LOVE, BUT HURT (Season 3)_ Th...

Por HninAung913

203K 27.5K 1.6K

ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလ... Más

Part 1 ( ပြန်လည်ရောက်ရှိလာခြင်း)
Part 2( အဖြူရောင် ဝတ်ရုံစ)
Part 3(အစားထိုး အမျိုးသားကိုယ်လုပ်တော်)
Part 4( မရင်းနှီးသော မျက်နှာတစ်စုံ)
Part 5 (ပထမဆုံးသော)
Part 6 (ဝတ်ရုံနက်နှင့် လုပ်ကြံသူ)
Part 7 (သတိရမိ....သူ)
Part 8 ( မင်း..ဘယ်သူလဲ)
Part 9 (မင်းအနားမှာပဲ ရှိနေပေးမယ်)
Part 10 ( မူလပိုင်ရှင်နှင့် ပတ်သတ်၍)
Part 11 ( ဝူနန်ပြည်နယ်မှ ထွက်ပေါ်လာသောကောလဟာလ)
Part 12 ( ကျင့်ယိချန်နှင့် တွေ့ဆုံခြင်း )
Part 13 ( ရင့်သီးလွန်းလှသော စကားလုံးများ)
Part 14 ( အမိန့်အမှာစာ ပါးလိုက်သည်)
Part 15 * ( အန်းလု.....ကိုယ့်ကိုယုံ)
Part 16 ( ယွဲ့ဖုန်ရေကန်က မီးမျှောပွဲ)
Part 17 (အရပ်က...ပိုပုသွားတာပဲ)
Part 18 ( မင်းတစ်ယောက်တည်း အတွက်ပဲ)
Part 19 ( မင်းသမီး ချင်းယာ)
Part 20 ( မင်းတစ်ယောက်တည်း)
Part 21( အင်အားပြိုင်ခြင်း)
Part 22 ( ၀န်ခံခြင်း)
Part 23 (ဆင့်ခေါ်လိုက်သူ)
Part 24 ( အပေးအယူ)
Part 25 (သူတစ်ယောက်တည်းသာ)
Part 26( သတိရမိတဲ့ လက်ထပ်ပွဲလေးတစ်ခု)
Part 27 ( ကျွန်တော့်ကို နားလည်ပေးလို့)
Part 28 ( လွတ်ငြိမ်းခွင့်)
Part 29 ( ယိချန်သို့ အမှာစာ)
Part 30 ( အသည်းကွဲသမားနဲ့အတူ သေရည်သောက်ခြင်း)
Part 31 ( နောက်တကြိမ် ထပ်ပြီးတော့...)
Part 32 (အန်းလုဆီက စာ)
Part 33 (မင်းက တိမ်စိုင်တွေလိုပဲ)
Part 34 (အန်းလု နိုးလာပြီ)
Part 35( ကျွန်တော်က လူသားတစ်ယောက်မလို့လား)
Part 36* (ကိုယ့်အချစ်ကို ယုံကြည်ပါ)
Part 37 ( မိန်းကလေးတယောက်လို ဝတ်စားခြင်း)
Part 38 ( ဆံထိုး)
Part 39 (မင်းအနားမှာ ကိုယ်ရှိတယ်)
Part 40 ( သွေးစွန်းအနမ်း)
Part 41 (ရင်ဝသို့ထိတွေ့လာသော ဓားတစ်ချောင်း)
Part 43 ( အသိစိတ်တို့ ကင်းမဲ့သော်လည်း)
Part 44 ( သူနိုးလာတော့ အန်းလုကအနားမှာမရှိဘူး)
Part 45 ( ပိုင်ရှင်ဆီ ပြန်ဖို့အချိန်ကျပြီ)
Part 46 ( ဆွဲကြိုးလေးရဲ့ပိုင်ရှင်က မင်းလေ)
Part 47 ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)
Part 48 ( နောက်ဆုံးသောစတင်ခြင်း) Final part

Part 42 ( ရွေးချယ်စရာ တစ်ခုတည်း)

1.7K 305 15
Por HninAung913

အပိုင်း ၄၂ ( ရွေးချယ်စရာ တစ်ခုတည်း)

ဒီတခေါက်နဲ့ဆို ဒီလိုကြောက်ဖို့ကောင်းတဲ့နေရာကို သူ ရောက်တာနှစ်ကြိမ်မြောက်ရှိပြီ။ ဒါပေမဲ့ ဒီတခေါက်ကမတူခဲ့ဘူး။ ဒီလိုအချိန်မှာ သူ့အနေနဲ့ ဒီအချုပ်ခန်းထဲမှာရှိနေတဲ့အရာတွေ၊ မီးရောင်မှိန်ပြပြသာရှိပြီး ကျန်နေရာတွေက မှောင်မိုက်နေတဲ့အတွက် ကြောက်လန့်ခြင်းတွေ၊ အားလုံးက လီချီရှန်းဆိုတဲ့ လူသားကိုသာစိုးရိမ်ပူပန်မိနေတဲ့ စိတ်တစ်ခုတည်းနဲ့ ဖုံးလွှမ်းပစ်လိုက်မိနိုင်သည်။ထုံးစံအတိုင်း အချုပ်ခန်းရဲ့ထောင့်တစ်နေရာမှာ ကျုံ့ကျုံ့လေးသာ သူထိုင်နေမိပြီး သူ့ရဲ့ကိုယ်ခန္တာနဲ့ လက်တွေမှာ ယခုအချိန်ထိ ချီရှန်းရဲ့သွေးတွေနဲ့ ပြည့်နေသေးတုန်းပဲ။

အန်းလုရဲ့ ကိုယ်ခန္တာတစ်ခုလုံးကတုန်ယင်နေသည်။ သူရဲ့အချုပ်ခန်းအနီးအနားမှာ မည်သူတစ်ဦးတစ်ယောက်မျှ မရှိကြချေ။ အကြောင်းအရင်းက အားလုံးကသူ့ကိုသေရာကပြန်ရှင်သန်လာတဲ့ မကောင်းဆိုးဝါးတစ်ကောင်အနေနဲ့ လန့်နေကြခြင်းဖြစ်သည်။

"အန်းလု......."

တိုင်လုံးတွေကာထားတဲ့ အချုပ်ခန်းရဲ့အပြင်ဘက်တွင် လူရိပ်တစ်ခုကိုသူတွေ့လိုက်ရတာကြောင့် ခေါင်းကိုမော့လာမိသည်။ ထိုရပ်နေသောလူက သူ့ကိုခေါ်လေ၏။ အန်းလုက ထိုလူ့အားမြင်တော့ ချက်ချင်းနေရာမှ ထကာ ထိုလူ့ထံသို့သွားလေ၏။ အနီးကပ် သေချာကြည့်တော့မှ

" ကျန်း...ကျန်းရှီ....မင်းကဘယ်လိုလုပ်...."

" ကျန်းရှီ..မဟုတ်ဘူး။ ငါနာမည်က ရှန်ဖန်း..."

"ရှန်ဖန်း....ရှန်ဖန်း..မင်း...မင်းကဘယ်လိုဖြစ်ပြီး.."

အန်းလု၏မျက်ဝန်းများက ပြူးကျယ်လာလေ၏။ သူ့ရှေ့တွင်ရှိနေသော ချီကျန်းရှီဆိုသော သူ၏ကိုယ်ခန္တာနှင့် ပြောဆိုနေသည့် ရှန်ဖန်းကို သူတအံ့တသြကြည့်နေမိသည်။ တခဏကြာတော့ အန်းလုခေါင်းကိုငုံ့လိူက်မိသည်။ ရှန်ဖန်းသည် သူ၏လက်နှစ်ဖက်ကိုနော​က်သို့ ပစ်ကာအန်းလုကိုကြည့်နေသည်။ သူ၏နှုတ်ခမ်းသည် ပြုံးရောင်သန်းနေလေ၏။

" ဒါဆို....မင်း...မင်းငါ့ကိုထိန်းချုပ်လိုက်တာလား။ ရေကန်မှာတုန်းက....မင်း...လူယုတ်မာ...."

အန်းလုက တိုင်များကြားထဲမှ သူ၏လက်ကိုထုတ်ကာ ရှန်ဖန်းအား လှမ်းဖမ်းရန်ကြိုးစားလိုက်၏။ ရှန်ဖန်းက သူ၏လက်နှစ်ဖက်ကိုနောက်သို့ပစ်ထဲလျက်ပင် နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်လိုက်သည်။ အန်းလုက အတင်းလှမ်းဖမ်းနေရင်း

" မင်းကိုငါပြောထားတယ်လေ။ သူ့ကိုထိခိုက်အောင်လုပ်ရင် မင်းကိုသတ်ပစ်မယ်လို့...."

"ဟားဟား...ဟားဟား...ရယ်လိုက်ရတာ....

ငါသူ့ကို ထိခိုက်အောင်မလူပ်မိပါဘူး။ "

ရှန်ဖန်းက သူ၏လက်တစ်ဖက်ကိုရှေ့သို့ဆန့်ထုတ်လိုက်ရင်း အန်းလုကိုလက်ညိုးထိုးလိုက်သည်။

" မင်း.....မင်းသူ့ကိုသတ်လို​က်တာလေ။

မင်းကိုယ်တိုင်ပဲ သူ့ရင်ဝကိုဓားနဲ့ ထိုးလိုက်တာလေ။ ကြည့်ပါအုန်း...မင်းရဲ့လက်နဲ့ အဝတ်တွေမှာ သူ့သွေးတွေ....အဲ့တာမင်းပဲလေ။ "

".....ငါ....ငါမဟုတ်ဘူး။

ငါ....သတ်တာမဟုတ်ဘူး။ "

အန်းလုက သူ၏လက်နှစ်ဖက်ကိုဖြန့်ကာကြည့်ရင်းပင် နောက်သို့ဆုတ်နေမိ၏။ သူအသိစိတ်ဝင်တဲ့အချိန်က ချီရှန်း၏ ပုံစံကိုတန်ပြန်ကာ မှတ်မိနေပြန်ပါ၏။ တကယ်ကို နာကျင်ခံစားရလိမ့်မည့်ဖြစ်ခြင်း။

" ဟုတ်တယ် ။ မင်းသတ်တာမဟူတ်ဘူး။ မင်း သူ့ကိုသတ်အောင်လို့....ငါမင်းကိုခိုင်းလိုက်တာ..."

အန်းလု၏မျက်ဝန်းမှ မျက်ရည်များကျဆင်းလာလေသည်။ လက်ဝါးနှစ်ဖက်ဖြန့်ထားသော လက်ကိုချက်ချင်းဆုပ်လိုက်ရင်း အံကိုကြိတ်ကာ မျက်စိကိုစုံမှိတ်လိုက်သည်။ ထို့နောက် သူ၏မျက်ဝန်းများကို ပြန်ဖွင့်ရင်း ရှေ့တွင်သူ့အားပြုံးလျက်ကြည့်နေသော ရှန်ဖန်းကိုပြန်ကြည့်ကာ

" ဘာလို့လဲ။..... ဘာလို့ဒီလိုဖြစ်အောင်လုပ်တာလဲ။ ငါတို့ လုပ်တဲ့အပေးအယူက..... အရမ်းရိုးတယ်လို့ ငါထင်ခဲ့တာ...."

"အပေးအယူ.....ဟုတ်လား......ဟားဟား....

ငါလို့ကောင်က ဘယ်သူနဲ့မှ အပေးအယူမလူပ်ဘူး။ အဲ့ဆံထိုးက ငါ့ရဲ့စွမ်းအားတွေကို ထိန်းချုပ်ထားတဲ့ အဆောင်တစ်ခုမလို့....အဲ့ဆံထိုးကိုဖျက်စီးနိုင်မဲ့သူကို လိုအပ်နေခဲ့တာ......အခုမင်းက အဲ့တာကိုလုပ်ပေးခဲ့တယ်လေ။ ပြီးတော့ ဒီလိုကြံ့ခိုင်သန်မာတဲ့ ကိုယ်ခန္တာထဲလည်း ဝင်ခွင့်ရလိုက်တယ်။

အင်း....တွေးကြည့်တော့ မင်းကိုကျေးဇူးတင်ရမှာပဲ။ "

ရှန်ဖန်းက ပြုံးလျက်ပင် သူ၏လက်နှစ်ဖက်အားတစ်ဖက်ကိုလက်ဝါးဖြန့်ကာ တစ်ဖက်ကိုလက်စီးဆုပ်လျက် ထိကပ်စေပြီး အန်းလုကို ပြောလိုက်သည်။

" ကျေးဇူးပဲ။ မင်းတို့ကို ဒီပြန်ခေါ်လိုက်ရလို့ ငါ့ရဲ့နောက်ဆုံးစွမ်းအားလက်ကျန်ကိုသုံးလိုက်ရပေမဲ့ အချည်းနှီးမဖြစ်ခဲ့ဘူး။

ဘာလို့ဆို...မင်းကအရမ်းလိမ်လို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲလေ။ ငါမင်းကို သဘောကျပါတယ်။"

" မင်း......"

အန်းလုက တိုင်လုံးအား လက်သီးဆုပ်ကာအားဖြင့်​ထုလိုက်သည်။ ရှန်ဖန်းက ဆက်ပြောလေ၏။

" ဒါပေမဲ့...မပူပါနဲ့။ လီချီရှန်းဆိုတဲ့ကောင်က မသေသေးပါဘူး။ သူ့ကိုအခုချက်ချင်းသေခိုင်းရင် ကစားပွဲက ပျော်ဖို့ဘယ်ကောင်းတော့မလဲ။ ဟူတ်တယ်မလား။

အဲ့တော့...ငါ့မှာ အရမ်းကောင်းတဲ့နည်းလမ်းတစ်ခုရှိတယ်။ "

" မင်း...ဘာတွေကြံစည်အုန်းမလို့လဲ။"

" အင်း....လွယ်ပါတယ်။ ငါက သူ့ကိုတဖြည်းဖြည်းချင်း ခံစားရပြီးသေစေချင်တာ....

အဲ...ဒီနေရာမှာ ဘာ့ကြောင့်ရယ်ဆိုတာမရှိဘူးနော်။ ငါက ဒီအတိုင်းသဘောကျလို့.....ငါက လူတွေကို နှိပ်စက်ညှင်းပန်းရတာကို သဘောကျတာ။ "

" မင်းက ရူးနေတဲ့သူတစ်ယောက်ပဲ။"

" မင်း....မှန်တယ်။ အဲ့တာကိုထားလိုက်တော့....။ မင်းအခု ငါနဲ့လိုက်ခဲ့ရမယ်။ တကယ့်ကစားပွဲက လီချီရှန်း ပြန်သတိရလာပြီးမှစတင်မှာဆိုတော့ ငါတို့ ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ဖို့အချိန်ရတာပေါ့။ ဟုတ်တယ်မလား။"

အန်းလုက တိုင်လုံးများကို ထိကိုင်ထားမိသော သူ၏လက်နှစ်ဖက်ကို လွှတ်ချလိုက်သည်။ ထိုလူပြောနေသော အရာများကအရမ်းကိုဆိုးရွားလွန်းနေသည်ကို သူသိသည်။ သူ၏အတွေးထဲတွင် လီချီရှန်းက ဆံထိုးကိုသူ့အားမပေးခဲ့စဥ်က စိတ်ခုခဲ့မိသည့် မိမိကိုယ်ကိုပင် ရိုက်သတ်ပစ်ချင်လောက်အောင်ဖြစ်မိ၏။ ထိုလူ၏စကားကို သူမကြားချင်ယောင်ဆောင်နေခဲ့သင့်သည်။ ထိုလူနှင့်မတွေ့မိအောင်နေခဲ့သင့်သည်။ အားလုံးက သူ့အမှားတွေပဲ။ အမြဲတမ်းကို သူသည်လီချီရှန်းဘဝ၏ အရှုပ်ထုပ်ဖြစ်နေခဲ့သည်။

ဘယ်ကမ္ဘာကိုပဲရောက်ရောက် လီချီရှန်းသည်သူ၏ခိုကိုးရာ ၊ မှီခိုရာ၊ အားထားရာ၊ နောက်ဆုံးသော ကြိုးစတစ်ခုဖြစ်ခဲ့သော်လည်း သူကမူ အမြဲလိုလို လီချီရှန်း၏ဘဝတွင် ပိတ်ဆို့လေ့ရှိသော အမှိုက်တစ်စ၊ ဆူးညှောင့်ခလုတ်တစ်ခုသာ ဖြစ်နေလေ၏။

လီချီရှန်းသည် မိမိကဲ့သို့ လူတစ်ယောက်အား မချစ်ခဲ့သင့်ပေ။ အားနည်း၊ နုံချာ၊ ညံ့ဖျင်းလွန်းသော မိမိကဲ့သို့လူသည် လီချီရှန်းဆိုသော လူသားတစ်ယောက်နှင့် မည်သို့မျှအပ်စပ်မှုမရှိခဲ့ပါချေ။

အန်းလု အချုပ်ခန်း၏ဘေးဘီကိုလှည့်ပတ်ကြည့်လိုက်မိသည်။ သူ၏အကြည့်သည် သူ၏အနောက်ဘက်တွင်ရှိသော ကျောက်နံရံတွင်အဆုံးသတ်၏။ ထို့နောက် ရှန်းဖန်းကိုပြန်ကြည့်လိုက်ရင်း

" မင်းသိလား။ ငါမင်းကို ပြောခဲ့ဖူးတယ်လေ။

တကယ်လို့ မကောင်းတာတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် ငါက ငါ့ကိုယ်ငါသတ်သေမဲ့လမ်းကိုပဲ ရွေးချယ်လိူက်မယ်လို့......"

အန်းလုက ပြောပြောနှင့်ပင် နောက်ဘက်သို့လှည့်ကာ ထိုကျောက်နံရံအား ခေါင်းနှင့်ပြေးတိုက်ရန်ပြင်လိုက်သည်။ ဤသည်က သူ၏နောက်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုပင်။ လီချီရှန်းကို သည့်ထက်ပို၍ခံစားစေမည့်အစား ယခုပင် သူ သေဆုံးလိုက်ခြင်းက အများကြီးပိုသက်သာစေလိမ့်အုန်းမည်။ ထို့အပြင် ဤတစ်ခေါက်တွင် သူဆုတောင်းမိသည်က သူသေဆုံးသွားပြီးနောက် ဘယ်တော့မှ ထပ်ပြီးဤနေရာသို့ရောက်မလာပါရစေနဲ့ဟူ၍သာဖြစ်သည်။

ရှန်ဖန်းက ရုတ်တရက်နံရံသို့ဦးတည်ပြေးလိုက်သောအန်းလုကြောင့် ထိတ်လန့်သွားရ၏။ သူကချက်ချင်းပင် သူ၏လက်ကိုဆန့်တန်းလိုက်ပြီး အော်လိုက်သည်။

" ရပ်လိုက်....."

နံရံနှင့်ထိလုနီးပါးရှိနေပြီဖြစ်သော အန်းလု၏ခေါင်းနှင့် ကိုယ်ခန္တာသည် ချက်ချင်းပင်ရပ်တန့်သွားရ၏။

" အခုချက်ချင်း ငါ့ဘက်ကိုလှည့်လာခဲ့။"

အန်းလုသည် သူ၏ကိုယ်ခန္တာကို ချက်ချင်းတည့်မတ်လိုက်ပြီး ရှန်ဖန်းရှိရာဘက်သို့ပြန်လှည့်လာသည်။ သူ၏မျက်ဝန်းများသည် ယခုအချိန်တွင်တော့ နီရဲကာနေလေ၏။ ရှန်ဖန်းသည် သူ၏လက်ကိုမျက်ခုံးနှစ်ခု​ကြားတွင် ဖိနှိပ်လိုက်ရင်း

" တော်သေးတာပေါ့။"

ထို့နောက် ရှန်ဖန်းကခါးကြားတွင် ထိုးထားသော သော့တံကိုယူလိုက်ပြီး အချုပ်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။

" ထွက်လာခဲ့။ ပြီးတော့ ငြိမ်ငြိမ်လေး ငါ့နောက်ကလိုက်ခဲ့။"

အန်းလုသည် အချုပ်ခန်းထဲမှ ထွက်လာပြီး ရှန်ဖန်းနောက်သို့လိုက်ပါသွားလေတော့သည်။ အချုပ်ခန်းပြင်ပအထိ ရှိသမျှအစောင့်တိုင်းသည် မြေပြင်ပေါ်တွင် လဲကျနေကြလေ၏။

.............................

" ကျွန်တော်မျိုးတို့ အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့အခြေအနေက စောင့်ကြည့်ရမဲ့အခြေအနေပါ။ ကျွန်တော်မျိုး စကားကို တပ်အပ်မပြောနိုင်တာမလို့...."

" သမားတော်ကြီးကို တောင်းဆိုပါတယ်။ အစွမ်းကုန် ကယ်တင်ဖို့လုပ်ပါ။"

".....ကျွန်တော်မျိုး ကြိုးစားနေပါတယ်။"

သမားတော်ကြီး၏မျက်နှာက မကောင်းချေ။ ရှောင်ရှင်းကို အတတ်နိုင်ဆုံးပြောဆိုပြီးတဲ့နောက် အပြင်သို့ ဆေးတစ်ချို့ဖော်စပ်ရန်ထွက်သွားလေ၏။ ရှောင်ရှင်းက အိပ်ယာထက်တွင် ငြိမ်သက်စွာလဲလျောင်းနေသော လီချီရှန်းအား လှမ်းကြည့်သည်။ ဘေးတွင် အားလော့ကချီရှန်း၏ လက်များကို ရေပတ်တိုက်ပေးနေသည်။ သူမလည်း မျက်နှာမကောင်းချေ။

ရှောင်ရှင်းအနားသို့ ရောက်ကာလာ၏။ အားလော့က ချီရှန်း၏လက်ကိုအသာချလိူက်ရင်း ရှောင်ရှင်းအနားသို့ အားကိုးတကြီးသွားသည်။

" စစ်သူကြီး....အန်းလု....က..."

" ကျွန်တော်...သူ့အကြောင်းကိုမကြားချင်ဘူး။ "

" ဒါပေမဲ့...."

" အရှင့်ကို ကျွန်တော်အစထဲက သူကအန္တာရယ်ရှိနိုင်တယ်ဆိုတာ ၊ သတိထားသင့်တယ်ဆိုတာ ပြောထားပြီးသား။

မူမမှန်တဲ့ လူတစ်ယောက်၊ သေလိုက်၊ ရှင်လိုက်ဖြစ်နေတဲ့ လူတစ်ယောက်က ဘယ်သူဘယ်လိုပဲကြည့်ကြည့်.....နောက်ဆုံးမှာ မကောင်းဆိုးဝါးတစ်ကောင်ပဲ။"

".........."

ရှောင်ရှင်းက ခက်ထန်နေသောမျက်နှာဖြင့် အားလော့ကိုသေချာကြည့်ရင်းပြောလိုက်သည်။ အားလော့သည် ထိတ်လန့်သွားပြီးနောက် သူမပြောရန်ပြင်နေသည့်စကားများပင် နှုတ်ခမ်းဝတွင်ပိတ်ဆို့သွားလေ၏။

ရှောင်ရှင်းက ချီရှန်းအနားသို့ဆက်လျောက်လာပြီး ချီရှန်းကိုကြည့်နေရင်းပင် နောက်တွင်မူလပုံစံအတိုင်း ရပ်နေမိသော အားလော့အား

" ကျွန်တော့်အတွက် အရှင်ကအရေးကြီးဆုံး သူတစ်ယောက်မလို့.....အရှင်သာတစ်ခုခုဖြစ်ခဲ့ရင် သူလည်း ဒီအတိုင်းရှိမနေစေရဘူး။"

အားလော့ သူမ၏ချီရှန်းအား သုတ်ပေး​နေသည့်လက်ကိုင်ပုဝါအား ရင်ဘတ်တွင်ကပ်လျက်ပင် ထိုစကားကြောင့် သူမ၏မျက်ဝန်းမှမျက်ရည်တို့စီးကျလာလေတော့သည်။

" စစ်သူကြီးရှောင်ရှင်း....."

ပြင်ပမှ ရုတ်တရက်ခေါ်လိုက်သည့်အသံကြောင့် ရှောင်ရှင်းကလှည့်ကြည့်မိသည်။ ငိုနေသည့်အားလော့သည်လည်း ချက်ချင်းနံရံဘက်သို့ လှည့်ကာ သူမ၏မျက်ရည်များကိုသုတ်ပစ်လိုက်၏။ ရှောင်ရှင်းက အားလော့ကို တချက်ကြည့်လိုက်သည်။ ထို့နောက်ချက်ချင်းမျက်နှာလွှဲကာ ပြင်ပတွင်ခေါ်နေသော ရဲမက်ဆီသို့သာအမြန်သွားလိူက်သည်။

" ဘာဖြစ်လို့လဲ။"

"ဟို....ဟို...တစ်ယောက်...ထောင်ဖောက်ပြေးသွားလို့...."

"ဘာ....မဖြစ်နိုင်ဘူး။"

" အစောင့်ရဲမက်တွေအကုန်လုံးကို မေ့လဲအောင်လုပ်ပြီး ထွက်သွားတာပါ။ သတိပြန်လည်လာတဲ့ ရဲမက်ပြောပုံအရ သူ့ကိုတခြားတယောက်ယောက်က တိုက်ခိုက်သွားတာပါတဲ့။ "

" ဘယ်သူလဲ သူသိလား။"

" အမတ်...အမတ်ချီကျန်းရှီလို့...ပြောပါတယ်။"

"ချီကျန်းရှီကဘာလို့...."

ရှောင်ရှင်းက ထိုကိစ္စကိုနားမလည်နိုင်ဖြစ်နေတော့သည်။ အမတ်ချီကျန်းရှီက ဤအတောအတွင်း ချီရှန်းနှင့် အပြောအဆိုအဆက်အသွယ်အရှိဆုံးအမတ်တစ်ယောက်ဖြစ်သည်။ ထို့အပြင် လီချီရှန်းသဘောအကျဆုံး အမတ်တစ်ယောက်လည်းဖြစ်နေချေ၏။

ရှောင်ရှင်းခေါင်းကိုငုံ့ကာ သူ၏ခေါင်းကိုအတွင်တွင်ခါပစ်လိုက်သည်။ သူ့ရှေ့ရှိ သတင်းပို့သူအား

" လိုက်....သူတို့နောက်ကိုလိုက်ပြီး ဖမ်းခေါ်လာခဲ့။ ပြီးတော့ မှတ်ထား....ကိုယ်လုပ်တော်လုကို ဘာအကြောင်းကြောင့်ရယ်နဲ့မှ မထိခိုက်မိစေနဲ့။"

" အမိန့်အတိုင်းပါ ။"

~~~~~~~~~~~~~~~~~~~~~~~~~~~

အပိုင္း ၄၂ ( ေရြးခ်ယ္စရာ တစ္ခုတည္း)

ဒီတေခါက္နဲ႔ဆို ဒီလိုေၾကာက္ဖို႔ေကာင္းတဲ့ေနရာကို သူ ေရာက္တာႏွစ္ႀကိမ္ေျမာက္ရွိၿပီ။ ဒါေပမဲ့ ဒီတေခါက္ကမတူခဲ့ဘူး။ ဒီလိုအခ်ိန္မွာ သူ႔အေနနဲ႔ ဒီအခ်ဳပ္ခန္းထဲမွာရွိေနတဲ့အရာေတြ၊ မီးေရာင္မွိန္ျပျပသာရွိၿပီး က်န္ေနရာေတြက ေမွာင္မိုက္ေနတဲ့အတြက္ ေၾကာက္လန္႔ျခင္းေတြ၊ အားလုံးက လီခ်ီရွန္းဆိုတဲ့ လူသားကိုသာစိုးရိမ္ပူပန္မိေနတဲ့ စိတ္တစ္ခုတည္းနဲ႔ ဖုံးလႊမ္းပစ္လိုက္မိနိုင္သည္။ထုံးစံအတိုင္း အခ်ဳပ္ခန္းရဲ့ေထာင့္တစ္ေနရာမွာ က်ဳံ႕က်ဳံ႕ေလးသာ သူထိုင္ေနမိၿပီး သူ႔ရဲ့ကိုယ္ခႏၲာနဲ႔ လက္ေတြမွာ ယခုအခ်ိန္ထိ ခ်ီရွန္းရဲ့ေသြးေတြနဲ႔ ျပည့္ေနေသးတုန္းပဲ။

အန္းလုရဲ့ ကိုယ္ခႏၲာတစ္ခုလုံးကတုန္ယင္ေနသည္။ သူရဲ့အခ်ဳပ္ခန္းအနီးအနားမွာ မည္သူတစ္ဦးတစ္ေယာက္မၽွ မရွိၾကေခ်။ အေၾကာင္းအရင္းက အားလုံးကသူ႔ကိုေသရာကျပန္ရွင္သန္လာတဲ့ မေကာင္းဆိုးဝါးတစ္ေကာင္အေနနဲ႔ လန္႔ေနၾကျခင္းျဖစ္သည္။

"အန္းလု......."

တိုင္လုံးေတြကာထားတဲ့ အခ်ဳပ္ခန္းရဲ့အျပင္ဘက္တြင္ လူရိပ္တစ္ခုကိုသူေတြ႕လိုက္ရတာေၾကာင့္ ေခါင္းကိုေမာ့လာမိသည္။ ထိုရပ္ေနေသာလူက သူ႔ကိုေခၚေလ၏။ အန္းလုက ထိုလူ႔အားျမင္ေတာ့ ခ်က္ခ်င္းေနရာမွ ထကာ ထိုလူ႔ထံသို႔သြားေလ၏။ အနီးကပ္ ေသခ်ာၾကည့္ေတာ့မွ

" က်န္း...က်န္းရွီ....မင္းကဘယ္လိုလုပ္...."

" က်န္းရွီ..မဟုတ္ဘူး။ ငါနာမည္က ရွန္ဖန္း..."

"ရွန္ဖန္း....ရွန္ဖန္း..မင္း...မင္းကဘယ္လိုျဖစ္ၿပီး.."

အန္းလု၏မ်က္ဝန္းမ်ားက ျပဴးက်ယ္လာေလ၏။ သူ႔ေရွ႕တြင္ရွိေနေသာ ခ်ီက်န္းရွီဆိုေသာ သူ၏ကိုယ္ခႏၲာႏွင့္ ေျပာဆိုေနသည့္ ရွန္ဖန္းကို သူတအံ့တၾသၾကည့္ေနမိသည္။ တခဏၾကာေတာ့ အန္းလုေခါင္းကိုငုံ႔လိူက္မိသည္။ ရွန္ဖန္းသည္ သူ၏လက္ႏွစ္ဖက္ကိုေနာ​က္သို႔ ပစ္ကာအန္းလုကိုၾကည့္ေနသည္။ သူ၏ႏွုတ္ခမ္းသည္ ျပဳံးေရာင္သန္းေနေလ၏။

" ဒါဆို....မင္း...မင္းငါ့ကိုထိန္းခ်ဳပ္လိုက္တာလား။ ေရကန္မွာတုန္းက....မင္း...လူယုတ္မာ...."

အန္းလုက တိုင္မ်ားၾကားထဲမွ သူ၏လက္ကိုထုတ္ကာ ရွန္ဖန္းအား လွမ္းဖမ္းရန္ႀကိဳးစားလိုက္၏။ ရွန္ဖန္းက သူ၏လက္ႏွစ္ဖက္ကိုေနာက္သို႔ပစ္ထဲလ်က္ပင္ ေနာက္သို႔ ေျခႏွစ္လွမ္းခန္႔ဆုတ္လိုက္သည္။ အန္းလုက အတင္းလွမ္းဖမ္းေနရင္း

" မင္းကိုငါေျပာထားတယ္ေလ။ သူ႔ကိုထိခိုက္ေအာင္လုပ္ရင္ မင္းကိုသတ္ပစ္မယ္လို႔...."

"ဟားဟား...ဟားဟား...ရယ္လိုက္ရတာ....

ငါသူ႔ကို ထိခိုက္ေအာင္မလူပ္မိပါဘူး။ "

ရွန္ဖန္းက သူ၏လက္တစ္ဖက္ကိုေရွ႕သို႔ဆန္႔ထုတ္လိုက္ရင္း အန္းလုကိုလက္ညိဳးထိုးလိုက္သည္။

" မင္း.....မင္းသူ႔ကိုသတ္လို​က္တာေလ။

မင္းကိုယ္တိုင္ပဲ သူ႔ရင္ဝကိုဓားနဲ႔ ထိုးလိုက္တာေလ။ ၾကည့္ပါအုန္း...မင္းရဲ့လက္နဲ႔ အဝတ္ေတြမွာ သူ႔ေသြးေတြ....အဲ့တာမင္းပဲေလ။ "

".....ငါ....ငါမဟုတ္ဘူး။

ငါ....သတ္တာမဟုတ္ဘူး။ "

အန္းလုက သူ၏လက္ႏွစ္ဖက္ကိုျဖန္႔ကာၾကည့္ရင္းပင္ ေနာက္သို႔ဆုတ္ေနမိ၏။ သူအသိစိတ္ဝင္တဲ့အခ်ိန္က ခ်ီရွန္း၏ ပုံစံကိုတန္ျပန္ကာ မွတ္မိေနျပန္ပါ၏။ တကယ္ကို နာက်င္ခံစားရလိမ့္မည့္ျဖစ္ျခင္း။

" ဟုတ္တယ္ ။ မင္းသတ္တာမဟူတ္ဘူး။ မင္း သူ႔ကိုသတ္ေအာင္လို႔....ငါမင္းကိုခိုင္းလိုက္တာ..."

အန္းလု၏မ်က္ဝန္းမွ မ်က္ရည္မ်ားက်ဆင္းလာေလသည္။ လက္ဝါးႏွစ္ဖက္ျဖန္႔ထားေသာ လက္ကိုခ်က္ခ်င္းဆုပ္လိုက္ရင္း အံကိုႀကိတ္ကာ မ်က္စိကိုစုံမွိတ္လိုက္သည္။ ထို႔ေနာက္ သူ၏မ်က္ဝန္းမ်ားကို ျပန္ဖြင့္ရင္း ေရွ႕တြင္သူ႔အားျပဳံးလ်က္ၾကည့္ေနေသာ ရွန္ဖန္းကိုျပန္ၾကည့္ကာ

" ဘာလို႔လဲ။..... ဘာလို႔ဒီလိုျဖစ္ေအာင္လုပ္တာလဲ။ ငါတို႔ လုပ္တဲ့အေပးအယူက..... အရမ္းရိုးတယ္လို႔ ငါထင္ခဲ့တာ...."

"အေပးအယူ.....ဟုတ္လား......ဟားဟား....

ငါလို႔ေကာင္က ဘယ္သူနဲ႔မွ အေပးအယူမလူပ္ဘူး။ အဲ့ဆံထိုးက ငါ့ရဲ့စြမ္းအားေတြကို ထိန္းခ်ဳပ္ထားတဲ့ အေဆာင္တစ္ခုမလို႔....အဲ့ဆံထိုးကိုဖ်က္စီးနိုင္မဲ့သူကို လိုအပ္ေနခဲ့တာ......အခုမင္းက အဲ့တာကိုလုပ္ေပးခဲ့တယ္ေလ။ ၿပီးေတာ့ ဒီလိုႀကံ့ခိုင္သန္မာတဲ့ ကိုယ္ခႏၲာထဲလည္း ဝင္ခြင့္ရလိုက္တယ္။

အင္း....ေတြးၾကည့္ေတာ့ မင္းကိုေက်းဇူးတင္ရမွာပဲ။ "

ရွန္ဖန္းက ျပဳံးလ်က္ပင္ သူ၏လက္ႏွစ္ဖက္အားတစ္ဖက္ကိုလက္ဝါးျဖန္႔ကာ တစ္ဖက္ကိုလက္စီးဆုပ္လ်က္ ထိကပ္ေစၿပီး အန္းလုကို ေျပာလိုက္သည္။

" ေက်းဇူးပဲ။ မင္းတို႔ကို ဒီျပန္ေခၚလိုက္ရလို႔ ငါ့ရဲ့ေနာက္ဆုံးစြမ္းအားလက္က်န္ကိုသုံးလိုက္ရေပမဲ့ အခ်ည္းႏွီးမျဖစ္ခဲ့ဘူး။

ဘာလို႔ဆို...မင္းကအရမ္းလိမ္လို႔ေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္ပဲေလ။ ငါမင္းကို သေဘာက်ပါတယ္။"

" မင္း......"

အန္းလုက တိုင္လုံးအား လက္သီးဆုပ္ကာအားျဖင့္​ထုလိုက္သည္။ ရွန္ဖန္းက ဆက္ေျပာေလ၏။

" ဒါေပမဲ့...မပူပါနဲ႔။ လီခ်ီရွန္းဆိုတဲ့ေကာင္က မေသေသးပါဘူး။ သူ႔ကိုအခုခ်က္ခ်င္းေသခိုင္းရင္ ကစားပြဲက ေပ်ာ္ဖို႔ဘယ္ေကာင္းေတာ့မလဲ။ ဟူတ္တယ္မလား။

အဲ့ေတာ့...ငါ့မွာ အရမ္းေကာင္းတဲ့နည္းလမ္းတစ္ခုရွိတယ္။ "

" မင္း...ဘာေတြႀကံစည္အုန္းမလို႔လဲ။"

" အင္း....လြယ္ပါတယ္။ ငါက သူ႔ကိုတျဖည္းျဖည္းခ်င္း ခံစားရၿပီးေသေစခ်င္တာ....

အဲ...ဒီေနရာမွာ ဘာ့ေၾကာင့္ရယ္ဆိုတာမရွိဘူးေနာ္။ ငါက ဒီအတိုင္းသေဘာက်လို႔.....ငါက လူေတြကို ႏွိပ္စက္ညႇင္းပန္းရတာကို သေဘာက်တာ။ "

" မင္းက ႐ူးေနတဲ့သူတစ္ေယာက္ပဲ။"

" မင္း....မွန္တယ္။ အဲ့တာကိုထားလိုက္ေတာ့....။ မင္းအခု ငါနဲ႔လိုက္ခဲ့ရမယ္။ တကယ့္ကစားပြဲက လီခ်ီရွန္း ျပန္သတိရလာၿပီးမွစတင္မွာဆိုေတာ့ ငါတို႔ ျပင္ဆင္စရာရွိတာေလးေတြ ျပင္ဆင္ဖို႔အခ်ိန္ရတာေပါ့။ ဟုတ္တယ္မလား။"

အန္းလုက တိုင္လုံးမ်ားကို ထိကိုင္ထားမိေသာ သူ၏လက္ႏွစ္ဖက္ကို လႊတ္ခ်လိုက္သည္။ ထိုလူေျပာေနေသာ အရာမ်ားကအရမ္းကိုဆိုးရြားလြန္းေနသည္ကို သူသိသည္။ သူ၏အေတြးထဲတြင္ လီခ်ီရွန္းက ဆံထိုးကိုသူ႔အားမေပးခဲ့စဥ္က စိတ္ခုခဲ့မိသည့္ မိမိကိုယ္ကိုပင္ ရိုက္သတ္ပစ္ခ်င္ေလာက္ေအာင္ျဖစ္မိ၏။ ထိုလူ၏စကားကို သူမၾကားခ်င္ေယာင္ေဆာင္ေနခဲ့သင့္သည္။ ထိုလူႏွင့္မေတြ႕မိေအာင္ေနခဲ့သင့္သည္။ အားလုံးက သူ႔အမွားေတြပဲ။ အျမဲတမ္းကို သူသည္လီခ်ီရွန္းဘဝ၏ အရွုပ္ထုပ္ျဖစ္ေနခဲ့သည္။

ဘယ္ကမၻာကိုပဲေရာက္ေရာက္ လီခ်ီရွန္းသည္သူ၏ခိုကိုးရာ ၊ မွီခိုရာ၊ အားထားရာ၊ ေနာက္ဆုံးေသာ ႀကိဳးစတစ္ခုျဖစ္ခဲ့ေသာ္လည္း သူကမူ အျမဲလိုလို လီခ်ီရွန္း၏ဘဝတြင္ ပိတ္ဆို႔ေလ့ရွိေသာ အမွိုက္တစ္စ၊ ဆူးေညႇာင့္ခလုတ္တစ္ခုသာ ျဖစ္ေနေလ၏။

လီခ်ီရွန္းသည္ မိမိကဲ့သို႔ လူတစ္ေယာက္အား မခ်စ္ခဲ့သင့္ေပ။ အားနည္း၊ ႏုံခ်ာ၊ ညံ့ဖ်င္းလြန္းေသာ မိမိကဲ့သို႔လူသည္ လီခ်ီရွန္းဆိုေသာ လူသားတစ္ေယာက္ႏွင့္ မည္သို႔မၽွအပ္စပ္မွုမရွိခဲ့ပါေခ်။

အန္းလု အခ်ဳပ္ခန္း၏ေဘးဘီကိုလွည့္ပတ္ၾကည့္လိုက္မိသည္။ သူ၏အၾကည့္သည္ သူ၏အေနာက္ဘက္တြင္ရွိေသာ ေက်ာက္နံရံတြင္အဆုံးသတ္၏။ ထို႔ေနာက္ ရွန္းဖန္းကိုျပန္ၾကည့္လိုက္ရင္း

" မင္းသိလား။ ငါမင္းကို ေျပာခဲ့ဖူးတယ္ေလ။

တကယ္လို႔ မေကာင္းတာတစ္ခုခုျဖစ္လာခဲ့မယ္ဆိုရင္ ငါက ငါ့ကိုယ္ငါသတ္ေသမဲ့လမ္းကိုပဲ ေရြးခ်ယ္လိူက္မယ္လို႔......"

အန္းလုက ေျပာေျပာႏွင့္ပင္ ေနာက္ဘက္သို႔လွည့္ကာ ထိုေက်ာက္နံရံအား ေခါင္းႏွင့္ေျပးတိုက္ရန္ျပင္လိုက္သည္။ ဤသည္က သူ၏ေနာက္ဆုံးေသာ ဆုံးျဖတ္ခ်က္တစ္ခုပင္။ လီခ်ီရွန္းကို သည့္ထက္ပို၍ခံစားေစမည့္အစား ယခုပင္ သူ ေသဆုံးလိုက္ျခင္းက အမ်ားႀကီးပိုသက္သာေစလိမ့္အုန္းမည္။ ထို႔အျပင္ ဤတစ္ေခါက္တြင္ သူဆုေတာင္းမိသည္က သူေသဆုံးသြားၿပီးေနာက္ ဘယ္ေတာ့မွ ထပ္ၿပီးဤေနရာသို႔ေရာက္မလာပါရေစနဲ႔ဟူ၍သာျဖစ္သည္။

ရွန္ဖန္းက ႐ုတ္တရက္နံရံသို႔ဦးတည္ေျပးလိုက္ေသာအန္းလုေၾကာင့္ ထိတ္လန္႔သြားရ၏။ သူကခ်က္ခ်င္းပင္ သူ၏လက္ကိုဆန္႔တန္းလိုက္ၿပီး ေအာ္လိုက္သည္။

" ရပ္လိုက္....."

နံရံႏွင့္ထိလုနီးပါးရွိေနၿပီျဖစ္ေသာ အန္းလု၏ေခါင္းႏွင့္ ကိုယ္ခႏၲာသည္ ခ်က္ခ်င္းပင္ရပ္တန္႔သြားရ၏။

" အခုခ်က္ခ်င္း ငါ့ဘက္ကိုလွည့္လာခဲ့။"

အန္းလုသည္ သူ၏ကိုယ္ခႏၲာကို ခ်က္ခ်င္းတည့္မတ္လိုက္ၿပီး ရွန္ဖန္းရွိရာဘက္သို႔ျပန္လွည့္လာသည္။ သူ၏မ်က္ဝန္းမ်ားသည္ ယခုအခ်ိန္တြင္ေတာ့ နီရဲကာေနေလ၏။ ရွန္ဖန္းသည္ သူ၏လက္ကိုမ်က္ခုံးႏွစ္ခု​ၾကားတြင္ ဖိႏွိပ္လိုက္ရင္း

" ေတာ္ေသးတာေပါ့။"

ထို႔ေနာက္ ရွန္ဖန္းကခါးၾကားတြင္ ထိုးထားေသာ ေသာ့တံကိုယူလိုက္ၿပီး အခ်ဳပ္ခန္းတံခါးကိုဖြင့္ေပးလိုက္သည္။

" ထြက္လာခဲ့။ ၿပီးေတာ့ ၿငိမ္ၿငိမ္ေလး ငါ့ေနာက္ကလိုက္ခဲ့။"

အန္းလုသည္ အခ်ဳပ္ခန္းထဲမွ ထြက္လာၿပီး ရွန္ဖန္းေနာက္သို႔လိုက္ပါသြားေလေတာ့သည္။ အခ်ဳပ္ခန္းျပင္ပအထိ ရွိသမၽွအေစာင့္တိုင္းသည္ ေျမျပင္ေပၚတြင္ လဲက်ေနၾကေလ၏။

.............................

" ကၽြန္ေတာ္မ်ိဳးတို႔ အေကာင္းဆုံးႀကိဳးစားေနပါတယ္။ ဒါေပမဲ့ အရွင္မင္းႀကီးရဲ့အေျခအေနက ေစာင့္ၾကည့္ရမဲ့အေျခအေနပါ။ ကၽြန္ေတာ္မ်ိဳး စကားကို တပ္အပ္မေျပာနိုင္တာမလို႔...."

" သမားေတာ္ႀကီးကို ေတာင္းဆိုပါတယ္။ အစြမ္းကုန္ ကယ္တင္ဖို႔လုပ္ပါ။"

".....ကၽြန္ေတာ္မ်ိဳး ႀကိဳးစားေနပါတယ္။"

သမားေတာ္ႀကီး၏မ်က္ႏွာက မေကာင္းေခ်။ ေရွာင္ရွင္းကို အတတ္နိုင္ဆုံးေျပာဆိုၿပီးတဲ့ေနာက္ အျပင္သို႔ ေဆးတစ္ခ်ိဳ႕ေဖာ္စပ္ရန္ထြက္သြားေလ၏။ ေရွာင္ရွင္းက အိပ္ယာထက္တြင္ ၿငိမ္သက္စြာလဲေလ်ာင္းေနေသာ လီခ်ီရွန္းအား လွမ္းၾကည့္သည္။ ေဘးတြင္ အားေလာ့ကခ်ီရွန္း၏ လက္မ်ားကို ေရပတ္တိုက္ေပးေနသည္။ သူမလည္း မ်က္ႏွာမေကာင္းေခ်။

ေရွာင္ရွင္းအနားသို႔ ေရာက္ကာလာ၏။ အားေလာ့က ခ်ီရွန္း၏လက္ကိုအသာခ်လိူက္ရင္း ေရွာင္ရွင္းအနားသို႔ အားကိုးတႀကီးသြားသည္။

" စစ္သူႀကီး....အန္းလု....က..."

" ကၽြန္ေတာ္...သူ႔အေၾကာင္းကိုမၾကားခ်င္ဘူး။ "

" ဒါေပမဲ့...."

" အရွင့္ကို ကၽြန္ေတာ္အစထဲက သူကအႏၲာရယ္ရွိနိုင္တယ္ဆိုတာ ၊ သတိထားသင့္တယ္ဆိုတာ ေျပာထားၿပီးသား။

မူမမွန္တဲ့ လူတစ္ေယာက္၊ ေသလိုက္၊ ရွင္လိုက္ျဖစ္ေနတဲ့ လူတစ္ေယာက္က ဘယ္သူဘယ္လိုပဲၾကည့္ၾကည့္.....ေနာက္ဆုံးမွာ မေကာင္းဆိုးဝါးတစ္ေကာင္ပဲ။"

".........."

ေရွာင္ရွင္းက ခက္ထန္ေနေသာမ်က္ႏွာျဖင့္ အားေလာ့ကိုေသခ်ာၾကည့္ရင္းေျပာလိုက္သည္။ အားေလာ့သည္ ထိတ္လန္႔သြားၿပီးေနာက္ သူမေျပာရန္ျပင္ေနသည့္စကားမ်ားပင္ ႏွုတ္ခမ္းဝတြင္ပိတ္ဆို႔သြားေလ၏။

ေရွာင္ရွင္းက ခ်ီရွန္းအနားသို႔ဆက္ေလ်ာက္လာၿပီး ခ်ီရွန္းကိုၾကည့္ေနရင္းပင္ ေနာက္တြင္မူလပုံစံအတိုင္း ရပ္ေနမိေသာ အားေလာ့အား

" ကၽြန္ေတာ့္အတြက္ အရွင္ကအေရးႀကီးဆုံး သူတစ္ေယာက္မလို႔.....အရွင္သာတစ္ခုခုျဖစ္ခဲ့ရင္ သူလည္း ဒီအတိုင္းရွိမေနေစရဘူး။"

အားေလာ့ သူမ၏ခ်ီရွန္းအား သုတ္ေပး​ေနသည့္လက္ကိုင္ပုဝါအား ရင္ဘတ္တြင္ကပ္လ်က္ပင္ ထိုစကားေၾကာင့္ သူမ၏မ်က္ဝန္းမွမ်က္ရည္တို႔စီးက်လာေလေတာ့သည္။

" စစ္သူႀကီးေရွာင္ရွင္း....."

ျပင္ပမွ ႐ုတ္တရက္ေခၚလိုက္သည့္အသံေၾကာင့္ ေရွာင္ရွင္းကလွည့္ၾကည့္မိသည္။ ငိုေနသည့္အားေလာ့သည္လည္း ခ်က္ခ်င္းနံရံဘက္သို႔ လွည့္ကာ သူမ၏မ်က္ရည္မ်ားကိုသုတ္ပစ္လိုက္၏။ ေရွာင္ရွင္းက အားေလာ့ကို တခ်က္ၾကည့္လိုက္သည္။ ထို႔ေနာက္ခ်က္ခ်င္းမ်က္ႏွာလႊဲကာ ျပင္ပတြင္ေခၚေနေသာ ရဲမက္ဆီသို႔သာအျမန္သြားလိူက္သည္။

" ဘာျဖစ္လို႔လဲ။"

"ဟို....ဟို...တစ္ေယာက္...ေထာင္ေဖာက္ေျပးသြားလို႔...."

"ဘာ....မျဖစ္နိုင္ဘူး။"

" အေစာင့္ရဲမက္ေတြအကုန္လုံးကို ေမ့လဲေအာင္လုပ္ၿပီး ထြက္သြားတာပါ။ သတိျပန္လည္လာတဲ့ ရဲမက္ေျပာပုံအရ သူ႔ကိုတျခားတေယာက္ေယာက္က တိုက္ခိုက္သြားတာပါတဲ့။ "

" ဘယ္သူလဲ သူသိလား။"

" အမတ္...အမတ္ခ်ီက်န္းရွီလို႔...ေျပာပါတယ္။"

"ခ်ီက်န္းရွီကဘာလို႔...."

ေရွာင္ရွင္းက ထိုကိစၥကိုနားမလည္နိုင္ျဖစ္ေနေတာ့သည္။ အမတ္ခ်ီက်န္းရွီက ဤအေတာအတြင္း ခ်ီရွန္းႏွင့္ အေျပာအဆိုအဆက္အသြယ္အရွိဆုံးအမတ္တစ္ေယာက္ျဖစ္သည္။ ထို႔အျပင္ လီခ်ီရွန္းသေဘာအက်ဆုံး အမတ္တစ္ေယာက္လည္းျဖစ္ေနေခ်၏။

ေရွာင္ရွင္းေခါင္းကိုငုံ႔ကာ သူ၏ေခါင္းကိုအတြင္တြင္ခါပစ္လိုက္သည္။ သူ႔ေရွ႕ရွိ သတင္းပို႔သူအား

" လိုက္....သူတို႔ေနာက္ကိုလိုက္ၿပီး ဖမ္းေခၚလာခဲ့။ ၿပီးေတာ့ မွတ္ထား....ကိုယ္လုပ္ေတာ္လုကို ဘာအေၾကာင္းေၾကာင့္ရယ္နဲ႔မွ မထိခိုက္မိေစနဲ႔။"

" အမိန္႔အတိုင္းပါ ။"

~~~~~~~~~~~~~~~~~~~~~~~~~~~

Seguir leyendo

También te gustarán

114K 13.8K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
377K 38.1K 29
ဒုတိအႀကိမ္ေျမာက္ BL ဖန္တီးမႈ ျဖစ္ပါတယ္ ဘာသာျပန္မဟုတ္ပါ လ်န္တိုင္းျပည္ရဲ႕ ရမ္းကားတတ္တဲ့ ဘုရင္ ရင္ခ်င္းစူးက က်င္းဝမ္ကို ငယ္ကတည္းက မႏွစ္သက္ပါဘူး က်င္းဝမ...
67.4K 4.6K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
189K 20.6K 100
ဘာသာပြန်သူ - စွဲညို့အသင်း