15
9.4K 1.5K 67
Songက ဆင်ဖြူတော်ရဲ့ရှေ့က ဈေးသည်တွေအား ခွင့်တောင်း၍ ဈေးဗန်းတွေကို ရှောင်ရှားကာ အနီးသို့တိုးကပ်ပြီး ဆင်ဖြူတော်နှစ်ကောင်အား ဓာတ်ပုံရိုက်သည်။ သူကြိုက်သလောက် ရိုက်ပြီးချိန်မှာတော့ sorryတစ်လုံးထဲကို အထပ်ထပ်ရေရွတ်လျက် ပြန်ထွက်လာလေသည်။
ထို့နောက် ဆင်ဖြူတော်တံတားကနေ အိမ်တော်ရာဘုရားသို့သွားရသည်။ ရထာက သွားနေရင်းမှ songဘက်သို့ငဲ့ကြည့်လိုက်မိသည်။
"အိမ်တော်ရာရဲ့ အရှေ့မုခ်မှာ ဆင်ဖြူတော်တံတား အနောက်မုခ်မှာ မိကျောင်းတံတားရှိတယ်၊ အရင်ကတော့ တံတားပုံစံလုံးလုံးပေါ်ပေမယ့် အခုကတော့ မြင်တဲ့အတိုင်း လမ်းလေးပဲပေါ့၊ ဆင်ဖြူ တော်တံတားက ဘိုးတော်ဘုရားလက်ထက်က တကယ်ရှိခဲ့ဖူးတဲ့ ဆင်ဖြူတော်ရဲ့ ကောင်းမှုဖြစ်တယ်တဲ့၊ ဘိုးတော်ဘုရားလက်ထက်မှာ ဟံသာဝတီဘက်က အမရပူရနေပြည်တော်ကြီးကို ဆင်ဖြူတော်တစ်စီး ဆက်ခဲ့တယ်၊အဲ့ဆင်ဖြူတော်က အဆင်းနဲ့ပြည့်စုံပြီး တစ်ကိုယ်လုံးဖြူဆွတ်နေလို့ ဘုရင်နဲ့ပြည်သူပြည်သားတွေက ချစ်ခင်ကြတယ်တဲ့"
"အဲ့ဒါနဲ့ ဘာဆိုင်လဲ"
"ငါပြောတာ ပြီးပြီလား"
ရထာ့ရဲ့စကားအဆုံး songရဲ့နောက်စိပေါ် လက်ဖဝါးတစ်ချက်ရောက်လာသည်။ တကယ်ကို ရိုက်ချင်ရင်အရပ်မမှီလည်း ခုန်ရိုက်လိုက်တာပဲလား ရထာရာ။ 
"ငါပြောမပြီးမချင်း စကားမများနဲ့"
"ဟုတ်ကဲ့"
"ဆင်ဖြူတော်ရဲ့ ဘွဲ့နာမည်က'နိဗ္ဗာနပစ္စယ နာဂဆဒ္ဒန်ဆင်´တဲ့။ဘုရင့်ဆင်တော်ဆိုတော့ စားကောင်းသောက်ဖွယ်တွေအပြင် ရွှေတွေငွေတွေလည်းရှိတာပေါ့ကွာ၊ ပုဂံမင်းလက်ထက်ရောက်တော့ အိမ်တော်ရာဘုရားတည်တဲ့အခါမှာ အလှူထည့်ဝင်စေတဲ့အနေနဲ့ ဆင်ဖြူတော်ကြီးပိုင်တဲ့ ရွှေတွေငွေတွေကို ထုခွဲပြီး အရှေ့ဘက်မုခ်တံတားထိပ်မှာ ဆင်ဖြူနှစ်စီးဆောက်ပေးခဲ့တာ။ ထူးခြားချက်က အဲ့ဆင်ဖြူတော်က လူလိုသိပြီး ပစ္စည်းတွေကိုလည်းမနှမြောဘဲ နှာမောင်းနဲ့ သူကိုယ်တိုင်ပေးတာတဲ့ "
"အင်း"
ဘာလိုလိုနဲ့ အိမ်တော်ရာဘုရားသို့ ရောက်ပြီပဲ။ သင်္ကြန်ကာလပြီးသည့်တိုင် အလှူမဆဲကျသောမြန်မာတို့က ဘုရားဝင်းရှေ့မှာ စတုဒီတာကျွေးနေသည်။