°ဆိုးလ္ၿမိဳ႕မေဆးရံုႀကီး°
ေဆးရံုဆိုသည့္အတိုင္းစိတ္မခ်မ္းေျမ႕စရာျမင္ကြင္းတို႔
ႏွင့္ျပည့္ေနေသာေနရာျဖစ္သည္..။
ေလာေလာလတ္လတ္ကမွယာဥ္တိုက္မႈတစ္ခုကျဖစ္ထား
ေသးေတာ့ပိုိိလို႔ေတာင္ဆိုးေသးသည္..။
တဝီဝီ ျမည္ေနတဲ့ေဆးရံုကားေတြကတစ္စီးၿပီးတစ္စီး
ေဆးရံုရဲ႕ဆင္ဝင္ကိုထိုးဆိုက္လာၾကသည္..။
ေဆးရံုအတြင္းမွေျပးထြက္လာေသာဆရာဝန္နဲ႔သူနာျပဳ
ေတြ...ေဆးရံုကားထက္မွတြန္းဆင္းျခင္းခံလာရေသာ
ဘီးတပ္ကုတင္ေပၚမွေသြးထြက္သံယိုလူနာေတြ..
လူနာ႐ွင္ေတြရဲ႕စိုးရိမ္တႀကီးငိုေႂကြးသံေတြနဲ႔အတူ
ေဆးရံုႀကီးကခနတြင္းခ်င္းဆူညံသြားေတာ့သည္..။
ထပ္မံဝင္ေရာက္လာေသာလူနာတင္ယာဥ္ရဲ႕
တံခါးကိုသူနာျပဳမေလးတစ္ေယာက္အလ်င္အျမန္ဆြဲ
ဖြင့္လိုက္သည္..။
ကားတြင္းက
ေအာက္ဆီဂ်င္ပိုက္တပ္ထားရတဲ့လူနာကအသက္လုေနရ
သည္ထင္ပါသည္...။
ေအာက္ဆီဂ်င္ေပးထားရံုနဲ႔တင္မလံုေလာက္ေတာ့လို္႔
လူနာရဲ႕အေပၚကေနၿပီးေဒါက္တာတစ္ေယာက္က
ရင္ဘတ္ကိုျပင္းျပင္းဖိခ်ကာအေရးေပၚအသက္ကယ္ေပး
ေနရသည္..။
ထိုေဒါက္တာမွာလည္းေခြၽးမ်ားတေပါက္ေပါက္က်ေနၿပီး
ပါးစပ္မွလည္းတစ္ခဳခဳေရရြတ္လို႔ေနသည္...။
"ေက်းဇူးျပဳၿပီး ....ေက်းဇူးျပဳၿပီး...."
သူနာျပဳေတြကဘီးတပ္ကုတင္ကိုကားေပၚကခ်ကာ
ေဆးရံုတြင္းသို႔အေျပးတပိုင္းတြန္းသြားျကသည္..။
အေပၚမွဆရာဝန္ကလည္း လူနာရဲ႕ရင္ဘတ္အား
ဖိေနဆဲ.....။
ဘီးတပ္ကုတင္ေပၚပါသြားတဲ့ေဒါက္တာရဲ႕ရင္ဘတ္က
Name tag တြင္ခ်ည္မဲျဖင့္ထိုးထားကာထင္းေနေသာ
စာသားက kim jun myeon
ဟူ၍..........။
°°°°°
"သူနာျပဳမင္ ဒီမွာလူနာအတြက္လိုအပ္တဲ့စမ္းသပ္မႈေတြ
နဲ႔ေဆးေတြကိုေရးထားေပးတယ္"
ေဘးနားတြင္ေဆးဘူးမ်ားအားေနရာခ်ေနေသာ
သူနာျပဳမင္ကိုလက္ထဲကဖိဳင္တြဲအားလွမ္းေပးကာေျပာ
လိုက္သည္.....။
"ဟုတ္ကဲ့ ေဒါက္တာ"
သူနာျပဳမင္ထြက္သြားေတာ့မွကုတင္ေပၚကလူနာအား
ျပန္ၾကည့္မိသည္...။
ယာဥ္မေတာ္တဆမႈမွာေတာ္ေတာ္ထိခိုက္လာပံုရတဲ့
ထိုလူနာကိုမနည္းကယ္ထားရတာ..။
သယ္လာတဲ့လမ္းမွာကတည္းကႏွလံုးကခနခနရပ္သြား
တာမို႔အေရးေပၚအသက္ကယ္တာကိုတစ္လမ္းလံုး
နီးပါးလုပ္ခဲ့ရသည္...။
"ဟင္း...."
သက္ျပင္းေမာကိုခ်ကာျပန္ထြက္မည္အျပဳမွာပဲ
သတိထားမိသြားတာတစ္ခုကလူနာရဲ႕လက္ထဲက
ပစၥည္းတစ္ခု..။
ခုနကေတာ့အကုန္လံုးက႐ုတ္႐ုတ္သဲသဲေတြျဖစ္ေနတာ
မို႔သတိမထားမိတာျဖစ္ပါလိမ့္မည္...။
လူနာရဲ႕လက္ကိုအသာေျဖကာယူလိုက္ေတာ့ အဲဒီပစၥည္း
ကဆြဲျကိုးတစ္ကံုးျဖစ္ေနမွန္းသိလိဳက္ရသည္..။
စစ္သားေတြဆြဲေနၾကဆြဲၾကိဳးလိုမ်ိဳးသံျပားေလးေတြ
နဲ႔တူသေယာင္ေယာင္႐ွိေသာ္လည္းေသခ်ာၾကည့္လ်ွင္
မဟုတ္ပါ..။
ထိုသံျပားေပၚမွာေသခ်ာထြင္းထားတဲ့အ႐ုပ္တစ္႐ုပ္႐ွိေန
သည္..။
ငွက္ေတာ့ငွက္ပဲ....ဘာငွက္လဲဆိုတာေတာ့မသိ..။
လူနာရဲ႕ပစၥည္းျဖစ္လို႔ေဆးရံုေကာင္တာ
မွာသြားအပ္ထားမည္ဟုေတြးမိသည္..။
အေတြးနဲ႔အတူေနရာကထြက္လာစဥ္မွာပဲ...
"ေဒါက္တာ! ေဒါက္တာ....
ကြၽန္မသမီးေလးကိုကယ္ပါဦး.."
မ်က္ရည္လည္ရႊဲနဲ႔အမ်ိဳးသမီးတစ္ေယာက္ေရာက္လာကာ
အကူအညီလာေတာင္းသည္မို႔ေကာင္တာကို
မသြားျဖစ္လိုက္ဘဲလက္ထဲကဆြဲႀကိဳးကိုအိတ္ကပ္ထဲ
ကမန္းကတန္းထည့္ကာအေဒၚႀကီးသမီး႐ွိရာ
အေျပးသြားလိုက္ရသည္...။
°°°°°
"ဟာ.....ဘယ္ေရာက္သြားတာလဲကြာ.."
အခင္းျဖစ္ထားလို႔အဝါေရာင္ႀကိဳးတန္းထားတဲ့အတြင္းဘက္
အက်ိဳးအပဲ့ေတြၾကားကုန္းကုန္း ကုန္းကုန္းနဲ႔တစ္ခုခုအား
႐ွာေနပံုရတဲ့တစ္ကိုယ္လံုးအနက္ေရာင္ဝတ္ဆင္ထားေသာ
လူတစ္ဦး..။
ထိုစဥ္မွာပဲေျခသံသဲ့သဲ့ကိုၾကားလိုက္ရတာေၾကာင့္
႐ွာေဖြျခင္းအလုပ္ကိုလက္စသတ္ကာ
ေဘးကသစ္ပင္တစ္ပင္သို႔အေျပးသြား၍ေမွာင္ရိပ္ခိုေန
လိုက္သည္။
ရဲသားႏွစ္ေယာက္ကစာအုပ္တစ္အုပ္ေဘာပင္တစ္ေခ်ာင္း
နဲ႔အခ်င္းခ်င္းဘာေတြေျပာမွန္းမသိေျပာၿပီး
စာအဳပ္ထဲေရးမွတ္ေနၾကသည္..။
ထိုရဲသားႏွစ္ဦးရဲ႕ေဘးဘီကိုမ်က္ခံုးက်ံဳ႕ကာ
အာရံုစိုက္ၾကည့္ေသာ္လည္း႐ွာေဖြေနတဲ့အရာကို
မေတြ႔....။
က်စ္. ဟိုလူႀကီးကဘာကိစၥေၾကာင့္ဆြဲႀကိဳးကိုလာဆြဲရ
တာလဲကြာ...။
ဟင္!....ဆြဲတယ္ဆိုကာမွ.....
မဟုတ္မွ ဒီမွာမဟုတ္ဘဲ ဟိုလူႀကီးဆီပါသြားတာမ်ားလား..
က်စ္....ဒုကၡပါပဲကြာ......။
°°°°°
အိမ္မျပန္ခင္ေဆးရံုအုပ္က round လွည့္မည္ဆို၍
တစ္ေန႔လံုးပင္ပန္းထားသမ်ွကိုခနေမ့ထားကာ
round လွည့္ရေသးသည္...။
အခုေတာ့ round လွည့္ၿပီးသြားၿပီျဖစ္ေသာ္လည္း
အိမ္ကိုခ်က္ခ်င္းမျပန္ျဖစ္ေသး...။
တစ္ကိုယ္လံုးကလႈပ္ေတာင္မလႈပ္ခ်င္ေတာ့ေလာက္ေအာင္
ေညာင္းညာေနၿပီျဖစ္၍နားေနခန္းက ကုတင္ေပၚ
ပစ္လွဲလိုက္သည္....။
တစ္ေမွးေလာက္အိပ္ေပ်ာ္သြားသည္ထင္ပါသည္..။
ႏိုးလာလို႔နာရီကိုကမန္းကတန္းထၾကည့္ေတာ့
10:30 pm.
Oh god!.ကိုယ့္နဖူးကိုသာပက္ခနဲျမည္ေနေအာင္႐ိုက္ခ်
လိုက္သည္..။
ဒီအခ်ိန္ႀကီးထိအိပ္ေပ်ာ္သြားရလား ဂင္ဂြၽန္ေျမာင္ရဲ႕..။
က်ဴတီကုတ္ကိုကမန္းကတန္းခြၽတ္ကာခ်ိတ္မွာ
ခ်ိတ္လိုက္သည္..။
ေလေဖာင္းအက်ႌအျပာေရာင္ကိုဝတ္ကာလွည့္ထြက္
ေတာ့မည္ဆိုပါမွျမင္လိုက္ရတဲ့
ကုတင္ေပၚတင္ေနတဲ့ဆြဲႀကိဳးေလး......။
အာ...ဟုတ္သား..အဲဒါလည္းသြားေပးရဦးမွာပဲ..။
ဆြဲႀကိဳးကိုယူကာနားေနခန္းကေနထြက္လာလိုက္
သည္...။
ခုညေတာ့ bus ေတာ့မွီေတာ့မွာမဟုတ္ဘူး...။
ႏွေျမာတသနဲ႔ပဲ taxi စီးျပန္ရေတာ့မွာေပါ့ေလ.....။
°°°°°
မ်က္စိေ႐ွ႕ျမင္ေနရတဲ့အေဆာက္အအံုႀကီးက
ဆိုးလ္ၿမိဳ႕မေဆးရံုႀကီး..။
ေမ်ွာ္လင့္ခ်က္တသီႀကီးနဲ႔ေရာက္လာတဲ့အိုဆယ္ဟြန္း
အတြက္ေတာ့ေဆးရံုႀကီးကတကယ့္ကိုစိတ္ပ်က္ခ်င္
စရာပါ...။
ဆြဲျကိုးေလးတစ္ကံုးကိုဒီအေဆာက္အအံုႀကီးထဲ
႐ွာဖို႔ဆိုတာျဖစ္ႏိုင္ပါသလား..။
ဒီမွာတင္လွည့္ျပန္ခ်င္စိတ္ေတြေပါက္ေနေပမယ့္
အဲ့ဒီဆြဲၾကိဳးကလည္းကြၽန္ေတာ့္အတြက္တကယ့္ကို
အေရးႀကီးတဲ့အရာ...။
ရဲတစ္ေယာက္ေယာက္ကသာေတြ႔သြားရင္
ဂိုဏ္းတစ္ခုလံုးကိစၥတံုးမည့္အျဖစ္ဆိုေတာ့ကား..။
ေတြ႔ေအာင္႐ွာရမည္မွာကြၽန္ေတာ့္အလုပ္
ကြၽန္ေတာ့္တာဝန္...။
°°°°°
ေဆးရံုထဲဝင္လိုက္ၿပီဆိုတာနဲ႔ ေထာင္းခနဲရလာတဲ့ေဆးနံ႔
ေတြရယ္ ေျပးလႊားေနတဲ့ဆရာဝန္ေတြသူနာျပဳေတြ
ေၾကာင့္မူးေတာင္မူးခ်င္လာရသည္...။
ဒီၾကားထဲမွေဆးနံ႔ေတြကအလံုးအရင္းလိုက္ႏွာေခါင္းထဲ
တိုးဝင္ေနတာေၾကာင့္ တံေတာင္နဲ႔ႏွာေခါင္းကိုကြယ္
ထားရသည္..။
ဒီေန႔ကေတာ့တကယ့္ျပႆဒါးပဲ...။
မနက္ကတည္းကလုပ္သမ်ွဘာမွကိုအဆင္မေျပဘူး..။
စိတ္ညစ္ညစ္နဲ႔ပဲဟို႐ွာဒီ႐ွာလုပ္ရင္းေလ်ွာက္လာေနစဥ္..
"အ!.."
လူတစ္ေယာက္ကိုတိုက္မိသြားျပန္သည္..။
"အား႐ွီး.....ဒီမွာ! ခင္ဗ်ားလမ္းကိုဘယ္လိုေလ်ွာက္ေနလဲ
ဒီေလာက္အက်ယ္ႀကီးကိုဝင္တိုက္ရေလာက္တဲ့အထိ."
ဖင္ထိုင္ရက္လဲက်ေနတဲ့သေကာင့္သားတံေတာင္ဆစ္
ကိုပြတ္ရင္းမ်က္ေမွာင္ႀကီးက်ံဳ႕ကာလူကိုလွမ္းအျပစ္တင္
ေလသည္...။
"ဒီေန႔ေတာ့ ကြၽန္ေတာ္ေနာက္က်ေနၿပီမို႔ခင္ဗ်ား
သက္သာသြားတယ္မွတ္ပါ.."
သေကာင့္သားရဲ႕ေဘးကၾကမ္းျပင္ေပၚက်ေနတဲ့
တလက္လက္အရာတစ္ခု...။
ဟုတ္မွဟုတ္ရဲ႕လားလို႔ေသခ်ာၾကည့္မိေတာ့တကယ္ပဲ
ကြၽန္ေတာ့္ရဲ႕ဆြဲႀကိဳးျဖစ္ေနသည္..။
ဆြဲႀကိဳးေတာင္းရန္ပါးစပ္ဟရံု႐ွိေသး သေကာင့္္သား
ကအဝတ္ေတြကိုဖုတ္ဖတ္ခါကာထြက္သြားၿပီ
ျဖစ္သည္....။
ထြက္သြားတဲ့သေကာင့္သားေနာက္အမွီလိုက္ကာ
လက္ကိုဆြဲလို႔ေမွာင္ရိပ္က်တဲ့ေဆးရံုအျပင္ဘက္က
ေထာင့္တစ္ေနရာဆီေခၚလာၿပီးနံရံဆီကိုဆြဲကပ္ပစ္သည္...။
"အ အ ဒီမွာခင္ဗ်ားအခုဘာလုပ္တာလဲ...
ဒါကိုယ္ထိလက္ေရာက္က်ဴးလြန္မႈဆိုတာသိလား"
ရဲေတြဘာေတြ႐ွိေနမွာစိုးလို႔ေဘးဘီကိုစစ္ၾကည့္ၿပီးမွ
စကားစြတ္မ်ားေနတဲ့သေကာင့္သားဘက္
အလွည့္ နီးကပ္သြားတဲ့မ်က္ႏွာႏွစ္ခု...
Tbc°°°°°°
°ဆိုးလ်မြို့မဆေးရုံကြီး°
ဆေးရုံဆိုသည့်အတိုင်းစိတ်မချမ်းမြေ့စရာမြင်ကွင်းတို့
နှင့်ပြည့်နေသောနေရာဖြစ်သည်..။
လောလောလတ်လတ်ကမှယာဉ်တိုက်မှုတစ်ခုကဖြစ်ထား
သေးတော့ပိိုိလို့တောင်ဆိုးသေးသည်..။
တဝီဝီ မြည်နေတဲ့ဆေးရုံကားတွေကတစ်စီးပြီးတစ်စီး
ဆေးရုံရဲ့ဆင်ဝင်ကိုထိုးဆိုက်လာကြသည်..။
ဆေးရုံအတွင်းမှပြေးထွက်လာသောဆရာဝန်နဲ့သူနာပြု
တွေ...ဆေးရုံကားထက်မှတွန်းဆင်းခြင်းခံလာရသော
ဘီးတပ်ကုတင်ပေါ်မှသွေးထွက်သံယိုလူနာတွေ..
လူနာရှင်တွေရဲ့စိုးရိမ်တကြီးငိုကြွေးသံတွေနဲ့အတူ
ဆေးရုံကြီးကခနတွင်းချင်းဆူညံသွားတော့သည်..။
ထပ်မံဝင်ရောက်လာသောလူနာတင်ယာဉ်ရဲ့
တံခါးကိုသူနာပြုမလေးတစ်ယောက်အလျင်အမြန်ဆွဲ
ဖွင့်လိုက်သည်..။
ကားတွင်းက
အောက်ဆီဂျင်ပိုက်တပ်ထားရတဲ့လူနာကအသက်လုနေရ
သည်ထင်ပါသည်...။
အောက်ဆီဂျင်ပေးထားရုံနဲ့တင်မလုံလောက်တော့လို့်
လူနာရဲ့အပေါ်ကနေပြီးဒေါက်တာတစ်ယောက်က
ရင်ဘတ်ကိုပြင်းပြင်းဖိချကာအရေးပေါ်အသက်ကယ်ပေး
နေရသည်..။
ထိုဒေါက်တာမှာလည်းချွေးများတပေါက်ပေါက်ကျနေပြီး
ပါးစပ်မှလည်းတစ်ခုခုရေရွတ်လို့နေသည်...။
"ကျေးဇူးပြုပြီး ....ကျေးဇူးပြုပြီး...."
သူနာပြုတွေကဘီးတပ်ကုတင်ကိုကားပေါ်ကချကာ
ဆေးရုံတွင်းသို့အပြေးတပိုင်းတွန်းသွားကြသည်..။
အပေါ်မှဆရာဝန်ကလည်း လူနာရဲ့ရင်ဘတ်အား
ဖိနေဆဲ.....။
ဘီးတပ်ကုတင်ပေါ်ပါသွားတဲ့ဒေါက်တာရဲ့ရင်ဘတ်က
Name tag တွင်ချည်မဲဖြင့်ထိုးထားကာထင်းနေသော
စာသားက kim jun myeon
ဟူ၍..........။
°°°°°
"သူနာပြုမင် ဒီမှာလူနာအတွက်လိုအပ်တဲ့စမ်းသပ်မှုတွေ
နဲ့ဆေးတွေကိုရေးထားပေးတယ်"
ဘေးနားတွင်ဆေးဘူးများအားနေရာချနေသော
သူနာပြုမင်ကိုလက်ထဲကဖိုင်တွဲအားလှမ်းပေးကာပြော
လိုက်သည်.....။
"ဟုတ်ကဲ့ ဒေါက်တာ"
သူနာပြုမင်ထွက်သွားတော့မှကုတင်ပေါ်ကလူနာအား
ပြန်ကြည့်မိသည်...။
ယာဉ်မတော်တဆမှုမှာတော်တော်ထိခိုက်လာပုံရတဲ့
ထိုလူနာကိုမနည်းကယ်ထားရတာ..။
သယ်လာတဲ့လမ်းမှာကတည်းကနှလုံးကခနခနရပ်သွား
တာမို့အရေးပေါ်အသက်ကယ်တာကိုတစ်လမ်းလုံး
နီးပါးလုပ်ခဲ့ရသည်...။
"ဟင်း...."
သက်ပြင်းမောကိုချကာပြန်ထွက်မည်အပြုမှာပဲ
သတိထားမိသွားတာတစ်ခုကလူနာရဲ့လက်ထဲက
ပစ္စည်းတစ်ခု..။
ခုနကတော့အကုန်လုံးကရုတ်ရုတ်သဲသဲတွေဖြစ်နေတာ
မို့သတိမထားမိတာဖြစ်ပါလိမ့်မည်...။
လူနာရဲ့လက်ကိုအသာဖြေကာယူလိုက်တော့ အဲဒီပစ္စည်း
ကဆွဲကြိုးတစ်ကုံးဖြစ်နေမှန်းသိလိုက်ရသည်..။
စစ်သားတွေဆွဲနေကြဆွဲကြိုးလိုမျိုးသံပြားလေးတွေ
နဲ့တူသယောင်ယောင်ရှိသော်လည်းသေချာကြည့်လျှင်
မဟုတ်ပါ..။
ထိုသံပြားပေါ်မှာသေချာထွင်းထားတဲ့အရုပ်တစ်ရုပ်ရှိနေ
သည်..။
ငှက်တော့ငှက်ပဲ....ဘာငှက်လဲဆိုတာတော့မသိ..။
လူနာရဲ႕ပစၥည္းျဖစ္လို႔
ဆေးရုံကောင်တာ
မှာသွားအပ်ထားမည်ဟုတွေးမိသည်..။
အတွေးနဲ့အတူနေရာကထွက်လာစဉ်မှာပဲ...
"ဒေါက်တာ! ဒေါက်တာ....
ကျွန်မသမီးလေးကိုကယ်ပါဦး.."
မျက်ရည်လည်ရွှဲနဲ့အမျိုးသမီးတစ်ယောက်ရောက်လာကာ
အကူအညီလာတောင်းသည်မို့ကောင်တာကို
မသွားဖြစ်လိုက်ဘဲလက်ထဲကဆွဲကြိုးကိုအိတ်ကပ်ထဲ
ကမန်းကတန်းထည့်ကာအဒေါ်ကြီးသမီးရှိရာ
အပြေးသွားလိုက်ရသည်...။
°°°°°
"ဟာ.....ဘယ်ရောက်သွားတာလဲကွာ.."
အခင်းဖြစ်ထားလို့အဝါရောင်ကြိုးတန်းထားတဲ့အတွင်းဘက်
အကျိုးအပဲ့တွေကြားကုန်းကုန်း ကုန်းကုန်းနဲ့တစ်ခုခုအား
ရှာနေပုံရတဲ့တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသော
လူတစ်ဦး..။
ထိုစဉ်မှာပဲခြေသံသဲ့သဲ့ကိုကြားလိုက်ရတာကြောင့်
ရှာဖွေခြင်းအလုပ်ကိုလက်စသတ်ကာ
ဘေးကသစ်ပင်တစ်ပင်သို့အပြေးသွား၍မှောင်ရိပ်ခိုနေ
လိုက်သည်။
ရဲသားနှစ်ယောက်ကစာအုပ်တစ်အုပ်ဘောပင်တစ်ချောင်း
နဲ့အချင်းချင်းဘာတွေပြောမှန်းမသိပြောပြီး
စာအုပ်ထဲရေးမှတ်နေကြသည်..။
ထိုရဲသားနှစ်ဦးရဲ့ဘေးဘီကိုမျက်ခုံးကျုံ့ကာ
အာရုံစိုက်ကြည့်သော်လည်းရှာဖွေနေတဲ့အရာကို
မတွေ့....။
ကျစ်. ဟိုလူကြီးကဘာကိစ္စကြောင့်ဆွဲကြိုးကိုလာဆွဲရ
တာလဲကွာ...။
ဟင်!....ဆွဲတယ်ဆိုကာမှ.....
မဟုတ်မှ ဒီမှာမဟုတ်ဘဲ ဟိုလူကြီးဆီပါသွားတာများလား..
ကျစ်....ဒုက္ခပါပဲကွာ......။
°°°°°
အိမ်မပြန်ခင်ဆေးရုံအုပ်က round လှည့်မည်ဆို၍
တစ်နေ့လုံးပင်ပန်းထားသမျှကိုခနမေ့ထားကာ
round လှည့်ရသေးသည်...။
အခုတော့ round လှည့်ပြီးသွားပြီဖြစ်သော်လည်း
အိမ်ကိုချက်ချင်းမပြန်ဖြစ်သေး...။
တစ်ကိုယ်လုံးကလှုပ်တောင်မလှုပ်ချင်တော့လောက်အောင်
ညောင်းညာနေပြီဖြစ်၍နားနေခန်းက ကုတင်ပေါ်
ပစ်လှဲလိုက်သည်....။
တစ်မှေးလောက်အိပ်ပျော်သွားသည်ထင်ပါသည်..။
နိုးလာလို့နာရီကိုကမန်းကတန်းထကြည့်တော့
10:30 pm.
Oh god!.ကိုယ့်နဖူးကိုသာပက်ခနဲမြည်နေအောင်ရိုက်ချ
လိုက်သည်..။
ဒီအချိန်ကြီးထိအိပ်ပျော်သွားရလား ဂင်ဂျွန်မြောင်ရဲ့..။
ကျူတီကုတ်ကိုကမန်းကတန်းချွတ်ကာချိတ်မှာ
ချိတ်လိုက်သည်..။
လေဖောင်းအကျႌအပြာရောင်ကိုဝတ်ကာလှည့်ထွက်
တော့မည်ဆိုပါမှမြင်လိုက်ရတဲ့
ကုတင်ပေါ်တင်နေတဲ့ဆွဲကြိုးလေး......။
အာ...ဟုတ်သား..အဲဒါလည်းသွားပေးရဦးမှာပဲ..။
ဆွဲကြိုးကိုယူကာနားနေခန်းကနေထွက်လာလိုက်
သည်...။
ခုညတော့ bus တော့မှီတော့မှာမဟုတ်ဘူး...။
နှမြောတသနဲ့ပဲ taxi စီးပြန်ရတော့မှာပေါ့လေ.....။
°°°°°
မျက်စိရှေ့မြင်နေရတဲ့အဆောက်အအုံကြီးက
ဆိုးလ်မြို့မဆေးရုံကြီး..။
မျှော်လင့်ချက်တသီကြီးနဲ့ရောက်လာတဲ့အိုဆယ်ဟွန်း
အတွက်တော့ဆေးရုံကြီးကတကယ့်ကိုစိတ်ပျက်ချင်
စရာပါ...။
ဆွဲကြိုးလေးတစ်ကုံးကိုဒီအဆောက်အအုံကြီးထဲ
ရှာဖို့ဆိုတာဖြစ်နိုင်ပါသလား..။
ဒီမှာတင်လှည့်ပြန်ချင်စိတ်တွေပေါက်နေပေမယ့်
အဲ့ဒီဆွဲကြိုးကလည်းကျွန်တော့်အတွက်တကယ့်ကို
အရေးကြီးတဲ့အရာ...။
ရဲတစ်ယောက်ယောက်ကသာတွေ့သွားရင်
ဂိုဏ်းတစ်ခုလုံးကိစ္စတုံးမည့်အဖြစ်ဆိုတော့ကား..။
တွေ့အောင်ရှာရမည်မှာကျွန်တော့်အလုပ်
ကျွန်တော့်တာဝန်...။
°°°°°
ဆေးရုံထဲဝင်လိုက်ပြီဆိုတာနဲ့ ထောင်းခနဲရလာတဲ့ဆေးနံ့
တွေရယ် ပြေးလွှားနေတဲ့ဆရာဝန်တွေသူနာပြုတွေ
ကြောင့်မူးတောင်မူးချင်လာရသည်...။
ဒီကြားထဲမှဆေးနံ့တွေကအလုံးအရင်းလိုက်နှာခေါင်းထဲ
တိုးဝင်နေတာကြောင့် တံတောင်နဲ့နှာခေါင်းကိုကွယ်
ထားရသည်..။
ဒီနေ့ကတော့တကယ့်ပြဿဒါးပဲ...။
မနက်ကတည်းကလုပ်သမျှဘာမှကိုအဆင်မပြေဘူး..။
စိတ်ညစ်ညစ်နဲ့ပဲဟိုရှာဒီရှာလုပ်ရင်းလျှောက်လာနေစဉ်..
"အ!.."
လူတစ်ယောက်ကိုတိုက်မိသွားပြန်သည်..။
"အားရှီး.....ဒီမှာ! ခင်ဗျားလမ်းကိုဘယ်လိုလျှောက်နေလဲ
ဒီလောက်အကျယ်ကြီးကိုဝင်တိုက်ရလောက်တဲ့အထိ."
ဖင်ထိုင်ရက်လဲကျနေတဲ့သကောင့်သားတံတောင်ဆစ်
ကိုပွတ်ရင်းမျက်မှောင်ကြီးကျုံ့ကာလူကိုလှမ်းအပြစ်တင်
လေသည်...။
"ဒီနေ့တော့ ကျွန်တော်နောက်ကျနေပြီမို့ခင်ဗျား
သက်သာသွားတယ်မှတ်ပါ.."
သကောင့်သားရဲ့ဘေးကကြမ်းပြင်ပေါ်ကျနေတဲ့
တလက်လက်အရာတစ်ခု...။
ဟုတ်မှဟုတ်ရဲ့လားလို့သေချာကြည့်မိတော့တကယ်ပဲ
ကျွန်တော့်ရဲ့ဆွဲကြိုးဖြစ်နေသည်..။
ဆွဲကြိုးတောင်းရန်ပါးစပ်ဟရုံရှိသေး သကောင့််သား
ကအဝတ်တွေကိုဖုတ်ဖတ်ခါကာထွက်သွားပြီ
ဖြစ်သည်....။
ထွက်သွားတဲ့သကောင့်သားနောက်အမှီလိုက်ကာ
လက်ကိုဆွဲလို့မှောင်ရိပ်ကျတဲ့ဆေးရုံအပြင်ဘက်က
ထောင့်တစ်နေရာဆီခေါ်လာပြီးနံရံဆီကိုဆွဲကပ်ပစ်သည်...။
"အ အ ဒီမှာခင်ဗျားအခုဘာလုပ်တာလဲ...
ဒါကိုယ်ထိလက်ရောက်ကျူးလွန်မှုဆိုတာသိလား"
ရဲတွေဘာတွေရှိနေမှာစိုးလို့ဘေးဘီကိုစစ်ကြည့်ပြီးမှ
စကားစွတ်များနေတဲ့သကောင့်သားဘက်
အလှည့် နီးကပ်သွားတဲ့မျက်နှာနှစ်ခု...
Tbc°°°°°°