ကျေးဇူးတင်​လွှာ
4.4K 462 69
Suri_19.1.2020က ​ရေးခဲ့တဲ့ ​ရေ​မြေခြား၍ ချစ်​မိ​သော်​လည်းဆိုတဲ့ ဝတ္ထု​လေးက 4.11.2020မှာ ပြီးသွားပြီ​ပေါ့။ ပထမဆုံး ​ကျေးဇူးတင်​လွှာရဲ့ စကားက​တော့ ဒီဝတ္ထု​လေးဖြစ်​​အောင်​ အဘက်​ဘက်​က ပံ့ပိုး​ပေးကျတဲ့ ကိုယ့်​​ဆွေမျိုး​တွေ။ အထူးသဖြင့်​ ​ရေးတဲ့တစ်​​နေရာချင်းရဲ့ ​နေရာ​တွေကို စာဖတ်​သူ​တွေကိုပြနိုင်​ဖို့ရာ ကားခသက်​သက်​သာသာနဲ့ လိုက်​ဖို့​ပေးခဲ့တဲ့ အဘဦး​အေးလှိုင်​၊ ပြီး​တော့ ​နေပူမိုးရွာမ​ရှောင်​ မန္တ​လေးက​ကျောင်းတိုက်​​တွေကို လိုက်​ပို့ခဲ့တဲ့ ညီမရဲ့အမအရင်း မ​မေချို ၊ ကိုယ့်​ရဲ့ ​ခဲအို ကို​ကျော်​ဇင်​ဟိန်း၊ ပြီး​တော့ ကိုယ့်​ရဲ့သူငယ်​ချင်း မြတ်​သက်​ချိုလည်း တကယ်​​ကျေးဇူးတင်​ပါတယ်။ လန်​ဒန်​ရဲ့သမိုင်း​တွေကို ဘာသာပြန်​​ပေးတဲ့ အမ​ရွှေရည်​ဝင်း။ အားလုံးကို တကယ်​​ကျေးဇူးတင်​ပါတယ်​။ ​ရေ​မြေခြားက ဒီလူ​တွေရဲ့အကူအညီ​တွေနဲ့ အ​ကောင်းဆုံးရှင်​သန်​နိုင်​ခဲ့ပါပြီ။ ညီမဘဝရဲ့ ဂုဏ်​ယူရတဲ့ လုပ်​ရပ်​ဆို ​ရေ​မြေခြားရေးခြင်းကို လက်​ညိုးထိုးပြမိမယ်​။ ကြိုးကြိုးစားစား လုံ့လစိုက်​​ရေးခဲ့တာမို့ ဖတ်​​ပေးသူ၊လက်​ခံ​ပေးသူတစ်​​ယောက်​ချင်းကို ​ကျေးဇူးတင်​ပါတယ်​။ ​ရေ​မြေခြားရဲ့ ရှင်​သန်​ခြင်းမှာ စာ​ဖတ်​သူ​တွေရဲ့ ပံ့ပိုးအားတစ်​ဖက်​က​တော့ မပါမဖြစ်​ပါ။ စာအုပ်​​လေးအဖြစ်​ ​နောက်​နှစ်​ထဲပုံသွင်းမှာဆို​တော့ ​စောင့်​​နေ​ပေးပါဦးလို့ ​မေတ္တာရပ်​ခံချင်​ပါတယ်​၊ ဒါဆို ဇာတ်​​ကောင်​​တွေရဲ့ ​ကျေးဇူးတင်​စကား​လေး​ နား​ထောင်​လိုက်​ပါဦး​နော်​။ ရထာက စရ​အောင်​။
ရထာ_ကိုယ်​တို့ကိုဖတ်​ရတာ ပျင်းတယ်​ဟုတ်​ ဟဲဟဲ စတာပါ။ ဘာပဲဖြစ်​ဖြစ်​ ​ရေ​မြေခြားကိုစ​ရေးခြင်းရဲ့ suriရဲ့ ရည်​ရွယ်​ချက်​က မန္တ​လေးရဲ့သမိုင်း​တွေအစဉ်​အဆက်​​တွေကို သိ​စေချင်​တာမို့ ဒီ​လောက်​​တော့ရှိမှာ​တော့။ ပြီး​တော့ songနဲ့ကိုယ့်​ရဲ့ လက်​မ​လျော့ခဲ့တဲ့အချစ်​ကို ဒုတိယတစ်​ချက်​အ​နေနဲ့ပြချင်​ခဲ့တာ​ပေါ့။ ကိုယ်​က​တော့ ဒီဝတ္ထုထဲက ဇာတ်​​ကောင်​တစ်​​ယောက်ဖြစ်​ရခြင်းအတွက်​ ​ကျေနပ်​မိပါတယ်​၊ မန္တ​လေးကို​ရောက်​ရင်​ ကိုယ်​တို့သွားခဲ့တဲ့​​နေရာ​တွေကို သွားဖြစ်​​အောင်​ သွားပါလို့တိုက်​တွန်းရင်း နှုတ်​ဆက်​လိုက်​ပါ​တယ်​။