london eyeကို လွမ္းျမင္ေနရတဲ့ သိမ္းျမစ္ေဘာင္မွာ ထိုင္ေနျဖစ္ၾကသည္။ လန္ဒန္ရဲ႕ရာသီဥတုက အသဲခိုက္ေအာင္ခ်မ္းေအးသည္။ သို႔ေသာ္လည္း ထိုခ်မ္းေအးမႈကို အံတုလို႔ သိမ္းျမစ္ကန္ေဘာင္မွာထိုင္ေနျခင္းက အနည္းငယ္မိုက္႐ူးရဲဆန္လွသည္ဟုထင္၏။ ထိုသုိ႔မိုက္႐ူးရဲဆန္ႏိုင္ဖို႔ကလည္း ကာကြယ္ေပးသူတစ္ေယာက္ေတာ့႐ွိဖို႔လိုသည္ေလ။ ႏွင္းမက်ရံုတမယ္ေအးေနသည့္ရာသီဥတုေအာက္မွာ ျမစ္ေဘာင္၌ထိုင္ႏိုင္ဖို႔အတြက္ ဆုပ္ကိုင္ထားရသည့္လက္တစ္ဖက္က အားေဆးေပါ့ေလ။ ေဘးမွာထိုင္ေနသည့္ deanကို လွည့္ၾကည့္လိုက္မိသည္။ သူကလည္း သိမ္းျမစ္ျပင္ရဲ႕တစ္ဖက္ျခမ္းက london eyeကို ၾကည့္ေနသည္။ သူဆုပ္ကိုင္ထားသည့္ကိုယ့္လက္ဟာ သူ႔လက္ေငြ႔ျဖင့္ေႏြးေနလ်က္႐ွိသည္။
"ဒီေလာက္ကိုင္ထားရင္ေတာ္ၿပီေလ"
"ကိုယ္ကဖက္ပါဖက္ထားခ်င္တာ လာပါဦး ကိုယ့္ရင္ခြင္ထဲ"
deanက ေဘးကိုတိုးလာၿပီး ပခံုးကိုလာဖက္၍ သူ႔ရင္ခြင္ထဲကိုဆြဲသြင္းသည္။ ခ်စ္သူေတြေတာင္ျဖစ္ၿပီမလို႔ ႐ွက္စရာ၊တြန္႔ဆုတ္ေနစရာမလိုဘူးမို႔ deanခါးကို ျပန္ဖက္ထားလိုက္သည္။
"ကိုယ့္နားထဲမွာေလ ေနေရာင္ျခည္ေလးေျပာတဲ့ ခ်စ္တယ္deanဆိုတဲ့ အသံေလးပဲ ထပ္ခါထပ္ခါၾကားေနရတယ္"
"ေအးပါကြာ"
"ကိုယ္တို႔ေတြခ်စ္သူျဖစ္တဲ့ရက္ေလးကို ပထမဆံုးႏွင္းက်တဲ့ရက္ဆိုၿပီး မွတ္ထားရမယ္"
"ဟင္ ႏွင္းမက်ပါဘူး"
"က်မွာပါ စိတ္ခ်"
ေျပာရင္း နဖူးေလးကိုအသာနမ္းလိုက္သည္။
"ဒါနဲ႔ ကိုယ့္ေနေရာင္ျခည္၊ songက cornwallသြားမွာ ေျပာလား"
"အင္း ေျပာတယ္ေလ"
"လိုက္မွာမလား ကိုယ့္ေနေရာင္ျခည္၊ ကိုယ့္ေနေရာင္ျခည္လိုက္ရင္ ကိုယ္လည္းလိုက္မလို႔"
"ငါမေရာက္ဖူးေတာ့ လိုက္မလို႔၊ မင္းပါေတာ့ ပိုေကာင္းတယ္၊ ငါအထီးမက်န္ေတာ့ဘူး"
"ကိုယ္အသက္ရွင္သေရြ႔ ကိုယ့္ေနေရာင္ျခည္ေလးဆီ အဲ့ခံစားခ်က္ ေယာင္လို႔ေတာင္ေရာက္မလာေစရဘူး"
"ဒီတစ္ခါေတာ့ ငါမင္းကိုအဆံုး႐ွံုးမခံေတာ့ဘူး၊ ငါနာက်င္ခ့ဲတာရတာ ငါပဲသိတယ္၊ မင္းငါ့ကိုထားသြားရင္ေတာင္ ငါမင္းကိုတြယ္ကပ္ေနမွာ dean"
"ေနေရာင္ျခည္ရယ္၊ ကိုယ့္ကိုၾကည့္ပါဦး"
ပခံုးကိုမဖက္ေတာ့ဘဲ ခံုကိုမွီထားရာမွ မတ္မတ္ထိုင္ကာ ေနေရာင္ျခည္ေလးရဲ႕မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ေပြ႔ယူလိုက္သည္။ ထို႔ေနာက္ ႏႈတ္ခမ္းဖူးေလးကို ထိရံုမွ်နမ္းေတာ့ ေနေရာင္ျခည္ေလးက မ်က္လံုးမွိတ္ကာခံယူသည္။ စကၠန္႔ပိုင္းထိ ထိေတြ႕နမ္း႐ိႈက္ၿပီးေတာ့ ေနာက္ဆံုးအႀကိမ္အျဖစ္ နဖူးေပၚတစ္ခ်က္နမ္းလိုက္သည္။
"ထာဝရလိုိ႔လည္းမေျပာဘူး မျဖစ္ေသးတဲ့ေနာက္ဘဝေတြကို ရည္ၫႊန္းၿပီးလည္းမေျပာရင္၊ ကိုယ္ေျပာမယ့္အမွန္တရားက deanဆိုတဲ့ ေနၾကာပန္းေလးက မင္းေလးဆိုတဲ့ ေနေရာင္ျခည္႐ွိရာကိုပဲ မ်က္ႏွာမူေနမွာ"
ေနေစာျပံဳးမိသည္။ deanက ကိုယ့္ျမန္မာနာမည္ကို မေခၚတတ္ေသးလို႔ မင္းေလးလို႔သံုးသြားပံုေပ။ deanနဖူးကို ဖက္ခနဲ႐ိုက္ေတာ့ သူကပခံုးၾကံဳ႕ရယ္သည္။
"ကိုယ္ျမန္မာနာမည္မေခၚတတ္လို႔ပါ"
"ငါသင္ေပးမယ္၊ ေနေစာ "
"နယ္ေဆာ"
"မဟုတ္ဘူး nay ေန အဲ့တာကို ရြတ္ၾကည့္၊ nay ေန
သြားနဲ႔လွ်ာနဲ႔ထိေျပာရတာ၊ ေန"
"ေန"
"ဟုတ္ၿပီ မွန္ၿပီ၊ saw ေစာ ၊ "
"ေစာ"
"မွန္ၿပီ ျပန္ရြတ္ၾကည့္"
"ေနေစာ"
"မွန္သြားၿပီ ဆုခ်ေပးမယ္"
deanႏႈတ္ခမ္းကို တစ္ခ်က္နမ္းေပးလိုက္သည္။ deanမ်က္ႏွာျပံဳးသြားကာ ကုိယ့္ခႏၶာကိုယ္တစ္ခုလံုးကိုဆြဲယူၿပီး အားရပါးရေပြ႔ဖက္ထားသည္။ ကိုယ္လည္း သူ႔ပခံုးေပၚမွာေမးတင္ရင္း ျပန္ဖက္ထားလိုက္မိပါသည္။
"မင္းကငါ့အပိုင္ေနာ္"
"အင္း ကိုယ္ကေနေရာင္ျခည္ေလးအပိုင္"
"ခ်စ္တယ္"
"အိမ္ျပန္စို႔ေလ၊ အေအးမိမယ္ ၊"
"အင္း ျပန္စို႔"
အိမ္အျပန္လမ္းကို စတင္ရသည္။ အတူတြဲလမ္းေလွ်ာက္ခ်င္ေသးသည္ေၾကာင့္ ေျခလ်င္ပဲျပန္မည္ျဖစ္သည္။ deanလက္ကို ကိုယ့္ဘက္ကပဲအရင္ဆုပ္ကိုင္လိုက္ကာ လက္ေမာင္းေပၚေခါင္းမွီတင္လိုက္မိသည္။
"ဒီေန႔ songတို႔က kensingtonသြားတာဆိုေတာ့ ကိုယ္အိမ္မွာေစာင့္ေနေပးရမလား"
"အင္း ေစာင့္ေပးေလ၊ ပထမဆံုးႏွင္းက်တာကို ၾကည့္မလို႔တဲ့၊ ဒီေန႔မွန္းမေသခ်ာတာကို"
"ဒီေန႔ႏွင္းက်ေလာက္မယ္ရယ္"
"မင္းကပါ အ့ဲလိုထင္တယ္ေပါ့"
"အင္း၊ စကားမေျပာနဲ႔"
"ခ်စ္တယ္ကြာ"
ေနေရာင္ျခည္ေလးေခါင္းကို ငံု႔နမ္းလိုက္မိသည္။ သူေလးကို နမ္းေလဆက္နမ္းခ်င္ေလျဖစ္သည္။ ဘာဓာတ္ေတြကမ်ား ဆြဲငင္ေနပါလိမ့္။ ပိုင္ဆိုင္လိုက္ရျခင္းက အနည္းငယ္အိပ္မက္ဆန္ေပမယ့္လည္း တကယ့္အျဖစ္အပ်က္ဆိုတာသိရလွ်င္ပင္ စိတ္အစံုက ၾကည္ႏူးလန္းဆန္းသည္။ ေနေရာင္ျခည္ေလးရဲ႕ လက္ကေလးကို ဆုပ္ကိုင္ခြင့္႐ွိၿပီ၊ ေနေရာင္ျခည္ေလးရဲ႕ နဖူးထက္ နမ္း႐ိႈက္ခြင့္႐ွိၿပီ၊ ေနေရာင္ျခည္ေလးရဲ႕ ႏႈတ္ခမ္းထက္ အၾကင္နာပန္းေႁခြလို႔ ခ်စ္စကားေတြေျပာခြင့္ရသည္။ စိတ္ခ်ပါ ကိုယ့္ေနေရာင္ျခည္ မင္းေလးရဲ႕ေနၾကာပန္းက မင္းတစ္မ်က္ႏွာကိုပဲၾကည့္ရင္း ႐ွင္သန္သြားမွာပါ။
.....................................................................
ခါးသက္သက္အရသာေကာ္ဖီႏွစ္ခြက္ကိုယူလာခ့ဲၿပီး ျပတင္းေပါက္အနားမွာထိုင္ေနသည့္ ရထာ့ဆီကို ေလွ်ာက္လာခ့ဲသည္။ ျပတင္းနားမွာ လူႏွစ္ေယာက္စာအိပ္လို႔ရသည့္ ခုတင္ငယ္ေလးကို ထားထားသည္။ ထိုျပတင္းကေနျမင္ေနရသည့္ egertonရဲ႕နီတာရဲတိုက္ေတြႏွင့္ညမီးေရာင္က အတူစံုေမာင္ႏွံလိုလိုက္ဖက္လြန္းလွသည္။
"ပူတုန္းေလး ေသာက္လိုက္ဦး ကိုယ့္ေမာ္ဖူးမဝ"
"ေက်းဇူးပါ"
လန္ဒန္သားကေတာ့ ဒီအခ်မ္းေလာက္ကိုမမႈေပမယ့္ ျမန္မာျပည္သားေလးကေတာ့ ေစာင္အထပ္ထပ္ခ်ံဳထားကာ ခႏၶာကိုယ္ေပၚမွာလည္း အေႏြးအက်ႌထူ၊ ေခါင္းစြပ္၊ လက္အိတ္ေတြကို အစံုအစိဝတ္ထားသည္။ သူေလးကိုၾကည့္ရတာ အႏွီးထုတ္ထဲက ကေလးေပါက္စနေလးလိုလို။
"ခ်မ္းေနၿပီ ကိုယ့္ေမာ္ဖူးမဝေလး"
ေဘးမွာဝင္ထိုင္ၿပီး ေနာက္အမွီကိုမွီလိုက္ကာ ရထာ့ကိုရင္ခြင္ထဲထည့္ထားလိုက္သည္။
"ကိုယ့္ေမာ္ဖူးမဝက ဒီအခ်မ္းေလးေတာင္ မခံႏိုင္ရင္ ႏွင္းက်ရင္ဘယ္လိုလုပ္မလဲ"
"အိမ္ထဲက အိမ္ျပင္မထြက္ဘူး"
"အယ္ အ့ဲလိုေတာ့မလုပ္နဲ႔ေလကြာ၊ ကိုယ္က ဒီႏွစ္ရဲ႕ပထမဆံုးက်တဲ့ႏွင္းေတြၾကားမွာ မင္းေလးကိုနမ္းခ်င္တာကို"
"႐ိုး႐ိုးနမ္းလည္းရတာကို ကဗ်ာဆန္မေနနဲ႔၊ တစ္ခါတည္း အေအးမိေသသြားလိမ့္မယ္"
"ရထာကလည္း ကိုယ္လုပ္ခ်င္တဲ့အရာေလကြာ"
songက ႏႈတ္ခမ္းစူၿပီးေျပာသည္။ စခ်င္ေသးသည္ေၾကာင့္ သူ႔ဆႏၵကိုလက္မခံေၾကာင္း ေခါင္းယမ္းျပေတာ့ သူက ဆတ္ခနဲ ခါးမတ္ကာ ႏႈတ္ခမ္းကိုပိုစူၿပီးၾကည့္လာသည္။ songမ်က္ႏွာအေနအထားေၾကာင့္ ရယ္ခ်င္သည့္စိတ္ကို အေတာ္ထိန္းထားရသည္။
"ရထာေနာ္"
"ဘာလဲ"
"နမ္းမယ္ေလကြာ"
"မနမ္းဘူး"
"ရထာလို႔ကြာ"
songက ခႏၶာကိုယ္ကိုယမ္းကာ ကေလးငယ္ေတြလိုခ်င္တာ႐ွိလ်င္ မိဘေတြကိုပူဆာသလိုမ်ိဳး ပူဆာသည္။
"ရထာလို႔"
"ေအးပါကြာ မင္းနဲ႔"
"ခ်စ္တာ"
ပါးေလးကိုနစ္ဝင္သြားမတတ္နမ္းလိုက္မိသည္။ ၿပီးလ်င္ ျပတင္းကိုျပန္ၾကည့္မိေတာ့ အျဖဴ ေရာင္အပြင့္ေသးေသးေလးေတြက လွပစြာရြာသြန္းေနသည္။
"ရထာ ႏွင္းက်ေနၿပီ အျပင္ကိုၾကည့္လိုက္"
အေပ်ာ္လြန္ေနသည့္ songအသံေၾကာင့္ သူၫႊန္ျပရာျပတင္းကို ၾကည့္လိုက္သည္။ တကယ္ကို ျဖဴ ေဖြးႏူးညံ့မည့္ႏွင္းပြင့္ေလးေတြက ေကာင္းကင္ယံမွ ျဖည္းညင္းသက္လြင္စြာ က်ဆင္းေနေတာ့သည္။
"ေအာက္ဆင္းစို႔ song"
ခုနကေတာ့ အျပင္ထြက္ရမွာကို ျပင္းျပင္းထန္ထန္ျငင္းေနသည့္ရထာက အခုေတာ့ ကိုယ့္ကိုခုန္ပ်ံေက်ာ္လႊားကာ ခုတင္ေပၚကဆင္းၿပီး ေအာက္ထပ္ကို အေျပးသြားသည္။
"ဒီေမာ္ဖူးမဝေတာ့"
အခုတင္ေဘးကအေႏြးအက်ႌကို ယူဝတ္ခဲ့ၿပီး ကင္မရာႏွင့္ေထာက္တိုင္ကို ယူခ့ဲ၍ songလည္း ေအာက္ထပ္ကိုဆင္းလာခ့ဲသည္။ တံခါးမႀကီးကိုဖြင့္ဖြင့္ခ်င္း အေအးဓာတ္က မ်က္ႏွာကို လာ႐ိုက္သည္။ အျပင္မွာေတာ့ ေဘးပတ္လည္egerton gardenရဲ႕ နီရဲရဲတိုက္ေတြအလွဆင္ထာသည့္ ႏွင္းေဖြးေဖြးေတြၾကားမွာ ေမာ္ဖူးမဝေလးသည္ ေျပးခုန္ေပါက္ကစားေနသည္။ သူ႔အနားကိုမသြားေသးဘဲ ရထာ့ဘက္ကိုမူ၍ ေထာက္တိုင္ေပၚကင္မရာတင္ကာ သူ႔ရဲ႕အျပဳအမူတစ္ခုခ်င္းစီကို မွတ္တမ္းတင္မိသည္။ ရထာက ႏွင္းေတြၾကားေျပးသည္။ ေျပးခုန္ၿပီးေနာက္ လက္ႏွစ္ဖက္ကိုဆန္႔တန္းၿပီး ေခါင္းကိုေမာ့ကာ ႏွင္းစက္ေတြရဲ႕အထိအေတြ႕ကိုခံယူသည္။
နီရဲရဲတိုက္တာအေဆာက္အဦးၾကားက ႏွင္းစက္ေတြအလယ္မွာ ရထာသည္ ေတာ္ဝင္မင္းသားတစ္ပလိုတင့္တယ္ျခင္းမ်ိျဖင့္ ကစားျမဴ းထူးေနသည္။ ေဘးပတ္လယ္က တိုက္နီေတြရဲ႕အလွကလည္း ႏွင္းေတြၾကားမွာတစ္မ်ိဳးတင့္တယ္ေနသည္။သူ႔ရဲ႕သက္ေတာ္ေစာင့္ကိုယ္ကေတာ့ သူ႔အျပံဳးေလးကိုသာ ေငးၾကည့္ေနမိသည္။ အိမ္တုိင္းဆီမွ လူေတြက အလ်ိဳလ်ိဳထြက္လာကာ ပထမဆံုးက်သည့္ႏွင္းကို ေပ်ာ္ရႊင္စြာခံစားႏွစ္သက္ခံစားကုန္သည္။
"song လာေလ"
ရထာက လက္ယက္ေခၚမွ ေမာ္ဖူးျခင္းအား ရပ္တန္႔လိုက္ရပါေတာ့သည္။ သူကလက္ႏွစ္ဖက္ကိုဆန္႔တန္းေပးကာ သူ႔ကိုဖက္ဖို႔ေတာင္းဆိုေနသျဖင့္ အသြက္ဆံုးေျခလွမ္းေတြျဖင့္ သူ႔အနားကိုသြားကာ တစ္ကိုယ္လံုးကို ရင္ခြင္ထဲဆြဲသိမ္းဖက္ထားလိုက္မိသည္။
"ကိုယ့္ေမာ္ဖူးမဝ"
အတူ႐ွိေနတာေတာင္ လြမ္းေနသည္မို႔ အလြမ္းေျပေအာင္ နာမည္ေလးကိုေရရြတ္၍ ပါးကိုနမ္းလိုက္မိသည္။
"ငါ့ကိုနမ္းခ်င္တယ္ဆို နမ္းေလ"
မ်က္ႏွာေလးသာေပၚေနၿပီး က်န္အစိတ္အပိုင္းအားလံုး ဆိုင္ရာအဝတ္အထည္တို႔ေအာက္မွာ ေပ်ာက္ကြယ္ေနသည့္ရထာသည္ ခ်စ္စရာအေကာင္းဆံုးျဖစ္သည္။ မနမ္းေသးဘဲ နဖူူးကို လက္ညိဳးနဲ႔ေတာက္လိုက္ေတာ့ သူေလးက မ်က္ေမွာင္ကုတ္သည္။
"ဘာျဖစ္လို႔လဲ မနမ္းဘူးလား"
"ဟိုမယ္ ကင္မရာကိုဒီဘက္ခ်ိန္ထားလို႔ပါ"
songက အိမ္တံခါးေ႐ွ႕ကကင္မရာကို လက္ညိဳးၫႊန္ျပသည္။
"ဘာျဖစ္လဲ အလွဆံုးvlogေလးရတာေပါ့"
ခပ္ျပံဳးျပံဳးမ်က္ႏွာႏွင့္ ရထာ့ခြင့္ျပဳသံေၾကာင့္ ေပ်ာ္သြားမိကာ ႏွင္းပြင့္တို႔တင္ေနသည့္ ရထာ့ပါးျပင္ေလးကို လက္ဖဝါးႏွစ္ဖက္ျဖင့္အုပ္ကာ ေႏြးေထြးေစသည္။ ညႇိဳ႕ဓာတ္ျပင္းသည့္ရထာ့အၾကည့္ေတြေၾကာင့္ ႏွလံုးသားတစ္ခုက ေမာဟိုက္တုန္ရီလာသည္။ ထိုအၾကည့္မ်ားမွ မခြဲႏိုင္မခြာႏိုင္ျဖစ္ခိုက္ ရထာကျပံဳးျပလာသည့္အခါ ပိုလို႔ပင္ သူ႔ညႇိဳ႕ဓာတ္ေအာက္ ဒူးေထာက္ခစားရပါေတာ့သည္။
"ခ်စ္တယ္ ေမာ္ဖူးမဝ"
"ခ်စ္တယ္ song"
က်ေရာက္လာမည့္ songအနမ္းမ်ားကိုခံယူဖို႔ မ်က္လံုးကိုမွိတ္ထား၍ ေစာင့္ဆိုင္းမိသည္။ ႏွင္းပြင့္တစ္စက္ ႏႈတ္ခမ္းေပၚက်သြားသည္။ ထိုႏွင္းပြင့္တစ္စက္ရဲ႕ထိေတြ႔မႈေနာက္ ကပ္ပါလာသည့္ songႏႈတ္ခမ္းက ႏွင္းရဲ႕ေအးစက္စက္အေတြ႔ကို ၾကာၾကာမခံႏိုင္ေအာင္ ႏႈတ္ခမ္းကိုစုတ္ယူေထြးငံုသည္။ တံု႔ျပန္ခ်က္အျဖစ္ ပါးႏွစ္ဖက္ကို အုပ္ကိုင္ကာ songႏႈတ္ခမ္းကိုျပန္လည္ေထြးငံုလိုက္မိသည္။ ႏူးညံ့သည္။ ညင္သာသည္။ တစ္နည္း တပ္မက္သည္။ songက ပို၍နီးကပ္ေစရန္ ခါးကေနဆြဲကာရင္ဘက္ျခင္းထိကပ္ေစၿပီး အနမ္းပန္းေတြအား ဆက္လက္ပြင့္ဖူးေစသည္။ songမ်က္ႏွာဘယ္လိုေနမလဲလို႔ မ်က္လံုးဖြင့္ၾကည့္မိေတာ့ သူလည္း အထိအေတြ႔ေတြပဲအာရံုျပဳေနသည့္အေနျဖင့္ မ်က္လံုးမွိတ္ထားသည္။ ေက်နပ္မႈကိုရင္ဝယ္ပိုက္၍ ျဖဴ ေအးေသာႏွင္းေတြအလယ္ songရင္ခြင္ေအာက္မွာ songဖန္တီးတဲ့အနမ္းေတြကို ခံယူမိပါသည္။
..............................................................
ဝရန္ဒါကိုထြက္လာၿပီး မိုးေကာင္းကင္ယံမွ ျဖည္းညင္းစြာက်လာသည့္ႏွင္းစက္ေတြအား လက္ဖဝါးျဖန္႔ခံယူမိသည့္အခါ ေအးစက္စက္အထိအေတြ႔ကိုခံစားရသည္။ ညမီးအလင္းေရာင္မ်ားၾကားမွာ ပုလဲေရာင္ႏွင္းမႈန္ကေလးမ်ားသည္ ေကာင္းကင္ထက္မွ ေျမေပါသို႔ႂကြဆင္းကခုန္ေနၾကသည္။
"အေအးမိမယ္ ကိုယ့္ေနေရာင္ျခည္"
ေနေရာင္ျခည္ေလးပခံုးေပၚကို ေစာင္တင္ေပးလိုက္ကာ ေနာက္ကေန သိုင္းဖက္ထားေပးလိုက္သည္။
"ရပါတယ္၊ တစ္ခါမွႏွင္းက်တာကိုမျမင္ဖူးလို႔၊ ၿပီးေတာ့ ႏွင္းမႈန္ေလးေတြကိုလည္း မထိဖူးလို႔"
"ဒါဆို ေျခသလံုးျမႇဳပ္တဲ့ႏွင္းေတြၾကား လမ္းေလွ်ာက္ခ်င္လား"
"ဟင့္အင္း အ့ဲေလာက္ေအးရင္မႀကိဳက္ဘူး"
"ဟုတ္သားေနာ္၊ ကိုယ့္ေနေရာင္ျခည္က အပူပိုင္းကလာတာဆိုေတာ့"
"အင္း"
"ဒါဆိုကိုယ့္ရင္ခြင္ထဲမွာပဲေန"
ရင္ခြင္ထဲကေနေရာင္ျခည္ေလးအား ပိုလို႔တိုးဖက္လိုက္သည္။ ႏွင္းေတြက အဆက္မျပတ္က်ေနဆဲ။ အေအးဓာတ္ကလည္း ႐ွိရင္းထက္ပိုတိုးလာသည္။ ခဏေလာက္ေတာ့ထြက္ေနႏိုင္ေပမယ့္ အေအးဓာတ္အေတာ္လြန္ကဲသည့္အခါ ျမန္မာျပည္သားေလးမခံႏိုင္ေတာ့ေပ။
"ဝင္စို႔ ဝင္စို႔ အရမ္းေအးတာပဲ"
"ဟုတ္ၿပီ"
ေနေစာက သူ႔လက္ႏွစ္ဖက္ကိုပြတ္သပ္ရင္း အခန္းထဲကိုဝင္သြားကာ ခုတင္ေပၚကေစာင္ပံုထူႀကီးၾကားထဲ အိပ္လိုက္သည္။ ၿပီးေနာက္ ခုတင္ေဘးမွာရပ္ေနသည့္ deanအား ေဘးမွာလာအိပ္ဖို႔ခုတင္ကိုလက္ပုတ္ျပေတာ့ deanကျပံဳးရင္း ေဘးမွာဝင္လွဲသည္။
"ခ်မ္းတယ္၊ မင္းတို႔ကေတာ့ခံႏိုင္ရည္႐ွိလိုက္တာ၊ လက္ဆန္႔လိုက္ လက္ေမာင္းေပၚအိပ္မလို႔"
"အင္း"
ဆန္႔ေပးလာသည့္ deanလက္ေမာင္းေပၚကို မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္၍ ေခါင္းအံုးကာ သူ႔ခါးကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားမိသည္။ deanကလည္း ေစာင္ကို နားရြက္ဖံုးငည္အထိျခံဳထားေပးကာ အေႏြးေထြးဆံုးျဖစ္ေအာင္ မလြတ္တမ္းဖက္ထားသည္။
"ခ်စ္တယ္ ကိုယ့္ေနေရာင္ျခည္"
"ခ်စ္တယ္ dean"
"နမ္းမယ္ကြာ"
ေနေရာင္ျခည္ေလးရဲ႕ ပါးျပင္ေလးေတြ၊ မ်က္လံုးေလးေတြ၊ ႏွာေခါင္းထိပ္ေလးကို တစ္လွည့္စီနမ္းေတာ့ သူေလးက ျပံဳးကာၿငိမ္ခံသည္။ ထပ္ခါထပ္ခါ အႀကိမ္ႀကိမ္နမ္းၿပီး၍ ဝေတာ့မွ ႏႈတ္ခမ္းဖူးကို တစ္ႀကိမ္မွ်နမ္းၿပီးလ်င္ေတာ့ အိပ္စက္ရေပေတာ့မည္။
"ဒီညကငါ့အတြက္အေႏြးေထြးဆံုးပဲ"
"ကိုယ့္ေနေရာင္ျခည္ေလး ေမွးစက္အနားယူတဲ့ညတိုင္း ေႏြးေထြးေစရမယ္လို႔ကတိေပးပါတယ္"
ေနေရာင္ျခည္ေလးဆီမွ ဘာစကားမွထပ္ထြက္မလာ။ ရင္ခြင္ထဲက မ်က္ႏွာေလးကိုၾကည့္ေတာ့ ျပံဳးေယာင္သမ္းေနသည္။ ဘာစကားမွထပ္မဆိုေစေတာ့ဘဲ ေနေရာင္ျခည္ေလးအား ေႏြးေႏြးေထြးေထြးအိပ္စက္ႏိုင္ဖို႔ကိုပဲရည္ေမွ်ာ္၍ ကိုယ့္ရင္ခြင္၌သာ အိပ္စက္ေစေတာ့သည္။ ယေန႔သည္ ႏွစ္ဦးသားအတြက္ အေႏြးေထြးဆံုးေန႔ကေလးျဖစ္ပါေတာ့သတည္း။
Egertonပါ၊ လွတယ္ေနာ္
london eyeကို လှမ်းမြင်နေရတဲ့ သိမ်းမြစ်ဘောင်မှာ ထိုင်နေဖြစ်ကြသည်။ လန်ဒန်ရဲ့ရာသီဥတုက အသဲခိုက်အောင်ချမ်းအေးသည်။ သို့သော်လည်း ထိုချမ်းအေးမှုကို အံတုလို့ သိမ်းမြစ်ကန်ဘောင်မှာထိုင်နေခြင်းက အနည်းငယ်မိုက်ရူးရဲဆန်လှသည်ဟုထင်၏။ ထိုသို့မိုက်ရူးရဲဆန်နိုင်ဖို့ကလည်း ကာကွယ်ပေးသူတစ်ယောက်တော့ရှိဖို့လိုသည်လေ။ နှင်းမကျရုံတမယ်အေးနေသည့်ရာသီဥတုအောက်မှာ မြစ်ဘောင်၌ထိုင်နိုင်ဖို့အတွက် ဆုပ်ကိုင်ထားရသည့်လက်တစ်ဖက်က အားဆေးပေါ့လေ။ ဘေးမှာထိုင်နေသည့် deanကို လှည့်ကြည့်လိုက်မိသည်။ သူကလည်း သိမ်းမြစ်ပြင်ရဲ့တစ်ဖက်ခြမ်းက london eyeကို ကြည့်နေသည်။ သူဆုပ်ကိုင်ထားသည့်ကိုယ့်လက်ဟာ သူ့လက်ငွေ့ဖြင့်နွေးနေလျက်ရှိသည်။
"ဒီလောက်ကိုင်ထားရင်တော်ပြီလေ"
"ကိုယ်ကဖက်ပါဖက်ထားချင်တာ လာပါဦး ကိုယ့်ရင်ခွင်ထဲ"
deanက ဘေးကိုတိုးလာပြီး ပခုံးကိုလာဖက်၍ သူ့ရင်ခွင်ထဲကိုဆွဲသွင်းသည်။ ချစ်သူတွေတောင်ဖြစ်ပြီမလို့ ရှက်စရာ၊တွန့်ဆုတ်နေစရာမလိုဘူးမို့ deanခါးကို ပြန်ဖက်ထားလိုက်သည်။
"ကိုယ့်နားထဲမှာလေ နေရောင်ခြည်လေးပြောတဲ့ ချစ်တယ်deanဆိုတဲ့ အသံလေးပဲ ထပ်ခါထပ်ခါကြားနေရတယ်"
"အေးပါကွာ"
"ကိုယ်တို့တွေချစ်သူဖြစ်တဲ့ရက်လေးကို ပထမဆုံးနှင်းကျတဲ့ရက်ဆိုပြီး မှတ်ထားရမယ်"
"ဟင် နှင်းမကျပါဘူး"
"ကျမှာပါ စိတ်ချ"
ပြောရင်း နဖူးလေးကိုအသာနမ်းလိုက်သည်။
"ဒါနဲ့ ကိုယ့်နေရောင်ခြည်၊ songက cornwallသွားမှာ ပြောလား"
"အင်း ပြောတယ်လေ"
"လိုက်မှာမလား ကိုယ့်နေရောင်ခြည်၊ ကိုယ့်နေရောင်ခြည်လိုက်ရင် ကိုယ်လည်းလိုက်မလို့"
"ငါမရောက်ဖူးတော့ လိုက်မလို့၊ မင်းပါတော့ ပိုကောင်းတယ်၊ ငါအထီးမကျန်တော့ဘူး"
"ကိုယ်အသက်ရှင်သရွေ့ ကိုယ့်နေရောင်ခြည်လေးဆီ အဲ့ခံစားချက် ယောင်လို့တောင်ရောက်မလာစေရဘူး"
"ဒီတစ်ခါတော့ ငါမင်းကိုအဆုံးရှုံးမခံတော့ဘူး၊ ငါနာကျင်ခ့ဲတာရတာ ငါပဲသိတယ်၊ မင်းငါ့ကိုထားသွားရင်တောင် ငါမင်းကိုတွယ်ကပ်နေမှာ dean"
"နေရောင်ခြည်ရယ်၊ ကိုယ့်ကိုကြည့်ပါဦး"
ပခုံးကိုမဖက်တော့ဘဲ ခုံကိုမှီထားရာမှ မတ်မတ်ထိုင်ကာ နေရောင်ခြည်လေးရဲ့မျက်နှာကို လက်နှစ်ဖက်ဖြင့်ပွေ့ယူလိုက်သည်။ ထို့နောက် နှုတ်ခမ်းဖူးလေးကို ထိရုံမျှနမ်းတော့ နေရောင်ခြည်လေးက မျက်လုံးမှိတ်ကာခံယူသည်။ စက္ကန့်ပိုင်းထိ ထိတွေ့နမ်းရှိုက်ပြီးတော့ နောက်ဆုံးအကြိမ်အဖြစ် နဖူးပေါ်တစ်ချက်နမ်းလိုက်သည်။
"ထာဝရလိို့လည်းမပြောဘူး မဖြစ်သေးတဲ့နောက်ဘဝတွေကို ရည်ညွှန်းပြီးလည်းမပြောရင်၊ ကိုယ်ပြောမယ့်အမှန်တရားက deanဆိုတဲ့ နေကြာပန်းလေးက မင်းလေးဆိုတဲ့ နေရောင်ခြည်ရှိရာကိုပဲ မျက်နှာမူနေမှာ"
နေစောပြုံးမိသည်။ deanက ကိုယ့်မြန်မာနာမည်ကို မခေါ်တတ်သေးလို့ မင်းလေးလို့သုံးသွားပုံပေ။ deanနဖူးကို ဖက်ခနဲရိုက်တော့ သူကပခုံးကြုံ့ရယ်သည်။
"ကိုယ်မြန်မာနာမည်မခေါ်တတ်လို့ပါ"
"ငါသင်ပေးမယ်၊ နေစော "
"နယ်ဆော"
"မဟုတ်ဘူး nay နေ အဲ့တာကို ရွတ်ကြည့်၊ nay နေ
သွားနဲ့လျှာနဲ့ထိပြောရတာ၊ နေ"
"နေ"
"ဟုတ်ပြီ မှန်ပြီ၊ saw စော ၊ "
"စော"
"မှန်ပြီ ပြန်ရွတ်ကြည့်"
"နေစော"
"မှန်သွားပြီ ဆုချပေးမယ်"
deanနှုတ်ခမ်းကို တစ်ချက်နမ်းပေးလိုက်သည်။ deanမျက်နှာပြုံးသွားကာ ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးကိုဆွဲယူပြီး အားရပါးရပွေ့ဖက်ထားသည်။ ကိုယ်လည်း သူ့ပခုံးပေါ်မှာမေးတင်ရင်း ပြန်ဖက်ထားလိုက်မိပါသည်။
"မင်းကငါ့အပိုင်နော်"
"အင်း ကိုယ်ကနေရောင်ခြည်လေးအပိုင်"
"ချစ်တယ်"
"အိမ်ပြန်စို့လေ၊ အအေးမိမယ် ၊"
"အင်း ပြန်စို့"
အိမ်အပြန်လမ်းကို စတင်ရသည်။ အတူတွဲလမ်းလျှောက်ချင်သေးသည်ကြောင့် ခြေလျင်ပဲပြန်မည်ဖြစ်သည်။ deanလက်ကို ကိုယ့်ဘက်ကပဲအရင်ဆုပ်ကိုင်လိုက်ကာ လက်မောင်းပေါ်ခေါင်းမှီတင်လိုက်မိသည်။
"ဒီနေ့ songတို့က kensingtonသွားတာဆိုတော့ ကိုယ်အိမ်မှာစောင့်နေပေးရမလား"
"အင်း စောင့်ပေးလေ၊ ပထမဆုံးနှင်းကျတာကို ကြည့်မလို့တဲ့၊ ဒီနေ့မှန်းမသေချာတာကို"
"ဒီနေ့နှင်းကျလောက်မယ်ရယ်"
"မင်းကပါ အ့ဲလိုထင်တယ်ပေါ့"
"အင်း၊ စကားမပြောနဲ့"
"ချစ်တယ်ကွာ"
နေရောင်ခြည်လေးခေါင်းကို ငုံ့နမ်းလိုက်မိသည်။ သူလေးကို နမ်းလေဆက်နမ်းချင်လေဖြစ်သည်။ ဘာဓာတ်တွေကများ ဆွဲငင်နေပါလိမ့်။ ပိုင်ဆိုင်လိုက်ရခြင်းက အနည်းငယ်အိပ်မက်ဆန်ပေမယ့်လည်း တကယ့်အဖြစ်အပျက်ဆိုတာသိရလျှင်ပင် စိတ်အစုံက ကြည်နူးလန်းဆန်းသည်။ နေရောင်ခြည်လေးရဲ့ လက်ကလေးကို ဆုပ်ကိုင်ခွင့်ရှိပြီ၊ နေရောင်ခြည်လေးရဲ့ နဖူးထက် နမ်းရှိုက်ခွင့်ရှိပြီ၊ နေရောင်ခြည်လေးရဲ့ နှုတ်ခမ်းထက် အကြင်နာပန်းခြွေလို့ ချစ်စကားတွေပြောခွင့်ရသည်။ စိတ်ချပါ ကိုယ့်နေရောင်ခြည် မင်းလေးရဲ့နေကြာပန်းက မင်းတစ်မျက်နှာကိုပဲကြည့်ရင်း ရှင်သန်သွားမှာပါ။
.....................................................................
ခါးသက်သက်အရသာကော်ဖီနှစ်ခွက်ကိုယူလာခ့ဲပြီး ပြတင်းပေါက်အနားမှာထိုင်နေသည့် ရထာ့ဆီကို လျှောက်လာခ့ဲသည်။ ပြတင်းနားမှာ လူနှစ်ယောက်စာအိပ်လို့ရသည့် ခုတင်ငယ်လေးကို ထားထားသည်။ ထိုပြတင်းကနေမြင်နေရသည့် egertonရဲ့နီတာရဲတိုက်တွေနှင့်ညမီးရောင်က အတူစုံမောင်နှံလိုလိုက်ဖက်လွန်းလှသည်။
"ပူတုန်းလေး သောက်လိုက်ဦး ကိုယ့်မော်ဖူးမဝ"
"ကျေးဇူးပါ"
လန်ဒန်သားကတော့ ဒီအချမ်းလောက်ကိုမမှုပေမယ့် မြန်မာပြည်သားလေးကတော့ စောင်အထပ်ထပ်ချုံထားကာ ခန္ဓာကိုယ်ပေါ်မှာလည်း အနွေးအကျႌထူ၊ ခေါင်းစွပ်၊ လက်အိတ်တွေကို အစုံအစိဝတ်ထားသည်။ သူလေးကိုကြည့်ရတာ အနှီးထုတ်ထဲက ကလေးပေါက်စနလေးလိုလို။
"ချမ်းနေပြီ ကိုယ့်မော်ဖူးမဝလေး"
ဘေးမှာဝင်ထိုင်ပြီး နောက်အမှီကိုမှီလိုက်ကာ ရထာ့ကိုရင်ခွင်ထဲထည့်ထားလိုက်သည်။
"ကိုယ့်မော်ဖူးမဝက ဒီအချမ်းလေးတောင် မခံနိုင်ရင် နှင်းကျရင်ဘယ်လိုလုပ်မလဲ"
"အိမ်ထဲက အိမ်ပြင်မထွက်ဘူး"
"အယ် အ့ဲလိုတော့မလုပ်နဲ့လေကွာ၊ ကိုယ်က ဒီနှစ်ရဲ့ပထမဆုံးကျတဲ့နှင်းတွေကြားမှာ မင်းလေးကိုနမ်းချင်တာကို"
"ရိုးရိုးနမ်းလည်းရတာကို ကဗျာဆန်မနေနဲ့၊ တစ်ခါတည်း အအေးမိသေသွားလိမ့်မယ်"
"ရထာကလည်း ကိုယ်လုပ်ချင်တဲ့အရာလေကွာ"
songက နှုတ်ခမ်းစူပြီးပြောသည်။ စချင်သေးသည်ကြောင့် သူ့ဆန္ဒကိုလက်မခံကြောင်း ခေါင်းယမ်းပြတော့ သူက ဆတ်ခနဲ ခါးမတ်ကာ နှုတ်ခမ်းကိုပိုစူပြီးကြည့်လာသည်။ songမျက်နှာအနေအထားကြောင့် ရယ်ချင်သည့်စိတ်ကို အတော်ထိန်းထားရသည်။
"ရထာနော်"
"ဘာလဲ"
"နမ်းမယ်လေကွာ"
"မနမ်းဘူး"
"ရထာလို့ကွာ"
songက ခန္ဓာကိုယ်ကိုယမ်းကာ ကလေးငယ်တွေလိုချင်တာရှိလျင် မိဘတွေကိုပူဆာသလိုမျိုး ပူဆာသည်။
"ရထာလို့"
"အေးပါကွာ မင်းနဲ့"
"ချစ်တာ"
ပါးလေးကိုနစ်ဝင်သွားမတတ်နမ်းလိုက်မိသည်။ ပြီးလျင် ပြတင်းကိုပြန်ကြည့်မိတော့ အဖြူ ရောင်အပွင့်သေးသေးလေးတွေက လှပစွာရွာသွန်းနေသည်။
"ရထာ နှင်းကျနေပြီ အပြင်ကိုကြည့်လိုက်"
အပျော်လွန်နေသည့် songအသံကြောင့် သူညွှန်ပြရာပြတင်းကို ကြည့်လိုက်သည်။ တကယ်ကို ဖြူ ဖွေးနူးညံ့မည့်နှင်းပွင့်လေးတွေက ကောင်းကင်ယံမှ ဖြည်းညင်းသက်လွင်စွာ ကျဆင်းနေတော့သည်။
"အောက်ဆင်းစို့ song"
ခုနကတော့ အပြင်ထွက်ရမှာကို ပြင်းပြင်းထန်ထန်ငြင်းနေသည့်ရထာက အခုတော့ ကိုယ့်ကိုခုန်ပျံကျော်လွှားကာ ခုတင်ပေါ်ကဆင်းပြီး အောက်ထပ်ကို အပြေးသွားသည်။
"ဒီမော်ဖူးမဝတော့"
အခုတင်ဘေးကအနွေးအကျႌကို ယူဝတ်ခဲ့ပြီး ကင်မရာနှင့်ထောက်တိုင်ကို ယူခ့ဲ၍ songလည်း အောက်ထပ်ကိုဆင်းလာခ့ဲသည်။ တံခါးမကြီးကိုဖွင့်ဖွင့်ချင်း အအေးဓာတ်က မျက်နှာကို လာရိုက်သည်။ အပြင်မှာတော့ ဘေးပတ်လည်egerton gardenရဲ့ နီရဲရဲတိုက်တွေအလှဆင်ထာသည့် နှင်းဖွေးဖွေးတွေကြားမှာ မော်ဖူးမဝလေးသည် ပြေးခုန်ပေါက်ကစားနေသည်။ သူ့အနားကိုမသွားသေးဘဲ ရထာ့ဘက်ကိုမူ၍ ထောက်တိုင်ပေါ်ကင်မရာတင်ကာ သူ့ရဲ့အပြုအမူတစ်ခုချင်းစီကို မှတ်တမ်းတင်မိသည်။ ရထာက နှင်းတွေကြားပြေးသည်။ ပြေးခုန်ပြီးနောက် လက်နှစ်ဖက်ကိုဆန့်တန်းပြီး ခေါင်းကိုမော့ကာ နှင်းစက်တွေရဲ့အထိအတွေ့ကိုခံယူသည်။
နီရဲရဲတိုက်တာအဆောက်အဦးကြားက နှင်းစက်တွေအလယ်မှာ ရထာသည် တော်ဝင်မင်းသားတစ်ပလိုတင့်တယ်ခြင်းမျိဖြင့် ကစားမြူ းထူးနေသည်။ ဘေးပတ်လယ်က တိုက်နီတွေရဲ့အလှကလည်း နှင်းတွေကြားမှာတစ်မျိုးတင့်တယ်နေသည်။သူ့ရဲ့သက်တော်စောင့်ကိုယ်ကတော့ သူ့အပြုံးလေးကိုသာ ငေးကြည့်နေမိသည်။ အိမ်တိုင်းဆီမှ လူတွေက အလျိုလျိုထွက်လာကာ ပထမဆုံးကျသည့်နှင်းကို ပျော်ရွှင်စွာခံစားနှစ်သက်ခံစားကုန်သည်။
"song လာလေ"
ရထာက လက်ယက်ခေါ်မှ မော်ဖူးခြင်းအား ရပ်တန့်လိုက်ရပါတော့သည်။ သူကလက်နှစ်ဖက်ကိုဆန့်တန်းပေးကာ သူ့ကိုဖက်ဖို့တောင်းဆိုနေသဖြင့် အသွက်ဆုံးခြေလှမ်းတွေဖြင့် သူ့အနားကိုသွားကာ တစ်ကိုယ်လုံးကို ရင်ခွင်ထဲဆွဲသိမ်းဖက်ထားလိုက်မိသည်။
"ကိုယ့်မော်ဖူးမဝ"
အတူရှိနေတာတောင် လွမ်းနေသည်မို့ အလွမ်းပြေအောင် နာမည်လေးကိုရေရွတ်၍ ပါးကိုနမ်းလိုက်မိသည်။
"ငါ့ကိုနမ်းချင်တယ်ဆို နမ်းလေ"
မျက်နှာလေးသာပေါ်နေပြီး ကျန်အစိတ်အပိုင်းအားလုံး ဆိုင်ရာအဝတ်အထည်တို့အောက်မှာ ပျောက်ကွယ်နေသည့်ရထာသည် ချစ်စရာအကောင်းဆုံးဖြစ်သည်။ မနမ်းသေးဘဲ နဖူူးကို လက်ညိုးနဲ့တောက်လိုက်တော့ သူလေးက မျက်မှောင်ကုတ်သည်။
"ဘာဖြစ်လို့လဲ မနမ်းဘူးလား"
"ဟိုမယ် ကင်မရာကိုဒီဘက်ချိန်ထားလို့ပါ"
songက အိမ်တံခါးရှေ့ကကင်မရာကို လက်ညိုးညွှန်ပြသည်။
"ဘာဖြစ်လဲ အလှဆုံးvlogလေးရတာပေါ့"
ခပ်ပြုံးပြုံးမျက်နှာနှင့် ရထာ့ခွင့်ပြုသံကြောင့် ပျော်သွားမိကာ နှင်းပွင့်တို့တင်နေသည့် ရထာ့ပါးပြင်လေးကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကာ နွေးထွေးစေသည်။ ညှို့ဓာတ်ပြင်းသည့်ရထာ့အကြည့်တွေကြောင့် နှလုံးသားတစ်ခုက မောဟိုက်တုန်ရီလာသည်။ ထိုအကြည့်များမှ မခွဲနိုင်မခွာနိုင်ဖြစ်ခိုက် ရထာကပြုံးပြလာသည့်အခါ ပိုလို့ပင် သူ့ညှို့ဓာတ်အောက် ဒူးထောက်ခစားရပါတော့သည်။
"ချစ်တယ် မော်ဖူးမဝ"
"ချစ်တယ် song"
ကျရောက်လာမည့် songအနမ်းများကိုခံယူဖို့ မျက်လုံးကိုမှိတ်ထား၍ စောင့်ဆိုင်းမိသည်။ နှင်းပွင့်တစ်စက် နှုတ်ခမ်းပေါ်ကျသွားသည်။ ထိုနှင်းပွင့်တစ်စက်ရဲ့ထိတွေ့မှုနောက် ကပ်ပါလာသည့် songနှုတ်ခမ်းက နှင်းရဲ့အေးစက်စက်အတွေ့ကို ကြာကြာမခံနိုင်အောင် နှုတ်ခမ်းကိုစုတ်ယူထွေးငုံသည်။ တုံ့ပြန်ချက်အဖြစ် ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ songနှုတ်ခမ်းကိုပြန်လည်ထွေးငုံလိုက်မိသည်။ နူးညံ့သည်။ ညင်သာသည်။ တစ်နည်း တပ်မက်သည်။ songက ပို၍နီးကပ်စေရန် ခါးကနေဆွဲကာရင်ဘက်ခြင်းထိကပ်စေပြီး အနမ်းပန်းတွေအား ဆက်လက်ပွင့်ဖူးစေသည်။ songမျက်နှာဘယ်လိုနေမလဲလို့ မျက်လုံးဖွင့်ကြည့်မိတော့ သူလည်း အထိအတွေ့တွေပဲအာရုံပြုနေသည့်အနေဖြင့် မျက်လုံးမှိတ်ထားသည်။ ကျေနပ်မှုကိုရင်ဝယ်ပိုက်၍ ဖြူ အေးသောနှင်းတွေအလယ် songရင်ခွင်အောက်မှာ songဖန်တီးတဲ့အနမ်းတွေကို ခံယူမိပါသည်။
..............................................................
ဝရန်ဒါကိုထွက်လာပြီး မိုးကောင်းကင်ယံမှ ဖြည်းညင်းစွာကျလာသည့်နှင်းစက်တွေအား လက်ဖဝါးဖြန့်ခံယူမိသည့်အခါ အေးစက်စက်အထိအတွေ့ကိုခံစားရသည်။ ညမီးအလင်းရောင်များကြားမှာ ပုလဲရောင်နှင်းမှုန်ကလေးများသည် ကောင်းကင်ထက်မှ မြေပေါသို့ကြွဆင်းကခုန်နေကြသည်။
"အအေးမိမယ် ကိုယ့်နေရောင်ခြည်"
နေရောင်ခြည်လေးပခုံးပေါ်ကို စောင်တင်ပေးလိုက်ကာ နောက်ကနေ သိုင်းဖက်ထားပေးလိုက်သည်။
"ရပါတယ်၊ တစ်ခါမှနှင်းကျတာကိုမမြင်ဖူးလို့၊ ပြီးတော့ နှင်းမှုန်လေးတွေကိုလည်း မထိဖူးလို့"
"ဒါဆို ခြေသလုံးမြှုပ်တဲ့နှင်းတွေကြား လမ်းလျှောက်ချင်လား"
"ဟင့်အင်း အ့ဲလောက်အေးရင်မကြိုက်ဘူး"
"ဟုတ်သားနော်၊ ကိုယ့်နေရောင်ခြည်က အပူပိုင်းကလာတာဆိုတော့"
"အင်း"
"ဒါဆိုကိုယ့်ရင်ခွင်ထဲမှာပဲနေ"
ရင်ခွင်ထဲကနေရောင်ခြည်လေးအား ပိုလို့တိုးဖက်လိုက်သည်။ နှင်းတွေက အဆက်မပြတ်ကျနေဆဲ။ အအေးဓာတ်ကလည်း ရှိရင်းထက်ပိုတိုးလာသည်။ ခဏလောက်တော့ထွက်နေနိုင်ပေမယ့် အအေးဓာတ်အတော်လွန်ကဲသည့်အခါ မြန်မာပြည်သားလေးမခံနိုင်တော့ပေ။
"ဝင်စို့ ဝင်စို့ အရမ်းအေးတာပဲ"
"ဟုတ်ပြီ"
နေစောက သူ့လက်နှစ်ဖက်ကိုပွတ်သပ်ရင်း အခန်းထဲကိုဝင်သွားကာ ခုတင်ပေါ်ကစောင်ပုံထူကြီးကြားထဲ အိပ်လိုက်သည်။ ပြီးနောက် ခုတင်ဘေးမှာရပ်နေသည့် deanအား ဘေးမှာလာအိပ်ဖို့ခုတင်ကိုလက်ပုတ်ပြတော့ deanကပြုံးရင်း ဘေးမှာဝင်လှဲသည်။
"ချမ်းတယ်၊ မင်းတို့ကတော့ခံနိုင်ရည်ရှိလိုက်တာ၊ လက်ဆန့်လိုက် လက်မောင်းပေါ်အိပ်မလို့"
"အင်း"
ဆန့်ပေးလာသည့် deanလက်မောင်းပေါ်ကို မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်၍ ခေါင်းအုံးကာ သူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။ deanကလည်း စောင်ကို နားရွက်ဖုံးငည်အထိခြုံထားပေးကာ အနွေးထွေးဆုံးဖြစ်အောင် မလွတ်တမ်းဖက်ထားသည်။
"ချစ်တယ် ကိုယ့်နေရောင်ခြည်"
"ချစ်တယ် dean"
"နမ်းမယ်ကွာ"
နေရောင်ခြည်လေးရဲ့ ပါးပြင်လေးတွေ၊ မျက်လုံးလေးတွေ၊ နှာခေါင်းထိပ်လေးကို တစ်လှည့်စီနမ်းတော့ သူလေးက ပြုံးကာငြိမ်ခံသည်။ ထပ်ခါထပ်ခါ အကြိမ်ကြိမ်နမ်းပြီး၍ ဝတော့မှ နှုတ်ခမ်းဖူးကို တစ်ကြိမ်မျှနမ်းပြီးလျင်တော့ အိပ်စက်ရပေတော့မည်။
"ဒီညကငါ့အတွက်အနွေးထွေးဆုံးပဲ"
"ကိုယ့်နေရောင်ခြည်လေး မှေးစက်အနားယူတဲ့ညတိုင်း နွေးထွေးစေရမယ်လို့ကတိပေးပါတယ်"
နေရောင်ခြည်လေးဆီမှ ဘာစကားမှထပ်ထွက်မလာ။ ရင်ခွင်ထဲက မျက်နှာလေးကိုကြည့်တော့ ပြုံးယောင်သမ်းနေသည်။ ဘာစကားမှထပ်မဆိုစေတော့ဘဲ နေရောင်ခြည်လေးအား နွေးနွေးထွေးထွေးအိပ်စက်နိုင်ဖို့ကိုပဲရည်မျှော်၍ ကိုယ့်ရင်ခွင်၌သာ အိပ်စက်စေတော့သည်။ ယနေ့သည် နှစ်ဦးသားအတွက် အနွေးထွေးဆုံးနေ့ကလေးဖြစ်ပါတော့သတည်း။