Lucius နဲ့ သူ့စစ်တပ်ဟာ မြောက်ပိုင်းကို ခရီးဆက်နေသည်. သူတို့က တောင်ပိုင်းဒေသနဲ့ အလယ်ပိုင်းဒေသကို အလွယ်တကူဖြတ်သန်းလာကြပြီးတော့ Koemong မြစ်နားကို ရောက်လာခဲ့သည်.
ဒီမြစ်က အရင်အတိုင်းပဲ မြောက်ပိုင်းရဲ့အထင်ကရ မြစ်တစ်စင်းဖြစ်နေဆဲ ဖြစ်ပေမဲ့ Acreian တွေအတွက်တော့ အရင်လိုမဟုတ်တော့ချေ. သူတို့က ဒီ့ထက်ကြီးတဲ့မြစ်ကို တောင်ပိုင်းဒေသမှာ မြင်ဖူးခဲ့လို့ဖြစ်သည်.
ဒီတိုက်ကြီးတစ်ခုလုံးရဲ့ အကြီးဆုံးမြစ်တွေဖြစ်တဲ့ Pesi နဲ့ Goga မြစ်တွေရဲ့ ပင်မမြစ်ကြီးဖြစ်တဲ့ Gora မြစ်.. ကမ္ဘာအနှံ့ကို ဆယ်နှစ်ကြာသွားလာခဲ့ကြတဲ့ Acreian စစ်တပ်က Koemong မြစ်ကို အထင်မကြီးတော့သလို ကြောက်လဲမကြောက်တော့ပေ. ဒါပေမဲ့ မြစ်ကို ပြန်မြင်လိုက်တော့ တစ်ချိန်တုန်းက ဒီမြစ်သေးသေးလေးကို ဖြတ်ဖို့အတွက် သူတို့ဘယ်လောက်အချိန်ယူပြီး ကြိုးစားခဲ့ရလဲဆိုတာကို စဉ်းစားမိကာ ရှက်နေကြသည်.
အခုတော့ Koemong မြစ်ကိုဖြတ်ဖို့ ကျောက်တံတားတစ်စင်းတည်ဆောက်ထားပြီး ဖြစ်သည်. Duke Luzo က ဒီတံတားကို ဆောက်ခဲ့တာဖြစ်ပြီး တံတားခင်းလို့ပြီးတာ သိပ်မကြာသေးချေ. ဧကရာဇ်က ပထမဆုံးအကြိမ်တွေ့လိုက်တော့ ရလဒ်ကို ကျေနပ်သွားသည်.
သူ့အစေခံတွေကို သူ့ကို ရှင်းပြလာသည်
"လူတွေက ဒီတံတားကို ဧကရာဇ်တံတားလို့ ခေါ်နေကြတယ် အရှင်"
"လူတွေက တကယ်ဆိုးတာပဲ. သူတို့စဉ်းစားရလို့သမျှအကုန်လုံးကို ငါ့နာမည်ပေးနေကြတယ်"
ဧကရာဇ်သဘောကျတဲ့အရက်ကို 'ဧကရာဇ်အရက်'.
ဧကရာဇ်ရပ်ခဲ့တဲ့ တောင်စွန်းနေရာကို 'ဧကရာဇ်တောင်စွန်း'.
ဧကရာဇ်ရေချိုးခဲ့တဲ့ ရေချိုးကန်ကို 'ဧကရာဇ်ရေကန်'.
ဧကရာဇ်အိမ်ပြန်ဖို့ အသုံးပြုတဲ့လမ်းကို 'ဧကရာဇ်လမ်း'လို့ ခေါ်လိုက်ကြသည်.
Lucius က ဒီတံတားရဲ့နာမည်ကို ပိုပြီးအဓိပ္ပါယ်ရှိတဲ့ နာမည်ကို ပြောင်းပေးလိုက်သည် 'Koemong တံတား' ဒီတံတားရဲ့ကျေးဇူးကြောင့် တိုင်းပြည်တွေကြားမှာ ကုန်စည်ကူးသန်းမှု ပိုမိုကောင်းမွန်လာတယ်လို့ ဒေသခံတွေက တင်ပြလာကြသည်.
လှေတွေအသုံးပြုကာ မြစ်ကို ဖြတ်သန်းတာတွေက နည်းပါးလာပြီး စီးပွားရေးလုပ်ငန်းတွေက ပိုတိုးတက်လာသည်. ဒီတိုးတက်မှုတွေက ကြင်နာတတ်တဲ့ဧကရာဇ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သည်.
Aehas နဲ့ Kukda က ပြည်သူတွေက Lucius ကို ဝမ်းသာအားရကြိုဆိုကြလေသည်. Acreia ကို တိုက်ရိုက်သွားမဲ့အစား ဧကရာဇ်က Aehas နဲ့ Kukda နှစ်နေရာလုံးမှာ ခဏနားဖို့ ဆုံးဖြတ်လိုက်သည်. Kukda ကနေ Aehas ကို ဦးတည်လိုက်တော့ သူမဇာတိမြို့ကို ဖြတ်သွားရမှာဖြစ်ကြောင်း Poliana သတိပြုမိလိုက်သည် Cranbell ရွာက Aehas မြို့တော်နဲ့ မနီးပေမဲ့ မြို့တော်ကိုသွားတဲ့ လမ်းကြောင်းမှာ ရှိနေသည် ဒါကြောင့် သူတို့က Cranbell မှာ ညအိပ်စရာမလိုပေ.
ဒီနေရာက သူမအတွက် အိမ်ဖြစ်ခဲ့ဖူးပေမဲ့ Cranbell က ကောင်းတဲ့နေရာလို့ မထင်မိပေ. သူမက Cranbell မှာရှိတဲ့ တစ်စုံတစ်ယောက်ကို သတင်းပို့ဖို့လိုပြီး Lucius ဆီကနေ အချိန်ခဏတောင်းလိုက်သည်.
ဧကရာဇ်က သူမကို အားလပ်ခွင့်ပေးလိုက်ပေမဲ့ သူမသွားလည်ဖို့အတွက်နဲ့တော့ ခွင့်ယူစရာမလိုကြောင်း ပြောလိုက်သည်. တကယ်လို့ သူမဇာတိမြို့မှာ ခဏနေချင်ရင် သူနဲ့ သူ့လူတွေက Cranbell မှာ ခဏနားနေလို့ ဖြစ်ကြောင်း ပြောလိုက်သည်.
Poliana က ဒီအကြံကို ဆန့်ကျင်လိုက်သည်.
"ကျွန်မတို့ အရှင့်ကို Cranbell ရဲတိုက်မှာ ပေးနေလို့မဖြစ်ဘူး. အဲ့တာက အိမ်တော်ကြီးလောက်ပဲရှိတာ ဧကရာဇ်တစ်ပါးအတွက် မသင့်တော်ဘူး"
"ကိစ္စမရှိပါဘူး Sir Pol ရဲ့ ငါ အပြင်မှာတောင် အိပ်ဖူးတာပဲ. မင်းအိမ်ဟောင်းဆိုတော့ ပိုတောင် သင့်တော်သေးတယ်"
"ဒါပေမဲ့ အဲ့တာက ကျွန်မတို့ စစ်ဖြစ်နေတုန်းကလေ"
အခု စစ်ပြီးသွားပြီး သူတို့က Acreia ကို ပြန်တဲ့လမ်းမှာဖြစ်သည်. ဧကရာဇ်က Cranbell မှာ မနေသင့်ဘူးလို့ တင်းခံနေပေမဲ့ Lucius က သူ့စိတ်ကို မပြောင်းခဲ့ချေ
"မင်းမိသားစုတွေကို တွေ့ချင်လို့တော့ မဟုတ်လောက်ဘူးထင်တယ်.."
"ကျွန်မ ဆရာကို တွေ့ချင်လို့ပါ အရှင်"
"ဟမ်... ဒါဆို Cranbell က မင်းအိမ်..."
Aehas ကို သိမ်းပိုက်ပြီးတဲ့နောက် Lucius က အထက်တန်းလွှာတွေရဲ့ ဘွဲ့တွေနဲ့ နယ်မြေတွေကို သိမ်းယူထားခဲ့သည်. ဒီဘွဲ့တွေနဲ့ နယ်မြေတွေကို စစ်သည်တွေနဲ့ အဆင့်နိမ့်အထက်တန်းလွှာတွေရဲ့ မျိုးဆက်တွေ အပါအဝင်တခြားသူတွေကို ပေးအပ်ခဲ့သည်. ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် Poliana က Cranbell နဲ့ မိသားစုဘွဲ့ကို ဆက်ခံခွင့်ရှိသည်. ဒီနယ်မြေကလဲ သူမပိုင်ဆိုင်ခွင့်ရှိတာကြောင့် Lucius က ကြေငြာလိုက်သည်
"ဒါကအများကြီးမှမဟုတ်တာ. မင်းယူလိုက်သင့်တယ်"
"နယ်မြေကအရမ်းမကြီးတာတော့ ဟုတ်ပါတယ်.. ကျေးဇူးပါ အရှင်"
Poliana က Sitrin က နယ်မြေနဲ့ တန်ဖိုးကြီးရဲတိုက်ကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်. Cranberries ထုတ်လုပ်ရောင်းချမှုက Cranbell နယ်မြေရဲ့ အဓိကလုပ်ငန်းဖြစ်ပြီး သူမက သိပ်စိတ်မဝင်စားချေ. ဒါပေမဲ့ နယ်မြေပိုများတာက ဝင်ငွေပိုများတာဖြစ်ပြီး. ပိုက်ဆံအများကြီးရှိတာက အကောင်းဆုံးဖြစ်သည်. သူမက ဧကရာဇ်ဆုချတာကို မငြင်းတော့ပေ. ဆုတွေကို ဝမ်းသာအားရလက်ခံပေးတာကလဲ နှိမ့်ချနေတတ်တာမျိုးလိုပဲ အရေးကြီးတယ်ဆိုတာကို သူမ သင်ယူခဲ့ရသည်.
Poliana က သူမမြင်းပေါ်တက်လိုက်တော့ သူမလူအနည်းငယ်က သူမနောက်ကို လိုက်သွားကြသည်. လွန်ခဲ့တဲ့ဆယ်နှစ်.. သူမ Acreian ရဲ့ စစ်သည်စဖြစ်ခဲ့တုန်းက သူမကိုယ်ပိုင်တိုင်းပြည်ကို သစ္စာဖောက်သူလို့ဆိုကာ ဒေသခံတွေက သူမကို ကြည့်တောင်မကြည့်ခဲ့ကြချေ. သူတို့က သူမနားမှာ အနေရခက်နေခဲ့ကြပြီး.. အခုကျရော....?
ဆယ်နှစ်အတွင်းမှာ ပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့သည်. တိုက်ကြီးတစ်ခုလုံးကို စုစည်းပြီးတဲ့အခါမှာ မြစ်ကိုဖြတ်ဖို့ တံတားတစ်စင်းလဲရှိနေပြီ. အမည်မသိ Aehasian အမျိုးသမီးစစ်သည်က အောင်ပွဲနဲ့အတူ အိမ်ပြန်လာခဲ့သည်. သူမတစ်ယောက်တည်းဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ သူမက တပ်ဖွဲ့တစ်ခုလုံးရဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပြီ. သူမအတွက် အမှုထမ်းပေးပြီး ကာကွယ်ပေးမဲ့သူတွေလဲ ရှိနေခဲ့ပြီ
ကောင်းစွာ ထိန်းသိမ်းပြုပြင်ထားတဲ့ စစ်သည်အိုကြီးရဲ့ အုတ်ဂူရှေ့မှာ မတ်တပ်ရပ်ရင်းနဲ့ Poliana က ကျယ်လောင်စွာနဲ့ သတင်းပို့လိုက်သည်.
"ကျွန်မ ဒီတိုက်ကြီးရဲ့အဆုံးကို မြင်ခဲ့ရပြီ"
ဘာမှထပ်ပြောစရာမလိုတာကြောင့် သူမ ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ. သူမ ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာသည်. သူမကြိုးစားအားထုတ်မှုတွေအတွက် အောင်မြင်မှုတွေလဲ ရခဲ့သည်. သူမ Lucius နောက်ကို လိုက်ခဲ့ပြီးတော့ သူမစိတ်ကူးဖူးတာတွေထက် အများကြီးကို မြင်ခဲ့ရပြီးပြီ.
ကျန်းမာရေးကောင်းနေပြီး သန့်ရှင်းသပ်ရပ်နေတဲ့ပုံစံရှိကာ ရွှေရောင်ကြိုးတပ်အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ Poliana ကို သူမဆရာက အသိအမှတ်ပြုမယ်ဆိုတာ သူမသိနေသည်.
'ငါခွင့်တောင်းစရာတောင်မလိုဘူးလို့ ထင်တာပဲ. ငါအကြာကြီးနေမှာမှ မဟုတ်တာ'
အုတ်ဂူကို သွားကြည့်ဖို့ နေ့တစ်ဝက်သာ အချိန်ကုန်ခဲ့သည်. Poliana က သူမအလုပ်နေရာကို ချက်ချင်းပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူမလူတွေကတော့ သူတို့အားလပ်ရက်ကို အပြည့်အဝအသုံးချသင့်ကြောင်း ပြောဆိုလာသည်.
"ခင်ဗျားအိမ်ကို သွားမလည်ဘူးလား Sir Pol?"
"မသွားတော့ဘူး. ငါ့မှာ ကလေးဘဝအမှတ်တရကောင်းတွေမှ မရှိတာ"
"ဒါပေမဲ့ အခု ဒီနယ်မြေက ခင်ဗျားပိုင်သွားပြီလေ. ဒါကြောင့် အခုလက်ရှိတာဝန်ခံက ဘယ်သူပဲဖြစ်ဖြစ် သူတို့ အလုပ်သေချာလုပ်လား မလုပ်လား စစ်ကြည့်ရမှာပေါ့. မဟုတ်ဘူးလား?"
ပြန်လည်ခုခံခြင်းမရှိတဲ့ Aehasian အထက်တန်းလွှာတွေကို သူတို့ရဲ့ဘွဲ့တွေနဲ့ နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းခွင့်ပြုခဲ့ပြီး ခုခံခဲ့ကြတဲ့သူတွေကတော့ နယ်မြေတွေကို ဆက်လက်စီမံခွင့်ပြုခဲ့ပေမဲ့ ပိုင်ဆိုင်ခွင့်တွေကိုတော့ သိမ်းပိုက်ခဲ့သည်. ဒါက လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်ဖြစ်သည်. ဒီမြို့တွေကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းက မူလပိုင်ရှင်တွေကို ပြန်အုပ်ချုပ်ခိုင်းတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း Lucius နားလည်ခဲ့သည်.
ကံမကောင်းစွာနဲ့ပဲ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသကလူတွေက သူတို့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထားနိုင်ချိန်မှာ Aehas, Kukda နဲ့ Bebero က အထက်တန်းလွှာအများစုကတော့ သူတို့ဘွဲ့တွေကို ဆုံးရှုံးခဲ့ကြသည်.
Poliana ရဲ့မိသားစုက အထက်တန်းလွှာမဟုတ်တော့ပေ. ဒီနယ်မြေကို ဆက်လက်ထိန်းသိမ်းခွင့်ရနေသေးလား ဒါမှမဟုတ် သူတို့အိမ်ကနေ မောင်းထုတ်ခံလိုက်ရပြီလားဆိုတာ သူမ သေချာမသိပေ. တကယ်လို့ သူတို့ရှိနေသေးရင်တော့ သူတို့က အဆင့်နိမ့်ရာထူးမျိုးပဲဖြစ်ရမည်
တကယ်လို့ သူတို့က Cranbell ရဲ့ တာဝန်ရှိသူတွေဖြစ်နေဆဲဆိုရင်တော့ သူမမိသားစုက အလုပ်သေချာလုပ်နေလောက်တယ်လို့ ယုံကြည်နေသည်. သူတို့က သာမာန်စာရေး အဆင့်လောက်သာဖြစ်ပြီး. သူတို့က အခွန်ရှောင်တာနဲ့ တခြားမကောင်းတဲ့နည်းလမ်းတွေကို မကျူးလွန်လောက်ပေ.
'ဒါပေမဲ့ ငါအိမ်မပြန်ချင်ဘူး.. ပျင်းတယ်'
သူမကလေးဘဝနဲ့ပတ်သက်ပြီးတော့ ဘာအမှတ်တရကောင်းမှ မရှိပေ. သူမမှတ်မိသမျှက သူမလစ်လျှူရှုခံခဲ့ရတာ မတရားဆက်ဆံခံခဲ့ရတာနဲ့ စစ်သည်အိုကြီးလက်အောက်မှာ လေ့ကျင့်ခဲ့ရတာတွေပဲ ဖြစ်သည်. အဲ့တာတွေအတွက် ခါးသီးတဲ့ ခံစားချက်တွေရှိနေတာမဟုတ်ပေမဲ့ ဒီအတိုင်း ဘာမှ ထူးခြားတာမရှိဘူးလို့ပဲ ခံစားမိနေသည်.
'အို့... ခဏလေး!'
ရုတ်တရက် သူမ တစ်စုံတစ်ခုကို သတိရလိုက်သည်. အရမ်းအရေးကြီးတဲ့ တစ်စုံတစ်ခု.
ဟုတ်တယ်. သူမလူတွေပြောတာမှန်တယ်. ဘာပဲဖြစ်ဖြစ် သူမအိမ်ကိုတော့ သွားလည်သင့်တယ်. သူမက သူမမြင်းကို လှည့်လိုက်သည်. Cranbell မှာ သူမလုပ်စရာတစ်ခုရှိနေသေးသည်