​ေရ​ေျမျခား၍ ခ်စ္​မိ​ေသာ္​လည္...

By Park_Byun_6104

542K 72.9K 6.1K

လူမ်ိဳး​ေရးခြဲျခားတတ္​သည္​့ မင္​းရထာဆိုတ့ဲ​ေကာင္​​ေလးႏွင္​့ အဂၤလန္​သား song တို႔..​ေတြ႔ဆံုခ်စ္​ႀကိဳက္​မိ​ေသာအ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
​ေက်းဇူးတင္​လႊာ

ဇာတ္​သိမ္​းပိုင္​း

14.1K 1K 114
By Park_Byun_6104

penzance မဟုတ္​ဘူး။ အလွဆံုးနိဗၺာန္​ဘံု​​ေလးျဖစ္​မည္​။ ကား​ေပၚက​ေန ႐ႈ့ရသည္​့႐ႈခင္​း​ေတြက အံ့မခမ္​းလိလိ ျသခ်ရ​ေလာက္​​ေအာင္​ ၾကည္​ႏူးအံ့ျသဖို႔​ေကာင္​းလွသည္​။ ​​
ေတာင္​လမ္​းမွျဖတ္​သန္​းသြားရသည္​့အခါ ​ေဘးဆီကပင္​လယ္​ျပင္​ႀကီးကို ​ေငး​ေမာရသည္​့အရသာက ဘယ္​လိုထူးကဲလို​ေလသလဲ ​ေျပာျပလို႔​ေတာင္​မရပါ။လွပသည္​့႐ႈခင္​းတို႔ရဲ႕မာယာကို မခံႏိုင္​သည္​့အခါ​ေတာ့ ကားမွန္​ကိုခ်လိုက္​ကာ ​ေခါင္​းထြက္​လိုက္​သည္​။

"ရထာ အႏၱရာယ္​႐ွိတယ္​​ေလ"

​songရဲ႕ ဟန္​႔တားသံ​ေၾကာင္​့ ​ေ႐ွ႕​ေမာင္​းမွာကား​ေမာင္​​း​ေနသည္​့ deanႏွင္​့​စာဖတ္​​ေနသည္​့ ​ေန​ေစာကပါလွည္​့ၾကည္​့လာသည္​။ ရထာ့အား ပခံုးက​ေနျပန္​ဆြဲ​ေတာ့ ႂကြ​ေနသည္​့ရထာ့ဖင္​က ​ေမြ႔ရာႏွင္​့ ျပန္​ထိသြားသည္​။ အမည္မတပ္နိုင္သည့္ ​​​​​ခံစားခ်က္​​ေတြပြင္​့ထြက္​​ေနခ်ိန္​မို႔ လာအ​ေႏွာင္​့အယွက္​​ေပးတဲ့ songကို တံု႔ျပန္​သည္​့အ​ေနျဖင္​့ လက္​​ေမာင္​းကို လက္​သီးျဖင္​့နာနာထိုး​ေပးလိုက္​သည္​။

"အာ့ ရထာ"

"ဘာျဖစ္​တာတုန္​း၊ ဘယ္​ကားမွမလာလို႔ ​ေခါင္​းထြက္​တာ"

"မရဘူး၊ အႏၱရာယ္​႐ွိတယ္​၊ ​ေခါင္​းမထြက္​နဲ႔"

"​မင္​းက​ေလ၊ မထြက္​ဘူး မထြက္​ဘူး၊ ငါ့ကိုလာမ​ေႏွာင္​့ယွက္​နဲ႔ ခရီးသြားတဲ့အရသာကိုခံစား​ေနပါတယ္​​ဆို"

​ေျပာၿပီး ကားျပတင္​းအနားကို ျပန္​ကပ္​သြား​ေတာ့ ျပတင္​းကို ​ေပ်ာ္​ျမဴ းစြာတိုးလာသည္​့ ​ေလ​ေအး​ေတြက မ်က္​ႏွာကိုလာ႐ိုက္​ခတ္​သည္​။ မ်က္​လံုးစံုမွိတ္​ကာ ထိုအ​ေအးဓာတ္​ကိုခံယူမိပါသည္​။

"ကိုယ္​မင္​းကိုဖက္​ထားမယ္​"

ရထာ့​ေနာက္​​ေက်ာဘက္​မွာ​ေနရာယူလိုက္​ၿပီး ခါး​က္ို​ေပြ႔ဖက္​ကာ ရင္​ခြင္​ထဲ၌​ေထြးပိုက္​ထားမိသည္​။

"​ေရာက္​​ေတာ့မွာလား song"

"အင္​း ​ေနာက္​​ဆယ္​မိနစ္​ဆို​ေရာက္​ၿပီ"

"ဟုတ္​ၿပီ"

songရဲ႕အိမ္​ကို ​ေရာက္​​ေတာ့မည္​။ ​ေမး​ေနက်တဲ့အတိုင္​း မင္​းအ​ေဖဝယ္​​ေပးခ့ဲတဲ့အိမ္​လား​ေမး​ေတာ့ သူ႔အဖြားပိုင္​တဲ့အိမ္​လို႔​ေျပာသည္​။ အိမ္​က ဘယ္​လိုပံုစံအ​ေနအထား႐ွိမလဲ​ေတြးမိတဲ့အ​ေတြး​ေနာက္​ လွမွာပါဆိုတဲ့​ေသခ်ာမႈက ကပ္​ပါလာခ့ဲသည္​။ အလွဆံုး​ေဒသမွာ အလွပဆံုးအရာ​ေတြပဲ ခိုမွီး​ေနမွာပါပင္​။
song​ေျပာတဲ့အတိုင္​း ဆယ္​မိနစ္​​ေန​ေတာ့ ျခံမ႐ွိ​ေသာႏွစ္​ထပ္​အိမ္​ျဖဴ ​ေလး​ေ႐ွ႕ကို​ေရာက္​​ေလၿပီ။ ​ေန​ေရာင္​ျခည္​လည္​း လံုးလံုး​ေပ်ာက္​​ခ့ဲသည္​။ အိမ္​အ​ေ႐ွ႕မွာ​ေတာ့ သစ္​ပင္​ပန္​းပင္​​ေ​လး​ေတြ႐ွိသည္​။ ပန္​းပင္​​ေလး​ေတြ​ေတာ့ ​ေဘးအိမ္​ကအိမ္​နီးခ်င္​း​ေတြက ​ေစာင္​့​ေ႐ွာက္​ထိန္​းသိမ္​းထား​ေပးပံု။

"မလာတာၾကာ​ေတာ့ အိမ္​ကဖုန္​​ေတြ႐ွိမယ္​ထင္​တယ္​"

"အင္​း ၾကာဆို၊ ကိုယ္​ျမန္​မာမလာခင္​က တစ္​​ေခါက္​လာခ့ဲ​ေသးတယ္​၊ ဒါ​ေပမယ္​့ခဏ႐ွင္​းရံုရယ္​ပါ၊ ကိုယ္​တို႔ကပိတ္​စအျဖဴ ​ေတြအုပ္​ထားတယ္​​ေလ"

"ဪ"

ကား​ေပၚမွ အားလံုးဆင္​းလာခ့ဲသည္​။ ​ေျမျပင္​​ေပၚ​ေျခခ်မိလိုက္​တာနဲ႔ တက္​ႂကြလန္​းဆန္​းျခင္​း​ေတြက ခႏၶာကိုယ္​ရဲ႕​ေသြး​ေၾကာမ်ားထဲသို႔ စီးဆင္​းသြားသလို​ေတာင္​ထင္​ရသည္​။ songက အိမ္​တံခါးဖြင္​့​​ေနတုန္​း ကား​ေပၚကအထုတ္​​ေတြကို သံုး​ေယာက္​သားသယ္​ရျပန္​သည္​။

"ဝင္​လို႔ရၿပီ"

ရထာ့လက္​ထဲက​အထုတ္​တစ္​ထုတ္​ကို လက္​လြဲယူၿပီး အိမ္​ထဲကိုဝင္​လာခ့ဲသည္​။ ဖုန္​နံံ့​ေလးအနမ္​းငယ္​ရတာကလြဲလ်င္​​ေတာ့ က်န္​တာအဆိုးအဝါးမ႐ွိပါ။

"အခန္​းထဲပဲ႐ွင္​းစို႔ ကိုယ္​တို႔က​ေလွ်ာက္​လည္​မွာဆို​ေတာ့ အခန္​းအျပင္​ အျခား​ေနရာက​ေတာ့ မလိုဘူးရယ္​"

"ထမင္​းစားဖို႔​ေရာ"

"ဝယ္​စားမယ္​​ေလ"

"​ေအးပါကြာ"

"ဒါဆို deanနဲ႔​ေန​ေစာ​ေကာင္​း​ေကာင္​းအနားယူ"

"​ေအး မင္​းတို႔​ေကာပဲ"

​ေအာက္​ထပ္​မွာပဲ အခန္​းႏွစ္​ခန္​း႐ွိတာမလို႔ အ​ေပၚထပ္​မွာ​ မ​ေနပါ။ အခန္​းထဲကို ဝင္​ခ့ဲၿပီး​ေနာက္​ အသံုးအ​ေဆာင္​ပစၥည္​း​ေတြကို အုပ္​ထားတဲ့ပိတ္​စအျဖဴ ​ေတြကို songနဲ႔အတူဖယ္​ရသည္​။ ထိုပိတ္​စ​ေတြကို songက ​ေခါက္​​ေနသည္​့အခ်ိန္​မွာ ကိုယ္​က​ေတာ့ ဖုန္​စုတ္​စက္​နဲ႔ဖုန္​႐ွင္​း​ေနရသည္​။

"​ေရ​ေႏြး​ေလးခ်ိဳးၿပီးရင္​ အိပ္​လို႔​ေကာင္​းမွာ"

အိပ္​​ေရးမက္​သည္​့ရထာ့စကား​ေၾကာင္​့ ​ပိတ္​စ​ေခါက္​​ေနရင္​းမွ song ျပံဳးမိသည္​။ ​ေခါက္​ၿပီးၿပီးခ်င္​း ရထာ့ဆီသြားကာ ​ေနာက္​က​ေနသိမ္​းၾကံဳးဖက္​လိုက္သည္​။

"အလုပ္​လုပ္​​ေနတယ္​​ေလ"

"ကူလုပ္​​ေပးမယ္​"

ရထာ့အနားက မခြာရဖို႔အ​ေရးကိုသာ အဓိကထားတာမို႔ ဖုန္​စုတ္​စက္​ရဲ႕လက္​ကိုင္​ကိုကိုင္​ထားသည္​့ ရထာ့ရဲ႕လက္​ဖမိုးကို အုပ္ကိုင္​လိုက္​မိၿပီး သူ​ေလးပါးျပင္​ထက္​၌ အနမ္​းတစ္​ပြင္​့​ေႂကြ​ေစသည္​။

"ကူမွာဆို၊ အ့ဲဒါဆိုမနမ္​းနဲ႔​ေလ"

"ႏွစ္​ခုလံုးလုပ္​မွာ"

"အ႐ူး​ေကာင္​"

ုျပံဳးသြားတဲ့ရထာ့ႏႈတ္​ခမ္​း​ေၾကာင္​့ ပါးမို႔​ေလးက ​ေဖာင္​းလာသည္​့အခါ ထိုပါးမို႔​ေလးကို မလြတ္​တမ္​းနမ္​း႐ိႈက္​လိုက္​မိသည္​။ ရထာက​ေတာ့ ျပံဳးရင္​းၿငိမ္​ခံသည္​။ ရထာ​သြားရာ​ေနာက္​ကိုပဲ ပါး​ျပင္​ကိုတဖြဖြနမ္​းရင္​း လိုက္​သြားသည္​့အခါ အခန္​းတစ္​ခုလံုး ဖုန္​​ေျပာင္​သြားတာပင္သတိမရ​ေတာ့ပါ​ေလ။

..............................................................

ပိတ္စျဖဴ ​ေတြကို​ေခါက္​​ေနသည္​့ ​ေန​ေရာင္​ျခည္​​ေလးကို အိပ္​ရာခင္​း​ေနရင္​းမွ ​ေငးၾကည္​့​ေနမိသည္​။ ဒီလိုအ​ေနအထားက လက္​ထပ္​ၿပီးခါစခ်စ္​ငွက္​ႏွစ္​ဦးတို႔ ဟန္​းနီးမြန္​းထြက္​သလိုပင္​။ ႏွစ္​ကိုယ္​ႏွစ္​ဦးတည္​းသာ႐ွိၿပီး အခ်စ္​​ေတြကို​ေဖာ္​ထုတ္​ျပတဲ့​ေန႔မ်ိဳးျဖစ္​သည္​။

"အ့ဲ​ေလာက္​မ​ေငးနဲ႔ အလုပ္​ လုပ္​"

ရယ္​သံ​ေႏွာသည္​့ ​ေန​ေရာင္​ျခည္​​ေလးစကား​ေၾကာင္​့ ​ဆက္​​ေငး​ေနရင္​းမွ ရယ္​လိုက္​မိသည္​။

"​ေငးမွာပဲ ကိုယ္​့​ေန​ေရာင္​ျခည္​ကို၊ "

"​ေငး ​ေငး"

"ကိုယ္​့​ေန​ေရာင္​ျခည္​ မနက္​ျဖန္​ကိုယ္​တို႔က သပ္​သပ္​သြားမွာ​ေနာ္​၊ songတို႔နဲ႔မလိုက္​ဘူး"

"ဟုတ္​လား၊ ဘယ္​သြားမွာလဲ"

"the minack theatreကိုသြားမယ္​"

"ဟုတ္​ၿပီ၊ လွလားအ့ဲ​ေနရာက"

​ေခါက္​ၿပီးသည္​့ပိတ္​စ​ေတြကိုသယ္​ၿပီး dean​ေနာက္​က စားပြဲဆီကို ဦးတည္​လိုက္သြားၿပီး ထိုစားပြဲ​ေပၚမွာ ပိတ္​စ​ေတြတင္​လိုက္​သည္​။ deanက​ေတာ့ ကိုယ္​သြားရာလမ္​း​ေၾကာင္​းကို သူ႔ခႏၶာကိုယ္​ကို​ေရြ႔ၿပီး မလြတ္​တမ္​းၾကည္​့သည္​။

"လွတာ​ေပါ့ အ့ဲက​ေနပင္​လယ္​ျပင္​ကိုျမင္​ရတယ္​"

"ဪ "

ခုတင္​​ေပၚက ​ေရဝတ္​လဲအက်ႌကိုယူၿပီး deanအနားကို ျပန္​​ေလွ်ာက္​လာခ့ဲသည္​။

"ပင္​လယ္​ႀကီးကိုတကူးတကသြားၾကည္​့ဖို႔မလိုပါဘူး၊ ဘာလို႔ဆို ငါ့မ်က္​စိ​ေ႐ွ႕မွာတင္​ ငါ့ကိုခ်စ္​တဲ့အခ်စ္​​ေတြနဲ႔ ပင္​လယ္​တည္​ထားတဲ့ မင္​း႐ွိတယ္​​ေလ"

​ေျပာၿပီးခ်င္​း deanပါးကို အျမန္​နမ္​းကာ ​ေရခ်ိဳးခန္​းဆီ္​​ေျပးသြားလိုက္​ၿပီး တံခါးကိုဝုန္​းခနဲပိတ္​လိုက္​သည္​။ ခဏ​ေလာက္​​ေတာ့ deanမွာ​ေၾကာင္​သြား​ေပမယ္​့ ၾကည္​ႏူး​ေက်နပ္​မႈတို႔စတင္​ခံစားလာသည္​့အခါ ပိတ္​သြားသည္​့​ေရခ်ိဳးခန္​းတံခါး​ေ႐ွ႕ကို ျဖည္​းျဖည္​းခ်င္​း​ေလွ်ာက္​သြားမိသည္​။ ထိုအခန္​းထဲမွာ​ေတာ့ ႐ွက္​ျပံဳးျပံဳး​ေနတဲ့ ​ေန​ေရာင္​ျခည္​​ေလးကို ​ေတြ႔ရ​မွာျဖစ္​သည္​။ ​ေတြ႔ခ်င္​လိုက္​တာ။

"ထြက္​လာရင္​ နမ္​းပစ္​မွာ​ေနာ္​"

​ေရခ်ိဳးခန္​းထဲက​ေန ၾကားရ​ေလာက္​တဲ့အထိ က်ယ္​က်ယ္​​ေျပာပီး​ေနာက္​ ခုတင္​​ေပၚမွာထိုင္​ကာ ပုန္​း​ေနသည္​့ယုန္​ငယ္​​ေလး ထြက္​လာသည္​့အခ်ိန္​ထိ ​ျပံဳးစိစိမ်က္​ႏွာထားျဖင္​့​ေစာင္​့​ေနလိုက္​သည္​။ ထြက္​လာပါက မလြတ္​တမ္​းနမ္​းပစ္​မည္​။
အတန္​ၾကာၿပီး​ေနာက္​​ေတာ့ တံခါး​ေနာက္​က​ေန ​ေခါင္​းက​ေလးျပဴ ထြက္​လာသည္​။ ခုတင္​​ေပၚထိုင္​​ေနသည္​့ ကိုယ္​့ကို​ေတြ႔​ေတာ့ ​ေန​ေရာင္​ျခည္​က ခြၽဲသလိုဟန္​​ေလးႏွင္​့ ရယ္​ျပလာသည္​။

"ငါက ခုနက စလိုက္​တာပါ ဟဲဟဲ"

​ေရသုတ္​လ်က္​ ထြက္​လာခဲ့သည္​။

"ဘာျဖစ္​ျဖစ္​ ျပန္​နမ္​းမယ္​ကြာ"

​အ​ေျပးသြားကာ ​ေန​ေရာင္​ျခည္​​ေလးအား ​ေရခ်ိဳးခန္​းတံခါးမွာ ​ေက်ာကပ္​​ေစၿပီး ပါးျပင္​​ေလး​ ႏႈတ္​ခမ္​းႏု​ေလးကို ထပ္​ခါထပ္​ခါနမ္​း​ေနမိသည္​။ ​ေန​ေရာင္​ျခည္​​ေလးမွာ လူႀကီးတစ္​​ေယာက္​လက္​ထဲကို ​ေရာက္​သြားသည္​့ ခ်စ္​စရာက​ေလးငယ္​​ေလးတစ္​​ေယာက္​လို ဘာမွမတတ္​ႏိုင္​ဘဲ ၿငိမ္​ခံ​ေနရ႐ွာသည္​။

"​ေတာ္​ၿပီ​ေလ ငါနမ္​းတာတစ္​ခ်က္​တည္​းရယ္​"

"မရဘူး နမ္​းဦးမွာ"

​မ်က္​ႏွာ​ေလးကို​ေပြ႔ကာ ႏႈတ္​ခမ္​းကိုပဲ ထိလိုက္​ခြာလိုက္​နမ္​း​ေတာ့ ​ေန​ေရာင္​ျခည္​​ေလးက ျပံဳးကာျပန္​တံု႔ျပန္​သည္​။

"ခ်စ္​တယ္​ ကိုယ္​့​ေန​ေရာင္​ျခည္​"

ဆက္​မနမ္​း​ေသးဘဲ အခ်စ္​​ေရးဆို​ေလ​ေတာ့ ​ေန​ေရာင္​ျခည္​​ေလးက ကိုယ္​့မ်က္​ႏွာကိုအသာဆြဲယူကာ ႏႈတ္​ခမ္​းထက္​ကို အခ်စ္​သက္​​ေသအနမ္​း​ေႁခြျပန္​သည္​။ ခ်စ္​တယ္​လို႔ စကားျဖင္​့အ​ေျဖျပန္​မ​ေပးဘဲ အနမ္​းျဖင္​့သက္​​ေသျပလိုက္​ျခင္​းမည္​၏။ဒီတစ္​ခါ​ေတာ့ ခုနကလို က​ေလးဆန္​​ဆန္​အနမ္​းမဟုတ္​​ေတာ့ပါ။ ​မ်က္​လံုးစံုမွိတ္​ရင္​းသာ ခ်စ္​ရသူ အနမ္​း​ေႂကြပန္​း​ေလးကို ခံစားမိပါ​ေတာ့သည္​။

...................................................................

ကား​ေပၚကဆင္​းဆင္​းခ်င္​း ပင္​လယ္​ကို အႀကိမ္​စကၠန္​႔မ်ားစြာျဖတ္​သန္​းလာသည္​့ ပင္​လယ္​​ေလ​ေအးက တစ္​ကိုယ္​လံုးကိုလာထိကာ ခရီးႀကိဳႏႈတ္​ဆက္​သည္​။ ကား​ပါကင္​က​ေနကို လွပတဲ့ပင္​လယ္​ျပာႀကီးကို ျမင္​​ေနရပါလွ်င္​ theatreမွာဆို ဘယ္​​ေလာက္​​ေတာင္​လွလိုက္​မလဲ။ ​ေတြးၾကည္​့ရံုႏွင္​့ ရင္​ခံုဖြယ္​​​ေကာင္​းလွသည္​။

"လာ ​ေန​ေရာင္​ျခည္​​ေလး၊ minack theatreက ဒီဘက္​မွာ"

"အင္​း လာၿပီ"

ကားတစ္​ဖက္​က deanဆီ​ေျပးသြားၿပီး သူ႔လက္​ဖဝါးကိုဆုပ္​ကိုင္​လိုက္​မိသည္​။ deanႏွင္​့ပတ္​သက္​၍ ျဖစ္​​ေပၚလာသည္​့အခ်က္​က deanအနားမွာ႐ွိ​ေနရလို႔ သူ႔လက္​က​ေလးဆုပ္​ကိုင္​ထားရင္​ ​လံုျခံဳသည္​့ခံစားမႈႏွင္​့ ​ေႏြး​ေထြးသည္​့ခံစားမႈ​ေလးကို ခံစားရသည္​။ အထီးက်န္​ျခင္​းဆိုတဲ့ရန္​သူက​ေတာ့ deanဆိုတဲ့ဒိုင္​းကာကို မ​ေက်ာ္​ျဖတ္​လာႏိုင္​ရဲ​ေသးပါ။

"သြားစို႔ ကိုယ္​့​ေန​ေရာင္​ျခည္​"

"အင္​း"

theatreထဲကို ဝင္​လာခ့ဲၾကသည္​။ ပင္​လယ္​ျပင္​ကိုၾကည္​့ဖို႔အတြက္​ ထိုင္​ဖို႔​ေနရာက​ိုေရာက္​ဖို႔​ေတာ့ အုတ္​​ေလွကားအတိုင္​း​ေလးဆင္​းသြားရသည္​။ ထိုအုတ္​​ေလွကားက​ေနကို ပင္​လယ္​ျပာႀကီးကို ျမင္​ရ​ေလၿပီ။ အဆင္​း​ေလွကား​ေတြက​လည္​းအမ်ားႀကီး႐ွိသည္​။

"လွလိုက္​တာ၊ ခရီးသြားလို႔ ခံစားရတဲ့ခံစားခ်က္​က ဒါမ်ိဳး​ေနမွာ"

"ႀကိဳက္​လား"

"အင္​း ႀကိဳက္​တယ္​၊ပန္​းပင္​​ေလး​ေတြစိုက္​ထားတာပိုသ​ေဘာက်တယ္​"

​ေနာက္​ဆံုး​ေတာ့ ​​ေလွကားအထစ္​ထစ္​ပံုစံ​ေလး​ေတြျဖင္​့ ထိုင္​ဖို႔လုပ္​​ေပးထားသည္​့ ဇာတ္​ရံုကို​ေရာက္​​ေလၿပီ။ ​ေလွကားတစ္​ထစ္​ဆီတိုင္​းမွာ အပင္​ငယ္​​ေလး​ေတြစိုက္​ၿပီး အလွဆင္​ထားသည္​။ ဒီဇာတ္​ရံုရဲ႕ပံုစံက ​ေအာက္​ဆံုး​​ေက်ာက္​ၾကမ္​းျပင္​မွာကျပ​ေပးမယ္​့သူ​ေတြျဖစ္​ၿပီး လာၾကည္​့သူ​ေတြထိုင္​ရမည္​့ ​ေလွကားထစ္​လိုမ​်ိဳး​ထိုင္​စရာ​ေနရာက တစ္​ျဖည္​းျဖည္​း ျမင္​့တက္​သြားသည္​။ အဲ့တာ​ေၾကာင္​့မို႔ ဇာတ္​ရံုထဲကိုဝင္​လာသည္​့သူတုိင္​းက ​​ေလွကား​ေတြက​​ေန ေအာက္​ကိုဆင္​းလာၾကရတာျဖစ္​သည္​။

"အ​ေပၚက​ေနပဲၾကည္​့မလား"

ထိုင္​ဖို႔လုပ္​​ေပးထားသည္​့ ​ေလွကားထစ္​ပံုစံ​ေနရာ​ေလး​ေတာ့မ​ေရာက္​​ေသး။ သို႔​ေပမယ္​့ အခုရပ္​​ေနသည္​့အျမင္​့က ​ေလွကားထစ္​​က​ေနပင္​ ပင္​လယ္​ျပင္​ႀကီးကိုျမင္​​ေနရၿပီ။

ိ"ဟို ထိုင္​ဖို႔လုပ္​​ေပးထားတဲ့ ​ေလွကားထစ္​ပံုစံ​ေလးထိသြားၾကည္​့မယ္​​ေလ ျမက္​ခင္​း​ေလး​ေတြနဲ႔"

​ေလွကားထစ္​ပံုစံ​ေက်ာက္​တန္​းကိုမွ ျမက္​ခင္​း​ေတြပါသည္​့​ေနရာကို လက္​ညိဳးထိုးျပလိုက္​သည္​။ အျခားခရီးသြား​ေတြလည္​း အ​ေတာ္​စံုလာ​ေလၿပီ။ သို႔​ေပမယ္​့ ပြက္​​ေလာ႐ိုက္​ဆူညံျခင္​း​ေတာ့ မ႐ွိပါ။ အ​ေတာ္​စည္​းကမ္​း႐ွိသည္​။

"ဟုတ္​ၿပီ သြားစို႔ကိုယ္​့​ေန​ေရာင္​ျခည္​"

ထို​ေလွကားထစ္​ဆီီသို႔ ​ေလွကားက​ေနပဲဆင္​းလာခ့ဲသည္​။
အနား​ေရာက္​မွ ​ေလွကားထစ္​ပံုစံ​ေက်ာက္​တန္​းမွာ ျမက္​ပင္​​ေလး​ေတြစိုက္​ထားပံုက အ​ေတာ္​​ေလးလွပသည္​။ ထို​ေပၚမွာဝင္​ထိုင္​လိုက္​ကာျမင္​​ေနရသည္​့ ပင္​လယ္​ျပာႀကီးကို တ​​ေမ့တ​ေမာ​ေငးလိုက္​မိသည္​။

"လွလိုက္​တာ၊ ငါခရီးသြားဝါသနာမပါတာနာတယ္​ deanရာ"

ငယ္​ငယ္​ကတည္​းက စာမွစာျဖစ္​​ေအာင္​ သိမ္​းသြင္​းခ့ဲ​ေဆာ့ မိဘႏွစ္​ပါးလက္​​ေအာက္​က သားတစ္​​ေယာက္​သည္​ တကၠသိုလ္​ၿပီးတာ​ေတာင္​ မႏၱ​ေလးၿမိဳ႕အႏွံံ့မ​ေရာက္​ဖူးခ့ဲပါ။ ထိုသို႔ခ်ဳပ္​ခ်ယ္​ရံုမွအပ မိမိရဲ႕လိင္​တူစိတ္​ဝင္​စားသည္​့စိတ္​ကို လက္​ခံ​ေပးသည္​့အတြက္​​ေတာ့ ​ေက်းဇူးတင္​ရသည္​။ ကိုယ္​တိုင္​ကလည္​း ဝါသနာမပါလို႔ျဖစ္​ပါလိမ့္မည္​​ေလ။

"သ​ေဘာက်ရင္​ ကိုယ္​​ေနာက္​ထပ္​လွတဲ့​ေနရာ​ေတြလိုက္​ပို႔​ေပးမယ္​​ေလ"

"​ေတာ္​ပါၿပီ၊ ငါကခရီးသြားတာ သိပ္​မႀကိဳက္​ဘူး"

"ဟုတ္​သားပဲ၊ ကိုယ္​့​ေန​ေရာင္​ျခည္​က စာဂ်ပိုး"

"​ေတာ္​စမ္​း၊ အာဒါနဲ႔ ဓာတ္​ပံု​ေလး႐ိုက္​ရ​ေအာင္​၊ ငါ့ပါးကို နမ္​းတဲ့ပံုစံ​ေလး"

ပင္​လယ္​ကိုမ်က္​ႏွာမူထားရာက​ေန ထိုပင္​လယ္​ျပင္​ကို ခဏတာ​ေက်ာလွည္​့၍ ႏ​ွစ္​​ေယာက္​အတူဓာတ္​ပံု႐ိုက္​ဖို႔ၾကံရသည္​။ ပါးျပင္​ကို လာကပ္​သည္​့ deanႏႈတ္​ခမ္​း​ေလး​ေၾကာင္​့ ​ေန​ေစာျပံဳးရသည္​။ ထိုအတိုင္​း​ေလး ႐ိုက္​လို႔အၿပီးမွာ​ေတာ့ ​သ​ေဘာတက် ထပ္​ျပံဳးရျပန္​​ေသးသည္​။

"လာ လာ​ေ႐ွ႕လွည္​့​ေတာ့"

ႏွစ္​​ေယာက္​လံုးပင္​လယ္ဘက္​ဆီကိုပဲ မ်က္​ႏွာမူလိုက္​သည္​။ deanရဲ႕ လက္​ဖဝါး​ကို ဆုပ္​ကိုင္​လိုက္​ကာ အဆံုးမဲ့ပင္​လယ္​ျပင္​ႀကီးအားၾကည္​့မိသည္​။ ညိမ္​့ညိမ္​့​ေလးသာလႈပ္​ခတ္​​ေနသည့္​ အျပာ​ေရာင္​​ေရျပင္သည္​ ၾကည့္​သူတို႔ကို ကျပ​ေနဟန္​႐ွိသည္​။တစ္​ခါတစ္​ရံ ​ေဒါတႀကီးတတ္​သည္​့ပင္​လယ္​ျပင္​က​ အခု​ေတာ့က​ေလးတစ္​​ေယာက္​လို ပကတိအျပစ္​ကင္​းစင္​သည္​။ ​ေလတိုးသံ​ေလးကလည္​း သီခ်င္​းတစ္​ပုဒ္​နားဆင္​ရသလုိ ညိမ္​့​ေညာင္​းလွသည္​။

"​ေန​ေရာင္​ျခည္​​ေလးကို ကိုယ္​​ေပးစရာ႐ွိတယ္​"

deanအသံ​ေၾကာင္​့ သူ႔ဘက္​လွည္​့ၾကည္​့မိ​ေတာ့ သူက အိတ္​ကပ္​ထဲက​ေန တစ္​ခုခုႏိႈက္​​ေနဟန္​႐ွိသည္​။

"ဘာလဲ dean"

"​ဒါ​ေလး ကိုယ္​မင္​းအတြက္​လုပ္​​ေပးထားတာ"

သူ႔လက္​ထဲမွာ crochetႏွင္​့ထိုးထားသည္​့ စာမွတ္​လို႔ရသည္​့ ျခည္​အျပာစာအုပ္​မွတ္​​ေလးျဖစ္​သည္​။ သူ႔လက္​ထဲက​ေန ယူၾကည္​့​ေတာ့ ယပ္​​ေတာင္​လိုပံုစံ​ေလးကိုမွ အလ်ား႐ွည္​႐ွည္​​လုပ္​ထားၿပီး ထိပ္​မွာအကြင္​း​ေလးပါသည္​။ ​ေအာက္​ဘက္​မွာ​ေတာ့ အျပာ​ေရာင္​အသီး​ေလးႏွစ္​လံုးရယ္​၊ ​ေနၾကာပန္​းရယ္​ ​ေနမင္​းႀကီးရယ္​ကို ခ်ိတ္​ဆြဲထားသည္​။

"ဘာအဓိပၸါယ္​လဲ dean"

deanမ်က္​ႏွာကို တစ္​ဖန္​း​ေမာ့ၾကည္​့​ေတာ့ သူကျပံဳးစစနဲ႔ ႏွာ​ေခါင္​းထိပ္​​ေလးကို သူ႔လက္​ညိဳးထိပ္​နဲ႔လာပြတ္​ဆြဲသည္​။

"အ့ဲတာ crochet​ေလ၊ ကိုယ္​့အ​ေမ႐ွိတုန္​းက အ​ေဖ့အတြက္​crochetထိုးတဲ့အခ်ိန္​ ​ကိုယ္​က​ေဘးမွာအျမဲလိုက္​ထိုး​​​ေနက်ဆို​ေတာ့ တတ္​သြားတယ္​၊ ​ေန​ေရာင္​ျခည္​က ခႏၶာကိုယ္​အျပင္​အဆင္​​ေတြသိပ္​မၿကိဳက္​ဘူး​ေလ၊ အ့ဲဒါနဲ႔ကိုယ္​ စာမွတ္​တဲ့ဟာ​ေလးပဲ လုပ္​လိုက္​တာ၊ ကိုယ္​့အခ်စ္​​ေတြကို တစ္​မွ်င္​ခ်င္​း ရစ္​ထိုး​ေနသလိုမ်ိဳး​ေလးလို႔ထင္​မိတယ္​၊ ဒီအျပာလံုး​ေလးက် turquoiseလို႔​ေခၚတယ္​၊ လူ႔တစ္​မို္​င္​းတစ္​​ေလွ်ာက္​မွာ​ ​ေ႐ွးအက်ဆံုး ​ေက်ာက္​မ်က္​ရတနာ​ေလ။
ကာကြယ္​​ေပးျခင္​း၊သန္​မာျခင္​း၊လွွ်ိဳ႕ဝွက္​နက္​နဲျခင္​း၊ဥာဏ္​ပညာႀကီးမားျခင္​း၊ျမင္​့ျမတ္​ျခင္​း၊ထာဝရ႐ွင္​သန္​ႏိုင္​ျခင္​း၊ခြန္​အားႀကီးမားျခင္​းဆိုတဲ့ အဓိပၸါယ္​႐ွိတယ္​၊"

deanကိုပဲ ​ေငးၾကည္​့​ေနမိသည္​။ ကိုယ္​့အတြက္​ သူဖန္​တီး​ေပးတဲ့အရာတိုင္​းဟာ အဓိပၸါယ္​​ေတြ႐ွိ​ေနတတ္​သည္​။

" ၿပီး​ေတာ့ အဲ့ဟာ​ေဆာင္​ထားရင္​ က်န္​းမာတယ္​ ၊ ကိုယ္​့​ေန​ေရာင္ျခည္​​ေလး က်န္​းက်န္​းမာမာ႐ွိဖို႔က အဓိက​ေလ၊ ​ေနာက္​ထပ္​ တ႐ုတ္​​ေတြယူဆတာကက် ခ်စ္​သူအခ်င္​းခ်င္​းလက္​​ေဆာင္​အ​ေနနဲ႔ ​ေပးရင္​ ဘဝတစ္​​ေလွ်ာက္​လံုး ကာကြယ္​​ေပးပါ့မယ္​ သစၥာ႐ွိ​ေပးပါမယ္​ဆိုတဲ့ အဓိပၸါယ္​႐ွိတယ္​တဲ့၊ ​
ၿပီး​ေတာ့ ေနၾကာပန္​း​ေလးက ကိုယ္​့ကိုကိုယ္​စားျပဳတယ္​၊ ​ေနမင္​းႀကီးက မင္​း​ေပါ့"

"​ေက်းဇူးတင္​ပါတယ္​ dean၊ဒါ​ေပမယ္​့ ငါမင္​းအတြက္​ ဘာမွမပါဘူး၊ ငါ​ေနာက္​​ေန႔က် စီစဥ္​​ေပးမယ္​​ေလ"

"ကိုယ္​လိုအပ္​တာတစ္​ခုတည္​းပါ ဒီကမၻာ​ေပၚမွာ ​ေန​ေစာဆိုတဲ့ ကိုယ္​့​ေန​ေရာင္​ျခည္​အသက္​႐ွိ​သ​ေရြ႕ ​ကိုယ္​ကမင္​း​ေလးအနားမွာ ​ေနရာတစ္​​ေနရာနဲ႔႐ွိခ်င္​တာ"

"႐ွိပါတယ္​၊ မင္​း​ေနရာက ငါ့ႏွလံုးသားထဲမွာ ခ်စ္​တယ္​ dean"

"ကိုယ္​လည္​းခ်စ္​တယ္​"

တစ္​​ေယာက္​မ်က္​ႏွာတစ္​​ေယာက္​ၾကည္​့ကာ ၿပိဳင္​တူျပံဳးမိၾကသည္​။

"ဒါ​ေပမယ္​့ စာမွတ္​ဖို႔ရာက် မင္​း​ေပးတဲ့ပစၥည္​း​ေလးက
ငါနဲ႔အတူ အျမဲမ႐ွိဘူးကြ၊ ဒီလိုလုပ္​လိုက္​မယ္​"

အျပာ​ေရာင္​crochet​ေလးကို လက္​မွာပတ္​ကာ ထိပ္​ကအကြင္​း​ေလးႏွင္​့ အျပာ​ေရာင္​ turquoise​ႀကိဳးကိုခ်ည္​လိုက္​သည္​။ ၿပီး​ေနာက္​ deanမ်က္​ႏွာ​ေ႐ွ႕ကိုလက္​​ေထာင္​ျပလိုက္​သည္​။

"အခုမွငါနဲ႔အတူ႐ွိသြားမွာ"

"​ေန​ေရာင္​ျခည္​ရာ"

ပါ​းမို႔ကို ဖ်စ္​လိုက္​မိသည္​။

"လာပါ ငါတို႔ရဲ႕ပင္​လယ္​ႀကီးကိုၾကည္​့ရ​ေအာင္​"

deanအနားကို ပိုတိုးကပ္​ကာ လက္​ဖဝါးကိုျပန္​ဆုပ္​ကိုင္​လိုက္​ၿပီး ပခံုး​ေပၚ​ေခါင္​းမွီတင္​လိုက္​သည္​။ ကိုယ့္​ေခါင္​းထက္​ကို deanရဲ႕ ပါးျပင္​လာထိ​ေတြ႔တာကို ခံစားရသည္။ ကိုယ္​့ဆံပင္​ၾကားထဲ တ႐ွံု႐ွံုနမ္​း​ေနတာကို ခံစားရသည္​။ ကိုယ္​့မွာ​ေတာ့ ျပံဳးကာ သူ႔အနမ္​း​ေတြကို ခံယူျမဲ။

"ပင္​လယ္​ျပင္​ႀကီးလည္​းလွတယ္​၊ ပန္​းပင္​​ေတြလည္​းလွတယ္​၊ ဒါေပမယ္​့ မင္​းအျပံဳးကပိုလွတယ္​ dean"

"ကိုယ္​့​ေန​ေရာင္​ျခည္​​ေလးရဲ႕အျပံဳးက အလွထိပ္​​ေခါင္​"

"အ႐ူး​ေကာင္​၊ မင္​းအျပံဳးကအလွဆံုး"

"မိုနာလီဇာငို​ေနၿပီ"

"ဟားဟား မင္​းက​ေတာ့"

deanလက္​ကို ပိုလို႔ဆုပ္​​ေထြးလိုက္​​ေတာ့ deanက
လက္​ကိုယူကာ လက္​ဖမိုးကိုနမ္​းသည္​။ deanက ကိုယ္​့ကို ခ်စ္​တတ္​​ေအာင္​သင္​​ေပးခ့ဲသည္​။ ​ေနာင္​တရျခင္​းရဲ႕ဆိုးက်ိဳးကိုျမင္​​ေအာင္​ သင္​​ေပးခ့ဲသည္​။ ခ်စ္​ျခင္​းရဲ႕ၾကည္​ႏူးမႈကို ခံစားရ​ေအာင္​ ကိုယ္​တိုင္​ျပဳ​ေပးခ့ဲသည္​။ အျမဲတမ္​း ကိုယ္​့အျပံဳးသာပထမမို႔ ​ေပ်ာ္​​ေအာင္​အျမဲလုပ္​​ေပးတတ္​သည္​။ ထိုသို႔တြက္​ခ​်က္​ၿပီး​ေသခ်ာသည္​့ဆံုးျဖတ္​ခ်က္​က​ေတာ့ deanကို ခ်စ္​လြန္​းလို႔ ဘယ္​​ေတာ့မွအဆံုး႐ွံုးမခံ​ေတာ့​ေၾကာင္​့ ဤပင္​လယ္​ျပင္​ႀကီးကိုသက္​​ေသတည္​လို႔ ဟစ္​​ေႂကြးလိုက္​ပါသည္​။

..................................................................

ကမ္​းစပ္​မွစ၍ ​​St Michael's​ေတာင္​ထိကို ​ေက်ာက္​တန္​းလမ္​းမႀကီးနဲ႔ဆက္​သြယ္​ထားသည္​။ ထို​ေက်ာက္​တန္​းကို႐ိုက္​ခတ္​​ေနသည္​့ ပင္​လယ္​လိႈင္​း​ေတြရဲ႕အသံက အ႐ွိန္​ပါ​ေပမယ္​့ညင္​သာသည္​။ဦး​ေဖရဲ႕လုပ္​ငန္​းမွာ ပါဝင္​သည္​့​ေနရာမို႔ လုပ္​ငန္​းအ​ေထာက္​အကူျဖစ္​​ေအာင္​ vlogအတြက္​လည္​းအဆင္​​ေျပသည္​မို႔ ဒီ​ေနရာမွာတင္​ ဗီဒီယိုဘယ္​ႏွစ္​ပုဒ္​​ေလာက္​႐ိုက္​ခ့ဲတယ္​မသိပါ။

"​ေမာ္​ဖူးမဝ သြားစို႔"

"အြန္​း"

ကင္​မရာကိုပိတ္​လိုက္​ၿပီး လက္​တစ္​ဖက္​က​ေနကိုင္​ခ့ဲကာ က်န္​လက္​တစ္​ဖက္​က songရဲ႕ ခပ္​​​ေႏြး​ေႏြးလက္​ဖဝါးႀကီးကို ဆုပ္​ကိုင္​လိုက္​သည္​။ ၿပီးရင္​​ေတာ့ ဒီ​ေက်ာက္​လမ္​းအတိုင္​း ပင္​လယ္​ကိုျဖတ္​သြားရသည္​။ လူလုပ္​​ေက်ာက္​​​လမ္​း​ေပၚ လမ္​း​ေလွ်ာက္​ရင္​ ပင္လယ္​ျပင္​ရဲ႕အလွကို ၾကည့္ရတာလည္​း ရင္​သပ္​႐ႈ​ေမာဖြယ္​​ေကာင္​းလြန္​းလွသည္​။

"ငါ့ကိုဒီ​ေနရာအ​ေၾကာင္​း႐ွင္​းျပဦး​ေလ"

"တစ္​ခါ​ေလာက္​ လြတ္​လြတ္​လပ္​လပ္​​ေလး ခရီးသြားပါဦး ​ေမာ္​ဖူးမဝရဲ႕၊ ​ေတာင္​ကို​ေရာက္​ရင္​ အ့ဲမွာသမိုင္​း​ေၾကာင္​းဖတ္​လို႔ရတယ္​၊ လက္​ကမ္​းစာရြက္​​ေလး​ေတြလည္း႐ွိတယ္​၊ အခုဒီလာတာ ကိုယ္​့ခ​်စ္​သူနဲ႔အ​ေပ်ာ္​ခရီးသပ္​သပ္​ဆိုၿပီးထြလာတာ ​ေမာ္​ဖူးမဝရဲ႕"

"ဟုတ္​ပါၿပီ"

songလက္​​ေမာင္​း​ေပၚ ​ေခါင္​းမွီတင္​လိုက္​သည္​။ ခရီးတစ္​ခုသြားတိုင္​း vlogတစ္​ခု​ေတာ့ ႐ိုက္​ရမည္​ဆိုတဲ့အသိ​ေၾကာင္​့ လြတ္​လပ္​သည္​့​ေပ်ာ္​ရြႊင္​မႈမ်ိဳးကို​ေတာ့ အနည္​းငယ္​သာခံစားဖူးသည္​။ အခု songရဲ႕စကားၾကားမွ ဖိအားမပါသည္​့ ခရီးတစ္​ခုရဲ႕အ​ေငြ႔အသက္​ကိုခံစားမိသလို။

"​ေတာင္​ရဲ႕ထိပ္​မွာ ရဲတိုက္​နဲ႔ဘုရား​ေက်ာင္​း႐ွိတယ္​ ​ေမာ္​ဖူးဝ၊ အ့ဲမွာ ျပခန္​းလည္​း႐ွိတယ္​၊ ကိုယ္​တို႔လန္​ဒန္​ကျပတိုက္​​ေတြလို​ေပါ့၊ ​ေခတ္​အဆက္​ဆက္​က အသံုးအ​ေဆာင္​​ေတြကိုျပထားတာ၊ ကိုယ္​တို႔​ေအး​ေဆးမွ အ့ဲတာ​ေတြၾကည္​့တာ​ေပါ့"

"ဟင္​ အ့ဲတာဆိုမင္​းကအ့ဲသြားၿပီးဘာလုပ္​မွာလဲ"

တစ္​ကယ္​တည္​း။ အ့ဲတာ​ေတြမၾကည္​့မွ​ေတာ္​ ဘယ္​ဟာသြားၾကည္​မလဲ။

"ရဲတိုက္​မ​ေရာက္​ခင္​ ပင္​လယ္႐ွဴ ခင္​းကိုၾကည္​့ဖို႔ လုပ္​​ေပးထားတယ္​၊ ​ေတာင္​​ေစာင္​းလို​ေနရာမွာ အ့ဲ​မွာ ႐ႈခင္​းၾကည္​့စို႔"

"ဟုတ္​ပါၿပီ"

တူညီတဲ့​ေျခလွမ္​း​ေတြ တူညီတဲ့အခ်စ္​​ေတြႏွင္​့ မလြတ္​တမ္​းတြဲထားသည္​့ လက္​ႏွစ္​ဖက္​သည္​ ဤအခ်စ္​အတြက္​ သက္​​ေသတစ္​ခုျဖစ္​သည္​။ သူႏွင္​့အတူ​ေလွ်ာက္​ရသည္​့ ဤလမ္​းသည္​ ဆူး​ေမြ႕ရာျဖစ္​လ်င္​​ေတာင္​ နာက်င္​ျခင္​းနိတၳိနင္​း​ေပ်ာ္​သည္​။ ​ပန္​း​ေမြ႔ရာဆိုပါက ႏူးညံ့ျခင္​းအျပည္​့ထက္​ပိုစြာ ပိုႏူးညံံ့မည္​။ ကိုယ္​တို႔ႏွစ္​​ေယာက္​ရဲ႕အခ်စ္​ကို ​ေျမာက္​စားသည္​့အ​ေနျဖင္​့ ပင္​လယ္​​ေရလိႈင္​းမ်ားဟာလည္​း ​ေက်ာက္​တန္​းကိုတိုက္​ခတ္ကာ လက္​ခုတ္​ျသဘာသံ​ေပး​ေနသ​ေယာင္​။ အခ်စ္​ရဲ႕စြမ္​းအားက ဒီ​ေလာက္​ႀကီးသလာလို႔ ​ေမးသည္​့အခါ ရထာက​ေတာ့ ျပံဳးရင္​းသား​ေခါင္​းညိတ္​ျပလိုက္​မည္​။

"ဒီလမ္​းကတက္​ရမယ္​"

​​ေက်ာက္​တန္​းက​ေန​ေလွ်ာက္​လာတာ ​ေတာင္​​ေအာက္​ကို​ေရာက္​လို႔ ေတာင္​​ေပၚကို စတက္​မည္​ျဖစ္​သည္​။ ​ေတာင္​တက္​လမ္​းက ​ေက်ာက္​ခင္​းလည္​းျဖစ္​သည္​။ ​ေတာင္​တက္​လမ္​းမွာတင္​ ​ေလ့လာလို႔ရသည္​့ အရာ​ေတြကို ​ေတြ႔ရသည္​။ ​ေက်ာက္​လမ္​း​ေပၚမွာ တစ္​ခုတည္​း​ေသာ အသံပံု​ေက်ာက္​တံုး the gaint's heartကိုလည္​း ဓာတ္​ပံု႐ိုက္​ရသည္​။

"​ေတာင္​​ေအာက္​တုန္​းမွာတုန္​းက ​ေတာင္​​ေပၚကလန္​ဒန္​အလံတိုင္​ကို ​ေတြ႕ခ့ဲလား"

"အင္​း​ေတြ႔တယ္​"

"အ့ဲရဲ႕​ေတာင္​စြန္​း​ေလးမွာ ၾကည္​့မယ္​၊ ​ေတာင္​စြန္​းဆို​ေပမယ္​့ အႏၱရယ္​မမ်ားဘူး"

"ဟုတ္​ၿပီ ငါမင္​းကိုယံုပါတယ္​"

songက လွည္​့ျပံဳးျပလာသည္​။ အခ်ိန္​အ​ေတာ္​​ေပးစရာမလိုတာမို႔ ျမန္ျမန္​ပင္​ အဂၤလန္​ႏိုင္​ငံအလံခ်ိတ္​ထားသည္​့​ေနရာကို ​ေရာက္​သည္​။ ​ေက်ာက္​လက္​ရန္​းငယ္​က​ေန ပင္​လယ္​ျပင္​ကိုၾကည္​့လို႔ရတဲ့​ေနရာလည္​း႐ွိၿပီး အ့ဲ​​ေဘးက ​ေတာင္​​ေစာင္​းမွာလည္​း ထိုင္​ၾကည္​့လို႔ရသည္​။ ကိုယ္​တို႔က​ေတာ့ ​ေတာင္​​ေစာင္​းဆီသြားပါသည္​။

"သတိထား​ေနာ္​ ​ေမာ္​ဖူးမဝ"

"အင္​း"

အစြန္​းနားထိ​ေတာ့မသြားပါ။ အလယ္​​ေလာက္​မွာ​ေတာ့ သြားတာရပ္​လိုက္​ကာ ႏွစ္​​ေယာက္​အတူထိုင္​လိုက္သည္​။

"လန္​းဆန္​းသြားတာပဲ"

ရထာက ​ေလ​ေကာင္​း​ေလသန္​႔ကို တဝႀကီး႐ွဴ ႐ိႈက္​ရင္​း​ေျပာသည္​။

"လွတယ္​မလား ​ေမာ္​ဖူးမဝ"

"အင္​း လွတယ္​"

​ရထာက ပင္​လယ္​ျပင္​ႀကီးကိုပဲ ​ေငးစိုက္​ၾကည္​့​ေနသည္​။ ​ရထာ့မ်က္​ႏွာကို ​ေလက​ေလးတစ္​ခ်က္​တိုးသြားသည္​့အခါ လြင္​့လႊားကစားသြားသည္​့ ဆံႏြယ္​​ေလး​ေတြက အလွပဆံုးဂုဏ္​​ေဆာင္​သည္​။ ၾကည္​​ေတာက္​​ေတာက္​မ်က္​ဝန္​း​ေလး​ေတြက ဘယ္​​ေသာအခါမွ လက္​မလြတ္​ခ်င္​စတမ္​း ဆြဲ​ေဆာင္​ထားႏိုင္​သည္​။ ထိုမွမဟုတ္​ ​ေမာ္​ဖူးမဝရဲ႕အစိတ္​အပိုင္​းတစ္​ခုစီတိုင္​းက ကိုယ္​့ကို ပိုတိုးခ်စ္​​ေအာင္​ ျပဳႏုိင္​လြန္​းသည္​။

"လက္​က​ေလး​ေပးပါဦး ကိုယ္​့​ေမာ္​ဖူးမဝ"

​ေပါင္​​ေပၚတင္​ထားသည္​့ ရထာ့လက္​က​ေလးကို ဆြဲယူ​ေတာ့ ရထာကလွည္​့ၾကည္​့လာသည္​။

"ဘာလုပ္​တာလဲ အ့ဲဒါက"

ဝတ္​ထားသည္​့ ဝါးလက္​​ေကာက္​ကို songက ခြၽတ္​​ေနသည္​မို႔ ရထာ​ေမးလိုက္​သည္​။

"အခုဒီ​ေနရာမွာ အျမဲတမ္​းအစားထိုးလို႔ရမယ္​့ ကိုယ္​တို႔ႏွစ္​​ေယာက္​ရဲ႕အခ်စ္​သက္​​ေသပစၥည္​း​ေလးဝတ္​​ေပး​မယ္​"

​ေျပာၿပီး ကုတ္​အက်ႌထဲက charmဟန္​းခ်ိန္​း​ေလးကို ထုတ္​ၿပီး ရထာ့လက္​မွာပတ္​​ေပးလိုက္​သည္​။

"charmရဲ႕အဓိပၸါယ္​က ကံ​ေကာင္​းျခင္​းတဲ့။ ကိုယ္​့​ေမာ္​ဖူးမဝရဲ႕ ျမန္​မာအလံဆို ကိုယ္​့ရဲ႕အဂၤလန္​အလံ၊ မန္​း​ေလးရဲ႕အထင္​ကရစက္​ဘီး​ေလးဆို ကိုယ္​တို႔ရဲ႕အထင္​ကရကႏွစ္​ထပ္​ကား၊ ၿပီး​ေတာ့ လန္​ဒန္​ဆိုတာနဲ႔လန္​ဒန္​မ်က္​လံုးကို​ေျပးျမင္​သလို မန္​း​ေလးဆိုတာနဲ႔​ေျပးျမင္​တဲ့ က်ံဳးၿမိဳ႕႐ိုး၊ ၿပီး​ေတာ့လန္​ဒန္​နာရီစင္​ရယ္​ ေစ်းခ်ိဳနာရီစင္​၊ အသဲႏွလံုးထဲက ဧရာဝတီတံတားနဲ႔ ကိုယ္​့ရဲ႕ tower bridge၊ charmကို ကိုယ္​ကိုယ္​တိုင္​လုပ္​တာမဟုတ္​​ေပမယ္​့ ဒီဇိုင္​းကကိုယ္​ကိုယ္​တိုင္​ဆြဲတာပါ၊ မင္​းအတြက္​ ကိုယ္​့လက္​​ေဆာင္​"

charmတစ္​ခုခ်င္​းစီကို ရထာ လက္​ညိဳးႏွင္​့ ထိ​ေတြ႔မိသည္​။ ကိုယ္​့​ေျမကအထင္​ကရႏွင္​့ သူ႔​ေျမက အထင္​ကရကို ​ေပါင္​းစည္​းထားကာ တစ္​​ေျမ​ေထာင္​လိုက္​ခ်င္​း။
က်ခ်င္​သည္​့မ်က္​ရည္​​ေတြကိုထိန္​းကာ....

"မင္​းအတြက္​​ေကာ ငါဝတ္​​ေပးမယ္​​ေလ"

"ဟုတ္​သား ​ေရာ့ ​ေမာ္​ဖူးမဝ"

သူ႔အိတ္ကပ္​ထဲက ​ေနာက္​ထပ္​charmဟန္​းခ်ိန္​းကို ထုတ္​​ေပးလာသည္​။ ထိုဟန္​းခ်ိန္​းအား လက္​လြဲယူလိုက္​ၿပီး songရဲ႕လက္​​ေကာက္​ဝတ္က ဝါးလက္​​ေကာက္​ကိုခြၽတ္​ၿပီး ထိုcharmကိုဝတ္​​ေပးလိုက္​သည္​။

"မငိုနဲ႔​ေလ ကိုယ္​့​ေမာ္​ဖူးမဝကလည္​း"

ပါးျပင္​​ေပၚက မ်က္​ရည္​​ေတြကို အသာသုတ္​​ေပးမိသည္​။

"​ေပ်ာ္​လို႔ပါ၊ လက္​​ေဆာင္​​ေပးလို႔ငိုတာမဟုတ္​ဘဲ ဒီလက္​​ေဆာင္​မွာ ငါျမတ္​ႏိုးတဲ့အရာ​ေတြ၊ မင္​းျမတ္​ႏိုးတဲ့အရာ​ေတြပါလို႔ပါ"

"ကိုယ္​အ​ေတာ္​စဥ္​းစားလိုက္​ရတယ္​ ကိုယ္​့​ေမာ္​ဖူးမဝႀကိဳက္​တာ​ေလးရဖို႔"

"​ေက်း​ဇူးတင္​ပါတယ္​ song၊ စခ်စ္​ကတည္​းက ငါ့ကိုလက္​မ​ေလ်ာ့လို႔"

"ကိုယ္​့​ေမာ္​ဖူးမဝကို စခ်စ္​ကတည္​းက လက္​​ေလ်ာ့ဖို႔အ​ေတြးလံုးဝမ႐ွိခ့ဲဘူး၊ ကိုယ္​တို႔ဟာ ​ေရျခားတယ္​ ​ေျမျခားတယ္​ ၊ ဒါ​ေပမယ္​့ လက္​မ​ေလ်ာ့ဘူးဆိုတဲ့စိတ္​ဓာတ္​ကပဲ ကိုယ္​တို႔ရဲ႕အခ်စ္​ကို ​ေထာက္​တိုင္​ျပဳ​ေပးခ့ဲတာ၊ ကိုယ္​့​ေမာ္​ဖူးမဝရဲ႕​ေျမက ​ေအရာဝတီ ကိုယ္​့​ေျမက သိမ္​းကိုသက္​​ေသတည္​လို႔ ကိုယ္​တို႔အခ်စ္​ျမစ္​​ေလး တည္​တံ့ပါ​ေစလို႔ ​ဆု​ေတာင္​းမိတယ္​"

"ဆု​ေတာင္​းစရာမလိုပါဘူး၊ မင္​းရဲ႕​ေမာ္​ဖူးမဝကလည္​း မင္​း​ေမာ္​ဖူးလို႔ဝတဲ့အထိ မင္​း​ေဘးမွာ႐ွိ​ေပးမွာပါ"

"ဒါဆို ကိုယ္​့ႏွလံုးသားပလႅင္​မွာပဲ ​ေနရာ​ေတာ့မယ္​ ကိုယ္​့​ေမာ္​ဖူးမဝ​ေလးက"

နဖူးခ်င္​းထိကာ ျပံဳးမိၾကသည္​။ ထာဝရထက္​ပိုတဲ့ပမာဏကို လက္​ညိဳးထိုးျပဟုဆိုလ်င္​ ကိုယ္​တို႔ရဲ႕အခ်စ္​ကိုလက္​ညိဳးထိုးမည္​။ အျမဲတမ္​းကို အရာအားလံုးက္​ု အႏိုင္​ယူမည္​့အရာက ကိုယ္​တို႔ရဲ႕အခ်စ္​။ ​ခြဲခြာရ​ေသာ​ေသျခင္​းတရားကိုလက္​ခံရမယ္​ဆိုလ်င္​​ေတာင္​ သူ႔လက္​က​ေလးကို ဆုပ္​ကိုင္​ရင္​း ​ေသျခင္​းတရားကိုအႏိုင္​ယူမယ္​့ ကိုယ္​့ခ်စ္​ျခင္​း။ ခ်စ္​ျခင္​းတို႔သည္​သာ အဓြန္႔႐ွည္​​ေသာအရာျဖစ္​ပါ၏။

"ခ​်စ္​တယ္​ song"

"ခ်စ္​တယ္​ ​ေမာ္​ဖူးမဝ"

မ်က္လံုးကိုစံုမွိတ္​လို႔ ခ​်စ္​ျခင္​းသက္​​ေသအနမ္​းတို႔အား ပင္​လယ္​ျပင္​ႏွင္​့အၿပိဳင္​ လွပစြာ​ျဖစ္​ထြန္​း​ေစမိသည္​။ songရဲ့ ႏႈတ္​ခမ္​းလႊာ၏ႏူးညံ့မႈကို ခံစားရသည္​။ ပါးျပင္​ကိုအုပ္​ကိုင္​ထားသည္​့ songရဲ႕ လက္​ဖဝါးမွ ​ေႏြး​ေထြးမႈကို ခံစားရသည္​။ songရဲ႕ လက္​​ေကာက္​ဝတ္​က charm​ေလး​ေတြရဲ႕ ပါးျပင္​ကို လာ႐ိုက္​ခတ္​မႈအား ခံစားရသည္​။ ပို၍ ခံစားခ​်က္​ျပင္​း​ေစတာက songရဲ႕ စုပ္​​ေထြး​ေနသည္​့ ႏႈတ္​ခမ္​းလႊာမ်ား။ အလွအပ​ေတြထက္​ ပို၍ခံစားခ်င္​​ေသာအရာမ​​်ားက songရဲ႕အနမ္​းမ​်ားသာ။ လွပ​ေသာ ပင္​လယ္​ျပင္​ႀကီးကို​ေမ့၍ songရဲ႕အနမ္​းမ်ား၌သာ ​ေပ်ာ္​ဝင္​မိသည္​။

"ခ်စ္​တယ္​ ​ေမာ္​ဖူးမဝ"

အနမ္​းကိုရပ္​တန္႔လိုက္​ၿပီး ​ေျပာလာသည္​့ songရဲ႕စကားကိုအ​ေျဖမ​ေပးဘဲ ပင္​လယ္​ျပင္​ကို မ်က္​ႏွာျပန္​မူကာ ​songပခံုး​ေပၚ​ေခါင္​းမွီတင္​လိုက္​သည္​။ ကိုယ္​တို႔ခ်စ္​ျခင္​း​ေၾကာင္​့ ပင္​လယ္​ျပင္​ႀကီး​ေတာင္​႐ွက္​​ေန​ေပ​ေတာ့မည္​။

"ငါလည္​းခ​်စ္​ပါတယ္​"

ထို႔​ေနာက္​ songရဲ႕လက္​ကိုဆုပ္​ကိုင္​ကာ ​ ပင္​လယ္​ျပင္​ႀကီးကို ​ေနာက္​ခံထား၍ ​ဆုပ္​ကိုင္​ထားသည္​့လက္​ႏွစ္​ဖက္​ကို ေထာင္​ၾကည္​့​ေတာ့ လွပသည္​့charm​ေလး​ေတြက ​ေလ​ျပည္​​ေအာက္​မွာ လႈပ္​ကစား​ေနသည္​။ ထိုcharm​ေလး​ေတြကိုသာ ၾကည္​့​ေနၿပီး ႏွစ္​​ေယာက္​လံုးစကားမဆိုျဖစ္​​ေတာ့ဘဲ ခ်စ္​ျခင္​းအ​​ေငြ႔အသက္​တို႔အား ခံစားမိပါ၏။ အရာအားလံုးသည္​ လက္​မ​ေလ်ာ့ျခင္​းဆိုတဲ့ဆံုးျဖတ္​ခ်က္​​ေၾကာင္​့ ျဖစ္​တည္​လာသည္​မို႔ ဤခ်စ္​ျခင္​း၌ ခြဲခြာျခင္​းမည္​​ေသာအ​ေၾကာင္​းတရား မ႐ွိႏိုင္​​ေတာ့ပါ​ေလ။
​ေနာင္​အနာဂတ္​မ်ားတြင္​ တစ္​​ေယာက္​ရဲ႕လိုအင္​ဆႏၵ​ေတြကိုတစ္​​ေယာက္​ျဖည္​့ဆည္​့​ေပးျခင္​းျဖင္​့ ရက္​စြဲတိုင္​းကို ​ေက်ာ္​ျဖတ္​မည္​။ songလုပ္​ခ်င္​တဲ့ tomorrowlandမွာ အလံလြင္​့ျခင္​း၊ ​ေမၿမိဳ႕ကတိမ္​ပင္​လယ္​စခန္​းမွာ တလြင္​့တ​ေျမာတိမ္​​ေတြကိုၾကည္​့ျခင္​း၊ ​ေနာက္​ သူ႔လက္​ကို တြဲလို႔ ကမၻာပတ္​ျခင္​းစသည္​့ ​ေမွ်ာ္​လင္​့ျခင္​း​ေတြ၊အတူ႐ွိျခင္​းနဲ႔ပဲ ​ေန႔ရက္​တိုင္​းကို​ေက်ာ္​ျဖတ္​မည္​။
ျပာလဲ့လဲ့ ​ေကာင္​းကင္​ျပာ​ေအာက္​ ျပာ​ေတာက္​​ေတာက္​ ပင္​လယ္​ထက္​ဝယ္​ ခ်စ္​ျခင္​းတစ္​ခုက လွပစြာထည္​ဝါ​ေနပါ​ေတာ့သည္​။

ထိုအခ်စ္​သည္​ တည္​တံ့​ေစသား.......။

'​ေရ​ေျမျခား၍ ခ်စ္​မိ​ေသာ္​လည္​း
ကိုယ္​​တို႔​ေတြ တစ္​​ေယာက္​ကိုတစ္​​ေယာက္​
လက္​​ေလ်ာ့ခဲ့ျခင္​းမ႐ွိပါ
မင္​း​ေျမမွာ ဧရာဝတီ
ကိုယ္​့​ေျမမွာ သိမ္​း
မပ်က္​​ေသာ ျမစ္​ႏွစ္​သြယ္​ကို
ကိုယ္​စားျပဳလို႔
ကိုယ္​တို႔ရဲ႕အခ်စ္​ျမစ္​သည္​
ထာဝရ တည္​တံ့ပါ​ေစ'

.............................ၿပီးပါျပ​ီ..........................
St Michael's Mount

Minack theatre


penzance မဟုတ်ဘူး။ အလှဆုံးနိဗ္ဗာန်ဘုံလေးဖြစ်မည်။ ကားပေါ်ကနေ ရှု့ရသည့်ရှုခင်းတွေက အံ့မခမ်းလိလိ သြချရလောက်အောင် ကြည်နူးအံ့သြဖို့ကောင်းလှသည်။
တောင်လမ်းမှဖြတ်သန်းသွားရသည့်အခါ ဘေးဆီကပင်လယ်ပြင်ကြီးကို ငေးမောရသည့်အရသာက ဘယ်လိုထူးကဲလိုလေသလဲ ပြောပြလို့တောင်မရပါ။လှပသည့်ရှုခင်းတို့ရဲ့မာယာကို မခံနိုင်သည့်အခါတော့ ကားမှန်ကိုချလိုက်ကာ ခေါင်းထွက်လိုက်သည်။

"ရထာ အန္တရာယ်ရှိတယ်လေ"

songရဲ့ ဟန့်တားသံကြောင့် ရှေ့မောင်းမှာကားမောင်းနေသည့် deanနှင့်စာဖတ်နေသည့် နေစောကပါလှည့်ကြည့်လာသည်။ ရထာ့အား ပခုံးကနေပြန်ဆွဲတော့ ကြွနေသည့်ရထာ့ဖင်က မွေ့ရာနှင့် ပြန်ထိသွားသည်။ အမည်မတပ်နိုင်သည့် ခံစားချက်တွေပွင့်ထွက်နေချိန်မို့ လာအနှောင့်အယှက်ပေးတဲ့ songကို တုံ့ပြန်သည့်အနေဖြင့် လက်မောင်းကို လက်သီးဖြင့်နာနာထိုးပေးလိုက်သည်။

"အာ့ ရထာ"

"ဘာဖြစ်တာတုန်း၊ ဘယ်ကားမှမလာလို့ ခေါင်းထွက်တာ"

"မရဘူး၊ အန္တရာယ်ရှိတယ်၊ ခေါင်းမထွက်နဲ့"

"မင်းကလေ၊ မထွက်ဘူး မထွက်ဘူး၊ ငါ့ကိုလာမနှောင့်ယှက်နဲ့ ခရီးသွားတဲ့အရသာကိုခံစားနေပါတယ်ဆို"

ပြောပြီး ကားပြတင်းအနားကို ပြန်ကပ်သွားတော့ ပြတင်းကို ပျော်မြူ းစွာတိုးလာသည့် လေအေးတွေက မျက်နှာကိုလာရိုက်ခတ်သည်။ မျက်လုံးစုံမှိတ်ကာ ထိုအအေးဓာတ်ကိုခံယူမိပါသည်။

"ကိုယ်မင်းကိုဖက်ထားမယ်"

ရထာ့နောက်ကျောဘက်မှာနေရာယူလိုက်ပြီး ခါးက်ိုပွေ့ဖက်ကာ ရင်ခွင်ထဲ၌ထွေးပိုက်ထားမိသည်။

"ရောက်တော့မှာလား song"

"အင်း နောက်ဆယ်မိနစ်ဆိုရောက်ပြီ"

"ဟုတ်ပြီ"

songရဲ့အိမ်ကို ရောက်တော့မည်။ မေးနေကျတဲ့အတိုင်း မင်းအဖေဝယ်ပေးခ့ဲတဲ့အိမ်လားမေးတော့ သူ့အဖွားပိုင်တဲ့အိမ်လို့ပြောသည်။ အိမ်က ဘယ်လိုပုံစံအနေအထားရှိမလဲတွေးမိတဲ့အတွေးနောက် လှမှာပါဆိုတဲ့သေချာမှုက ကပ်ပါလာခ့ဲသည်။ အလှဆုံးဒေသမှာ အလှပဆုံးအရာတွေပဲ ခိုမှီးနေမှာပါပင်။
songပြောတဲ့အတိုင်း ဆယ်မိနစ်နေတော့ ခြံမရှိသောနှစ်ထပ်အိမ်ဖြူ လေးရှေ့ကိုရောက်လေပြီ။ နေရောင်ခြည်လည်း လုံးလုံးပျောက်ခ့ဲသည်။ အိမ်အရှေ့မှာတော့ သစ်ပင်ပန်းပင်လေးတွေရှိသည်။ ပန်းပင်လေးတွေတော့ ဘေးအိမ်ကအိမ်နီးချင်းတွေက စောင့်ရှောက်ထိန်းသိမ်းထားပေးပုံ။

"မလာတာကြာတော့ အိမ်ကဖုန်တွေရှိမယ်ထင်တယ်"

"အင်း ကြာဆို၊ ကိုယ်မြန်မာမလာခင်က တစ်ခေါက်လာခ့ဲသေးတယ်၊ ဒါပေမယ့်ခဏရှင်းရုံရယ်ပါ၊ ကိုယ်တို့ကပိတ်စအဖြူ တွေအုပ်ထားတယ်လေ"

"ဪ"

ကားပေါ်မှ အားလုံးဆင်းလာခ့ဲသည်။ မြေပြင်ပေါ်ခြေချမိလိုက်တာနဲ့ တက်ကြွလန်းဆန်းခြင်းတွေက ခန္ဓာကိုယ်ရဲ့သွေးကြောများထဲသို့ စီးဆင်းသွားသလိုတောင်ထင်ရသည်။ songက အိမ်တံခါးဖွင့်နေတုန်း ကားပေါ်ကအထုတ်တွေကို သုံးယောက်သားသယ်ရပြန်သည်။

"ဝင်လို့ရပြီ"

ရထာ့လက်ထဲကအထုတ်တစ်ထုတ်ကို လက်လွဲယူပြီး အိမ်ထဲကိုဝင်လာခ့ဲသည်။ ဖုန်နံံ့လေးအနမ်းငယ်ရတာကလွဲလျင်တော့ ကျန်တာအဆိုးအဝါးမရှိပါ။

"အခန်းထဲပဲရှင်းစို့ ကိုယ်တို့ကလျှောက်လည်မှာဆိုတော့ အခန်းအပြင် အခြားနေရာကတော့ မလိုဘူးရယ်"

"ထမင်းစားဖို့ရော"

"ဝယ်စားမယ်လေ"

"အေးပါကွာ"

"ဒါဆို deanနဲ့နေစောကောင်းကောင်းအနားယူ"

"အေး မင်းတို့ကောပဲ"

အောက်ထပ်မှာပဲ အခန်းနှစ်ခန်းရှိတာမလို့ အပေါ်ထပ်မှာ မနေပါ။ အခန်းထဲကို ဝင်ခ့ဲပြီးနောက် အသုံးအဆောင်ပစ္စည်းတွေကို အုပ်ထားတဲ့ပိတ်စအဖြူ တွေကို songနဲ့အတူဖယ်ရသည်။ ထိုပိတ်စတွေကို songက ခေါက်နေသည့်အချိန်မှာ ကိုယ်ကတော့ ဖုန်စုတ်စက်နဲ့ဖုန်ရှင်းနေရသည်။

"ရေနွေးလေးချိုးပြီးရင် အိပ်လို့ကောင်းမှာ"

အိပ်ရေးမက်သည့်ရထာ့စကားကြောင့် ပိတ်စခေါက်နေရင်းမှ song ပြုံးမိသည်။ ခေါက်ပြီးပြီးချင်း ရထာ့ဆီသွားကာ နောက်ကနေသိမ်းကြုံးဖက်လိုက်သည်။

"အလုပ်လုပ်နေတယ်လေ"

"ကူလုပ်ပေးမယ်"

ရထာ့အနားက မခွာရဖို့အရေးကိုသာ အဓိကထားတာမို့ ဖုန်စုတ်စက်ရဲ့လက်ကိုင်ကိုကိုင်ထားသည့် ရထာ့ရဲ့လက်ဖမိုးကို အုပ်ကိုင်လိုက်မိပြီး သူလေးပါးပြင်ထက်၌ အနမ်းတစ်ပွင့်ကြွေစေသည်။

"ကူမှာဆို၊ အ့ဲဒါဆိုမနမ်းနဲ့လေ"

"နှစ်ခုလုံးလုပ်မှာ"

"အရူးကောင်"

ုပြုံးသွားတဲ့ရထာ့နှုတ်ခမ်းကြောင့် ပါးမို့လေးက ဖောင်းလာသည့်အခါ ထိုပါးမို့လေးကို မလွတ်တမ်းနမ်းရှိုက်လိုက်မိသည်။ ရထာကတော့ ပြုံးရင်းငြိမ်ခံသည်။ ရထာသွားရာနောက်ကိုပဲ ပါးပြင်ကိုတဖွဖွနမ်းရင်း လိုက်သွားသည့်အခါ အခန်းတစ်ခုလုံး ဖုန်ပြောင်သွားတာပင်သတိမရတော့ပါလေ။

..............................................................

ပိတ်စဖြူ တွေကိုခေါက်နေသည့် နေရောင်ခြည်လေးကို အိပ်ရာခင်းနေရင်းမှ ငေးကြည့်နေမိသည်။ ဒီလိုအနေအထားက လက်ထပ်ပြီးခါစချစ်ငှက်နှစ်ဦးတို့ ဟန်းနီးမွန်းထွက်သလိုပင်။ နှစ်ကိုယ်နှစ်ဦးတည်းသာရှိပြီး အချစ်တွေကိုဖော်ထုတ်ပြတဲ့နေ့မျိုးဖြစ်သည်။

"အ့ဲလောက်မငေးနဲ့ အလုပ် လုပ်"

ရယ်သံနှောသည့် နေရောင်ခြည်လေးစကားကြောင့် ဆက်ငေးနေရင်းမှ ရယ်လိုက်မိသည်။

"ငေးမှာပဲ ကိုယ့်နေရောင်ခြည်ကို၊ "

"ငေး ငေး"

"ကိုယ့်နေရောင်ခြည် မနက်ဖြန်ကိုယ်တို့က သပ်သပ်သွားမှာနော်၊ songတို့နဲ့မလိုက်ဘူး"

"ဟုတ်လား၊ ဘယ်သွားမှာလဲ"

"the minack theatreကိုသွားမယ်"

"ဟုတ်ပြီ၊ လှလားအ့ဲနေရာက"

ခေါက်ပြီးသည့်ပိတ်စတွေကိုသယ်ပြီး deanနောက်က စားပွဲဆီကို ဦးတည်လိုက်သွားပြီး ထိုစားပွဲပေါ်မှာ ပိတ်စတွေတင်လိုက်သည်။ deanကတော့ ကိုယ်သွားရာလမ်းကြောင်းကို သူ့ခန္ဓာကိုယ်ကိုရွေ့ပြီး မလွတ်တမ်းကြည့်သည်။

"လှတာပေါ့ အ့ဲကနေပင်လယ်ပြင်ကိုမြင်ရတယ်"

"ဪ "

ခုတင်ပေါ်က ရေဝတ်လဲအကျႌကိုယူပြီး deanအနားကို ပြန်လျှောက်လာခ့ဲသည်။

"ပင်လယ်ကြီးကိုတကူးတကသွားကြည့်ဖို့မလိုပါဘူး၊ ဘာလို့ဆို ငါ့မျက်စိရှေ့မှာတင် ငါ့ကိုချစ်တဲ့အချစ်တွေနဲ့ ပင်လယ်တည်ထားတဲ့ မင်းရှိတယ်လေ"

ပြောပြီးချင်း deanပါးကို အမြန်နမ်းကာ ရေချိုးခန်းဆီ်ပြေးသွားလိုက်ပြီး တံခါးကိုဝုန်းခနဲပိတ်လိုက်သည်။ ခဏလောက်တော့ deanမှာကြောင်သွားပေမယ့် ကြည်နူးကျေနပ်မှုတို့စတင်ခံစားလာသည့်အခါ ပိတ်သွားသည့်ရေချိုးခန်းတံခါးရှေ့ကို ဖြည်းဖြည်းချင်းလျှောက်သွားမိသည်။ ထိုအခန်းထဲမှာတော့ ရှက်ပြုံးပြုံးနေတဲ့ နေရောင်ခြည်လေးကို တွေ့ရမှာဖြစ်သည်။ တွေ့ချင်လိုက်တာ။

"ထွက်လာရင် နမ်းပစ်မှာနော်"

ရေချိုးခန်းထဲကနေ ကြားရလောက်တဲ့အထိ ကျယ်ကျယ်ပြောပီးနောက် ခုတင်ပေါ်မှာထိုင်ကာ ပုန်းနေသည့်ယုန်ငယ်လေး ထွက်လာသည့်အချိန်ထိ ပြုံးစိစိမျက်နှာထားဖြင့်စောင့်နေလိုက်သည်။ ထွက်လာပါက မလွတ်တမ်းနမ်းပစ်မည်။
အတန်ကြာပြီးနောက်တော့ တံခါးနောက်ကနေ ခေါင်းကလေးပြူ ထွက်လာသည်။ ခုတင်ပေါ်ထိုင်နေသည့် ကိုယ့်ကိုတွေ့တော့ နေရောင်ခြည်က ချွဲသလိုဟန်လေးနှင့် ရယ်ပြလာသည်။

"ငါက ခုနက စလိုက်တာပါ ဟဲဟဲ"

ရေသုတ်လျက် ထွက်လာခဲ့သည်။

"ဘာဖြစ်ဖြစ် ပြန်နမ်းမယ်ကွာ"

အပြေးသွားကာ နေရောင်ခြည်လေးအား ရေချိုးခန်းတံခါးမှာ ကျောကပ်စေပြီး ပါးပြင်လေး နှုတ်ခမ်းနုလေးကို ထပ်ခါထပ်ခါနမ်းနေမိသည်။ နေရောင်ခြည်လေးမှာ လူကြီးတစ်ယောက်လက်ထဲကို ရောက်သွားသည့် ချစ်စရာကလေးငယ်လေးတစ်ယောက်လို ဘာမှမတတ်နိုင်ဘဲ ငြိမ်ခံနေရရှာသည်။

"တော်ပြီလေ ငါနမ်းတာတစ်ချက်တည်းရယ်"

"မရဘူး နမ်းဦးမှာ"

မျက်နှာလေးကိုပွေ့ကာ နှုတ်ခမ်းကိုပဲ ထိလိုက်ခွာလိုက်နမ်းတော့ နေရောင်ခြည်လေးက ပြုံးကာပြန်တုံ့ပြန်သည်။

"ချစ်တယ် ကိုယ့်နေရောင်ခြည်"

ဆက်မနမ်းသေးဘဲ အချစ်ရေးဆိုလေတော့ နေရောင်ခြည်လေးက ကိုယ့်မျက်နှာကိုအသာဆွဲယူကာ နှုတ်ခမ်းထက်ကို အချစ်သက်သေအနမ်းခြွေပြန်သည်။ ချစ်တယ်လို့ စကားဖြင့်အဖြေပြန်မပေးဘဲ အနမ်းဖြင့်သက်သေပြလိုက်ခြင်းမည်၏။ဒီတစ်ခါတော့ ခုနကလို ကလေးဆန်ဆန်အနမ်းမဟုတ်တော့ပါ။ မျက်လုံးစုံမှိတ်ရင်းသာ ချစ်ရသူ အနမ်းကြွေပန်းလေးကို ခံစားမိပါတော့သည်။

...................................................................

ကားပေါ်ကဆင်းဆင်းချင်း ပင်လယ်ကို အကြိမ်စက္ကန့်များစွာဖြတ်သန်းလာသည့် ပင်လယ်လေအေးက တစ်ကိုယ်လုံးကိုလာထိကာ ခရီးကြိုနှုတ်ဆက်သည်။ ကားပါကင်ကနေကို လှပတဲ့ပင်လယ်ပြာကြီးကို မြင်နေရပါလျှင် theatreမှာဆို ဘယ်လောက်တောင်လှလိုက်မလဲ။ တွေးကြည့်ရုံနှင့် ရင်ခုံဖွယ်ကောင်းလှသည်။

"လာ နေရောင်ခြည်လေး၊ minack theatreက ဒီဘက်မှာ"

"အင်း လာပြီ"

ကားတစ်ဖက်က deanဆီပြေးသွားပြီး သူ့လက်ဖဝါးကိုဆုပ်ကိုင်လိုက်မိသည်။ deanနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့်အချက်က deanအနားမှာရှိနေရလို့ သူ့လက်ကလေးဆုပ်ကိုင်ထားရင် လုံခြုံသည့်ခံစားမှုနှင့် နွေးထွေးသည့်ခံစားမှုလေးကို ခံစားရသည်။ အထီးကျန်ခြင်းဆိုတဲ့ရန်သူကတော့ deanဆိုတဲ့ဒိုင်းကာကို မကျော်ဖြတ်လာနိုင်ရဲသေးပါ။

"သွားစို့ ကိုယ့်နေရောင်ခြည်"

"အင်း"

theatreထဲကို ဝင်လာခ့ဲကြသည်။ ပင်လယ်ပြင်ကိုကြည့်ဖို့အတွက် ထိုင်ဖို့နေရာကိုရောက်ဖို့တော့ အုတ်လှေကားအတိုင်းလေးဆင်းသွားရသည်။ ထိုအုတ်လှေကားကနေကို ပင်လယ်ပြာကြီးကို မြင်ရလေပြီ။ အဆင်းလှေကားတွေကလည်းအများကြီးရှိသည်။

"လှလိုက်တာ၊ ခရီးသွားလို့ ခံစားရတဲ့ခံစားချက်က ဒါမျိုးနေမှာ"

"ကြိုက်လား"

"အင်း ကြိုက်တယ်၊ပန်းပင်လေးတွေစိုက်ထားတာပိုသဘောကျတယ်"

နောက်ဆုံးတော့ လှေကားအထစ်ထစ်ပုံစံလေးတွေဖြင့် ထိုင်ဖို့လုပ်ပေးထားသည့် ဇာတ်ရုံကိုရောက်လေပြီ။ လှေကားတစ်ထစ်ဆီတိုင်းမှာ အပင်ငယ်လေးတွေစိုက်ပြီး အလှဆင်ထားသည်။ ဒီဇာတ်ရုံရဲ့ပုံစံက အောက်ဆုံးကျောက်ကြမ်းပြင်မှာကပြပေးမယ့်သူတွေဖြစ်ပြီး လာကြည့်သူတွေထိုင်ရမည့် လှေကားထစ်လိုမျိုးထိုင်စရာနေရာက တစ်ဖြည်းဖြည်း မြင့်တက်သွားသည်။ အဲ့တာကြောင့်မို့ ဇာတ်ရုံထဲကိုဝင်လာသည့်သူတိုင်းက လှေကားတွေကနေ အောက်ကိုဆင်းလာကြရတာဖြစ်သည်။

"အပေါ်ကနေပဲကြည့်မလား"

ထိုင်ဖို့လုပ်ပေးထားသည့် လှေကားထစ်ပုံစံနေရာလေးတော့မရောက်သေး။ သို့ပေမယ့် အခုရပ်နေသည့်အမြင့်က လှေကားထစ်ကနေပင် ပင်လယ်ပြင်ကြီးကိုမြင်နေရပြီ။

ိ"ဟို ထိုင်ဖို့လုပ်ပေးထားတဲ့ လှေကားထစ်ပုံစံလေးထိသွားကြည့်မယ်လေ မြက်ခင်းလေးတွေနဲ့"

လှေကားထစ်ပုံစံကျောက်တန်းကိုမှ မြက်ခင်းတွေပါသည့်နေရာကို လက်ညိုးထိုးပြလိုက်သည်။ အခြားခရီးသွားတွေလည်း အတော်စုံလာလေပြီ။ သို့ပေမယ့် ပွက်လောရိုက်ဆူညံခြင်းတော့ မရှိပါ။ အတော်စည်းကမ်းရှိသည်။

"ဟုတ်ပြီ သွားစို့ကိုယ့်နေရောင်ခြည်"

ထိုလှေကားထစ်ဆီီသို့ လှေကားကနေပဲဆင်းလာခ့ဲသည်။
အနားရောက်မှ လှေကားထစ်ပုံစံကျောက်တန်းမှာ မြက်ပင်လေးတွေစိုက်ထားပုံက အတော်လေးလှပသည်။ ထိုပေါ်မှာဝင်ထိုင်လိုက်ကာမြင်နေရသည့် ပင်လယ်ပြာကြီးကို တမေ့တမောငေးလိုက်မိသည်။

"လှလိုက်တာ၊ ငါခရီးသွားဝါသနာမပါတာနာတယ် deanရာ"

ငယ်ငယ်ကတည်းက စာမှစာဖြစ်အောင် သိမ်းသွင်းခ့ဲဆော့ မိဘနှစ်ပါးလက်အောက်က သားတစ်ယောက်သည် တက္ကသိုလ်ပြီးတာတောင် မန္တလေးမြို့အနှံံ့မရောက်ဖူးခ့ဲပါ။ ထိုသို့ချုပ်ချယ်ရုံမှအပ မိမိရဲ့လိင်တူစိတ်ဝင်စားသည့်စိတ်ကို လက်ခံပေးသည့်အတွက်တော့ ကျေးဇူးတင်ရသည်။ ကိုယ်တိုင်ကလည်း ဝါသနာမပါလို့ဖြစ်ပါလိမ့်မည်လေ။

"သဘောကျရင် ကိုယ်နောက်ထပ်လှတဲ့နေရာတွေလိုက်ပို့ပေးမယ်လေ"

"တော်ပါပြီ၊ ငါကခရီးသွားတာ သိပ်မကြိုက်ဘူး"

"ဟုတ်သားပဲ၊ ကိုယ့်နေရောင်ခြည်က စာဂျပိုး"

"တော်စမ်း၊ အာဒါနဲ့ ဓာတ်ပုံလေးရိုက်ရအောင်၊ ငါ့ပါးကို နမ်းတဲ့ပုံစံလေး"

ပင်လယ်ကိုမျက်နှာမူထားရာကနေ ထိုပင်လယ်ပြင်ကို ခဏတာကျောလှည့်၍ နှစ်ယောက်အတူဓာတ်ပုံရိုက်ဖို့ကြံရသည်။ ပါးပြင်ကို လာကပ်သည့် deanနှုတ်ခမ်းလေးကြောင့် နေစောပြုံးရသည်။ ထိုအတိုင်းလေး ရိုက်လို့အပြီးမှာတော့ သဘောတကျ ထပ်ပြုံးရပြန်သေးသည်။

"လာ လာရှေ့လှည့်တော့"

နှစ်ယောက်လုံးပင်လယ်ဘက်ဆီကိုပဲ မျက်နှာမူလိုက်သည်။ deanရဲ့ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ကာ အဆုံးမဲ့ပင်လယ်ပြင်ကြီးအားကြည့်မိသည်။ ညိမ့်ညိမ့်လေးသာလှုပ်ခတ်နေသည့် အပြာရောင်ရေပြင်သည် ကြည့်သူတို့ကို ကပြနေဟန်ရှိသည်။တစ်ခါတစ်ရံ ဒေါတကြီးတတ်သည့်ပင်လယ်ပြင်က အခုတော့ကလေးတစ်ယောက်လို ပကတိအပြစ်ကင်းစင်သည်။ လေတိုးသံလေးကလည်း သီချင်းတစ်ပုဒ်နားဆင်ရသလို ညိမ့်ညောင်းလှသည်။

"နေရောင်ခြည်လေးကို ကိုယ်ပေးစရာရှိတယ်"

deanအသံကြောင့် သူ့ဘက်လှည့်ကြည့်မိတော့ သူက အိတ်ကပ်ထဲကနေ တစ်ခုခုနှိုက်နေဟန်ရှိသည်။

"ဘာလဲ dean"

"ဒါလေး ကိုယ်မင်းအတွက်လုပ်ပေးထားတာ"

သူ့လက်ထဲမှာ crochetနှင့်ထိုးထားသည့် စာမှတ်လို့ရသည့် ခြည်အပြာစာအုပ်မှတ်လေးဖြစ်သည်။ သူ့လက်ထဲကနေ ယူကြည့်တော့ ယပ်တောင်လိုပုံစံလေးကိုမှ အလျားရှည်ရှည်လုပ်ထားပြီး ထိပ်မှာအကွင်းလေးပါသည်။ အောက်ဘက်မှာတော့ အပြာရောင်အသီးလေးနှစ်လုံးရယ်၊ နေကြာပန်းရယ် နေမင်းကြီးရယ်ကို ချိတ်ဆွဲထားသည်။

"ဘာအဓိပ္ပါယ်လဲ dean"

deanမျက်နှာကို တစ်ဖန်းမော့ကြည့်တော့ သူကပြုံးစစနဲ့ နှာခေါင်းထိပ်လေးကို သူ့လက်ညိုးထိပ်နဲ့လာပွတ်ဆွဲသည်။

"အ့ဲတာ crochetလေ၊ ကိုယ့်အမေရှိတုန်းက အဖေ့အတွက်crochetထိုးတဲ့အချိန် ကိုယ်ကဘေးမှာအမြဲလိုက်ထိုးနေကျဆိုတော့ တတ်သွားတယ်၊ နေရောင်ခြည်က ခန္ဓာကိုယ်အပြင်အဆင်တွေသိပ်မကြိုက်ဘူးလေ၊ အ့ဲဒါနဲ့ကိုယ် စာမှတ်တဲ့ဟာလေးပဲ လုပ်လိုက်တာ၊ ကိုယ့်အချစ်တွေကို တစ်မျှင်ချင်း ရစ်ထိုးနေသလိုမျိုးလေးလို့ထင်မိတယ်၊ ဒီအပြာလုံးလေးကျ turquoiseလို့ခေါ်တယ်၊ လူ့တစ်မို်င်းတစ်လျှောက်မှာ ရှေးအကျဆုံး ကျောက်မျက်ရတနာလေ။
ကာကွယ်ပေးခြင်း၊သန်မာခြင်း၊လှျှို့ဝှက်နက်နဲခြင်း၊ဉာဏ်ပညာကြီးမားခြင်း၊မြင့်မြတ်ခြင်း၊ထာဝရရှင်သန်နိုင်ခြင်း၊ခွန်အားကြီးမားခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊"

deanကိုပဲ ငေးကြည့်နေမိသည်။ ကိုယ့်အတွက် သူဖန်တီးပေးတဲ့အရာတိုင်းဟာ အဓိပ္ပါယ်တွေရှိနေတတ်သည်။

" ပြီးတော့ အဲ့ဟာဆောင်ထားရင် ကျန်းမာတယ် ၊ ကိုယ့်နေရောင်ခြည်လေး ကျန်းကျန်းမာမာရှိဖို့က အဓိကလေ၊ နောက်ထပ် တရုတ်တွေယူဆတာကကျ ချစ်သူအချင်းချင်းလက်ဆောင်အနေနဲ့ ပေးရင် ဘဝတစ်လျှောက်လုံး ကာကွယ်ပေးပါ့မယ် သစ္စာရှိပေးပါမယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်တဲ့၊
ပြီးတော့ နေကြာပန်းလေးက ကိုယ့်ကိုကိုယ်စားပြုတယ်၊ နေမင်းကြီးက မင်းပေါ့"

"ကျေးဇူးတင်ပါတယ် dean၊ဒါပေမယ့် ငါမင်းအတွက် ဘာမှမပါဘူး၊ ငါနောက်နေ့ကျ စီစဉ်ပေးမယ်လေ"

"ကိုယ်လိုအပ်တာတစ်ခုတည်းပါ ဒီကမ္ဘာပေါ်မှာ နေစောဆိုတဲ့ ကိုယ့်နေရောင်ခြည်အသက်ရှိသရွေ့ ကိုယ်ကမင်းလေးအနားမှာ နေရာတစ်နေရာနဲ့ရှိချင်တာ"

"ရှိပါတယ်၊ မင်းနေရာက ငါ့နှလုံးသားထဲမှာ ချစ်တယ် dean"

"ကိုယ်လည်းချစ်တယ်"

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူပြုံးမိကြသည်။

"ဒါပေမယ့် စာမှတ်ဖို့ရာကျ မင်းပေးတဲ့ပစ္စည်းလေးက
ငါနဲ့အတူ အမြဲမရှိဘူးကွ၊ ဒီလိုလုပ်လိုက်မယ်"

အပြာရောင်crochetလေးကို လက်မှာပတ်ကာ ထိပ်ကအကွင်းလေးနှင့် အပြာရောင် turquoiseကြိုးကိုချည်လိုက်သည်။ ပြီးနောက် deanမျက်နှာရှေ့ကိုလက်ထောင်ပြလိုက်သည်။

"အခုမှငါနဲ့အတူရှိသွားမှာ"

"နေရောင်ခြည်ရာ"

ပါးမို့ကို ဖျစ်လိုက်မိသည်။

"လာပါ ငါတို့ရဲ့ပင်လယ်ကြီးကိုကြည့်ရအောင်"

deanအနားကို ပိုတိုးကပ်ကာ လက်ဖဝါးကိုပြန်ဆုပ်ကိုင်လိုက်ပြီး ပခုံးပေါ်ခေါင်းမှီတင်လိုက်သည်။ ကိုယ့်ခေါင်းထက်ကို deanရဲ့ ပါးပြင်လာထိတွေ့တာကို ခံစားရသည်။ ကိုယ့်ဆံပင်ကြားထဲ တရှုံရှုံနမ်းနေတာကို ခံစားရသည်။ ကိုယ့်မှာတော့ ပြုံးကာ သူ့အနမ်းတွေကို ခံယူမြဲ။

"ပင်လယ်ပြင်ကြီးလည်းလှတယ်၊ ပန်းပင်တွေလည်းလှတယ်၊ ဒါပေမယ့် မင်းအပြုံးကပိုလှတယ် dean"

"ကိုယ့်နေရောင်ခြည်လေးရဲ့အပြုံးက အလှထိပ်ခေါင်"

"အရူးကောင်၊ မင်းအပြုံးကအလှဆုံး"

"မိုနာလီဇာငိုနေပြီ"

"ဟားဟား မင်းကတော့"

deanလက်ကို ပိုလို့ဆုပ်ထွေးလိုက်တော့ deanက
လက်ကိုယူကာ လက်ဖမိုးကိုနမ်းသည်။ deanက ကိုယ့်ကို ချစ်တတ်အောင်သင်ပေးခ့ဲသည်။ နောင်တရခြင်းရဲ့ဆိုးကျိုးကိုမြင်အောင် သင်ပေးခ့ဲသည်။ ချစ်ခြင်းရဲ့ကြည်နူးမှုကို ခံစားရအောင် ကိုယ်တိုင်ပြုပေးခ့ဲသည်။ အမြဲတမ်း ကိုယ့်အပြုံးသာပထမမို့ ပျော်အောင်အမြဲလုပ်ပေးတတ်သည်။ ထိုသို့တွက်ချက်ပြီးသေချာသည့်ဆုံးဖြတ်ချက်ကတော့ deanကို ချစ်လွန်းလို့ ဘယ်တော့မှအဆုံးရှုံးမခံတော့ကြောင့် ဤပင်လယ်ပြင်ကြီးကိုသက်သေတည်လို့ ဟစ်ကြွေးလိုက်ပါသည်။

..................................................................

ကမ်းစပ်မှစ၍ St Michael'sတောင်ထိကို ကျောက်တန်းလမ်းမကြီးနဲ့ဆက်သွယ်ထားသည်။ ထိုကျောက်တန်းကိုရိုက်ခတ်နေသည့် ပင်လယ်လှိုင်းတွေရဲ့အသံက အရှိန်ပါပေမယ့်ညင်သာသည်။ဦးဖေရဲ့လုပ်ငန်းမှာ ပါဝင်သည့်နေရာမို့ လုပ်ငန်းအထောက်အကူဖြစ်အောင် vlogအတွက်လည်းအဆင်ပြေသည်မို့ ဒီနေရာမှာတင် ဗီဒီယိုဘယ်နှစ်ပုဒ်လောက်ရိုက်ခ့ဲတယ်မသိပါ။

"မော်ဖူးမဝ သွားစို့"

"အွန်း"

ကင်မရာကိုပိတ်လိုက်ပြီး လက်တစ်ဖက်ကနေကိုင်ခ့ဲကာ ကျန်လက်တစ်ဖက်က songရဲ့ ခပ်နွေးနွေးလက်ဖဝါးကြီးကို ဆုပ်ကိုင်လိုက်သည်။ ပြီးရင်တော့ ဒီကျောက်လမ်းအတိုင်း ပင်လယ်ကိုဖြတ်သွားရသည်။ လူလုပ်ကျောက်လမ်းပေါ် လမ်းလျှောက်ရင် ပင်လယ်ပြင်ရဲ့အလှကို ကြည့်ရတာလည်း ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလှသည်။

"ငါ့ကိုဒီနေရာအကြောင်းရှင်းပြဦးလေ"

"တစ်ခါလောက် လွတ်လွတ်လပ်လပ်လေး ခရီးသွားပါဦး မော်ဖူးမဝရဲ့၊ တောင်ကိုရောက်ရင် အ့ဲမှာသမိုင်းကြောင်းဖတ်လို့ရတယ်၊ လက်ကမ်းစာရွက်လေးတွေလည်းရှိတယ်၊ အခုဒီလာတာ ကိုယ့်ချစ်သူနဲ့အပျော်ခရီးသပ်သပ်ဆိုပြီးထွလာတာ မော်ဖူးမဝရဲ့"

"ဟုတ်ပါပြီ"

songလက်မောင်းပေါ် ခေါင်းမှီတင်လိုက်သည်။ ခရီးတစ်ခုသွားတိုင်း vlogတစ်ခုတော့ ရိုက်ရမည်ဆိုတဲ့အသိကြောင့် လွတ်လပ်သည့်ပျော်ရွွှင်မှုမျိုးကိုတော့ အနည်းငယ်သာခံစားဖူးသည်။ အခု songရဲ့စကားကြားမှ ဖိအားမပါသည့် ခရီးတစ်ခုရဲ့အငွေ့အသက်ကိုခံစားမိသလို။

"တောင်ရဲ့ထိပ်မှာ ရဲတိုက်နဲ့ဘုရားကျောင်းရှိတယ် မော်ဖူးဝ၊ အ့ဲမှာ ပြခန်းလည်းရှိတယ်၊ ကိုယ်တို့လန်ဒန်ကပြတိုက်တွေလိုပေါ့၊ ခေတ်အဆက်ဆက်က အသုံးအဆောင်တွေကိုပြထားတာ၊ ကိုယ်တို့အေးဆေးမှ အ့ဲတာတွေကြည့်တာပေါ့"

"ဟင် အ့ဲတာဆိုမင်းကအ့ဲသွားပြီးဘာလုပ်မှာလဲ"

တစ်ကယ်တည်း။ အ့ဲတာတွေမကြည့်မှတော် ဘယ်ဟာသွားကြည်မလဲ။

"ရဲတိုက်မရောက်ခင် ပင်လယ်ရှူ ခင်းကိုကြည့်ဖို့ လုပ်ပေးထားတယ်၊ တောင်စောင်းလိုနေရာမှာ အ့ဲမှာ ရှုခင်းကြည့်စို့"

"ဟုတ်ပါပြီ"

တူညီတဲ့ခြေလှမ်းတွေ တူညီတဲ့အချစ်တွေနှင့် မလွတ်တမ်းတွဲထားသည့် လက်နှစ်ဖက်သည် ဤအချစ်အတွက် သက်သေတစ်ခုဖြစ်သည်။ သူနှင့်အတူလျှောက်ရသည့် ဤလမ်းသည် ဆူးမွေ့ရာဖြစ်လျင်တောင် နာကျင်ခြင်းနိတ္ထိနင်းပျော်သည်။ ပန်းမွေ့ရာဆိုပါက နူးညံ့ခြင်းအပြည့်ထက်ပိုစွာ ပိုနူးညံံ့မည်။ ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ကို မြောက်စားသည့်အနေဖြင့် ပင်လယ်ရေလှိုင်းများဟာလည်း ကျောက်တန်းကိုတိုက်ခတ်ကာ လက်ခုတ်သြဘာသံပေးနေသယောင်။ အချစ်ရဲ့စွမ်းအားက ဒီလောက်ကြီးသလာလို့ မေးသည့်အခါ ရထာကတော့ ပြုံးရင်းသားခေါင်းညိတ်ပြလိုက်မည်။

"ဒီလမ်းကတက်ရမယ်"

ကျောက်တန်းကနေလျှောက်လာတာ တောင်အောက်ကိုရောက်လို့ တောင်ပေါ်ကို စတက်မည်ဖြစ်သည်။ တောင်တက်လမ်းက ကျောက်ခင်းလည်းဖြစ်သည်။ တောင်တက်လမ်းမှာတင် လေ့လာလို့ရသည့် အရာတွေကို တွေ့ရသည်။ ကျောက်လမ်းပေါ်မှာ တစ်ခုတည်းသော အသံပုံကျောက်တုံး the gaint's heartကိုလည်း ဓာတ်ပုံရိုက်ရသည်။

"တောင်အောက်တုန်းမှာတုန်းက တောင်ပေါ်ကလန်ဒန်အလံတိုင်ကို တွေ့ခ့ဲလား"

"အင်းတွေ့တယ်"

"အ့ဲရဲ့တောင်စွန်းလေးမှာ ကြည့်မယ်၊ တောင်စွန်းဆိုပေမယ့် အန္တရယ်မများဘူး"

"ဟုတ်ပြီ ငါမင်းကိုယုံပါတယ်"

songက လှည့်ပြုံးပြလာသည်။ အချိန်အတော်ပေးစရာမလိုတာမို့ မြန်မြန်ပင် အင်္ဂလန်နိုင်ငံအလံချိတ်ထားသည့်နေရာကို ရောက်သည်။ ကျောက်လက်ရန်းငယ်ကနေ ပင်လယ်ပြင်ကိုကြည့်လို့ရတဲ့နေရာလည်းရှိပြီး အ့ဲဘေးက တောင်စောင်းမှာလည်း ထိုင်ကြည့်လို့ရသည်။ ကိုယ်တို့ကတော့ တောင်စောင်းဆီသွားပါသည်။

"သတိထားနော် မော်ဖူးမဝ"

"အင်း"

အစွန်းနားထိတော့မသွားပါ။ အလယ်လောက်မှာတော့ သွားတာရပ်လိုက်ကာ နှစ်ယောက်အတူထိုင်လိုက်သည်။

"လန်းဆန်းသွားတာပဲ"

ရထာက လေကောင်းလေသန့်ကို တဝကြီးရှူ ရှိုက်ရင်းပြောသည်။

"လှတယ်မလား မော်ဖူးမဝ"

"အင်း လှတယ်"

ရထာက ပင်လယ်ပြင်ကြီးကိုပဲ ငေးစိုက်ကြည့်နေသည်။ ရထာ့မျက်နှာကို လေကလေးတစ်ချက်တိုးသွားသည့်အခါ လွင့်လွှားကစားသွားသည့် ဆံနွယ်လေးတွေက အလှပဆုံးဂုဏ်ဆောင်သည်။ ကြည်တောက်တောက်မျက်ဝန်းလေးတွေက ဘယ်သောအခါမှ လက်မလွတ်ချင်စတမ်း ဆွဲဆောင်ထားနိုင်သည်။ ထိုမှမဟုတ် မော်ဖူးမဝရဲ့အစိတ်အပိုင်းတစ်ခုစီတိုင်းက ကိုယ့်ကို ပိုတိုးချစ်အောင် ပြုနိုင်လွန်းသည်။

"လက်ကလေးပေးပါဦး ကိုယ့်မော်ဖူးမဝ"

ပေါင်ပေါ်တင်ထားသည့် ရထာ့လက်ကလေးကို ဆွဲယူတော့ ရထာကလှည့်ကြည့်လာသည်။

"ဘာလုပ်တာလဲ အ့ဲဒါက"

ဝတ်ထားသည့် ဝါးလက်ကောက်ကို songက ချွတ်နေသည်မို့ ရထာမေးလိုက်သည်။

"အခုဒီနေရာမှာ အမြဲတမ်းအစားထိုးလို့ရမယ့် ကိုယ်တို့နှစ်ယောက်ရဲ့အချစ်သက်သေပစ္စည်းလေးဝတ်ပေးမယ်"

ပြောပြီး ကုတ်အကျႌထဲက charmဟန်းချိန်းလေးကို ထုတ်ပြီး ရထာ့လက်မှာပတ်ပေးလိုက်သည်။

"charmရဲ့အဓိပ္ပါယ်က ကံကောင်းခြင်းတဲ့။ ကိုယ့်မော်ဖူးမဝရဲ့ မြန်မာအလံဆို ကိုယ့်ရဲ့အင်္ဂလန်အလံ၊ မန်းလေးရဲ့အထင်ကရစက်ဘီးလေးဆို ကိုယ်တို့ရဲ့အထင်ကရကနှစ်ထပ်ကား၊ ပြီးတော့ လန်ဒန်ဆိုတာနဲ့လန်ဒန်မျက်လုံးကိုပြေးမြင်သလို မန်းလေးဆိုတာနဲ့ပြေးမြင်တဲ့ ကျုံးမြို့ရိုး၊ ပြီးတော့လန်ဒန်နာရီစင်ရယ် ဈေးချိုနာရီစင်၊ အသဲနှလုံးထဲက ဧရာဝတီတံတားနဲ့ ကိုယ့်ရဲ့ tower bridge၊ charmကို ကိုယ်ကိုယ်တိုင်လုပ်တာမဟုတ်ပေမယ့် ဒီဇိုင်းကကိုယ်ကိုယ်တိုင်ဆွဲတာပါ၊ မင်းအတွက် ကိုယ့်လက်ဆောင်"

charmတစ်ခုချင်းစီကို ရထာ လက်ညိုးနှင့် ထိတွေ့မိသည်။ ကိုယ့်မြေကအထင်ကရနှင့် သူ့မြေက အထင်ကရကို ပေါင်းစည်းထားကာ တစ်မြေထောင်လိုက်ချင်း။
ကျချင်သည့်မျက်ရည်တွေကိုထိန်းကာ....

"မင်းအတွက်ကော ငါဝတ်ပေးမယ်လေ"

"ဟုတ်သား ရော့ မော်ဖူးမဝ"

သူ့အိတ်ကပ်ထဲက နောက်ထပ်charmဟန်းချိန်းကို ထုတ်ပေးလာသည်။ ထိုဟန်းချိန်းအား လက်လွဲယူလိုက်ပြီး songရဲ့လက်ကောက်ဝတ်က ဝါးလက်ကောက်ကိုချွတ်ပြီး ထိုcharmကိုဝတ်ပေးလိုက်သည်။

"မငိုနဲ့လေ ကိုယ့်မော်ဖူးမဝကလည်း"

ပါးပြင်ပေါ်က မျက်ရည်တွေကို အသာသုတ်ပေးမိသည်။

"ပျော်လို့ပါ၊ လက်ဆောင်ပေးလို့ငိုတာမဟုတ်ဘဲ ဒီလက်ဆောင်မှာ ငါမြတ်နိုးတဲ့အရာတွေ၊ မင်းမြတ်နိုးတဲ့အရာတွေပါလို့ပါ"

"ကိုယ်အတော်စဉ်းစားလိုက်ရတယ် ကိုယ့်မော်ဖူးမဝကြိုက်တာလေးရဖို့"

"ကျေးဇူးတင်ပါတယ် song၊ စချစ်ကတည်းက ငါ့ကိုလက်မလျော့လို့"

"ကိုယ့်မော်ဖူးမဝကို စချစ်ကတည်းက လက်လျော့ဖို့အတွေးလုံးဝမရှိခ့ဲဘူး၊ ကိုယ်တို့ဟာ ရေခြားတယ် မြေခြားတယ် ၊ ဒါပေမယ့် လက်မလျော့ဘူးဆိုတဲ့စိတ်ဓာတ်ကပဲ ကိုယ်တို့ရဲ့အချစ်ကို ထောက်တိုင်ပြုပေးခ့ဲတာ၊ ကိုယ့်မော်ဖူးမဝရဲ့မြေက အေရာဝတီ ကိုယ့်မြေက သိမ်းကိုသက်သေတည်လို့ ကိုယ်တို့အချစ်မြစ်လေး တည်တံ့ပါစေလို့ ဆုတောင်းမိတယ်"

"ဆုတောင်းစရာမလိုပါဘူး၊ မင်းရဲ့မော်ဖူးမဝကလည်း မင်းမော်ဖူးလို့ဝတဲ့အထိ မင်းဘေးမှာရှိပေးမှာပါ"

"ဒါဆို ကိုယ့်နှလုံးသားပလ္လင်မှာပဲ နေရာတော့မယ် ကိုယ့်မော်ဖူးမဝလေးက"

နဖူးချင်းထိကာ ပြုံးမိကြသည်။ ထာဝရထက်ပိုတဲ့ပမာဏကို လက်ညိုးထိုးပြဟုဆိုလျင် ကိုယ်တို့ရဲ့အချစ်ကိုလက်ညိုးထိုးမည်။ အမြဲတမ်းကို အရာအားလုံးက်ု အနိုင်ယူမည့်အရာက ကိုယ်တို့ရဲ့အချစ်။ ခွဲခွာရသောသေခြင်းတရားကိုလက်ခံရမယ်ဆိုလျင်တောင် သူ့လက်ကလေးကို ဆုပ်ကိုင်ရင်း သေခြင်းတရားကိုအနိုင်ယူမယ့် ကိုယ့်ချစ်ခြင်း။ ချစ်ခြင်းတို့သည်သာ အဓွန့်ရှည်သောအရာဖြစ်ပါ၏။

"ချစ်တယ် song"

"ချစ်တယ် မော်ဖူးမဝ"

မျက်လုံးကိုစုံမှိတ်လို့ ချစ်ခြင်းသက်သေအနမ်းတို့အား ပင်လယ်ပြင်နှင့်အပြိုင် လှပစွာဖြစ်ထွန်းစေမိသည်။ songရဲ့ နှုတ်ခမ်းလွှာ၏နူးညံ့မှုကို ခံစားရသည်။ ပါးပြင်ကိုအုပ်ကိုင်ထားသည့် songရဲ့ လက်ဖဝါးမှ နွေးထွေးမှုကို ခံစားရသည်။ songရဲ့ လက်ကောက်ဝတ်က charmလေးတွေရဲ့ ပါးပြင်ကို လာရိုက်ခတ်မှုအား ခံစားရသည်။ ပို၍ ခံစားချက်ပြင်းစေတာက songရဲ့ စုပ်ထွေးနေသည့် နှုတ်ခမ်းလွှာများ။ အလှအပတွေထက် ပို၍ခံစားချင်သောအရာများက songရဲ့အနမ်းများသာ။ လှပသော ပင်လယ်ပြင်ကြီးကိုမေ့၍ songရဲ့အနမ်းများ၌သာ ပျော်ဝင်မိသည်။

"ချစ်တယ် မော်ဖူးမဝ"

အနမ်းကိုရပ်တန့်လိုက်ပြီး ပြောလာသည့် songရဲ့စကားကိုအဖြေမပေးဘဲ ပင်လယ်ပြင်ကို မျက်နှာပြန်မူကာ songပခုံးပေါ်ခေါင်းမှီတင်လိုက်သည်။ ကိုယ်တို့ချစ်ခြင်းကြောင့် ပင်လယ်ပြင်ကြီးတောင်ရှက်နေပေတော့မည်။

"ငါလည်းချစ်ပါတယ်"

ထို့နောက် songရဲ့လက်ကိုဆုပ်ကိုင်ကာ ပင်လယ်ပြင်ကြီးကို နောက်ခံထား၍ ဆုပ်ကိုင်ထားသည့်လက်နှစ်ဖက်ကို ထောင်ကြည့်တော့ လှပသည့်charmလေးတွေက လေပြည်အောက်မှာ လှုပ်ကစားနေသည်။ ထိုcharmလေးတွေကိုသာ ကြည့်နေပြီး နှစ်ယောက်လုံးစကားမဆိုဖြစ်တော့ဘဲ ချစ်ခြင်းအငွေ့အသက်တို့အား ခံစားမိပါ၏။ အရာအားလုံးသည် လက်မလျော့ခြင်းဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်တည်လာသည်မို့ ဤချစ်ခြင်း၌ ခွဲခွာခြင်းမည်သောအကြောင်းတရား မရှိနိုင်တော့ပါလေ။
နောင်အနာဂတ်များတွင် တစ်ယောက်ရဲ့လိုအင်ဆန္ဒတွေကိုတစ်ယောက်ဖြည့်ဆည့်ပေးခြင်းဖြင့် ရက်စွဲတိုင်းကို ကျော်ဖြတ်မည်။ songလုပ်ချင်တဲ့ tomorrowlandမှာ အလံလွင့်ခြင်း၊ မေမြို့ကတိမ်ပင်လယ်စခန်းမှာ တလွင့်တမြောတိမ်တွေကိုကြည့်ခြင်း၊ နောက် သူ့လက်ကို တွဲလို့ ကမ္ဘာပတ်ခြင်းစသည့် မျှော်လင့်ခြင်းတွေ၊အတူရှိခြင်းနဲ့ပဲ နေ့ရက်တိုင်းကိုကျော်ဖြတ်မည်။
ပြာလဲ့လဲ့ ကောင်းကင်ပြာအောက် ပြာတောက်တောက် ပင်လယ်ထက်ဝယ် ချစ်ခြင်းတစ်ခုက လှပစွာထည်ဝါနေပါတော့သည်။

ထိုအချစ်သည် တည်တံ့စေသား.......။

'ရေမြေခြား၍ ချစ်မိသော်လည်း
ကိုယ်တို့တွေ တစ်ယောက်ကိုတစ်ယောက်
လက်လျော့ခဲ့ခြင်းမရှိပါ
မင်းမြေမှာ ဧရာဝတီ
ကိုယ့်မြေမှာ သိမ်း
မပျက်သော မြစ်နှစ်သွယ်ကို
ကိုယ်စားပြုလို့
ကိုယ်တို့ရဲ့အချစ်မြစ်သည်
ထာဝရ တည်တံ့ပါစေ'

.............................ပြီးပါပြီ..........................

Continue Reading

You'll Also Like

5.9K 329 28
အချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024
3.8K 313 31
နိုင်ငံသားကောင်းတစ်ယောက် ဖြစ်တဲ့အလျောက် အမိနိုင်ငံအတွက် မတုံ့မဆိုင်းဘဲ အသက်ပေးဆပ်ရဲခဲ့သလို နှလုံးသားရှိတဲ့လူတစ်ဉီးဖြစ်တဲ့အလျောက် ကိုယ်ချစ်ရသူရဲ့အနီး...
2.9M 117K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
7.8K 380 29
Unicode ရေစက်ပါလို့ ဆုံကြပေမဲ့ တစ်ခါတစ်လေကံမပါရင်လည်း ဝေးကြရတယ်.... အချစ်တွေမရတဲ့ရပ်ဝန်းကို ချန်ထားရင်းထွက်ပြေးပြီးကာမှ ပြန်ဝင်ရောက်လာတဲ့ မေတ္တာတွေ...