Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၅၅

89 15 0
By CrystSnow

Gali က ကွင်းအလယ်ကို မျက်နှာသေကြီးနဲ့ လျှောက်လာသည်. သူ့ကို အစေခံတွေက ဖေးမထားပြီး သူ့ကြည့်ရတာ အရမ်းလန့်နေသေးပုံရသည်. သူ့ရဲ့အကောင်းဆုံးစစ်သည်တွေက တစ်ယောက်ပြီးတစ်ယောက်မြင်းပေါ်ကနေပြုတ်ကျသွားတာကို သူ ကြည့်ခဲ့ရတာကြောင့် သူထိတ်လန့်နေတာက နားလည်လို့ရသည်  

Sir Ainno က ပွဲတိုင်းကို အလွယ်တကူအနိုင်ရလိုက်တာကြောင့် Bikpa ဘက်က လူတွေက အခုထိ အံ့အားသင့်နေကြဆဲဖြစ်သည်

Sir Ainno ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုသိနေပုံရသည်. ဒီနေ့ပြိုင်ပွဲက အထင်ကရပွဲဖြစ်ခဲ့ပေမဲ့ Acreian စစ်သည်တွေကတော့ ပျော်နေပုံမရပေ အထူးသဖြင့် ပြိုင်ပွဲမှာပါဝင်ဖို့အတွက် ရွေးချယ်ခံထားရသူတွေက စိတ်တိုနေပုံရသည်

သူတို့အားလုံးက တူညီတဲ့အတွေးတစ်ခုတည်းကို တွေးနေကြသည်. တကယ်လို့ Sir Ainno က ပြိုင်ပွဲကို ဒီလိုအနိုင်ယူဖို့ဆုံးဖြတ်ထားရင် သူတို့ ပင်ပင်ပန်းပန်းလေ့ကျင့်ထားတာတွေက ဘာလုပ်ရမှာလဲ? Sir Ainno က ဒီလိုရလဒ် ရမှာကို သိနေရင် ဘာလို့သူတို့ကို ရက်စက်ခဲ့တာလဲ?

"ငါတို့ သူ့ကို တစ်ခုခုပြန်လုပ်ရမယ်မလား?"

Sir Ainno ကို ပြန်လုပ်ဖို့ဆိုတာက မဖြစ်နိုင်ပေ. သူက အရာအားလုံးမှာ ထူးချွန်နေတာ, သူက အကောင်းဆုံးမိသားစုကနေလာတယ်, တိုက်ခိုက်ရေးမှာလဲ အကောင်းဆုံးဖြစ်တယ်. Sir Ainno ကို တစ်ခုခုလုပ်နိုင်တဲ့ Lucius တောင်မှ သူ့ကိုအများကြီးအပြစ်ပေးလို့မရပေ.

ဒီပြိုင်ပွဲမှာ ဝင်မပြိုင်ဖို့အတွက် သေချာမငြင်းမိခဲ့လို့ Sir Bentier က နောင်တရနေသည်. သူက အကြိမ်အနည်းငယ်ငြင်းဆန်ခဲ့ပေမဲ့ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ငြင်းခဲ့သင့်တာ သူက ဒုတပ်မှူးဖြစ်တာကြောင့် ဒီပြိုင်ပွဲကို ဝင်မပြိုင်သင့်ဘူးလို့ ပြောခဲ့သင့်တာ ဒါပေမဲ. အားလုံးကနောက်ကျသွားခဲ့ပြီ. Sir Bentier အခုလုပ်နိုင်တာဆိုလို့ အနာဂတ်မှာ ဒီလိုကိစ္စမျိုးထပ်မလုပ်မိစေဖို့ ကျိန်ဆိုလိုက်တာပဲဖြစ်သည်

Bikpa က လက်နက်ချတဲ့သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်သည် သက်သေခံတွေအားလုံးက လက်မှတ်ထိုးပြီးတော့ Lucius က ကျေနပ်နေတဲ့အပြုံးနဲ့ သဘောတူညီချက်စာချုပ်ကို သိမ်းယူလိုက်သည် Gali ကထပ်ပြီးတော့ လဲကျတော့မလိုဖြစ်သွားကာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်

Gali က Lucius ရှေ့သွားကာ ဒူးထောက်လိုက်ပြီး သစ္စာဆိုလိုက်သည်. Bikpa ဘုရင်အနေနဲ့ သူက နောက်ဆုံးတောင်းဆိုချက်ကို တောင်းဆိုလိုက်သည်

"ဒီပြိုင်ပွဲမှာပါဝင်တဲ့ စစ်သည်တွေအတွက် ဂုဏ်ပြုညစာစားပွဲကို ကျင်းပခွင့်ပေးပါ. ဒီနေ့ည ညစာစားပွဲပြီးတဲ့အချိန်အထိ ကျွန်တော့်သရဖူကို ဆောင်းခွင့်ပေးပါ"

"ငါခွင့်ပြုတယ်"


'သူနိုင်မယ်လို့များ ထင်ခဲ့တာလား?'

Lucius က သဘောထားကြီးစွာနဲ့ တောင်းဆိုချက်ကို ခွင့်ပြုလိုက်သည်. ညစာစားပွဲကျင်းပဖို့ စီစဉ်ထားတာကိုကြည့်လိုက်ရင် Gali က ဒီပြိုင်ပွဲကို အနိုင်ရမယ်လို့ သေချာတွက်ထားတာဖြစ်ရမည်. ပြိုင်ပွဲတစ်ခုလုပ်ပြီးတော့ တိုင်းပြည်ကိုလက်လွှဲယူတာက အစတည်းက ရယ်စရာကောင်းတဲ့အကြံအစည်ဖြစ်သည်. Bikpa စစ်သည်တွေက Sir Ainno ရဲ့ ပြိုင်ဘက်မဟုတ်တာကို ပိုပြီးတော့ ဝမ်းနည်းစရာကောင်းသွားသည်

Sir Ainno က အရမ်းတော်လွန်းတယ် မြန်လွန်းတယ်. သူက ပြိုင်ပွဲမှာ မြန်မြန်အနိုင်ရသွားတော့ ပျင်းစရာတောင်ကောင်းသွားတယ်. စစ်သည်တွေအားလုံးကလဲ သူအရမ်းတော်နေတာကို မုန်းတီးနေကြသည်

နောက်ဆုံးမှာတော့ Yapa ရဲတိုက်တံခါးဟာ Gali ရဲ့အမိန့်အရ ပွင့်လာသည်. Lucius က စိတ်လှုပ်ရှားစွာနဲ့ အထဲဝင်သွားလိုက်သည်. သူဝင်လိုက်သလိုပဲ တခြား Acreian တွေကလဲ ဝင်ဖို့ ကြိုးစားတဲ့အခါ Bikpa စစ်သားတွေက သူတို့ကို ရပ်တန့်လိုက်ကြသည်. Lucius က ညစာစားပွဲပြီးတဲ့အချိန်အထိ Bikpa ဘုရင်ရဲ့အဆင့်အတန်းကို ခွင့်ပြုထားပေးတာကြောင့် Acreian ဧကရာဇ်က ဧည့်သည်အဖြစ် ယူဆလို့ရသည် ဒါကြောင့် စစ်သားအနည်းငယ်ကိုသာ သူနဲ့အတူ ဝင်ခွင့်ပြုသည်. လက်နက်အပြည့်အစုံပါရှိတဲ့ စစ်သားတွေအများကြီးနဲ့ ရှင်ဘုရင်တစ်ပါးရဲ့ ရဲတိုက်ထဲကို ဝင်ရောက်တာဟာ ရိုင်းပြတဲ့ အပြုအမူဖြစ်သည်

Yapa ရဲတိုက်အတွင်းပိုင်းဟာလဲ ပြင်ပလိုပဲ ကြီးကျယ်ခမ်းနားစွာပြင်ဆင်ထားသည်. လှပခမ်းနားတဲ့အနုပညာလက်ရာတွေနဲ့ ပြင်ဆင်ထားတဲ့ အခန်းပေါင်းများစွာလဲပါရှိသည်

ရဲတိုက်က အလွန်ကြီးမားပြီး Lucius နဲ့ သူ့စစ်သည်တွေအတွက် လုံလောက်တဲ့သီးသန့်ခန်းတွေရှိသည်. Gali က Lucius ကို သူနားနေမဲ့အခန်းကို ကိုယ်တိုင်လိုက်ပြလိုက်သည်

Acreian စစ်သည်တွေကိုတော့ Bikpa အစေခံတွေက သူတို့အတွက် သီးသန့်ပြင်ထားတဲ့အခန်းတွေကို သီးခြားစီခေါ်သွားလိုက်ကြသည် 

Sir Ainno က Lucius နောက်ကို လိုက်သွားတဲ့အခါမှာတော့ Gali က သူ့ကို ပြောလိုက်တယ်

"ဒီနေ့ရဲ့အနိုင်ရသူအတွက် သီးသန့်တစ်ခန်းပြင်ပေးထားတာရှိပါတယ်. ကျွန်တော့်အစေခံတွေက လမ်းပြပါလိမ့်မယ်."

ဒါပေမဲ့ Sir Ainno က ငြင်းဆန်လိုက်တယ်

"ငါက အရှင့်ရဲ့ကိုယ်ရံတော်မို့လို့ ငါအရှင့်ဘေးကနေမခွာနိုင်ဘူး. ပြီးတော့ ငါပင်လဲမပင်ပန်းဘူး ငါနားစရာမလိုဘူး"

Lucius က Sir Ainno ဘက်လှည့်ကာ အမိန့်ပေးလိုက်သည်

"Inno, Sir Poliana က ငါနဲ့အတူရှိမှာ မင်းသွားနားလိုက်"

"အရှင်!"

"သွား"

"မသွားဘူး. ကျွန်တော်မသွားဘူး!"

ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်အနေနဲ့ ဧကရာဇ်ရဲ့လုံခြုံရေးနဲ့ ပတ်သက်လာရင် ဧကရာဇ်ရဲ့အမိန့်ကိုတောင် Sir Ainno က ငြင်းဆန်ခွင့်ရှိသည်. Sir Ainno က ဆက်ပြီးငြင်းဆန်နေတော့Lucius က မျက်မှောင်ကြုံ့လာသည်.


 နောက်ဆုံးမှာတော့ Sir Rabi က Sir Ainno ဆီသွားကာ သူ့ကို ဆွဲခေါ်လိုက်သည်

Sir Ainno က အော်ဟစ်နေတယ်

"ငါ့ကိုလွှတ်!"

"ငါတို့အခန်းကိုသွားကြစို့"

"ARGHH!"

Acreia ရဲ့အကောင်းဆုံးစစ်သည်တောင်မှ Sri Rabi ရဲ့ ဟာကြူလီလိုစွမ်းအားကို မနိုင်ချေ. နောက်ဆုံးမှာတော့ Sir Ainno က လက်လျော့လိုက်ပြီး အစေခံတွေခေါ်ရာနောက်ကို လိုက်သွားလိုက်ရသည် တခြားစစ်သည်တွေကလဲ သူတို့အခန်းတွေကို သွားလိုက်ကြသည်

Gali နောက်ကနေလိုက်ရင်းနဲ့ Lucius က ရဲတိုက်အတွင်းပြင်ဆင်ထားတာတွေကို ပျော်ရွှင်စွာနဲ့ ကြည့်နေသည်. သူက သဘောထားကြီးစွာနဲ့ ချီးကျူးနေပြီး Gali ကတော့ မျက်နှာမကောင်းချေ. ဒီနေ့က သူ့ကိုယ်ပိုင်ရဲတိုက်မှာ နောက်ဆုံးနေခွင့်ရတဲ့ရက်ဖြစ်နေတာကြောင့် Gali ကဒေါသထွက်နေသည်. သူက ဟန်ဆောင်ပြုံးဖို့ ကြိုးစားနေပေမဲ့လဲ ကျရှုံးနေဆဲဖြစ်သည်

စိတ်မသက်မသာဖြစ်နေတာကြောင့် Gali က ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်သည်

"စစ်ပွဲအလယ်မှာဆိုတော့ အရှင့်အနေနဲ့ ဝတ်စုံလုံလုံလောက်မရှိမှာ သေချာတယ် ဒါကြောင့် ကျွန်တော်ကြိုတင်ပြင်ဆင်ထားတာရှိပါတယ် အရှင်"

"မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

Lucius က ဖက်ရှင်နဲ့ပတ်သတ်ပြီး စိတ်ဝင်စားတာကြောင့် နယ်မြေသိမ်းတိုက်ပွဲအတွက် ထွက်ခွာလာချိန်မှာတောင် အမျိုးမျိုးသောအဝတ်အထည်တွေနဲ့ အဆင်တန်ဆာတွေကို သူနဲ့အတူ သယ်လာခဲ့သည် အထက်တန်းလွှာတွေ, တော်ဝင်မျိုးနွယ်တွေဆီကနေ လက်နက်ချသဘောတူညီချက်တွေ လက်မှတ်ထိုးတဲ့အခါ, စေ့စပ်ညှိုနှိုင်းတဲ့အခါ, လူထုနဲ့ တွေ့ဆုံရတဲ့အခါ စတဲ့ အခမ်းအနားအသီးသီးမှာ သူ့အနေနဲ့ အမြဲကြည့်ကောင်းနေဖို့ လိုအပ်တယ်ဆိုတာကို သူက သိနေခဲ့သည်

ဒါပေမဲ့ သူ့ရဲ့အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံးဝတ်စုံတွေကတော့ Acreia မှာ ကျန်နေခဲ့သည်. အဲ့ဝတ်စုံတွေက အရမ်းလေးလံတာ ဒါမှမဟုတ် တန်ဖိုးကြီးလွန်းတာကြောင့် သူနဲ့အတူ မယူလာခဲ့ပေ. Gali ရဲ့ကမ်းလှမ်းချက်က ကျိုးကြောင်းညီညွတ်ကာ သင့်လျော်တဲ့ ကမ်းလှမ်းချက်ဖြစ်သည်. ဒါပေါ့ Gali သူ့ကို "ငှား"ပေးတဲ့ဝတ်စုံတွေအပါအဝင် ဒီရဲတိုက်ထဲမှာရှိတဲ့အရာအားလုံးက မနက်ဖြန်ဆိုရင် Lucius ရဲ့ပိုင်ဆိုင်မှုတွေဖြစ်လာမှာပဲဖြစ်သည် Acreian ဧကရာဇ်က အတွေးနဲ့တင် ကျေနပ်နေသည်. Gali က ယဉ်ကျေးစွာပြုမူနေတာကြောင့် Lucius အနေနဲ့ သူ့ကို သဘောထားကြီးပေးရမယ်လို့ မဆိုလိုပေ ဒါက စစ်ပွဲဖြစ်သည်. Bikpa က လက်နက်ချသဘောတူညီချက်စာချုပ်ကိုလဲ လက်မှတ်ထိုးပြီးနေပြီ.

Gali က Lucius ကို မြှောက်ပင့်ပြောဆိုနေသည်

"အရှင်က တကယ့်ကို အရမ်းလှတာပဲ. ကောလဟာလတွေက ချဲ့ကားပြောဆိုထားတယ်ထင်နေတာ ကြည့်ရတာအမှန်တကယ်ပဲ"

Gali က နောက်လှည့်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်. သူ့ကြည့်ရတာ တစ်ယောက်ယောက်ကို ရှာနေပုံရသည်. Lucius ကမေးလိုက်တော့ Gali က ပြန်ဖြေလာသည်

"အရှင့်ရဲ့မိန်းမလို့ပြောကြတဲ့ လှပတဲ့ အမျိုးသမီးစစ်သည်ကရော ဘယ်မှာလဲ?"

Poliana က သူမဧကရာဇ်နောက်မှာ ရပ်နေတာဖြစ်သည်. Lucius က ပြုံးလိုက်ကာ သူမကို လက်ညှိုးထိုးပြလိုက်သည်  Gali မျက်နှာက မယုံကြည်နိုင်ဘူးဆိုတဲ့ အရိပ်အရောင်တွေ ထွက်ပေါ်လာသည်. သူ့သမီး, Bikpa မင်းသမီးက စိတ်ပျက်သွားတာကြောင့် သူမက အကျယ်ကြီးပြောလာတယ်

"သူမက ကောလဟာလတွေထဲကလို ဆွဲဆောင်နိုင်တဲ့အလှမျိုးလဲမရှိဘူး"

သူမက အကျယ်ကြီးပြောလိုက်တာကြောင့် လူတိုင်းကြားလိုက်သည် Galia က သူ့သမီးကို အပြစ်မပြောတဲ့အတွက်ကြောင့် Lucius ကလဲ ခွင့်လွှတ်ပေးလိုက်ကာ ဘာမှပြန်မပြောလိုက်ပေ

တကယ်တော့ သူက Poliana ကို တွေဝေနေတဲ့အမူအရာနဲ့ကြည့်နေသည်. သူ့ကြည့်ရတာ Sir Ainno ပြိုင်ပွဲကို အနိုင်ရသွားတဲ့အချိန်တုန်းကထက် ပိုဆိုးနေသည်

Poliana က Bikpa ဘုရင်ရဲ့ဘောလုံးကိုကန်ဖို့ စဉ်းစားလိုက်ပေမဲ့ သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်. လူတွေက ဆွဲဆောင်မှုရှိတဲ့အလှလေးကို မြင်ရမယ်လို့ မျှော်လင့်ထားကြပေမဲ့ သူမကိုတွေ့တဲ့အခါမှာတော့ ထိတ်လန့်သွားတတ်ကြသည် အနည်းဆုံးတော့ Poliana က သူမခေါင်းတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့လက်ကိုင်ပုဝါကိုစီးထားဆဲဖြစ်သည်. တကယ်လို့ မင်းသမီးက သူမရဲ့ကတုံးဖြစ်လုနီးပါးခေါင်းကိုသာ တွေ့လိုက်ရင်တော့ သူမ မေ့လဲသွားနိုင်တယ်လို့တောင် Poliana ထင်လိုက်သည်

သူတို့က Lucius ဘယ်လောက်လှတယ်ဆိုတာ တွေ့ပြီးတဲ့အခါမှာ သူတို့အနေနဲ့ အရမ်းလှပတဲ့ မိန်းမပျိုလေးကို တွေ့ရဖို့ မျှော်လင့်ထားတာကြောင့် သူတို့တုန့်ပြန်ချက်တွေက ပိုဆိုးသွားသည်

Poliana က ဒီလိုဆက်ဆံခံရတာကို နေသားကျပြီးဖြစ်တာကြောင့် သူမ စိတ်မဆိုးတော့ချေ.

Continue Reading

You'll Also Like

806K 8.1K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
1.3K 152 63
တစ်နေ့တစ်ခန်းတင်ပါတယ်။ ဟာသစာစဥ်လေးပါ။
5.7K 437 59
ငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစာ...
28.6K 2.6K 123
Uni & Zawgyi အပိုင်း ၁ မှ​ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)