20
9.3K 1.3K 348
"ကဆုန်လပြည့်နေ့ဆိုတော့ ညောင်ရေသွန်းပွဲသွားကြည့်ရအောင် ဗောဓိကုန်းကို"
ဧည့်ခန်းထဲကဆိုဖာမှာထိုင်ရင်း ပေါင်ပေါ် ကွန်ပျူတာတင်၍ အင်တာနက်ကနေ ရှာစရာတစ်ချို့ကို ရှာနေသော songကို ယနေ့လည်ပတ်ရမည့်အကြောင်း စကားစတော့ okဆိုကာ ကွန်ပျူတာကိုပိတ်ပြီး မတ်တပ်ရပ်လာသည်။
"ရိုးရာပွဲတော်လား"
"အင်း အင်္ကျီသွားလဲတော့"
"အိုကေ ချစ်တယ်"
ရထာ့ကိုကျော်တက်မသွားခင် ရထာ့ပါးကို ဖြတ်ခနဲ နမ်းလိုက်တော့ လက်သီးတစ်ချက်က လက်မောင်းပေါ် အားပြင်းပြင်းရောက်လာသည်။ ခေါင်းပေါ် ခပ်ဆတ်ဆတ်လက်ဖဝါးလေး မရောက်လာခင် ခြေဖနောင့်နဲ့ဖင်တစ်သားတည်းဖြစ်သည်အထိ အောက်ထပ်ကို ပြေးသွားရသည်။ ကျန်ခဲ့သည့် ရထာမှာတော့ ပြုံးလျက်သာ။
ဘယ်သို့သွားသွား အထပ်ထပ်ဖြတ်ရပါသော ဒီလမ်းတွေကို songလည်း အလွတ်ရမည်ထင်ပါသည်။ နွေရိပ်ရိပ်ကောင်းကင်ကြီးသည် အခုတော့ မိုးသားတို့အနည်း
ထပ်နေသည်။ အုံ့အုံ့သောမိုးလေးသည် လေပြည်အနည်းငယ်သွေးသည့်အခါ အေးသောအရိပ်ကိုပင် ပိုခံစားရစေသည်။
"ဒါက မင်းဂီတာဝယ်တဲ့လမ်းထဲက ဗောဓိကုန်းလေ"
"ဪ...ဒီပွဲတော်အကြောင်းရှင်းပြဦးနော်"
"အင်း ဘုရားရောက်ရင်ရှင်းပြမယ်"
"အင်း ချစ်တယ်"
ပြောရင်းဆိုရင်း ရထာ့ခါးကိုဖက်လိုက်ကာ ပခုံးပေါ် မေးတင်လိုက်သည်။ ရထာဘာမှမပြောမိ။ songရဲ့ ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်းကြားချင်ပြီး သူရဲ့ထွေးပိုက်မှုကို နေ့တိုင်း ခံယူချင်မိတာပင်။ သူ့ရှေ့မှာတော့ ကျေနပ်ပြုံးတော့ မပြပေမယ့်ပေါ့လေ။ လမ်းအလီလီဖြတ်လို့ အပြီးမှာတော့ ဗောဓိကုန်းကို ရောက်လေပြီ။ ညောင်ရေသွန်းဖို့ လူကြီးအပျိုသက်လတ်ပိုင်း အမျိုးသားအမျိုးသမီးများသည် ကျောင်းဝင်းထဲ၌ ညောင်ရေအိုးတို့ကိုရွက်၍ အတန်းလိုက်စီစီရီရီ ရှိနေကြသည်။
"အရမ်းမင်သက်တာပဲ"
songက မြင်နေရသည့် ဖြူလွလွစေတီတော်မြတ်အားကြည့်ရင်း မင်သက်ဖွယ်ရေရွတ်သည်။ ပြီးနောက် မုခ်ဦးပေါက်ကကနေပဲ စေတီတော်ကို ဓာတ်ပုံရိုက်သည်။