Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၈၅

85 12 0
By CrystSnow

ဧကရာဇ်က အခုမှ အသက် ၃၀ ကျော်လေးပဲရှိသေးတာကြောင့် တခြားကျန်းမာရေးကောင်းတဲ့လူငယ်တွေလိုပဲ ပြင်းပြတဲ့စိတ်ဆန္ဒရှိတာက အဓိပ္ပါယ်ရှိသည်. စစ်အတွင်းမှာတောင်မှ သူ့ဆီကို အမျိုးသမီးတွေလာနေတာကို သူမ တွေခဲ့ဖူးတာကြောင့် အထူးအဆန်းတော့မဟုတ်ပေ. ဒါပေမဲ့ Poliana စဉ်းစားနေတာက အခုနောက်ပိုင်းမှာ Lucius က ဘယ်အမျိုးသမီးကိုမှ မငြင်းဆန်တာဖြစ်သည်.

ဧကရာဇ်အနေနဲ့ အမျိုးသမီးတွေ သူ့အခန်းထဲလာတာကို ငြင်းဆန်လေ့မရှိပေမဲ့ သူ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ သူတို့က စကားပြောတာနဲ့ အရက်သောက်တာလောက်ပဲ လုပ်ဖြစ်ကြတာများသည်. ဒါပေမဲ့ အခု သူတို့ Acreiaကို ပြန်တဲ့လမ်းတစ်လျှောက်မှာတော့ သူက ဘာမေးခွန်းမှမမေးတော့ပဲ ဒီအမျိုးသမီးတွေကို သူ့အိပ်ယာထဲ တန်းခေါ်သွားနေသည်.

ဒါက ဧကရာဇ်ရဲ့ သီးသန့်အစေခံရဲ့အလုပ်ဖြစ်ပြီးတော့ စစ်သည်ရဲ့ တာဝန်မဟုတ်ချေ. ဒါပေမဲ့ သူ့ကိုယ်ရံတော်အနေနဲ့ Poliana က ဧကရာဇ်ရဲ့ ကိုယ်ခံအားအတွက် စိတ်မပူပဲ မနေနိုင်ချေ. သူက အမျိုးသမီးတစ်ယောက်နဲ့ တစ်ညလုံးအချိန်ဖြုန်းနေတာက သူ့ကျန်းမာရေးကို မထိခိုက်လာနိုင်ဘူးလား? Lucius က ကျန်းမာရေးကောင်းတဲ့လူငယ်ဖြစ်ပေမဲ့ Poliana ကတော့ စိတ်မပူပဲ မနေနိုင်ချေ.

Poliana က Donau ကို လျှောက်လမ်းမှာတွေ့လိုက်သည်. Sir Donau က သူမကို ပြောလိုက်သည်

"ကြည့်ရတာ အရှင်က ညတိုင်းအလုပ်များနေပုံပဲ"

သူတို့ဧကရာဇ်အကျင့်ပြောင်းသွားတာကို စိတ်ပူနေတာက Poliana တစ်ယောက်တည်းမဟုတ်ပေ.

Poliana က ပြန်ဖြေလိုက်သည်.

"ဟုတ်တယ်. ကြည့်ရတာ စစ်ပွဲဖြစ်နေတုန်းက သူအရမ်းထိန်းချုပ်ခဲ့ရတယ်ထင်တယ်. အခု သူက စိတ်အေးလက်အေးနေလို့ရပြီဆိုတော့ သူ့ရဲ့ညဘက်အလုပ်တွေက ပိုတက်ကြွလာပုံပဲ"

တစ်ချို့လူတွေက စစ်ပွဲအတွင်းမှာတောင် မိန်းမတွေကို ခေါ်လေ့ရှိပြီး တစ်ချို့ကတော့ အမျိုးသမီးတစ်ယောက်နဲ့ ပျော်ရွှင်ဖို့က လုံခြုံစိတ်ချရဖို့နဲ့ စိတ်အေးလက်အေးရှိဖို့လိုတယ်လို့ ထင်ကြသည် လူတိုင်းကတော့ သူတို့ကိုယ်ပိုင် ရပ်တည်ချက်တွေရှိကြသည်. ပထမတော့ ဧကရာဇ်က အမွေဆက်ခံသူရဖို့ ကြိုးစားနေတာလို့ ထင်ပေမဲ့ ဒီကိစ္စအတွက်ဆိုရင်တော့ သူက အထက်တန်းလွှာက အမျိုးသမီးတွေကို မငြင်းဆန်သင့်ပေ.

Poliana က သက်ပြင်းချကာ ထပ်ပြောလိုက်သည်.


"သူ မိန်းမမြန်မြန်ယူဖို့ ငါဆုတောင်းတယ်. ငါ ဧကရီတစ်ပါးလောက်လိုချင်တယ်"

"ကျွန်တော်ပြောချင်တာလဲ အဲ့တာပဲ. လှပပြီးတော့ အမျှော်အမြင်ရှိတဲ့ ဧကရီ.."

"ကြင်နာပြီးတော့ သဘောထားလဲကြီးရမယ်.."

"ပြီးတော့ ငါတို့ဆီမှာ မင်းသားလေးတွေနဲ့ မင်းသမီးလေးတွေ အများကြီး ရှိလာလိမ့်မယ်.."

သူတို့လျှောက်နေရင်းနဲ့ ရုတ်တရက် အစောင့်တွေက ဧကရာဇ်က ဒီနေ့ညလာတဲ့ အမျိုးသမီးကို ပြန်လွှတ်လိုက်ကြောင်း ပြောတာကို ကြားလိုက်ရသည်. Poliana က အစောင့်တစ်ယောက်ကို မေးလိုက်သည်.

"ဘာဖြစ်လို့လဲ? သူမ အမှားတစ်ခုခုလုပ်လိုက်လို့လား?"

"အဲ့အမျိုးသမီးက ရေပူစမ်းမှာ အတူတူရေချိုးဖို့ ပြောလိုက်လို့. အရှင်က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သဘောမကျတာ မင်းလဲသိတာပဲ"

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က အဝတ်မပါပဲ ရေတူတူချိုးတယ်... ဒါက သိသာတဲ့ ကိစ္စတစ်ခုပဲဖြစ်သည်. ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်တွေ ပြင်းထန်လာပြီလို့ ဆိုလိုသည်. Lucius က ဒီအမျိုးသမီးရဲ့ ရဲတင်းမှုကြောင့် စိတ်တိုသွားသည်.

ဧကရာဇ်က မင်းသားတစ်ပါးအနေနဲ့ မွေးဖွားခဲ့ပြီး အမွေဆက်ခံသူအဖြစ် ကြီးပြင်းလာကာ, တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်ဖြစ်လာပြီးနောက်တော့ တိုက်ကြီးတစ်ခုလုံးကို စုစည်းခဲ့သည်. သူက ကျက်သရေရှိစွာနဲ့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းခဲ့ပြီးတော့ ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် အမျိုးသမီးတွေနဲ့ အိပ်ယာထဲမှာ ပျော်ရတာကို သဘောကျပေမဲ့ အမျိုးသမီးတွေရဲ့ အိပ်ယာထဲက ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေကိုတော့ သဘောမကျခဲ့ပေ.

သူတို့သိမြင်ခဲ့ရတာကို အခြေခံပြီးတော့ သူတို့ဧကရာဇ်က ဘယ်လိုအမျိုးသမီးတွေကို သဘောကျလဲဆိုတာကို သူတို့ မှန်းဆနိုင်သည်. Poliana တောင်မှ Lucius စကားတစ်ခွန်းမှ ပြောစရာမလိုပဲ သူ့အကြိုက်ကို သိနေသည်.

"အရှင်က သိမ်မွေ့ပြီးတော့ မိန်းမဆန်တဲ့အမျိုးသမီးတွေကို သဘောကျတာ"

"ဟုတ်တယ်. ဆံပင်အရှည်ကြီးနဲ့ ပိန်သွယ်တဲ့ခန္ဓာကိုယ်ရယ်. သူအလွယ်တကူပွေ့ဖက်လို့ရမဲ့ အမျိုးသမီးမျိုး.."

"အတိအကျပဲ.. ပြီးတော့ အမြဲတမ်းကာကွယ်ပေးဖို့ လိုအပ်တဲ့အမျိုးသမီးပုံစံမျိုး"

သူတို့စိတ်ကြိုက်အမျိုးသမီးပုံစံတွေအကြောင်းပြောနေကြရင်းနဲ့ စကားဝိုင်းကဆက်ပြောဖြစ်နေကြသည်. လက်ထပ်ပြီးသားလူတွေက သူတို့မိန်းမတွေအကြောင်းပြောလာကြပြီး. လက်မထပ်ရသေးတဲ့လူတွေကတော့ သူတို့စိတ်ကူးအိပ်မက်ထဲက အမျိုးသမီးတွေအကြောင်း ပြောလာကြသည် Sir Donau ကို ဒီအကြောင်းမေးလိုက်တော့ သူက အဖြေပေးဖို့ ငြင်းဆန်လိုက်သည်.

"ငါကြိုက်တဲ့ပုံစံဆိုပြီး မရှိဘူး!"

"မင်းရှက်စရာမလိုပါဘူး! ငါတို့ကို ပြောပြစမ်းပါ!"

"ဟုတ်တယ် Sir Donau ငါတို့ သိချင်တယ်!"

စစ်သည်တွေက အတင်းတောင်းဆိုလာတော့ Donau က ခဏစဉ်းစားလိုက်သည်. Poliana ကလဲ သိချင်နေသည်. ခဏကြာတော့ Sir Donau ကဖြေလိုက်သည်.

"ငါ အဲ့အမျိုးသမီးဘယ်လိုနေလဲဆိုတာ ဂရုမစိုက်ဘူး. သန်မာပြီးတော့ အမျှော်အမြင်ရှိတဲ့သူ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့သူမျိုး"

Donau က ရှက်လာပြီးတော့ မျက်နာနီလာသည်. တခြားသူတွေက သူမျက်နာနီလာတာကို သတိပြုမိလိုက်ကာ ပိုစလာတော့သည်. Poliana ကတော့ အခွင့်ရရင် Sir Rabi ကို ဒီကိစ္စပြောဖို့ စဉ်းစားလိုက်သည်.

ရုတ်တရက် Poliana က သူမရှာနေတာကို တွေ့လိုက်သည်. သူမက အုပ်စုထဲကနေ လျှောက်ထွက်သွားကာ တစ်ခုခုကို ပြုံးပြီးတော့ ကြည့်နေသည်. Sir Donau က သူမကြည့်နေတာကို လိုက်ကြည့်လိုက်တော့ သူမက ပြုံးပြီးတော့ ဖြေလိုက်သည်.

"အဲ့တာ ငါရှာနေတဲ့ အမြှီးဖြူပုတ်သင်ညိုပဲ"

တခြားစစ်သည်တွေက သူမစကားကိုကြားတော့ သူမဆီရောက်လာကာ ပုတ်သင်ညိုကို သူတို့ကို ပေးဖို့ တောင်းနေကြသည်. Sir Donau က Poliana သူ့ကို ထပ်ကျွေးမယ်ထင်တာကြောင့် ကြောက်လန့်သွားသည်.

ဒီတစ်ခါတော့ Sir Donau အတွက် မဟုတ်တော့ပေ.

Poliana က အမြှီးဖြူပုတ်သင်ညိုကို မီးဖိုခန်းကို ကိုယ်တိုင်သွားပို့လိုက်သည်. သူမက ဟင်းချက်တဲ့သူကို အရှင့်အတွက် ချက်ပေးဖို့နဲ့ နောက်နေ့မှာ သေချာစားခိုင်းဖို့ အမိန့်ပေးလိုက်သည်. ရဲတိုက်ထဲမှာ ရှိတဲ့လူတိုင်းက Poliana က သူတို့ရဲ့ အရှင်သခင်အသစ်ဖြစ်လာမယ်ဆိုတာ သိနေတာကြောင့် ဟင်းချက်တဲ့သူက ချက်ချင်းခေါင်းငြိမ့်လာသည်. အမြှီးဖြူပုတ်သင်ညိုက အမျိုးသားတွေအတွက် အားကောင်းစေတယ်ဆိုပြီး နာမည်ကြီးသည်. Poliana က ဧကရာဇ်အတွက် စဉ်းစားပေးနေတယ်ဆိုတာ ဘယ်သူကမှ သံသယမရှိပေ.

Lucius ကတော့ တွားသွားသတ္တဝါတွေကို မုန်းတီးနေပြီး. ဒီအားနည်းချက်ကို တခြားသူတွေမသိအောင် သူက ဂရုစိုက်နေသည်.

စားဖိုမှူးက ပုတ်သင်ညိုရဲ့ပုံစံမပျက်အောင် ကြိုးစားအားထုတ်ကာ ချက်လိုက်သည်. သူက သူ့အောင်မြင်မှုအတွက် ဂုဏ်ယူကာ ဟင်းကို သေချာပြင်ဆင်လိုက်သည်. ကျေးဇူးတင်ဖို့ ကောင်းတာက ဧကရာဇ်ရဲ့ အစေခံကမြင်သွားပြီး Lucius မသိခင်မှာ ပုတ်သင်ညိုကို ဖယ်လိုက်နိုင်သည်. တကယ်လို့ သူမြင်သွားခဲ့ရင်တော့ ဧကရာဇ်က တစ်ဇွန်းတောင် စားမှာမဟုတ်ချေ.

မနေ့က အမျိုးသမီးက ရေပူစမ်းမှာ သူမနဲ့အတူရေချိုးဖို့ပြောတာကြောင့် Lucius က စိတ်ပျက်နေသည်. အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က တူတူရေချိုးတယ်... ဒါက ရေချိုးရုံနဲ့ ပြီးသွားမှာ မဟုတ်ပေ.. ဧကရာဇ်က အနည်းငယ်ဒေါသထွက်နေသည်. ဒီအမျိုးသမီးက သူ့ကို နှာဘူးကောင်လို့ ထင်နေတာလား? သူက အဲ့လောက်ဆိုးနေလို့လား?

'အရင်နယ်မြေသခင်က အဲ့လိုမကောင်းတဲ့အကျင့်တွေရှိတာဖြစ်မယ်'

ဒါက ဖြစ်နိုင်ချေရှိသည်. မဟုတ်ရင် ဘယ်သူက ဒီလောက်ပိုက်ဆံအကုန်အကျခံကာ ရေပူစမ်းကရေတွေ ရဲတိုက်ထဲပို့ဖို့ တူးမြောင်းတူးမှာလဲ?

Lucius က စိတ်မပျော်ဘူးဖြစ်နေသည်. နေ့တိုင်း ညတိုင်းမှာ သူ့ဆီကို လှပတဲ့အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်လာနေကြသည်. ဒါပေမဲ့ သူက စိတ်ကျေနပ်တယ်လို့ မခံစားရပေ. ဘာလို့လဲ? ဧကရာဇ်တစ်ယောက်တည်းသာ ဒီမေးခွန်းရဲ့ အဖြေကို သိသည်.

Lucius က သူ့ဟင်းကို ဇွန်းအပြည့်ခပ်ယူကာစားလိုက်သည်. သူစားနေကျအရသာမျိုးမဟုတ်ပေမဲ့ သူသဘောကျသွားသည်.

"ဒီဟင်းက ကောင်းလိုက်တာ"

"ဟုတ်ကဲ့ပါအရှင်. ဒါက အရှင့်အတွက် သေချာချက်ပေးထားတာ. အဲ့တာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်. ဒါကြောင့် အရှင် အကုန်စားရမယ်နော်"

ဒီဟင်းရဲ့လျှို့ဝှက်ချက်ကို သိတဲ့အစေခံတွေက စကားတစ်ခွန်းမှ မဟပေ. အမှန်အတိုင်းမသိတာက သူ့အတွက် ပိုကောင်းသည်. Poliana က အစေခံတွေနဲ့ အကြည့်ချင်းဖလှယ်လိုက်ကာ သူတို့ကို လက်မထောင်ပြလိုက်သည်.

ကောင်းတယ်.. အကုန်လုံးက သူမအစီအစဉ်အတိုင်းဖြစ်ခဲ့သည်.

Continue Reading

You'll Also Like

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
4.4M 280K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...