ငါတို့တစ်မိသားစုလုံးက ဗီလိန်...

Kay_Wine द्वारा

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... अधिक

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 16

12.9K 1.8K 8
Kay_Wine द्वारा

MWFV Ch 16

Daddy Qin

Zawgyi Version

ေက်ာင္းတြင္ျဖစ္သည္။

အမႊာႏွစ္ေယာက္ကို Maybach ကားႏွင့္ လာႀကိဳသြားတာကို ျမင္လိုက္ရတဲ့ လ်ိဳ႕ခိုင္ႏွင့္ တစ္ျခားေက်ာင္းသား အမ်ားစုက ေနရာမွာတင္စၿပီး အတင္းေျပာၾကေတာ့တယ္။

[T/N : Maybach ဆိုတာက ဂ်ာမန္ကား brand တစ္ခုျဖစ္ၿပီး Mercedes-Benz ရဲ႕လက္ခြဲ brand တစ္ခုျဖစ္ကာ ယေန႔ထိတိုင္ရွိေနဆဲပါ။ Maybach က ဇိမ္ခံကားအမ်ိဳးအစားေတြကိုသာ ထုတ္လုပ္ျဖန႔္ခ်ီတာျဖစ္ပါတယ္]

"သူတို႔ကားကိုၾကည့္လိုက္စမ္း...အာ မဆိုးဘူးဟ။ အထူးထုတ္ကားႀကီးျဖစ္တဲ့အျပင္ သူတို႔မွာ ကိုယ္ရံေတာ္ ေတြေတာင္ ရွိတယ္ဟ" လ်ိဳ႕ခိုင္က သူ႔ေမးေစ့ေပၚလက္တင္ၿပီး မွတ္ခ်က္ေပးလိုက္တယ္။

"ကားကေတာ္ေတာ္ေလးမိုက္တယ္ေနာ္။ ဒါေပမယ့္ ဘယ္မိသားစုကမွန္းလဲမသိ? ငါသြားစစ္ၾကည့္လိုက္ေတာ့ B ၿမိဳ႕မွာ စု မ်ိဳး႐ိုးနာမည္နဲ႔ မိသားစုမရွိဘူး"

"ဒါဆို သူတို႔က တစ္ျခားၿမိဳ႕က ျဖစ္ခ်င္ျဖစ္မွာေပါ့? ဒါမွမဟုတ္ရင္ ႏိုင္ငံျခားက ျပန္လာတာမ်ိဳးလည္း ျဖစ္ႏိုင္တာပဲေလ?"

"မျဖစ္ႏိုင္ဘူး။ ငါ လတ္တေလာေတာ့ ဘယ္မိသားစု၊ ဘယ္ကုမၸဏီမွ B ၿမိဳ႕ကို ေျပာင္းလာတယ္လို႔ မၾကားမိပါဘူး"

ေဝ့မင္အလယ္တန္းေက်ာင္းသို႔ ဝင္ခြင့္ရတဲ့ ေက်ာင္းသားအမ်ားစုက အခ်မ္းသာဆုံးႏွင့္ မ်ိဳး႐ိုးျမင့္တဲ့ မိသားစုေနာက္ခံေတြ ရွိၾကတာျဖစ္တယ္။ သူတို႔အသိုင္းအဝိုင္းမွာဆိုရင္ ကေလးတစ္ေယာက္ျဖစ္ေနပါေစ လူတိုင္းက သူတို႔သတင္းေတြကို နည္းနည္းေလာက္ေတာ့ သိႏွင့္ၾကၿပီးသားျဖစ္တယ္။ ဘယ္သူက ဘယ္သူနဲ႔ သက္ဆိုင္တယ္ဆိုတာမ်ိဳးက လူသိရွင္ၾကားမေျပာၾကေပမယ့္လို႔ လူတိုင္းက ရွင္းရွင္းလင္းလင္း သိေနၾကတာျဖစ္တယ္။ ေနာက္ၿပီး ဒီေနရာမွာ ေနာက္ထပ္ျဖစ္ႏိုင္ေခ်ေတြ ရွိေနတယ္ဆိုတာ အေသအခ်ာပဲေလ။

"ေနာက္မွေပါက္တဲ့ေ႐ႊၾကာပင္ေတြ" ခ်န္ဇန္းက ၾကားျဖတ္ေျပာလိုက္တယ္။

ေ႐ႊၾကာပင္တစ္ခ်ိဳ႕က သူတို႔ရဲ႕ကေလးေတြကို အထက္တန္းလႊာအသိုင္းအဝိုင္းမွာ ဝင္ဆံ့ဖို႔ရာအတြက္ ေငြအေျမာက္အမ်ားအသုံးျပဳကာ ဒီလိုေက်ာင္းမ်ိဳးဆီ တြန္းပို႔ၾကတာျဖစ္တယ္။

ခ်န္ဇန္းက ဒီလိုေျပာလိုက္တဲ့အခ်ိန္မွာ ေကာင္ေလးေတြက သူ႔ကို တစ္ၿပိဳင္နက္တည္း ၾကည့္မိလိုက္ၾကတယ္။

"ဖာ့ခ္ အဲဒါအမွန္ပဲလား...မင္းကိုဘယ္သူေျပာတာလဲ?" သူတို႔က အလန႔္တၾကားေမးၾကတယ္။

ေ႐ႊၾကာပင္ေတြက ေက်ာင္းမွာဆိုရင္ သိပ္ေရပန္းမစားၾကဘူး။ သို႔ေပသိ လူတိုင္းလူတိုင္းမွာ ကိုယ့္အသိုင္းအဝိုင္းနဲ႔ကိုယ္ ရွိၾကတာေၾကာင့္ ေ႐ႊၾကာပင္အမ်ားစုကလည္း သူတို႔ရဲ႕ 'ေ႐ႊၾကာပင္' ဆိုတဲ့ အမွတ္အသားကို ဖုန္းကြယ္ဖို႔ႀကိဳးစားၾကရတာျဖစ္တယ္။

"ေကာင္မေလးေတြဆီက"

"က်စ္...အဲဒီေကာင္မေလးေတြက တစ္ေနကုန္အတင္းပဲေျပာေနတာေလ။ သူတို႔စကားကို မင္းဘယ္လိုလုပ္ ယုံေနရတာလဲ?"

"အဲလိုမဟုတ္ဘူး ဒီကိစၥက ေက်ာင္းမွာပ်ံ႕ၿပီးေနၿပီလို႔ ထင္ရတာပဲ။ လူေတာ္ေတာ္မ်ားမ်ား သိေနၾကတာ"

"ဖာ့ခ္ ဘယ္သူျဖန႔္တာလဲ? အာ ေၾကာက္စရာေကာင္းခ်က္?" လ်ိဳ႕ခိုင္က တုယီမင္ကို ၾကည့္လိုက္ရင္းက : "အဲဒါ မင္းရဲ႕ နတ္ဘုရားမေလး ယင္ယင္လက္ခ်က္မလား။ အခ်စ္ကေန အမုန္းကိုေျပာင္းလဲသြားတာမို႔လို႔ ဒီလို အေျဖအျမစ္မရွိတဲ့ ေကာလဟာလေတြ ျဖန႔္ေနတာျဖစ္ႏိုင္တယ္မလား?"

"သြားစမ္းပါ! ဟြမ္ယင္ယင္က အဲလိုလူမ်ိဳးမဟုတ္ဘူးကြ။ ဒါက ေသခ်ာေပါက္ အေျခအျမစ္မရွိဘူး ဆိုတာမ်ိဳးလည္း မဟုတ္ဘူးမလား။ တကယ္ႀကီး စုေပနဲ႔စုေရွာင္ေပါင္က ေ႐ႊၾကာပင္အစစ္ေတြျဖစ္ေနရင္ေကာ?...မီးမရႈိ႕ပဲ မီးခိုးမထြက္ဘူးကြ"

"ငါျမင္တာေတာ့ သူတို႔က အဲလိုပုံမေပါက္ပါဘူး"

"ဘာျဖစ္လို႔လည္းဆိုေတာ့ မင္းက သူတို႔ကို ေ႐ႊၾကာပင္နဲ႔မတူဘူးလို႔ပဲ ျမင္ေနတာကို အဲဒါနဲ႔ပဲ သူတို႔က မဟုတ္ေတာ့ဘူးတဲ့လား? ဒါဆို ငါ့ကိုေျပာျပ ဘယ္မိသားစုက စု မ်ိဳး႐ိုးမွည့္ထားလဲဆိုတာ?"

လ်ိဳ႕ခိုင္ : .....

ရႈယန္ယန္ : အဓိပၸါယ္ရွိတယ္။

ခ်န္ဇန္း : ေသခ်ာတာေပါ့...ဉာဏ္ႀကီးရွင္ေတြက ဒီလိုပဲေတြးတယ္ေလ။

ရွဲ႕မင္႐ႊမ္း : သုံးစားမရတဲ့ေကာင္ေတြ။

ဒီေလးေယာက္ကို ပ်င္းရိစြာအၾကည့္တစ္ခ်က္ ပစ္လႊတ္လိုက္ၿပီးေနာက္မွာေတာ့ ရွဲ႕မင္႐ႊမ္းက ႏွာမႈတ္လိုက္တယ္။ သူက သူတို႔ေတြကို ခ်န္ထားခဲ့ၿပီး သူ႔မိသားစုရဲ႕ကားနဲ႔ ထြက္ခြာသြားခဲ့တယ္။ အဲဒီေန႔က စုေပနဲ႔စုေရွာင္ေပါင္ စာေမးပြဲေျဖဖို႔ရာ အတူလိုက္ပါလာခဲ့တဲ့လူက ဘယ္သူလဲဆိုတာကို အေတာ္ေလးၾကာမွ ရွဲ႕မင္႐ႊမ္းတစ္ေယာက္ ေနာက္ဆုံးေတာ့ မွတ္မိသြားခဲ့တယ္ - Mr.ခ်င္ရဲ႕အထူးသီးသန႔္လက္ေထာက္ ခ်န္တဲ့ပဲ။

-----

ဒီကိစၥႏွင့္ပတ္သတ္ၿပီး စုေပႏွင့္စုေရွာင္ေပါင္တို႔က ဘာမွမသိၾကဘူး။ ရႈယန္ယန္ႏွင့္ တစ္ျခားသူေတြက ေက်ာင္းဂိတ္ေပါက္ဝတြင္ အတင္းေျပာေနစဥ္မွာပဲ အမႊာေတြက က်င္းယြမ္စံအိမ္ကို ျပန္ေရာက္ေနၿပီျဖစ္တယ္။

အဲဒီအခ်ိန္မွာပဲ ခ်န္တဲ့က စံအိမ္ကိုေရာက္လာတာကို ျမင္လိုက္ရေတာ့ စုေပက အနည္းငယ္အံ့အားသင့္သြားခဲ့တယ္။

"ဦးေလးခ်န္ ဒီေန႔ဘာလို႔အေစာႀကီးေရာက္လာတာလဲ? အလုပ္မမ်ားလို႔လား? ဒါမွမဟုတ္ အေဖတစ္ခုခုမ်ား ျဖစ္လို႔လားဟင္?" ေနာက္ဆုံးျဖစ္ႏိုင္ေခ်က သူမကို တုန္လႈပ္ေစတယ္။

"ဆရာက အဲဒီမွာအရမ္းအဆင္ေျပပါတယ္။ ဦးေလးဒီကိုလာတာက သူေဌးက ေနာက္ ၁၀ရက္ၾကာရင္ ျပန္ေရာက္လာေတာ့မယ္ဆိုတာကို လာေျပာျပတာပါ" ခ်န္တဲ့က သူတို႔ကို အၿပဳံးေလးနဲ႔ေျပာျပလိုက္တယ္။

"တကယ္?!" သူမ ခ်င္ေရွာက္ကို ေနာက္ထပ္ေတြ႕ရဖို႔အတြက္ အရမ္းႀကီးေမွ်ာ္လင့္မထားေပမယ့္ စုေပက သူျပန္လာေတာ့မယ္လို႔ ၾကားလိုက္ရတာနဲ႔ကို ေပ်ာ္႐ႊင္သြားမိတယ္။

"ဒါဆို အဲဒီကျပႆနာေတြကို အေဖေျဖရွင္းခဲ့ၿပီးၿပီေပါ့?"

"ဟုတ္တယ္။ ျပႆနာေတြကို ရွင္းၿပီးသြားၿပီ။ လက္က်န္အလုပ္ေလးေတြ လက္စသတ္ၿပီးရင္ ဆရာျပန္လာလိမ့္မယ္"

"အေဖ တကယ္အဆင္ေျပတာပါေနာ္? ဘာမေတာ္တဆမွမျဖစ္ပါဘူးေနာ္? သူဘာဒဏ္ရာမွမရပါဘူးေနာ္ ဟုတ္တယ္မလားဟင္?"

ခ်န္တဲ့ : "..."

စုေပက ဘာလို႔မ်ား သူမအေဖ ဒဏ္ရာရသလား ဒါမွမဟုတ္ မေတာ္တဆတစ္ခုခုမ်ားျဖစ္ေနလားဆိုတာ အၿမဲစိုးရိမ္ေနရတာလဲ? ခ်န္တဲ့ခံစားမိတာေတာ့ သူဒီကေလးႏွစ္ေယာက္နဲ႔ စကားေျပာဖို႔အခ်ိန္ေပးကိုေပးရမယ္ ဆိုတာပါပဲ : ဒီကမာၻႀကီးက အျပည့္အဝမလုံၿခဳံသလို မင္းတို႔ထင္ေနသေလာက္လည္း ေၾကာက္စရာ မေကာင္းပါဘူး။ ေနာက္ၿပီး မင္းတို႔ရဲ႕ေဖေဖ Mr.ခ်င္ဆိုတာကလည္း သာမန္လူေတြ သြားရန္စလို႔ရတဲ့သူမ်ိဳး မဟုတ္ဘူးေလ။

ခ်န္တဲ့က စုေပရဲ႕ေခါင္းေလးကို ပုတ္လိုက္ၿပီး : "စိတ္မပူပါနဲ႔။ ဆရာအဆင္ေျပပါတယ္။ သူဘာမေတာ္တဆမွ မျဖစ္ပါဘူး"

"ဦးေလး ဒီေန႔ မင္းတို႔ကို ေျပာစရာေနာက္တစ္ခုရွိေသးတယ္"

"ဘာလဲဟင္?" စုေပက ခ်န္တဲ့အမူအရာက ႐ုတ္တရက္ႀကီး အေလးအနက္ျဖစ္သြားတာကို ျမင္လိုက္ရတယ္။

"ဒီလိုပါ။ Mr.ခ်င္မွာက မိခင္အရင္းရွိတယ္ေလ။ သူမက အရင္ကေတာ့ ႏိုင္ငံျခားမွာေနတာ ဒါေပမယ့္လို႔ ရက္သတၱပတ္ေတာ္ေတာ္ၾကာရင္ ျပန္လာေတာ့မယ္တဲ့။ ဒါေၾကာင့္မို႔ အဲလိုအခ်ိန္ေတြဆိုရင္ သူမက ဒီမွာခဏေလာက္ ေနလိမ့္မယ္....." ခ်န္တဲ့က အမႊာေလးေတြကို သခင္မႀကီးအေၾကာင္း ေျပာျပလိုက္တယ္။

ဒီ 'အဘြား' လို႔ေခၚတဲ့အမ်ိဳးသမီးအေပၚ သူတို႔ေတြက အရမ္းႀကီးေမွ်ာ္လင့္ေနမွာကိုလည္း စိုးရိမ္မိတာေၾကာင့္ ခ်န္တဲ့က အေလးအနက္ေျပာလိုက္တယ္ : "Mr.ခ်င္နဲ႔သူ႔အေမတို႔က ဒီႏွစ္အေတာတြင္းမွာ အဆက္အဆံ သိပ္မရွိၾကဘူးေလ။ အဲဒါေၾကာင့္ သူတို႔ဆက္ဆံေရးက အရမ္းႀကီး သဟဇာတမျဖစ္ၾကဘူး"

စုေပက သူ႔စကားကို ေခါင္းၿငိမ့္ျပလိုက္တယ္။ ခ်န္တဲ့သတိေပးစရာေတာင္မလိုပဲ ဝတၳဳထဲမွာ ခ်င္ေရွာက္ရဲ႕ မိခင္အရင္းအေၾကာင္းကို ေဖာ္ျပထားတာေၾကာင့္ သိေနတာျဖစ္တယ္။ သူမႏွင့္ခ်င္ေရွာက္ရဲ႕အေဖတို႔က ခ်င္ေရွာက္ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ကြာရွင္းခဲ့ၾကတာျဖစ္တယ္။ အဲဒီေနာက္ သူမက လူသိမ်ားတဲ့ ႏိုင္ငံျခားသားဒါ႐ိုက္တာတစ္ေယာက္ႏွင့္ လက္ထက္ခဲ့ၿပီး ႏိုင္ငံျခားမွာ ေနထိုင္ခဲ့တယ္။

ႏိုင္ငံျခားသြားၿပီးတဲ့ေနာက္ပိုင္း ခ်င္ေရွာက္ရဲ႕အေမက သူမခ်န္ထားရစ္ခဲ့တဲ့သားကို လုံးဝဂ႐ုမစိုက္ခဲ့ဘူး။ အဲဒါက သူမရဲ႕ ႏိုင္ငံျခားသားဒါ႐ိုက္တာေယာက္်ားက အိမ္တြင္းအၾကမ္းဖက္မႈကို စတင္လုပ္ေဆာင္လာခ်ိန္အထိသာျဖစ္ကာ သူမအိမ္ကေနထြက္ေျပးလာၿပီးေနာက္ပိုင္း သူမမွာ မွီခိုအားထားစရာ သားတစ္ေယာက္ရွိေနေသးတယ္ဆိုတာကို ႐ုတ္တရက္သတိရသြားခဲ့တယ္။ သူမသားက စီးပြားေရးေလာကမွာ ထင္ရွားေက်ာ္ၾကားတဲ့ပုဂၢိဳလ္တစ္ေယာက္ ျဖစ္ေနၿပီဆိုတာကို သိရွိၿပီးေနာက္မွာေတာ့ သူမကသူ႔ကိုရွာဖို႔ ေရာက္လာခဲ့ေတာ့တယ္။

ခ်င္ေရွာက္ရဲ႕အေမက ဒီသားအေပၚမွာ ခ်စ္ခင္တြယ္တာမႈ သိပ္မရွိေလဘူး။ သို႔ေပသိ သူမရဲ႕ lifestyle ကိုက ခ်မ္းသာႂကြယ္ဝတဲ့သခင္မႀကီးတစ္ေယာက္ ျဖစ္လင့္ကစား သူမတည္ေထာင္ထားတဲ့ကုမၸဏီႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ားအားလုံးက ခ်င္ေရွာက္ကေနလုပ္ပိုင္ခြင့္ေပးထားတာေၾကာင့္ ႏွစ္စဥ္ႏွစ္တိုင္းမွာ သူမက တ႐ုတ္ျပည္သို႔ ျပန္လာကာ အေမႏွင့္သားၾကား ခ်စ္ခင္တြယ္တာမႈကို ထိန္းသိမ္းရန္အလို႔ငွာ ႏွစ္ပတ္ေလာက္ထိ အခ်ိန္ေပးေနထိုင္ေလ့ရွိတာျဖစ္တယ္။

ဒီမိခင္အရင္းႏွင့္ အဆက္အဆံလုပ္ရတာကို ခ်င္ေရွာက္ ဘယ္ေလာက္ေတာင္စိတ္မပါလက္မပါ ျဖစ္ရသလဲဆိုတာကိုေတာ့ ဘုရားပဲသိႏိုင္လိမ့္မယ္။

"ဒါဆို ဦးေလးခ်န္က သမီးတို႔ကို ဘာလုပ္ေစခ်င္တာလဲ?" စုေပကေမးလိုက္တယ္။

သူ႔မွာသာ အစီအစဥ္မရွိဘူးဆိုရင္ ခ်န္တဲ့က သူတို႔ကို သခင္မႀကီးျပန္လာမယ့္အေၾကာင္း တိတိက်က် ဘယ္ေျပာပါ့မလဲ။

"မင္းတို႔ႏွစ္ေယာက္က သခင္မႀကီးနဲ႔ မရင္းႏွီးတဲ့အျပင္ ဆရာလည္း မရွိဘူးေလ။ ဒါေၾကာင့္မို႔ သခင္မႀကီး အလည္လာတဲ့အခါက်ရင္ မင္းတို႔ႏွစ္ေယာက္လုံး က်င္းယြမ္မွာေနဖို႔ အဆင္မေျပေလာက္ဘူးေလ။ မင္းတို႔တစ္ျခားေနရာကိုမ်ား ခဏေလာက္ေျပာင္းေနခ်င္ၾကလား? Mr.ခ်င္ဆီမွာ တစ္ျခားအိမ္ေတြအမ်ားႀကီး ရွိေသးတယ္" ခ်န္တဲ့က ဒီအႀကံျပဳခ်က္ကို တတ္ႏိုင္သမွ် အေပ်ာ့ဆြဲေလးနဲ႔ ေျပာလိုက္တယ္။

စုေပကေတာ့ ခ်န္တဲ့ရဲ႕အႀကံျပဳခ်က္ကို ျငင္းစရာမရွိေလဘူး။ ဝတၳဳထဲကေဖာ္ျပခ်က္ကို သူမကိုးကားရမယ္ ဆိုရင္ျဖင့္ : Mr.ခ်င္ရဲ႕အေမက ၾကမ္းတမ္းၿပီး ေဒါသႀကီးတဲ့သူမ်ိဳးျဖစ္တယ္။ သူမစိတ္ေကာင္းဝင္ေနတဲ့အခ်ိန္ ေတြဆိုရင္ ဘာလုပ္လုပ္အဆင္ေျပေပမယ့္ သူမစိတ္အေျခအေနမေကာင္းတဲ့အခ်ိန္ဆိုရင္ေတာ့ အရာအားလုံးက မႏွစ္ၿမိဳ႕စရာေကာင္းေနေတာ့တာပါပဲ။

စုေပကေတာ့ ဒီဝတၳဳရဲ႕အဓိကဗီလိန္ႀကီးကိုေတာင္ ေခါင္းကိုက္ေစတဲ့ သခင္မႀကီးဆိုတဲ့သူနဲ႔ အဆင္ေျပေျပ ေနႏိုင္လိမ့္မယ္လို႔ မထင္ဘူး။

-----

ကေလးေတြသေဘာတူၿပီးေနာက္ ခ်န္တဲ့က ကုမၸဏီသို႔ျပန္လာကာ ဒီကိစၥကို Mr.ခ်င္အား ေျပာျပဖို႔ အခြင့္အေရးကို ေစာင့္ဆိုင္းေနေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ ကေလးႏွစ္ေယာက္က သေဘာတူၿပီးျဖစ္ေပမယ့္လည္း အစီအစဥ္အတိအက်ကေတာ့ Mr.ခ်င္ရဲ႕အမိန႔္အတိုင္း လိုက္နာရမွာပဲျဖစ္တယ္။

ဒီအခ်ိန္မွာေတာ့ ကေလးႏွစ္ေယာက္အေပၚ သူ႔သူေဌးရဲ႕အျမင္ေတြက ေျပာင္းလဲေနၿပီဆိုတာကို ခ်န္တဲ့တစ္ေယာက္ တကယ္ႀကီးခံစားမိေနတယ္။ ဒါေၾကာင့္မို႔ သခင္မႀကီးကို ေရွာင္ရွားဖို႔ရာ ကေလးေတြကို ယာယီေ႐ႊ႕ေျပာင္းခိုင္းမယ့္ သူ႔ရဲ႕အႀကံဉာဏ္ကို သူေဌးက မကန႔္ကြက္ေလာက္ဘူးလို႔ သူထင္လိုက္မိတယ္။

ဘယ္သူသိမွာလဲ။ ခ်န္တဲ့ရဲ႕အႀကံျပဳခ်က္ကို ၾကားၿပီးတာနဲ႔ ခ်င္ေရွာက္က "မလိုဘူး" လို႔ပဲ ျပန္ေျဖလိုက္တာကိုေလ။

-----

ဒီညအစည္းအေဝးၿပီးသြားတာနဲ႔ ခ်င္ေရွာက္က ျပန္သြားဖို႔အတြက္ အဆင္သင့္ျဖစ္လို႔ေနတယ္။

အစကေတာ့ သူက S ၿမိဳ႕မွာ ဆယ္ရက္ေလာက္ေနဖို႔ စီစဥ္ထားခဲ့တာ။ တစ္ခုက ေဆးအသစ္ျဖန႔္ခ်ီမႈကို ကြပ္ကဲခ်င္တာရယ္ ေနာက္တစ္ခုက စုန႔္ယန္ခ်န္းရွာထားတဲ့ ျပႆနာေတြကို ရွင္းပစ္ခ်င္တာရယ္ေၾကာင့္ ျဖစ္တယ္။ သို႔ေသာ္လည္း ေနာက္ပိုင္းက်မွ သူ႔အစီအစဥ္ေတြကို ေျပာင္းလဲခဲ့ၿပီး ဆယ္ရက္အလုပ္ကို သုံးရက္အထိ ေလ်ာ့ခ်ခဲ့တာျဖစ္တယ္။

ၿပီးခဲ့တဲ့သုံးရက္အတြင္းမွာဆိုရင္ သူက အေရးႀကီးကိစၥေတြ ညႇိဳႏႈိင္းေျဖရွင္းဖို႔အတြက္ အလုပ္မ်ားေနခဲ့တယ္။ ဒီေန႔အစည္းအေဝးမွာ သူက လက္က်န္အလုပ္ေတြကို တာဝန္ရွိတဲ့သူေတြဆီ လႊဲေျပာင္းေပးခဲ့မွာျဖစ္တယ္။ ဒါၿပီးရင္ေတာ့ သူသိပ္မၾကာခင္မွာပဲ အိမ္ျပန္ႏိုင္ေတာ့မယ္ေလ။

-----

အစည္းအေဝးက မနက္ႏွစ္နာရီမွာ ၿပီးဆုံးသြားခဲ့တယ္။

ကားထဲမွာ ထိုင္ေနရင္း ခ်င္ေရွာက္ရဲ႕ေဒသခံလက္ေထာက္က သူ႔အတြက္ခရီးစဥ္ကို စီစဥ္ေပးေနတယ္ : "ဆရာ ကြၽန္ေတာ္ ေလေၾကာင္းထိန္းခ်ဳပ္မႈကြပ္ကဲေရးဌာနကို ဆက္သြယ္ၿပီးပါၿပီ။ အခုခ်ိန္ကစၿပီး ေနာက္ရက္ မနက္၈နာရီအထိ ဆရာအခ်ိန္မေ႐ြး ထြက္ခြာလို႔ရပါတယ္။ ဆရာ အနားယူဖို႔ ဟိုတယ္ကိုျပန္သြားမလား ဒါမွမဟုတ္ ေလဆိပ္ကိုပဲ တိုက္႐ိုက္သြားလိုက္ရမလား?"

"ေလဆိပ္ကိုပဲတိုက္႐ိုက္သြားလိုက္ေတာ့" ခ်င္ေရွာက္က တြန႔္ခ်ိဳးေနတဲ့သူ႔မ်က္ခုံးေတြကို ပြတ္သပ္လိုက္ရင္း အမိန႔္ေပးလိုက္တယ္။

အခုက မနက္၂နာရီဆိုေတာ့ S ၿမိဳ႕ ကေန B ၿမိဳ႕ ကိုဆိုရင္.....

သူအိမ္ကိုမနက္၆နာရီေလာက္ဆိုရင္ ျပန္ေရာက္ေလာက္တယ္။

Mr.ခ်င္က သူ႔မ်က္လုံးေတြကို မွိတ္လိုက္ၿပီး ေနာက္ထိုင္ခုံမွာ ေက်ာမွီလိုက္တယ္။

အဲဒီအခ်ိန္မွာပဲ သူ႔ကားေဘးကေန ကုန္တင္ကားႀကီးရဲ႕ စူးရွရွအသံက သူ႔နားထဲသို႔ ထိုးေဖာက္ဝင္လာခဲ့တာေၾကာင့္ သူ႔ခမ်ာ စိတ္မသက္မသာျဖစ္ရလို႔ မ်က္ေမွာင္ေတာင္က်ဳံ႕မိသြားတယ္။ သို႔ေသာ္ ေနာက္စကၠန႔္အနည္းငယ္ေလာက္မွာပဲ ကုန္တင္ကားႀကီးက ႐ုတ္တရက္ပဲ လမ္းေၾကာင္းေျပာင္းသြားခဲ့တယ္။ ကုန္တင္ကားႀကီးရဲ႕ ႐ုတ္တရက္ လႈပ္ရွားမႈကို ေရွာင္ရွားရန္အတြက္ ခ်င္ေရွာက္ရဲ႕ကားသမားက စတီယာရင္လက္ကိုင္ကို ညာဖက္သို႔ အလ်င္အျမန္ လွည့္ပစ္လိုက္ရေတာ့တယ္။ ဒါေပမယ့္ တစ္ဖက္ျခမ္းကေန ေနာက္ထပ္ကုန္တင္ကားတစ္စီးက လမ္းျဖတ္ခုံးေပၚကေန သူတို႔ကားဆီသို႔ ေမာင္းႏွင္လာေတာ့တယ္။ [T/N : ခ်င္ေရွာက္တို႔ကားက ကုန္တင္ကားႏွစ္စီး အလယ္မွာေရာက္ေနတာပါ]

"ဆရာ တစ္ခုခုေတာ့မွားေနၿပီ" ျဖစ္ေနတဲ့အေျခအေနေတြကို သူနားလည္သြားၿပီးေနာက္မွာေတာ့ လက္ေထာက္က စိုးရိမ္တႀကီးေျပာလိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ Mr.ခ်င္ရဲ႕ကားေနာက္ကေနလိုက္လာတဲ့ ေျမာက္မ်ားစြာေသာ ကိုယ္ရံေတာ္ေတြကလည္း အလ်င္အျမန္ေမာင္းႏွင္လာခဲ့ၾကတယ္။

Mr.ခ်င္က သူ႔မ်က္လုံးေတြကို ဖြင့္လိုက္ၿပီး အေရွ႕ကိုၾကည့္လိုက္တယ္။ သူ႔မ်က္လုံးထဲမွာေတာ့ ႏွင္းခဲေတြနဲ႔ ျပည့္လို႔ေနတယ္။

ဒီေခြးေကာင္ကေတာ့ အရမ္းစိတ္လႈပ္ရွားၿပီး နံရံကိုေတာင္ ခုန္တက္ေတာ့မယ္ေပါ့?

-----

"ဆရာ...!!"

လက္ေထာက္က ေသြးပ်က္ကာေအာ္ဟစ္ေတာ့တယ္။ သို႔ေပမယ့္ သူၿပီးေအာင္ေတာင္ မေအာ္လိုက္ရေသးခင္မွာပဲ စူးရွတဲ့အလင္းတန္းတစ္ခုက 'ဘန္း!' ဆိုတဲ့ အသံက်ယ္ႀကီးႏွင့္အတူ ျဖတ္ဝင္လာခဲ့ၿပီး ကုန္တင္ကားႀကီး ဝင္တိုက္လိုက္တာကေတာ့-

4.11.2020

Wednesday

_______________________________________



MWFV Ch 16

Daddy Qin

Unicode Version

ကျောင်းတွင်ဖြစ်သည်။

အမွှာနှစ်ယောက်ကို Maybach ကားနှင့် လာကြိုသွားတာကို မြင်လိုက်ရတဲ့ လျို့ခိုင်နှင့် တစ်ခြားကျောင်းသား အများစုက နေရာမှာတင်စပြီး အတင်းပြောကြတော့တယ်။

[T/N : Maybach ဆိုတာက ဂျာမန်ကား brand တစ်ခုဖြစ်ပြီး Mercedes-Benz ရဲ့လက်ခွဲ brand တစ်ခုဖြစ်ကာ ယနေ့ထိတိုင်ရှိနေဆဲပါ။ Maybach က ဇိမ်ခံကားအမျိုးအစားတွေကိုသာ ထုတ်လုပ်ဖြန့်ချီတာဖြစ်ပါတယ်]

"သူတို့ကားကိုကြည့်လိုက်စမ်း...အာ မဆိုးဘူးဟ။ အထူးထုတ်ကားကြီးဖြစ်တဲ့အပြင် သူတို့မှာ ကိုယ်ရံတော် တွေတောင် ရှိတယ်ဟ" လျို့ခိုင်က သူ့မေးစေ့ပေါ်လက်တင်ပြီး မှတ်ချက်ပေးလိုက်တယ်။

"ကားကတော်တော်လေးမိုက်တယ်နော်။ ဒါပေမယ့် ဘယ်မိသားစုကမှန်းလဲမသိ? ငါသွားစစ်ကြည့်လိုက်တော့ B မြို့မှာ စု မျိုးရိုးနာမည်နဲ့ မိသားစုမရှိဘူး"

"ဒါဆို သူတို့က တစ်ခြားမြို့က ဖြစ်ချင်ဖြစ်မှာပေါ့? ဒါမှမဟုတ်ရင် နိုင်ငံခြားက ပြန်လာတာမျိုးလည်း ဖြစ်နိုင်တာပဲလေ?"

"မဖြစ်နိုင်ဘူး။ ငါ လတ်တလောတော့ ဘယ်မိသားစု၊ ဘယ်ကုမ္ပဏီမှ B မြို့ကို ပြောင်းလာတယ်လို့ မကြားမိပါဘူး"

ဝေ့မင်အလယ်တန်းကျောင်းသို့ ဝင်ခွင့်ရတဲ့ ကျောင်းသားအများစုက အချမ်းသာဆုံးနှင့် မျိုးရိုးမြင့်တဲ့ မိသားစုနောက်ခံတွေ ရှိကြတာဖြစ်တယ်။ သူတို့အသိုင်းအဝိုင်းမှာဆိုရင် ကလေးတစ်ယောက်ဖြစ်နေပါစေ လူတိုင်းက သူတို့သတင်းတွေကို နည်းနည်းလောက်တော့ သိနှင့်ကြပြီးသားဖြစ်တယ်။ ဘယ်သူက ဘယ်သူနဲ့ သက်ဆိုင်တယ်ဆိုတာမျိုးက လူသိရှင်ကြားမပြောကြပေမယ့်လို့ လူတိုင်းက ရှင်းရှင်းလင်းလင်း သိနေကြတာဖြစ်တယ်။ နောက်ပြီး ဒီနေရာမှာ နောက်ထပ်ဖြစ်နိုင်ချေတွေ ရှိနေတယ်ဆိုတာ အသေအချာပဲလေ။

"နောက်မှပေါက်တဲ့ရွှေကြာပင်တွေ" ချန်ဇန်းက ကြားဖြတ်ပြောလိုက်တယ်။

ရွှေကြာပင်တစ်ချို့က သူတို့ရဲ့ကလေးတွေကို အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့ရာအတွက် ငွေအမြောက်အများအသုံးပြုကာ ဒီလိုကျောင်းမျိုးဆီ တွန်းပို့ကြတာဖြစ်တယ်။

ချန်ဇန်းက ဒီလိုပြောလိုက်တဲ့အချိန်မှာ ကောင်လေးတွေက သူ့ကို တစ်ပြိုင်နက်တည်း ကြည့်မိလိုက်ကြတယ်။

"ဖာ့ခ် အဲဒါအမှန်ပဲလား...မင်းကိုဘယ်သူပြောတာလဲ?" သူတို့က အလန့်တကြားမေးကြတယ်။

ရွှေကြာပင်တွေက ကျောင်းမှာဆိုရင် သိပ်ရေပန်းမစားကြဘူး။ သို့ပေသိ လူတိုင်းလူတိုင်းမှာ ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ် ရှိကြတာကြောင့် ရွှေကြာပင်အများစုကလည်း သူတို့ရဲ့ 'ရွှေကြာပင်' ဆိုတဲ့ အမှတ်အသားကို ဖုန်းကွယ်ဖို့ကြိုးစားကြရတာဖြစ်တယ်။

"ကောင်မလေးတွေဆီက"

"ကျစ်...အဲဒီကောင်မလေးတွေက တစ်နေကုန်အတင်းပဲပြောနေတာလေ။ သူတို့စကားကို မင်းဘယ်လိုလုပ် ယုံနေရတာလဲ?"

"အဲလိုမဟုတ်ဘူး ဒီကိစ္စက ကျောင်းမှာပျံ့ပြီးနေပြီလို့ ထင်ရတာပဲ။ လူတော်တော်များများ သိနေကြတာ"

"ဖာ့ခ် ဘယ်သူဖြန့်တာလဲ? အာ ကြောက်စရာကောင်းချက်?" လျို့ခိုင်က တုယီမင်ကို ကြည့်လိုက်ရင်းက : "အဲဒါ မင်းရဲ့ နတ်ဘုရားမလေး ယင်ယင်လက်ချက်မလား။ အချစ်ကနေ အမုန်းကိုပြောင်းလဲသွားတာမို့လို့ ဒီလို အဖြေအမြစ်မရှိတဲ့ ကောလဟာလတွေ ဖြန့်နေတာဖြစ်နိုင်တယ်မလား?"

"သွားစမ်းပါ! ဟွမ်ယင်ယင်က အဲလိုလူမျိုးမဟုတ်ဘူးကွ။ ဒါက သေချာပေါက် အခြေအမြစ်မရှိဘူး ဆိုတာမျိုးလည်း မဟုတ်ဘူးမလား။ တကယ်ကြီး စုပေနဲ့စုရှောင်ပေါင်က ရွှေကြာပင်အစစ်တွေဖြစ်နေရင်ကော?...မီးမရှို့ပဲ မီးခိုးမထွက်ဘူးကွ"

"ငါမြင်တာတော့ သူတို့က အဲလိုပုံမပေါက်ပါဘူး"

"ဘာဖြစ်လို့လည်းဆိုတော့ မင်းက သူတို့ကို ရွှေကြာပင်နဲ့မတူဘူးလို့ပဲ မြင်နေတာကို အဲဒါနဲ့ပဲ သူတို့က မဟုတ်တော့ဘူးတဲ့လား? ဒါဆို ငါ့ကိုပြောပြ ဘယ်မိသားစုက စု မျိုးရိုးမှည့်ထားလဲဆိုတာ?"

လျို့ခိုင် : .....

ရှုယန်ယန် : အဓိပ္ပါယ်ရှိတယ်။

ချန်ဇန်း : သေချာတာပေါ့...ဉာဏ်ကြီးရှင်တွေက ဒီလိုပဲတွေးတယ်လေ။

ရှဲ့မင်ရွှမ်း : သုံးစားမရတဲ့ကောင်တွေ။

ဒီလေးယောက်ကို ပျင်းရိစွာအကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီးနောက်မှာတော့ ရှဲ့မင်ရွှမ်းက နှာမှုတ်လိုက်တယ်။ သူက သူတို့တွေကို ချန်ထားခဲ့ပြီး သူ့မိသားစုရဲ့ကားနဲ့ ထွက်ခွာသွားခဲ့တယ်။ အဲဒီနေ့က စုပေနဲ့စုရှောင်ပေါင် စာမေးပွဲဖြေဖို့ရာ အတူလိုက်ပါလာခဲ့တဲ့လူက ဘယ်သူလဲဆိုတာကို အတော်လေးကြာမှ ရှဲ့မင်ရွှမ်းတစ်ယောက် နောက်ဆုံးတော့ မှတ်မိသွားခဲ့တယ် - Mr.ချင်ရဲ့အထူးသီးသန့်လက်ထောက် ချန်တဲ့ပဲ။

-----

ဒီကိစ္စနှင့်ပတ်သတ်ပြီး စုပေနှင့်စုရှောင်ပေါင်တို့က ဘာမှမသိကြဘူး။ ရှုယန်ယန်နှင့် တစ်ခြားသူတွေက ကျောင်းဂိတ်ပေါက်ဝတွင် အတင်းပြောနေစဉ်မှာပဲ အမွှာတွေက ကျင်းယွမ်စံအိမ်ကို ပြန်ရောက်နေပြီဖြစ်တယ်။

အဲဒီအချိန်မှာပဲ ချန်တဲ့က စံအိမ်ကိုရောက်လာတာကို မြင်လိုက်ရတော့ စုပေက အနည်းငယ်အံ့အားသင့်သွားခဲ့တယ်။

"ဦးလေးချန် ဒီနေ့ဘာလို့အစောကြီးရောက်လာတာလဲ? အလုပ်မများလို့လား? ဒါမှမဟုတ် အဖေတစ်ခုခုများ ဖြစ်လို့လားဟင်?" နောက်ဆုံးဖြစ်နိုင်ချေက သူမကို တုန်လှုပ်စေတယ်။

"ဆရာက အဲဒီမှာအရမ်းအဆင်ပြေပါတယ်။ ဦးလေးဒီကိုလာတာက သူဌေးက နောက် ၁၀ရက်ကြာရင် ပြန်ရောက်လာတော့မယ်ဆိုတာကို လာပြောပြတာပါ" ချန်တဲ့က သူတို့ကို အပြုံးလေးနဲ့ပြောပြလိုက်တယ်။

"တကယ်?!" သူမ ချင်ရှောက်ကို နောက်ထပ်တွေ့ရဖို့အတွက် အရမ်းကြီးမျှော်လင့်မထားပေမယ့် စုပေက သူပြန်လာတော့မယ်လို့ ကြားလိုက်ရတာနဲ့ကို ပျော်ရွှင်သွားမိတယ်။

"ဒါဆို အဲဒီကပြဿနာတွေကို အဖေဖြေရှင်းခဲ့ပြီးပြီပေါ့?"

"ဟုတ်တယ်။ ပြဿနာတွေကို ရှင်းပြီးသွားပြီ။ လက်ကျန်အလုပ်လေးတွေ လက်စသတ်ပြီးရင် ဆရာပြန်လာလိမ့်မယ်"

"အဖေ တကယ်အဆင်ပြေတာပါနော်? ဘာမတော်တဆမှမဖြစ်ပါဘူးနော်? သူဘာဒဏ်ရာမှမရပါဘူးနော် ဟုတ်တယ်မလားဟင်?"

ချန်တဲ့ : "..."

စုပေက ဘာလို့များ သူမအဖေ ဒဏ်ရာရသလား ဒါမှမဟုတ် မတော်တဆတစ်ခုခုများဖြစ်နေလားဆိုတာ အမြဲစိုးရိမ်နေရတာလဲ? ချန်တဲ့ခံစားမိတာတော့ သူဒီကလေးနှစ်ယောက်နဲ့ စကားပြောဖို့အချိန်ပေးကိုပေးရမယ် ဆိုတာပါပဲ : ဒီကမ္ဘာကြီးက အပြည့်အဝမလုံခြုံသလို မင်းတို့ထင်နေသလောက်လည်း ကြောက်စရာ မကောင်းပါဘူး။ နောက်ပြီး မင်းတို့ရဲ့ဖေဖေ Mr.ချင်ဆိုတာကလည်း သာမန်လူတွေ သွားရန်စလို့ရတဲ့သူမျိုး မဟုတ်ဘူးလေ။

ချန်တဲ့က စုပေရဲ့ခေါင်းလေးကို ပုတ်လိုက်ပြီး : "စိတ်မပူပါနဲ့။ ဆရာအဆင်ပြေပါတယ်။ သူဘာမတော်တဆမှ မဖြစ်ပါဘူး"

"ဦးလေး ဒီနေ့ မင်းတို့ကို ပြောစရာနောက်တစ်ခုရှိသေးတယ်"

"ဘာလဲဟင်?" စုပေက ချန်တဲ့အမူအရာက ရုတ်တရက်ကြီး အလေးအနက်ဖြစ်သွားတာကို မြင်လိုက်ရတယ်။

"ဒီလိုပါ။ Mr.ချင်မှာက မိခင်အရင်းရှိတယ်လေ။ သူမက အရင်ကတော့ နိုင်ငံခြားမှာနေတာ ဒါပေမယ့်လို့ ရက်သတ္တပတ်တော်တော်ကြာရင် ပြန်လာတော့မယ်တဲ့။ ဒါကြောင့်မို့ အဲလိုအချိန်တွေဆိုရင် သူမက ဒီမှာခဏလောက် နေလိမ့်မယ်....." ချန်တဲ့က အမွှာလေးတွေကို သခင်မကြီးအကြောင်း ပြောပြလိုက်တယ်။

ဒီ 'အဘွား' လို့ခေါ်တဲ့အမျိုးသမီးအပေါ် သူတို့တွေက အရမ်းကြီးမျှော်လင့်နေမှာကိုလည်း စိုးရိမ်မိတာကြောင့် ချန်တဲ့က အလေးအနက်ပြောလိုက်တယ် : "Mr.ချင်နဲ့သူ့အမေတို့က ဒီနှစ်အတောတွင်းမှာ အဆက်အဆံ သိပ်မရှိကြဘူးလေ။ အဲဒါကြောင့် သူတို့ဆက်ဆံရေးက အရမ်းကြီး သဟဇာတမဖြစ်ကြဘူး"

စုပေက သူ့စကားကို ခေါင်းငြိမ့်ပြလိုက်တယ်။ ချန်တဲ့သတိပေးစရာတောင်မလိုပဲ ဝတ္ထုထဲမှာ ချင်ရှောက်ရဲ့ မိခင်အရင်းအကြောင်းကို ဖော်ပြထားတာကြောင့် သိနေတာဖြစ်တယ်။ သူမနှင့်ချင်ရှောက်ရဲ့အဖေတို့က ချင်ရှောက်ဆယ်ကျော်သက်အရွယ်ကတည်းက ကွာရှင်းခဲ့ကြတာဖြစ်တယ်။ အဲဒီနောက် သူမက လူသိများတဲ့ နိုင်ငံခြားသားဒါရိုက်တာတစ်ယောက်နှင့် လက်ထက်ခဲ့ပြီး နိုင်ငံခြားမှာ နေထိုင်ခဲ့တယ်။

နိုင်ငံခြားသွားပြီးတဲ့နောက်ပိုင်း ချင်ရှောက်ရဲ့အမေက သူမချန်ထားရစ်ခဲ့တဲ့သားကို လုံးဝဂရုမစိုက်ခဲ့ဘူး။ အဲဒါက သူမရဲ့ နိုင်ငံခြားသားဒါရိုက်တာယောက်ျားက အိမ်တွင်းအကြမ်းဖက်မှုကို စတင်လုပ်ဆောင်လာချိန်အထိသာဖြစ်ကာ သူမအိမ်ကနေထွက်ပြေးလာပြီးနောက်ပိုင်း သူမမှာ မှီခိုအားထားစရာ သားတစ်ယောက်ရှိနေသေးတယ်ဆိုတာကို ရုတ်တရက်သတိရသွားခဲ့တယ်။ သူမသားက စီးပွားရေးလောကမှာ ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီဆိုတာကို သိရှိပြီးနောက်မှာတော့ သူမကသူ့ကိုရှာဖို့ ရောက်လာခဲ့တော့တယ်။

ချင်ရှောက်ရဲ့အမေက ဒီသားအပေါ်မှာ ချစ်ခင်တွယ်တာမှု သိပ်မရှိလေဘူး။ သို့ပေသိ သူမရဲ့ lifestyle ကိုက ချမ်းသာကြွယ်ဝတဲ့သခင်မကြီးတစ်ယောက် ဖြစ်လင့်ကစား သူမတည်ထောင်ထားတဲ့ကုမ္ပဏီနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအားလုံးက ချင်ရှောက်ကနေလုပ်ပိုင်ခွင့်ပေးထားတာကြောင့် နှစ်စဉ်နှစ်တိုင်းမှာ သူမက တရုတ်ပြည်သို့ ပြန်လာကာ အမေနှင့်သားကြား ချစ်ခင်တွယ်တာမှုကို ထိန်းသိမ်းရန်အလို့ငှာ နှစ်ပတ်လောက်ထိ အချိန်ပေးနေထိုင်လေ့ရှိတာဖြစ်တယ်။

ဒီမိခင်အရင်းနှင့် အဆက်အဆံလုပ်ရတာကို ချင်ရှောက် ဘယ်လောက်တောင်စိတ်မပါလက်မပါ ဖြစ်ရသလဲဆိုတာကိုတော့ ဘုရားပဲသိနိုင်လိမ့်မယ်။

"ဒါဆို ဦးလေးချန်က သမီးတို့ကို ဘာလုပ်စေချင်တာလဲ?" စုပေကမေးလိုက်တယ်။

သူ့မှာသာ အစီအစဉ်မရှိဘူးဆိုရင် ချန်တဲ့က သူတို့ကို သခင်မကြီးပြန်လာမယ့်အကြောင်း တိတိကျကျ ဘယ်ပြောပါ့မလဲ။

"မင်းတို့နှစ်ယောက်က သခင်မကြီးနဲ့ မရင်းနှီးတဲ့အပြင် ဆရာလည်း မရှိဘူးလေ။ ဒါကြောင့်မို့ သခင်မကြီး အလည်လာတဲ့အခါကျရင် မင်းတို့နှစ်ယောက်လုံး ကျင်းယွမ်မှာနေဖို့ အဆင်မပြေလောက်ဘူးလေ။ မင်းတို့တစ်ခြားနေရာကိုများ ခဏလောက်ပြောင်းနေချင်ကြလား? Mr.ချင်ဆီမှာ တစ်ခြားအိမ်တွေအများကြီး ရှိသေးတယ်" ချန်တဲ့က ဒီအကြံပြုချက်ကို တတ်နိုင်သမျှ အပျော့ဆွဲလေးနဲ့ ပြောလိုက်တယ်။

စုပေကတော့ ချန်တဲ့ရဲ့အကြံပြုချက်ကို ငြင်းစရာမရှိလေဘူး။ ဝတ္ထုထဲကဖော်ပြချက်ကို သူမကိုးကားရမယ် ဆိုရင်ဖြင့် : Mr.ချင်ရဲ့အမေက ကြမ်းတမ်းပြီး ဒေါသကြီးတဲ့သူမျိုးဖြစ်တယ်။ သူမစိတ်ကောင်းဝင်နေတဲ့အချိန် တွေဆိုရင် ဘာလုပ်လုပ်အဆင်ပြေပေမယ့် သူမစိတ်အခြေအနေမကောင်းတဲ့အချိန်ဆိုရင်တော့ အရာအားလုံးက မနှစ်မြို့စရာကောင်းနေတော့တာပါပဲ။

စုပေကတော့ ဒီဝတ္ထုရဲ့အဓိကဗီလိန်ကြီးကိုတောင် ခေါင်းကိုက်စေတဲ့ သခင်မကြီးဆိုတဲ့သူနဲ့ အဆင်ပြေပြေ နေနိုင်လိမ့်မယ်လို့ မထင်ဘူး။

-----

ကလေးတွေသဘောတူပြီးနောက် ချန်တဲ့က ကုမ္ပဏီသို့ပြန်လာကာ ဒီကိစ္စကို Mr.ချင်အား ပြောပြဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေတော့တယ်။ နောက်ဆုံးမှာတော့ ကလေးနှစ်ယောက်က သဘောတူပြီးဖြစ်ပေမယ့်လည်း အစီအစဉ်အတိအကျကတော့ Mr.ချင်ရဲ့အမိန့်အတိုင်း လိုက်နာရမှာပဲဖြစ်တယ်။

ဒီအချိန်မှာတော့ ကလေးနှစ်ယောက်အပေါ် သူ့သူဌေးရဲ့အမြင်တွေက ပြောင်းလဲနေပြီဆိုတာကို ချန်တဲ့တစ်ယောက် တကယ်ကြီးခံစားမိနေတယ်။ ဒါကြောင့်မို့ သခင်မကြီးကို ရှောင်ရှားဖို့ရာ ကလေးတွေကို ယာယီရွှေ့ပြောင်းခိုင်းမယ့် သူ့ရဲ့အကြံဉာဏ်ကို သူဌေးက မကန့်ကွက်လောက်ဘူးလို့ သူထင်လိုက်မိတယ်။

ဘယ်သူသိမှာလဲ။ ချန်တဲ့ရဲ့အကြံပြုချက်ကို ကြားပြီးတာနဲ့ ချင်ရှောက်က "မလိုဘူး" လို့ပဲ ပြန်ဖြေလိုက်တာကိုလေ။

-----

ဒီညအစည်းအဝေးပြီးသွားတာနဲ့ ချင်ရှောက်က ပြန်သွားဖို့အတွက် အဆင်သင့်ဖြစ်လို့နေတယ်။

အစကတော့ သူက S မြို့မှာ ဆယ်ရက်လောက်နေဖို့ စီစဉ်ထားခဲ့တာ။ တစ်ခုက ဆေးအသစ်ဖြန့်ချီမှုကို ကွပ်ကဲချင်တာရယ် နောက်တစ်ခုက စုန့်ယန်ချန်းရှာထားတဲ့ ပြဿနာတွေကို ရှင်းပစ်ချင်တာရယ်ကြောင့် ဖြစ်တယ်။ သို့သော်လည်း နောက်ပိုင်းကျမှ သူ့အစီအစဉ်တွေကို ပြောင်းလဲခဲ့ပြီး ဆယ်ရက်အလုပ်ကို သုံးရက်အထိ လျော့ချခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့သုံးရက်အတွင်းမှာဆိုရင် သူက အရေးကြီးကိစ္စတွေ ညှိုနှိုင်းဖြေရှင်းဖို့အတွက် အလုပ်များနေခဲ့တယ်။ ဒီနေ့အစည်းအဝေးမှာ သူက လက်ကျန်အလုပ်တွေကို တာဝန်ရှိတဲ့သူတွေဆီ လွှဲပြောင်းပေးခဲ့မှာဖြစ်တယ်။ ဒါပြီးရင်တော့ သူသိပ်မကြာခင်မှာပဲ အိမ်ပြန်နိုင်တော့မယ်လေ။

-----

အစည်းအဝေးက မနက်နှစ်နာရီမှာ ပြီးဆုံးသွားခဲ့တယ်။

ကားထဲမှာ ထိုင်နေရင်း ချင်ရှောက်ရဲ့ဒေသခံလက်ထောက်က သူ့အတွက်ခရီးစဉ်ကို စီစဉ်ပေးနေတယ် : "ဆရာ ကျွန်တော် လေကြောင်းထိန်းချုပ်မှုကွပ်ကဲရေးဌာနကို ဆက်သွယ်ပြီးပါပြီ။ အခုချိန်ကစပြီး နောက်ရက် မနက်၈နာရီအထိ ဆရာအချိန်မရွေး ထွက်ခွာလို့ရပါတယ်။ ဆရာ အနားယူဖို့ ဟိုတယ်ကိုပြန်သွားမလား ဒါမှမဟုတ် လေဆိပ်ကိုပဲ တိုက်ရိုက်သွားလိုက်ရမလား?"

"လေဆိပ်ကိုပဲတိုက်ရိုက်သွားလိုက်တော့" ချင်ရှောက်က တွန့်ချိုးနေတဲ့သူ့မျက်ခုံးတွေကို ပွတ်သပ်လိုက်ရင်း အမိန့်ပေးလိုက်တယ်။

အခုက မနက်၂နာရီဆိုတော့ S မြို့ ကနေ B မြို့ ကိုဆိုရင်.....

သူအိမ်ကိုမနက်၆နာရီလောက်ဆိုရင် ပြန်ရောက်လောက်တယ်။

Mr.ချင်က သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး နောက်ထိုင်ခုံမှာ ကျောမှီလိုက်တယ်။

အဲဒီအချိန်မှာပဲ သူ့ကားဘေးကနေ ကုန်တင်ကားကြီးရဲ့ စူးရှရှအသံက သူ့နားထဲသို့ ထိုးဖောက်ဝင်လာခဲ့တာကြောင့် သူ့ခမျာ စိတ်မသက်မသာဖြစ်ရလို့ မျက်မှောင်တောင်ကျုံ့မိသွားတယ်။ သို့သော် နောက်စက္ကန့်အနည်းငယ်လောက်မှာပဲ ကုန်တင်ကားကြီးက ရုတ်တရက်ပဲ လမ်းကြောင်းပြောင်းသွားခဲ့တယ်။ ကုန်တင်ကားကြီးရဲ့ ရုတ်တရက် လှုပ်ရှားမှုကို ရှောင်ရှားရန်အတွက် ချင်ရှောက်ရဲ့ကားသမားက စတီယာရင်လက်ကိုင်ကို ညာဖက်သို့ အလျင်အမြန် လှည့်ပစ်လိုက်ရတော့တယ်။ ဒါပေမယ့် တစ်ဖက်ခြမ်းကနေ နောက်ထပ်ကုန်တင်ကားတစ်စီးက လမ်းဖြတ်ခုံးပေါ်ကနေ သူတို့ကားဆီသို့ မောင်းနှင်လာတော့တယ်။ [T/N : ချင်ရှောက်တို့ကားက ကုန်တင်ကားနှစ်စီး အလယ်မှာရောက်နေတာပါ]

"ဆရာ တစ်ခုခုတော့မှားနေပြီ" ဖြစ်နေတဲ့အခြေအနေတွေကို သူနားလည်သွားပြီးနောက်မှာတော့ လက်ထောက်က စိုးရိမ်တကြီးပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ Mr.ချင်ရဲ့ကားနောက်ကနေလိုက်လာတဲ့ မြောက်များစွာသော ကိုယ်ရံတော်တွေကလည်း အလျင်အမြန်မောင်းနှင်လာခဲ့ကြတယ်။

Mr.ချင်က သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး အရှေ့ကိုကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ နှင်းခဲတွေနဲ့ ပြည့်လို့နေတယ်။

ဒီခွေးကောင်ကတော့ အရမ်းစိတ်လှုပ်ရှားပြီး နံရံကိုတောင် ခုန်တက်တော့မယ်ပေါ့?

-----

"ဆရာ...!!"

လက်ထောက်က သွေးပျက်ကာအော်ဟစ်တော့တယ်။ သို့ပေမယ့် သူပြီးအောင်တောင် မအော်လိုက်ရသေးခင်မှာပဲ စူးရှတဲ့အလင်းတန်းတစ်ခုက 'ဘန်း!' ဆိုတဲ့ အသံကျယ်ကြီးနှင့်အတူ ဖြတ်ဝင်လာခဲ့ပြီး ကုန်တင်ကားကြီး ဝင်တိုက်လိုက်တာကတော့-


4.11.2020

Wednesday

_____

Thanks 😉



पढ़ना जारी रखें

आपको ये भी पसंदे आएँगी

1.1M 61.1K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
311K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
875K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...