Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၄၇

96 16 2
By CrystSnow

Sir Donau နဲ့ Sir Howe တို့က Poliana ရဲ့ အခန်းဘေးမှာနေတာကြောင့် သူတို့တွေက မကြာခဏတွေ့ဖြစ်ကြသည်. သူတို့အဖေ Sir Baufaloo လိုပဲ သူတို့က အသန့်ကြိုက်တာကြောင့် စစ်စခန်းထဲက တခြားလူတွေထက် သူတို့က ပိုသန့်ရှင်းအောင်နေတတ်ကြသည်. သူတို့က တခြားလူတွေလိုမျိုး အပျော်မယ်တွေဆီ အလည်သွားတာမျိုးလဲ မရှိကြချေ

ညီအစ်ကိုနှစ်ယောက်က Poliana ရဲ့တာဝန်အသစ်နဲ့ပတ်သက်ပြီး သိချင်နေကြသည်. သူမကို Sir Ainno က ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ပြောပြလိုက်တော့ သူတို့က ခေါင်းငြိမ့်ကာ ပြန်ဖြေကြသည်

"အဲ့တာက အဲ့ဒီရိုင်းပြတဲ့အစောင့်တွေအတွက်ပုံမှန်ပဲ. သူတို့က သူတို့ကိုယ်သူတို့ တခြားသူတွေထက်ကောင်းတယ်ထင်နေကြတာ"

"ဟုတ်တယ်. ပြီးတော့ အဲ့အစောင့်တွေက သူတို့ကိုယ်သူတို့ပြင်ဆင်ဖို့အတွက် အချိန်အရမ်းအကုန်ခံကြတာပဲ"

Donau က သူ့အစ်ကိုကိုကြည့်ကာ ပြောလိုက်သည်

"အစ်ကိုလဲ အတူတူပဲလေ"

"ငါက မတူဘူး. သူတို့နဲ့လုံးဝမတူဘူး. ငါ့ဒေါသအထွက်ဆုံးတစ်ချက်က အဲ့အစောင့်တွေအားလုံးက အရမ်းသန်မာတာပဲ. မတရားဘူး"

"ပြီးတော့ သူတို့မိသားစုနောက်ခံတွေကလဲ ကောင်းတယ်"

"ဟုတ်တယ်. သူတို့မိသားစုတွေက ချမ်းသာတဲ့ အထက်တန်းလွှာတွေ. ပိုက်ဆံရှိတာ တော်တော်ကောင်းပုံရတယ်. သူတို့ဝတ်စုံကို ကြည့်ပါလား? အပြာရောင်ဆိုတော့သွေးတွေပေလိုက်ရင် အရမ်းသိသာမှာ. အဲ့အရောင်က အသုံးမကျတဲ့ဟာကို သူတို့က မပြောင်းချင်ကြဘူး. ငါကြားတာတော့ သူတို့က ဝတ်စုံညစ်ပတ်သွားရင် အသစ်ထပ်ဝယ်လိုက်ကြတာတဲ့"

သူတို့နှစ်ယောက်လုံး Poliana နဲ့ ပျော်ရွှင်စွာနဲ့ စကားပြောနေကြသည်.

"ငါ ပြီးခဲ့တဲ့တစ်ပတ်ကမှ ရေချိုးထားတာ, အဲ့တာ ငါက သန့်နေသေးတယ်မဟုတ်လား? Sir Ainno က ငါ့ကို ညစ်ပတ်နေတာပဲလို့ ပြောတာ ယုံတောင်မယုံနိုင်ဘူး ပြီးတော့ သူက အကူတွေကို အမိန့်ပေးသေးတာ ငါ့များ ညစ်ပတ်နေတဲ့အဝတ်စုတ်ကိုလျှော်ခိုင်းနေသလိုမျိုးပြောတာဟ"

"အဲ့တာကတော်တော်ဆိုးတာပဲ"

"ဟုတ်တယ်!"

တူညီတဲ့ စစ်တပ်တစ်ခုတည်းမှာတောင်မှ သာမာန်စစ်သည်တွေနဲ့ ဧကရာဇ်ရဲ့ ကိုယ်ရံတော်တွေကြားမှာ မသိမသာ တင်းမာမှုတွေရှိကြသည် သူတို့အချင်းချင်းက လုပ်ဖော်ကိုင်ဖက်တွေဖြစ်တာကြောင့် လေးလေးစားစားဆက်ဆံကြပေမဲ့ စစ်သည်တွေကတော့ ကိုယ်ရံတော်တွေကို တိတ်တဆိတ်အားကျနေကြသည်

ဧကရာဇ်ရဲ့ကိုယ်ရံတော်တွေက ကောင်းမွန်တဲ့မိသားစုတွေက ဆင်းသက်လာကြတာဖြစ်ပြီးတော့ ကြည့်ကောင်းတဲ့လူငယ်တွေဖြစ်ကြသည်. သူတို့က ဧကရာဇ်ကို ကာကွယ်ရတာကြောင့် ဒီကိုယ်ရံတော်တွေက သူ့တို့နေရာအတွက် အရမ်းဂုဏ်ယူတန်ဖိုးထားကြပြီး တစ်ခါတစ်လေမှာ တခြားစစ်သည်တွေကို အထင်သေးတတ်ကြသည်

စစ်တိုက်နေချိန်အတွင်းတော့ ကိုယ်ရံတော်တွေနဲ့ စစ်သည်တွေကို တူညီစွာဆက်ဆံကြပြီး. စစ်အေးကာလတွေမှာတော့ ကိုယ်ရံတော်တွေက အဆင့်ပိုမြင့်ကြသည်

ပြီးတော့ သူတို့ရဲ့ အပြာရောင် ဝတ်စုံကလဲ အရမ်းကြည့်ကောင်းသည်

Sir Donau က ရေရွတ်လိုက်သည်

"ကျွန်တော်လဲ အဲ့ဝတ်စုံဝတ်ချင်တယ်"

သူက သိသိသာသာကို အားကျနေသည်. Sir Howe လဲ သူ့လိုပဲ ခံစားရပေမဲ့ ခေါင်းရမ်းကာပြောလိုက်သည်

"မေ့လိုက်စမ်းပါကွာ"

Poliana က သူတို့ကို မေးလိုက်သည်

"မင်းတို့ဘာဖြစ်လို့ ကိုယ်ရံတော်ဖြစ်အောင် မကြိုးစားကြတာလဲ?"

"ကျွန်တော်တို့က သာမာန်စစ်သည်မိသားစုကလာတာလေ"

အဲ့တာက မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး. ဒါပေမဲ့ သူတို့ကို လက်ခံမဲ့ပုံစံမျိုးလဲမဟုတ်ပေ. Poliana က အနည်းငယ်စိတ်လှုပ်ရှားလာသည် ဒီနေရာက သူမကို ယာယီပဲပေးထားတာဖြစ်ပေမဲ့ အရမ်းကောင်းတဲ့အချက်ဖြစ်နေတာတော့ အသိသာကြီးဖြစ်သည်. Lucius က သူမကို ဒီလိုဂုဏ်ယူစရာကောင်းတဲ့နေရာကို ပေးထားတာကြောင့် သူမ သိတာက သူမဧကရာဇ်ကို စိတ်ပျက်အောင် မလုပ်မိစေဖို့ပဲဖြစ်သည်

ကိုယ်ရံတော်တစ်ယောက်ကို ဘာလို့ စစ်သည်တစ်ယောက်နဲ့မတူတဲ့ အပြုအမူရှိဖို့ မျှော်လင့်ကြတာလဲ

Poliana က ကောင်းတဲ့အပြုအမူတွေနဲ့ လောကဝတ်တရားတွေကို လစ်လျှူရှုထားခဲ့ခြင်း မရှိချေ. သူမကို အေးစက်ပြီးတင်းကြပ်တဲ့လူလို့ သိကြပေမဲ့ စစ်သားတစ်ယောက်စစ်သည်တစ်ယောက်အနေနဲ့ သူမအပြုအမူတွေက လက်ခံနိုင်လောက်အောင် ကောင်းမွန်တဲ့အပြုအမူရှိတဲ့ သူဖြစ်သည်

ဒါပေမဲ့ ဧကရာဇ်ရဲ့ ကိုယ်ရံတော်တစ်ယောက်အတွက်တော့ သူမဆီကနေ ဒီ့ထက်ပိုပြီး မျှော်လင့်ထားကြသည်. တော်ဝင်ကိုယ်ရံတော်တစ်ယောက်ဖြစ်လာဖို့ လိုက်နာရမဲ့ သီးသန့်စည်းမျဉ်းတွေလဲရှိသေးသည်

ရှေ့တန်းမှာသာ နေသားကျနေတဲ့ Poliana အတွက် ဒီကိစ္စက ခက်ခဲနေပေမဲ့ သူမလုပ်ရမဲ့ကိစ္စဖြစ်သည်

Sir Ainno က သူမကို သန့်ရှင်းတဲ့အဝတ်အစားနဲ့ သန့်သန့်ပြန့်ပြန့်မြင်လိုက်တော့ သူက ခေါင်းငြိမ့်လိုက်သည်

အခု, နောက်တစ်ဆင့်ကတော့ သင်တန်းဖြစ်သည်

Sir Ainno က တော်ဝင်အစောင့်တွေထဲကတစ်ယောက်ကို အမိန့်ပေးလိုက်သည်

"ငါပြန်မလာခင်မှာ သူမကို လူတစ်ယောက်က ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာ သေချာသင်ပြထားလိုက်"

Poliana က ခုခံပြောဆိုလိုက်သည်

"ရှင် ကျွန်မအပေါ် အရမ်းရိုင်းနေပြီ Sir Ainno"

"မင်းဘယ်လိုပြုမူရမလဲဆိုတာ သင်ပြီးသွားရင် မင်းကို ဒီ့ထက်ကောင်းကောင်းဆက်ဆံမယ်. အမျိုးသမီး"

"ကျွန်မတော့ မထင်ဘူး"

Sir Rabi က သူ့လူတွေကို "ခွေးကောင်တွေ" လို့ မကြာခဏခေါ်လေ့ရှိသည်. သူက အော်ပြောလိမ့်မယ်

"မင်းတို့ကောင်တွေ ငပျင်းတွေလား! ပြေးစမ်း, ငတုံးတွေရ, ပြေး! မင်းတို့ဘောလုံးတွေ သီချင်းဆိုတာ မကြားရမချင်း ပြေး!"

သူက သူမကို ပုံမှန်အချိန်ဆိုရင် "Sir Poliana" ခေါ်လေ့ရှိပေမဲ့ အလုပ်လုပ်ချိန်တော့ သူ့လူတွေကို ခေါ်သလိုပဲ သူမကို ခေါ်လေ့ရှိသည်

သူမမှာ ဘောလုံးမရှိကြောင်းပြန်ပြောတော့ Sir Rabi က သူမကို ပြန်ဖြေလာသည်

"အဲ့တာဆိုလဲ မင်းမှာမရှိတဲ့ ဘောလုံးတွေ သီချင်းဆိုလာတဲ့အထိ ပြေး"

သူ့ကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ သူမ မသိတော့ချေ

တော်ဝင်အစောင့်တွေက ၈ နာရီတစ်ခါ တာဝန်ချိန်ပြောင်းကြသည်. Poliana ကို သင်ပေးဖို့ တာဝန်ပေးခံထားရတဲ့ အစောင့်က သူ့ရဲ့အားလပ်ချိန်မှာ သူမကို သင်ပေးခြင်းဖြစ်တာကြောင့်

Poliana က တတ်နိုင်သလောက် အကောင်းဆုံးလေ့လာသင်ယူလိုက်သည်

ပထမဆုံးသင်ခန်းစာကတော့

တော်ဝင်အစောင့်တစ်ယောက်က ဧကရာဇ်ကို ကိုယ်စားပြုတာကြောင့် သူက အမြဲတမ်းသန့်ရှင်းနေရမယ် သပ်ရပ်နေရမယ်. ပြီးတော့ အမှားကင်းအောင် နေရမယ်

အစောင့်က သူမကို ရှင်းပြသည်

"ပြီးတော့ လူကြီးလူကောင်းတစ်ယောက်လို စကားပြောတတ်ဖို့လိုမယ်"

တကယ်တမ်းမှာလဲ အစောင့်တွေက စကားပြောတာ နူးညံ့သိမ်မွေ့ကြပြီး ဘယ်တော့မှ မဆဲဆိုကြပေ.. ဒါပေမဲ့ Sir Ainno ကျတော့ရော?

Poliana က မေးလိုက်သည်

"Sir Ainno ကရော?"

"ငါတို့ခေါင်းဆောင်က စကားသိပ်မပြောဘူး"

Poliana က သဘောတူလိုက်ရုံကလွဲပြီး တခြားရွေးစရာ မရှိချေ.. Sir Ainno က စကားပြောနေတာထက် လက်တွေ့လုပ်လိုက်တာက ပိုထိရောက်တယ်လို့ ယုံကြည်သူဖြစ်သည်

သူက တစ်ယောက်ယောက်ကို ဆဲဆိုတာထက် ထိုးလိုက်တာဖြစ်ဖြစ် ကန်လိုက်တာဖြစ်ဖြစ် လုပ်လိမ့်မည်

သူမအနေနဲ့ ဒီလောကဝတ်အသစ်တွေကို အများကြီး မသင်ယူခဲ့ပေမဲ့ ဘာကြောင့်လိုအပ်တာလဲ ဆိုတာတော့ သူမ နားလည်သည်. ဧကရာဇ်နားမှာ အချိန်ပြည့်ရှိနေရမဲ့ တော်ဝင်အစောင့်တစ်ယောက်အနေနဲ့က အသက်မရှိတဲ့ စစ်သားလို နေလို့မရပေ. အနည်းဆုံးတော့ ဒီနေရာက ယာယီသာဖြစ်တယ်ဆိုတာကို သူမ လက်ခံထားသည် သူမက သူမရဲ့ဧကရာဇ်ဘေးမှာ ဒီလိုနီးနီးကပ်ကပ် ဆက်နေခွင့်ရမဲ့သူမျိုး မဟုတ်ပေ.

ဒီလောကဝတ်တရားတွေက သူမအတွက် မလိုအပ်တာကြောင့် သူမ ဘယ်တုန်းကမှ မသင်ယူခဲ့ချေ. စစ်သည်အိုကြီးကလဲ သူမကို ဘယ်တုန်းကမှ မသင်ပေးဖူးဘူး.

ဒါကြောင့် စကားလုံးလှလှတွေနဲ့ နူးနူးညံ့ညံ့ပြောဆိုတာက သူမကို စိတ်မသက်မသာဖြစ်စေသည်. အစောင့်က Acreian တွေရဲ့ လောကဝတ်စည်းကမ်းတွေက ဒေသတစ်ခုလုံးမှာ အလျော့ပေါ့ဆုံးဖြစ်ကြောင်း သူမကို ရှင်းပြလာသည်

Acreian ဧကရာဇ်က ဒီတိုက်ကြီးကို သိမ်းပိုက်ပြီးတော့ နယ်မြေတွေကို စုစည်းတာက ကောင်းတဲ့ကိစ္စဖြစ်သွားသည်

တာဝန်ချိန်ပြောင်းတဲ့အချိန်ရောက်တော့ အစောင့်က သူမကို ဝတ်စုံပေးလိုက်သည်. သူမက တရားဝင် မဖြစ်သေးတာကြောင့် အပြာရောင်ဝတ်စုံတော့ မဟုတ်ပေ

သူမ လက်ရှိဝတ်ထားတာက မနေ့က သူမရေချိုးပြီးတုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံဖြစ်သည်. အဲ့တာက သန့်ရှင်းနေဆဲဖြစ်ပြီးတော့ တွန့်ရာတွေလဲ မရှိသေးချေ. ဒါဆို အစောင့်က သူမကို ဘာလို့လဲခိုင်းတာလဲ?

Poliana က အင်္ကျီကို ကြည့်နေတာမြင်တော့ အစောင့်ကရှင်းပြသည်

"ခုနပြောခဲ့သလိုပဲ, တော်ဝင်ကိုယ်ရံတော်တစ်ယောက်က အမြဲတမ်း သန့်ရှင်းသပ်ရပ်နေရမယ်"

"ကောင်းပြီ"

"ငါမင်းဘက်ကရှိတယ် Sir Poliana. တစ်ရက်ရက်ကျရင် Sir Ainno က မင်းကို မင်းရဲ့ရာထူးနဲ့ နာမည်တပ်ပြီးတော့ ခေါ်လာလိမ့်မယ်"

အစောင့်က ကြင်နာစွာနဲ့ ပြုံးပြသည်. တခြားတော်ဝင်ကိုယ်ရံတော်တွေလိုပဲ သူက အရပ်မြင့်ပြီးတော့ ချောမောခန့်ညားသည်. သူ့ရဲ့အသံကလဲ သာယာနာပျော်ဖွယ်ကောင်းသည်ပြီးတော့ သူက သူမထက် သန်မာတယ်ဆိုတာက သံသယဖြစ်စရာမလိုပေ. သူ့အပြုံးမှာ သူမ ရှက်သွေးဖြာသွားသည်. ဒါဟာ သူမက သူ့ကို သဘောကျတာမျိုးမဟုတ်ပဲ ဒီအတိုင်း နည်းနည်းလေးရှက်တယ်လို့ ခံစားလိုက်ရတာဖြစ်သည်

ဧကရာဇ်အခန်းထဲကို သူမဝင်လိုက်ကာ သူမသင်ယူခဲ့တာကို ချက်ချင်းအသုံးချလိုက်သည်. သူမက သေချာဦးညွှတ်လိုက်ပြီး သူမ မတ်တပ်ရပ်တဲ့ပုံစံက လုံးဝဖြောင့်မတ်နေသည်

သူမ ပုံစံက အတင်းလုပ်ယူထားသလိုမျိုးမဟုတ်ပဲ သဘာဝကျကျဖြစ်နေသည်

Lucius က သူမကို တိတ်တဆိတ်စောင့်ကြည့်ကာ ပြုံးလိုက်သည်. Poliana က သူမလုပ်တာကောင်းတယ်လို့ ယူဆလိုက်သည်

ဧကရာဇ်က ပြောလာသည်

"မနေ့က Inno က မင်းကို ညစ်ပေနေတဲ့အဝတ်စုတ်လိုဆက်ဆံခဲ့တယ်လို့ ငါကြားတယ်"

"မနေ့က ကျွန်မညစ်ပတ်နေခဲ့တာကို ကျွန်မတောင်းပန်ပါတယ် အရှင်"

"စိတ်မပူပါနဲ့. ပြီးတော့ Sir Poliana က အဲ့လောက်မညစ်ပတ်ပါဘူး. ဒီစစ်စခန်းတစ်ခုလုံးမှာ မင်းက အသန့်ရှင်းဆုံးစစ်သည်လို့ ငါထင်တယ်"

'ငါသိသားပဲ!'

သူမ သံသယတွေက အတည်ပြုပြီးသားဖြစ်သွားသည်. သူမက ညစ်ပတ်နေလို့မဟုတ်ပဲ Sir Ainno ရဲ့ သတ်မှတ်ချက်က အရမ်းမြင့်နေလို့ဖြစ်သည် သူက အသန့်လွန်နေတာဖြစ်သည်

Lucius က သူ့ပခုံးတွေကို တွန့်ကာ ဆက်ပြောလာသည်

"တော်ဝင်ကိုယ်ရံတော်တွေက သာမာန်စစ်သည်တွေနဲ့တော့ နည်းနည်းကွာတာပေါ့. Inno... Inno ရဲ့စကားတွေနဲ့ အပြုအမူတွေကို မင်းစိတ်ထဲမထားဖို့ ငါမျှော်လင့်တယ်သူက လူတိုင်းထက်ကောင်းတယ်လို့ ထင်နေတာ ပြီးတော့ လူတိုင်းကို သူ့သတ်မှတ်ချက်အတိုင်းလိုက်လုပ်စေချင်နေတာ Inno က မင်းနဲ့ ငါ့လိုပဲအလုပ်အရမ်းကြိုးစားတယ် ဒါပေမဲ့ သူက ငါတို့နဲ့ မတူဘူး. သူ့မှာ အရည်အချင်းအကုန်ရှိတယ်. တကယ်လို့ သူ့မှာမရှိရင်လဲ သူကကြိုးစားပြီးတော့ ရအောင်လုပ်တယ်"

ဧကရာဇ်က သူ့မျက်လုံးတွေကို မှေးလိုက်ကာ ပြတင်းပေါက်ဘက်ကို ကြည့်လိုက်သည်. Sir Ainno က လေ့ကျင့်ရေးလုပ်နေတာဖြစ်သည်

သူတို့ရဲ့လှံတံတွေကို ခဲယဉ်းစွာဝှေ့ရမ်းနေရတဲ့ တခြားစစ်သည်တွေလိုမဟုတ်ပဲ Sir Ainno က သူ့ပစ်မှတ်ကို ဘယ်တော့မှ မလွဲပေ. သူမြင်းစီးနေတဲ့အရှိန်က ပိုပြီးတော့ မြန်လာနေသည်

Sir Ainno က တစ်ပွဲပြီးတစ်ပွဲနိုင်နေတာနဲ့အမျှ ကြည့်ရှုသူတွေကလဲ ကျယ်လောင်စွာ အားပေးနေကြသည်

လုံးဝပြီးပြည့်စုံတဲ့ Sir Ainno....

ခဏလောက်စောင့်ကြည့်ပြီးတဲ့အခါမှာတော့ Lucius က သူ့ကိုလက်ညှိုးထိုးကာ ပြောလိုက်သည်

"သူက တော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ"

Poliana က ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်

Continue Reading

You'll Also Like

96.8K 14.3K 89
His Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခ...
9.1K 732 149
အမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...