Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၅၈

92 11 0
By CrystSnow

Lucius က ပျော်စရာတွေကို နှစ်သက်တယ်. သူက ပါတီပွဲတွေတက်ရတာ သဘောကျတယ်. သူက အရက်သောက်ရတာ, စားရတာ နဲ့ ကစားပွဲတွေကို သဘောကျတယ်

ပြီးတော့ အားလုံးထဲမှာမှ Acreian ဧကရာဇ်က ကရတာကို သဘောကျသည်. သူက စွဲလမ်းရူးသွပ်နေတာမျိုးတော့ မဟုတ်ပေမဲ့ သူ့လက်မောင်းတွေထဲမှာ အမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်ထားပြီးတော့ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံစဉ်တွေနဲ့ စီးမျောကာ ကနေရတာကို သဘောကျသည်.

ဒါပေမဲ့ အခု သူကဖို့ မတ်တပ်ရပ်လိုက်ရင် သူက ယဉ်ကျေးမှုအရ Bikpa မင်းသမီးနဲ့ ကရမှာပဲဖြစ်သည်. တကယ်လို့ သူကလိုက်ရင် ဒီနေ့ညမကုန်ခင်မှာပဲ သူမကို လက်ထပ်ယူဖို့ ဖိအားပေးခံရနိုင်သည် သူမက ဒီတိုင်းပြည်ရဲ့တော်ဝင်မျိုးနွယ်ကဖြစ်ပြီး မင်းသမီးကလဲ အလိုရှိနေပုံရတာကြောင့် ဒါကဖြစ်နိုင်သည်.သေးငယ်တဲ့ တိုင်းပြည်ဖြစ်နေပေမဲ့ သူမမျိုးနွယ်ကတော့ မြင့်မြတ်နေဆဲဖြစ်သည်

Lucius ရဲ့ရည်မှန်းချက်က ကြီးမားတယ်. ပြီးတော့ သူက လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးဘူး

ပြီးတော့ Bikpa မင်းသမီးက သူသဘောကျတဲ့ပုံစံမျိုးမဟုတ်ဘူး. သူမမှာ စူးစမ်းချင်စိတ်အပြည့်ရှိတဲ့ မျက်ဝန်းတွေနဲ့ အပြစ်ကင်းတဲ့အပြုံးတွေရှိပေမဲ့ သူမက မဟုတ်သေးဘူး

တကယ်လို့ သူက အဆင့်အတန်းနိမ့်တဲ့ တခြားအမျိုးသမီးတစ်ယောက်ကို ကဖို့ရွေးချယ်လိုက်ရင်လဲ အခန်းထဲက အမျိုးသမီးတိုင်းက သူမထက် အဆင့်အတန်းနိမ့်သည်. အဲ့တာက ရိုင်းပြတဲ့အပြုအမူဖြစ်ပြီး မင်းသမီးကို စော်ကားသလိုတောင်ဖြစ်သွားနိုင်သည်.. ပြီးတော့ ဘယ်သူနဲ့ပဲ က က အဲ့အမျိုးသမီးက ဒီနေ့ညမှာ သူ့အခန်းကို အင်္ကျီမပါပဲ ရောက်ချလာနိုင်သေးသည်


'အမ်... ငါ့အခန်းကို အင်္ကျီမဝတ်ထားတဲ့အမျိုးသမီးတွေလာမှာကို မကြိုက်တာတော့ မဟုတ်ပါဘူး..'

တခြားတိုင်းပြည်တစ်ခုမှာသာ သူ့ကို လက်ဆောင်အနေနဲ့ ကမ်းလှမ်းလာရင်တော့ သူက လက်ခံမှာပဲဖြစ်သည်. ပြီးတော့ စစ်ပွဲအတ်ငင်း ဒီလိုဆင်တူရိုးမှားကိစ္စတွေလဲဖြစ်ဖူးပြီး သူ့အနေနဲ့ တစ်ခါမှ ငြင်းဆန်ခဲ့ခြင်းမရှိချေ. ဒါပေမဲ့ Yapa ရဲတိုက်မှာတော့ သူ့အနေနဲ့ အဲ့လိုမလုပ်ချင်ပေ. သူက စိတ်မသက်မသာဖြစ်နေတယ်လို့ ခံစားလိုက်ရသည်

သူဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်းမှာပဲ သူ့နားကို ဝတ်စုံနဲ့ရောက်လာတဲ့ Poliana ကို သူတွေ့လိုက်သည်. Lucius က စိတ်သက်သာရာရစွာနဲ့ ပြုံးလိုက်သည်

တကယ်လို့ သူက သူ့ကိုကာကွယ်နေတဲ့ သူ့ကိုယ်ရံတော်နဲ့သာ ကလိုက်ရင် မင်းသမီးကို စော်ကားရာလဲ မရောက်တော့ပေ. ပြီးတော့ သူ တစ်ညလုံးတောင် ကနေနိုင်တယ်!

'ဟုတ်ပြီ! ကကြစို့!'

Lucius ကတောက်ပစွာနဲ့ပြုံးလိုက်ပြီးတော့ မတ်တပ်ရပ်ဖို့ပဲရှိသေးတယ် ရုတ်တရက် Poliana က သူ့ကို ပြောလိုက်သည်

"ကျွန်မ မကဘူး"

"Sir Poliana?"

"အစ်မ!"

"ကျွန်မတောင်းပန်ပါတယ် အရှင် ဒါပေမဲ့ ကျွန်မ မကချင်ဘူး"

Poliana က သူမစကားကို သေသေချာချာပြောလိုက်ကာ သူမဧကရာဇ်နဲ့ ဝေးရာကို လျှောက်သွားလိုက်သည်. သူမက ခုံတစ်လုံးကိုဆွဲယူကာ Lucius ရဲ့နောက်မှာ ထိုင်လိုက်သည်

Lucius က Sir Donau ကို သိချင်စိတ်အပြည့်နဲ့ တီးတိုးပြောလိုက်သည်

"အမ်... Sir Poliana က အခုရာသီလာနေလို့လား?"

"ကျွန်တော်သိရသလောက်တော့ သူမနောက်ဆုံးရာသီလာပြီးတည်းက ပုံမှန်မလာတာ နှစ်နဲ့ချီပြီ"

'အို့'

ရုတ်တရက် Lucius က အခြေအနေကို တွက်ဆလို့ရသွားသည်. စစ်ထဲမှာ ဆယ်နှစ်လောက်စစ်မှုထမ်းနေတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ရာသီပုံမှန်မလာတာလိုမျိုး ကျန်းမာရေးပြဿနာတွေရှိနိုင်တာကို သူနားလည်သည် ပြီးတော့ စစ်ပွဲဆိုတာမျိုးက စိတ်ဖိစီးမှုနဲ့တခြား ခန့်မှန်းလို့မရတာတွေဖြစ်တတ်သေးသည်. စစ်သားတစ်ယောက်က အာဟာရမပြည့်ဝတာနဲ့ အိပ်ရေးပျက်တာ ကောင်းမွန်စွာသန့်ရှင်းရေးမလုပ်နိုင်တာ စတဲ့ ပြဿနာတွေ ကြုံတွေ့နိုင်သေးသည် အမှန်ပြောရရင် ရာသီမလာတာက ပိုတောင်ကောင်းနေသေးသည်

အဲ့တာက ခန္ဓာကိုယ်အတွက် ပိုသန့်ရှင်းပြီးတော့ သက်တောင့်သက်သာဖြစ်နိုင်သေးသည်

ကြည့်ရတာ Poliana က မမျှော်လင့်ပဲ ဒီနေ့ သူမရာသီလာနေတာဖြစ်မည်. သူမရဲ့တောင့်တင်းနေတဲ့မျက်နှာနဲ့ ထူးဆန်းတဲ့လမ်းလျှောက်ပုံက သက်သေခံနေသည် ဧကရာဇ်ဆီကနေ "ရာသီလာတယ်" ဆိုတဲ့စကားလုံးကို ပြောတာကြားလိုက်ရတော့ Sir Donau ရဲ့ခေါင်းထဲမှာ ထူးဆန်းတဲ့အတွေးတွေ ပြည့်သွားသည်. တကယ်လို့ သူမက အခုမှ ရာသီစလာတာဆိုရင်ရော ဘယ်လိုလုပ်မလဲ? လူငယ်လေးရဲ့မျက်နှာက ရှက်ရွံ့ကာ နီရဲလာသည်

Lucius က Poliana ကို ဂရုစိုက်ဖို့ Donau ကို လွှတ်လိုက်သည်. သူက စာနာစွာနဲ့ တွေးလိုက်သည်.

'သူမရာသီလာတာ ပုံမှန်ပြန်ဖြစ်သွားဖို့ မျှော်လင့်တယ်. အဲ့တာမှ သူမက မမြုံတော့မှာ. တကယ်လို့ သူမက ကလေးမမွေးနိုင်ရင်... ဘယ်လောက်ဝမ်းနည်းနေမလဲ'

ဧကရာဇ်က Poliana ရဲ့မျက်နှာကို သေချာကြည့်ကာ သူမဘယ်လိုခံစားနေရလဲဆိုတာ သိဖို့ ကြိုးစားနေသည်. Poliana ကလဲ သူမဧကရာဇ်ကို ကြည့်နေပြီး တခြားနေရာကို အကြည့်မလွှဲသွားပေ ဒါပေမဲ့ သူမ သူ့ကိုကြည့်တဲ့အကြည့်က Bikpa မင်းသမီး Lucius ကို ကြည့်တဲ့အကြည့်နဲ့ မတူပေ. သူ့ကိုယ်ရံတော်ရဲ့အကြည့်မှာတော့ သူမခန္ဓာကိုယ်က မသက်မသာဖြစ်နေတာတောင်မှ သူ့ကို သေချာကာကွယ်ဖို့ ဆုံးဖြတ်ထားတာကို Lucius သေချာမြင်နိုင်သည်. Lucius က သဘောကျသွားပြီး ကျေးဇူးတင်မိနေသည်

သူက သူ့ရဲ့သစ္စာရှိ အမျိုသမီးစစ်သည်ကို ရာထူးတိုးပေးဖို့ လိုနေပြီလို့ ဆုံးဖြတ်လိုက်သည်. သူမရဲ့စစ်မှုထမ်းသက်တမ်းကိုကြည့်လိုက်ရင် ဒါက တော်တော်လေးတောင် လွန်နေပြီဖြစ်သည် သူ့စစ်တပ်ထဲက တခြားစစ်သည်တွေကလဲ သူမကို လက်ခံလာပြီဖြစ်တာကြောင့် နောက်ထပ်ဆန့်ကျင်လာမှာကို သူ မမျှော်လင့်တော့ပေ..

အင်း..... Sir Ainno က လွဲပြီးတော့ပေါ့

'ဒါနဲ့ Inno က ဘယ်တော့မှ လာမှာလဲ?'

Bikpa မှာ အောင်ပွဲရစစ်သည်တွေက သူတို့ရဲ့ ညစာစားပွဲမှာ နောက်ဆုံးမှ ရောက်လာတာက ထုံးစံဖြစ်သည်. Acreia မှာတော့ ဘယ်လိုရာထူးနေရာကလူပဲဖြစ်ဖြစ် လူတိုင်းက အခမ်းအနားကို တစ်ချိန်တည်းရောက်အောင်လာကြတာကြောင့် Lucius အနေနဲ့ ထူးဆန်းနေသည်

'ဟမ်....'

သူတို့က သူ့ကို စောင့်နေတာကြာလှပြီ. Sir Ainno အဆင်သင့်ဖြစ်ဖို့ ဒီလောက်အကြာကြီးမလိုအပ်ဘူးလို့ Lucius ထင်လိုက်သည်. နောက်ထပ် မိနစ်အနည်းငယ်စောင့်ပြီးချိန်မှာတော့ သူက Gali ဘက်လှည့်ကာမေးလိုက်သည်

"ငါ့ရဲ့စစ်သည်တွေက ဘယ်တော့လာမှာလဲ?"

"မလာဘူး.. သူတို့ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး"

Gali က မကောင်းဆိုးဝါးတစ်ကောင်လို ရယ်လိုက်ချိန်မှာတော့ အခန်းတံခါးက ပိတ်သွားခဲ့သည်. Bikpa အစောင့်တွေနဲ့ စစ်သည်တွေက သူတို့ဓါးတွေနဲ့ လှံတွေကို ထုတ်လိုက်ကြသည်

"GYAA!!"

Bikpa မင်းသမီးက ကြောက်လန့်စွာနဲ့ အော်ဟစ်လိုက်ပြီး သူမအကူတွေက သူမကို ကာကွယ်ဖို့ ဝန်းရံလိုက်ကြသည်. Gali က နှာတစ်ချက်မှုတ်လိုက်ပြီး သူ့လူတွေက Acreians တွေကို ဒေါသတကြီးကြည့်လိုက်ကြသည် Bikpa အထက်တန်းလွှာကလူတွေကလဲ ဒီလှည့်ကွက်ကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေကြသည်

Acreian စစ်သည်တွေက သူတို့ဓါးကိုယူဖို့ လုပ်လိုက်ကြပေမဲ့ သူတို့မှာ လက်နက်တွေမရှိကြပေ. စစ်သည်တွေက သူတို့နေရာမှာပဲ ရပ်နေကြသည်. Lucius ကတော့ တည်ငြိမ်စွာနဲ့ ဆက်ရှိနေသည် သူက ဘေးပတ်ပတ်လည်ကိုကြည့်ကာ အခြေအနေကို တွက်ချက်နေသည်. သူကြည့်ရသလောက်တော့ Bikpa မင်းသမီးက ဒီအစီအစဉ်ကို သိနေပုံမရပေ. အဲ့တာက ဖြစ်နိုင်ချေရှိသည်. Gali လို လူမျိုးက သူ့သမီးကို ယုံကြည်စွာနဲ့ တိုင်ပင်မဲ့သူမျိုးမဟုတ်ချေ. ဒါမှမဟုတ်. Bikpa ဘုရင်က သူ့သမီးအနေနဲ့ Lucius ကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်နိုင်သည်


ဘာပဲဖြစ်ဖြစ် ညစာစားပွဲက ပြီးဆုံးသွားပြီး Lucius က မပျော်တော့ပေ.


'ငါ တစ်ခါမှတောင် မကရသေးဘူး'

Lucius က Bikpa ဘုရင်ကို စိုက်ကြည့်လိုက်သည်. အစတည်းက ဒီတကိုယ်ကောင်းဆန်တဲ့သူက သူ့လူတွေကို အသုံးချထားလို့ Lucius က သူ့ကိုမုန်းတီးနေတာ, ပြီးတော့ ပြိုင်ပွဲ? 

သူက ဒီလိုမိုက်မဲတဲ့အကြံဉာဏ်တွေကို ကြံစည်ခဲ့ပြီး သူရှုံးသွားတော့ သူက နောက်ထပ် ထောင်ချောက်ဆင်ခဲ့သည်

ဒီလူက ဘုရင်မဟုတ်ပေ.

Gali က လက်နက်ချသဘောတူညီချက်ကို လက်မှတ်ထိုးပြီးတာတောင် ဒီလိုအကွက်ရွေ့နေတာကြောင့် Lucius က အံ့ဩနေသည်

Acreian ဧကရာဇ်က အော်ငေါက်လိုက်သည်

"ဒါဘာအဓိပ္ပါယ်လဲ?!"

Gali က ပြန်ဖြေလိုက်သည်

"မင်းအဖမ်းခံလိုက်ရပြီ"

"မင်းငါ့ဆီမှာ အညံ့ခံပြီးသားလေ. မင်းသဘောတူညီချက်မှာလဲ လက်မှတ်ထိုးပြီးသွားပြီ. မင်းမမှတ်မိဘူးလား?"

"အဲ့ဒီ့စာရွက်အပိုင်းအစလား? ငါတစ်စစီဆွဲဖြဲလိုက်ရုံပဲ"

တော်ဝင်မျိုးနွယ်တွေ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေက ဒေသတစ်ခုလုံးရဲ့ ဥပဒေနဲ့အညီ ချုပ်ဆိုပြီးသားဖြစ်သည်. ဒီလိုစာချုပ်တွေကို တော်ဝင်မိသားစုဝင်တွေနဲ့အဆင့်အတန်းမြင့်အထက်တန်းလွှာတွေကသာ လက်မှတ်ရေးထိုးနိုင်သည်. သာမာန်လူတန်းစားတွေအနေနဲ့ သူတို့ကစာဖတ်တတ်ရင်တောင် ဒီလိုစာချုပ် ချုပ်ဆို၍မရပေ. တစ်ယောက်ယောက်က စာချုပ်ကို ချိုးဖောက်လိုက်ရင် အဲ့ဒီသူတွေက သူတို့ရဲ့ စည်းစိမ်တွေနဲ့ ဘွဲ့ထူးတွေကို မျိုးရိုး ၃ ဆက်စာ ဆုံးရှုံးရမှာဖြစ်သည်.

Gali က နှာမှုတ်ကာ ဆက်ပြောလိုက်သည်

"ငါစာချုပ်ကို ဖျက်ဆီးပြီးတော့ သက်သေတွေကို သတ်လိုက်ရုံပဲ. ဒါမှမဟုတ် မင်းက ငါ့ဆီမှာအညံ့ခံလိုက်တယ်ဆိုတဲ့ စာချုပ်ထပ်လုပ်ပြီး မင်းကို လက်မှတ်ထိုးခိုင်းလိုက်ရုံပဲ မင်းငါ့ဆီရောက်လာတာ အမှားကြီးမှားသွားတာပဲ!"

"မင်းကသာ စိတ်လွတ်သွားတာ. ငါမင်းကို ဒီလောက်ထိ မိုက်မဲလိမ့်မယ်လို့ မထင်ခဲ့မိလို့ ငါမင်းကို ယုံပေးခဲ့တာ, ကြည့်ရတာ ငါထင်တာမှားသွားတဲ့ပုံပဲ"

"မင်းဘယ်လောက်ကြာကြာ ဒီလိုပြောနိုင်ဦးမလဲ?"

Gali က မတ်တပ်ရပ်လိုက်တော့ သူ့အစောင့်တွေနဲ့ စစ်သည်တွေက Acreian တွေကို ဝိုင်းလိုက်ကြသည်. Lucius က ဒေါသထွက်လာပြီး အော်လိုက်သည်

"မင်းဖိတ်ထားတဲ့လူတွေကို တိုက်ခိုက်တယ်! အတင့်ရဲလိုက်တာ!မင်းကို ခွင့်လွှတ်လို့မရတော့ဘူးပဲ"

Lucius က မီးတောက်တွေလို တောက်လောင်နေတဲ့အကြည့်တွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်. သူက ဆွဲဆောင်မှုရှိပြီး စွမ်းအားကြီးတဲ့ တကယ့်ဧကရာဇ်တစ်ပါးဖြစ်သည်. Lucius က ဆက်ပြောလိုက်သည်.

"မင်းတို့လက်နက်တွေချလိုက်! ဒီမှာရပ်နေတဲ့လူက မင်းတို့ဘုရင်မဟုတ်တော့ဘူး. မင်းတို့က ဒီလိုဉာဏ်များပြီးလှည့်စားတတ်တဲ့လူဆီမှာ ဆက်ပြီးတော့ သစ္စာရှိချင်ကြသေးတာလား? ကိုယ့်စကား ကိုယ်မတည်နိုင်တဲ့သူတစ်ယောက်ဆီမှာ မင်းတို့က ဆက်ပြီးအမှုထမ်းချင်နေသေးတာလား?"

Lucius ရဲ့ ယုံကြည်ချက်အပြည့်နဲ့ ပြောတဲ့ စကားတွေကို ကြားလိုက်တော့ Bikpa လူတစ်ချို့က တုန့်ဆိုင်းသွားကြသည်. Acreian ဧကရာဇ်က ဆက်ပြောလိုက်သည်

"ဒီလူက သူ့တိုင်းပြည်ကို စွန့်လွှတ်ပြီးသား! သူက သူ့လူတွေကို မကာကွယ်နိုင်တော့ဘူး! သူက ဒီစစ်ပွဲကို ပြိုင်ပွဲတစ်ခုနဲ့အလောင်းအစားလုပ်ပြီးတော့ အနိုင်ရချင်ခဲ့တယ်! သူက မင်းတို့မိသားစုတွေဆီကနေ အားလုံးကို လုယူခဲ့တယ်! သူက မင်းတို့ရဲ့သစ္စာရှိမှုနဲ့ ထိုက်တန်တယ်လို့ မင်းတို့ထင်နေတုန်းလား? Bikpa က လွတ်လပ်တဲ့တိုင်းပြည်မဟုတ်တော့ဘူး!  မင်းတို့ ဒီနေ့ညမှာ ငါ့ကိုသတ်လိုက်ရင်တောင် မင်းတို့ကို တခြားတိုင်းပြည်တွေက အပြစ်ပေးဦးမှာပဲ. တခြားဘုရင်တွေက ဒီလူ့ကို အလွတ်ပေးမှာမဟုတ်ဘူး. စာချုပ် ဖောက်ဖျက်တဲ့အတွက် မင်းတို့ကိုလဲ အပြစ်ပေးလိမ့်မယ်! မင်းနဲ့ မင်းတို့မိသားစုတွေက ကျွန်အဖြစ်အသိမ်းခံမှာ ဒါမှမဟုတ် ကွပ်မျက်ခံရမှာ အသေအချာပဲ. ငါပြောတာသေချာနားထောင်. မင်းတို့ဘုရင်က မင်းတို့ကို စွန့်ပစ်ခဲ့တာ ဒါ့ကြောင့် မင်းတို့လက်နက်တွေချလိုက်တော့!"

Continue Reading

You'll Also Like

4.5K 366 14
Aval വരുന്നു....മുഴുവൻ mystery niranju കൊണ്ട്.. തന്നിലെ pastine കണ്ട് പിടിക്കാൻ ശ്രേമിക്കുന്നു.. കൂടെ അവളും.. ഇനയുടെ സ്വന്തം അഭിയായി.. അവരിലെ പഴയ കാല...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
39.4K 546 14
Mikey was in is home cleaning and he heard is brothers talking about him behind is back and he spyed on them.
3M 86.8K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...