Lover Beads (NeZha & AoBing)...

By blmoonchild

1M 35.4K 2.8K

"Story Preview" - ဒီ Fic ​လေးက အခု​နောက်ဆုံး ထွက်ရှိခဲ့တဲ့ NeZha Zhi Mo Tong Jiang Shi ရဲ့ 2019 Animation mov... More

"Lover Beads" Announcement ❤
Prelogue (Unicode)❤
Prelogue (Zawgyi Font)❤
Part 1 🔞🔞🔞 (ညတိုင်း ညတိုင်း) Unicode
Part 1 🔞🔞🔞 (ညတိုင်း ညတိုင်း) Zawgyi Font
Part 2 (မ​ပြောပြနိုင်တဲ့ အမှန်တရား) Unicode
Part 2 (မ​ပြောပြနိုင်တဲ့ အမှန်တရား) Zawgyi Font
Error announcement🚨
Part 3 (NeZha မျက်ဝန်းထဲက အလှဆုံးမြင်ကွင်း) Unicode
Part 3 (NeZha မျက်ဝန်းထဲက အလှဆုံးမြင်ကွင်း) Zawgyi Font
Part 4 (ငါသိတဲ့ NeZha မဟုတ်​တော့ဘူး🔞🔞) Unicode
Part 4 (ငါသိတဲ့ NeZha မဟုတ်​တော့ဘူး 🔞🔞) Zawgyi Font
Merry Christmas Present For ဒါဒါ တို့ !!!!🎁❤ (Unicode + Zawgyi Font)
Part 5 (နာကျင်မှု​တွေသာ🔞🔞🔞🔞🔞) Unicode
Part 5 (နာကျင်မှု​တွေသာ🔞🔞🔞🔞🔞) Zawgyi Font
Apology🙏🙏🙏 (Uni+Zawgyi)
Part 6 (လွန်ခဲ့​သော တစ်ပတ်က) Unicode
Part 6 (လွန်ခဲ့​​သောတစ်ပတ်က) Zawgyi
သာသာ့ရဲ့ ​တောင်းပန်စာ🤒
Part 7 (🔞ညစာ🔞) Unicode
Part 7 (🔞ညစာ🔞) Zawgyi
Pt 8 (​​🔞သွေးနီ​ရောင် မျက်ဝန်း🔞)Unicode
Pt 8(🔞​သွေးနီ​ရောင် မျက်ဝန်း🔞) Zawgyi
Pt 9 🔥(ငါပိုင်ချင်တဲ့ အရာက အခြားတစ်​ယောက်စီမှာ) Unicode
Pt 10 (🔞လခြမ်းငယ် အလင်း​ရောင် လွှမ်းတဲ့ည🔞) Unicode
Pt 10(🔞လခြမ်းငယ် အလင်း​ရောင် လွှမ်းတဲ့ည🔞)Zawgyi
⚠️Announcememt⚠️
Pt 11 🔞 (ချီခွမ်းချင်း ပျက်ပြယ်ခဲ့ပီ)Unicode
Pt 11 🔞 (ချီခွမ်းချွမ်း ပျက်ပြယ်ခဲ့ပီ) Zawgyi
Pt 12 (​ကျန်းယူမြို့ ပျက်စီးခြင်း) 🔞 Unicode
Pt 12 (ကျန်းယူမြို့ပျက်စီးခြင်း) 🔞 Zawgyi
Pt 13 🔞 (​​​လောကသိ နိမိတ်တစ်ခွန်း ​​ကောင်းကင်ဘုံမှ ရွတ်ဆိုခြင်း) Unicode
Pt 13 🔞 (လောကသိ နိမိတ်တစ်ခွန်း ​​ကောင်းကင်ဘုံမှ ရွတ်ဆိုခြင်း) Zawgyi
Update မတိုင်ခင်​လေး တဖြတ်!!
Pt 14 (ကံကြမ္မာ​ပြောင်းပြန်) Unicode
Pt 14 (ကံကြမ္မာ​ပြောင်းပြန်) Zawgyi
Massage from BL Moonchild!
သာသာ စီမှ အနူးညွတ် ​တောင်းပန်စာ!!(Announcement)
Pt 15 🔞 (ဒွန်တွဲ​နေ​သော ကံကြမ္မာ) Unicode
Pt 15🔞 (ဒွန်တွဲ​နေ​သော ကံကြမ္မာ)Zawgyi
အပိုင်း ၁၆ခန Un မယ်​ညော်🚨
Pt 16 🔞 (​အဖြည့်ခံ) Unicode
Pt 16 🔞 (​အျဖည့္ခံ) Zawgyi
Pt 17 🔞🔞 (ထိန်းချုပ်ထား​သော ဆန္ဒနှင့် မလွန်ဆန်နိုင်ရဲ့ ရမ္မက်)Unicode
Pt 17 🔞🔞 ( ထိန်းချုပ်ထား​သော ဆန္ဒနှင့် မလွန်ဆန်နိုင်ရဲ့ ရမ္မက်)Zawgyi
Upcoming Story

Pt 9🔥(ငါပိုင်ချင်တဲ့အရာက အခြား တစ်​ယောက်စီမှာ)Zawgyi

8.2K 317 14
By blmoonchild

အချိန်တစ်ခုကြာလာတဲ့​နောက် Ao Bing နဲ့ Hong Lang တို့ ပိုပို ခင်မင်ရင်းနီးလာကြတယ်..

Ao Bing ရင်ဖွင့်ပီးတဲ့​နေ့တည်းက Hong Lang ရဲ့အပြု​မူ​လေး​တွေဟာတဖြည်းဖြည်း ချစ်ခြင်း​တရား သံ​ယောဇဉ်သို့ ​ပြောင်းလဲလာတယ်..

မြေ​ခွေးတစ်​​ကောင်ပုံအသွင်​​ဆောင်ထား​သော်ညား ရင်ထဲက ပြည့်နှက်​နေတဲ့ခံစားချက်​တွေက အချိန်နဲ့တညီကြီးထွားလာတယ်..

Ao Bing အတွက် Hong Langဟာ သူမြတ်နိုးရတဲ့ ချစ်စရာသတ္တဝါ​လေးအဖြစ် သတ်မှတ်ထား​ပေမယ့်
Hong Lang အတွက်က​​တော့ Ao Bingဟာ သူတစ်သက်တာပိုင်ဆိုင်ချင်တဲ့ တစ်​​ယောက်​သောသူသာဖြစ်​တော့တယ်..

ဒီ​ ရင်​အေး​စေတဲ့ အပြုံးတစ်ပွင့်..​ဖြောင့်စင်း​နေတဲ့ ထိုအပြာ​ရောင်ဆံနွယ်​လေး​တွေရယ်, Hong Lang ကို Ao Bing ​ပွေ့ချီလိုက်တိုင်း ခံစားရတဲ့ ထို​နွေး​ထွေးမှူ​တွေက Hong Lang အတွက် စွဲမက်​နေ​စေတယ်​လေ..

အနီ​ရောင်မျက်ဝန်း​တွေရဲ့​နောက်ကွယ် ရမ္မက်မီးလျှံတို့ရှိခဲ့တာ Ao Bing မသိခဲ့..

တစ်​နေ့ Ao Bing သိုင်း​လေ့ကျင့်ပီး Hong Langနဲ့ အတူ ​အပြန်လမ်းတွင် တသွင်သွင်စီးဆင်းနေတဲ့ စမ်း​ချောင်း​လေးနားက ဖြတ်ရင်း ​ရေဆာ​တော့ ခနနားဖို့ ဆုံးဖြတ်လိုက်ကြတယ်..

နေ​ရောင်​အောက်တွင် တလက်လက် ဖြစ်​နေတဲ့ ​စမ်း​ချောင်း​လေး​ဘေးဝယ် အ​မော​ဖြေကာ ​လေ​ပြေကလည်း တိုက်​​နေ​တော့တယ်..

Ao Bing သည် ​ရေစပ်နား​လေးမှာ လက်ခုပ်ထဲ​ရေခပ်ပီး​သောက်ဖို့ရာ ပြင်​နေစဉ် အ​နောက်က Hong Lang က စ​နောက်ကာ Ao Bing ကိုအနည်းငယ်တွန်းလိုက်​တော့ ​ခြေ​ချော်၍ ​ရေထဲပြုတ်ကျ​တော့သည်

Hong Lang စိတ်ထဲတွင် ကြိတ်ရယ်​နေသည်.. အပြင်ပန်းက​တော့ သူများကို စ​နောက်လိုက်ရလို့ ​ပျော်ပီးခုန်​ပေါက်လျက်..

ထို့​နောက် ရုတ်တရက် သူ့​ရှေ့က မြင်ကွင်း​ကြောင့် မှင်သက်တိတ်ဆိတ်သွား​တော့သည်..

ထိုမြင်ကွင်းမှာ အခြားမဟုတ်.. ​ရေထဲပြတ်ကျသွားတဲ့ Ao Bing သည် တသွင်သွင်စီးကာ တလက်လက်​တောက်ပ​နေတဲ့ စမ်း​ချောင်းရဲ့အလယ် Hong Lang စ​နောက်လိုက်လို့ ယခု ဆံနွယ်အဖြား​လေး​တွေ ​ရေစိုကာ ဝတ်ထားတဲ့အဖြူ​ရောင်ဝတ်ရုံလွှာကာ အနည်းငယ်ပါး​တော့ အသားနဲ့ကပ်သွားတာ အထဲက ဖြူဥ​နေတဲ့ ခန္ဓါကိုယ်​သေး​သေး​လေးကို မြင်​နေရ​​​တော့သည်..

Ao Bing စီမှ အကြည့်တို့လွှဲမရတဲ့ Hong Langက အတွင်းရမ္မက်စိတ်တို့တဖွားဖွား ​ပေါ်လာကာ အ​သွေးထဲအသားထဲက ​တစုံတစ်ရာကိုသာ ​တောင်းတ​နေမိ​တော့သည်..

Ao Bing: "Hong Lang..မင်း...မင်း​တွေ့မယ်..ငါလာပီ"

ပြန်ကလဲ့စား​ချေဖို့ကြိုးစား​နေတဲ့ Ao Bing က အ​​လောတကြီး ​ရေထဲက တတ်လာပီး မှင်သက်​နေတဲ့ Hong Lang အနားချဉ်းကပ်လာရင်း ရုတ်တရက် ​လေအဟုန်ကဲ့သို့မြန်ဆန်စွာဖြင့် Ao Bing ကို Hong Lang ပြန်ခုန်အုပ်လိုက်သည်..

ပြန်ကလဲ့စား​ချေချင်တဲ့ Ao Bing သည် ယခု ​မြေပြင်တွင် ပက်လက်အ​နေထား Hong Lang က ရင်ဘတ်​ပေါ်တွင် ​​ခြေ​လေး​ချောင်းလုံး​နေရာယူပီး အ​ပေါ်က စိုက်ကြည့်​နေသည်..

ထို့​နောက် Ao Bing ပြန်မတုန့်ပြန်လိုက်နိုင်ခင်မှာပဲ Hong Lang သည် Ao Bingရဲ့ လည်ပင်းကို သွားဖြင့်ကိုက်ခဲလိုက်သည်..

Ao Bing:" Hong Lang!!မင်း..ဘာလုပ်တာလဲ..လွှတ်"

တခနကြာ​အောင် အသိစိတ်လွတ်ကာ ကိုက်ခဲထားတဲ့ Hong Lang ကို Ao Bing တွန်းဖယ်လိုက်​တော့ Hong Lang ခပ်​ဝေး​ဝေးသို့ လွင့်သွားသည်

အဲ့​တော့မှ အသိစိတ်ပြန်ဝင်လာကာ Ao Bing သည် လည်ပင်းက​သွေးထွက်​နေတဲ့ဒဏ်ရာကို လက်ဖြင့်ဖိထားရင်း Hong Lang ကို စူးစူးစိုက်စိုက်ကြည့်​နေ​တော့သည်..

Ao Bing သည် ငယ်​သေးတာမို့ ဒဏ်ရာ​လေးက ​သေး​သော်လည်း သူ့အတွက် နာကျင်လှသည်..

Ao Bing:"မင်း ဘာလို့ငါ့ကိုကိုက်တာလဲ😭..မုန်းတယ်..ငါ့​နောက်မလိုက်နဲ့"

ဝူးတူးဝါးတား ​အော်ငို​ပြောဆိုပီး ​ပြေးထွက်သွား​တော့သည်..

မ​မျှော်လင့်ဘဲ မြင်လိုက်ရတဲ့ သူ့မျက်ရည်​တွေ​ကြောင့်..
Hong Lang ချက်ချင်းဆိုသလို အ​နောက်က​ပြေးလိုက်သွားသည်

သို့​သော် မြန်ဆန်လှသည် .. သိုင်းပညာဖြင့် အမြန်​ခြေရာ​ဖျောက်ကာ ​ပြေးသွား​တော့ Hong Lang ​တောအလယ်၌ ​ရောင်လည်လည်သာ ကျန်ရစ်ခဲ့​တော့သည်..
.
.
တရှုံ့ရှုံ့ငိုရင်း Ao Bing သူ့​နေရာသို့ပြန်​ရောက်လာ​တော့ သူ့ဆရာ ရှမ်းကုန်း​ပေါက်က မိန့်မိန့်ကြီး ​စောင့်​နေ​လေပီ..

ရှမ်းကုန်း​ပေါက်:"Ao Bing! မင်း ဘယ်​တွေသွား​နေတာလဲ..ဟမ်..မင်းကို ​လေ့ကျင်းဖို့ ဒီလိုသွားလာခိုင်းထားတာ..အားအားယားယား ​​ဆော့​နေဖို့မဟုတ်ဘူး"

"အယ်..မင်း ငို​နေတာလား.. ​လည်ပင်းက​ရော ဘာဖြစ်တာလဲ"

ရုတ်တရက် Ao Bing ရဲ့ ရင်ဘတ်နားက ​ဝတ်ရုံစကို​ဆောင့်ဆွဲကာ လည်ပင်းကဒဏ်ယာကိုကြည့်ရင်း..

ရှမ်းကုန်း​ပေါက်: "Tsk ! Tsk! Tsk! ​ကောင်း​ရောပဲ..

လေ့ကျင်းခိုင်းတာ.. အခု​တော့ ဘယ်​ခွေးကိုက်ခံရလို့ ငိုယိုပီး ပြန်လာတာလဲ ဟမ်!!!"

"ဘယ်လို​တောင် ​ပျော့ညံ့လိုက်တဲ့​ကောင်လဲ... မင်း လုပ်ရမယ့် အရာ​တွေရှိတာ မ​မေ့နဲ့.. ငါ စိတ်မပျက်ရ​စေနဲ့"

"မနက်ဖြန် ငါတို့ဒီ​နေရကထွက်သွားရမယ် အသင့်ပြင်ထား"

ဒေါသတကြီး ဆူ​ငေါက်​ပြောဆိုကာ ထွက်သွားပီး Ao Bing လည်း နှုတ်ဆိတ်စွာကျန်ခဲ့သည်..

ထို့​နောက် ဘာကိုမှမစဉ်းစားချင်​သေးတာမို့ လည်ပင်းကဒဏ်ယာကို ​ဆေး​ထည့်ကာ အနားယူဖို့ပဲဆုံးဖြတ်လိုက်​တော့သည်..

အိပ်ယာ​ပေါ်တွင် ​ခွေ​ခွေ​လေး အိပ်စက်ရင်း Hong Lang ကို ​တောထဲတွင် ထားခဲ့တာရယ်.. မိမိကို ကိုက်တဲ့အ​ကြောင်း​တွေရယ် စဉ်းစားရင်း တစ်ညတာ ကုန်ဆုံးသွား​လေ​တော့သည်..
.
.
.
*​နောက်တစ်​နေ့မနက်*

Hong Lang ​တောထဲက Ao Bing သိုင်းကျင့်စဉ် ကျင့်​နေကျ​နေရာ​လေးမှာ လာ​စောင့်​နေသည်..

နေ သာဝင်သွားသည်ထိ Ao Bing ​ရောက်မလာခဲ့..

ဒုတိယ​နေ့ Hong Lang အ​စောကြီးလာ​စောင့်​နေပြန်သည်..သို့​သော် ​နေဝင်သွားသည်သာ အဖက်တင်သည် Ao Bing ထပ်​ရောက်မလာခဲ့​ချေ..

တတိယ​နေ့ Hong Lang ​စောင့်​နေရင်း အိပ်​ပျော်သွားလို့ ည​ကောင်းကင်ယံထက် ဖိုးလမင်း​တောင် ထိန်လင်း​နေပီ သို့​သော် Ao Bing ​​ရောက်လာခဲ့ခြင်းမရှိ​ချေ..

ဒီလိုနဲ့ ၄ရက်​မြောက် ၅ရက်​မြောက်.. ၁လကြာတဲ့ထိ Ao Bing ကို Hong Lang မ​တွေ့ရ​တော့​ပေ..

မပျက်မကွက် ​နေ့တိုင်း လာ​စောင့်​နေ​ပေမယ့် အချည်းနည်းသာ ဖြစ်ခဲ့၏..Ao Bing လုံးဝ မလာ​တော့ပေ။

အမှန်က Ao Bing ​ရောက်မလာခဲ့ခြင်းဟာ .. Ao Bing သည် Hong Lang စီက အကိုက်ခံရပီး ​နောက်တစ်​နေ့ သူ့ဆရာရဲ့အမိန့်ဖြင့် မြို့ကို ​ပြောင်း​ရွှေ့သွားခြင်းဖြစ်သည်..

အဲ့​နေ့ညက Ao Bing ​စီ သူ့ဆရာ ရှမ်းကုန်း​ပေါက် လာ​စောင့်​နေခြင်းဟာ နဂါးမင်းနဲ့ သူ့ရဲ့ အစီစဉ်အတွက် ထပ်ပီး သိုင်းပညာ​​လေ့ကျင့်ဖို့ရာနှင့် NeZhaစီချဉ်းကပ်ရန် ​လှုပ်ရှားဖို့ ဖြစ်သည်..

ဆရာ ရှမ်းကုန်း​ပေါက်ကို မလွန်ဆန်နိုင်​တော့ မည့်သည့် ပစ္စည်းမျှပင်မယူ ကိုယ်တွင် တစ်ဝတ်နဲ့သာ ခရီးနှင်ခဲ့ကြ​တော့သည်..

ထို​နေ့က Hong Lang ကို စိတ်ဆိုးပီး ​ပြောဆိုခဲ့​သော်ညား ယခု စိတ်မ​ကောင်းဖြစ်​နေမိသည်..

သေချာ​ပေါက် Hong Lang ​စောင့်​နေမှာ သိ​သော်လည်း သွားခွင့်မရှိ​တော့သလို နှုတ်ဆက်စကားချန်ဖို့ရန်​တောင် ခဲယဉ်း​လေပီ..

ထို့​ကြောင့် သူ​နေခဲ့တဲ့ ​နေရာ​လေးကို Hong Lang ​ရောက်လာခဲ့လျင် သူ့ကိုနှုတ်ဆက်သွား​ကြောင်းသိ​စေရန် ​တွေ့လို့​တွေ့ညား ​​မျှော်လင့်ရင်း Ao Bing ယာယီ​နေထိုင်တဲ့ သစ်သားလုံးအိမ်​လေး၌ ​ငွေ​​ရောင်လက်​နေတဲ့ ခရုခွံ​လေးကို အ​ပေါက်​​ဖောက်ကာ ကြိုးသွယ်ထားတဲ့ ဆွဲကြိုး​လေးကို လက်​ဆောင်အဖြစ်ထားခဲ့​လေ​တော့သည်..
.
.
.
တစ်လ ​ကျော်လွန်ပီးတည်းက Hong Lang သည် Ao Bing သိုင်းကျင့်​နေကျ​နေရာကို သွားမ​စောင့်​တော့​​ပေ.. Ao Bing ပြန်မလာ​တော့ဘူးဆိုတာ သူတစ်ထစ်ကျသိ​သွားသည်..

ထိန်းမရတဲ့ သူ့စိတ်​ကြောင့် Ao Bing ကိုနာကျင်​စေခဲ့တယ်.. "မုန်းတယ်" ဆိုတဲ့ စကား​တွေနဲ့ မျက်ရည်​တွေကို ပြန်မြင်​​ယောင်းရင်း ရင်ထဲနာကျင်​နေမိသည်..

သွေးဆာ​နေ​သော မိစ္ဆာအဖြစ်ရှင်သန်းရင်း ဘဝမှာ အ​တောက်ပဆုံးအရာကို ​တွေ့ခဲ့တယ်..

ထာဝရ မြတ်နိုးစွာ သိမ်းထားချင်မိတာ ဒီလို ရုတ်ချည်း ​​ပျောက်ကွယ်သွားမယ်လို့ ဘယ်​တွေးမိပါ့မလဲ..

ဒီလိုဖြစ်မယ်မှန်း သိရင် ​စော​စော မင်းကို ပိုင်ဆိုင်ခဲ့လိုက်ရမှာ
စော​စော မင်းလက်ကို ဖမ်းဆုပ်ခဲ့ရမှာ.. အခု ဘယ်မှာသွားရှာရပါ့မလဲ..

အထီးကျန်လွန်းတဲ့ ​နေ့ရက်တိုင်းကို Hong Lang ဖြတ်သန်းရင်း အချိန် တစ်နှစ်မျှ ထပ်၍ ကုန်ဆုံးသွား​လေ​တော့သည်..
.
.
"သတိထား.. မိစ္ဆာ​တွေ..."

*ချွင်..ချွမ်း..* (ဓါး လှံ တို့ဖြင့် တိုက်ခိုက်​နေသံ)

"ဒီ​ကောင်​တွေ အရမ်းများလာပီ..မရဘူး..တပ်ဆုပ်​တော့"
.
.
Ao Bing သိုင်းကျင့်ခဲ့တဲ့ ထို​တောင်က ယခင်က အလွန်​အေးချမ်းပီး.. ရွာသားတို့ ထင်းရှာထွက်လျင်လည်း သာမာန် ​တောတိရိစ္ဆာန်တို့မှလွဲ၍ သားရိုင်း​ကောင်းတို့မရှိ.. က​လေးသူငယ်များလည်း လွတ်လွတ်လပ်လပ် ​​လျှောက်သွား​ဆော့ ကစားကြသည်..

သို့​သော် တစ်နှစ်ခန့်ကြာပီးတဲ့အခါ ထို​တောင်မှာ လူအ​သေအ​ပျောက်များလာပီး မိစ္ဆာများ ထကြွလာ​တော့သည်..

တချို့က ​တော့ထဲတွင် အစန​ပျောက်သွားကြသည် ..
တချို့က ​တောထဲ ထင်းရှာရင်း ခရီးနှင်ရင်း ​သားရဲတစ်​ကောင်က ရက်ရက်စက်စက် စားသုံးထားတဲ့ လူ​သေ​လောင်း​တွေကို ​တွေ့ကြတယ်လို့ဆိုကာ သီတင်းပြန့်လာခဲ့ကြတယ်..

တစ်​ယောက်က​ပြောတာ ​မိုးနတ်မင်းက ​မှော်ဝမ်ဖြစ်တဲ့ NeZha မ​သေလို့ အမျက်ရှတာ​ကြောင့် မိစ္ဆာ​တွေထကြွလာတာဆိုပီး ​ပြောစပြုလာကြပြန်တယ်..

တကယ်​တော့ မိစ္ဆာ​တွေ ထို​​တော်​ပေါ်တွင်ထကြွလာချင်းဟာ Ao Bing ထွက်သွားပီး တစ်နှစ်အကြာမှာ Hong Lang ဟာ လူအသွင်​ပြောင်းနိုင်လာတဲ့ အရွယ်​ရောက်မိစ္ဆာတစ်​ကောင်ဖြစ်လာခဲ့တယ်..

များပြား​သော ​မြေ​ခွေးမိစ္ဆာ​တွေသည် လျင်မြန်လွန်းပီး ​ကုတ်ခြစ် သတ်ဖြတ်နိုင်​သော အဆင့်ထိသာဖြစ်ကြ​​ပေမယ့်.. Hong Lang က ပထမဆုံး လူအသွင်​ပြောင်းနိုင်တဲ့ ​မြေ​ခွေးမိစ္ဆာဖြစ်လာခဲ့သည်..

မြေ​ခွေးမိစ္ဆာတို့ရဲ့ ဒဏ္ဍာရီတွင် ​မြေ​ခွေးအသွင်မှ လူအသွင်​ပြောင်းနိုင်​သော ကျင့်စဉ်တို့ရှိကြ၏

သို့​သော် အသိဥာဏ်မဲ့ ​သွေးဆာ​နေမြဲဖြစ်တဲ့ ​မြေ​ခွေးမိစ္ဆာ​တွေက ထိုသိုင်းကြမ်းကို ကျင့်ဖို့ရာ လွန်စွာ ​ဝေးလှသည်..

သို့​သော်..Hong Lang က သူ့ရဲ့တစ်ခုတည်း​သော ရည်မှန်းချက်​ဖြစ်တဲ့..Ao Bing ကိုရှာဖို့အတွက် ထိုကျင့်စဉ်ကို ကျင့်ကြံပီး ​အောင်မြင်သူတစ်​ယောက်ဖြစ်လာသည်..

ဆိုးတာက ထိုကျင့်စဉ်ကို ကျင့်တဲ့ ​မြေ​​ခွေးမိစ္ဆာဟာ ပို၍စွမ်းအားကြီးလာသလို သူဆာ​လောင်လာတဲ့​သွေးပမာဏက.. အရင်လို အနည်းငယ်​သောက်ရုံဖြင့် လုံ​လောက်သွားတာမျိုးမဟုတ်​တော့​ပေ..

လူတစ်​ယောက်ကို အရှင်လတ်လတ် သတ်ဖြတ်ပီး ရှိသမျှ ​သွေး​ကြော​​တွေထဲ စီးဆင်း​နေတဲ့ ​သွေးတို့ကို ​သောက်သုံးရင်​တောင် မဝနိုင်လို့ လူ ၂​ယောက် ၃​ယောက်​လောက် ကို သတ်ဖြတ်​သောက်သုံးရသည်..

အင်အားကြီးလာတဲ့ Hong Lang က သူ့ထက်နှိမ့်တဲ့ ​မြေ​ခွေးမိစ္ဆာ​တွေကို လက်​အောင်ငယ်သားအဖြစ် နိုင်ထက်စီးနင်း ​စေခိုင်းကာ ​​တောထဲသို့ဝင်လာ​သော လူသားတိုင်းကို ဖမ်းစီးခိုင်းပီး သတ်ဖြတ်စားသုံးသည်

သွေး​ရောင်လွှမ်းလာတဲ့ လပြည့်ဝန်းည​​တွေမှာ Hong Lang ရဲ့ အမဲလိုက်မှုလက်က ဘယ်လူသားမျှလွတ်​​မြောက်ခြင်းမရှိခဲ့​ပေ။

လူ​တွေ အ​သေ​ပျောက်များလာပီး ရုတ်ရုတ်ကျက်ကျက် ဖြစ်လာတာ​ကြောင့် Li Jing စစ်သူကြီး ဒီကိစ္စကို မျက်ကွယ်မ​ပြုနိုင်​တော့​ပေ..

ထုံးစံတိုင်း ဇနီး​မောင်နှံနှစ်​ယောက် မိစ္ဆာတို့​နောက် ​ခြေရာခံပီး တိုက်ခိုက်နှိမ်နင်းကြသည်..

မြေ​ခွေးမိစ္ဆာငယ်တို့ကိုတိုက်ခိုက် စုံစမ်းရင်း သဲလွန်စ​တွေ အ​ဖြေရှာ​တွေ့တဲ့​နောက် Hong Lang ရဲ့တည်​နေရာကို ​တွေ့ခဲ့ကြတယ်..

လက်​အောက်ငယ် ​​​မြေ​ခွေးမိစ္ဆာငယ်တို့​​ချွေရံလျက် စိုးမိုး​ချုပ်ကိုင်​နေ​သော Hong Lang ကို Li Jing စစ်သူကြီးတို့ အလုံးရင်း ဝင်တိုက်ခိုက်ကြ​ပေမယ့်.. လုံးဝ မှားခဲ့တာက .. သူတို့ Hong Lang ကို ​လျော့တွက်မိခဲ့တယ်..

တပ်သား​ပေါင်း ရာ​ကျော် အသက်ဆုံးရှုံးခဲ့ပီး NeZhaရဲ့ အ​မေ Yinလည်း ​သေလု​မျောပါး ဒဏ်ရာရခဲ့တာ​ကြောင့် Li Jing စစ်သူကြီး တပ်​နောက်ပြန်ဆုတ်ခဲ့ရတယ်..

ထိုသီတင်းကို ကြားသိရချင်းပဲ ​ဒေါ်သ​တွေ ထိန်းမရတဲ့ NeZhaက တဇွတ်ထိုး အထိန်းကွတ်မဲ့ ထိုမိစ္ဆာ​တောင်သို့ သွား​ရောက်​ချေမှုန်း​​လေကာ..တစ်​တောင်လုံးကို မီးပြာကျ​စေခဲ့တယ်..

NeZha စွမ်းအားဘယ်​လောက်ကြီးလဲ ဒီမိုး​ကောင်းကင်နှင့် လူသားတိုင်းသိကြတယ်..

မိစ္ဆာ​တောင်ရှိ မည့်သည်​မြေ​ခွေးမိစ္ဆာမဆို ပြကျကုန်သည်..သို့​သော် ​သွေးနီ​ရောက်မျက်ဝန်းနဲ့ ​ထိုမိစ္ဆာရဲ့အရိပ်​ရောင် မ​တွေ့​ပေ။ တထစ်ကျ လွတ်သွားမှန်း NeZha သိတာ​ကြောင့် ရပ်ရွာသူ ရွာသား​တွေအကုန်လုံးကို သတိရှိ​စေဖို့ သီတင်းဖြန့်ပီး.. ထို​နေ့မှစ၍ Hong Lang ကို စုံးစမ်း ရှာ​ဖွေခဲ့​ပေမယ့်.. ယခု လက်ရှိအချိန်ထိ မ​တွေ့​သေး​ပေ။
.
.
.
*မိစ္ဆာ​တောင် မီးပြာကျတဲ့​နေ့ တုန်းက*

Hong Lang:" Huh! မင်းလား လူတိုင်း​ပြော​နေတဲ့ အရိုင်းဆိုင်း​ကောင်, အရူးလို ​ဒေါသကြီးပီး လူ​တွေအတွက် ကယ်တင်ချင်​ယောင်​​ဆောင်နေတဲ့ မိစ္ဆာ.. တ​နေ့ မင်းစီက ငါပိုင်ချင်တဲ့ အရာကို ပြန်ယူပီး.. မင်းဘဝစုတ်ပြတ်သတ်​စေရမယ်.."
.
.
.
Hong Lang သည် ယခုလို မဆိုးသွမ်းခင်.. လူအသွင်​ပြောင်းနည်း ကျင့်ကြံပီး​နောက် လူငယ်​ကောင်​လေးတစ်​ယောက်အဖြစ်​ပြောင်းလဲပီး ဝတ်ရုံအနက်ကို ​ခေါင်းတွင်ပတ်ခြုံကာ ​ငွေ​ရောင်ခရုခွံဆွဲကြိုး​လေး ယူ​​ဆောင်ပီး မြို့သို့ ခရီးနှင်ခဲ့သည်..

ထို ဆွဲကြိုး​လေးကို လက်တွင် တယုတယ ကိုင်တွယ်ရင်း မအူမလယ်နှင့် Ao Bing ကိုရှာခဲ့သည်..

ဒီ​လောက်များပြားတဲ့ လူ​တွေထဲ မည်သို့ရှာမည်နည်း
Ao Bing ကလည်း ထိုအချိန်က NeZha နှင့်သာ ၂​​ယောက်အတူ မိစ္ဆာ​တွေရှင်းရင်း အချိန်ကုန်​နေသည်

နေ့မအိပ် ညမအိပ် ​လျှောက်သွား​နေတဲ့ Hong Lang သည် တစ်​နေ့ကြ​တော့ အားယုတ်ကာ မူး​ဝေလာသည်..

မိစ္ဆာတစ်​ကောင်အ​နေဖြင့် အခြား​သော စားစရာများစားလို့လည်းမရ..

လူသူရှင်း​သော​နေရာတွင် တစ်​ယောက်​ယောက်ကို သတ်ဖြတ်ရ​အောင်လည်း.. တခါက Ao Bing မှာဖူးတဲ့စကားကို သတိရသွားသည်..

"မင်းလိုအပ်ရင် ငါရှိ​နေမှာမို့.. ဘယ်သူ့ကိုမှ ရန်မပြုရဘူး​နော်"

ထိုစကားကို ကြား​ယောင်ရင်း ရုတ်တရက် Hong Lang လှမ်း​တွေ့လိုက်တာက..

အပြာ​ရောင်ဆံနွယ်တို့ ​​ဖြောင့်ဆင်းကာ ​လေယူရာ ယိမ်းလျက်.. အဖြူ​ယောင် ဝတ်ရုံလွှာ​လေး ဝတ်ဆင်ထားတဲ့ လူတစ်​ယောက် အ​လောတကြီး ​ပြေးသွားတာကို Hong Lang ဝိုးတိုးဝါးတား မြင်လိုက်ရသည်..

နောက်​ကြော​လေးနဲ့တင် သူဖြစ်​နေမလား ဆိုတဲ့ မသိစိတ်​ကြောင့် ထိုသူ​နောက်ကို Hong Lang လိုက်သွားသည်..

"မမှားနိုင်ဘူး..ဒါ မင်းပဲ.. မင်းဆိုတာ​သေချာတယ် နဂါး​လေး"

အဆက်မပြတ် ထပ်ချပ်မကွာလိုက်ရင်း Hong Lang သည် ရုတ်တရက် ရပ်တန့်သွားသည်..

မနီးမ​ဝေးမှာ မြင်​နေရတဲ့ ထိုအပြာ​ရောင် ဆံနွယ်ပိုင်ရှင်က သူ​ရှေ့မှာ အိပ်​မောကျစွာ အိပ်​ပျော်​နေတဲ့ လူတစ်​ယောက်ရဲ့ နှဖူးကို တိတ်တခိုး အနမ်း​​ချွေ​နေ​လေ၏။

Hong Lang မျက်ဝန်းတို့ကျယ်သွားသည်..ထို့​နောက် ရုတ်တရက် ပုန်းလိုက်ပီး.. ထိုမြင်ကွင်းကို တဖန်ပြန်ကြည့်လိုက်သည်..

"ဟုတ်သည်.. တိတ်တခိုး အနမ်း​တွေ​ချွေပီးလို့ ပြုံး​နေတဲ့ မင်းမျက်နှာ အဲ့အပြုံး.. ငါ သိခဲ့တဲ့ အဲ့ပြုံး​လေး​တွေနဲ့ တစ်ပုံစံတည်းပဲ"..

"ဘာ​ကြောင့်လဲ? ဘာလို့ တခြားတစ်အတွက် မင်း​ပျော်ရွှင်ပီး.. တစ်ခြားတစ်​ယောက်အတွက် ထိုအပြုံး​တွေကို ပန်ဆင်​နေသလဲ?"

"ငါ ပိုင်ဆိုင်ချင်တာ.. ငါ့ အတွက်ပဲဖြစ်ရမှာ.."

ပြန်ယူမယ်..မင်းအ​ရှေ့က လူက ဘယ်သူဘယ်ဖြစ်​နေဖြစ်​နေ.. မင်းကို ငါပိုင်ရမယ်..

(လက်ထဲတွင် ခရုခွံလည်ဆွဲ​လေးကို စုပ်ကိုင်ထားရင်း..အချစ်ရမ္မက်​​ရဲ့ ​ဒေါသနဲ့ ဆန္ဒဖြည့်ဆည်းဖို့ရာ ထို့​နေ့ကစပီး Hong Lang သည် ဆိုးသွမ်း​သော မိစ္ဆာအသွင်ဖြစ်လာ​တော့တယ်

NeZha ရဲ့ အ​ကြောင်းလည်း စုံစမ်းသိရှိရင်း အင်အားကြီးဖို့ရာ Ao Bing ဆုံးမခဲ့တာ​တွေကို မျက်ကွယ်ပြုပီး အသက်​ပေါင်းများစွားကို စ​တေး စား​သောက်​လေ​တော့သည်)
.
.
.
ဆက်ရန်🔥
.
.
(ကဲ နည်းနည်းရှင်းမယ်နော် ဒါဒါတို့  ရှုပ်ကုန်မယ်ထင်လို့..

1.Hong Lang ​မြေ​ခွေးငယ်ဘဝက Ao Bing နဲ့ရှိခဲ့တဲ့အချိန်​တွေက, Ao Bing ​လေး NeZha နဲ့ မ​တွေ့​သေးတဲ့အချိန်​တွေ့​ပေါ့

2. Ao Bing ​လေး Hong Lang စီက ထွက်သွားပီး မ​တွေ့ရတဲ့ ကြားကာလ တစ်နှစ်မှာ Ao Bing NeZhaနဲ့ ​တွေ့ပီး အများကြီး ဖြစ်ပျက်ခဲ့တယ်​နော် (3D animation ထဲကဇာတ်လမ်းကို ဆိုလိုတာပါ)

3. အဲ့လိုနဲ့ Ao Bing နဲ့ NeZha တရင်းတနှီးရှိလာပီး လူသား​တွေ NeZha ကို လက်ခံ​နေတဲ့အချိန်ကြမှ.. ​မြေ​ခွေးမိစ္ဆာပြသနာ​တွေ ထကြွလာတာ​ပေါ့)
.
.
.
ဒီတစ်​ခေါက်​ရေးတာ နည်းတယ် ဒါဒါတို့​ရေ🤧

နောက် Update ကျ အများကြီးပြန်လာပါ့မယ်🙆🏻‍♀️

ဒါဒါတို့ ​စောင့်​နေမှန်းသိတာမို့ အမြန်လာ Up တာ

လိမ်ပါဘူး​နော်🤧 သာသာ ​ကျောင်းစာ​တေရှိလို့ မ​နေ့ကမှ အားလို့ပါ..

ဆက်အား​ပေးကြပါဦး😭🧐.. ဒါဒါတို့တွက် အ​ကောင်းဆုံးကြိုးစား​နေ​သော သာသာ🙆🏻‍♀️💖💖

Continue Reading

You'll Also Like

1.4M 47.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
252K 24.4K 74
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...