မင္း!...[COMPLETED]

By qutirah

13.7K 1.4K 279

သြားစမ္းပါ...အို္ဆယ္ဟြန္း...ငါမင္းတို႔လိုလူေတြကိုရြံလြန္းလို႔... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတ... More

•1•
°2°
•4•
•5•
•6•
•7•
•8•
•9•
•10•
•11•
•12•
•13•
•14•
•15•
•16•
•18•
•19•
•20•
•21•
•17•
•22•
•23•
•24•
•25•
•26•
•27•
•28•
•29•
•30•
•31•
•32•
•33•
•34•
•35•
ပစ္ထားမိတာအတြက္ေတာင္းပန္ပါတယ္..
•36•
•37•
•38•
•39•
•40•
•41•
•42•
•43•
•44•
•45•
•46•
•47•
•FINAL•

•3•

579 80 7
By qutirah

အဆင္ေျပရဲ႕လားေမးေသာေကာင္ေလး
အားအဆင္ေျပေၾကာင္းေျပာခဲ့ကာ
ထိုေကာင္ေလးႏွင့္ဆန္႔က်င္ဘက္ကိုထြက္လာလိုက္သည္...။
ဆယ္လွမ္းပင္ျပည့္ေအာင္မလွမ္းရေသးခင္မွာဒဏ္ရာကဆစ္ကနဲထိုးေအာင့္လာသည္...။
ဒဏ္ရာအေပၚဘက္ကေနဖိကိုင္ကာ
အားတင္းရင္းေလ်ွာက္လာလိုက္သည္...။
တစ္လွမ္း လွမ္းလိုက္တိုင္းမွာစူးခနဲ စူးခနဲ
ထိုးထိုးေအာင့္လာတဲ့ဒဏ္ရာကတစ္ကိုယ္လံုး
မွာ႐ွိတဲ့အားေတြကိုဆြဲစုပ္ေနသေယာင္
လူကယိုင္ႏွဲ႔လာရသည္....။
တေျဖးေျဖးအျမင္အာရံုေတြကလဲေဝဝါးလာရ
ကာပစ္လွဲက်သြားသည္ကိုခံစားမိၿပီးေနာက္
အရာရာဟာအေမွာင္အတိ......။

°°°°°
နံရံေပၚကတေခ်ာက္ေခ်ာက္နဲ႔ျမည္ေနေသာ
နံရံကပ္နာရီသည္ ညဆယ့္တစ္နာရီကို
ၫႊန္ျပလ်က္....။
ကုတင္ေဘးကထိုင္ခံုပုေလးတစ္လံုးေပၚ
ထိုင္ကာကုတင္ေဘးစြန္းေပၚေမွာက္လ်က္
အိပ္ေပ်ာ္ေနေသာဂြၽန္ေျမာင္သည္တအင္းအင္း
တအဲအဲႏွင့္ႏိုးလာသည္.....။
ကုတင္ေပၚကလူကိုၾကည့္ေတာ့အိပ္ေပ်ာ္ေနဆဲ...။
ထိုင္ခံုမွထကာထိုလူ႔ရဲ႕ႏွဖူးေပၚလက္ဖဝါး
တစ္ဖက္တင္ၾကည့္ေတာ့ကိုယ္ေငြ႔ကေငြ႔ေငြ႔
ေလးက်န္ေနဆဲျဖစ္သည္.....။
လမ္းၾကားေလးထဲမွာထိုသူကအဆင္ေျပတယ္
ေျပာလို႔ေက်ာခိုင္းထြက္ခဲ့ေပမယ့္
သိပ္ေဝးေဝးမေရာက္ခင္မွာပဲဘုတ္ခနဲ
လဲက်သံၾကားတာေၾကာင့္ဧကႏၱဆိုၿပီး
ေျပးလာၾကည့္လိုက္တာတကယ္ပဲ
ထိုလူျဖစ္ေနခဲ့သည္....။
လဲက်ေနတဲ့ထိုလူကိုေပြ႔ကာလႈပ္ႏိုးေသာ္လည္း
ႏိုးမလာတဲ့ထိုလူကဒဏ္ရာကိုဖိကိုင္ထားဆဲ..။
ဖိထားတဲ့လက္ေခ်ာင္းၾကားေတြကေန
နီရဲရဲစီးက်ေနတဲ့ေသြးေတြကိုၾကည့္ျခင္းျဖင့္
ဒဏ္ရာဘယ္ေလာက္ဆိုးေနလဲသိႏိုင္သည္..။
ဆရာဝန္တစ္ေယာက္အေနနဲ႔ဒီလိုလူနာ
တစ္ေယာက္ကိုပစ္မထားခဲ့ႏိုင္ပါ..။
လက္ထဲကအထုပ္တစ္ဖက္နဲ႔ပဲထိုလူ႔ကို
ခက္ခက္ခဲခဲသယ္ျပန္ခဲ့ရသည္....။
အိမ္ကသိပ္မေဝးေတာ့လို႔သာေတာ္ေသး
သည္ေျပာရမည္...။

"ေဒါက္ ေဒါက္"

"Hyung ကြၽန္ေတာ္ဝင္ခဲ့မယ္ေနာ.."

ေကာ္ဖီပူပူႏွင့္မုန္႔တစ္ခ်ိဳ႕ထည့္ထားတဲ့ဗန္းကို
ကိုင္ကာအခန္းထဲဝင္လာတဲ့အငယ္ေကာင္
ကဗန္းကိုကုတင္ေခါင္းရင္းကစားပြဲတြင္
တင္ကာကြၽန္ေတာ့္ေဘး႐ွိခံုအလႊတ္မွာ
ဝင္ထိုင္သည္..။

"ပူတုန္းေလးေသာက္လိုက္ဦး hyung
ျပန္လာကတည္းကဘာမွမစားရေသးဘူး
မလား..."

"အင္း..."

"သူကလူေကာင္းေရာဟုတ္ရဲ႕လား hyung ရယ္.....ဝတ္ထားတဲ့ပံုစံနဲ႔ရလာတဲ့ဒဏ္ရာက....ဟင္း......."

ကုတင္ေပၚကလူအားၾကည့္ကာကြၽန္ေတာ့္
အားအျပစ္တင္ေနေသာအငယ္ေကာင္...

"Hyung လဲေတြးမိပါတယ္.....
ဒါေပမယ့္ သူကလူနာမလား..hyung
အေနနဲ႔ဒီတိုင္းပစ္မထားခဲ့သင့္ဘူးထင္လို႔..."

"ဒီလိုဆုိရင္ေတာင္ ေဆးရံုကိုလွမ္း
အေၾကာင္းၾကားေပးလိုက္ရင္ျဖစ္ေနၿပီမလား.."

"ဒါေပမယ့္ သူကအငယ္ေျပာသလိုမ်ိဳး
လူေကာင္းတစ္ေယာက္မဟုတ္ခဲ့ဘူးဆိုရင္
သူအတြက္အခက္အခဲျဖစ္မွာစိုးလို႔ပါ.."

"အဲဒါနဲ႔ပဲ hyung ကသူ႔ရဲ႕အခက္အခဲ
ႀကီးကိုကိုယ္စားယူေပးခ်င္တယ္ေပါ့
ဟုတ္လား...hyung ဘက္ကိုလည္း
ျပန္ၾကည့္ပါဦး....ဒီလိုမေကာင္းတဲ့သူနဲ႔
ပတ္သတ္မိလို႔ တစ္ခုခုျဖစ္ရင္ hyungပါ
ေနရင္းထိုင္ရင္းအမႈပတ္သြားႏိုင္တယ္ေနာ..."

"မျဖစ္ေသးတာေတြကိုေတြးပူမေနစမ္းပါနဲ႔
အငယ္ရာ....အသက္တစ္ေခ်ာင္းကယ္ေကာင္းပါတယ္...."

"ဟင္း.....ဟုတ္ပါတယ္ hyung က
အႀကီးဆိုေတာ့လုပ္ခ်င္သလိုသာလုပ္ေပါ့
ဟုတ္ၿပီလား...ကြၽန္ေတာ္ဘာမွမေျပာ
ေတာ့ဘူး..."

ခပ္ရြဲ႕ရြဲ႕စကားလံုးေတြသာေရြးေျပာသြားရင္း
ထြက္သြားၿပီျဖစ္တဲ့အငယ္ေကာင္...။
သူေျပာလဲေျပာခ်င္စရာဆိုေပမယ့္
ဘယ္တတ္ႏိုင္မွာလဲ...ကိုယ္ကေခၚလာၿပီးၿပီ
ပဲသူေျပာလဲခံလိုက္ရံုေပါ့..။
အင္း.....သူေျပာသလိုေနာက္ဆက္တြဲ
ေတြေတာ့ျဖစ္မလာဖို႔ေမ်ွာ္လင့္ရတာပဲ....။

°°°°°
မ်က္ခြံေတြခပ္ေလးေလးပြင့္လာတာနဲ႔အမ်ွ
အလင္းေရာင္ေရးေရးေလးကိုျမင္လိုက္
ရသည္...။
မ်က္ခြံအျပည့္ပြင့္သြားခ်ိန္မွာစူးခနဲဝင္ေရာက္
လာတဲ့ခပ္စူးစူးအလင္းေရာင္ေၾကာင့္
မ်က္ခံုးေတြပါက်ံဳ႕ကာမ်က္ခြံျပန္လည္ပိတ္
သြားရသည္...။
တေအာင့္အၾကာမွာေတာ့မ်က္ခြံေတြကို
လြတ္လြတ္လပ္လပ္ပင္ဖြင့္ႏိုင္ခဲ့သည္...။

မ်က္ခြံဖြင့္ဖြင့္ခ်င္းပဲသတိရမိသည္က
ဘယ္အခ်ိန္႐ွိၿပီလဲဟူ၍...။
တစ္ခါမွမေရာက္ဖူးတဲ့အခန္းထဲေဝ့ဝဲၾကည့္
မိေတာ့နံရံကပ္နာရီတစ္လံုးၫႊန္ျပေနတာက
8:30 AM..။
Shit! မေန႔ညကတရားမဝင္ေဆးေတြ
အေရာင္းအဝယ္လုပ္ရင္းအလစ္တိုက္ခံ
ခဲ့ရသည္...။
နဂိုကတည္းကလုပ္ေနက်အလုပ္မို႔သိပ္
ေလးေလးနက္နက္မထားလိုက္မိတာ
အျပစ္လို႔ဆိုရမည္....။
အဲဒီအခ်က္ေၾကာင့္ပဲမေန႔ညကအထိနာခဲ့
ရသည္မို႔လား....။
မေန႔ညသန္းေခါင္မတိုင္ခင္ကတည္းက
အေရာက္ပို႔ရမဲ့ေဆးေတြကခု....
ေနာက္တစ္တစ္ေန႔မနက္ေတာင္ေရာက္ေနၿပီ..
လွဲေနရာမွကုန္း႐ုန္းထလိုက္ေတာ့
ေအာင့္တက္လာတဲ့ဝမ္းဗိုက္ဆီကေဝဒနာ...

"အ!..."

ေမြ႔ယာေပၚတစ္ဖန္ျပန္လွဲက်သြားရာမွ
အားတင္းထလိုက္ၿပီးအနားကစားပြဲေပၚ
တင္ထားတဲ့ဂ်ာကင္အနက္ေရာင္ကိုလွမ္းယူ
လိုက္သည္...။
ဂ်ာကင္ရဲ႕အတြင္းအိတ္ထဲႏွိပ္ၾကည့္ေတာ့
ေဆးေတြကပံုမပ်က္႐ွိေနဆဲ...။
ဒီကိုေခၚလာတာဘယ္သူလဲမသိေပမယ့္
ေက်းဇူးတင္ရမည္...။
ေဆးေတြကိုသူမထိထားသလိုေတြ႔လည္း
မေတြ႔ေလာက္ေသးဘူး....။
ဂ်ာကင္ကိုယူကာနာေနေသးတဲ့ဝမ္းဗိုက္ကို
ဖိလ်က္အခန္းထဲကထြက္လာလိုက္သည္..။

°°°°°

ပြက္ခါနီးၿပီျဖစ္တဲ့ဆန္ျပဳတ္အိုးထဲကိုအရသာ
မႈန္႔ေတြထည့္ကာသစ္သားဇြန္းေလးနဲ႔ေမႊ
လိုက္သည္...။
ဇြန္းဖ်ားေလးနဲ႔ဆန္ျပဳတ္အနည္းငယ္ခပ္ကာ
ျမည္းစမ္းၾကည့္ေတာ့အရသာကလည္း
အေတာ္ျဖစ္ေနၿပီ...။
သစ္သားဇြန္းကိုေဘးကပန္းကန္ျပားေပၚတင္
လိုက္ကာၾကက္သြန္ၿမိတ္လွီးဖို႔ျပင္ရျပန္သည္။
ျပန္ေတြးၾကည့္ေတာ့လည္းရယ္ရသား...။
ဘယ္ကမွန္းမသိတဲ့လူကိုအိမ္ေခၚလာေဆးကု
ေပးၿပီးမနက္က်ျပန္ေတာ့လည္းဆန္ျပဳတ္ကပါ
ျပဳတ္ေပးေနရေသးသည္....။
အငယ္ေကာင္ကေတာ့မီးဖိုေခ်ာင္ထဲအလုပ္႐ႈပ္
ေနတဲ့သူ႔ကိုအဖတ္ေတာင္မလုပ္ဘဲအေစာႀကီးကတည္းကထြက္သြားခဲ့ၿပီ...။
ေအာ္ေခၚေသးေသာ္လည္းတမင္မၾကားခ်င္
ေယာင္ေဆာင္သြားတာသိပါသည္...။
ျပန္လာေတာ့မွပဲေခ်ာ့ေတာ့မည္...။
အလကား.. ၾကာၾကာစိတ္ေကာက္ႏိုင္တာ
လည္းမဟုတ္ပဲနဲ႔....။

ၾကက္သြန္ၿမိတ္လွီးေနရင္းမွေလွကားဖက္က
အသံၾကား
လို႔ၾကည့္လိုက္ေတာ့ဂ်ာကင္ကိုလက္တစ္ဖက္
ကကိုင္ကာက်န္တစ္ဖက္ျဖင့္ဒဏ္ရာကိုဖိလ်က္
ယိုင္တိယိုင္တိုင္လမ္းေလ်ွာက္လာေနတဲ့
ထိုလူ...။

"အဲ....ခင္ဗ်ားႏိုးလာၿပီလား.."

ျဖတ္ခနဲလွည့္ၾကည့္လာတဲ့မ်က္ဝန္းေတြ..။
ခနမ်ွသာၾကည့္ၿပီးသြားျမဲတိုင္းယိုင္တိုင္တိုင္
ေျခလွမ္းေတြျဖင့္အိမ္ေ႐ွ႕တံခါးဆီဦးတည္
ေနသည္...။

"ဘယ္သြားမလို႔လဲ...ခင္ဗ်ားေနမေကာင္းေသးဘူးေနာ.."

ကြၽန္ေတာ္ေျပာသမ်ွကိုမၾကားသည့္အလား
သြားျမဲတိုင္းသြားေနတဲ့ေျခလွမ္းေတြက
တံခါးဆီကိုေတာင္ေရာက္ေတာ့မည္..။
လက္ထဲကဟင္းလွီးဓားအားခ်ထားခဲ့ကာ
ထိုလူ႔ဆီေျပးသြားလိုက္သည္..။
မမွီ မွီရာခါးနားကအက်ႌစကိုလွမ္းဆြဲထားလိုက္ရင္း..

"ဒီမွာ....သြားမယ္ဆိုရင္လည္းဆန္ျပဳတ္ေလး
ေတာ့စားသြားဦး...ကြၽန္ေတာ္မနက္ေစာေစာ
ထျပီးျပဳတ္ထားရတာေတြအလကားမျဖစ္
ေအာင္....။"

ေနာက္ဘက္ေခါင္းေစာင္းၿပီးၾကည့္လာတဲ့
မ်က္ဝန္းေတြထဲအလိုက်ဟန္တစ္စက္ေလး
ေတာင္မ႐ွိ....။
ကြၽန္ေတာ့္လက္ကိုျဖဳတ္ခ်ၿပီးထြက္သြားဖို႔
ျပင္ေနတဲ့ထိုလူကေစတနာကိုအေလးမထား
တာမ်ားလားေလ...။

"ခင္ဗ်ား......"

"ဂ်ိမ္း!."

တံခါးပိတ္သံေလာက္ေတာင္မက်ယ္တဲ့
ကြၽန္ေတာ့္အသံကိုေတာ့ထိုလူၾကားသြားလိမ့္
မည္မထင္ပါ....။

Tbc°°°°°°

ၾကယ္ပံုေလးႏွိပ္ဖို႔နဲ႔ထင္ျမင္ခ်က္ေလးတစ္
ေၾကာင္းႏွစ္ေၾကာင္းေရးဖို႔အတြက္ေတာ့
ခင္ဗ်ားေလးတို႔လက္ေခ်ာင္းကေလးေတြမွာ
အားေတြ႐ွိေကာင္းပါေသးရဲ႕...။

Feedbackေလးေတြေပးသြားၾကပါ...။
ဒီေလာက္အသနားခံေနတဲ့တို႔ကိုလည္း
သနားလွည့္ပါ...😓

အဆင်ပြေရဲ့လားမေးသောကောင်လေး
အားအဆင်ပြေကြောင်းပြောခဲ့ကာ
ထိုကောင်လေးနှင့်ဆန့်ကျင်ဘက်ကိုထွက်လာလိုက်သည်...။
ဆယ်လှမ်းပင်ပြည့်အောင်မလှမ်းရသေးခင်မှာဒဏ်ရာကဆစ်ကနဲထိုးအောင့်လာသည်...။
ဒဏ်ရာအပေါ်ဘက်ကနေဖိကိုင်ကာ
အားတင်းရင်းလျှောက်လာလိုက်သည်...။
တစ်လှမ်း လှမ်းလိုက်တိုင်းမှာစူးခနဲ စူးခနဲ
ထိုးထိုးအောင့်လာတဲ့ဒဏ်ရာကတစ်ကိုယ်လုံး
မှာရှိတဲ့အားတွေကိုဆွဲစုပ်နေသယောင်
လူကယိုင်နှဲ့လာရသည်....။
တဖြေးဖြေးအမြင်အာရုံတွေကလဲဝေဝါးလာရ
ကာပစ်လှဲကျသွားသည်ကိုခံစားမိပြီးနောက်
အရာရာဟာအမှောင်အတိ......။

°°°°°
နံရံပေါ်ကတချောက်ချောက်နဲ့မြည်နေသော
နံရံကပ်နာရီသည် ညဆယ့်တစ်နာရီကို
ညွှန်ပြလျက်....။
ကုတင်ဘေးကထိုင်ခုံပုလေးတစ်လုံးပေါ်
ထိုင်ကာကုတင်ဘေးစွန်းပေါ်မှောက်လျက်
အိပ်ပျော်နေသောဂျွန်မြောင်သည်တအင်းအင်း
တအဲအဲနှင့်နိုးလာသည်.....။
ကုတင်ပေါ်ကလူကိုကြည့်တော့အိပ်ပျော်နေဆဲ...။
ထိုင်ခုံမှထကာထိုလူ့ရဲ့နှဖူးပေါ်လက်ဖဝါး
တစ်ဖက်တင်ကြည့်တော့ကိုယ်ငွေ့ကငွေ့ငွေ့
လေးကျန်နေဆဲဖြစ်သည်.....။
လမ်းကြားလေးထဲမှာထိုသူကအဆင်ပြေတယ်
ပြောလို့ကျောခိုင်းထွက်ခဲ့ပေမယ့်
သိပ်ဝေးဝေးမရောက်ခင်မှာပဲဘုတ်ခနဲ
လဲကျသံကြားတာကြောင့်ဧကန္တဆိုပြီး
ပြေးလာကြည့်လိုက်တာတကယ်ပဲ
ထိုလူဖြစ်နေခဲ့သည်....။
လဲကျနေတဲ့ထိုလူကိုပွေ့ကာလှုပ်နိုးသော်လည်း
နိုးမလာတဲ့ထိုလူကဒဏ်ရာကိုဖိကိုင်ထားဆဲ..။
ဖိထားတဲ့လက်ချောင်းကြားတွေကနေ
နီရဲရဲစီးကျနေတဲ့သွေးတွေကိုကြည့်ခြင်းဖြင့်
ဒဏ်ရာဘယ်လောက်ဆိုးနေလဲသိနိုင်သည်..။
ဆရာဝန်တစ်ယောက်အနေနဲ့ဒီလိုလူနာ
တစ်ယောက်ကိုပစ်မထားခဲ့နိုင်ပါ..။
လက်ထဲကအထုပ်တစ်ဖက်နဲ့ပဲထိုလူ့ကို
ခက်ခက်ခဲခဲသယ်ပြန်ခဲ့ရသည်....။
အိမ်ကသိပ်မဝေးတော့လို့သာတော်သေး
သည်ပြောရမည်...။

"ဒေါက် ဒေါက်"

"Hyung ကျွန်တော်ဝင်ခဲ့မယ်နော.."

ကော်ဖီပူပူနှင့်မုန့်တစ်ချို့ထည့်ထားတဲ့ဗန်းကို
ကိုင်ကာအခန်းထဲဝင်လာတဲ့အငယ်ကောင်
ကဗန်းကိုကုတင်ခေါင်းရင်းကစားပွဲတွင်
တင်ကာကျွန်တော့်ဘေးရှိခုံအလွှတ်မှာ
ဝင်ထိုင်သည်..။

"ပူတုန်းလေးသောက်လိုက်ဦး hyung
ပြန်လာကတည်းကဘာမှမစားရသေးဘူး
မလား..."

"အင်း..."

"သူကလူကောင်းရောဟုတ်ရဲ့လား hyung ရယ်.....ဝတ်ထားတဲ့ပုံစံနဲ့ရလာတဲ့ဒဏ်ရာက....ဟင်း......."

ကုတင်ပေါ်ကလူအားကြည့်ကာကျွန်တော့်
အားအပြစ်တင်နေသောအငယ်ကောင်...

"Hyung လဲတွေးမိပါတယ်.....
ဒါပေမယ့် သူကလူနာမလား..hyung
အနေနဲ့ဒီတိုင်းပြစ်မထားခဲ့သင့်ဘူးထင်လို့..."

"ဒီလိုဆိုရင်တောင် ဆေးရုံကိုလှမ်း
အကြောင်းကြားပေးလိုက်ရင်ဖြစ်နေပြီမလား.."

"ဒါပေမယ့် သူကအငယ်ပြောသလိုမျိုး
လူကောင်းတစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင်
သူအတွက်အခက်အခဲဖြစ်မှာစိုးလို့ပါ.."

"အဲဒါနဲ့ပဲ hyung ကသူ့ရဲ့အခက်အခဲ
ကြီးကိုကိုယ်စားယူပေးချင်တယ်ပေါ့
ဟုတ်လား...hyung ဘက်ကိုလည်း
ပြန်ကြည့်ပါဦး....ဒီလိုမကောင်းတဲ့သူနဲ့
ပတ်သတ်မိလို့ တစ်ခုခုဖြစ်ရင် hyungပါ
နေရင်းထိုင်ရင်းအမှုပတ်သွားနိုင်တယ်နော..."

"မဖြစ်သေးတာတွေကိုတွေးပူမနေစမ်းပါနဲ့
အငယ်ရာ....အသက်တစ်ချောင်းကယ်ကောင်းပါတယ်...."

"ဟင်း.....ဟုတ်ပါတယ် hyung က
အကြီးဆိုတော့လုပ်ချင်သလိုသာလုပ်ပေါ့
ဟုတ်ပြီလား...ကျွန်တော်ဘာမှမပြော
တော့ဘူး..."

ခပ်ရွဲ့ရွဲ့စကားလုံးတွေသာရွေးပြောသွားရင်း
ထွက်သွားပြီဖြစ်တဲ့အငယ်ကောင်...။
သူပြောလဲပြောချင်စရာဆိုပေမယ့်
ဘယ်တတ်နိုင်မှာလဲ...ကိုယ်ကခေါ်လာပြီးပြီ
ပဲသူပြောလဲခံလိုက်ရုံပေါ့..။
အင်း.....သူပြောသလိုနောက်ဆက်တွဲ
တွေတော့ဖြစ်မလာဖို့မျှော်လင့်ရတာပဲ....။

°°°°°
မျက်ခွံတွေခပ်လေးလေးပွင့်လာတာနဲ့အမျှ
အလင်းရောင်ရေးရေးလေးကိုမြင်လိုက်
ရသည်...။
မျက်ခွံအပြည့်ပွင့်သွားချိန်မှာစူးခနဲဝင်ရောက်
လာတဲ့ခပ်စူးစူးအလင်းရောင်ကြောင့်
မျက်ခုံးတွေပါကျုံ့ကာမျက်ခွံပြန်လည်ပိတ်
သွားရသည်...။
တအောင့်အကြာမှာတော့မျက်ခွံတွေကို
လွတ်လွတ်လပ်လပ်ပင်ဖွင့်နိုင်ခဲ့သည်...။

မျက်ခွံဖွင့်ဖွင့်ချင်းပဲသတိရမိသည်က
ဘယ်အချိန်ရှိပြီလဲဟူ၍...။
တစ်ခါမှမရောက်ဖူးတဲ့အခန်းထဲဝေ့ဝဲကြည့်
မိတော့နံရံကပ်နာရီတစ်လုံးညွှန်ပြနေတာက
8:30 AM..။
Shit! မနေ့ညကတရားမဝင်ဆေးတွေ
အရောင်းအဝယ်လုပ်ရင်းအလစ်တိုက်ခံ
ခဲ့ရသည်...။
နဂိုကတည်းကလုပ်နေကျအလုပ်မို့သိပ်
လေးလေးနက်နက်မထားလိုက်မိတာ
အပြစ်လို့ဆိုရမည်....။
အဲဒီအချက်ကြောင့်ပဲမနေ့ညကအထိနာခဲ့
ရသည်မို့လား....။
မနေ့ညသန်းခေါင်မတိုင်ခင်ကတည်းက
အရောက်ပို့ရမဲ့ဆေးတွေကခု....
နောက်တစ်တစ်နေ့မနက်တောင်ရောက်နေပြီ..
လှဲနေရာမှကုန်းရုန်းထလိုက်တော့
အောင့်တက်လာတဲ့ဝမ်းဗိုက်ဆီကဝေဒနာ...

"အ!..."

မွေ့ယာပေါ်တစ်ဖန်ပြန်လှဲကျသွားရာမှ
အားတင်းထလိုက်ပြီးအနားကစားပွဲပေါ်
တင်ထားတဲ့ဂျာကင်အနက်ရောင်ကိုလှမ်းယူ
လိုက်သည်...။
ဂျာကင်ရဲ့အတွင်းအိတ်ထဲနှိပ်ကြည့်တော့
ဆေးတွေကပုံမပျက်ရှိနေဆဲ...။
ဒီကိုခေါ်လာတာဘယ်သူလဲမသိပေမယ့်
ကျေးဇူးတင်ရမည်...။
ဆေးတွေကိုသူမထိထားသလိုတွေ့လည်း
မတွေ့လောက်သေးဘူး....။
ဂျာကင်ကိုယူကာနာနေသေးတဲ့ဝမ်းဗိုက်ကို
ဖိလျက်အခန်းထဲကထွက်လာလိုက်သည်..။

°°°°°

ပွက်ခါနီးပြီဖြစ်တဲ့ဆန်ပြုတ်အိုးထဲကိုအရသာ
မှုန့်တွေထည့်ကာသစ်သားဇွန်းလေးနဲ့မွှေ
လိုက်သည်...။
ဇွန်းဖျားလေးနဲ့ဆန်ပြုတ်အနည်းငယ်ခပ်ကာ
မြည်းစမ်းကြည့်တော့အရသာကလည်း
အတော်ဖြစ်နေပြီ...။
သစ်သားဇွန်းကိုဘေးကပန်းကန်ပြားပေါ်တင်
လိုက်ကာကြက်သွန်မြိတ်လှီးဖို့ပြင်ရပြန်သည်။
ပြန်တွေးကြည့်တော့လည်းရယ်ရသား...။
ဘယ်ကမှန်းမသိတဲ့လူကိုအိမ်ခေါ်လာဆေးကု
ပေးပြီးမနက်ကျပြန်တော့လည်းဆန်ပြုတ်ကပါ
ပြုတ်ပေးနေရသေးသည်....။
အငယ်ကောင်ကတော့မီးဖိုချောင်ထဲအလုပ်ရှုပ်
နေတဲ့သူ့ကိုအဖတ်တောင်မလုပ်ဘဲအစောကြီးကတည်းကထွက်သွားခဲ့ပြီ...။
အော်ခေါ်သေးသော်လည်းတမင်မကြားချင်
ယောင်ဆောင်သွားတာသိပါသည်...။
ပြန်လာတော့မှပဲချော့တော့မည်...။
အလကား.. ကြာကြာစိတ်ကောက်နိုင်တာ
လည်းမဟုတ်ပဲနဲ့....။

ကြက်သွန်မြိတ်လှီးနေရင်းမှဝုန်းဒိုင်းအသံကြား
လို့ကြည့်လိုက်တော့ဂျာကင်ကိုလက်တစ်ဖက်
ကကိုင်ကာကျန်တစ်ဖက်ဖြင့်ဒဏ်ရာကိုဖိလျက်
ယိုင်တိယိုင်တိုင်လမ်းလျှောက်လာနေတဲ့
ထိုလူ...။

"အဲ....ခင်ဗျားနိုးလာပြီလား.."

ဖြတ်ခနဲလှည့်ကြည့်လာတဲ့မျက်ဝန်းတွေ..။
ခနမျှသာကြည့်ပြီးသွားမြဲတိုင်းယိုင်တိုင်တိုင်
ခြေလှမ်းတွေဖြင့်အိမ်ရှေ့တံခါးဆီဦးတည်
နေသည်...။

"ဘယ်သွားမလို့လဲ...ခင်ဗျားနေမကောင်းသေးဘူးနော.."

ကျွန်တော်ပြောသမျှကိုမကြားသည့်အလား
သွားမြဲတိုင်းသွားနေတဲ့ခြေလှမ်းတွေက
တံခါးဆီကိုတောင်ရောက်တော့မည်..။
လက်ထဲကဟင်းလှီးဓားအားချထားခဲ့ကာ
ထိုလူ့ဆီပြေးသွားလိုက်သည်..။
ခါးနားကအကျႌစကိုလှမ်းဆွဲထားလိုက်ရင်း..

"ဒီမှာ....သွားမယ်ဆိုရင်လည်းဆန်ပြုတ်လေး
တော့စားသွားဦး...ကျွန်တော်မနက်စောစော
ထပြီးပြုတ်ထားရတာတွေအလကားမဖြစ်
အောင်....။"

နောက်ဘက်ခေါင်းစောင်းပြီးကြည့်လာတဲ့
မျက်ဝန်းတွေထဲအလိုကျဟန်တစ်စက်လေး
တောင်မရှိ....။
ကျွန်တော့်လက်ကိုဖြုတ်ချပြီးထွက်သွားဖို့
ပြင်နေတဲ့ထိုလူ....။

"ခင်ဗျား......"

"ဂျိမ်း!."

တံခါးပိတ်သံလောက်တောင်မကျယ်တဲ့
ကျွန်တော့်အသံကိုထိုလူကြားသွားလိမ့်မည်
မထင်ပါ....။

Tbc°°°°°°

ကြယ်ပုံလေးနှိပ်ဖို့နဲ့ထင်မြင်ချက်လေးတစ်
ကြောင်းနှစ်ကြောင်းရေးဖို့အတွက်တော့
ခင်ဗျားလေးတို့လက်ချောင်းကလေးတွေမှာ
အားတွေရှိကောင်းပါသေးရဲ့...။

Feedbackလေးတွေပေးသွားကြပါ...။
ဒီလောက်အသနားခံနေတဲ့တို့ကိုလည်း
သနားလှည့်ပါ...😓

Continue Reading

You'll Also Like

22.7K 1.1K 16
မ​ေရးတက္​​ေရးတက္​​ေပါက္​တက္​ကရ​ေလး
1.3M 55.7K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
880K 20K 48
In wich a one night stand turns out to be a lot more than that.
203K 5.9K 71
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...