31
6.2K 996 140
နံနက်အာရုဏ်တက်ချိန်မို့ နေအလင်းရောင်ကမှိန်ဖျဖျ။ နေရောင်သိပ်မရှိသော နံနက်ခင်းက မချမ်းပေမယ့် ခပ်အေးအေးဖြစ်နေ၏။ အိပ်နေသောသူများ နိုးမှာစိုး၍ ဧည့်ခန်းထဲ ခြေသံလုံလုံ songလျှောက်လာပြီး တိုင်မှာချိတ်ထားသည့် ဆိုင်ကယ်သော့ကို ယူကာ ခြံထဲဆင်းခဲ့ကာ ဆိုင်ကယ်ကိုအပြင်ဘက်ထိ တွန်းလာခဲ့သည်။ ခြံထဲမှာစက်နှိုးရင် ရထာကြားသွားပေလိမ့်မည်။ အပြင်ရောက်ရောက်ချင်း စက်နှိုးကာ အမရပူရဆီသို့် ဦးတည်မောင်းနှင်လိုက်သည်။ 
"ရောက်ပြီလား လာပါ"
ရက်ကန်းအိမ်သို့ ရောက်ရောက်ချင်း ပိုင်ရှင်ဦးလေးကြီးက ခရီးကြိုသည်။ ကိုယ့်အတွက် လက်ရက်ကန်းစင်က သက်သက်စီစဉ်ပေးထားသည်ဟု ပြောကာ အိမ်အတွင်းပိုင်းထိ ခေါ်လာခဲ့သည်။ ဟိုဒီဝေ့ဝဲ မျက်လုံးကစားကြည့်ရတော့ အိမ်ရဲ့ပုံစံက ရက်ကန်းစင်တွေနဲ့ တခမ်းတနား။
"ဒါ songပြောထားတဲ့ သဘာဝဆိုးဆေးတွေပါ၊ ဆေးစိမ်တာတွေလည်း ကိုယ်တိုင်လုပ်ချင်တယ်ဆိုလို့ အဆင်သင့်ပြင်ထားပေးပါတယ်"
"ကျေးဇူးပါ"
မိမိအတွက် သီးသန့်လက်ရက်ကန်းစင်ကိုရောက်သည့်အခါ ပြုံးမိရပြန်သည်။ 
"ဒါဆို အဆင်မပြေတာရှိရင် လှမ်းခေါ်လိုက်နော်"
"ဟုတ်"
ဦးလေးထွက်သွားတော့မှ ဆေးရည်စိမ်ဖို့ဇလုံကြီးနှင့် ချည်တွေကို ကြည့်နေမိသည်။ ပူလောင်လှသည့်မန္တလေးနွေအတွက် အရောင်ဖျော့လေးကိုပဲ အသုံးပြုမည်ဟု songစဉ်းစားမိသည်။ ပြီးရင်တော့ အကွက်လေးတွေနှင့် ပုံဖော်မည်။ အခုရည်ရွယ်၍ ရက်ပေးသော ရက်ကန်းတဘက်လေးသည် မိမိမရှိသည့်အခါ အထူးသဖြင့် ဆောင်းရာသီရဲ့အအေးကို ရထာ့အား မိမိမကာကွယ်ပေးနိုင်သည့်အခါ မိမိကိုယ်စား ဒီခြုံလွှာတဘက်လေးက အနွေးဓာတ်ပေးစေရန် ရည်ရွယ်သည်။ တစ်ဆင့်ခြင်းတစ်ဆင့် အကောင်းဆုံးဖန်တီးပေးချင်မိပါသည်။
...................................................................
ခြံထဲမှာ လက်ပိုက်လျက် ဝင်လာတော့မည့် ဆိုင်ကယ်ကို ရထာ စောင့်နေသည်။ မကြာပါ တံခါးဖွင့်ထားသည့် ခြံထဲကို ချိုးဝင်လာသည့် ဆိုင်ကယ်နှင့်အတူ တကောင့်သား အင်္ဂလန်သား။ ရှေ့တည့်တည့်မှာ ရပ်စောင့်နေသည့် ကိုယ့်ကိုတွေ့တော့ ရယ်ပြလာတာ သွား၃၆ချောင်းပေါ်လို့။ ဆိုင်ကယ်ရပ်ပြီးပြီးချင်း သူ့ဆီအမြန်သွား၍ မကျေနပ်မှုအလုံးကို ပေါက်ကွဲခွင့်ပေးလိုက်ကာ songနားရွက်ကို ဆွဲလိုက်သည်။