင့္ သူမက ခ်င္ေရွာက္ဆီသြားကာ ငွားရမ္းေနစရာမလိုအပ္ေတာ့ဘူးေလ။

စႏၵရားဆရာမျပန္သြားၿပီးေနာက္ စုေပက စႏၵရားကို တစ္ခဏမွ် ဆက္ေလ့က်င့္ေနခဲ့တယ္။ ေလ့က်င့္ၿပီးသြားေတာ့ သူမအိပ္ခန္းဆီသို႔ ျပန္လာခဲ့ၿပီး ကြန္ပ်ဴတာကိုဖြင့္လိုက္ကာ ‘Red Hacker Challenge’ ရဲ႕ webpage ကို ဖြင့္လိုက္တယ္။

ေနာက္ဆုံးအေခါက္တုန္းက သူမအေနနဲ႔ အစပိုင္းစိန္ေခၚမႈကို ေအာင္ျမင္သြားခဲ့တာေၾကာင့္ စုေပက homepage ထဲသို႔ ခ်က္ခ်င္းဝင္ေရာက္ႏိုင္ခဲ့တယ္။ ေနာက္ဆုံးတစ္ေခါက္က သူမေသခ်ာမဖတ္လိုက္ရတဲ့ အခ်က္အလက္ေတြကို ျမန္ျမန္ဆန္ဆန္ဖတ္ရႈၿပီးေနာက္ေတာ့ စုေပက မွတ္ပုံတင္ page ဆီသို႔ link ကို ႏွိပ္လိုက္ေတာ့တယ္။

[နာမည္ေျပာင္] : သူမမွာ စဥ္းစားထားတာမ်ိဳးမရွိတာေၾကာင့္ box ထဲမွာ ‘Q’ ဆိုတဲ့စာလုံးတစ္လုံးကိုသာ ႐ိုက္ႏွိပ္လိုက္တယ္။

[အသက္] : ၁၄

[လိင္] : အမ်ိဳးသား၊ အမ်ိဳးသမီး၊ အျခား။

-----

လိုအပ္တဲ့အခ်က္အလက္ေတြကို ျဖည့္သြင္းၿပီးေနာက္ စုေပက ေနာက္တစ္ဆင့္ကို ႏွိပ္လိုက္တယ္။

‘သက္ေသခံအေထာက္အထားအတည္ျပဳစစ္ေဆးျခင္း’?! ဒီစကားလုံးေတြကိုၾကည့္ရင္း စုေပက ေတာင့္ခဲသြားၿပီး ၫႊန္ၾကားခ်က္အတန္းလိုက္ႀကီးကို ၾကည့္ရႈရန္အတြက္ ကာဆာျမားေလးကို အလ်င္အျမန္ေ႐ႊ႕လိုက္တယ္ : ‘ပါဝင္ယွဥ္ၿပိဳင္သူမ်ား၏ သက္ေသခံအေထာက္အထား အစစ္အမွန္ျဖစ္ေၾကာင္း ေသခ်ာေစရန္ႏွင့္ ၿပိဳင္ပြဲ၏လုံၿခဳံေရးအရ ပြဲစီစဥ္သူမ်ားမွ ပါဝင္ယွဥ္ၿပိဳင္သူမ်ား၏ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားအား အတည္ျပဳစစ္ေဆးမည္ျဖစ္ပါသည္.....’

စုေပ : ...

သူတို႔မွာ ခိုင္လုံတဲ့အေၾကာင္းျပခ်က္တစ္ခုရွိေပမယ့္ အခုျပႆနာျဖစ္ေနတာကေတာ့ သူမဆီမွာ အိမ္ေထာင္စုစာရင္းမွတ္ပုံတင္မွ မရွိတာကို သူမက ID နံပါတ္ကို ဘယ္လိုျဖည့္သြင္းေပးရမွာလဲ?

[Moon’s Note : တစ္ခ်ိဳ႕ေနရာေတြမွာ ဆီေလ်ာ္ေအာင္ျပန္ေပးထားပါတယ္။ အဂၤလိပ္လိုက် ဖတ္ရတာနားလည္လြယ္ေပမယ့္ ျမန္မာလိုဘာသာျပန္ေတာ့ ဒီအသုံးအႏႈန္းေတြပဲ ထပ္ေနသလို ျဖစ္ေနလားလို႔ေလ။ အမလည္း ဒီ့ထက္ပိုေကာင္းတဲ့စကားလုံး မစဥ္းစားတတ္ေတာ့လို႔ အဆင္ေျပသလိုပဲ ေရးလိုက္တယ္။ ဖတ္ရတာေထာက္ေနရင္ နားမလည္ရင္ အမ ညံ့လို႔ပါေနာ္။ ခြင့္လႊတ္ေပးၾကပါရွင့္]

[Kay : အသုံးအႏႈန္းကထပ္တာမဟုတ္ပါဘူး ဒီလိုအေၾကာင္းအရာပဲျဖစ္ေနလို႔ ထပ္တယ္လို႔ ခံစားေနရတာေနမွာပါ။ ဖတ္လို႔ေကာင္းတယ္အမေရ။ အေရွ႕ပိုင္းမွာ အခဲမေၾကခဲ့တဲ့႐ိုက္ပြဲကို ေဖေဖႀကီးက ျပန္ေဖာ္ေတာ့မယ္ဆိုေတာ့ ေပ်ာ္တာေပါ့ေနာ္]

22.11.2020
Sunday

_______________________________________

MWFV Ch 21

The Video


Unicode Version

ချင်ရှောက်က အမွှာနှစ်ယောက်ရဲ့အိပ်ခန်းတံခါးရှေ့မှာ ခဏလောက်ရပ်နေခဲ့တယ်။ အရင်က သူရဲ့တည်ငြိမ်ပုံနဲ့ စာရင် အခုချိန်မှာတော့ သူ့အမူအရာက နက်နက်နဲနဲတွေးတောနေတဲ့ပုံပေါက်နေခဲ့တယ်။ ရုတ်တရက်ကြီး သူ့ဆီမှာ ကလေးနှစ်ယောက်ရှိလာခဲ့ပြီ။ အရင်ကတော့ Mr.ချင်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှအလေးအနက် မထားခဲ့ဘူး။ ဒါက ကလေးလေးနှစ်ယောက်ပဲလေ။ အကယ်၍များ သူက သူတို့လေးတွေကို ပျိုးထောင်ပေးရမယ် ဆိုရင်လည်း လုပ်ပေးလိုက်ရုံပေါ့။ သူက ထပ်တိုးလာမယ့် ပါးစပ်နှစ်ပေါက်ကို မကျွေးမွေးနိုင်တာမျိုးမှ မဟုတ်တာ။ ကံအားလျော်စွာနဲ့ ရုတ်တရက်ပေါ်လာတဲ့ ကလေးနှစ်ယောက်ကြောင့် ပျင်းတောင်မပျင်းရတော့ဘူးလေ။

သို့ပေမယ့် သူအနေနဲ့ နောက်ဆုံးတော့လည်း ဒီကလေးတွေက သူရဲ့သွေးသားရင်းတွေဖြစ်တယ်ဆိုတာကို အတည်ပြုပြီးနောက်မှာတော့ Mr.ချင်ရဲ့စိတ်အခြေအနေက နောက်တစ်ဖန်ပြောင်းလဲသွားပုံပေါ်တယ်။ ဒီပြောင်းလဲမှုက အရမ်းကိုသိမ်မွေ့ညင်သာတာကြောင့် အဲဒါကဘာလဲဆိုတာကိုတောင် သူရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး။ သူက ဒီခံစားချက်ကြီးနဲ့ မရင်းနှီးလှပေမယ့်လို့ သူ့နှလုံးသားထဲမှာ အသက်ရှုကျပ်လုနီးပါး ထူးဆန်းတဲ့ခံစားချက်တစ်ခုနဲ့ ပြည့်ကျပ်နေသလိုမျိုး ခံစားရစေခဲ့တယ်။

“ဆရာ?”

“ဆရာ?”

ဦးလေးဖုက ချင်ရှောက်ကို သူအတွေးတွေထဲကနေ ပြန်မရောက်လာခင်အထိ အကြိမ်အနည်းငယ်လောက် လှမ်းခေါ်နေခဲ့ရတယ်။

“ဆရာ ကလေးတွေကိုသွားကြည့်မလို့လား?” ဦးလေးဖုက မေးလိုက်တယ်။ သူအပေါ်ထပ်ကို တက်သွားတဲ့အချိန်မှာ အိမ်တော်ထိန်းအဘိုးကြီးက Mr.ချင်ကို သူ့ကလေးတွေရဲ့အိပ်ခန်းရှေ့မှာ တွေဝေစွာနဲ့ မတ်တပ်ရပ်နေတာကို မြင်လိုက်ရတယ်။

“မဟုတ်ဘူး” ချင်ရှောက် သူ့ဘာသာသူတွေးနေခဲ့တာကတော့ သူ့အနေနဲ့ ကလေးတွေကို တွေ့ချင်ပေမယ့်လည်း သူတို့လေးတွေကို ဘယ်လိုစကားမျိုးပြောဆိုသင့်လဲဆိုတာကိုတော့ သူ မသိသေးဘူးဆိုတာပါပဲ။

“သူတို့အိပ်ပါစေ” ထူးဆန်းတဲ့ခံစားချက်တစ်ခုက Mr.ချင်ရဲ့နှလုံးသားထဲမှာ ရုတ်တရက်ပေါ်ထွက်လာခဲ့တယ်။ ဒီခံစားချက်က အမှန်ဖြစ်ပုံမရပေမယ့် အချိန်တစ်ချို့ကြာသွားတာတောင်မှ ဘယ်ဟာကမမှန်ကန်ဘူးလဲဆိုတာကို သူ မရှာဖွေနိုင်သေးတာကြောင့် ဒါကိုလျစ်လျူရှုလိုက်ရုံပဲရှိတော့တယ်။

ချင်ရှောက် : “စာကြည့်ခန်းထဲကို လက်ဖက်ရည်တစ်အိုးလောက်ယူလာပေးပါ”

ဦးလေးဖု : “နောက်ကျတဲ့အထိ အလုပ်လုပ်မလို့လား ဆရာ?”

ချင်ရှောက် : “အင်း”

-----

စုပေ အစကထင်လိုက်တာတော့ ချင်ရှောက်က မနေ့ညက အိမ်ပြန်မလာဘူးလို့ပဲ။ ဒါပေမယ့် သူမ မနက်စောစော ထမင်းစားခန်းထဲသို့ ဝင်လိုက်တဲ့အခါမှာ သူမ ချင်ရှောက်ကို အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံနဲ့ တွေ့လိုက်ရတယ်။

စုပေက ထိတ်လန့်သွားပြီး : “အဖေ မနေ့ညကပြန်လာတာလား?”

“အင်း” သူပြန်ဖြေလိုက်တယ်။

အဖေနှင့်သမီးကြားက လေထုကတော့ ခဏလောက်အထိ ရုတ်ချည်းငြိမ်သက်သွားခဲ့တယ်။

“ဒါဆို အဖေမနက်စာရောစားပြီးပြီလား? သမီးတို့နဲ့အတူစားပါလားဟင်?” စုပေက ယဉ်ကျေးစွာမေးလိုက်တယ်။ သူမလေသံက နည်းနည်းသတိထားပြောသလိုဖြစ်နေခဲ့တယ်။

“မစားတော့ဘူး” ချင်ရှောက်က အပြင်သွားဖို့အဆင်သင့်ဖြစ်လို့နေတယ်။

စုပေ : “အဖေ ကုမ္ပဏီကိုသွားမလို့လား?”

ချင်ရှောက် : “အင်း”

စုပေက ခဏလောက်စဉ်းစားပြီး ချင်ရှောက်ကို ရပ်တန့်စေခဲ့တယ် : “အဖေ ခဏလေးစောင့်ပေးအုန်းနော်” သူမက မီးဖိုချောင်ထဲသို့ အပြေးသွားလိုက်ပြီး သူမလက်ထဲမှာ ထမင်းဘူးတစ်ခုနှင့်အတူ မြန်မြန်ဆန်ဆန်ပဲ ပြန်ပြေးထွက်လာခဲ့တယ်။

“ဒါက အဖေ့အတွက်မနက်စာလေးပါ။ အဖေ လမ်းမှာစားသွားနော်” စုပေက ဒီလို ‘ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲနေသောဥက္ကဌကြီး’ ပုံစံပေါက်နေတဲ့သူတွေက ပုံမှန်စားဖို့ အိပ်ဖို့ လိုလား မလိုဘူးလား ဆိုတာကို မသိလေဘူး။ ဝတ္ထုထဲမှာတော့ ချင်ရှောက်က ကုမ္ပဏီမှာစားလေ့ရှိတယ်လို့ ဖော်ပြထားပုံမရဘူး။ အစကတည်းက စုပေက သူစားဖို့အတွက် မပြင်ပေးထားခဲ့ဘူး။ ဒီတစ်ခုကတော့ သူမနှင့်စုရှောင်ပေါင်အတွက် ဖြစ်တယ်။

ကလေးမလေးရဲ့ချိုသာတဲ့အပြုံးလေးက ချင်ရှောက်ရဲ့သူငယ်အိမ်အထိ ရောင်ပြန်ဟပ်သွားခဲ့ကာ ငြင်းဆန်တဲ့ စကားလုံးလေးတစ်လုံးတောင် သူမပြောရက်နိုင်လောက်အောင် ဖြစ်သွားစေခဲ့တယ်။

“ကောင်းပြီ” ချင်ရှောက်က စုပေရဲ့လက်ထဲမှ ထမင်းဘူးကိုယူလိုက်ပြီး သူမလက်ဖဝါးကနေ ထွက်လာတဲ့ လက်ကျန်အပူငွေ့လေးကိုတောင် ခံစားမိလိုက်တယ်။

စုပေရဲ့မျက်နှာပေါ်က အပြုံးလေးက နည်းနည်းလေးနစ်ဝင်သွားခဲ့ပြီး : “နောက်မှတွေ့မယ်နော် အဖေ”

ချင်ရှောက် : “ကောင်းပြီ”

သူဧည့်ခန်းကိုဖြတ်လျှောက်သွားတဲ့အချိန် သိပ်မရင်းနှီးလှတဲ့အကြည့်တစ်ချက်က Mr.ချင်ရဲ့အာရုံစိုက်မှုကို ဖမ်းစားသွားခဲ့တယ်။ သူ့မျက်လုံးတွေက ဆိုဖာပေါ်မှာထိုင်နေတဲ့ စုရှောင်ပေါင်နဲ့ ဆုံတွေ့သွားခဲ့တယ်။ အဖေနှင့်သားက တစ်ယောက်နဲ့တစ်ယောက် တခဏမျှစိုက်ကြည့်နေခဲ့ကြတယ်။ Mr.ချင်ရဲ့မျက်လုံးတွေက ခဏလောက်လေး တဖျတ်ဖျတ်မလှုပ်ခတ်သွားခင်လေးမှာပဲ သူ့အကြည့်တွေကို ရုတ်သိမ်းလိုက်ပြီးတော့ လှည့်ထွက်သွားခဲ့တော့တယ်။

“စုရှောင်ပေါင် မြန်မြန်လေး မနက်စာလာစားလှည့်တော့!” စုပေရဲ့အသံက ထမင်းစားခန်းကနေ ထွက်ပေါ်လာခဲ့တယ်။

စုရှောင်ပေါင်က နှာမှုတ်လိုက်ကာ ထမင်းစားခန်းထဲသို့ လျှောက်လာခဲ့တယ်။

“နင်ဘာဖြစ်နေတာလဲ?” သူမက သံသယဖြစ်စွာမေးလိုက်တယ်။ စုရှောင်ပေါင်ရဲ့စိတ်အခြေအနေက အခုလေးတင် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာခဲ့တဲ့ပုံပေါက်နေတယ်။

“ငါ နင့်ကို ဒီလိုမဖြစ်စေချင်ဘူး” သူက သုန်မှုန်စွာပြောတယ်။

“အာ? ဘယ်လိုမျိုးလဲ?”

“သူ စိတ်ကျေနပ်အောင် တမင်လုပ်နေတာကြီးကိုပေါ့” စုရှောင်ပေါင်က စကားလုံးတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ပစ်သွင်းလိုက်တယ်။ သဘာဝကျကျလေးပဲ သူပြောတဲ့ ‘သူ’ ဆိုတဲ့လူကိုတော့ မေးနေစရာတောင်မလိုအပ်လေဘူး။

ကောင်လေးရဲ့ရုတ်တရက်မှတ်ချက်လေးက စုပေကို ကြောင်တောင်တောင်ဖြစ်သွားစေခဲ့တယ်။ သူမက ချင်ရှောက်အနေနဲ့ သူမနှင့်စုရှောင်ပေါင်တို့ရဲ့ ဖြစ်တည်မှုကိုလက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တယ်။ နောက်ဆုံးတော့လည်း အနာဂါတ်ကာလအချိန်အတော်ကြာသည်အထိ သူတို့ကြီးပြင်းလာသည့်တိုင်အောင် ဖြည့်ဆည်းပေးမယ့် ဒီ ‘ငွေကြေးထောက်ပံ့ပေးမယ့်ဖေဖေ’ ဆိုတဲ့သူအပေါ် မှီခိုနေရအုန်းမှာပဲဖြစ်တယ်။

မဟုတ်သေးဘူးလေ, အခုချိန်မှာ ‘ငွေကြေးထောက်ပံ့ပေးသော’ ဆိုတဲ့စကားလုံးကို ဖယ်လိုက်သင့်ပြီပေါ့။

“သူကငါတို့အဖေလေ” စုပေက စုရှောင်ပေါင်ကို လေးနက်စွာကြည့်လိုက်တယ်။

သူမစကားတွေက စုရှောင်ပေါင်ကိုသာ ပိုပြီးတော့မျက်မှောင်ကျုံ့သွားစေခဲ့တယ်။ သူတို့ကျေးလက်ဒေသမှာ နေထိုင်ခဲ့ချိန်တုန်းကတောင်မှ စုပေက တစ်စုံတစ်ယောက်အပေါ် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်ကျေနပ်စေရန် တစ်ခါမှမကြိုးစားခဲ့ဖူးဘူး။ သူမက ပျော်ပျော်ရွှင်ရွှင်နေထိုင်လေ့ရှိပြီး သူမလုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လေ့ရှိသူဖြစ်တယ်။ သူက သူမကို သူ့အကျိုးစီးပွားအတွက် တစ်ခြားသူတွေကို ကျေနပ်အောင်လုပ်ပေးရတဲ့ အဖြစ်မျိုးမဖြစ်စေချင်ဘူး။ အဲဒီတစ်ခြားသူက သူတို့နဲ့သွေးသားတော်စပ်တဲ့အဖေဖြစ်တဲ့သူ ဖြစ်နေရင်တောင်မှပေါ့။

-----

ချင်ရှောက်က ကုမ္ပဏီသို့ ရောက်ရှိသွားခဲ့တယ်။

“မင်္ဂလာနံနက်ခင်းပါ Mr.ချင်” Mr.ချင်က ပန်းရောင်ထမင်းဘူးတစ်ခုကို ကိုင်ထားတာကိုမြင်လိုက်ရတော့ ချန်တဲ့က အံ့သြသွားခဲ့တယ်။ လက်ထောက်ကောင်းလေးတစ်ယောက်အနေနဲ့ သူက Mr.ချင်အတွက် ထမင်းဘူးလေးကို သယ်လာပေးရန်အတွက် လှမ်းယူဖို့ကြိုးစားလိုက်တယ်။ ရလဒ်အနေနဲ့ကတော့ Mr.ချင်က မြန်မြန်ဆန်ဆန်ပဲ သူ့လက်ကိုရှောင်ရှားလိုက်တယ်။ ဒါ့အပြင် သူ့ကိုကြည့်နေတဲ့ သူဌေးရဲ့မျက်လုံးတွေက ရွံရှာနေပုံပေါက်နေခဲ့တယ်။

ချန်တဲ့ : ...

အာ, သူ့လက်တွေကို သေသေချာချာဆေးထားပြီးသားပါ။

ဒီထမင်းဘူးက ရှောင်ပေထည့်ပေးလိုက်တာများလား? Mr.ချင်ရဲ့တုံ့ပြန်မှုကိုကြည့်ရတာတော့ သေချာသလောက်နီးပါးပဲ။

ဒီနားလည်သဘောပေါက်မှုကြီးက ချန်တဲ့ရဲ့မျက်လုံးတွေကို ပိုပြီးတောက်ပသွားစေခဲ့တယ် : တကယ်လို့များ ဒါကအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆရာက ကလေးနှစ်ယောက်နဲ့ ကောင်းကောင်းကြီးကို အဆင်ပြေလာတယ် ဆိုတဲ့သဘောပေါ့။

အပြုံးကြီးကြီးတစ်ခုနှင့်အတူ ချန်တဲ့က Mr.ချင်နောက်က လိုက်လာခဲ့ပြီး ဒီနေ့ရဲ့အချိန်စာရင်းနှင့် အစီအစဉ်တွေကို စတင်တင်ပြခဲ့တော့တယ်။

နေ့လည်ခင်းမှာတော့ ချန်တဲ့က Mr.ချင်အား စုပေနှင့်စုရှောင်ပေါင်တို့ရဲ့ အိမ်ထောင်စုစာရင်းမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သတ်ပြီး စကားပြောရန်အချိန်ယူခဲ့ကာ နောက်ဆုံးမှာတော့ သူ့အနေနဲ့ ဒီစိတ်ဆင်းရဲစရာကောင်းတဲ့ဗီဒီယိုအကြောင်း သူ့ကိုပြောပြရတော့မှာဖြစ်တယ်။

“သူတို့အရင်ကျောင်းမှာတုန်းက ရှောင်ပေနဲ့ရှောင်ပေါင်တို့ရဲ့အခြေအနေတွေက သိပ်မကောင်းကြဘူး။ ကျွန်တော့်ဆီမှာ ဆရာကြည့်ကိုကြည့်သင့်တယ်လို့ထင်တဲ့ ဗီဒီယိုတစ်ခုရှိပါတယ်” Mr.ချင်ရဲ့အကြည့်အောက်မှာပဲ ချန်တဲ့က သူ့ဖုန်းကိုလှမ်းပေးလိုက်တယ်။

ဒါက စုပေရဲ့ကျောင်းတွင်းအနိုင်ကျင့်ခံခဲ့ရတဲ့ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ဗီဒီယိုဖြစ်တယ်။ ဒီဗီဒီယိုက မိန်းကလေးအများစုရဲ့ လှောင်ပြောင်သရော်သံတွေ၊ ဆဲဆိုသံတွေနဲ့ အစပြုထားခဲ့တယ် : “စုပေ, ဟဲ့ကောင်မ” , “နေ့တိုင်းနေ့တိုင်း ယောက်ျားတွေကို ဘယ်လိုမြူစွယ်ရမလဲဆိုတာကိုပဲ သိတာမလား, သောက်ရမ်းရွံစရာ ကောင်းတယ်” , “လာပြီး ကင်မရာကိုပြုံးပြလိုက်ပါအုန်းဟ, ဒါမှ နင်ဘယ်လောက်အောက်တန်းကျလဲဆိုတာကို လူတိုင်းတွေ့သွားရအောင်လို့လေ...”

ဒီလိုစော်ကားပြောဆိုမှုတွေကို ကြားလိုက်ရတော့ Mr.ချင်ရဲ့မျက်နှာက မြန်မြန်ဆန်ဆန်ပဲ မည်းမှောင်သွားခဲ့တယ်။

ခဏကြာပြီးနောက် ကင်မရာက နောက်ဆုံးတော့ အနိုင်ကျင့်ခံနေရတဲ့မိန်းကလေးဆီသို့ လှည့်သွားခဲ့တယ်။ တစ်ချက်လေးကြည့်လိုက်ရုံနဲ့တင် ချင်ရှောက်က ဗီဒီယိုထဲမှ မိန်းကလေးဟာ စုပေဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့တယ်။ သူမပုံစံက သူ သူမကိုပထမဆုံးအကြိမ်စတွေ့တုန်းကလိုမျိုး အရမ်းပိန်ပါးပြီးတော့ သနားစရာကောင်းနေခဲ့တာဖြစ်တယ်။

မိန်းကလေးအုပ်စုကြီးက စုပေကို ပတ်ပတ်လည်ဝိုင်းထားခဲ့တယ်။ သူတို့ရဲ့လက်တွေကိုဆန့်ထုတ်ကာ သူမအဝတ်အစားတွေကို အားရပါးရဆွဲဖြဲခဲ့ကြပြီး သူတို့ထဲမှတစ်ချို့ဆိုရင်တော့ ဘက်စုံသုံးဓားတွေကိုတောင် အသုံးပြုခဲ့ကြတယ်။ သူတို့က စုပေရဲ့ဆံပင်တွေကိုလည်း အားနဲ့ဆောင့်ဆွဲထားကြပြီး သူမမျက်နှာကို ဓားနှင့် ခြိမ်းခြောက်ထားကာ သူမကိုရိုက်နှက်ခဲ့ကြတယ်။ ဒီအနိုင်ကျင့်တဲ့ဖြစ်စဉ်တစ်ခုလုံးက အချိန်အတော် ကြာမြင့်ခဲ့တာဖြစ်တယ်။

သူမကို ခဏလောက်အထိ ရိုက်နှက်ပြီးတဲ့နောက်မှာတော့ မိန်းကလေးတွေက စုပေကို ကြမ်းပြင်ဆီသို့ ကန်ကျောက်ခဲ့ကြပြီး သူမကိုယ်ပေါ်သို့ သူတို့ခြေထောက်တွေနဲ့ တက်နင်းခဲ့ကြကာ သူမခန္ဓာကိုယ်မှ တစ်ချို့သောအစိတ်အပိုင်းများကိုတောင် ရိုက်ချိုးပစ်ဖို့ကြိုးစားခဲ့ကြတာဖြစ်တယ်။ မိန်းကလေးတစ်ယောက်က ညစ်ပတ်တဲ့ရေပုံးတစ်ပုံးကိုယူလာပြီး စုပေပေါ်သို့ပက်လိုက်ကာ အပြောကောင်းကောင်းလေးနဲ့ပြောလိုက်တယ် : “နင့်ခန္ဓာကိုယ်ကအရမ်းညစ်ပတ်နေတော့, ငါတို့ကနင့်ကို ကြင်ကြင်နာနာလေးနဲ့ကူဆေးပေးတာပါနော်” သူမ စကားလုံးတွေက တစ်ခြားမိန်းကလေးတွေကို ပေါက်ကွဲထွက်မတတ်ရယ်မောသံတွေဖြစ်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်။

-----

အစကနေအဆုံးထိ ဗီဒီယိုထဲမှ စုပေက သူ့ကိုယ်သူသာ တင်းကျပ်စွာဖက်ထားခဲ့ပြီး ကြမ်းပြင်ပေါ်မှာ ကွေးကွေးလေးဖြစ်နေကာ စကားတစ်လုံးမှမပြောဘဲ သူမနှုတ်ခမ်းတွေကိုသာ ကိုက်ထားခဲ့တယ်။ သူမမျက်လုံးထဲမှာ ခေါင်းမာပြီးအလျော့မပေးလိုမှုတွေ ရှိနေပေမယ့်လို့ ကြောက်ရွံ့မှုနဲ့ အကူအညီမဲ့နေမှု တို့ကတော့ ပိုမိုသိသာထင်ရှားနေခဲ့တာဖြစ်တယ်။

ဗီဒီယိုတစ်ခုလုံးက ၁၁မိနစ်နှင့်၂၈စက္ကန့် ကြာမြင်ခဲ့တာဖြစ်တယ်။ ချင်ရှောက်က အစကနေအဆုံးထိ ငြိမ်ငြိမ်လေး ကြည့်ရှုနေခဲ့တယ်။ သူက စကားလုံးလေးတစ်လုံးတောင် မပြောဘူးဆိုပေမယ့်လို့ သူ့မျက်နှာက ကြောက်မက်ဖွယ်ကောင်းလှတယ်။

ချန်တဲ့ သိနေခဲ့တယ်, Mr.ချင်က အခု တိတ်ဆိတ်နေပေမယ့်လည်း, လက်ရှိ သူကကြောက်စရာအကောင်းဆုံး ဖြစ်နေပြီဆိုတာကိုပဲ။

ချင်ရှောက်က မိုဘိုင်းဖုန်းကို အလွန်အမင်းတင်းကျပ်စွာ ဆုပ်ကိုင်ထားတာကြောင့် သူ့လက်ဆစ်တွေဟာ အားစိုက်မှုကြောင့်ဖြူလျော်လာခဲ့တယ်။ ချန်တဲ့က အားစိုက်ထိုက်မှုကြောင့် အဆစ်တွေရဲ့ တကျွတ်ကျွတ်မြည်သံ ကိုတောင် ကြားနေရသလိုမျိုး ထင်လိုက်မိတယ်။

Mr.ချင်က သူ့ဖုန်းလေးကို ရိုက်ခွဲပစ်တော့မလို့လား?

သူ ဒီအတွေးလေး တွေးပြီးပြီးချင်းမှာပဲ ချန်တဲ့က ကျယ်လောင်လှတဲ့ ‘ဘန်း-’ ဆိုတဲ့အသံတစ်ခုကို ကြားလိုက်ရပြီး လွန်ခဲ့တဲ့လကမှ သူဝယ်ယူထားခဲ့တဲ့ အသစ်စက်စက်မိုဘိုင်းဖုန်းလေးဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့တော့တယ်။ ချန်တဲ့က ကြမ်းပြင်ပေါ်မှ ကွဲကြေနေတဲ့အစိတ်အပိုင်းတွေကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်တွန့်ဆုတ်သွားကာ တောင့်တောင့်ကြီးရပ်နေမိပြီးတော့ လှုပ်ရှားမှုလေးတစ်ခု လုပ်ဖို့အတွက်တောင် ကြောက်လန့်နေခဲ့တာဖြစ်တယ်။

ချန်တဲ့က မသိမသာလေး သူ့မျက်လုံးတွေကို ငိုက်စိုက်ချထားခဲ့ပြီး အသက်ရှုသံတွေကို ထိန်းထားခဲ့ကာ စကားလုံးလေးတစ်လုံးတောင် မပြောရဲတော့ဘူး : လက်ရှိ Mr.ချင်ကြီးက အရမ်းကြောက်စရာကောင်းတယ်လေ။

အရင်တုန်းက သူ့သူဌေးဒေါသထွက်တာကို သူမြင်ဖူးပြီးသားဆိုပေမယ့် ဒီတစ်ခေါက် Mr.ချင်က ဒီလိုမျိူး ဒေါသ အမျက်ခြောင်းခြောင်းထွက်တာမျိုးကိုတော့ သူပထမဆုံးအကြိမ်အနေနဲ့ မြင်တွေ့လိုက်ရတာဖြစ်တယ်။ သို့ပေသိ ဒါကနားလည်ပေးလို့ရနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်။ ခံနေရတာက သူ့ကလေးလေ။ Mr.ချင်က အမွှာနှစ်ယောက်ရဲ့တည်ရှိမှုကို အပြည့်အဝနားလည်လက်မခံနိုင်သေးဘူးဆိုပေမယ့်လည်း သူအနေနဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့ပတ်သတ်ဆက်နွယ်မှုတွေကို လက်ခံပေးရမှာပဲဖြစ်တယ်။ ဘယ်မိဘကများ သူတို့သားသမီးတွေ အနိုင်ကျင့်ခံနေရတာကိုမြင်ပြီး ဒေါသမထွက်ဘဲနေနိုင်ပါ့မလဲ?

“ဘယ်သူလုပ်တာလဲ?”

ခဏကြာတော့ ချန်တဲ့က ချင်ရှောက်မေးသံကို ကြားလိုက်ရတယ်။ ပွက်ပွက်ဆူနေတဲ့ဒေါသတွေက သူ့ရဲ့အေးစက်စက်လေသံကနေ ထွက်ပေါ်လာခဲ့တယ်။

“သူတို့က အဲဒီကျောင်းက ပြဿနာရှာတတ်တဲ့ကျောင်းသူတွေပါ...” ချန်တဲ့က ဖြေလိုက်တယ်။ ခဏရပ်လိုက်ပြီးမှ သူကဆက်ပြောတယ် : “ကျောင်းက ဒီကိစ္စကိုဖြေရှင်းပေးပြီးပါပြီ။ သူတို့ရဲ့မိဘတွေကို နစ်နာကြေးပေးဆောင်ဖို့ ကျောင်းကိုခေါ်လိုက်ပြီးတော့ ကျောင်းသူတွေကိုလည်း အပြစ်ပေးပြီးသွားပါပြီ”

သို့ပေမယ့် ကျောင်းက စုပေကိုလည်း ယာယီကျောင်းရပ်နားစေခဲ့တယ်။ ဒါပေမယ့် Mr.ချင်ရဲ့လက်ရှိ အခြေအနေအရ ချန်တဲ့က ဒီအကြောင်းကို အချိန်တစ်ခုလောက်အထိ ထိန်ချန်ထားရအုန်းမှာပဲဖြစ်တယ်။

“ဒါက သူတို့ဒီလိုမျိုးဖြေရှင်းလိုက်တာပေါ့လေ?” Mr.ချင်ရဲ့အသံတိုးတိုးလေးက အံကြိတ်ထားတဲ့သွားကြားထဲကနေ ညစ်ထုတ်လိုက်တဲ့အသံလိုမျိုးပဲ။

ချန်တဲ့ခမျာ ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့ရတယ်။ မြို့ငယ်လေးထဲက ခရိုင်အဆင့်သာသာကျောင်းတွေက မြို့ကြီးပြကြီးက ကျောင်းတွေလိုမျိုး မဟုတ်ဘူး။ သူတို့က တကယ်တမ်း ကျောင်းတွင်းအကြမ်းဖက်မှုတွေနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုဖြစ်ရပ်တွေရဲ့ စိုးရိမ်ဖွယ်ကောင်းတဲ့အခြေအနေမျိုးတွေကို ဘယ်တော့မှလည်း နားလည်ကြမှာမဟုတ်ဘူး။ နောက်ပြီး အဲဒီအချိန်တုန်းက စုပေနဲ့စုရှောင်ပေါင်တို့ဆီမှာ သူတို့ကိုကာကွယ်ပေးမယ့် လူကြီးတစ်ယောက်မှမရှိဘဲ အထီးကျန်နေခဲ့ကြရတယ်။

ဒီမောင်နှမနှစ်ယောက်က ဒါ့ကြောင့်များ Mr.ချင်ကိုရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြတာများလား? ချန်တဲ့က ရုတ်တရက် စိတ်မချမ်းမသာဖြစ်သွားခဲ့ရတယ်။ သူအနေနဲ့ သူတို့လေးတွေကို ရထားဘူတာရုံရဲ့ ရဲစခန်းကနေ သွားခေါ်ခဲ့ရတဲ့အချိန်ကို မှတ်မိနေသေးတယ် : ကလေးနှစ်ယောက်က အရမ်းပိန်ညောင်နေပြီး ညစ်ပတ်ပေရေနေခဲ့တယ်လေ။

“ဒီထဲမှာပါတဲ့ကျောင်းသူတွေရယ် သူတို့မိဘတွေရယ် နောက်ပြီး ဒီကိစ္စကို တာဝန်ယူဖြေရှင်းတဲ့ဆရာ၊ ဆရာမတွေ အကုန်လုံးကို သွားစစ်ဆေးလိုက်”

“ဟုတ်ကဲ့ပါ ဆရာ” ချန်တဲ့က လေးနက်တဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။ Mr.ချင်က သူ့ရပ်တည်ချက်နှင့်သူ နေထိုင်သူဖြစ်ပြီး ဒီဖြစ်ရပ်ကို ဒီလိုဖြေရှင်းလိုက်တာမျိုး သူလက်မခံနိုင်တဲ့ပုံပေါက်နေခဲ့တယ်။

ချန်တဲ့ထွက်သွားပြီးနောက် ချင်ရှောက်က ရုံးခန်းထဲမှာ အကြာကြီးထိုင်နေခဲ့တယ်။

-----

အဲဒီညမှာ ချင်ရှောက်က အရမ်းဉာဉ့်နက်မှပဲ ပြန်ရောက်လာခဲ့တယ်။

ဗီလိန်ဖြစ်တဲ့ Mr.ချင်က တကယ့်တမ်းတော့ မကြာခဏအချိန်ပိုဆင်းနေရပြီး ဇာတ်လိုက်ထက်တောင်မှ အလုပ်များနေတာကို တွေးမိတော့ စုပေက တကယ့်ကို ဂရုမစိုက်မိတော့ဘူး။

သို့ပေသိ ဒီနေ့တော့ စုပေက အစောကြီးမအိပ်ဖြစ်လောက်တော့ဘူး။ အခုချိန်မှာတော့ သူမဆီမှာ ကိုယ်ပိုင်ကွန်ပျူတာရှိပြီဖြစ်တာကြောင့် သူမက ချင်ရှောက်ဆီသွားကာ ငှားရမ်းနေစရာမလိုအပ်တော့ဘူးလေ။

စန္ဒရားဆရာမပြန်သွားပြီးနောက် စုပေက စန္ဒရားကို တစ်ခဏမျှ ဆက်လေ့ကျင့်နေခဲ့တယ်။ လေ့ကျင့်ပြီးသွားတော့ သူမအိပ်ခန်းဆီသို့ ပြန်လာခဲ့ပြီး ကွန်ပျူတာကိုဖွင့်လိုက်ကာ ‘Red Hacker Challenge’ ရဲ့ webpage ကို ဖွင့်လိုက်တယ်။

နောက်ဆုံးအခေါက်တုန်းက သူမအနေနဲ့ အစပိုင်းစိန်ခေါ်မှုကို အောင်မြင်သွားခဲ့တာကြောင့် စုပေက homepage ထဲသို့ ချက်ချင်းဝင်ရောက်နိုင်ခဲ့တယ်။ နောက်ဆုံးတစ်ခေါက်က သူမသေချာမဖတ်လိုက်ရတဲ့ အချက်အလက်တွေကို မြန်မြန်ဆန်ဆန်ဖတ်ရှုပြီးနောက်တော့ စုပေက မှတ်ပုံတင် page ဆီသို့ link ကို နှိပ်လိုက်တော့တယ်။

[နာမည်ပြောင်] : သူမမှာ စဉ်းစားထားတာမျိုးမရှိတာကြောင့် box ထဲမှာ ‘Q’ ဆိုတဲ့စာလုံးတစ်လုံးကိုသာ ရိုက်နှိပ်လိုက်တယ်။

[အသက်] : ၁၄

[လိင်] : အမျိုးသား၊ အမျိုးသမီး၊ အခြား။

-----

လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းပြီးနောက် စုပေက နောက်တစ်ဆင့်ကို နှိပ်လိုက်တယ်။

‘သက်သေခံအထောက်အထားအတည်ပြုစစ်ဆေးခြင်း’?! ဒီစကားလုံးတွေကိုကြည့်ရင်း စုပေက တောင့်ခဲသွားပြီး ညွှန်ကြားချက်အတန်းလိုက်ကြီးကို ကြည့်ရှုရန်အတွက် ကာဆာမြားလေးကို အလျင်အမြန်ရွှေ့လိုက်တယ် : ‘ပါဝင်ယှဉ်ပြိုင်သူများ၏ သက်သေခံအထောက်အထား အစစ်အမှန်ဖြစ်ကြောင်း သေချာစေရန်နှင့် ပြိုင်ပွဲ၏လုံခြုံရေးအရ ပွဲစီစဉ်သူများမှ ပါဝင်ယှဉ်ပြိုင်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အတည်ပြုစစ်ဆေးမည်ဖြစ်ပါသည်.....’

စုပေ : ...

သူတို့မှာ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုရှိပေမယ့် အခုပြဿနာဖြစ်နေတာကတော့ သူမဆီမှာ အိမ်ထောင်စုစာရင်းမှတ်ပုံတင်မှ မရှိတာကို သူမက ID နံပါတ်ကို ဘယ်လိုဖြည့်သွင်းပေးရမှာလဲ?

[Moon’s Note : တစ်ချို့နေရာတွေမှာ ဆီလျော်အောင်ပြန်ပေးထားပါတယ်။ အင်္ဂလိပ်လိုကျ ဖတ်ရတာနားလည်လွယ်ပေမယ့် မြန်မာလိုဘာသာပြန်တော့ ဒီအသုံးအနှုန်းတွေပဲ ထပ်နေသလို ဖြစ်နေလားလို့လေ။ အမလည်း ဒီ့ထက်ပိုကောင်းတဲ့စကားလုံး မစဉ်းစားတတ်တော့လို့ အဆင်ပြေသလိုပဲ ရေးလိုက်တယ်။ ဖတ်ရတာထောက်နေရင် နားမလည်ရင် အမ ညံ့လို့ပါနော်။ ခွင့်လွှတ်ပေးကြပါရှင့်]

[Kay : အသုံးအနှုန်းကထပ်တာမဟုတ်ပါဘူး ဒီလိုအကြောင်းအရာပဲဖြစ်နေလို့ ထပ်တယ်လို့ ခံစားနေရတာနေမှာပါ။ ဖတ်လို့ကောင်းတယ်အမရေ။ အရှေ့ပိုင်းမှာ အခဲမကြေခဲ့တဲ့ရိုက်ပွဲကို ဖေဖေကြီးက ပြန်ဖော်တော့မယ်ဆိုတော့ ပျော်တာပေါ့နော်]

22.11.2020
Sunday

_____

Thanks 😉

Continue Reading

You'll Also Like

875K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
47.8K 5K 184
Paid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့
399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 61.2K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...