Lucius က ရှင်းပြလာသည်.
"မင်းကို ဂါဝန်နဲ့တွေ့လိုက်ရလို့ ငါ အံ့ဩသွားလို့ပါ"
ဒါကြောင့် သူဘာမှပြောမထွက်နိုင်ခဲ့တာဖြစ်သည်. Poliana ကို စစ်ထွက်ဝတ်စုံအပြည့်အစုံနဲ့တွေ့လိုက်ရင်တောင်မှ သူက ဒီလောက်အံ့ဩမိမှာမဟုတ်ပေ.
"Sir Pol... မင်းကို အခုလို ဂါဝန်နဲ့တွေ့လိုက်တော့... အရမ်းအံ့အားသင့်စရာကောင်းတာပဲ. မင်းနဲ့အရမ်းလိုက်တယ်! မင်းနဲ့မလိုက်လို့ ငါအံ့ဩတာမဟုတ်ပါဘူး. မင်းနဲ့ အရမ်းလိုက်လို့ ငါ အံ့ဩသွားတာ.. အဲ့တာ.. ဟုတ်တယ်.. မင်းက အရမ်းအံ့အားသင့်ဖို့ကောင်းတယ်.. လှလဲလှတယ်.. ဟုတ်တယ်.. မင်းက ချပ်ဝတ်နဲ့ပဲဖြစ်ဖြစ် ဂါဝန်နဲ့ပဲဖြစ်ဖြစ် အရမ်းကြည့်ကောင်းတယ်"
ဧကရာဇ်က ရှက်မိသလိုဖြစ်နေကာ အနေရခက်နေတာကြောင့် သူက တိတ်တခိုးရေရွတ်နေသည်. သူပိုပြီးထိတ်လန့်သွားတာက Poliana ဂါဝန်ဝတ်ထားတဲ့အချက်မဟုတ်ပဲ သူ့နှလုံးက ပြင်းထန်ကျယ်လောင်စွာနဲ့ ခုန်ပေါက်နေလို့ပဲဖြစ်သည်.
Thump! Thump!
ရုတ်တရက် Poliana က သူ့လက်မောင်းကို ဆွဲကာ အနီးဆုံးနံရံဘက်ကို တွန်းကပ်လိုက်သည်.
SLAM!
Lucius က နံရံနဲ့ Poliana ကြားမှာ ပိတ်မိသွားသည်. သူတို့မျက်လုံးချင်းဆုံသွားကြပြီး. Poliana က သူ့ကို စေ့စေ့စိုက်ကြည့်နေသည်. သူမက တခြားကို အကြည့်မလွှဲသွားတော့ ဧကရာဇ်ရဲ့ မျက်လုံးတွေက လှုပ်ရှားယိမ်းယိုင်လာသည်.
သူ့နှုတ်ခမ်းက သူ့အလိုလိုအနည်းငယ်ဟသွားတဲ့အချိန်မှာ Poliana က လျင်မြန်စွာနဲ့ ထွက်သွားကာ ပြတင်းပေါက်တွေနဲ့ လိုက်ကာတွေကို ပိတ်ချလိုက်သည်. သူမက စိတ်ပူစွာနဲ့ တီးတိုးပြောလာသည်.
"အရှင်! တစ်ယောက်ယောက်က ပြတင်းပေါက်ကနေပြီး မြှားနဲ့ပစ်လာရင် ဘယ်လိုလုပ်မလဲ?!"
သူမဧကရာဇ်က သူမကို ထိတ်လန့် စိတ်ပူအောင်လုပ်ရတာကို ပျော်ပုံရသည်. ပြတင်းပေါက်တွေအားလုံး သေချာပိတ်ထားကြောင်း သေချာသွားချိန်မှာတော့ Poliana က သူ့ဘက်ကို ပြန်လှည့်လာသည်.
"အရှင်!!!!"
Lucius က သူ့လက်နဲ့ သူ့ရင်ဘတ်ကို ရိုက်နေတာတွေ့တော့ သူမက သူ့ဆီပြေးသွားလိုက်သည်. လှပတဲ့အမျိုးသားလေးက အသက်ရှူမရဖြစ်နေသည်. သူနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတယ်ဆိုတာ သေချာနေသည်. သူ့နှလုံးကလား?
Poliana က သူ့နားကို ချဉ်းကပ်သွားပြီးတော့ သူ့ကို သူမရင်ဘတ်ပေါ်မှီစေလိုက်ကာ ပြောလိုက်သည်.
"အရှင်! ဘာဖြစ်လို့လဲ?! နေမကောင်းဘူးလား?"
"ငါ့နှလုံး.... ငါ့နှလုံး..."
"အရှင်အခုတလော အရမ်းအလုပ်များနေတယ်လို့ ကြားတယ်. အရှင် အဆင်ပြေရဲ့လား? ကျွန်မ သမားတော်သွားခေါ်လိုက်ရမလား?"
"ငါ့ နှလုံးက ပေါက်ထွက်တော့မလို ခံစားနေရတယ်"
"ခဏလောက်လှဲလိုက်ပါ အရှင်.. ကျွန်မ သမားတော်တစ်ယောက်ချက်ချင်းသွားခေါ်လိုက်မယ်"
Poliana က ဧကရာဇ်ကို ကြမ်းပြင်ပေါ် လှဲချပေးလိုက်ကာ ထွက်သွားဖို့လုပ်လိုက်ပေမဲ့ Lucius က သူမလက်တွေကို လှမ်းဆွဲလိုက်သည်.
"မသွားနဲ့! ဘာမှမဖြစ်ဘူး. ငါ.. ဒီအတိုင်းခဏလောက်နားလိုက်ရင်ရတယ်.. ခဏနေကောင်းသွားမှာ"
ဧကရာဇ်က စကားဖြောင့်ဖြောင့်ပြောနိုင်ပြီး အများကြီးသက်သာလာတယ်ထင်ရပေမဲ့ Poliana က စိတ်မချနိုင်သေးပေ.. သူအသက်ရှူရတာ အဆင်ပြေအောင်လို့ သူမက သူ့အင်္ကျီကြယ်သီး တွေကို စချွတ်တော့သည်.
Lucius က ရေရွတ်လိုက်သည်..
"Sir Pol, ယောက်ျားလေးတစ်ယောက်ရဲ့ အင်္ကျီကို အဲ့လိုမချွတ်သင့်ဘူး"
"အရှင် ကျေးဇူးပြုပြီး မနောက်ပါနဲ့. အခုက နောက်ရမဲ့အချိန်မဟုတ်ဘူး"
Poliana ရဲ့လက်က သူ့အင်္ကျီထဲရောက်သွားပြီး သူ့ရဲ့ချောမွေ့တဲ့ အသားအရေအောက်က နှလုံးခုန်သံကို စမ်းကြည့်လိုက်သည်.
"ဘုရားရေ..! အရှင်. အရှင့်နှလုံးက ဘာလို့ ဒီလောက်မြန်မြန်ခုန်နေရတာလဲ?!"
"ငါ လန့်သွားလို့ပါ.. လန့်သွားလို့"
ရုတ်တရက် သူမက ဧကရာဇ်ကို ထိတ်လန့်အောင် လုပ်မိသွားတာကို Poliana သတိရလိုက်သည်. သူမက သူ့ကိုကာကွယ်ဖို့အတွက်သာ သူ့ကို နံရံဘက်တွန်းလိုက်တာဖြစ်ပေမဲ့ သူမက သူ့ကို ထိတ်လန့်သွားစေခဲ့သည်.
"အရှင်, ကျွန်မကို ခွင့်လွှတ်ပါ! ကျွန်မအမှားတွေပါ"
"မဟုတ်တာ.. ဘာမှမဖြစ်ဘူး Sir Pol. မင်းက မင်းအလုပ်လုပ်ဖို့ ကြိုးစားခဲ့တာလေ"
"ကျွန်မကို အပြစ်ပေးပါ!"
"မဟုတ်ဘူး.. မဟုတ်တာ. မင်းကအရမ်းသတ္တိကောင်းတာပဲ. ငါ့ကိုတွန်းပြီးတော့ မင်းလက်မောင်းတွေကြားမှာ ဖိထားတာ. မင်းက အရမ်းသတ္တိရှိပြီးတော့ သစ္စာရှိတာကို တွေ့လိုက်တော့ ငါမင်းကိုတောင် နမ်းချင်မိသွားတယ်"
Lucius က ဒီအခိုက်အတန့်ကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ပေ. သူက နှလုံးရပ်ကာ သေတော့မလိုတောင်ဖြစ်သွားသည်. Poliana Winter က ကြောက်ဖို့ကောင်းတဲ့ မိန်းမဖြစ်သည်. သူမ ဒီအတိုင်းတည်ရှိနေတာကတင် သူ့ကို ခြိမ်းခြောက်နိုင်သည်. သူမက အန္တရာယ်များတယ်. ပြီးတော့ သူကလွဲပြီး ဒီကမ္ဘာမှာ သူမကို ပိုင်ဆိုင်သင့်တဲ့သူမရှိပေ. Poliana က ဘယ်တော့မှ လက်မထပ်သင့်ဘူး... သူမက သူ့ဘေးနားမှာပဲ ထာဝရရှိနေသင့်တာ...
'တော်တိတ်! ရပ်စမ်း Lucius! မင်း သူမဘဝကို ပျော်ပျော်နေခွင့်ပြုသင့်တယ်!'
Lucius က ဘာကိုမှ ရှင်းရှင်းလင်းလင်းမတွေးတောနိုင်တော့ပေ.. ဒါပေမဲ့ သူ့နှလုံးကတော့ အနည်းငယ်တည်ငြိမ်သွားသည်. Poliana က မေးလိုက်သည်.
"အရှင့်ကို ဘယ်သူက ဒီကိုလိုက်ပို့ခဲ့တာလဲ?"
"ငါ့ဘာသာလာခဲ့တာ"
Poliana က ခေါင်းမူးသွားသလို ခံစားရကာ အနည်းငယ်တုန်လှုပ်သွားသည်. Lucius ရဲ့လက်တွေက သူမကို ဖက်ဖို့ ကြိုးစားလိုက်ပေမဲ့ သူ မဖက်ရသေးခင်မှာပဲ သူမက မတ်တပ်ရပ်လိုက်သည်. Lucius ရဲ့လက်မောင်းတွေက လေထဲမှာ တန့်သွားပေမဲ့ Poliana က သတိမပြုမိပဲ သူမက စတင်ဆူပူတော့သည်.
"အရှင်!!! စစ်ပြီးသွားတာနဲ့ပဲ အရှင့်အတွက်လုံခြုံစိတ်ရတာမဟုတ်ဘူး. ဘယ်လိုလုပ်မြို့ထဲမှာ တစ်ယောက်တည်းလျှောက်သွားနေရတာလဲ? ကိုယ်ရံတော်တွေက ဒီကိစ္စကို သိရဲ့လား? Nanaba မှာမို့လို့ အရှင်က စိတ်အေးလက်အေးနေနေတာလား? အရှင် အရှင်ဒီလိုလုပ်လို့မရဘူးလို့ ကျွန်မအကြိမ်များစွာပြောဖူးတယ်နော်. Sir Wook ကရော အရှင်ဒီမှာရှိတာသိလား? Sir Jainnoရော?"
Lucius က ဂုဏ်ယူစွာနဲ့ ပြုံးလိုက်သည်.
"မသိဘူး.. ဘယ်သူမှမသိဘူး! ငါက အရမ်းအကြံအဖန်ကောင်းတဲ့လူလေ Sir Pol. လူတိုင်းက ငါအိပ်နေတယ်လို့ပဲ ထင်ကြမှာ"
ဘယ်သူမှ သတိမထားမိပဲ ရဲတိုက်ထဲကနေ ထွက်လာဖို့ဆိုတာက တကယ့်ကို အောင်မြင်မှုဖြစ်ပေမဲ့ ဒီလိုအရည်အချင်းက ဒီလိုနေရာမှာ အသုံးချဖို့ မဟုတ်ဘူးလေ!
Poliana က စိတ်ရှုပ်လာပြီး တွေဝေလာသည်.
'အခုက နေ့ခင်းပဲရှိသေးတယ်.... ဒါဆို...'
ရုတ်တရက် သူမက ဖြစ်နိုင်ချေရှိတာတွေကို သတိပြုမိလိုက်သည်. ဧကရာဇ်က အခုတလော အရမ်းနောက်ကျတဲ့အထိ အလုပ်လုပ်နေတယ်လို့ သူမကို လူတွေအများကြီးက ပြောခဲ့သည်. သူ့ပုံစံက တကယ်ပင်ပန်းနေတဲ့ပုံပေါက်နေတာကို သူမ မြင်နိုင်သည်. ဧကရာဇ်က သူ့အလှအပနဲ့ပတ်သတ်ပြီး အရမ်းဂုဏ်ယူကာ သူ့အသွင်အပြင်ကို အမြဲတမ်း ဂရုတစိုက်ထိန်းသိမ်းခဲ့သည်. စစ်ပွဲအတွင်းမှာတောင်မှ သူက သူ့အသားအရေနဲ့ ဆံပင်အတွက် အချိန်အများကြီးအကုန်ခံကာ ဂရုတစိုက်ထိန်းသိမ်းခဲ့သည်. ဒါပေမဲ့ ဒီနေ့တော့ သူ့ကို ကြည့်ရတာ အကောင်းဆုံးပုံစံဖြစ်မနေပဲ. သူက သူမကို တွေ့ဖို့လာခဲ့သည်.
ဒီလိုအလည်အပတ်လာဖို့အတွက် ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်ရှိရမည်. ဧကရာဇ်က သူ့မှာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ ဒီလိုစွန့်စားမှုမျိုးလုပ်မှာမဟုတ်ဘူးဆိုတာကို Poliana သိနေသည်.
"ကျွန်မဆီလာတွေ့ရတဲ့အကြောင်းကိစ္စရှိလား အရှင်?"
"မရှိဘူး"
Lucius က သူ့ခေါင်းကို ယုံကြည်ချက်အပြည့်နဲ့ ရမ်းလိုက်သည်.
"ဒါဆို. အရှင်ဘာလို့ ဒီကိုလာခဲ့ရတာလဲ! ဒါ အရမ်းအန္တရာယ်များတယ်. အရှင်အခုချက်ရင်း ရဲတိုက်ကို ပြန်မှဖြစ်မယ်! ကျွန်မကိုယ်တိုင် အရှင့်ကို လိုက်ပို့မယ်. ကျွန်မဓါးသွားယူနေတုန်း ဒီမှာ ခဏစောင့်ပေးပါ အရှင်"
"Pol.."
"ပြောပါ အရှင်."
ဧကရာဇ်က သူမနာမည်ပြောင်ကို မခေါ်ခဲ့တာ အတော်လေးကြာခဲ့ပြီဖြစ်သည်. သူမနာမည်ကိုကြားလိုက်တော့ Poliana က သူ့ဘက်ကို ပြန်လှည့်လာသည်.
ဧကရာဇ်က ဆက်ပြောလိုက်သည်.
"ငါဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး. မင်းဆီကို ဘာလို့အလည်လာရတယ်ဆိုတဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေအများကြီး စဉ်းစားခဲ့တယ်"
Poliana က ဘာပြောရမလဲ မသိတာကြောင့် သူမက တိတ်တိတ်ဆက်နေလိုက်သည်. ဧကရာဇ်က သူမလက်တွေကို တင်းကြပ်စွာနဲ့ ဆုပ်ကိုင်လိုက်ပြီး ဆက်ပြောလာသည်.
"ဒါပေမဲ့. မင်းကိုလဲတွေ့လိုက်ရော ငါ အကုန်လုံးမေ့သွားတယ်"
'သူတကယ်ပင်ပန်းနေလို့ဖြစ်မယ်'
Lucius ရဲ့ မှတ်ဉာဏ်ကအရမ်းကောင်းပြီး သူမေ့သွားတယ်လို့ပြောတာက သူတကယ်ပင်ပန်းနေဖို့ဖြစ်မည်. Poliana က စိတ်ပူလာသည်. ဧကရာဇ်က သူမမျက်ဝန်းတွေကို သေချာစိုက်ကြည့်လာကာ သူမနားရွက်နားက ဆံပင်တွေကို တို့ထိလိုက်သည်. သူ့လက်ချောင်းတွေကလဲ သူမပါးပြင်ကို မသိမသာထိလာသည်.
သူ့မျက်လုံးတွေက အနည်းငယ်နီနေပြီး သူ့အသံကလဲ အနည်းငယ်ဩနေသည်.
"Pol.. ငါ.. ငါ မင်းကို တွေ့ချင်လို့လာခဲ့တာ. ငါ မင်းကို တွေ့ချင်တယ်. ပြီးတော့ မင်းကိုထိတွေ့ချင်တယ်. မင်းငါ့နားမှာမရှိတော့ ငါ့စိတ်တွေက မငြိမ်မသက်နဲ့ စိတ်ပူနေမိတယ်. မင်း ငါ့ဘေးနားမှာ မရှိတာက ငါ့ကြောင့်ပဲဆိုတာ ငါသိပါတယ်. ငါမင်းကို အခေါ်မလွှတ်သေးလို့... ဒါပေမဲ့.. မင်းက ငါ့ဆီကို စာလေးတစ်စောင်တောင်မှ မရေးလာတာတော့ ငါ တကယ်စိတ်မကောင်းဖြစ်မိတယ်"
"အရှင်အရမ်းအလုပ်များနေတယ်ကြားလို့ ကျွန်မ မရေးမိတာပါ.. ကျွန်မ အခုချက်ချင်း စာတစ်စောင်ရေးလိုက်ပါ့မယ်!"
"နေ..နေ ရတယ်. ငါတို့ သိပ်မကြာခင်ပြန်တွေ့ရတော့မှာပဲကို"
Lucius က ငြိမ်သက်သွားသည်. သူက မလှုပ်တော့ Poliana ကလဲ ငြိမ်နေလိုက်သည်. ဒီတိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူတို့နှစ်ယောက်တည်းရှိနေသည်.
သူတို့နှစ်ယောက်တည်း..
ရုတ်တရက် သီချင်းသံသဲ့သဲ့ကြားလိုက်ရသည်. အမွှာတွေက ဘေးအခန်းမှာ လေ့ကျင့်နေကြတာဖြစ်သည်.
ဧကရာဇ်က ပြုံးလိုက်ကာ သူမကို ပြောလိုက်သည်.
"အရင်တစ်ခေါက် မင်းဂါဝန်ဝတ်တုန်းက ငါတို့ အတူမကလိုက်ရဘူးနော်. မင်း နောက်ထပ် ဂါဝန်ဝတ်တဲ့အချိန်ကျရင် မင်းနဲ့ တစ်ညလုံး ကလိုက်မယ်လို့ ငါအမြဲတမ်းတွေးခဲ့တာ"
"တကယ်လို့ အရှင်အရမ်းမပင်ပန်းဆိုရင် ကျွန်မလဲ အခုအရှင်နဲ့ ကချင်ပါတယ်. ကျွန်မတို့ အခုကကြမလား?"
Poliana က ဦးညွှတ်ကာ ဖိတ်ခေါ်လိုက်တော့ Lucius ရဲ့ ခါးသက်တဲ့အပြုံးတွေက ပိုပြီးနက်ရှိုင်းသွားခဲ့သည်.
"မကတော့ပါဘူး.. တကယ်လို့ ငါအခု မင်းနဲ့ ကလိုက်ရင်, ငါ ရပ်တန့်နိုင်လိမ့်မယ်လို့ မထင်ဘူး"
ဧကရာဇ်က သူ့ခေါင်းဆောင်းကို လှမ်းယူလိုက်တော့ Poliana က စိတ်ပူစွာနဲ့ မေးလိုက်သည်..
"ဒါပေမဲ့ အရှင် အခုပင်ပန်း....."
"ရတယ်. ငါအဆင်ပြေတယ်. မင်းကို မြင်လိုက်ရတော့ ငါလုံးဝကောင်းသွားပြီ.. မင်းကို တွေ့ဖို့လာခဲ့မိတာကို ငါအရမ်းဝမ်းသာတာပဲ. ငါ ရဲတိုက်ကနေထွက်လာဖို့ တွားသွားခဲ့ရတာ.. ငါဘာလို့ ဒီလိုလုပ်နေတာလဲလို့ ငါ့ကိုယ်ငါမေးကြည့်မိတယ်. ဒါပေမဲ့ အခုမင်းကိုတွေ့လိုက်ရတော့ ငါမှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့မိတယ်ဆိုတာ သိလိုက်တယ်. ငါ လာခဲ့မိတာကို ဝမ်းသာတယ်"
တံခါးဖွင့်ပြီးတော့ ထွက်မသွားခင်မှာ Lucius က Poliana ကို ပြောလိုက်သည်.
"မင်းကို ရဲတိုက်လာဖို့ အခေါ်မလွတ်သေးလို့ မင်းစိတ်ပူနေမယ်ဆိုတာ ငါသိပါတယ်. သိပ်မကြာခင်မှာ အားလုံးအဆင်ပြေသွားမှာဆိုတော့ ငါ့ကို ယုံကြည်ပေးပါနော်. မင်းက ငါ့ရဲ့အကောင်းဆုံးစစ်သည်ဖြစ်ပြီးတော့ ငါမင်းကို ဘယ်တော့မှ မစွန့်လွှတ်ဘူး"
"ကျွန်မက အရှင့်ရဲ့ အကောင်းဆုံးစစ်သည်လား? Sir Ainno ကျရော?"
Poliana က သူမ စိတ်သဘောထားသေးသိမ်သွားသလိုဖြစ်နေတယ်ဆိုတာ သိပေမဲ့ မတတ်နိုင်ချေ.. Lucius က သူမမေးခွန်းကို အလေးအနက်ထားကာ ဖြေလိုက်သည်.
"Inno နဲ့ ငါက... ကြည့်ရတာ အချစ်နဲ့အမုန်းရှိတဲ့ ဆက်ဆံရေးလို့ထင်တယ်"
သူတို့က တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်.
~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဝတ္တုကို စပြီးဘာသာပြန်ထဲက ဒီအခန်းကို ပြန်ဖို့ စောင့်နေခဲ့တာ :D :D နောက်ထပ်အရမ်းအရမ်းကို ပြန်ချင်တဲ့ တစ်ပိုင်းလဲရှိသေးတယ်... အဲ့တာကတော့.... :D :D