ေက်ာင္းရဲ႕ထမင္းစားေဆာင္မွာ deanႏွင့္ေနေစာကို ထိုင္ေစာင့္ေနသည္။ penzanceကိုသြားဖို႔ရာ အခုကတည္းကႀကိဳတင္ျပင္ဆင္ထားဖို႔ တိုင္ပင္ၿပီး လိုအပ္တာေတြကိုဝယ္ရေပေတာ့မည္။ penzanceကို အဓိကထားသြားရျခင္းအေၾကာင္းက ေက်ာက္ေတာင္ေတြေပၚကေန အဆံုးမ႐ွိေသာပင္လယ္ျပင္ႀကီးကို ေတြ႔ျမင္ရလို႔ျဖစ္သည္။ အဆံုးမ႐ွိတဲ့ ထိုပင္လယ္နီလာျပင္ႀကီးကိုၾကည့္လ်က္ အေတြးေတြကိုလည္း အဆံုးမ႐ွိေတြးလိုက္ခ်င္သည္။ ထိုနီလာျပင္ကို အဝဆံုးေငးေမာၿပီးလ်င္ေတာ့ မိုးေကာင္းကင္ႀကီးကိုေမာ့ၾကည့္ကာ တိမ္ေတြရဲ႕အနီးဆံုးေရာက္ေနေသာခံစားခ်က္ကို ခံစားခ်င္မိပါ၏။ ထိုအရာေတြအားလံုးကို songပဲ ျဖည့္ဆည့္ေပးမွာဆိုတာေတာ့ မယံုမျဖစ္ယံုရမည့္ ျပယုဂ္တစ္ခုပင္။
"song၊ ပင္လယ္ေတြနဲ႔လည္း နီးတယ္ေလ၊ ေဆာင္းတြင္းႀကီးသြားေတာ့မခ်မ္းဘူးလား၊ ငါလန္ဒန္ကအခ်မ္းေတာင္မခံႏိုင္တာ၊ဟိုဆိုပိုဆိုးမယ္ေနာ္"
ေျပာၿပီး ၾကက္ေၾကာ္ကိုတစ္ကိုက္ကိုက္လိုက္သည္။ လန္ဒန္ေဆာင္းကိုေတာင္ အံမတုႏိုင္တာ penzanceကေဆာင္းဆို မည္သို႔ုျဖစ္မည္လဲဆိုတာ ေတြးၾကည့္လို႔ရသည္။ ေတာ္ေနၾကာ ဟိုေရာက္ၿပီးမွ အရမ္းခ်မ္းလြန္းလို႔ အိမ္ထဲကေနအိမ္ျပင္ေတာင္ မထြက္ႏိုင္ဘဲေနမွ ဒုကၡျဖစ္ေပမည္။
"ကိုယ္က ဒီေျမကပါ ရထာရယ္၊ အခုေတာ့ဘယ္သြားမလဲ၊ ၿမိဳ႕တစ္ခုလံုးႏွင္းေတြဖုံုးေနမွာေပါ့၊ ေဆာင္းေႏွာင္းမွသြားမွာ"
"ဪ ေတာ္ပါေသး"
အခုမွ စိတ္ေအးသြားသျဖင့္ songကို ရယ္ျပလိုက္သည္။ songကအူယားလာပံုျဖင့္ ၾကက္သားေတြႏွင့္ျပည့္ေနသည့္ ရထာ့ပါးေဖာင္းေလးကို လက္ညိဳးေလးနဲ႔အသာတို႔လာသည္။ၿပီးေတာ့ သူကိုယ္တိုင္ရက္ေပးသည့္ ကိုယ့္လည္ပင္းကျခံဳလႊာတဘက္ေလးကို ျပန္ျပင္ေပးသည္။ မင္းရထာအတြက္ေတာ့ songကိုယ္တိုင္ရက္ေပးသည့္ ဒီခ်ည္ျခံဳလႊာတဘက္ေလးမွလြဲလ်င္ ဘယ္အရာမွ်မေႏြးေထြးေစပါ။
"ကိုယ္က ရထာ့ကိုအဓိကလိုက္ပို႔မွာ St Michaelsေက်ာက္ေတာင္ကို၊ သိတယ္မလား ရထာ"
သိေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။
"သူက ပင္လယ္ရဲ႕အစလို႔ေျပာရမယ့္ေနရာမွာ ထီးထီး႐ွိတယ္၊ အ့ဲကိုကမ္းေျခကေနသြားရဖို႔အတြက္ ကမ္းေျခကေနအ့ဲေတာင္အထိ ေက်ာက္လမ္းတစ္ခုခင္းထားတယ္၊ ေျပာရမယ္ဆို ပင္လယ္ထဲကိုေျခလ်င္ေလွ်ာက္သြားႏိုင္တာေပါ့၊ ဒါေပမယ့္ ေရတက္တဲ့အခ်ိန္ေတာ့ အ့ဲေက်ာက္လမ္းကိုဖံုးသြားတယ္၊ အ့ဲအတြက္ ကိုယ္တို႔ကေရမတက္တဲ့အခ်ိန္ေရြးသြားဖို႔လိုတယ္"
"ဪ နားလည္ၿပီ၊ ဟိုမယ္ deanတို႔လာၿပီ dean! ေနေစာ! ဒီမွာငါတို႔က"
လက္ခ်င္းတြဲ၍ ထမင္းစားေဆာင္ထဲဝင္လာက်သည့္ ေနေစာတို႔အား လက္ျပေအာ္ေခၚလိုက္သည္။ ထိုသို႔မွ ထမင္းစခန္းကိုပတ္႐ွာေနရင္းကေန ထိုင္ေနသည့္ဝိုင္းဆီကို သူတို႔ႏွစ္ေယာက္ကေလွ်ာက္လာၾကသည္။ တြဲထားသည့္လက္ကိုမလႊတ္ေသးပံုအရ အခ်စ္ေရးမွာ ေနေစာက သူ႔စိတ္သူေျပာင္းလဲလိုက္ၿပီထင္ပါသည္။ ရထာျပံဳးမိကာ စိတ္ထဲမွာ ေနေစာကိုခ်ီးက်ဴ းလိုက္မိသည္။
"ေနာက္က်သြားလား ငါကအတန္းမၿပီးေသးလို႔ေနာက္က်သြားတယ္ ရထာ"
မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္ရင္း ရထာ့အား ေတာင္းပန္စကားဆိုလိုက္သည္။ ရထာကေတာ့ ကိစၥမ႐ွိေၾကာင္း ေခါင္းအသာယမ္းျပသည္။
"ေနေစာ မင္းဆံုးျဖတ္ခ်က္တကယ္မွန္တယ္၊ "
ေနေစာအား လက္မေထာင္ျပမိသည္။ ရထာ့လုပ္ရပ္ေၾကာင့္ ေနေစာ ျပံဳးမိကာ deanကို လွည့္ၾကည့္မိသည္။ သူကလည္း ျပံဳးေနသည့္မ်က္ႏွာထားႏွင့္ပင္။
"ငါ့ကိုေသခ်ာဆံုးမေပးခ့ဲလို႔ ေက်းဇူးတင္ပါတယ္၊ငါ့အခ်စ္ကို ႐ွာေတြ႔သြားပါၿပီ၊ ငါသူ႔ကို လက္မလြတ္ေတာ့ဘူး"
ဆုပ္ကိုင္ထားသည့္လက္ႏွစ္ဖက္ကို ေနေစာက ေထာင္ျပေတာ့ အားလံုးျပံဳးမိၾကသည္။ ေနေစာက အေခၚအေဝၚကအစ ျမန္မာလိုdeanနားမလည္မွန္းသိေသာ္လည္း ေျပာင္းပစ္လိုက္ပံုအရ ဘယ္ေလာက္ထိ deanကို သူျမတ္ႏိုးလည္းဆိုတာ ထိုစကားတစ္ခြန္းနဲ႔အေျဖထြက္သည္။
"ဒါနဲ႔ ငါတို႔penzanceကို ကားနဲ႔ပဲသြားမွာမို႔လား"
ခရီးအတြက္ songဘက္မွစတင္သည့္စကား။
"ဘယ္ႏွစ္နာေလာက္လဲၾကာမလဲ song"
"ငါးနာရီေက်ာ္ေလာက္ေပါ့၊ၾကားထဲမွာ အျခားဝင္ခ်င္တဲ့ေနရာေတြဝင္ဦးမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးၾကာမယ္"
"ဒါဆို penzanceကိုပဲ သြားစုိ႔ေလ"
ေနေစာကဝင္ေျပာသည္။ penzanceကိုေရာက္ဖို႔ ၾကားထဲမွာ အျခားနာမည္ႀကီးသည့္ေနရာေတြကိုျဖတ္လာရမည္ျဖစ္သည္။ ဝင္ပါက အခ်ိန္ၾကာမည္ျဖစ္ၿပီး၊ မဝင္ပါက အခ်ိန္တိုတိုႏွင့္penzanceကို ေရာက္ႏုိင္သည္။
"ရထာကေကာ"
songက ေမးလာသည္။ အနည္းေတာ့ဆံုးျဖတ္ရခက္သည္။ ကိုယ့္လိုခရီးသြားဝါသနာထံုသူအတြက္ မေရာက္ဖူးသည့္ေနရာမွန္သမွ်အကုန္ဝင္ခ်င္သည္။ ဒါဆိုလွ်င္ အဆင္ေျပမည္မဟုတ္ပါ။ အမ်ားႏွင့္သြားတာဆိုေတာ့ ကိုယ္တစ္ေယာက္တည္းအတြက္ပဲ ၾကည့္လို႔မရ။
ကိုယ့္ရဲ႕ေမာ္ဖူးမဝေခၚ ခရီးသြားသရဲေလးဆံုးျဖတ္ရခက္ေနၿပီဆိုတာသိေလၿပီ။ ရထာ့ပါးျပင္ကိုနမ္း႐ိႈက္လိုက္ၿပီး လက္ဖဝါးကိုဆုပ္ကိုင္လိုက္ကာ ကိုယ့္ႏႈတ္ခမ္းထက္ လက္ဖမိုးေလးအား အပ္ထားလိုက္သည္။ စိတ္ခ်ပါ ေမာ္ဖူးမဝ။ ကုိယ္မင္းအတြက္အစစအရာရာအဆင္ေျပေအာင္လုပ္ေပးမွာပါ။
"ဒီလုိလုပ္ရထာ၊ ကိုယ္တို႔အခုေတာ့ penznaceပဲသြားတာေပါ့၊ စာေမးပြဲေတြေျဖျပီးမွ ကိုယ္တို႔ႏွစ္ေယာက္ တစ္ေယာက္လက္ကိုတစ္ေယာက္တြဲၿပီး ကမၻာပတ္စို့ေလ"
"အင္း ေကာင္းၿပီ၊ မင္းလိုက္ပို႔မယ္လို႔ ယံုၾကည္ၿပီးသား"
songက ျပႆ နာအလံုးစံုကို ေျဖ႐ွင္းႏိုင္စြမ္း႐ွိသည္။ သူ႔ဘက္ကုိယ့္ဘက္ၾကည့္ရသည့္ ကိစၥအဝဝကိုပင္ ႏွစ္ဖက္လံုးအညီအမွ်ျဖစ္ေအာင္လည္းလုပ္ၿပီး ကိုယ့္ေက်နပ္မႈရေအာင္ပါ စြမ္းေဆာင္ႏိုင္သည့္ songသည္ အေတာ္ဆံုးလူသားတစ္ေယာက္ေပ။
"ellaေကာလိုက္မွာလား"
"ellaကမရဘူး၊ သူက အမႈကိစၥေတြနဲ႔ပဲအျမဲလံုးပမ္းေနရတာ၊ ကိုယ္တို႔နဲ႔ေတာင္ သူ႔ဘာသာလုပ္ယူတဲ့ အားလပ္ရက္မဟုတ္ရင္ ေတြ႔လိုမရဘူး"
"အင္းေလ သူကေ႐ွ႕ေနဆိုေတာ့လည္း"
"ဒါဆို ကိုယ္တို႔ေတြအခုအဝတ္အစားသြားဝယ္မလား"
"ဘာလို႔လဲ"
"အ့ဲကအခ်မ္းသက္က အေတာ္ေလးနဲ႔မေျပဘူး၊ ဒါေၾကာင့္ ပိုထူတာေလးေတြဝယ္ရမယ္"
"ဟုတ္သား ကိုယ့္ေနေရာင္ျခည္၊ သြားစို႔ လာ လာ"
deanႏွင့္songကေတာ့ ေစ်းဝယ္ထြက္ဖို႔ဆို အျမဲတမ္းတက္ႂကြေနပံုေပါက္သည္။ အခုလည္း ဆိုင္သူကိုယ္စီရဲ႕လက္ကေလးေတြကိုဆြဲရင္း ေက်ာင္းျပင္ကို တက္တက္ႂကြႂကြသြားေနသည္။ မိန္းအေဆာင္ဘက္ေရာက္ေရာက္ခ်င္းကို လန္ဒန္ရဲ႕ေဆာင္းက ပထမဦးဆံုး ႏႈတ္ဆက္သည္။ ရာသီဥတုအေျခအေနအရ ႏွင္းဆက္က်ဦးမည့္ပံု။
ထူးဆန္းတာေတာ့ ရထာ့မွာ ႏွင္းအထူႀကီးေတြၾကားထဲမွာ လမ္းမေလွ်ာက္ခ်င္။ ႏွင္းက်တာႀကိဳက္ေသာ္လည္း အေအးဒဏ္ကိုမုန္းလြန္းလွသည္။
"အခုဘယ္သြားမွာလဲ dean"
ေနေရာင္ျခည္ေလးက ေမးလာသည္၊
"oxford streetေလ"
"အ့ဲက ေစ်းမႀကီးဘူးလား"
"အယ့္ ႀကီးေပမယ့္ အေကာင္းေတြေလ၊ ကိုယ္တို႔ေျမကလူေတြအတြက္ဆိုရင္ေတာ့ ေစ်းမႀကီးဘူး၊ ေစ်းသက္သာတဲ့ဆိုင္ေတြလည္း႐ွိတယ္"
"အင္းပါ၊ အေႏြးထည္ထူထူတစ္ထည္ပဲဝယ္လိုက္မယ္"
"အင္းအဲ့တာအေရးႀကီးဆံုးပဲ"
"မွားတယ္ မင္းရင္ခြင္ကအေရးႀကီးဆံုး"
"အယ္ ကိုယ့္ေနေရာင္ျခည္က ေျပာတတ္သားပဲ"
"ပါးစပ္ပိတ္လိုက္ေတာ့"
"ဟဲဟဲ"
ေျပာၿပီးမွ ေနေစာ ႐ွက္လာမိသည္။ တစ္ခါမွ ထိုသုိ႔ခြၽဲခြၽဲႏြဲႏြဲမေျပာဖူးပါ။ ေျပာလည္းမေျပာတတ္။ အခုမွ ကိုယ္မ်ားဒီလိုေျပာလိုက္လွ်င္ သူေပ်ာ္သြားေလမလားလို႔ စဥ္းစားမိၿပီးေျပာမိလိုက္တာျဖစ္သည္။ deanကိုလွည့္ၾကည့္ေတာ့ သူ႔ႏႈတ္ခမ္းက ျပံဳးေနတုန္း။ ျမင္ရသူကိုယ္ပင္ သူႏွင့္အတူေပ်ာ္ရႊင္မိပါသည္။
ေလးေယာက္လံုး ဘတ္စ္ကားႏွင့္ oxford streetကို သြားရသည္။ သူငယ္ခ်င္းေတြမို႔ ဟာသေတြတေမ့တေမာေျပာေနက်ေပမယ့္ ေနေစာကေတာ့ သူ႔အက်င့္အတိုင္း ဘာစကားမွဝင္မေျပာဘဲ ျပံဳးလ်က္သာ deanကို ေငးၾကည့္ေနသည္။ ရယ္စရာပါလာလွ်င္ေတာ့ ျပံဳးသြားၿပီး ရယ္မစရာမပါလ်င္ေတာ့လည္း ျပံဳးလ်က္ပဲျဖစ္သည္။ deanကစကားဝိုင္းထဲကိုေခၚေပမယ့္ ေနေစာကေတာ့ သူ႔ဘာသာသူေနကာ deanကိုပဲေငးေနသည္။
"ေရာက္ၿပီ ရထာ ဆင္းစို႔"
ဘတ္စ္ကားေပၚမွ ဆင္းလာခ့ဲသည္။ ရာသီဥတုကႏွင္းေတြႏွင့္ ပို၍မိႈင္းလာသည္။ အေႏြးအက်ႌထူထူဝတ္ထားေပမယ့္ အေအးဓာတ္က အေႏြးအက်ႌေအာက္က အသားကိုတိုးဝင္လာသလိုထင္သည္မို႔ ရထာ့မွာ လက္ပိုက္ထားမိသည္။
"ေအးလို႔လားရထာ"
"ဟင္ မေအးပါဘူး လာ ဟိုဆိုင္ထဲဝင္စို႔"
အထည္ဆိုင္တစ္ထည္ကို လက္ညိဳးထိုးျပလိုက္သည္။ အျပင္အဆင္ေလးကမွန္ေတြနဲ႔မို႔ ေဆာင္းတြင္းအဝတ္ထည္ေတြေရာင္းသည္ဆိုတာ တန္းသိရသည္။ အားလံုးက ထိုဆိုင္ဆီကိုပဲ သြားခ့ဲသည္။ ဆိုင္အတြင္းထဲေရာက္လွ်င္ေတာ့ အနည္းငယ္အခ်မ္းသက္သာသြားခ့ဲသည္။
"အေမြးပြတာယူရမယ္၊ အ့ဲတာက ပိုေႏြးလို႔ song"
"ဟိုဘက္မွာ႐ွိပါတယ္႐ွင့္"
ဝန္ထမ္းမေလးက ညာဘက္ကုိလက္ညိဳးထိုးျပသည္။ သူ႔ေနာက္ကိုပဲ အားလံုးလိုက္ခဲ့က်လ်င္ျဖင့္ အဆံုးမွာ အေမြးပြအက်ႌထူထူေတြကိုေတြ႔ရသည္။ အကုန္လံုးက ထိုအက်ႌေတြအနားသြားၾကကာ ဘယ္အက်ႌကအေႏြးပိုသလဲဆိုတာ စမ္းၾကည့္ၾကသည္။ အခုခ်ိန္မွာ သက္ေတာင့္သက္သာျဖစ္ဖို႔မလို၊ စတိုက္လ္မိဖို႔လည္းမလို။ အေႏြးဓာတ္ပိုရဖို႔သာလိုသည္။
"dean၊ ဒါေလးနဲ႔လိုက္လား"
ဒူးေလာက္ထိေရာက္တဲ့ အေမြးပြကုတ္တစ္ထည္ကိုယူလိုက္ၿပီး ဝတ္ျပလိုက္သည္။ ဦးထုပ္ပါပါသည္ဆိုေတာ့ ကြက္တိျဖစ္သည္။
"ကိုယ့္ေ႐ွ႕ကယုန္ကေလးကိုဖမ္းခ်င္လိုက္တာ"
"အပိုေတြေျပာမေနနဲ႔ အဆင္ေျပလား"
ေနေစာအသံထဲ ရယ္သံတစ္ဝက္ပါသည္။
"ေႏြးဖို႔ဆိုရင္ေတာ့ ဒီလိုပံုစံကအသင့္ေတာ္ဆံုးပဲ ကိုယ့္ေနေရာင္ျခည္"
"ဟုတ္ၿပီ"
ဒါဆိုလွွ်င္ေတာ့ ဒီလိုပံုစံမ်ဳိးကိုပဲ သံုးထည္ေလာက္ ေနေစာ ေရြးယူလိုက္မိသည္။ ရထာက တစ္မ်ိဳးဆန္းသည္။ သူက ေျခမ်က္စိထိ႐ွည္တဲ့ ကုတ္အက်ႌကိုဝတ္ထားသည္။ ဒီေလာက္အ႐ွည္ႀကီးကို။
"အႏွီးထုတ္ထဲက ကေလးေလးက်လို႔ ကိုယ့္ေမာ္ဖူးမဝက"
"ဒီလိုဝတ္ထားမွ အခ်မ္းေျပေတာ့မယ္၊ မဟုတ္ရင္ ငါေတာ့ လန္ဒန္မွာ လူ႔ေရခဲေခ်ာင္းျဖစ္ေတာ့မယ္"
"ရထာရာ"
အက်ႌမွာပါသည့္ဦးထုပ္ေအာက္က ရထာ့ပါးေလးကိုေပြ႔လိုက္သည္။ ဘယ္အဝတ္အစားကိုမွ မၾကည့္ေတာ့ဘဲ ရထာက ထိုအက်ႌပံုစံမ်ိဳးကိုပဲ သံုးေလးစံုေလာက္ဝယ္သည္။ ပိုက္ဆံ႐ွင္းၿပီး ထုတ္ပိုးေပးလာသည့္အထုတ္ကို တစ္ဝက္စီကိုင္ထားရသည္။ ရထာကေတာ့ တစ္ထည္ကိုခ်ဝတ္ေလၿပီ။
"အယ္ ႏွင္းက်ေနၿပီ"
ဆိုင္ရဲ႕မွန္နံရံေတြကေန အျပင္ကိုျမင္ေနရသည့္ လမ္းတစ္ေလွ်ာက္လံုးမွာ ႏွင္းပြင့္ေလးေတြက အလွပဆံုးေျမခေနၾကသည္။
"ေအးပါတယ္ဆိုမွ ျမန္မာေတာင္ျပန္ခ်င္လာၿပီ၊ အ့ဲတာ ဦးေဖေၾကာင့္ တကယ္ကိုဒုကၡေပးတယ္"
ကုတ္အက်ႌက ၾကယ္သီးကိုေမးစိထိတပ္လိုက္ၿပီး လက္အိတ္ဝတ္ထားသည့္လက္ႏွစ္ဖက္ကို ကုတ္အက်ႌအိတ္ကပ္ထဲထည့္လိုက္ရင္း songနားမလည္ေအာင္ ျမန္မာလိုညည္းလိုက္မိသည္။
"ဘာေျပာလိုက္တာလဲ ရထာ၊ "
"ဘာမွမဟုတ္ဘူး"
"နယ္ေဆာ ဘာသာျပန္ေပးပါလား"
ဆက္မေမးဘဲ နယ္ေဆာကိုဘာသာျပန္ခိုင္းလိုက္သည္။
"ေအးလို႔ ျမန္မာေတာင္ျပန္ခ်င္လာၿပီတဲ့၊ ဒါေတြက ဦးေဖေၾကာင့္ျဖစ္တာတဲ့"
"ေနေစာ မင္းကေလ"
"ရထာရာ ဘာလို႔ကေလးဆန္ၿပီး ခ်စ္ဖို႔ေကာင္းေနရတာလဲ၊ေအးေပမယ့္ ဒီလိုႏွင္းက်တဲ့အခ်ိန္ဆိုလွပါတယ္၊ ကိုယ္တို႔ brown hart gardenသြားမယ္၊ အ့ဲgardenက အိမ္ဝင္းတစ္ဝင္းစာေလာက္ပဲ႐ွိတာ၊ ေဘးမွာဆို တိုက္နီေတြပတ္ထားၿပီး ေ႐ွ႕တည့္တည့္မွာ ukrainian churchျမင္ေနရတာအရမ္းလွတယ္"
"နီးလား"
"အင္း၊ ငါးမိနစ္ေလာက္လမ္းေလွ်ာက္ရံုပဲ"
"သြားစ္ို႔ေလ လာ လာ ၊ video႐ိုက္ထားရမယ္"
ေဟာ့လုပ္ျပန္ၿပီ။ ခုနကေတာ့ ျမန္မာျပန္ခ်င္တယ္ေျပာေနၿပီး အခုက် သူပဲေ႐ွ႕ကေနဦးေဆာင္သြားေနသည္။ ႏွင္းက်မည္စိုး၍ ေဆာင္ရေသာထီးေတြက ယခုေတာ့အသံုးဝင္ေလၿပီ။ လြယ္အိတ္ထဲက ပါလာသည့္ထီးကိုထုတ္ကာ အျမန္လမ္းေလွ်ာက္ေနသည့္ ရထာ့ကိုအမွီလိုက္ၿပီး ေနာက္ကေနထီးေဆာင္းေပးထားရသည္။
"ခဏေလး ငါအေႏြးထည္ဝတ္ဦးမယ္ dean"
ႏွင္းက်ၿပီဆိုေတာ့ ဝတ္ထားသည့္အေႏြးထည္ျဖင့္မရေတာ့ပါ။ ခုေလးတင္ဝယ္ခ့ဲသည့္ ကုတ္ကိုထုတ္ကာ ခ်က္ခ်င္းဝတ္လိုက္ၿပီး ဦးထုတ္ေတြပါေဆာင္းထားလိုက္သည္။
"ထီးပါလား dean"
"အင္း ပါတယ္ ကိုယ့္ေနေရာင္ျခည္"
"ဟုတ္ၿပီ သြားစို႔၊ ငါ့ကိုဖက္ထားေပး"
deanခါးကိုဖက္လိုက္ေတာ့ သူကပခံုးကိုလာဖက္ကာ အေႏြးဓာတ္မွ်သည္။ ဆိုင္ရဲ႕အျပင္ကိုထြက္လာၿပီးလွ်င္ေတာ့ deanမိုးေပးသည့္ထီးေအာက္မွာ ထပ္တူညီတဲ့ေျခလွမ္းေတြအျပင္ တစ္ထပ္တည္းက်ေသာအခ်စ္စိတ္တုိ႔ျဖင့္ ဤလန္ဒန္ႏွင္းေတြၾကား ေလွ်ာက္လွမ္းလာပါေတာ့သည္။
နတ္ဘံုလား၊လူ႔ဘံုလားဆိုတာ မည္သို႔ေဝခြဲရပါမည္နည္း။ ဒါမွမဟုတ္ ဤလူ႔ျပည္ထက္ကနတ္ဘံုလား။ ျဖဴ ေဖြးေဖြးႏွင္းေတြက အရပ္မ်က္ႏွာတစ္ခြင္မွာ တဖြဲဖြဲက်ဆင္းေနသည္။ the brown hart gardenအလယ္မွာ ေျခစံုရပ္လို႔ ေ႐ွ႕တည့္တည့္က ဘုရားေက်ာင္းႏွင့္ ေဘးပတ္လည္ကတိုက္နီေတြကိုျမင္ေနရတာဟာ တကယ္ကိုေတာ္ဝင္ဆန္လြန္းသည္။
"လွလိုက္တာ song"
"အင္း၊ ကိုယ့္ေမာ္ဖူးမဝေတာ့ မမွီပါဘူး"
"တိတ္စမ္း"
songဗိုက္ကို တံေတာင္ျဖင့္သြက္လိုက္ေတာ့ သူကခပ္ဟဟရယ္သည္။
"deanငါတို႔ကို ဓာတ္ပံုတစ္ပံုေလာက္႐ိုက္ေပးပါလား၊ "
vlogအတြက္ ဗီဒီယိုေတာ့႐ိုက္ထားၿပီးေပမယ့္ အမွတ္တရဓာတ္ပံုေတာ့မ႐ိုက္ရေသးဘူးျဖစ္ေနသည္။
"ငါတို႔ကိုျပန္႐ိုက္ေပးမွာလား"
"အင္း ႐ိုက္ေပးမယ္"
"ဟုတ္ၿပီ ကင္မရာေပး"
deanဆီ ကင္မရာေပးလိုက္ၿပီး ထီးကိုထားခ့ဲကာ ukrainian churchေက်ာင္းႀကီးကိုေနာက္ခံထားလိုက္သည္။
"ရထာ ဦးထုပ္ခြၽတ္လိုက္၊ ၿပီးေတာ့ တဘက္ေလးေကာထုတ္လိုက္"
"အင္း"
ရထာက ဦးထုပ္ကိုခြၽတ္လိုက္ၿပီး ျခံဳလႊာကိုထုတ္လိုက္သည္။ ၿပီးလ်င္ ဘုရားေက်ာင္းကိုမ်က္ႏွာမူကာ deanကိုေက်ာေပးလိုက္ၿပီး ျခံဳလႊာတဘက္ေလးကို ေနာက္ေက်ာဘက္မွာထား၍ အစြန္းတစ္ဖက္စီကို တစ္ေယာက္စီကိုင္ထားၾကသည္။ ထိုအခါ က်ံဳးၿမိဳ႕႐ိုးႏွင့္လန္ဒန္ရဲတိုက္ႀကီးက ခမ္းခမ္းနားနားထြက္ေပၚလာသည္။
"ကိုယ္တို႔အၾကည့္ခ်င္းဆံုမယ္"
လွည့္ၾကည့္လာသည့္ရထာ့မ်က္ဝန္းေတြက ျပန္မလြဲခ်င္ေလာက္ေအာင္ ခ်ဳပ္ကိုင္ႏိုင္သည္။ အေအးဒဏ္ေၾကာင့္ ပါးျပင္ေလးက အနီးေရာင္သမ္းေနပံုက ႏွင္းေတြၾကားကစေတာ္ဘယ္ရီေလးလို။
"႐ိုက္ၿပီေနာ္ တစ္ ႏွစ္ သံုး ရၿပီ"
"အမယ္ေလး ခ်မ္းတယ္"
႐ိုက္ၿပီးၿပီးခ်င္း ရထာက ျခံဳလႊာတဘက္ကိုဆြဲယူကာ သူ႔လည္ပင္းမွာျပန္စည္းၿပီး ဦးထုပ္ကိုျပန္ေဆာင္းသည္။ အခုdeanတို႔ကို႐ိုက္ေပးရမွာေပါ့။
"ေပး မင္းတို႔ကို႐ိုက္ေပးမယ္"
deanလက္ထဲက ကင္မရာကိုျပန္ယူလိုက္သည္။ သူတို႔ႏွစ္ေယာက္ကေတာ့ အဆင္သင့္ေနရာယူေလၿပီ။
"ငါ မင္းနဖူးကိုနမ္းခ်င္တာ dean"
"နမ္းပါ ကိုယ့္ေနေရာင္ျခည္"
ေနေစာက ေျခဖ်ားေခါက္လိုက္ၿပီး deanအား ပါးကေနဆြဲယူကာေခါင္းငံု႔ေစလ်က္ နဖူးျပင္ထက္ကိုနမ္းလိုက္သည္။ deanကေတာ့ အျပံဳးတဝင့္ဝင့္နဲ႔ခံယူသည္။
"အ့ဲအတိုင္းေလးလွတယ္ ႐ိုက္ၿပီ ရၿပီ"
songရဲ႕ရၿပီဆိုတဲ့စကားေနာက္မွာ ေနေရာင္ျခည္ေလးႏႈတ္ခမ္းနဲ႔ေဝးရေလၿပီ။ နမ္းလိုက္သည့္ေနရာကိုပဲ လက္ညိဳးေလးႏွင့္အသာထိေတြ႔ကာ ဖယ္ခြာသြားသည့္ႏႈတ္ခမ္းေလး၏ႏူးညံ့မုွကိုခံစားမိသည္။
"လာ လာ cafeဆိုင္ထဲသြားစို႔"
gardenမွာ cafeဆိုင္ေလး႐ွိသည္။ ထိုcafeေ႐ွ႕ရဲ႕ အေ႐ွ႕မ်က္ႏွာကမွန္နံရံေတြကေန churchေက်ာင္းႀကီးရဲ႕အလွကိုၾကည့္ႏိုင္သည္။ ေလးေယာက္သားဆိုင္ထဲဝင္လာခ့ဲၿပီးေနာက္ ေကာ္ဖီတစ္ခြက္ဆီမွာကာ မွန္နံရံကေနတစ္ဆင့္ ေျမေပၚသက္ဆင္းေနသည့္ ႏွင္းျဖဴ ျဖဴေဖြးေဖြးေတြကို ၾကည့္ေနမိသည္။ ႏွင္းေတြက်တာလည္းလွသည္။ ထိုႏွင္းေတြၾကားမွာ ပနံသင့္စြာရပ္တည္ေနသည့္အေဆာက္အဦးေတြကလည္း လွပ၏။ထိုႏွင္းက်ျခင္းအား ခ်စ္ရသူကိုဖက္ကာ ၾကည့္ေနသည့္ေကာင္ေလးမ်ားသည္လည္း တစ္ဦးေပါတစ္ဦးထားေသာအခ်စ္မ်ားျဖင့္ ႏွင္းေတြႏွင့္အၿပိဳင္လွပေနပါေတာ့ပါ၏။
brown hart garden
ျမင္ေနရတဲ့တိုက္နီေတြနဲ႔churchေက်ာင္း
ကျောင်းရဲ့ထမင်းစားဆောင်မှာ deanနှင့်နေစောကို ထိုင်စောင့်နေသည်။ penzanceကိုသွားဖို့ရာ အခုကတည်းကကြိုတင်ပြင်ဆင်ထားဖို့ တိုင်ပင်ပြီး လိုအပ်တာတွေကိုဝယ်ရပေတော့မည်။ penzanceကို အဓိကထားသွားရခြင်းအကြောင်းက ကျောက်တောင်တွေပေါ်ကနေ အဆုံးမရှိသောပင်လယ်ပြင်ကြီးကို တွေ့မြင်ရလို့ဖြစ်သည်။ အဆုံးမရှိတဲ့ ထိုပင်လယ်နီလာပြင်ကြီးကိုကြည့်လျက် အတွေးတွေကိုလည်း အဆုံးမရှိတွေးလိုက်ချင်သည်။ ထိုနီလာပြင်ကို အဝဆုံးငေးမောပြီးလျင်တော့ မိုးကောင်းကင်ကြီးကိုမော့ကြည့်ကာ တိမ်တွေရဲ့အနီးဆုံးရောက်နေသောခံစားချက်ကို ခံစားချင်မိပါ၏။ ထိုအရာတွေအားလုံးကို songပဲ ဖြည့်ဆည့်ပေးမှာဆိုတာတော့ မယုံမဖြစ်ယုံရမည့် ပြယုဂ်တစ်ခုပင်။
"song၊ ပင်လယ်တွေနဲ့လည်း နီးတယ်လေ၊ ဆောင်းတွင်းကြီးသွားတော့မချမ်းဘူးလား၊ ငါလန်ဒန်ကအချမ်းတောင်မခံနိုင်တာ၊ဟိုဆိုပိုဆိုးမယ်နော်"
ပြောပြီး ကြက်ကြော်ကိုတစ်ကိုက်ကိုက်လိုက်သည်။ လန်ဒန်ဆောင်းကိုတောင် အံမတုနိုင်တာ penzanceကဆောင်းဆို မည်သို့ဖြစ်မည်လဲဆိုတာ တွေးကြည့်လို့ရသည်။ တော်နေကြာ ဟိုရောက်ပြီးမှ အရမ်းချမ်းလွန်းလို့ အိမ်ထဲကနေအိမ်ပြင်တောင် မထွက်နိုင်ဘဲနေမှ ဒုက္ခဖြစ်ပေမည်။
"ကိုယ်က ဒီမြေကပါ ရထာရယ်၊ အခုတော့ဘယ်သွားမလဲ၊ မြို့တစ်ခုလုံးနှင်းတွေဖုံးနေမှာပေါ့၊ ဆောင်းနှောင်းမှသွားမှာ"
"ဪ တော်ပါသေး"
အခုမှ စိတ်အေးသွားသဖြင့် songကို ရယ်ပြလိုက်သည်။ songကအူယားလာပုံဖြင့် ကြက်သားတွေနှင့်ပြည့်နေသည့် ရထာ့ပါးဖောင်းလေးကို လက်ညိုးလေးနဲ့အသာတို့လာသည်။ပြီးတော့ သူကိုယ်တိုင်ရက်ပေးသည့် ကိုယ့်လည်ပင်းကခြုံလွှာတဘက်လေးကို ပြန်ပြင်ပေးသည်။ မင်းရထာအတွက်တော့ songကိုယ်တိုင်ရက်ပေးသည့် ဒီချည်ခြုံလွှာတဘက်လေးမှလွဲလျင် ဘယ်အရာမျှမနွေးထွေးစေပါ။
"ကိုယ်က ရထာ့ကိုအဓိကလိုက်ပို့မှာ St Michaelsကျောက်တောင်ကို၊ သိတယ်မလား ရထာ"
သိကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"သူက ပင်လယ်ရဲ့အစလို့ပြောရမယ့်နေရာမှာ ထီးထီးရှိတယ်၊ အ့ဲကိုကမ်းခြေကနေသွားရဖို့အတွက် ကမ်းခြေကနေအ့ဲတောင်အထိ ကျောက်လမ်းတစ်ခုခင်းထားတယ်၊ ပြောရမယ်ဆို ပင်လယ်ထဲကိုခြေလျင်လျှောက်သွားနိုင်တာပေါ့၊ ဒါပေမယ့် ရေတက်တဲ့အချိန်တော့ အ့ဲကျောက်လမ်းကိုဖုံးသွားတယ်၊ အ့ဲအတွက် ကိုယ်တို့ကရေမတက်တဲ့အချိန်ရွေးသွားဖို့လိုတယ်"
"ဪ နားလည်ပြီ၊ ဟိုမယ် deanတို့လာပြီ dean! နေစော! ဒီမှာငါတို့က"
လက်ချင်းတွဲ၍ ထမင်းစားဆောင်ထဲဝင်လာကျသည့် နေစောတို့အား လက်ပြအော်ခေါ်လိုက်သည်။ ထိုသို့မှ ထမင်းစခန်းကိုပတ်ရှာနေရင်းကနေ ထိုင်နေသည့်ဝိုင်းဆီကို သူတို့နှစ်ယောက်ကလျှောက်လာကြသည်။ တွဲထားသည့်လက်ကိုမလွှတ်သေးပုံအရ အချစ်ရေးမှာ နေစောက သူ့စိတ်သူပြောင်းလဲလိုက်ပြီထင်ပါသည်။ ရထာပြုံးမိကာ စိတ်ထဲမှာ နေစောကိုချီးကျူ းလိုက်မိသည်။
"နောက်ကျသွားလား ငါကအတန်းမပြီးသေးလို့နောက်ကျသွားတယ် ရထာ"
မျက်နှာချင်းဆိုင်မှာဝင်ထိုင်ရင်း ရထာ့အား တောင်းပန်စကားဆိုလိုက်သည်။ ရထာကတော့ ကိစ္စမရှိကြောင်း ခေါင်းအသာယမ်းပြသည်။
"နေစော မင်းဆုံးဖြတ်ချက်တကယ်မှန်တယ်၊ "
နေစောအား လက်မထောင်ပြမိသည်။ ရထာ့လုပ်ရပ်ကြောင့် နေစော ပြုံးမိကာ deanကို လှည့်ကြည့်မိသည်။ သူကလည်း ပြုံးနေသည့်မျက်နှာထားနှင့်ပင်။
"ငါ့ကိုသေချာဆုံးမပေးခ့ဲလို့ ကျေးဇူးတင်ပါတယ်၊ငါ့အချစ်ကို ရှာတွေ့သွားပါပြီ၊ ငါသူ့ကို လက်မလွတ်တော့ဘူး"
ဆုပ်ကိုင်ထားသည့်လက်နှစ်ဖက်ကို နေစောက ထောင်ပြတော့ အားလုံးပြုံးမိကြသည်။ နေစောက အခေါ်အဝေါ်ကအစ မြန်မာလိုdeanနားမလည်မှန်းသိသော်လည်း ပြောင်းပစ်လိုက်ပုံအရ ဘယ်လောက်ထိ deanကို သူမြတ်နိုးလည်းဆိုတာ ထိုစကားတစ်ခွန်းနဲ့အဖြေထွက်သည်။
"ဒါနဲ့ ငါတို့penzanceကို ကားနဲ့ပဲသွားမှာမို့လား"
ခရီးအတွက် songဘက်မှစတင်သည့်စကား။
"ဘယ်နှစ်နာလောက်လဲကြာမလဲ song"
"ငါးနာရီကျော်လောက်ပေါ့၊ကြားထဲမှာ အခြားဝင်ချင်တဲ့နေရာတွေဝင်ဦးမယ်ဆိုရင်တော့ တော်တော်လေးကြာမယ်"
"ဒါဆို penzanceကိုပဲ သွားစို့လေ"
နေစောကဝင်ပြောသည်။ penzanceကိုရောက်ဖို့ ကြားထဲမှာ အခြားနာမည်ကြီးသည့်နေရာတွေကိုဖြတ်လာရမည်ဖြစ်သည်။ ဝင်ပါက အချိန်ကြာမည်ဖြစ်ပြီး၊ မဝင်ပါက အချိန်တိုတိုနှင့်penzanceကို ရောက်နိုင်သည်။
"ရထာကကော"
songက မေးလာသည်။ အနည်းတော့ဆုံးဖြတ်ရခက်သည်။ ကိုယ့်လိုခရီးသွားဝါသနာထုံသူအတွက် မရောက်ဖူးသည့်နေရာမှန်သမျှအကုန်ဝင်ချင်သည်။ ဒါဆိုလျှင် အဆင်ပြေမည်မဟုတ်ပါ။ အများနှင့်သွားတာဆိုတော့ ကိုယ်တစ်ယောက်တည်းအတွက်ပဲ ကြည့်လို့မရ။
ကိုယ့်ရဲ့မော်ဖူးမဝခေါ် ခရီးသွားသရဲလေးဆုံးဖြတ်ရခက်နေပြီဆိုတာသိလေပြီ။ ရထာ့ပါးပြင်ကိုနမ်းရှိုက်လိုက်ပြီး လက်ဖဝါးကိုဆုပ်ကိုင်လိုက်ကာ ကိုယ့်နှုတ်ခမ်းထက် လက်ဖမိုးလေးအား အပ်ထားလိုက်သည်။ စိတ်ချပါ မော်ဖူးမဝ။ ကိုယ်မင်းအတွက်အစစအရာရာအဆင်ပြေအောင်လုပ်ပေးမှာပါ။
"ဒီလိုလုပ်ရထာ၊ ကိုယ်တို့အခုတော့ penznaceပဲသွားတာပေါ့၊ စာမေးပွဲတွေဖြေပြီးမှ ကိုယ်တို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ကမ္ဘာပတ်စို့လေ"
"အင်း ကောင်းပြီ၊ မင်းလိုက်ပို့မယ်လို့ ယုံကြည်ပြီးသား"
songက ပြဿ နာအလုံးစုံကို ဖြေရှင်းနိုင်စွမ်းရှိသည်။ သူ့ဘက်ကိုယ့်ဘက်ကြည့်ရသည့် ကိစ္စအဝဝကိုပင် နှစ်ဖက်လုံးအညီအမျှဖြစ်အောင်လည်းလုပ်ပြီး ကိုယ့်ကျေနပ်မှုရအောင်ပါ စွမ်းဆောင်နိုင်သည့် songသည် အတော်ဆုံးလူသားတစ်ယောက်ပေ။
"ellaကောလိုက်မှာလား"
"ellaကမရဘူး၊ သူက အမှုကိစ္စတွေနဲ့ပဲအမြဲလုံးပမ်းနေရတာ၊ ကိုယ်တို့နဲ့တောင် သူ့ဘာသာလုပ်ယူတဲ့ အားလပ်ရက်မဟုတ်ရင် တွေ့လိုမရဘူး"
"အင်းလေ သူကရှေ့နေဆိုတော့လည်း"
"ဒါဆို ကိုယ်တို့တွေအခုအဝတ်အစားသွားဝယ်မလား"
"ဘာလို့လဲ"
"အ့ဲကအချမ်းသက်က အတော်လေးနဲ့မပြေဘူး၊ ဒါကြောင့် ပိုထူတာလေးတွေဝယ်ရမယ်"
"ဟုတ်သား ကိုယ့်နေရောင်ခြည်၊ သွားစို့ လာ လာ"
deanနှင့်songကတော့ ဈေးဝယ်ထွက်ဖို့ဆို အမြဲတမ်းတက်ကြွနေပုံပေါက်သည်။ အခုလည်း ဆိုင်သူကိုယ်စီရဲ့လက်ကလေးတွေကိုဆွဲရင်း ကျောင်းပြင်ကို တက်တက်ကြွကြွသွားနေသည်။ မိန်းအဆောင်ဘက်ရောက်ရောက်ချင်းကို လန်ဒန်ရဲ့ဆောင်းက ပထမဦးဆုံး နှုတ်ဆက်သည်။ ရာသီဥတုအခြေအနေအရ နှင်းဆက်ကျဦးမည့်ပုံ။
ထူးဆန်းတာတော့ ရထာ့မှာ နှင်းအထူကြီးတွေကြားထဲမှာ လမ်းမလျှောက်ချင်။ နှင်းကျတာကြိုက်သော်လည်း အအေးဒဏ်ကိုမုန်းလွန်းလှသည်။
"အခုဘယ်သွားမှာလဲ dean"
နေရောင်ခြည်လေးက မေးလာသည်၊
"oxford streetလေ"
"အ့ဲက ဈေးမကြီးဘူးလား"
"အယ့် ကြီးပေမယ့် အကောင်းတွေလေ၊ ကိုယ်တို့မြေကလူတွေအတွက်ဆိုရင်တော့ ဈေးမကြီးဘူး၊ ဈေးသက်သာတဲ့ဆိုင်တွေလည်းရှိတယ်"
"အင်းပါ၊ အနွေးထည်ထူထူတစ်ထည်ပဲဝယ်လိုက်မယ်"
"အင်းအဲ့တာအရေးကြီးဆုံးပဲ"
"မှားတယ် မင်းရင်ခွင်ကအရေးကြီးဆုံး"
"အယ် ကိုယ့်နေရောင်ခြည်က ပြောတတ်သားပဲ"
"ပါးစပ်ပိတ်လိုက်တော့"
"ဟဲဟဲ"
ပြောပြီးမှ နေစော ရှက်လာမိသည်။ တစ်ခါမှ ထိုသို့ချွဲချွဲနွဲနွဲမပြောဖူးပါ။ ပြောလည်းမပြောတတ်။ အခုမှ ကိုယ်များဒီလိုပြောလိုက်လျှင် သူပျော်သွားလေမလားလို့ စဉ်းစားမိပြီးပြောမိလိုက်တာဖြစ်သည်။ deanကိုလှည့်ကြည့်တော့ သူ့နှုတ်ခမ်းက ပြုံးနေတုန်း။ မြင်ရသူကိုယ်ပင် သူနှင့်အတူပျော်ရွှင်မိပါသည်။
လေးယောက်လုံး ဘတ်စ်ကားနှင့် oxford streetကို သွားရသည်။ သူငယ်ချင်းတွေမို့ ဟာသတွေတမေ့တမောပြောနေကျပေမယ့် နေစောကတော့ သူ့အကျင့်အတိုင်း ဘာစကားမှဝင်မပြောဘဲ ပြုံးလျက်သာ deanကို ငေးကြည့်နေသည်။ ရယ်စရာပါလာလျှင်တော့ ပြုံးသွားပြီး ရယ်မစရာမပါလျင်တော့လည်း ပြုံးလျက်ပဲဖြစ်သည်။ deanကစကားဝိုင်းထဲကိုခေါ်ပေမယ့် နေစောကတော့ သူ့ဘာသာသူနေကာ deanကိုပဲငေးနေသည်။
"ရောက်ပြီ ရထာ ဆင်းစို့"
ဘတ်စ်ကားပေါ်မှ ဆင်းလာခ့ဲသည်။ ရာသီဥတုကနှင်းတွေနှင့် ပို၍မှိုင်းလာသည်။ အနွေးအကျႌထူထူဝတ်ထားပေမယ့် အအေးဓာတ်က အနွေးအကျႌအောက်က အသားကိုတိုးဝင်လာသလိုထင်သည်မို့ ရထာ့မှာ လက်ပိုက်ထားမိသည်။
"အေးလို့လားရထာ"
"ဟင် မအေးပါဘူး လာ ဟိုဆိုင်ထဲဝင်စို့"
အထည်ဆိုင်တစ်ထည်ကို လက်ညိုးထိုးပြလိုက်သည်။ အပြင်အဆင်လေးကမှန်တွေနဲ့မို့ ဆောင်းတွင်းအဝတ်ထည်တွေရောင်းသည်ဆိုတာ တန်းသိရသည်။ အားလုံးက ထိုဆိုင်ဆီကိုပဲ သွားခ့ဲသည်။ ဆိုင်အတွင်းထဲရောက်လျှင်တော့ အနည်းငယ်အချမ်းသက်သာသွားခ့ဲသည်။
"အမွေးပွတာယူရမယ်၊ အ့ဲတာက ပိုနွေးလို့ song"
"ဟိုဘက်မှာရှိပါတယ်ရှင့်"
ဝန်ထမ်းမလေးက ညာဘက်ကိုလက်ညိုးထိုးပြသည်။ သူ့နောက်ကိုပဲ အားလုံးလိုက်ခဲ့ကျလျင်ဖြင့် အဆုံးမှာ အမွေးပွအကျႌထူထူတွေကိုတွေ့ရသည်။ အကုန်လုံးက ထိုအကျႌတွေအနားသွားကြကာ ဘယ်အကျႌကအနွေးပိုသလဲဆိုတာ စမ်းကြည့်ကြသည်။ အခုချိန်မှာ သက်တောင့်သက်သာဖြစ်ဖို့မလို၊ စတိုက်လ်မိဖို့လည်းမလို။ အနွေးဓာတ်ပိုရဖို့သာလိုသည်။
"dean၊ ဒါလေးနဲ့လိုက်လား"
ဒူးလောက်ထိရောက်တဲ့ အမွေးပွကုတ်တစ်ထည်ကိုယူလိုက်ပြီး ဝတ်ပြလိုက်သည်။ ဦးထုပ်ပါပါသည်ဆိုတော့ ကွက်တိဖြစ်သည်။
"ကိုယ့်ရှေ့ကယုန်ကလေးကိုဖမ်းချင်လိုက်တာ"
"အပိုတွေပြောမနေနဲ့ အဆင်ပြေလား"
နေစောအသံထဲ ရယ်သံတစ်ဝက်ပါသည်။
"နွေးဖို့ဆိုရင်တော့ ဒီလိုပုံစံကအသင့်တော်ဆုံးပဲ ကိုယ့်နေရောင်ခြည်"
"ဟုတ်ပြီ"
ဒါဆိုလှျှင်တော့ ဒီလိုပုံစံမျိုးကိုပဲ သုံးထည်လောက် နေစော ရွေးယူလိုက်မိသည်။ ရထာက တစ်မျိုးဆန်းသည်။ သူက ခြေမျက်စိထိရှည်တဲ့ ကုတ်အကျႌကိုဝတ်ထားသည်။ ဒီလောက်အရှည်ကြီးကို။
"အနှီးထုတ်ထဲက ကလေးလေးကျလို့ ကိုယ့်မော်ဖူးမဝက"
"ဒီလိုဝတ်ထားမှ အချမ်းပြေတော့မယ်၊ မဟုတ်ရင် ငါတော့ လန်ဒန်မှာ လူ့ရေခဲချောင်းဖြစ်တော့မယ်"
"ရထာရာ"
အကျႌမှာပါသည့်ဦးထုပ်အောက်က ရထာ့ပါးလေးကိုပွေ့လိုက်သည်။ ဘယ်အဝတ်အစားကိုမှ မကြည့်တော့ဘဲ ရထာက ထိုအကျႌပုံစံမျိုးကိုပဲ သုံးလေးစုံလောက်ဝယ်သည်။ ပိုက်ဆံရှင်းပြီး ထုတ်ပိုးပေးလာသည့်အထုတ်ကို တစ်ဝက်စီကိုင်ထားရသည်။ ရထာကတော့ တစ်ထည်ကိုချဝတ်လေပြီ။
"အယ် နှင်းကျနေပြီ"
ဆိုင်ရဲ့မှန်နံရံတွေကနေ အပြင်ကိုမြင်နေရသည့် လမ်းတစ်လျှောက်လုံးမှာ နှင်းပွင့်လေးတွေက အလှပဆုံးမြေခနေကြသည်။
"အေးပါတယ်ဆိုမှ မြန်မာတောင်ပြန်ချင်လာပြီ၊ အ့ဲတာ ဦးဖေကြောင့် တကယ်ကိုဒုက္ခပေးတယ်"
ကုတ်အကျႌက ကြယ်သီးကိုမေးစိထိတပ်လိုက်ပြီး လက်အိတ်ဝတ်ထားသည့်လက်နှစ်ဖက်ကို ကုတ်အကျႌအိတ်ကပ်ထဲထည့်လိုက်ရင်း songနားမလည်အောင် မြန်မာလိုညည်းလိုက်မိသည်။
"ဘာပြောလိုက်တာလဲ ရထာ၊ "
"ဘာမှမဟုတ်ဘူး"
"နယ်ဆော ဘာသာပြန်ပေးပါလား"
ဆက်မမေးဘဲ နယ်ဆောကိုဘာသာပြန်ခိုင်းလိုက်သည်။
"အေးလို့ မြန်မာတောင်ပြန်ချင်လာပြီတဲ့၊ ဒါတွေက ဦးဖေကြောင့်ဖြစ်တာတဲ့"
"နေစော မင်းကလေ"
"ရထာရာ ဘာလို့ကလေးဆန်ပြီး ချစ်ဖို့ကောင်းနေရတာလဲ၊အေးပေမယ့် ဒီလိုနှင်းကျတဲ့အချိန်ဆိုလှပါတယ်၊ ကိုယ်တို့ brown hart gardenသွားမယ်၊ အ့ဲgardenက အိမ်ဝင်းတစ်ဝင်းစာလောက်ပဲရှိတာ၊ ဘေးမှာဆို တိုက်နီတွေပတ်ထားပြီး ရှေ့တည့်တည့်မှာ ukrainian churchမြင်နေရတာအရမ်းလှတယ်"
"နီးလား"
"အင်း၊ ငါးမိနစ်လောက်လမ်းလျှောက်ရုံပဲ"
"သွားစ်ို့လေ လာ လာ ၊ videoရိုက်ထားရမယ်"
ဟော့လုပ်ပြန်ပြီ။ ခုနကတော့ မြန်မာပြန်ချင်တယ်ပြောနေပြီး အခုကျ သူပဲရှေ့ကနေဦးဆောင်သွားနေသည်။ နှင်းကျမည်စိုး၍ ဆောင်ရသောထီးတွေက ယခုတော့အသုံးဝင်လေပြီ။ လွယ်အိတ်ထဲက ပါလာသည့်ထီးကိုထုတ်ကာ အမြန်လမ်းလျှောက်နေသည့် ရထာ့ကိုအမှီလိုက်ပြီး နောက်ကနေထီးဆောင်းပေးထားရသည်။
"ခဏလေး ငါအနွေးထည်ဝတ်ဦးမယ် dean"
နှင်းကျပြီဆိုတော့ ဝတ်ထားသည့်အနွေးထည်ဖြင့်မရတော့ပါ။ ခုလေးတင်ဝယ်ခ့ဲသည့် ကုတ်ကိုထုတ်ကာ ချက်ချင်းဝတ်လိုက်ပြီး ဦးထုတ်တွေပါဆောင်းထားလိုက်သည်။
"ထီးပါလား dean"
"အင်း ပါတယ် ကိုယ့်နေရောင်ခြည်"
"ဟုတ်ပြီ သွားစို့၊ ငါ့ကိုဖက်ထားပေး"
deanခါးကိုဖက်လိုက်တော့ သူကပခုံးကိုလာဖက်ကာ အနွေးဓာတ်မျှသည်။ ဆိုင်ရဲ့အပြင်ကိုထွက်လာပြီးလျှင်တော့ deanမိုးပေးသည့်ထီးအောက်မှာ ထပ်တူညီတဲ့ခြေလှမ်းတွေအပြင် တစ်ထပ်တည်းကျသောအချစ်စိတ်တို့ဖြင့် ဤလန်ဒန်နှင်းတွေကြား လျှောက်လှမ်းလာပါတော့သည်။
နတ်ဘုံလား၊လူ့ဘုံလားဆိုတာ မည်သို့ဝေခွဲရပါမည်နည်း။ ဒါမှမဟုတ် ဤလူ့ပြည်ထက်ကနတ်ဘုံလား။ ဖြူ ဖွေးဖွေးနှင်းတွေက အရပ်မျက်နှာတစ်ခွင်မှာ တဖွဲဖွဲကျဆင်းနေသည်။ the brown hart gardenအလယ်မှာ ခြေစုံရပ်လို့ ရှေ့တည့်တည့်က ဘုရားကျောင်းနှင့် ဘေးပတ်လည်ကတိုက်နီတွေကိုမြင်နေရတာဟာ တကယ်ကိုတော်ဝင်ဆန်လွန်းသည်။
"လှလိုက်တာ song"
"အင်း၊ ကိုယ့်မော်ဖူးမဝတော့ မမှီပါဘူး"
"တိတ်စမ်း"
songဗိုက်ကို တံတောင်ဖြင့်သွက်လိုက်တော့ သူကခပ်ဟဟရယ်သည်။
"deanငါတို့ကို ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးပါလား၊ "
vlogအတွက် ဗီဒီယိုတော့ရိုက်ထားပြီးပေမယ့် အမှတ်တရဓာတ်ပုံတော့မရိုက်ရသေးဘူးဖြစ်နေသည်။
"ငါတို့ကိုပြန်ရိုက်ပေးမှာလား"
"အင်း ရိုက်ပေးမယ်"
"ဟုတ်ပြီ ကင်မရာပေး"
deanဆီ ကင်မရာပေးလိုက်ပြီး ထီးကိုထားခ့ဲကာ ukrainian churchကျောင်းကြီးကိုနောက်ခံထားလိုက်သည်။
"ရထာ ဦးထုပ်ချွတ်လိုက်၊ ပြီးတော့ တဘက်လေးကောထုတ်လိုက်"
"အင်း"
ရထာက ဦးထုပ်ကိုချွတ်လိုက်ပြီး ခြုံလွှာကိုထုတ်လိုက်သည်။ ပြီးလျင် ဘုရားကျောင်းကိုမျက်နှာမူကာ deanကိုကျောပေးလိုက်ပြီး ခြုံလွှာတဘက်လေးကို နောက်ကျောဘက်မှာထား၍ အစွန်းတစ်ဖက်စီကို တစ်ယောက်စီကိုင်ထားကြသည်။ ထိုအခါ ကျုံးမြို့ရိုးနှင့်လန်ဒန်ရဲတိုက်ကြီးက ခမ်းခမ်းနားနားထွက်ပေါ်လာသည်။
"ကိုယ်တို့အကြည့်ချင်းဆုံမယ်"
လှည့်ကြည့်လာသည့်ရထာ့မျက်ဝန်းတွေက ပြန်မလွဲချင်လောက်အောင် ချုပ်ကိုင်နိုင်သည်။ အအေးဒဏ်ကြောင့် ပါးပြင်လေးက အနီးရောင်သမ်းနေပုံက နှင်းတွေကြားကစတော်ဘယ်ရီလေးလို။
"ရိုက်ပြီနော် တစ် နှစ် သုံး ရပြီ"
"အမယ်လေး ချမ်းတယ်"
ရိုက်ပြီးပြီးချင်း ရထာက ခြုံလွှာတဘက်ကိုဆွဲယူကာ သူ့လည်ပင်းမှာပြန်စည်းပြီး ဦးထုပ်ကိုပြန်ဆောင်းသည်။ အခုdeanတို့ကိုရိုက်ပေးရမှာပေါ့။
"ပေး မင်းတို့ကိုရိုက်ပေးမယ်"
deanလက်ထဲက ကင်မရာကိုပြန်ယူလိုက်သည်။ သူတို့နှစ်ယောက်ကတော့ အဆင်သင့်နေရာယူလေပြီ။
"ငါ မင်းနဖူးကိုနမ်းချင်တာ dean"
"နမ်းပါ ကိုယ့်နေရောင်ခြည်"
နေစောက ခြေဖျားခေါက်လိုက်ပြီး deanအား ပါးကနေဆွဲယူကာခေါင်းငုံ့စေလျက် နဖူးပြင်ထက်ကိုနမ်းလိုက်သည်။ deanကတော့ အပြုံးတဝင့်ဝင့်နဲ့ခံယူသည်။
"အ့ဲအတိုင်းလေးလှတယ် ရိုက်ပြီ ရပြီ"
songရဲ့ရပြီဆိုတဲ့စကားနောက်မှာ နေရောင်ခြည်လေးနှုတ်ခမ်းနဲ့ဝေးရလေပြီ။ နမ်းလိုက်သည့်နေရာကိုပဲ လက်ညိုးလေးနှင့်အသာထိတွေ့ကာ ဖယ်ခွာသွားသည့်နှုတ်ခမ်းလေး၏နူးညံ့မုှကိုခံစားမိသည်။
"လာ လာ cafeဆိုင်ထဲသွားစို့"
gardenမှာ cafeဆိုင်လေးရှိသည်။ ထိုcafeရှေ့ရဲ့ အရှေ့မျက်နှာကမှန်နံရံတွေကနေ churchကျောင်းကြီးရဲ့အလှကိုကြည့်နိုင်သည်။ လေးယောက်သားဆိုင်ထဲဝင်လာခ့ဲပြီးနောက် ကော်ဖီတစ်ခွက်ဆီမှာကာ မှန်နံရံကနေတစ်ဆင့် မြေပေါ်သက်ဆင်းနေသည့် နှင်းဖြူ ဖြူဖွေးဖွေးတွေကို ကြည့်နေမိသည်။ နှင်းတွေကျတာလည်းလှသည်။ ထိုနှင်းတွေကြားမှာ ပနံသင့်စွာရပ်တည်နေသည့်အဆောက်အဦးတွေကလည်း လှပ၏။ထိုနှင်းကျခြင်းအား ချစ်ရသူကိုဖက်ကာ ကြည့်နေသည့်ကောင်လေးများသည်လည်း တစ်ဦးပေါတစ်ဦးထားသောအချစ်များဖြင့် နှင်းတွေနှင့်အပြိုင်လှပနေပါတော့ပါ၏။