55
4.8K 803 50
တစ်​ရက်​နှင့်​တစ်​ရက်​ အားကစားပြိုင်​ပွဲက နီးကပ်​လာနေပြီမို့ ​လေ့ကျင့်​​ရေးကို ပို၍ဖိလုပ်​ရသည်​။ ​ချစ်​ကြည်​​ရေးအတွက်​ westminsterတက္ကသိုလ်​​နှင့်​ယှဉ်​ပြိုင်​ရမည့်​ပွဲမို့ အသင်းသား​တွေဟာ လုံ့လထုတ်​လို့ မဆုတ်​မနစ်​ကြိုးစား​လေ့ကျင့်​​နေကြမြဲဖြစ်​သည်​။ ပြိုင်​ဘက်​အသင်း​ကို လျော့တွက်​လို့မရပါ။ ထိုပြိုင်​ပွဲကို ​နေ​ရောင်​ခြည်​​လေးအား လာကြည့်​​စေချင်​သည်​။ သို့​ပေမယ့်​လို့ သူ​လေးကိုလာကြည့်​ဖို့​တောင်းဆိုသည့်​အခါ အဲ့ပွဲကြည့်​ချိန်​ကို စာဖတ်​မှာ​ပေါ့လို့​ပြောမည်​ကို ကြား​ယောင်​မိသည့်​အခါ ပြုံးရသည်​။ ​ဟောစရာမလိုတဲ့ ​ဗေဒင်​​လေး​ပေါ့။
        အ​တွေး​တွေကိုပြန်​​ခေါက်​သိမ်းကာ အဝတ်​ဗီဒိုထဲကအင်္ကျီနှင့်​​ဘောင်းဘီကိုထုတ်​၍ ​ရေချိုးခန်းထဲဝင်​လာခဲ့သည်​။ ​ချွေး​တွေနဲ့ဆို​တော့ ​ရေချိုးမှဖြစ်​​ပေမည်​။ ​ရေအမြန်​ချိုးအပြီးမှာ​တော့ အဝတ်​လဲခန်းမှာအဝတ်​အမြန်​လဲပြီး အခြားအသင်းသား​တွေအား ည​နေ​လေ့ကျင့်​ချိန်​ကျ ​နောက်​မကျဖို့မှာရသည်​။
"ည​နေကျ​လေ့ကျင့်​ချိန်​ရှိတဲ့သူ​တွေ ​နောက်​မကျပါနဲ့"
"ဟုတ်​ကဲ့!!!"
အသင်းသား​တွေရဲ့တစ်​ညီတစ်​ညာတည်းထွက်​သံက အဝတ်​လဲခန်းတစ်​ခုလုံးဟိန်းထွက်​သွား၏။ သူတို့ကိုအသိအမှတ်​ပြုသည့်​အ​နေဖြင့်​ ပြန်​ပြုံးပြခဲ့ကာ စာဖတ်​အသင်းကိုကူးရသည်​။ ဒီ​နေ့က​စာဖတ်​အသင်းမှာ ဖတ်​ထားသည့်​စာအုပ်​အ​ကြောင်း​ဆွေး​နွေးမှာဖြစ်​သည်​။ အဲ့မှာ deanအတွက်​ ဒုက္ခ​ရောက်​တာပဲ။ အချိန်​ပြည့်​​လေ့ကျင့်​​နေရ​သောသူ့အတွက်​ စာဖတ်​ချိန်​​တောင်​မရှိပါ။ ဖတ်​ဖြစ်​လည်းတစ်​ရွက်​နှစ်​ရွက်​အပြင်​ပိုမဖတ်​နိုင်​ဘဲ ​လေ့ကျင့်​လာသည့်​ခန္ဓာကိုယ်​ကပင်​ပန်းလာပြီး အိပ်​​ပျော်​သွားသည်​။
"​နောက်​ဖြစ်​မှ​နောက်​ရှင်းပဲ"
ဟုတ်​သည်​။ ​နောက်​ဖြစ်​မှ​နောက်​ရှင်းပဲ။ သူတို့​မေးရင်​ ​လေ့ကျင့်​​ရေး​တွေ​ကြောင့်​စာမဖတ်​ဖြစ်​ခဲ့ပါဘူးဟု ​ပြောရင်​ရပြီပဲ။ အ​ရေးကြီးဆုံးက ကိုယ့်​​နေ​ရောင်​ခြည်​​လေး​ဘေးမှာထိုင်​​နေရဖို့ပင်​။ master​ကျောင်းသားကြီးက စာမဖတ်​ခဲ့ဘူးဟု နာမည်​ကြီးသွား​တော့မှာပဲ။ အယ့်​ ဒါ​ပေမယ့်​ စာ​ဖတ်​တာက စာတော်​တာနဲ့ဘာမှမဆိုင်​ပါဘူး​လေ။