GASHINA (Completed )
By Unpa--J
227K 16.4K 1.2K
"နင့်ကို အရမ်းချစ်မိသွားတဲ့ ငါ့ကိုငါလဲမုန်းတယ် " JenSoo in your area. JenSoo shipperလေးတွေသာ ဖတ်ရန်။ JenChuu... More
{1} ဆုံတွေ့ခြင်း
{2} ပကျိပကျိ
{3} crush
{4} Like K Drama
{5} စူပုတ်လေး
{6} ပထမဆုံး အနမ်း
{7} Angry J
{8} Heart beat
{9} Second kiss??
{10} ဒုတိယ အနမ်း
{11} Change
{12} Third Kiss(deep kiss)
{13} Knock...Knock
{14} Jဝင်နေတဲ့J
{15} killer smile
{16} The Ants Story
{17} pretty lies
{18} ဝန်ခံခြင်း
{19} 😳😳
{20} Silent
ဟဂိုရှိဖော
ဖိုကူရှိဖော
အာဖား
promise
စာသင်ပေးမလို့ အခန်းထဲခန လာခဲ့ပါအုန်း
Poor Kuma
နပွန်းယောဂျား
"ချစ်တယ် Sooyaaa"
Warning 🚫🚫FA များမဖတ်ရ🚫🚫
Sooyaaa
You want to sleep over. ??
Jj4eva
I don't love you
Gashina
Weakness
Over you , Only you
Pray for JiSoo
??
Ji's baby
25 December ??
Only You
Gashina
5.5K 376 65
By Unpa--J
Gashina
"Kim JiSoo. ..နင်ဘယ်လိုဖြစ်နေတာလဲ
နာဂါးးးး..."
"Wae....ဘာမှတောင်မပြောရသေးပါဘူး..."
"Yul...လေး...မငိုနဲ့...Unnie ရှိတယ်....
Wae...Wae....ဘာလို့အဲ့လောက်တောင်ငိုနေရတာလဲ ...
Yrrr....နင် ကလေးကို ဘာလုပ်လိုက်တာလဲ..."
"ငါ...ဘာမှမလုပ်ပါဘူး...
ဆီစွတ်ပြီး မြိုချလိုက်ရမလားလို့ပဲပြောလိုက်တာ"
ကလေးက ထိုစကားကို ထပ်ကြားတော့
ပိုပြီးတော့တောင် ငိုလာတာကြောင့်...
Jennie. ..မီးထဖွင့်လိုက်ပြီး
ကလေးကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။
"Yul...လေး...wae...wae....ဘာကကြောက်စရာပါလို့လဲ..."
"ဆီစွတ်ပြီး မြိုချပြစ်မယ်တဲ့...အဲ့ဒါက ကြောက်ဖို့ကောင်းတယ်...
အဲ့ မမက Yul လေးကို စားမယ်လို့ပြောတာနဲ့
အတူတူပဲမို့လား...."
.
.
.
.
ကလေးက အကြီးအကျယ် ကိုတွေးပစ်လိုက်တာကြောင့်
တော်တော်လေးကြောက်သွားတယ်ထင်ပါရဲ့....
Jennie. ..ရယ်လဲရယ်ချင်
ကလေးကိုလဲ သနားလာကာ...
ကျောကုန်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"အဲ့ မမက Yul လေးကိုမစားပါဘူး"
"ကြောက်တယ်..."
"အေးပါ အေးပါ သူ့ကိုတစ်ခြားအခန်းမှာ
သွားအိပ်ခိုင်းလိုက်မယ်..."
"Yrrr...ငါတစ်ခြားအခန်းမှာ သွားမအိပ်ဘူးနော် "
"နင်သေချင်နေတာလား ကလေးနဲ့တုပြီးတော့
အပြင်ခနထွက်နေ ပြီးမှ ဝင်လာခဲ့ "
JiSoo. ..ထိုကလေးကိုပေစောင်းစောင်းကြည့်ပြီး
အခန်းအပြင်ခနထွက်ပေးလိုက်သည်။
"အဲ့ဒါကြောင့် သောက်ကလေးမချစ်တတ်တာ
နားကငြီးသေး ချော့ကချော့ရသေး "
JiSoo. ..ခပ်တိုးတိုးပြောရင်း
အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။
နာရီဝက်ခန့်ကြာအောင် အိမ်ရှေ့က Sofa ပေါ်မှာ စောင့်နေပေမဲ့
Jennie ဆီက ဘာအချက်ပြတာမျိုးမှ
မရှိလာတာကြောင့်....
အခန်းတံခါးကို အသံမမြည်အောင်ဖွင့်ပြီး
ဝင်သွားလိုက်သည်။
ကလေးကို သူ့ရင်ခွင်ထဲထွေးဖက်ပြီး
တစ်ခြမ်းစောင်းလေးအိပ်နေတဲ့ Jennie ....
JiSoo. ..ခါးထောက်ကာ ရပ်ကြည့်လိုက်ပြီး
ခပ်တိုးတိုးအသံထွက်ကာပြောလိုက်သည်။
"တစ်ကယ်ဆို အဲ့နေရာမှာ ငါဖြစ်ရမှာလေ..."
Jennie. ..ဖျတ်ခနဲ မျက်လုံးဖွင့်ကြည့်ပြီး
သူ့ကိုမျက်စောင်းထိုးလိုက်သည်။
JiSoo မီးပိတ်လိုက်ပြီး Jennie နား ဝင်အိပ်လိုက်သည်။
သူမရဲ့ခါးလေးကို ဖက်ဖို့ လက်လှမ်းလိုက်ပေမဲ့
သောက်ကလေးက သူမကိုခွထားတာကြောင့်
JiSoo ထပ်ပြီးရည်ရွယ်ထားတဲ့...$$$$....
"Ahhh....အဲ့ဒါကြောင့် သောက်ကလေးတွေကို
ကြည့်မရတာ...
ငါပြောဘူးတယ်မလား....ကလေးသာရှိလာရင်
သူတို့က ငါပိုင်သမျှ နင့်ဆီကဟာတွေကို
လုသွားကြမှာလို့..."
JiSoo. ..အနောက်ကနေတိုးတိုးလေးပြောရင်း
Jennie ရဲ့ အင်္ကျီစထဲ လက်ကလေးကိုလျှိုဝင်လိုက်တော့....
Jennie. ..သူ့စကားကြောင့်ရော...
သူ့လက်က ဘယ်ဆီကို လှမ်းလာတာလဲဆိုတာကိုပါ
ရိပ်မိတာကြောင့်...
တံတောင်နဲ့ တွတ်ပစ်လိုက်သည်။
"Ahhh...နာတယ်....ခွဲစိတ်ထားတဲ့နေရာကို
ထိမိသွားပြီ Ahhh...."
.
.
.
.
Jennie...ချက်ချင်းပဲ အိပ်နေတဲ့ကလေးကို
ဘေးသို့ အသာအယာချလိုက်ကာ
သူ့ဘက်ကိုလှည့်လာလိုက်သည်။
"နာ...နာသွားတာလား ပြ...ပြ....
Miyannae...."
"ကလေးက အိပ်သွားပြီလား..."
"အင်း အိပ်သွားပြီ...ဘယ်နားကိုထိသွားတာလဲ
အရမ်းနာသွားတာလား..."
Jennie...သူ့ကိုစိုးရိမ်ပြီးထထိုင်လိုက်ပေမဲ့
သူက Jennieကိုဆွဲဖက်လိုက်တာကြောင့်
Jennie...သူ့အပေါ်ကိုရောက်သွားခဲ့သည်။
"Yrrr...ခုနကတော့ နာလို့ဆို..."
"အခု မနာတော့ဘူး..."
"နင်တမင်တကာ လျှောက်ပြောတာမလား "
"ဒါပေါ့...အချစ်ကလေးရဲ့...."
JiSoo.... Jennieကို ဆွဲဖက်လိုက်ပြီး
သူမရဲ့နှုတ်ခမ်းလေးတွေကို အငမ်းမရ စုပ်ယူပြီး
နမ်းပြစ်လိုက်သည်။
"Yrrrr...ကလေးရှိတယ်လေ...Ahhh....နာ...တယ်
ဖြေးဖြေးနမ်းလေ အားကြီးနဲ့ ..."
Jennieရဲ့ ခပ်တိုးတိုးထွက်လာတဲ့ အသံလေးကို
နည်းနည်းမှ ထပ်မထွက်လာနိုင်အောင်
မွတ်သိပ်စွာထပ်နမ်းပြစ်လိုက်သည်။
JiSoo....သူမရဲ့အောက်နှုတ်ခမ်းလေးကို စုပ်ယူနမ်းနေရင်း
အရမ်းကိုအူယားလာတာကြောင့်...
ကိုက်မိလိုက်သည်။
Jennie...အရမ်းကိုနာသွားတာကြောင့်
သူ့ပုခုံးကိုရိုက်လိုက်ပြီး နမ်းနေတာကိုရပ်ပြစ်လိုက်သည်။
"အ....ဘာလို့ကိုက်တာလဲ....နာလိုက်တာ
သွေးတောင်ထွက်သွားပြီလားမသိဘူး"
Jennie...သူ့အပေါ်ကနေဖယ်လိုက်ကာ
နှုတ်ခမ်းလေးကို ကိုင်ရင်း ညည်းညူနေလိုက်သည်။
"မီးဖွင့်လိုက်ရမလား"
"မဖွင့်နဲ့"
"...ပြ...ပြ....
သွေးတော့မထွက်လောက်ပါဘူး...
Miyan....အရမ်းကို အူယားလာလို့လေ..."
JiSoo... Jennieအပေါ် အုပ်မိုးကြည့်ရင်း
သူမရဲ့ နူးညံ့နေတဲ့ နှုတ်ခမ်းလေးကို ကိုင်ကြည့်လိုက်သည်။
အပြင်က အလင်းရောင်ကြောင့်
Jisoo Jennieကို မြင်နေရသည်။
သူမက မိမိကိုမျက်တောင်မခတ်ပဲ စိုက်ကြည့်နေတာကြောင့်....
"wae ဘာလို့အဲ့လောက်တောင်ကြည့်နေရတာလဲ"
Jennie...သူမပါးလေးကို လက်ဖဝါးလေးနဲ့
ကိုင်လိုက်ပြီး....
"JiSoo...ya....တစ်ကယ်ပဲ နင်လား....
နင်နဲ့တစ်ကယ် အတူထပ်ရှိနေတာလား....
နင်နဲ့ တစ်ကယ် ထပ်ချစ်ရမှာလား...."
"Wae....အိပ်မက်လို့ထင်နေတာလား "
Jennie...မျက်ရည်ဝဲရင်း ခေါင်းညိမ့်ပြလိုက်သည်။
"ငါလဲ အခုထိမယုံနိုင်သေးဘူး
အိပ်မက်လို့ထင်နေမိတာ....
နင်နဲ့ထပ်တွေ့ပြီး ထပ်ချစ်ရမယ်လို့
တစ်ကယ်ထင်မထားမိတာ...
အိပ်မက်ဟုတ်လားမဟုတ်လား အတည်ပြုကြည့်ရအောင်လေ..."
"ဘယ်လို အတည်ပြု....yrrrr..."
JiSoo...သူမရဲ့ ညဝတ် အင်္ကျီစလေးကို ဖြည်ချလိုက်သည်။
"အန်ဒွယ် ဘေးမှ ကလေးရှိတယ်လေ..."
"ဒါဆို အပြင်ဘက်သွားကြမလား "
"Yrrr....တော်ပြီ...ခနနေ ကလေးနိုးသွားလို့
ငိုရင် ထပ်ချော့နေရလိမ့်မယ်...
နောက်ရက်မှ..."
"နောက်ရက်အထိ မစောင့်နိုင်ပါဘူး
အခုပဲ...."
"Yrrrr...အ...."
သူမက Jennieရဲ့အဝတ်တွေကိုဆွဲချွတ်ပြစ်ပြီး
လည်ပင်းလေးတွေကိုစနမ်းတော့၏။
Jennie...အလိုက်သင့်လေးမော့ပေးလိုက်သည်။
JiSoo...သူမရဲ့လည်ပင်းလေးတွေကိုနမ်းနေရင်း
မိမိသိပ်ကြိုက်တဲ့ သူမရဲ့တောင်တန်းတွေကို ကာထားတဲ့ Bra လေးကိုပါ ဆွဲချွတ်လိုက်ဖို့ကြိုးစားကြည့်လိုက်သည်။
သို့သော် သူမရဲ့ ကျောပြင်ဘက်က
ချိတ်ကို ဘယ်လိုမှစမ်းမရတာကြောင့်...
"ချိတ်...ချိတ်က ဘယ်နားမှာလဲ မပါဘူးလား "
ချိတ်ကို အရူးတပိုင်းရှာပြီး
အလုပ်များနေတဲ့ သူ့ကိုရယ်ချင်လာတာကြောင့်
Jennie အသံထွက်အောင်ရယ်မိလိုက်သည်။
"Yrrr...ဘာလို့ရယ်နေတာလဲ "
"နင်က အရူးပဲ "
"ချိတ်ကဘယ်မှာလဲ ...."
Jennieဆက်မဖြေနိုင်ပဲ ရယ်ပဲရယ်နေမိလိုက်သည်။
"Yrr...မပြောလဲရတယ်လေ ဒီအတိုင်း..."
"အရှေ့မှာ...."
"ဘယ်လို bra မျိုးမို့လို့ ချိတ်ကို အရှေ့မှာ..."
JiSoo...ထိုသို့ပြောရင်း Bra ရှေ့က ချိတ်ကလေးကိုဖြုတ်လိုက်ပြီးနောက်....
တံတွေးတစ်ချက်မြိုချလိုက်သည်။
မိမိသိပ်ကြိုက်တဲ့ နီညိုညိုချယ်ရီသီးလေးတွေက
မျက်စိရှေ့မှာပဲရှိနေသည်လေ။
JiSoo...ထို ချယ်ရီသီးလေးတွေရဲ့ ထိပ်ဖျားလေးတွေကို
မိမိရဲ့ လက်ထိပ်လေးတွေနဲ့ တို့ထိထားရင်း....
"နောက်ဆို ဒီလို Bra ပဲဝတ် အဆင်ပြေလိုက်တာ"
"အ...အ...Jisoo ya...."
Jennieရဲ့ ညည်းသံနှင်အတူ JiSooရဲ့ လျှာဖျားလေးတွေဟာ
သူသိပ်ကြိုက်တဲ့ တောင်တန်းတွေနဲ့ ချယ်ရီသီးလေးတွေဆီကနေ
နည်းနည်းလေးမှ မရွေ့နိုင်ခဲ့ပေ။
.
.
.
.
"ရ...ရပြီ....လို့....
ကလေးနိုးသွားလိမ့်မယ်လို့..."
တဖြေးဖြေး အောက်ဆင်းဖို့ကြိုးစားနေတဲ့သူ့ကို
Jennie...ရင်ခွင်ထဲရောက်လာအောင်
ဆွဲယူပြီးဖက်ထားလိုက်သည်။
"အားနည်းနေလို့သာပဲနော်
မနည်းများမနည်းရင်....Byuntae...."
"ဘာလဲ မကြိုက်လို့လား ကြိုက်ရဲ့သားနဲ့...
တကယ်က နှာဘူးတာမဟုတ်ပါဘူး
လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြတာပါ"
Jennie...သူ့ကို လှုပ်လို့မရအောင်ဖက်ထားလိုက်ပြီး
သူ့နှုတ်ခမ်းလေးကို ကိုက်ပစ်လိုက်သည်။
"နင်ဟာလေ....အိပ်တော့....ကွာ...."
"မအိပ်ချင်သေးဘူး....ဝမှ မဝသေးတာကို..."
JiSoo   Jennieရဲ့တောင်တန်းလေးတွေကို
ခပ်ဖွဖွဆုပ်ကိုင်ရင်း ပြောလိုက်သည်။
Jennie သူ့နှဖူးလေးကိုနမ်းလိုက်ရင်း
အတွေးထဲ မနက်က သူphပြောနေတဲ့ပုံရိပ်တွေက ဖြတ်ခနဲ ဝင်လာပြီးနောက်
သူ့ကိုတွန်းဖယ်လိုက်ကာ ရန်တွေ့ဖိုသတိရသွားလေသည်။
"မနက်က နင့်ရဲ့ Chaki ya ကဘယ်သူလဲ"
"Chaki....ဘယ်က Chakiလဲ....
ငါ့မှာနင်ကလွဲပြီး ဘယ်သူမှမရှိပါဘူး....
ဘာတွေလာပြောနေတာလဲ....Arrr...မနက်က
ငါ ph ပြောတာကိုကြားသွားတာလား
အဲ့ဒါကြောင့်ပြန်သွားတာလား "
"ဟုတ်တယ်...မှန်မှန်လိမ်စမ်း နင်ငါ့ကို ချစ်တယ်ဆိုတာ
ဟုတ်ရဲ့လား ...ငါအခုမှသတိရသွားတယ်...
တကယ်ဆိုငါ...နင့်ကို ခေါ်မလာသင့်ဘူး..."
Jennie....ပြေလျော့နေတဲ့ အင်္ကျီကို
မြန်မြန်ဝတ်လိုက်ပြီး
Jennieကို လာဖက်တဲ့ သူ့ကို တွန်းထုတ်လိုက်သည်။
"Yarrrr...Jen ကကွာ....
အခုချိန်ထိ ထင်ချင်တာထင်တတ်တဲ့
အကျင့်ကမပျောက်သေးဘူးပဲ
မနက်က ph ဆက်တဲ့ သူက Lisa ပါ....
သူအသဲကွဲနေလို့ နှစ်သိမ့်ပေးပါဆိုလို့
စနောက်ပြီးခေါ်လိုက်တာပါ "
"တကယ်လား သူက ဘာလို့အသဲကွဲနေတာတဲ့လဲ "
"Chaeng...ကလက်ထပ်သွားပြီတဲ့လေ..."
"Jinja.....တကယ်ကြီးလား ထင်တောင်မထင်ထားဘူး"
"Jen....ဒီဘက်လှည့်ကွာ....စကားပြောလို့တောင်မဝသေးတာကို "
"မပြောနဲ့တော့ အိပ်တော့ ညနက်နေပြီ..."
"အဲ့ဒါ အဲ့သောက်ကလေးကြောင့်လေ....
စောစောစီးစီးမအိပ်ပဲ....ရစ်နေတာ ..."
Jennie...စကားအရမ်းများနေတဲ့ သူ့ဘက်လှည့်လိုက်ပြီး သူ့ကို Jennieရဲ့ လက်မောင်းပေါ်တင်ကာ
ဖက်ထားလိုက်သည်။
"Oh...ချိုဝါး...Ahhh...ချိုဝါး....
ပျော်လိုက်တာ...."
JiSoo...ထပ်ပြီး Jennieရဲ့ အင်္ကျီစလေးကိုဖြေလိုက်ပြီး....
သူမရဲ့တောင်တန်းတွေပေါ်မှာ
မိမိရဲ့နှုတ်ခမ်းလေးတွေကို အလုပ်ပေးလိုက်သည်။
Jennie...ဆိုတာ သူ့အလိုကိုလိုက်ဖို့ အမြဲအဆင်သင့်
ဖြစ်နေခဲ့တဲ့သူပဲမဟုတ်ပါလား။
Jennieသူ့နှုတ်ခမ်းဖျားတွေရဲ့ စုပ်ယူမှုကြောင့်
မျက်လုံးတွေကိုမှိတ်ထားမိပြီး သူ့ပုခုံးတွေကို
ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း
အောက်နှုတ်ခမ်း‌လေးကိုပါ ကိုက်ထားမိလိုက်တော့သည်။
"Ah...Chaki ya....".
.
.
.
.
6:00 AM
Ring...Ring....
ph ringtoneသံကြောင့် JiSooနိုးလာသည်။
Contactကို ကြည့်ပြီး ချက်ချင်းထူးလိုက်သည်။
"Aww....ဟုတ်ပြီ အခုပဲထွက်လာခဲ့ပါ့မယ်"
မိမိရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ Jennieကို
ကြည့်လိုက်ပြီး သူမ မနိုးအောင်
အသာလေးလက်ကိုထုတ်လိုက်သည်။
ထို့နောက်မနေ့က အဝတ်အစားတွေကိုပဲ
ပြန်လဲလိုက်ပြီး အိပ်မောကျနေတဲ့ Jennieကို
ခနလောက်ထိုင်ကြည့်နေလိုက်သည်။
စားပွဲပေါ်က ph လေးကို လှမ်းယူကာ
အချိန်ကို ကြည့်လိုက်ပြီးနောက်
*နောက်ကျတော့မှာပဲ *
Jisoo သူမရဲ့ နှုတ်ခမ်းလေးကို မိမိရဲ့ နှုတ်ခမ်းလေးနဲ့
ဖိကပ်နမ်းလိုက်သည်။
နှုတ်ခမ်းပေါ်က အထိအတွေ့ကြောင့်
Jennie နိုးလာခဲ့သည်။
"Jen....ပြန်လာခဲ့မယ်နော်..."
JiSooတိုးတိုးလေးပြောကာ သူမရဲ့နှဖူးလေးကို
မြတ်မြတ်နိုးနိုး နမ်းလိုက်ပြီး
ထလိုက်သည်။
*သူ...ဘယ်သွားမလို့လဲ...အခု ငါ့ကို ထပ် ထားသွားတာလား *
Jennie...ကျောခိုင်းသွားတဲ့ သူ့ကိုမယုံနိုင်တာကြောင့်
သူ့လက်ကလေးကို လှမ်းဆွဲလိုက်သည်။
"အခုငါ့ကို ထပ်ထားသွားမလို့လား "
JiSoo... Jennieရဲ့ အသံကြောင့်
ချက်ချင်းပဲပြန်လှည့်လာပြီး
သူမ ဘေးမှာဝင်ထိုင်လိုက်သည်။
"Oh....နိုးသွားတာလား....
အရမ်းအိပ်မောကျနေတဲ့ နင့်ကိုမနှိုးရက်လို့ပါ
ဘာတွေလျှောက်ပြောနေပြန်တာလဲ
ငါကဘာလို့ ထားသွားရမှာလဲ....
အခုမှ ထပ်ချစ်ခွင့်ရတာ...ချစ်လို့တောင်မဝသေးတာကို "
JiSoo ထိုသို့ပြောရင်း သူမရဲ့ပါးလေးကို ထပ်နမ်းလိုက်သည်။
"အဲ့ဒါဆို အခုဘယ်သွားမလို့လဲ မနက်အစောကြီးကို"
"အလုပ်ကိစ္စပေါ်လာလို့ပါ
အဲ့ဒါ...အရေးကြီးတယ်ဆိုပြီး ph ဆက်လာလို့လေ..."
"ငါ့ကိုပြောသွားမှပေါ့ "
"အရမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတော့
ဘယ်လိုလုပ်နှိုးရက်မှာလဲ...."
"ဒါပေမဲ့လဲ...ငါနိုးလာလို့ နင်မရှိတော့ရင်
ငါဘယ်လိုခံစားရမယ်ဆိုတာ မသိလို့
အဲ့လိုထွက်သွားတာလား "
"ph ဆက်ပြောမှာပေါ့ အချစ်ရဲ့
ပြီးတော့သိပ်လဲမကြာလောက်ပါဘူး
တစ်ရက် နှစ်ရက်ပဲကို...."
Jennie....ဘာကြောင့်မှန်းမသိမျက်ရည်တွေက
‌ဝေ့တက်လာလေတော့၏။
"Jen....wae...wae...ဘာလို့မျက်ရည်တွေဝဲနေတာလဲ
Arrr ဒီလူ စိတ်မကောင်းဖြစ်အောင်လို့ကွာ..."
JiSoo... Jennieကို ရင်ခွင်ထဲသွင်းကာ
ဖက်ထားလိုက်သည်။
"မသွားလို့မရဘူးလား...."
"အင်း....အရေးကြီးနေလို့လဲ မနက်အစောကြီး
သူတို့ဘက်က ph ဆက်လာတာ....
Appa ရဲ့ Hotel resort ကိစ္စလေ...."
"အင်းပါ အဲ့ဒါဆိုရင်လဲ မြန်မြန်ပြန်လာခဲ့..."
JiSoo...သူမပုခုံးလေးကိုကိုင်ကာ
ရင်ခွင်ချင်းအပ်ထားတာကို ခွာလိုက်ပြီး
သူမရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို
လက်ဖဝါးလေးတွေနဲ့ ခပ်ဖွဖွလေးပွတ်ရင်း
သူမကို သေချာစိုက်ကြည့်လိုက်သည်။
"တကယ် ငါ့ကို ချစ်သေးတာလား..."
Jennie မျက်စောင်းထိုးရင်းခေါင်းညိမ့်ပြလိုက်သည်။
"ကျေးဇူးပဲ ငါ့လိုမကောင်းတဲ့လူကို
အခုလိုထပ်ချစ်ပေးလို့ ....
Jen...
ငါလဲနင့်ကို ချစ်တယ်သိလား..."
JiSooထိုသို့ပြောရင်း သူမရဲ့ နှုတ်ခမ်းလေးကို
အသံမြည်အောင်နမ်းလိုက်သည်။
ပြီးတော့ လည်ပင်းလေးကိုလဲ ထပ်နမ်းလိုက်ပြီး
အားသုံးကာ စုပ်ယူလိုက်သည်။
"Yrrrr....ငါ ဆိုင်သွားရအုံးမှာ
အဲ့မှာ မလုပ်နဲ့..."
JiSooခေါင်းညိမ့်ပြကာ
ဦးတည်ချက်ပြောင်းလိုက်ပြီး
သူမရဲ့ ရင်ညွှန့်ပေါ်ကို အားသုံးကာ
နုတ်ခမ်းဖျားလေးတွေနှင့် စုပ်ယူလိုက်သည်။
"အ...နာတယ်လို့...Kim JiSoo..."
JiSoo အနမ်းတွေကိုရပ်လိုက်ပြီး
သူမရင်ဘတ်ပေါ်က နီရဲနေတဲ့
love mark လေးကို ကိုင်ကြည့်ရင်း
သူမနဲ့ နှဖူးချင်းထိထားပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။
"ဒီ အရာလေး မပျောက်ခင် ပြန်လာခဲ့မယ်
စောင့်နေနော်"
Jennieခေါင်းညိမ့်ပြပြီး သူ့လက်ချောင်းလေးတွေကို
ဖြစ်ညှစ်ဆုပ်ကိုင်လိုက်သည်။
ထိုအချိန် Jennieဘေးက
ကလေးက ကုန်းရုန်းထလာတာကြောင့်....
"Oh...Yul လေး နိုးလာပြီလား....
လာ Unnieဆီလာ"
Jennie ကလေးကိုခေါ်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
"Yrrrr....nor....အဲ့ဒါ ငါ့နေရာနော် "
JiSoo နှုတ်ခမ်းကိုက်ရင်း အံကြိတ်ပြီးပြောတော့
ကလေးက Jennieရင်ခွင်ထဲဝင်ကာ
အလန့်တကြားကုတ်ကပ်ပြီး ဖက်ထားတော့၏။
"နင်ကလဲ ကလေးကို..."
"စတာပါ ဒီကလေးက ငါ့ကိုကြောက်တော့လေ...
ချစ်ဖို့တော့ကောင်းသားပဲ ဒါဆို သွားတော့မယ်..."
"ဘာနဲ့ သွားမှာလဲ "
"taxi နဲ့ "
"ငါ့ကားယူသွားလေ...."
"Arrni....ငါ ကားမမောင်းချင်သေးဘူး "
"အင်းပါ...ဒါဆိုအောက်အထိ လိုက်ပို့မယ် "
"ရပြီ ပြန်အိပ်နေလေ အခုမှ အစောကြီးရှိသေးတာကို"
"မအိပ်တော့ဘူး Yul လေးကိုလဲ ပြင်ဆင်ပေးရအုံးမှာဆိုတော့...
တစ်ခုခု စားသွားလေ ငါပြင်ပေးမယ် "
"တော်ပြီ မနက်အစောကြီးမို့လို့ စားချင်စိတ်မရှိဘူး"
Jennieနဲ့ JiSoo စကားတပြောပြောနဲ့
အိမ်ပေါက်ဝအထိ အတူလျှောက်လာခဲ့လိုက်သည်။
"Yulလေး မမကိုနှုတ်ဆက်လိုက်ပါအုံး
ကောင်းကောင်းသွားပါ ပြန်လာခဲ့ပါလို့ "
.
.
.
"Unnie...ကောင်းကောင်းသွားပါ ပြန်လာခဲ့ပါ"
"po Po ပေးလိုက်ပါအုံး "
Jennieကလေးကို ပွေ့ထားပြီး သူပါးနားကပ်ပေးတော့
Yul လေးက သူ့ပါးလေးကိုနမ်းလိုက်လေ၏။
JiSooက ပါးလေးကိုဖောင်းပြီးအနမ်းခံ၏။
ပြီးတော့ Jennieရဲ့ နှုတ်ခမ်းနား တိုးလာကာ
သူ့ပါးကို ဖောင်းပြီး အနမ်းခံဖို့စောင့်နေတာကြောင့်
"Yrrr....ကလေးအရှေ့မှာ..."
"နမ်းပါ ဘာမှမဖြစ်ပါဘူး "
Jennie သူ့ပါးလေးကို ငုံ့နမ်းလိုက်သည်။
JiSoo ကလေးရဲ့ ပါးနှစ်ဖက်ကိုနမ်းလိုက်ပြီး
အပိုဆောင်းအနေနှင့် Jennieရဲ့ ပါးနှစ်ဖက်ကိုပါနမ်းလိုက်သည်။
"သွားတော့မယ်...."
"အင်း...Yulလေး တာ့တာ လုပ်လိုက်ပါအုံး "
Jennie ကလေးကိုအောက်ချပြီး တာ့တာလုပ်ခိုင်းလိုက်သည်။
Jisoo...တံခါးဝမှာ ရပ်ရင်း တာ့တာပြန်လုပ်ပြလိုက်ပြီး
"အခုအခြေအနေက ငါတို့သုံးယောက်က
မိသားစုလိုမျိုးပဲ...
ရုံးသွားတော့မဲ့ Appa ကို ကလေးနဲ့ အမေက
နှုတ်ဆက်နေသလိုမျိုး....
Jennie ya...ငါ့ရင်ထဲမှာ ပျော်ပြီး နွေးထွေးလိုက်တာ"
"အင်း ငါရောပဲ....ရင်ထဲမှာ လိပ်ပြာလေးတွေဝဲနေသလိုပဲ"
JiSooအိမ်ပေါက်ဝကနေ အိမ်ထဲကို ပြန်ဝင်လာပြီး
Jennieရဲ့ နှုတ်ခမ်းလေးကို
တရှိုက်မက်မက် နမ်းလိုက်သည်။
Jennie သူ့အနမ်းကြောင့် ရင်ခုန်လွန်းပြီး
‌မတ်တပ်တောင်မရပ်နိုင်အောင်ဖြစ်သွားခဲ့သည်။
JiSoo jennieနဲ့ နှဖူးချင်းထိထားပြီး
"ချစ်တယ် " လို့ထပ်ပြောလိုက်သည်။
Jennieခေါင်းညိမ့်ပြလိုက်ပြီး
"ငါလဲ နင့်ကိုချစ်တယ်"
"ငါလဲချစ်တယ်လို့ပြန်မဖြေနဲ့ အဲ့ဒါက
ငါချစ်တယ်လို့ပြောလို့ ပြန်ဖြေရတဲ့အဖြေမျိုးကြီး"
"ချစ်တယ် နင်ချစ်တာထက်ငါကပိုချစ်တယ် "
JiSooသူမရဲ့အဖြေကို သဘောကျကာ
သူမကိုထပ်ပြီးအနမ်း‌ပေးလိုက်သည်။
"ဒီနေ့ သွားဖြစ်အုံးမှာလား "
"ဟ ဟ...အင်းပါ သွားမှာပါ Ph ဆက်လိုက်မယ်"
"ငါ့ ph no သိလို့လား "
"စားပွဲပေါ်က နင့် visiting cardလေးယူ
ထားတယ်"
"တစ်ကယ်လို့ နင်ပြန်လာလို့ အိမ်မှာငါမရှိရင်
passwordက ငါ့မွေးနေ့ပဲ "
"ok...တစ်ကယ်သွားပြီနော် "
Jennie နှင့် Yul လေး သူ့ကိုလက်ပြနှုတ်ဆက်ရင်း
ကျန်ရစ်ခဲ့၏။
.
.
.
.
.
ခနအကြာမှာတော့ Jennieရဲ့ Phလေးထဲ
msg တွေက တစ်မိနစ်ခြားတစ်ခါလောက်ကို
ရောက်လာနေတော့၏။
Jennie...ထိုနေ့တစ်နေ့လုံး
ph လေးကိုကြည့်ရင်း‌ ပြုံးနေခဲ့သည်။
ညဘက်ရောက်တော့လဲ ညနက်တဲ့အထိ
သူနဲ့ video callပြောရင်း အချိန်တွေကုန်ခဲ့လိုက်သည်။
"Jen အိပ်ချင်ရင်အိပ်တော့လေ
video call မပိတ်နဲ့ နင်အိပ်တာလေးကြည့်နေချင်လို့ "
"နင်ကရောမအိပ်သေးဘူးလား ညနက်နေပြီလေ
ပြီးတော့ နေကမကောင်းသေးဘူးလေ။
အားနည်းနေသေးတယ်မလား "
"အလုပ်ကိစ္စတွေလက်စသတ်ရအုံးမှာမို့လို့
မအိပ်သေးဘူး ...
အားမနည်းပါဘူး နင့်မျက်နှာလေးတွေ့နေရရင်ကို
အားကအလိုလိုပြည့်နေပြီးသား..."
"အိပ်တော့မယ်နော် ..."
"အင်း အိပ်တော့....ချစ်တယ်နော်..."
"ငါက နင့်ကိုပိုချစ်တယ် "
"Ha...ha....ဟုတ်ပါပြီ....Anneyong..."
.
.
.
.
.
သုံးရက်ခန့်ကြာပြီးနောက်....
"Kim JiSoo...ငါ နင့်ကိုလွမ်းလို့သေတော့မယ်သိလား"
Video call ဖွင့်ဖွင့်ချင်း ကြားလိုက်ရတဲ့ Jennieရဲ့အသံကြောင့်
JiSoo အသံထွက်အောင်ရယ်မိလိုက်သည်။
"အခုထိပြန်မလာသေးဘူးလား
မနက်က ဘာလို့ph မကိုင်တာလဲ...."
JiSoo Taxi ကားထဲဝင်ထိုင်ရင်း
Video callထဲမှာပေါ်နေတဲ့ သူမမျက်နှာလေးကို
နမ်းလိုက်သည်။
"ငါလဲ အခုနင့်ကိုလွမ်းလွန်းလို့ ပြန်လာနေပါပြီ
အချစ်ကလေးရဲ့....
Jen...နင်သိလား ငါ အိမ်ပြန်လာဖို့
တစ်ယောက်ယောက်က မျှော်နေပါလားဆိုတဲ့
ခံစားချက်ကလေ အရမ်းနွေးထွေးလိုက်တာ။
တစ်ကယ် ငါ့ကိုချစ်ပေးမဲ့လူက ဒီလောကကြီးမှာ
နင်ကလွဲပြီး မရှိတော့ဘူးပဲ။"
"သိရင်လဲပြီးတာပဲ မြန်မြန်...လာတော့
တွေ့ချင်နေပြီ"
"ရင်ဘတ်က အရာလေးပျောက်သွားပြီလား"
"အခုထိ ရေးရေးလေးကျန်နေသေးတယ်
ဒီနေ့မှမလာရင် ပျောက်သွားတော့မှာ "
"အင်း...အခုပြန်လာနေပါပြီ....
Jen....အရင်ရက်တွေကတည်းက ငါစဉ်းစားနေခဲ့တာ
ငါ နင့် ဆန္ဒကိုဖြည့်ပေးမယ်။"
"ဘာလဲ...."
"အရင်က နင်ပြောဘူးတယ်မလား
ငါနဲ့တူတဲ့ သမီးလေးရချင်တယ်ဆို
ငါတို့ ကလေးယူရအောင်....
သုတ်ပိုးအလှုခံပြီးတော့ပဲဖြစ်ဖြစ် မွေးစားတာမျိုးပဲဖြစ်ဖြစ်..."
"အင်း...ဘယ်လို...တကယ်လား..."
"တကယ်ပေါ့ ငါမွေးပေးမှာ....
နင်နေချင်တဲ့နိုင်ငံမှာ ငါတို့နှစ်ယောက်တည်းသွားနေကြမယ်....တကယ်....
ငါနင့် ဆန္ဒတွေကိုဖြည့်ပေးချင်တယ်"
"JiSoo ya.....ငါ ငိုချင်လာပြီ....ထင်တောင်မထင်ထားဘူး
နင့်ဆီက ဒီစကားကြားရမယ်လို့...."
"ချစ်လို့ ...ငါချစ်တဲ့နင့်ရဲ့ အလိုဆန္ဒတွေကို
ကျေကျေနပ်နပ်ကြီး လုပ်ပေးချင်တာ
ငါတတ်နိုင်သမျှပေါ့....
ပြန်လာမှပြောမလို့ပါပဲ နင့်မျက်နှာလေးကိုမြင်တော့
နင် တစ်နာရီစာ လောက်ပဲစောပြီးဝမ်းသာတာမျိုးဖြစ်အောင်ပြောပြလိုက်တာ။"
Jennie ...သူ့စကားတွေကြောင့် တရှုံ့ရှုံ့ငိုနေရင်းနဲ့
"ငါနင့်ကို ဖက်ထားချင်လိုက်တာ..."
"ပြန်လာမှ အားရပါးရဖက်တော့မယ်....
အခုပြန်လာနေပြီလေ
နောက်တစ်နာရီလောက်ဆိုရောက်တော့မယ်
မငိုနဲ့တော့ကွာ နင်ငိုနေတာမြင်တော့
ငါစိတ်မကောင်းဖြစ်နေရတယ်....
လေလိုအလျှင်နှုန်းနဲ့ အခုချက်ချင်း နင့်နားကို
ရောက်ချင်လာပြီ ...ရောက်တော့မှာနော် "
"တစ်ကယ်လား အခုက ဘယ်နားရောက်နေပြီလဲ"
"Arrrr... Ajushi...ဒါကဘယ်နေရာလဲ....
aww.....Jungbu အဝေးပြေးလမ်းမပေါ်မှာ
Yeonpung ဥမင်လှိုင်ခေါင်းနားရောက်ကာနီးတဲ့"
"ဟုတ်လား သိပ်မကြာခင်ရောက်တော့မှာပဲ "
"အင်း....."
"ဒုန်းးးးးး"
"Jisoo ya.....ဘာအသံကြီးလဲ
ဘာဖြစ်တာလဲ...."
"Ajushi ....ဘာ...ဘာဖြစ်တာလဲ
တစ်ယောက်ယောက်ကိုတိုက်မိတာလား
Jen...ပြီးမှပြန်ဆက်လိုက်မယ်
accident ဖြစ်တာထင်တယ်....
ငါဘာမှမဖြစ်ဘူး ငါတို့ကား တစ်ခုခုကိုဝင်တိုက်မိတာ....ဒါပဲနော် "
Jennie...သူ့ကိုစိတ်ပူပြီးဆက်မေးချင်ပေမဲ့
သူက ph ချသွားတာကြောင့် msg ပဲပို့ထားလိုက်သည်။
"စောင့်နေမယ် အချစ်..."
ထိုmsg ကိုပို့ပြီးနောက် ရေချိုးခန်းထဲဝင်ကာ
ရေချိုးလိုက်သည်။
JiSoo ph လေးကို ဘောင်းဘီနောက်အိတ်ထဲထဲ့ပြီး
ကားပေါ်ကဆင်းလိုက်သည်။
"Ajushi...ဘာကိုတိုက်မိတာလဲ...."
"သားမင် "
(korea သည် ထူထပ်တဲ့တောင်းတန်းတွေရှိတာနဲ့အညီ
သားမင် သိပ်ပေါသည့်နိုင်ငံလဲဖြစ်သည်။
အခုလိုအဝေးပြေးလမ်းမတွေပေါ်တွေအထိ
သားမင်တွေက ခနခနရောက်လာပြီး
accident လဲ ခနခနဖြစ်တတ်သည်တဲ့။
Accident ကြောင့်သေသွားတဲ့ သားမင်တွေကို
လိုက်ကောက်ပြီး ထိန်းသိမ်းပေးရတဲ့ ရဲတပ်ဖွဲ့ဝန်ထမ်းတွေတောင် ရှိပါသေးသည်တဲ့။
korea ရောက်နေတဲ့ အစ်ကိုတစ်ယောက်ပြောပြလို့သိရတာ ဗဟုသုတ ရတာပေါ့လေ )
"arrr တော်သေးတာပေါ့ လူတိုက်မိတယ်ထင်တာ..."
"မိန်းကလေး ကားထဲဝင်နေလေ...
ဦးလေး သားမင်သေကို ရွှေ့လိုက်ပါအုံးမယ်
လမ်းလယ်ခေါင်မှာဆိုတော့ အန္တရာယ်များတယ်"
"Ajushiနိုင်လို့လား သားမင်က တော်တော်ကြီးတယ်နော် "
"ရတယ် ကားထဲဝင်နေ..."
.
.
.
.
JiSoo ကားသမားဦးလေးကြီးကိုကူညီပြီး
သားမင်ကူရွှေ့ပေးလိုက်သည်။
"ရပြီ မိန်းကလေး ကားပေါ်မှာ သွားထိုင်နေတော့"
"ဒါဆို ကားပေါ်ကပဲ စောင့်လိုက်မယ် Ajushi"
JiSoo ထိုသို့ပြောကာ
ရပ်ထားတဲ့ကားက ကားလမ်းတစ်ဖက်မှာကြောင့်
ထိုကားဆီသို သွားဖို့အလှည့်.....
🔊🔊🔊
ဆူညံတဲ့ ကားဟွန်းသံနဲ့အတူ.....
ဘရိတ်ဆွဲသံအချို့....??
.
.
.
.
.
.
Jennie...ရေချိုးပြီးအဝတ်အစားလဲကာ
သူပြန်လာရင် အဆင်သင့်စားလို့ရအောင်
တစ်ခုခုချက်ဖို့ အပြင်ဘက်ကို ထွက်ခဲ့လိုက်သည်။
"သူ ဘာစားချင်လောက်မလဲ...
အခုချိန်မှချက်ရင် မှီပါ့မလား....
ခုနကတောင်ရောက်ကာနီးပြီဆိုတော့
အားရှိတဲ့အစားအစာတစ်ခုပဲ online ကနေမှာလိုက်ရမလား..."
jennie ph လေးကိုယူကာ Sofa ပေါ်ထိုင်လိုက်ပြီး
သူကြိုက်လောက်မဲ့ အစားအသောက်တွေကို
online ကနေမှာလိုက်သည်။
ph လေးထဲ ဟိုကြည့်သည်ကြည့်လုပ်နေရင်း
Breaking news က မျက်စိရှေ့ ခနခနပေါ်လာလေသည်။
ခနခနပေါ်လာတဲ့ ထို news ကို noti ကနေဖယ်နေရင်းမှ
Yeonpung ဥမင်အတွင်း ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွားဆိုသည့်ခေါင်းစဉ်ကြောင့်
Jennie...နှလုံးခုန်နှုန်းတွေမြန်လာပြီး ထိုသတင်းကို ဖတ်ကြည့်လိုက်သည်။
အဆိုပါသတင်းထဲတွင် အိမ်စီးကားသုံးစီးနှင့် အတူ
Taxi တစ်စီးပါဝင်ကြောင်းနှင့်
ထိုယာဉ်တိုက်မှုသည်...ဆိုးဆိုးရွားရွားထိခိုက်မှုကြီးဖြစ်ပြီး Taxi ထဲမှ လူနှစ်ဦးစလုံး ထိုနေရာမှာပဲ
သေဆုံးသွားကြောင်းကိုပါ အတည်ပြုပေးထားလေ၏။
Jennie....တုန်ယင်နေတဲ့လက်တွေနဲ့
သူမရဲ့ ချစ်ရသူထံ ph ခေါ်လိုက်သည်။
"အန်ဒွယ် JiSoo ya....နင်တော့မဟုတ်ဘူးမလား
ph ကိုင်ပါ..... JiSoo ya....
အန်ဒွယ်....."
Jennie...တုန်ရီနေတဲ့ လက်တွေနဲ့ phကိုကိုင်ထားရင်း
တဖက်က ph ထူးအလာကိုစောင့်နေလိုက်သည်။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
စက်ပိတ်ထားပါသဖြင့်...."
Jennieရဲ့ ပါးပြင်ပေါ်သို့ မျက်ရည်တွေက
တလှိမ့်လှိမ့်စီးကျလာလေတော့၏။
"JiSoo ya....ငါ့ကို ထပ်မထားသွားနဲ့နော်...
ဒီတစ်ခါပါဆိုရင် ငါသေသွားလိမ့်မယ်
wae...wae...ဘာလို့ ph ကစက်ပိတ်ထားတာလဲ
JiSoo ya....အန်ဒွယ်...."
စက်ပိတ်ထားတဲ့ ph ကို အရူးတစ်ယောင်လို
အဆက်မပြတ်ခေါ်နေရင်း Jennie
ရှိုက်ကြီးတငင်ကို ငိုကြွေးလိုက်သည်။
Tv remoteကိုယူပြီး ချက်ချင်းပဲ tvကိုဖွင့်ကြည့်လိုက်တော့
ထို breaking newsက ကြောငြာနေဆဲ....
"JiSoo ya.....နင်ပြောတော့ ငါ့ကို ထပ်ပြီးမထားခဲ့တော့ဘူးဆို
နင့်ကြောင့် ငါထပ်ပြီးမနာကျင်စေရတော့ပါဘူးဆို...
အခုတော့ နင်က ကတိမတည်ဘူးပဲ....
ဒီလိုမျိုးကြီးတော့ ငါ့ကိုထားမသွားပါနဲ့
အဲ့ဒီအစား ငါ့ကိုပဲတစ်ခုခုလုပ်လိုက်ပါတော့လား"
Jennie ရှိုက်ကြီးတငင်ငိုရင်း 112ကိုခေါ်ကာ
ခုနက Accidentအကြောင်းမေးလိုက်သည်။
Taxi ထဲမှာပါတဲ့ ယာဉ်မောင်းနဲ့အတူ
အသက် ၂၆နှစ်အရွယ် အမျိုးသမီးတစ်ယောက်
သေဆုံးသွားသည်မှာ မှန်ကန်ပါကြောင်းဆိုသည့်
112 ဆီက အဖြေကိုကြားပြီးနောက်
Jennieတစ်ယောက်ကြမ်းပြင်ပေါ်မှာပဲထိုင်ချကာ
ချုံးပွဲချငိုမိလိုက်တော့သည်။
"အန်ဒွယ် JiSoo ya...ဒီလိုမှန်းသိရင်
ငါနင့်ကို သတိရနေပြီ မြန်မြန်ပြန်လာခဲ့ပါဆိုတဲ့စကားကို
မပြောခဲ့ပါဘူး...အခုတော့....
JiSoo ya....ငါ့ ငါ့ကိုထပ်ပြီးမထားခဲ့ပါနဲ့....
တောင်းပန်ပါတယ်....ပြန်လာခဲ့ပေးပါ...."
.
.
.
.
Jennie...ပါးစပ်ကနေ ထပ်မထားခဲ့ပါနဲ့
JiSoo ya ဆိုတဲ့စကားကိုသာအကြိမ်ကြိမ်ရွတ်နေရင်း
သူမရှိမဲ့နေရာဆီ လိုက်သွားဖို့ ထလိုက်ပေမဲ့
မထနိုင်ပဲ ကြမ်းပြင်ပေါ်သို့သာ ပြိုလဲကျသွားခဲ့လေတော့၏။
မျက်ရည်တွေက တားမရအောင်
တသွင်သွင်စီးကျလာပြီး ရှိုက်ရှိုက်ကာ ငိုနေမှုကြောင့်
ရင်ဘတ်တခုလုံးလဲ ရစရာမရှိအောင်နာကျင်လွန်းနေခဲ့ကာ အသက်ရှုလဲကျပ်လာတော့၏။
Jennie...ကြိုးစားပြီး ထနေပေမဲ့
အလွန်အကျွံငိုကြွေးမှုနဲ့
စိတ်ဒဏ်ရာရဲ့နာကျင်မှုကြောင့်...
Jennieရဲ့ ကမ္ဘာတစ်ခုလုံးမှောင်မိုက်သွားပြီး
လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့၏။
"JiSoo... JiSoo...ya....
ငါ့ကို ထပ်ပြီးမထားခဲ့နဲ့နော်....
နင်ပေးတဲ့ကတိတည်ရမယ်နော်....
ငါ...အသက်ရှူကျပ်လိုက်တာ ... JiSoo ya...
ကျေးဇူးပြုပြီးငါ့ကို မထားခဲ့ပါနဲ့....
တစ်ကယ်တောင်းပန်ပါတယ်....
နင့်သဘောအတိုင်းငါ့ကိုထပ်မထားခဲ့ပါနဲ့
ငါ ခွင့်မပြုနိုင်ဘူး
ပြန်လာခဲ့ပေးပါ... JiSoo ya...."
Jennie....ဒီအိပ်မက်ရှည်ကြီးကို သိပ်မုန်းတာပဲ...
ဒါသာ အိပ်မက်ဆိုရင် အခုပဲဖြစ်ဖြစ်
နိုးထလိုက်ချင်ပြီ...
ဒီအိပ်မက်ကြီးက နာကျင်လိုက်တာလေ...
JiSoo ya...အန်ဒွယ် ငါ့ကို ထပ်ပြီးမထားခဲ့ပါနဲ့...
.
.
.
.
‌တဖြေးဖြေးဝေးကွာသွားတဲ့ သူ့နောက်ကျောပြင်ကို
ကြည့်ရင်းလှမ်းခေါ်နေပေမဲ့
သူမကတော့ အရင်တုန်းကအတိုင်း
တစ်ချက်လေးမှတောင် Jennieကို လှည့်မကြည့်ပဲ
ကျောခိုင်းသွားခဲ့လေတော့သည်။
.
.
.
.
.
အချစ်ဆိုတာ
ပျော်ရွှင်စရာများနဲ့အတူ
ကြေကွဲခြင်းများကိုလဲ
အတူယူဆောင်လာခဲ့တတ်၏။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Gashina (မထားခဲ့ပါနဲ့)
.
.
.
.
.
.
.
.
.
.
.
Zawgyi  ver
.
.
.
.
.
.
.
.
.
.
Gashina
နာဂါးးးး..."
"ငါ...ဘာမှမလုပ်ပါဘူး...
အတူတူပဲမို့လား...."
.
.
.
.
Jennie. ..ရယ်လဲရယ်ချင်
ကလေးကိုလဲ သနားလာကာ...
"ကြောက်တယ်..."
မရှိလာတာကြောင့်....
ဝင်သွားလိုက်သည်။
ကြည့်မရတာ...
လုသွားကြမှာလို့..."
ရိပ်မိတာကြောင့်...
ထိမိသွားပြီ Ahhh...."
.
.
.
.
"နာ...နာသွားတာလား ပြ...ပြ....
Miyannae...."
"ကလေးက အိပ်သွားပြီလား..."
အရမ်းနာသွားတာလား..."
"အခု မနာတော့ဘူး..."
"ဒါပေါ့...အချစ်ကလေးရဲ့...."
နမ်းပြစ်လိုက်သည်။
ကိုက်မိလိုက်သည်။
"မီးဖွင့်လိုက်ရမလား"
"မဖွင့်နဲ့"
"...ပြ...ပြ....
ကိုင်လိုက်ပြီး....
တစ်ကယ်ထင်မထားမိတာ...
"ဘယ်လို အတည်ပြု....yrrrr..."
နောက်ရက်မှ..."
အခုပဲ...."
"Yrrrr...အ...."
"Yrrr...ဘာလို့ရယ်နေတာလဲ "
"နင်က အရူးပဲ "
"ချိတ်ကဘယ်မှာလဲ ...."
"အရှေ့မှာ...."
"အ...အ...Jisoo ya...."
.
.
.
.
"ရ...ရပြီ....လို့....
"နင်ဟာလေ....အိပ်တော့....ကွာ...."
"Chaki....ဘယ်က Chakiလဲ....
"Yarrrr...Jen ကကွာ....
ဖက်ထားလိုက်သည်။
ပျော်လိုက်တာ...."
"Ah...Chaki ya....".
.
.
.
.
6:00 AM
Ring...Ring....
*နောက်ကျတော့မှာပဲ *
ဖိကပ်နမ်းလိုက်သည်။
Jennie နိုးလာခဲ့သည်။
"Jen....ပြန်လာခဲ့မယ်နော်..."
ထလိုက်သည်။
"Oh....နိုးသွားတာလား....
အဲ့လိုထွက်သွားတာလား "
တစ်ရက် နှစ်ရက်ပဲကို...."
‌ဝေ့တက်လာလေတော့၏။
ဖက်ထားလိုက်သည်။
"မသွားလို့မရဘူးလား...."
သူတို့ဘက်က ph ဆက်လာတာ....
Jen...
အဲ့မှာ မလုပ်နဲ့..."
"အ...နာတယ်လို့...Kim JiSoo..."
စောင့်နေနော်"
ထိုအချိန် Jennieဘေးက
လာ Unnieဆီလာ"
"နင်ကလဲ ကလေးကို..."
"ဘာနဲ့ သွားမှာလဲ "
"taxi နဲ့ "
"ငါ့ကားယူသွားလေ...."
.
.
.
"po Po ပေးလိုက်ပါအုံး "
"Yrrr....ကလေးအရှေ့မှာ..."
"သွားတော့မယ်...."
မိသားစုလိုမျိုးပဲ...
နှုတ်ဆက်နေသလိုမျိုး....
"ငါလဲ နင့်ကိုချစ်တယ်"
"ငါ့ ph no သိလို့လား "
"ok...တစ်ကယ်သွားပြီနော် "
ကျန်ရစ်ခဲ့၏။
.
.
.
.
.
ရောက်လာနေတော့၏။
အားနည်းနေသေးတယ်မလား "
မအိပ်သေးဘူး ...
"အိပ်တော့မယ်နော် ..."
.
.
.
.
.
နမ်းလိုက်သည်။
အချစ်ကလေးရဲ့....
တွေ့ချင်နေပြီ"
"ဘာလဲ...."
ငါတို့ ကလေးယူရအောင်....
"အင်း...ဘယ်လို...တကယ်လား..."
ငါတတ်နိုင်သမျှပေါ့....
အခုပြန်လာနေပြီလေ
"အင်း....."
"ဒုန်းးးးးး"
"Jisoo ya.....ဘာအသံကြီးလဲ
ဘာဖြစ်တာလဲ...."
"Ajushi ....ဘာ...ဘာဖြစ်တာလဲ
"စောင့်နေမယ် အချစ်..."
ရေချိုးလိုက်သည်။
"သားမင် "
"ရတယ် ကားထဲဝင်နေ..."
.
.
.
.
JiSoo ထိုသို့ပြောကာ
🔊🔊🔊
ဘရိတ်ဆွဲသံအချို့....??
.
.
.
.
.
.
"သူ ဘာစားချင်လောက်မလဲ...
ph ကိုင်ပါ..... JiSoo ya....
အန်ဒွယ်....."
စက်ပိတ်ထားပါသဖြင့်...."
JiSoo ya....အန်ဒွယ်...."
.
.
.
.
"JiSoo... JiSoo...ya....
ငါ ခွင့်မပြုနိုင်ဘူး
နိုးထလိုက်ချင်ပြီ...
.
.
.
.
.
.
.
.
.
အချစ်ဆိုတာ
အတူယူဆောင်လာခဲ့တတ်၏။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Gashina (မထားခဲ့ပါနဲ့)
.
.
.
.
.
.
Continue Reading
You'll Also Like
20.2K 2K 22
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
21.5K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
480K 65.8K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
38.8K 2.7K 72
ဖတ်ကြည့်နော်😉😉