ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 14

13.1K 2.1K 78
By Kay_Wine

MWFV Ch 14

Misunderstanding

Zawgyi Version

စုေရွာင္ေပါင္က စိတ္အေႏွာင့္အယွက္ျဖစ္တာေၾကာင့္ မ်က္ေမွာင္ႀကဳံလိုက္တယ္။ သူအိမ္စာလုပ္ေနတဲ့အခ်ိန္မွာ ဒီေကာင္မေလးက ႐ုတ္တရက္ႀကီး အလင္းလာကြယ္ေနတာေၾကာင့္ပဲျဖစ္တယ္။

"ဘာလဲ?"

"ငါ..." ဟြမ္ယင္ယင္ဆိုတဲ့ေကာင္မေလးက ေတာင့္တင္းသြားေတာ့တယ္။

ပထမစာသင္ခ်ိန္မၿပီးေသးခင္မွာပဲ အတန္း ၈-၇ ကေကာင္မေလးေတြက သူတို႔အတန္းထဲမွာ အရမ္းၾကည့္ေကာင္းတဲ့ ေက်ာင္းေျပာင္းေက်ာင္းသားတစ္ေယာက္ ရွိတယ္ဆိုတဲ့သတင္းကို ေလွ်ာက္ျဖန႔္ေနၾကတာျဖစ္တယ္။

ဟြမ္ယင္ယင္က ၾကည့္ေကာင္းတဲ့ေကာင္ေလးေတြကို သေဘာက်ေလ့ရွိၿပီး သူမကေပ်ာ္ေပ်ာ္ေနတတ္တဲ့သူ ျဖစ္တာေၾကာင့္ သူမႀကိဳက္တဲ့ ဘယ္ေကာင္ေလးကိုမဆို လိုက္စေလ့ရွိတယ္။ ဒီေက်ာင္းမွာ အရမ္းၾကည့္ေကာင္းတဲ့ ေကာင္ေလးႏွစ္ေယာက္ရွိတယ္။ တစ္ေယာက္က ေက်ာင္းအလွပန္းေလးကို crush ေနတဲ့ သခင္ေလးယဲ့ျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ သူမ သြားမဆြရဲတဲ့ ရွဲ႕မင္႐ႊမ္းဆိုတာပဲျဖစ္တယ္။ ေက်ာင္းေျပာင္းေက်ာင္းသားေလးက ဒီေကာင္ေလးႏွစ္ေယာက္လိုပဲ ၾကည့္ေကာင္းတယ္ဆိုတာကို သူမၾကားၾကားခ်င္းပဲ ဟြမ္ယင္ယင္က ဘာမွမစဥ္းစားႏိုင္ေတာ့ပဲ အေျပးလာခဲ့တာျဖစ္တယ္။

ဟြမ္ယင္ယင္က စုေရွာင္ေပါင္ကိုလည္း ေတြ႕ေရာ သူကအရမ္းၾကည့္ေကာင္းတယ္ဆိုတာ ပိုေသခ်ာသြားေတာ့တယ္။

သူမႏွလုံးခုန္သံေတြေတာင္ ျမန္ေနသလိုပဲ...

"ဟိုေလ...သူငယ္ခ်င္းအသစ္ေလးေရ ငါနင့္ရဲ႕ WeChat account ကို add လို႔ရႏိုင္မလားဟင္?" အမႈမဲ့အမွတ္မဲ့ ေနတတ္တဲ့ေကာင္မေလးက တကယ္ႀကီးရွက္ေသြးျဖာေနခဲ့တယ္။

"မရွိဘူး" ေမာင္ႏွမႏွစ္ေယာက္က အရင္ကတည္းက မိုဘိုင္းဖုန္းမွမရွိတာ ဘယ္လိုလုပ္ၿပီး သူတို႔မွာ WeChat ဆိုတာရွိပါ့မလဲ။

စုေရွာင္ေပါင္က အမွန္အတိုင္းေျပာလိုက္ေပမယ့္ ဟြမ္ယင္ယင္ကေတာ့ တဲ့တိုးႀကီးအျငင္းခံလိုက္ရတယ္လို႔ ထင္သြားေတာ့တယ္ : ဒီေခတ္ႀကီးမွာ ဘယ္သူက WeChat မသုံးတာရွိလို႔လဲ။ သူ႔မွာမရွိဘူးလို႔ ေျပာတယ္ဆိုတာက သူကသူမကို မ add ခ်င္လို႔ဆိုတာရွင္းေနတာပဲေလ!

ဟြမ္ယင္ယင္က ႐ုတ္တရက္ပဲ သူမမ်က္ႏွာႀကီးေပ်ာက္သြားၿပီလားလို႔ေတာင္ ခံစားလိုက္ရတယ္။ ၿပီးေတာ့ဒီလိုပြဲႀကီးပြဲေကာင္းကို ၾကည့္ေနၾကတဲ့ေက်ာင္းသားေတြလည္း ေသခ်ာေပါက္ ဒီလိုပဲေတြးေနၾကမွာေလ။ ဟြမ္ယင္ယင္က ေခ်ာေမာလွပတာေၾကာင့္ အၿမဲလိုလိုပဲ သူမကေယာက္်ားေလးေတြရဲ႕ မ်က္စိက်စရာလို ျဖစ္ေနတယ္။ သူတို႔လုံးဝမထင္လိုက္တာက ဒီေက်ာင္းသားသစ္က သူ႔ရဲ႕ပထမဆုံးေန႔မွာ သူမကို အႏိုင္ပိုင္းလိုက္တာကိုပဲျဖစ္တယ္။ ဘယ္ေလာက္စိတ္ဝင္စားစရာေကာင္းလိုက္သလဲ။

-----

ရွဲ႕မင္႐ႊမ္းက ႐ုတ္႐ုတ္သဲသဲေတြေၾကာင့္ ႏိုးလာခဲ့တယ္။

"ဘာေတြျဖစ္ေနတာလဲ?" သူက မႈန္ကုပ္ကုပ္နဲ႔ သူ႔ေခါင္းကိုေမာ့လိုက္တယ္။

"ဟီး ဟီး...အစ္ကို႐ႊမ္း အစ္ကိုတစ္ေမွးအိပ္ေပ်ာ္ေနတဲ့အခ်ိန္ ဘာေတြလြတ္သြားလဲဆိုတာ အစ္ကိုမသိဘူးေနာ္။ တုယီမင္ရဲ႕နတ္ဘုရားမေလး ယင္ယင္ကေလ ခုနေလးတင္ ကြၽန္ေတာ္တို႔အတန္းထဲလာၿပီး စုေရွာင္ေပါင္ရဲ႕ WeChat ကိုေတာင္းတာ။ ဒါေပမယ့္ ခ်က္ခ်င္းႀကီး အျငင္းခံလိုက္ရတယ္ဗ်ာ" လ်ိဳ႕ခိုင္က အခုေလးတင္ ဘာေတြျဖစ္သြားခဲ့တယ္ဆိုတာကို သူ႔ကို ကြက္ကြက္ကြင္းကြင္းေျပာျပခဲ့တယ္။

ဒီေကာင္ပဲလား? ရွဲ႕မင္႐ႊမ္းက မ်က္ေမွာင္အႀကီးအက်ယ္က်ဳံ႕လိုက္မိတယ္။ သူ႔စာေမးပြဲရမွတ္က စုေရွာင္ေပါင္ေအာက္ တစ္မွတ္ေလ်ာ့ေနတာကို သူ႔မွာခါးခါးသီးသီးခံစားေနရတုန္းပဲ။ အရင္စာေမးပြဲေတြတုန္းက သူကသာမန္ကာလွ်ံကာေလာက္ပဲ ေျဖခဲ့ၿပီး မေန႔ကေတာ့ သူ႔အသားကုန္ႀကိဳးစားေျဖခဲ့တာႀကီးကို!

"ဒီေန႔ physical education အတန္းခ်ိန္ (PT အခ်ိန္) ရွိတယ္မလား?" ရွဲ႕မင္႐ႊမ္းကေမးလိုက္တယ္။

"အင္း...ေနာက္တစ္ခ်ိန္ေလ"

"မင္းေဘာလုံးယူလာလား?"

"အာ...ယူလာတာေပါ့"

"ငါ့ကိုေပး"

လ်ိဳ႕ခိုင္ဆီကေန ဘတ္စကတ္ေဘာလုံးကို ရၿပီးေတာ့ ရွဲ႕မင္႐ႊမ္းက မတ္တပ္ထလိုက္ၿပီး စုေရွာင္ေပါင္ဆီ ေလွ်ာက္သြားခဲ့တယ္။ 'ဘန္း' ဆိုတဲ့အသံက်ယ္ႀကီးနဲ႔အတူ သူက ဘတ္စကတ္ေဘာလုံးကို စုေရွာင္ေပါင္ရဲ႕ စားပြဲခုံေပၚတင္လိုက္တယ္။

စုေရွာင္ေပါင္က မ်က္ေမွာင္က်ဳံ႕လိုက္မိတယ္ : ဒီလူေတြက ဘာေၾကာင့္ဒီေလာက္ေတာင္ စိတ္ရႈပ္ဖို႔ေကာင္းရတာလဲ။ ငါေက်ာင္းမဆင္းခင္ အိမ္စာေတြအၿပီးလုပ္ခ်င္တာကို သူတို႔မျမင္ၾကဘူးလားဟ?

စုေရွာင္ေပါင္က တစ္ဖက္ေကာင္ေလးကို ေအးစက္စက္စိုက္ၾကည့္ေပးလိုက္တယ္။

"မင္းကစားတတ္လား?" ရွဲ႕မင္႐ႊမ္းကေမးလိုက္တယ္။

စုေရွာင္ေပါင္ : "တတ္တယ္"

ရွဲ႕မင္႐ႊမ္း : "တစ္ပြဲေလာက္ဆိုရင္ေကာ?"

-----

စုေပက အနီးနားမွာထိုင္ေနခဲ့တာျဖစ္ၿပီး သူမက ေကာင္ေလးႏွစ္ေယာက္ရဲ႕မ်က္လုံးေတြထဲမွာေတာ့ မီးပြားေလးေတြကို မေတြ႕ရဘူး။ အဲဒီအစား တစ္စုံတစ္ေယာက္က စုေရွာင္ေပါင္ကို တကယ္ႀကီးကစားဖို႔ ဖိတ္ေခၚတယ္ဆိုတာကသာ သူမကိုအံ့အားသင့္ေစခဲ့တာျဖစ္တယ္။ သူတို႔ေက်းလက္ေဒသမွာ ရွိတုန္းကဆိုရင္ သူတို႔မိသားစုေနာက္ခံေၾကာင့္ တစ္ေယာက္မွသူတို႔နဲ႔အတူတူကစားဖို႔ ေခၚတယ္ဆိုတာမ်ိဳး မရွိခဲ့ဖူးဘူး။ တစ္ျခားကေလးေတြ ဘတ္စကတ္ေဘာကစားေနၾကတဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာဆိုရင္ စုေရွာင္ေပါင္က ေဘးကေနသာၾကည့္ေနခဲ့ရၿပီး ကစားကြင္းထဲမွာ တစ္ေယာက္မွမရွိေတာ့တဲ့အခ်ိန္အထိ ေစာင့္ဆိုင္းကာ ေနာက္ဆုံးက်မွ သူက ကစားကြင္းထဲမွာ ေဘာလုံးကို စိတ္ကူးနဲ႔မွန္းဆၿပီးေတာ့ dribble and shoot တို႔ကိုလုပ္ရတာျဖစ္တယ္။

[T/N : dribble and shoot = ေဘာလုံးကို တို႔ကာတို႔ကာ ပုတ္ကာပုတ္ကာ ျဖင့္သယ္သြားျခင္း ႏွင့္ ပစ္သြင္းျခင္း]

ဒါက စုေပရဲ႕ႏွလုံးသားထဲမွာ အၿမဲတေစ အဖုအထုံးတစ္ခုလို ျဖစ္ေနခဲ့တာျဖစ္တယ္။

မေမွ်ာ္လင့္ပဲ သူတို႔ေက်ာင္းတက္တဲ့ ပထမဆုံးေန႔မွာပဲ တစ္စုံတစ္ေယာက္က စုေရွာင္ေပါင္ကို ကစားဖို႔ေခၚတယ္ဆိုတာကို ၾကားလိုက္ရေတာ့ စုေပကေပ်ာ္႐ႊင္သြားမိတယ္။ ေနာက္ၿပီး မေန႔က သူတို႔ကို အားေပးဖို႔ရာ ခ်န္တဲ့ရဲ႕အသုံးမဝင္တဲ့ႀကိဳးစားမႈေၾကာင့္ သူမအေနနဲ႔ ဒီရွဲ႕မိသားစုရဲ႕ ဒုတိယသခင္ေလးအေပၚ အေကာင္းျမင္စိတ္ေလးေတြ ျဖစ္ေပၚေနတာျဖစ္တယ္။

"စုေရွာင္ေပါင္ နင္သြားသင့္ၿပီေနာ္" စုေပက စားပြဲခုံေအာက္က စုေရွာင္ေပါင္ရဲ႕လက္ေမာင္းကို ခါယမ္းလိုက္ၿပီး "ငါ နင္ကစားတာကိုၾကည့္ေနမွာ"

စုေရွာင္ေပါင္က စုေပကို ေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္ ရွဲ႕မင္႐ႊမ္းကိုၾကည့္လိုက္တယ္ : "စည္းမ်ဥ္းကဘာလဲ?"

"3 vs 3 ေပါ့။ အခု ဒီေလးေယာက္ကေနသာ ႏွစ္ေယာက္ေ႐ြးလိုက္ေတာ့" ဘတ္စကတ္ေဘာကြင္းထဲသို႔ သြားေနစဥ္မွာ ရွဲ႕မင္႐ႊမ္းက တုယီမင္ႏွင့္တစ္ျခားသူမ်ားကို လက္ညႇိဳးထိုးျပလိုက္တယ္။

သူတို႔က ရွဲ႕မင္႐ႊမ္းရဲ႕စကားကိုလည္းၾကားေရာ ေကာင္ေလးေလးေယာက္ခမ်ာ မသိမသာနဲ႔ ေနာက္ဆုတ္သြားၾကေတာ့တယ္။

စုေရွာင္ေပါင္ : "..."

သူက(ရွဲ႕မင္႐ႊမ္း) သူ႔ကို(စုေရွာင္ေပါင္) သစၥာေဖာက္ႏွစ္ေယာက္ကို ေ႐ြးထုတ္ဖို႔ ေျပာေနတာမလား?

စုေရွာင္ေပါင္ တိတ္ဆိတ္ေနတာကိုလည္း ေတြ႕ေရာ ရွဲ႕မင္႐ႊမ္းက ေကာင္ေလးႏွစ္ေယာက္ကို တည့္တည့္ႀကီး လက္ညႇိဳးထိုးလိုက္ကာ : "ရႈယန္ယန္၊ လ်ိဳ႕ခိုင္ မင္းတို႔ႏွစ္ေယာက္က သူ႔ဖက္ကပဲ"

ရႈယန္ယန္ ႏွင့္ လ်ိဳ႕ခိုင္ တို႔ခမ်ာ ႐ုတ္တရက္ႀကီး ႀကံရာမရျဖစ္သြားေတာ့တယ္။

ရႈယန္ယန္ : အစ္ကို႐ႊမ္း ကြၽန္ေတာ္က အစ္ကိုရဲ႕အၾကမ္းဆုံး shooting guard ေလးေလ။ အစ္ကို ကြၽန္ေတာ့္ကို ဘာလို႔မ်ား ဒီလိုစြန႔္ပစ္ႏိုင္ရတာလဲဗ်ာ။

လ်ိဳ႕ခိုင္ : ဘာလို႔ကြၽန္ေတာ္လဲ။ ကြၽန္ေတာ္လည္း အစ္ကို႐ႊမ္းရဲ႕အသင္းမွာပဲ သက္ေတာင့္သက္သာေလး အႏိုင္ရခ်င္တာကို။ ဒီစုေရွာင္ေပါင္က ဘတ္စကတ္ေဘာေရာ တကယ္ကစားတတ္ရဲ႕လား?

"အထြန႔္တက္မေနၾကနဲ႔ေတာ့။ ကစားပြဲစမယ္"

-----

ရွဲ႕မင္႐ႊမ္းဆိုတာက ေက်ာင္းလမ္းေလွ်ာက္ေၾကာ္ျငာပုံရိပ္ေလးပဲျဖစ္တယ္။ တစ္ျခားေက်ာင္းသားေတြက သူဘတ္စကတ္ေဘာကစားမယ္ ဆိုတာကိုလည္းၾကားေရာ အခ်ိန္ခဏေလးအတြင္းမွာပဲ ပြဲၾကည့္စင္မွာ လူေတြအျပည့္ျဖစ္သြားေတာ့တယ္။ ပထမေတာ့ ေကာင္မေလးေတြက ရွဲ႕မင္႐ႊမ္းကိုသာ လာၾကည့္ၾကတာျဖစ္ေပမယ့္ ဒီေန႔ေတာ့ မေမွ်ာ္လင့္ပဲ သူတို႔ကမ်က္ႏွာသစ္ေလးကို ေတြ႕လိုက္ရေတာ့တယ္။

"အဲဒီေကာင္ေလးကဘယ္သူလဲ...အရမ္းေခ်ာတာပဲဟယ္!"

"ငါတစ္ျခားအဖြဲ႕ေတြဆီက ေျပာသံၾကားတာေတာ့ သူက အတန္း ၈-၇ ကေက်ာင္းေျပာင္းေက်ာင္းသားအသစ္ ျဖစ္မယ္ထင္တယ္"

"သူက နတ္ဘုရားေလးရွဲ႕ေလာက္ေတာ့ မေခ်ာေပမယ့္ သူ႔မ်က္ႏွာေလးကလည္း မဆိုးပါဘူးဟ!"

"ဒါေပမယ့္ သူက နတ္ဘုရားေလးေလာက္ မေခ်ာဘူးလို႔ ငါေတာ့မထင္ေပါင္။ နတ္ဘုရားေလးရွဲ႕ကက် ေလ်ာ့တိေလ်ာ့ရဲေလးေခ်ာၿပီးေတာ့ အသစ္ေကာင္ေလးကက်ေတာ့ တည္တည္ၿငိမ္ၿငိမ္ေလးေခ်ာတာေလ။ ငါကေတာ့ ေနာက္အမ်ိဳးအစားေလးကို ပိုႀကိဳက္ေသးတယ္ဆိုတာကို ဝန္ခံရမွာပဲ"

"ငါကေတာ့ နတ္ဘုရားေလးရွဲ႕ကို ပိုႀကိဳက္တယ္"

"ၾကည့္အုန္း...ၾကည့္အုန္း...ကစားပြဲစေနၿပီဟ!"

-----

ကစားပြဲစတင္ေလၿပီ။

အစကေတာ့ 'ေရာင္းထုတ္ခံလိုက္ရေသာ' ရႈယန္ယန္ႏွင့္လ်ိဳ႕ခိုင္တို႔က က်ဥ္းထဲက်ပ္ထဲေရာက္သလို ျဖစ္ေနၾကတယ္ : ဒီေက်ာင္းသားသစ္ေလးကသာ မေဆာ့တတ္ဘူးဆိုရင္ေတာ့ သူတို႔တစ္ခါတည္းပဲ အရႈံးေပးလိုက္ရင္ေကာင္းမလား ဒါမွမဟုတ္ရင္ အဆုံးသတ္အမွတ္ကို သိပ္႐ုပ္မပ်က္ေအာင္လို႔ တိုက္ခိုက္ရမလားပဲ?

သို႔ေပသိ ခ်က္ခ်င္းဆိုသလိုပဲ စုေရွာင္ေပါင္က ဘတ္စကတ္ေဘာကစားတဲ့ေနရာမွာ အရမ္းေတာ္တာကို သူတို႔ေတြ႕သြားၾကေတာ့တယ္။ ႏွစ္ေယာက္စလုံးက သူတို႔ရဲ႕စိတ္ဓာတ္က်တဲ့အေတြးေဟာင္းေတြကို ဖယ္ထုတ္လိုက္ၿပီးေတာ့ အေလးအနက္စတင္ကစားၾကေတာ့တယ္။

ႏွစ္သင္းလုံးရဲ႕အမွတ္ေတြက အရမ္းနီးကပ္ေနၿပီးေတာ့ ဒါကျပင္းထန္တဲ့ပြဲတစ္ခုျဖစ္ေနတယ္။

ပြဲၾကည့္စင္က ေကာင္မေလးေတြက ေအာ္ဟစ္ေနၾကဆဲပဲ : "နတ္ဘုရားေလးရွဲ႕ ႀကိဳးစားထား!" တျဖည္းျဖည္းနဲ႔ သူတို႔က စုေရွာင္ေပါင္ကိုပါ စတင္အားေပးလာၾကေတာ့တယ္ "သခင္ေလးစု ႀကိဳးစားထား!"

---ေကာင္မေလးေတြက 'ေရွာင္ေပါင္' ဆိုတာ တစ္ျခားသူေတြက အေျပာင္အပ်က္သေဘာမ်ိဳး ေခၚတာမဟုတ္ပဲ သူ႔နာမည္အရင္းလို႔သိလိုက္ရတဲ့အခ်ိန္မွာေတာ့ သူတို႔ေတြက လက္မခံႏိုင္ဘူးျဖစ္တယ္။ ဒီနာမည္ႀကီးက သူတို႔နတ္ဘုရားအသစ္ေလးရဲ႕ မ်က္ႏွာေလးနဲ႔ ဘယ္လိုမွမလိုက္ဖက္တာေၾကာင့္ အဲဒီနာမည္အစား သူတို႔က သူ႔ကို 'သခင္ေလးစု' လို႔ေခၚေဝၚလိုက္ၾကတာပဲျဖစ္တယ္။

စုေပက အစကေတာ့ အဲလိုေခၚေနတာကို မသိဘူး။ "စုေရွာင္ေပါင္...နင့္ေနာက္မွာ!" ဆိုၿပီးေအာ္ဟစ္ၿပီးေနာက္ သူမကို အနီးနားက မိန္းကေလးေတြက ဆူပူႀကိမ္းေမာင္းေတာ့တယ္။

သူ႔ဉာဏ္ပညာအရည္အခ်င္းေတြမပါပဲနဲ႔ေတာင္ ဒီကစားပြဲၿပီးရင္ေတာ့ စုေရွာင္ေပါင္က 'fan group' ဆိုတာေတြ အမ်ားႀကီးရလာေတာ့မွာပဲ။

-----

ကစားပြဲက ရွဲ႕မင္႐ႊမ္းရဲ႕အသင္းက ၆၈မွတ္ နဲ႔ စုေရွာင္ေပါင္ရဲ႕အသင္းက ၆၄မွတ္ နဲ႔အဆုံးသတ္သြားခဲ့တယ္။

"ငါႏိုင္တယ္" ရွဲ႕မင္႐ႊမ္းက သူ႔ေက်ာင္းဝတ္စုံကို မခြၽတ္ခင္ေလးမွာ စုေရွာင္ေပါင္ကို ဆြေပးသလို ေျပာလိုက္တယ္။

လ်ိဳ႕ခိုင္ကအေနာက္ကေန ေလွ်ာက္လာၿပီးေတာ့ စုေရွာင္ေပါင္ရဲ႕ပုခုံးကို ပုတ္လိုက္တယ္ : "အဆင္ေျပပါတယ္။ ဒီေန႔ငါတို႔ရႈံးရတာက ဟိုအ႐ူးေကာင္ရႈရဲ႕ penalty shots ႏွစ္ခ်က္ေၾကာင့္ေလ။ ေနာက္မို႔ဆို ငါတို႔က အစ္ကို႐ႊမ္းတို႔နဲ႔ သေရျဖစ္သြားမွာ"

"Mm" စုေရွာင္ေပါင္က အသံျပန္ေပးလိုက္တယ္။ ရွဲ႕မင္႐ႊမ္းလိုမ်ိဳး ေအးစက္တဲ့အမူအရာနဲ႔ထြက္လာရမယ့္အစား သူက စုေပရဲ႕ထိုင္ခုံဆီကိုသာ တိုက္႐ိုက္ေလွ်ာက္သြားလိုက္တယ္။

"စုေရွာင္ေပါင္... နင္ကမိုက္လိုက္တာဟာ" စုေပက စုေရွာင္ေပါင္ကို ၿပဳံးျပလိုက္တယ္။ သူမက ေဘးက ဓာတ္ဘူးတစ္ဘူးကို ယူလိုက္ၿပီး အဖုံးထဲသို႔ ေရေႏြးေႏြးေလးတစ္ခြက္ ငွဲ႔ေပးလိုက္ကာ သူမအစ္ကိုဆီသို႔ ကမ္းေပးလိုက္တယ္။

ဒါက ေသခ်ာေပါက္ကို သူတို႔အိမ္အေဟာင္းကေန ယူလာတဲ့ 'ယန္တာ့ယုံ၏အသက္ ၈၀ ႏွစ္ျပည့္ေမြးေန႔' ဆိုၿပီး ႐ိုက္ႏွိပ္ထားတဲ့ ဓာတ္ဘူးမဟုတ္ေလဘူး။ ဒီဟာက စုေပကို wolfberries အသီးတစ္အိတ္လုံးေပးလိုက္တဲ့ ဦးေလးဖုက သူတို႔အတြက္ ဝယ္ေပးထားတဲ့ ဓာတ္ဘူးအသစ္ပဲျဖစ္တယ္။

[T/N : wolfberries = အနီေရာင္ရွိတဲ့ဘယ္ရီသီးတစ္မ်ိဳးျဖစ္ၿပီး အစိမ္းပဲျဖစ္ျဖစ္ အသီးေျခာက္ပဲျဖစ္ျဖစ္ စားလို႔ရပါတယ္။ အမလည္းမသိပါဘူး google ေခါက္ထားတာပါ။ သိတဲ့သူရွိရင္လည္း ေျပာျပလို႔ရပါတယ္ေနာ္]

"မဆိုးပါဘူး" စုေရွာင္ေပါင္က စုေပဆီက ဓာတ္ဘူးအဖုံးကို လွမ္းယူလိုက္ၿပီးေတာ့ အေတာ္အသင့္ေလာက္ပဲ တုံ႔ျပန္လိုက္တယ္။ ရွဲ႕မင္႐ႊမ္းကို ရႈံးရတာက သူ႔ကိုနည္းနည္းေတာ့ မေပ်ာ္မ႐ႊင္ျဖစ္ေစတယ္ေလ။

တစ္ခ်ိန္တည္းမွာပဲ ဟြမ္ယင္ယင္ဟာလည္း အဲဒီေနရာမွာရွိေနၿပီး အတန္း ၈-၃ မွေကာင္မေလးအမ်ားစုနဲ႔အတူ ကစားပြဲကိုၾကည့္ေနခဲ့တာျဖစ္တယ္။ စုေရွာင္ေပါင္က ကစားလို႔လည္းၿပီးေရာ ေကာင္မေလးတစ္ေယာက္ဆီကို တန္းတန္းမတ္မတ္ႀကီး ေလွ်ာက္သြားၿပီး အဲဒီေကာင္မေလး ကမ္းေပးတဲ့ေရကိုေတာင္ သူက ယူေသာက္လိုက္တာကို သူမေတြ႕လိုက္ရတယ္။ ဟြမ္ယင္ယင္က သူမမ်က္လုံးေတြကိုေတာင္ မယုံၾကည္ႏိုင္ေလာက္ေအာင္ပါပဲ။ သူမက လက္ထဲက coke ဘူးကို ေနာက္တစ္ႀကိမ္ၾကည့္ေနမိတယ္။ သူမမ်က္ႏွာမွာ စိတ္အေႏွာင့္အယွက္ျဖစ္မႈအျပည့္ျဖစ္ေနၿပီး သူမက ဘူးကိုလႊတ္ပစ္ရေလာက္တဲ့အထိ စိတ္ေတြတိုေနတာျဖစ္တယ္။

သူမက ေရမကမ္းႏိုင္ဘူးဆိုရင္ေတာ့ သူ႔ကို တစ္ရႈးပဲသြားေပးရမွာေပါ့။

ရလဒ္အေနနဲ႔ကေတာ့ ဟြမ္ယင္ယင္ေတာင္ မလႈပ္ရွားရေသးခင္မွာပဲ ထိုေကာင္မေလးက သူမေက်ာင္းဝတ္စုံ အိပ္ကပ္ထဲကေန တစ္ရႈးတစ္႐ြက္ ထုတ္လိုက္တာကို သူမျမင္လိုက္ရေတာ့တယ္။ သူမက စုေရွာင္ေပါင္ကို တစ္ရႈးကမ္းေပး႐ုံတင္မကပဲ ေနာက္ထပ္တစ္႐ြက္ကိုပါ ထုတ္ယူလိုက္ကာ သူ႔လည္ပင္း အေနာက္ဖက္က ေခြၽးေတြကို စတင္သုတ္ေပးေနၿပီး အရွက္မရွိစြာနဲ႔ သူမလက္ကိုပါ သူ႔ရွပ္အက်ႌထဲကို ထည့္လိုက္ေသးတယ္ေလ! ေနာက္ၿပီး ဒါကသိပ္အံ့ၾသစရာမေကာင္းသလိုမ်ိဳး ျဖစ္ေနတာက စုေရွာင္ေပါင္က သူမလႈပ္ရွားမႈေတြကို တကယ္ႀကီး ရင္းရင္းႏွီးႏွီးျဖစ္ေနတာေၾကာင့္ပဲျဖစ္တယ္ : ေကာင္မေလးက လက္လွမ္းမမွီေလာက္ဘူးလို႔ သူထင္တာေၾကာင့္ သူ႔ခႏၶာကိုယ္ကို လွည့္ေပးထားတဲ့အျပင္ ေကြးေတာင္ေကြး ထားလိုက္ေသးတယ္!

ဒီျမင္ကြင္းကို ျမင္လိုက္ရေတာ့ ဟြမ္ယင္ယင္ေဘးမွာရပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္က ဘာမွမတတ္ႏိုင္သလိုမ်ိဳး တိုးတိုးေလးေရ႐ြတ္လိုက္တယ္ : "ယင္ယင္...အဲဒါက သခင္ေလးစုရဲ႕ေကာင္မေလး လားမသိဘူးေနာ္? ၾကည့္ရတာ သူတို႔ႏွစ္ေယာက္က အရမ္းရင္းႏွီးေနသလိုပဲ"

"ဒီေန႔ သခင္ေလးစုက နင့္ကို သူ႔ WeChat မေပးလိုက္ဘူးမလား။ ျဖစ္ႏိုင္တာက သူ႔မွာေကာင္မေလး ရွိေနၿပီးသားမို႔လို႔ေပါ့။ နင္လက္ေလွ်ာ့သင့္တယ္ေနာ္"

"တကယ္ေတာ့ ငါေတြးေနတာကေလ အတန္း ၈-၆ က လင္ယြီလည္း အရမ္းေတာ္တယ္ဆိုပဲ..."

"သူတို႔နဲ႔မတူဘူး!" ဟြမ္ယင္ယင္က နီရဲေနတဲ့မ်က္လုံးေတြနဲ႔ ေျပးထြက္သြားေတာ့တယ္။ သူမက စုေရွာင္ေပါင္ကို တကယ္သေဘာက်ေနတာေလ!

-----

စုေပက ဒီကိစၥကို ေသခ်ာမသိလိုက္ဘူး။ စုေရွာင္ေပါင္ရဲ႕ေနာက္ေက်ာက ေခြၽးေတြကိုသုတ္ေပးၿပီးေနာက္ သူမက သူ႔ကိုယ္ေပၚကို ကုတ္အက်ႌတစ္ထည္ အျမန္တင္ေပးလိုက္တယ္။

"ဒါႀကီးကပူတယ္"

"ခဏေလာက္ သည္းခံလိုက္စမ္းပါ။ မခြၽတ္ပစ္နဲ႔ေနာ္" စုေရွာင္ေပါင္ကို ၾကည့္ေနရင္းက သူမထပ္ေျပာလိုက္တယ္ : "နင္အေအးမိၿပီး ငါ့ကိုပါကူးရင္ ဘယ္လိုလုပ္မလဲ?"

စုေရွာင္ေပါင္ : "..."

-----

ေက်ာင္းဆင္းၿပီးသြားေတာ့ တုယီမင္က စုေပနဲ႔စုေရွာင္ေပါင္ကို ေက်ာင္းဂိတ္ေပါက္ဝမွာ ပိတ္ဆို႔ထားေလတယ္။ အရပ္ရွည္ၿပီး သန္မာတဲ့ တုယီမင္ပုံစံက ၿခိမ္းေျခာက္တဲ့ပုံေပၚေနၿပီး သူ႔ေနာက္မွာလည္း တစ္ျခားအတန္းက ေက်ာင္းသားဒါဇင္လိုက္ႀကီးလည္း ရွိေနတယ္။ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ဘဝမွာ ဒီလိုမ်ိဳးတူညီတဲ့ျဖစ္ရပ္ေတြက အႀကိမ္ေပါင္းေျမာက္မ်ားစြာ ျဖစ္ေလ့ရွိတာေၾကာင့္ တုယီမင္က သူတို႔ကို ပိတ္ဆို႔ဖို႔ရာ လူအမ်ားႀကီးေခၚလာတာကို ေတြ႕လိုက္ရေတာ့ စုေရွာင္ေပါင္က ဘာမွစဥ္းစားမေနေတာ့ပဲ လွ်ပ္တစ္ျပက္လႈပ္ရွားမႈ တစ္ခုလုပ္ကာ စုေပကို သူ႔ေနာက္မွာ ဖြက္ထားလိုက္ေတာ့တယ္။

"မေၾကာက္နဲ႔ေနာ္" စုေရွာင္ေပါင္က စုေပကို ေျပာလိုက္တယ္။

"ငါမေၾကာက္ပါဘူး"

"ဒါဆိုဘာလို႔ငါ့လက္ကို အတင္းဆုတ္ကိုင္ထားရတာလဲ?"

"ငါေၾကာက္တာက နင္စိတ္လိုက္မာန္ပါျဖစ္ၿပီး သူတို႔နဲ႔ရန္ျဖစ္မွာစိုးလို႔ေလ"

စုေရွာင္ေပါင္ : "..."

စုေပ : "အာ...တကယ္ေျပာတာပါဆို"

တစ္ျခားကမာၻမွာ ေလးႏွစ္ေလာက္ေနလာတဲ့ အေတြ႕အႀကဳံရွိထားေတာ့ စုေပက ဒီလိုအေျခအေနမ်ိဳးကိုဆိုရင္

ေၾကာက္လန႔္မႈမရွိေတာ့ဘူး။ ဒါ့အျပင္ တုယီမင္က သူတို႔ကိုအရင္က အႏိုင္က်င့္ဖူးတဲ့လူေတြနဲ႔ မတူေလာက္ဘူးလို႔ သူမေရးေရးေလးေတာ့ ခံစားမိေနတယ္။ သူ႔ပုံစံက ၿခိမ္းေျခာက္ေနပုံေပါက္ေပမယ့္လို႔ သူ႔မ်က္လုံးေတြကေတာ့ ခက္ထန္မႈ သို႔မဟုတ္ ရက္စက္ၾကမ္းၾကဳတ္မႈရွိတဲ့လူေတြနဲ႔ မတူဘူး။

သို႔ေပသိ စုေပက အနည္းငယ္ဒြိဟျဖစ္ေနတယ္။ ဒီမနက္ေလးတင္ပဲ တုယီမင္က စုေရွာင္ေပါင္နဲ႔ ဘတ္စကတ္ေဘာ ကစားခဲ့တာမဟုတ္ဘူးလား? အခုဘယ္လိုဟာသျပဇာတ္မ်ိဳး သူကလုပ္ခ်င္ေနရတာလဲ?

စုေရွာင္ေပါင္ကလည္း ဒြိဟျဖစ္လို႔ေနတယ္။ "တုယီမင္ မင္းဘာလိုခ်င္လို႔လဲ?" သူကခက္ထန္တဲ့ေလသံနဲ႔ ေမးလိုက္တယ္။

"ဘာမွမလိုခ်င္ဘူး။ မင္းကိုသင္ခန္းစာေပးခ်င္လို႔"

"ငါတို႔ကို အေၾကာင္းျပခ်က္ေျပာျပႏိုင္မလား?" စုေပကေမးလိုက္တယ္။

"နင္သူ႔ကိုေမးၾကည့္လိုက္ေလ!" တုယီမင္က မိန္းကေလးေတြနဲ႔ စကားေျပာေလ့ေျပာထမရွိဘူး။ သူက စုေပရဲ႕မ်က္လုံးေတြကို ေရွာင္ေနၿပီး စုေရွာင္ေပါင္ကိုသာ လက္ညႇိဳးထိုးကာ ျပင္းျပင္းထန္ထန္ ေအာ္ဟစ္ေနေတာ့တယ္။

"စုေရွာင္ေပါင္... မင္းမွာေကာင္မေလးလည္းရွိေနၿပီးသားဆိုေတာ့ တစ္ျခားမိန္းကေလးေတြကို ရန္မစသင့္ေတာ့ဘူးေလ!"

စုေရွာင္ေပါင္ : ...ငါဘယ္သူ႔ကိုမ်ား ရန္စမိပါလိမ့္?

သူ႔စကားေတြက သိပ္မရွင္းလိုက္တာကို သေဘာေပါက္သြားေတာ့ တုယီမင္က သူ႔ပါးစပ္ကို ေနာက္တစ္ႀကိမ္မဖြင့္ခင္ေလးမွာ အျပင္းအထန္စဥ္းစားေနေတာ့တယ္ : "ဟြမ္ယင္ယင္က မင္းရဲ႕ WeChat ေတာင္းတယ္မလား။ မင္းမေပးခ်င္ဘူးဆိုရင္လည္း ဒီတိုင္းေျပာလိုက္ေပါ့။ ဘာေၾကာင့္ မိန္းကေလးတစ္ေယာက္ကို လူအမ်ားႀကီးေရွ႕မွာ မ်က္ႏွာပ်က္ေအာင္ လုပ္ရတာလဲကြ?"

စုေရွာင္ေပါင္ : အဲဒီ ဟြမ္ယင္ယင္က ဘယ္သူလဲဟ?

"ေနာက္ၿပီး ေက်ာင္းသားတစ္ေယာက္အေနနဲ႔ မင္းကေက်ာင္းမွာ ခ်ိန္းေတြ႕တာကို ေပၚတင္လုပ္ရဲတယ္ေပါ့? ဒါကလက္ခံႏိုင္စရာလို႔ မင္းထင္ေနတာလား?" တုယီမင္က စုေပကို ၾကည့္လိုက္တယ္။

အစကေတာ့ တုယီမင္စကားေတြက စုေပကို ပိုပိုၿပီး ဒြိဟျဖစ္ေစတာပဲရွိတာ။ ဒါေပမယ့္ သူ႔ေနာက္ဆုံးစကားက ပိုၿပီးေတာ့ေတာင္ မွင္တက္သြားေစတယ္ - ဒီတုယီမင္က သူမကို စုေရွာင္ေပါင္ရဲ႕ေကာင္မေလးလို႔ ထင္ေနတာေပါ့? ရွဲ႕မင္႐ႊမ္းေျပာသလိုပဲ တုယီမင္က ဦးေႏွာက္မရွိဘူးဆိုတာကို အံ့ၾသမေနေတာ့ပါဘူး။ သူက တကယ္ႀကီးကို IQ တစ္ခ်ိဳ႕လြတ္ေနပုံရတယ္။

စုေပခမ်ာ ရယ္ရလြန္းလို႔ ေပါက္ကြဲထြက္ေတာ့မလိုပဲ။

"ဒါဆို ငါတို႔မိသားစုဝင္ စုေရွာင္ေပါင္က ဟြမ္ယင္ယင္ဆိုတဲ့ ေကာင္မေလးကို သေဘာမက်လို႔ နင္က သူမကိုကူညီၿပီး ေဒါသထြက္ျပေနတာလား?" သူမက တမင္တကာကို စုေရွာင္ေပါင္ရဲ႕လက္ေမာင္းကို ကိုင္လိုက္ၿပီး တုယီမင္ကို ေမးလိုက္တယ္။

"မင္းေျပာတာမမွားပါဘူး"

"ငါထင္တာေတာ့ ငါက ဟြမ္ယင္ယင္ ထက္ပိုလွသလားလို႔ေလ?" စုေပက တမင္တကာကို စေနာက္ေနေတာ့တယ္။

ဒီစကားလုံးေတြ ထြက္လာေတာ့ တုယီမင္နဲ႔သူ႔အဖြဲ႕ေတြက တိတ္ဆိတ္သြားရေတာ့တယ္။ စုေပရဲ႕မ်က္ႏွာေလးကို ၾကည့္ၿပီး တစ္ခ်ိဳ႕ေကာင္ေလးေတြက ေခါင္းၿငိမ့္လိုက္ခ်င္ၾကတယ္ : ဒီေကာင္မေလးက တကယ္ႀကီးကို ဟြမ္ယင္ယင္ထက္ အမ်ားႀကီးပိုလွတာပဲေလ။

"ဒါဆို ဟြမ္ယင္ယင္က ငါ့ေလာက္လည္းမလွဘူး။ ၿပီးေတာ့ စုေရွာင္ေပါင္နဲ႔လည္း မရင္းႏွီးဘူးေလ။ ဘာလို႔မ်ား စုေရွာင္ေပါင္က သူမကို ႀကိဳက္ရမွာလဲလို႔?"

တုယီမင္ႏွင့္တစ္ျခားသူမ်ား : .....

ဒါက က်ိဳးေၾကာင္းဆီေလ်ာ္တယ္။

တုယီမင္က စကားမေျပာႏိုင္ပဲ တစ္ဆို႔ေနတာကို ျမင္ရေတာ့ စုေပက ေနာက္ဆုံးေတာ့ သူမရယ္ခ်င္စိတ္ကို ထိန္းမထားႏိုင္ေတာ့ဘူး။

"တုယီမင္...နင္ကအ႐ူးပဲ"

"နင္ကေသာက္အ႐ူးေကာင္ပဲ!"

"ငါ့နာမည္ကဘာလဲ?"

"စုေပ"

"ၿပီးေတာ့ သူကေရာ?"

"စုေရွာင္ေပါင္"

"ဒါဆို?"

"ဒါဆို ဘာလဲ?"

စုေပက တုယီမင္က သေဘာမေပါက္ေသးဘူးလို႔ ထင္တာေၾကာင့္ ရွင္းလင္းသြားေအာင္ေျပာျပလိုက္တယ္ : "ဆိုေတာ့ ငါတို႔က အမႊာေတြေလ"

"အမႊာေတြ? နင္ဆိုလိုတာက သူကနင့္အစ္ကိုႀကီးေပါ့? ေသြးသားအရင္းေတြေပါ့?"

"တစ္ျခားဘာရွိေသးလို႔လဲ?" စုေရွာင္ေပါင္က စိတ္ထဲမွာေတာ့ 'ငတုံးေကာင္' လို႔က်ိန္ဆဲေနရင္းက မဲေမွာင္ေနတဲ့ အမူအရာနဲ႔ ျပန္ေမးလိုက္တယ္။

"ဒါေပမယ့္ မင္းအရင္က တစ္ခါမွမေျပာဖူးဘူးေလ"

"တစ္တန္းလုံးသိၿပီးသားေလ... နင္ကဘယ္လိုလုပ္မသိေသးရတာလဲ" စုေပက ညည္းညဴလိုက္တယ္။

တုယီမင္က သူတို႔ကို ေက်ာင္းဂိတ္ေပါက္ဝမွာ ပိတ္ဆို႔ထားတယ္ဆိုတာက အထင္လြဲမႈႀကီးတစ္ခုေၾကာင့္ျဖစ္ၿပီး သူ႔ကိုယ္သူ အရွက္ရေစျခင္းႏွင့္သာ အဆုံးသတ္ခဲ့ရတာျဖစ္တယ္။ သူတို႔နဲ႔မနီးမေဝးမွာရွိေနတဲ့ ရွဲ႕မင္႐ႊမ္းေတာင္မွ တုယီမင္က အမႊာေတြကို ျပႆနာသြားရွာတယ္ဆိုတာၾကားၾကားခ်င္းပဲ ဒီအ႐ူးေကာင္ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္အျဖစ္ကို ျမင္ရဖို႔အတြက္ ဂိတ္ဝကိုေရာက္လာခဲ့တာျဖစ္တယ္။ ဒီငတုံးေကာင္ကို သူသိေနတယ္ဆိုတာကို ဝန္မခံလိုတာေၾကာင့္ ရွဲ႕မင္႐ႊမ္းက ႏွာေခါင္းရႈံ႕လိုက္ၿပီး လွည့္ထြက္သြားခဲ့ေတာ့တယ္။

ကားထဲမွာ စုေပက ႐ုတ္တရက္ပဲ အေလးအနက္မ်က္ႏွာထားနဲ႔ စုေရွာင္ေပါင္ကို ၾကည့္လိုက္တယ္။

"ဘာလဲ?"

"စုေရွာင္ေပါင္ နင္ကေမာင္ငယ္ေလးေနာ္"

စုေရွာင္ေပါင္ : "..."

"နင္ဒီေန႔ အရမ္းေပ်ာ္ေနတယ္ေပါ့ ဟုတ္လား?" စုေပက သူ႔ကိုေမးလိုက္တယ္။

သူမစကားေတြက စုေရွာင္ေပါင္ကို ခဏေလာက္ေအးခဲသြားေစတယ္။ ၿပီးမွ သူက သူ႔မ်က္ႏွာကို

ျပတင္းေပါက္ဖက္ကို လွည့္လိုက္ၿပီး နည္းနည္းၾကာေတာ့မွ ေျပာလိုက္တယ္ : "မဆိုးပါဘူး"

စုေပက ၿပဳံးလိုက္တယ္။ ဒါက မျမင္ရေပမယ့္ စုေရွာင္ေပါင္ရဲ႕ႏႈတ္ခမ္းေပၚက အၿပဳံးေတြက သူ႔ရဲ႕ခံစားခ်က္ အစစ္အမွန္ေတြကို ေဖာ္ျပလို႔ေနတယ္။

-----

တစ္ျခားေနရာမွာေတာ့ ခ်င္ Group။

ခ်န္တဲ့က Mr.ခ်င္ကို အမႊာေတြရဲ႕ ပထမဆုံးေက်ာင္းတက္တဲ့ေန႔အေၾကာင္းကို ဘာတစ္ခုမွေက်ာ္ခြမသြားပဲ မႁခြင္းမခ်န္ အစီရင္ခံတင္ျပလို႔ေနတယ္။

ဖုန္းကေနတစ္ဆင့္ ကေလးေတြက ေက်ာင္းမွာဘယ္ေလာက္ထိ လိုက္ေလ်ာညီေထြျဖစ္တယ္ ဆိုတဲ့အေၾကာင္းေတြကို ခ်န္တဲ့က ဇာတ္ေၾကာင္းျပန္ေျပာခဲ့တယ္။ သူတို႔ရဲ႕ေက်ာင္းအတန္းေဖာ္အသစ္ေတြနဲ႔ ဘယ္လိုအဆင္ေျပေနတယ္ဆိုတဲ့အေၾကာင္းေတြကို ခ်န္တဲ့ကေျပာျပခဲ့ၿပီး ရွဲ႕မိသားစုရဲ႕ဒုတိယသခင္ေလးနဲ႔ စုေရွာင္ေပါင္တို႔ရဲ႕ ဘတ္စကတ္ေဘာၿပိဳင္ပြဲအေၾကာင္းေတြကိုပါ သူကဆက္ေျပာခဲ့တယ္.....

ဖုန္းေျပာေနတဲ့တစ္ဖက္ျခမ္းမွာေတာ့ ခ်င္ေရွာက္က ခ်န္တဲ့ရဲ႕တင္ျပခ်က္ေတြကို ေသေသခ်ာခ်ာ နားေထာင္ေနေပမယ့္ သူ႔စိတ္ထဲမွာေတာ့ စာေၾကာင္းေလးတစ္ေၾကာင္းက ထပ္ခါထပ္ခါေပၚလို႔လာတယ္ : ခ်န္တဲ့က ဒီေန႔ဘာလို႔စကားအရမ္းမ်ားေနရတာလဲ?

"ျပႆနာေသးေသးေလးတစ္ခုေတာ့ရွိပါတယ္" ဒီေန႔လည္တုန္းက တုယီမင္က စုေပနဲ႔စုေရွာင္ေပါင္တို႔ကို ေက်ာင္းဂိတ္ေပါက္ဝမွာ ဘယ္လိုပိတ္ဆို႔ခဲ့တယ္ဆိုတဲ့အေၾကာင္း ခ်န္တဲ့က ခ်င္ေရွာက္ကိုေျပာျပလိုက္တယ္။

ဒါကိုၾကားလိုက္ရေတာ့ ခ်င္ေရွာက္က မ်က္ေမွာင္နည္းနည္းက်ဳံ႕လိုက္တယ္လို႔ ထင္ရတယ္။ "မင္းဘာျဖစ္လို႔ သူတို႔ေနာက္ကိုလိုက္ဖို႔ ကိုယ္ရံေတာ္ေတြ မစီစဥ္ေပးလိုက္ရတာလဲ?" ဒီကေလးေတြက သူ႔ေရွ႕မွာက် အရမ္းသတၱိရွိေနၾကတာမလား? ဒီေကာင္စုတ္ေလးတစ္ေကာင္ေလာက္က သူတို႔ကို ပိတ္ဆို႔ထားႏိုင္လို႔လား။

Mr.ခ်င္ရဲ႕႐ုတ္တရက္ ျပင္းထန္စြာအျပစ္တင္မႈေၾကာင့္ ခ်န္တဲ့က ခဏေလာက္ ၾကက္ေသေသသြားရတယ္ : "ကိုယ္ရံေတာ္ေတြက သူတို႔ေနာက္ကို လိုက္ပါတယ္"

ဒါက သူတို႔ကိုယ္ရံေတာ္ေတြဆီက တင္ျပခ်က္ပဲျဖစ္တယ္။ အဲဒီအခ်ိန္တုန္းက ကိုယ္ရံေတာ္ေတြကလည္း သိပ္မေဝးမွာမဟုတ္ေပမယ့္ သူတို႔လႈပ္ရွားဖို႔စီစဥ္ေနတုန္းမွာပဲ စုေပနဲ႔စုေရွာင္ေပါင္က ေျဖရွင္းလို႔ၿပီးသြားခဲ့တာ ျဖစ္တယ္။

"ေရွာင္ေပနဲ႔ ေရွာင္ေပါင္က အရမ္းေတာ္ၾကတာပါ" ခ်န္တဲ့က စိတ္ခံစားမႈျပင္းထန္လာၿပီး သက္ျပင္းခ်လိုက္မိတယ္ : သူတို႔က ဉာဏ္ေကာင္းၿပီး ႐ုတ္တရက္ျပႆနာေပၚလာတာေတာင္မွ သူတို႔ကို အဟန႔္အတားမျဖစ္ေစဘူးေလ။ သူေဌးနဲ႔ တစ္ထပ္တည္းတူတာကေတာ့ အမွန္အကန္ပါပဲ။

"သူတို႔ကလား?" Mr.ခ်င္ရဲ႕တုံ႔ျပန္ခ်က္က မေရမရာျဖစ္လို႔ေနေလတယ္။

သူက ဒီေန႔တစ္ေန႔လုံး စုန႔္ယန္ခ်န္းနဲ႔ ကုမၸဏီခြဲကိစၥေတြေၾကာင့္ အရမ္းအလုပ္ရႈပ္ေနခဲ့ေပမယ့္ သူ႔ရဲ႕အနည္းငယ္ေကြးၫႊတ္ေနတဲ့ႏႈတ္ခမ္းကို ျမင္ရဖို႔က သိပ္မခက္ခဲတာေၾကာင့္ ဒီအခ်ိန္ေလးမွာေတာ့ Mr.ခ်င္ရဲ႕စိတ္အေျခအေနေလးက သိပ္မဆိုးဘူးလို႔ေျပာႏိုင္တယ္။

[Moon's Note : ဒီအပိုင္းကအရွည္ႀကီးပဲေနာ္။ အမတစ္ေနကုန္ထိုင္႐ိုက္ေနတာ လက္ေတာင္ကိုက္ေနပီ]

25.10.2020

Sunday

_______________________________________

MWFV Ch 14

Misunderstanding

Unicode Version

စုရှောင်ပေါင်က စိတ်အနှောင့်အယှက်ဖြစ်တာကြောင့် မျက်မှောင်ကြုံလိုက်တယ်။ သူအိမ်စာလုပ်နေတဲ့အချိန်မှာ ဒီကောင်မလေးက ရုတ်တရက်ကြီး အလင်းလာကွယ်နေတာကြောင့်ပဲဖြစ်တယ်။

"ဘာလဲ?"

"ငါ..." ဟွမ်ယင်ယင်ဆိုတဲ့ကောင်မလေးက တောင့်တင်းသွားတော့တယ်။

ပထမစာသင်ချိန်မပြီးသေးခင်မှာပဲ အတန်း ၈-၇ ကကောင်မလေးတွေက သူတို့အတန်းထဲမှာ အရမ်းကြည့်ကောင်းတဲ့ ကျောင်းပြောင်းကျောင်းသားတစ်ယောက် ရှိတယ်ဆိုတဲ့သတင်းကို လျှောက်ဖြန့်နေကြတာဖြစ်တယ်။

ဟွမ်ယင်ယင်က ကြည့်ကောင်းတဲ့ကောင်လေးတွေကို သဘောကျလေ့ရှိပြီး သူမကပျော်ပျော်နေတတ်တဲ့သူ ဖြစ်တာကြောင့် သူမကြိုက်တဲ့ ဘယ်ကောင်လေးကိုမဆို လိုက်စလေ့ရှိတယ်။ ဒီကျောင်းမှာ အရမ်းကြည့်ကောင်းတဲ့ ကောင်လေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က ကျောင်းအလှပန်းလေးကို crush နေတဲ့ သခင်လေးယဲ့ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမ သွားမဆွရဲတဲ့ ရှဲ့မင်ရွှမ်းဆိုတာပဲဖြစ်တယ်။ ကျောင်းပြောင်းကျောင်းသားလေးက ဒီကောင်လေးနှစ်ယောက်လိုပဲ ကြည့်ကောင်းတယ်ဆိုတာကို သူမကြားကြားချင်းပဲ ဟွမ်ယင်ယင်က ဘာမှမစဉ်းစားနိုင်တော့ပဲ အပြေးလာခဲ့တာဖြစ်တယ်။

ဟွမ်ယင်ယင်က စုရှောင်ပေါင်ကိုလည်း တွေ့ရော သူကအရမ်းကြည့်ကောင်းတယ်ဆိုတာ ပိုသေချာသွားတော့တယ်။

သူမနှလုံးခုန်သံတွေတောင် မြန်နေသလိုပဲ...

"ဟိုလေ...သူငယ်ချင်းအသစ်လေးရေ ငါနင့်ရဲ့ WeChat account ကို add လို့ရနိုင်မလားဟင်?" အမှုမဲ့အမှတ်မဲ့ နေတတ်တဲ့ကောင်မလေးက တကယ်ကြီးရှက်သွေးဖြာနေခဲ့တယ်။

"မရှိဘူး" မောင်နှမနှစ်ယောက်က အရင်ကတည်းက မိုဘိုင်းဖုန်းမှမရှိတာ ဘယ်လိုလုပ်ပြီး သူတို့မှာ WeChat ဆိုတာရှိပါ့မလဲ။

စုရှောင်ပေါင်က အမှန်အတိုင်းပြောလိုက်ပေမယ့် ဟွမ်ယင်ယင်ကတော့ တဲ့တိုးကြီးအငြင်းခံလိုက်ရတယ်လို့ ထင်သွားတော့တယ် : ဒီခေတ်ကြီးမှာ ဘယ်သူက WeChat မသုံးတာရှိလို့လဲ။ သူ့မှာမရှိဘူးလို့ ပြောတယ်ဆိုတာက သူကသူမကို မ add ချင်လို့ဆိုတာရှင်းနေတာပဲလေ!

ဟွမ်ယင်ယင်က ရုတ်တရက်ပဲ သူမမျက်နှာကြီးပျောက်သွားပြီလားလို့တောင် ခံစားလိုက်ရတယ်။ ပြီးတော့ဒီလိုပွဲကြီးပွဲကောင်းကို ကြည့်နေကြတဲ့ကျောင်းသားတွေလည်း သေချာပေါက် ဒီလိုပဲတွေးနေကြမှာလေ။ ဟွမ်ယင်ယင်က ချောမောလှပတာကြောင့် အမြဲလိုလိုပဲ သူမကယောက်ျားလေးတွေရဲ့ မျက်စိကျစရာလို ဖြစ်နေတယ်။ သူတို့လုံးဝမထင်လိုက်တာက ဒီကျောင်းသားသစ်က သူ့ရဲ့ပထမဆုံးနေ့မှာ သူမကို အနိုင်ပိုင်းလိုက်တာကိုပဲဖြစ်တယ်။ ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်သလဲ။

-----

ရှဲ့မင်ရွှမ်းက ရုတ်ရုတ်သဲသဲတွေကြောင့် နိုးလာခဲ့တယ်။

"ဘာတွေဖြစ်နေတာလဲ?" သူက မှုန်ကုပ်ကုပ်နဲ့ သူ့ခေါင်းကိုမော့လိုက်တယ်။

"ဟီး ဟီး...အစ်ကိုရွှမ်း အစ်ကိုတစ်မှေးအိပ်ပျော်နေတဲ့အချိန် ဘာတွေလွတ်သွားလဲဆိုတာ အစ်ကိုမသိဘူးနော်။ တုယီမင်ရဲ့နတ်ဘုရားမလေး ယင်ယင်ကလေ ခုနလေးတင် ကျွန်တော်တို့အတန်းထဲလာပြီး စုရှောင်ပေါင်ရဲ့ WeChat ကိုတောင်းတာ။ ဒါပေမယ့် ချက်ချင်းကြီး အငြင်းခံလိုက်ရတယ်ဗျာ" လျို့ခိုင်က အခုလေးတင် ဘာတွေဖြစ်သွားခဲ့တယ်ဆိုတာကို သူ့ကို ကွက်ကွက်ကွင်းကွင်းပြောပြခဲ့တယ်။

ဒီကောင်ပဲလား? ရှဲ့မင်ရွှမ်းက မျက်မှောင်အကြီးအကျယ်ကျုံ့လိုက်မိတယ်။ သူ့စာမေးပွဲရမှတ်က စုရှောင်ပေါင်အောက် တစ်မှတ်လျော့နေတာကို သူ့မှာခါးခါးသီးသီးခံစားနေရတုန်းပဲ။ အရင်စာမေးပွဲတွေတုန်းက သူကသာမန်ကာလျှံကာလောက်ပဲ ဖြေခဲ့ပြီး မနေ့ကတော့ သူ့အသားကုန်ကြိုးစားဖြေခဲ့တာကြီးကို!

"ဒီနေ့ physical education အတန်းချိန် (PT အချိန်) ရှိတယ်မလား?" ရှဲ့မင်ရွှမ်းကမေးလိုက်တယ်။

"အင်း...နောက်တစ်ချိန်လေ"

"မင်းဘောလုံးယူလာလား?"

"အာ...ယူလာတာပေါ့"

"ငါ့ကိုပေး"

လျို့ခိုင်ဆီကနေ ဘတ်စကတ်ဘောလုံးကို ရပြီးတော့ ရှဲ့မင်ရွှမ်းက မတ်တပ်ထလိုက်ပြီး စုရှောင်ပေါင်ဆီ လျှောက်သွားခဲ့တယ်။ 'ဘန်း' ဆိုတဲ့အသံကျယ်ကြီးနဲ့အတူ သူက ဘတ်စကတ်ဘောလုံးကို စုရှောင်ပေါင်ရဲ့ စားပွဲခုံပေါ်တင်လိုက်တယ်။

စုရှောင်ပေါင်က မျက်မှောင်ကျုံ့လိုက်မိတယ် : ဒီလူတွေက ဘာကြောင့်ဒီလောက်တောင် စိတ်ရှုပ်ဖို့ကောင်းရတာလဲ။ ငါကျောင်းမဆင်းခင် အိမ်စာတွေအပြီးလုပ်ချင်တာကို သူတို့မမြင်ကြဘူးလားဟ?

စုရှောင်ပေါင်က တစ်ဖက်ကောင်လေးကို အေးစက်စက်စိုက်ကြည့်ပေးလိုက်တယ်။

"မင်းကစားတတ်လား?" ရှဲ့မင်ရွှမ်းကမေးလိုက်တယ်။

စုရှောင်ပေါင် : "တတ်တယ်"

ရှဲ့မင်ရွှမ်း : "တစ်ပွဲလောက်ဆိုရင်ကော?"

-----

စုပေက အနီးနားမှာထိုင်နေခဲ့တာဖြစ်ပြီး သူမက ကောင်လေးနှစ်ယောက်ရဲ့မျက်လုံးတွေထဲမှာတော့ မီးပွားလေးတွေကို မတွေ့ရဘူး။ အဲဒီအစား တစ်စုံတစ်ယောက်က စုရှောင်ပေါင်ကို တကယ်ကြီးကစားဖို့ ဖိတ်ခေါ်တယ်ဆိုတာကသာ သူမကိုအံ့အားသင့်စေခဲ့တာဖြစ်တယ်။ သူတို့ကျေးလက်ဒေသမှာ ရှိတုန်းကဆိုရင် သူတို့မိသားစုနောက်ခံကြောင့် တစ်ယောက်မှသူတို့နဲ့အတူတူကစားဖို့ ခေါ်တယ်ဆိုတာမျိုး မရှိခဲ့ဖူးဘူး။ တစ်ခြားကလေးတွေ ဘတ်စကတ်ဘောကစားနေကြတဲ့ အချိန်တော်တော်များများမှာဆိုရင် စုရှောင်ပေါင်က ဘေးကနေသာကြည့်နေခဲ့ရပြီး ကစားကွင်းထဲမှာ တစ်ယောက်မှမရှိတော့တဲ့အချိန်အထိ စောင့်ဆိုင်းကာ နောက်ဆုံးကျမှ သူက ကစားကွင်းထဲမှာ ဘောလုံးကို စိတ်ကူးနဲ့မှန်းဆပြီးတော့ dribble and shoot တို့ကိုလုပ်ရတာဖြစ်တယ်။

[T/N : dribble and shoot = ဘောလုံးကို တို့ကာတို့ကာ ပုတ်ကာပုတ်ကာ ဖြင့်သယ်သွားခြင်း နှင့် ပစ်သွင်းခြင်း]

ဒါက စုပေရဲ့နှလုံးသားထဲမှာ အမြဲတစေ အဖုအထုံးတစ်ခုလို ဖြစ်နေခဲ့တာဖြစ်တယ်။

မမျှော်လင့်ပဲ သူတို့ကျောင်းတက်တဲ့ ပထမဆုံးနေ့မှာပဲ တစ်စုံတစ်ယောက်က စုရှောင်ပေါင်ကို ကစားဖို့ခေါ်တယ်ဆိုတာကို ကြားလိုက်ရတော့ စုပေကပျော်ရွှင်သွားမိတယ်။ နောက်ပြီး မနေ့က သူတို့ကို အားပေးဖို့ရာ ချန်တဲ့ရဲ့အသုံးမဝင်တဲ့ကြိုးစားမှုကြောင့် သူမအနေနဲ့ ဒီရှဲ့မိသားစုရဲ့ ဒုတိယသခင်လေးအပေါ် အကောင်းမြင်စိတ်လေးတွေ ဖြစ်ပေါ်နေတာဖြစ်တယ်။

"စုရှောင်ပေါင် နင်သွားသင့်ပြီနော်" စုပေက စားပွဲခုံအောက်က စုရှောင်ပေါင်ရဲ့လက်မောင်းကို ခါယမ်းလိုက်ပြီး "ငါ နင်ကစားတာကိုကြည့်နေမှာ"

စုရှောင်ပေါင်က စုပေကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ရှဲ့မင်ရွှမ်းကိုကြည့်လိုက်တယ် : "စည်းမျဉ်းကဘာလဲ?"

"3 vs 3 ပေါ့။ အခု ဒီလေးယောက်ကနေသာ နှစ်ယောက်ရွေးလိုက်တော့" ဘတ်စကတ်ဘောကွင်းထဲသို့ သွားနေစဉ်မှာ ရှဲ့မင်ရွှမ်းက တုယီမင်နှင့်တစ်ခြားသူများကို လက်ညှိုးထိုးပြလိုက်တယ်။

သူတို့က ရှဲ့မင်ရွှမ်းရဲ့စကားကိုလည်းကြားရော ကောင်လေးလေးယောက်ခမျာ မသိမသာနဲ့ နောက်ဆုတ်သွားကြတော့တယ်။

စုရှောင်ပေါင် : "..."

သူက(ရှဲ့မင်ရွှမ်း) သူ့ကို(စုရှောင်ပေါင်) သစ္စာဖောက်နှစ်ယောက်ကို ရွေးထုတ်ဖို့ ပြောနေတာမလား?

စုရှောင်ပေါင် တိတ်ဆိတ်နေတာကိုလည်း တွေ့ရော ရှဲ့မင်ရွှမ်းက ကောင်လေးနှစ်ယောက်ကို တည့်တည့်ကြီး လက်ညှိုးထိုးလိုက်ကာ : "ရှုယန်ယန်၊ လျို့ခိုင် မင်းတို့နှစ်ယောက်က သူ့ဖက်ကပဲ"

ရှုယန်ယန် နှင့် လျို့ခိုင် တို့ခမျာ ရုတ်တရက်ကြီး ကြံရာမရဖြစ်သွားတော့တယ်။

ရှုယန်ယန် : အစ်ကိုရွှမ်း ကျွန်တော်က အစ်ကိုရဲ့အကြမ်းဆုံး shooting guard လေးလေ။ အစ်ကို ကျွန်တော့်ကို ဘာလို့များ ဒီလိုစွန့်ပစ်နိုင်ရတာလဲဗျာ။

လျို့ခိုင် : ဘာလို့ကျွန်တော်လဲ။ ကျွန်တော်လည်း အစ်ကိုရွှမ်းရဲ့အသင်းမှာပဲ သက်တောင့်သက်သာလေး အနိုင်ရချင်တာကို။ ဒီစုရှောင်ပေါင်က ဘတ်စကတ်ဘောရော တကယ်ကစားတတ်ရဲ့လား?

"အထွန့်တက်မနေကြနဲ့တော့။ ကစားပွဲစမယ်"

-----

ရှဲ့မင်ရွှမ်းဆိုတာက ကျောင်းလမ်းလျှောက်ကြော်ငြာပုံရိပ်လေးပဲဖြစ်တယ်။ တစ်ခြားကျောင်းသားတွေက သူဘတ်စကတ်ဘောကစားမယ် ဆိုတာကိုလည်းကြားရော အချိန်ခဏလေးအတွင်းမှာပဲ ပွဲကြည့်စင်မှာ လူတွေအပြည့်ဖြစ်သွားတော့တယ်။ ပထမတော့ ကောင်မလေးတွေက ရှဲ့မင်ရွှမ်းကိုသာ လာကြည့်ကြတာဖြစ်ပေမယ့် ဒီနေ့တော့ မမျှော်လင့်ပဲ သူတို့ကမျက်နှာသစ်လေးကို တွေ့လိုက်ရတော့တယ်။

"အဲဒီကောင်လေးကဘယ်သူလဲ...အရမ်းချောတာပဲဟယ်!"

"ငါတစ်ခြားအဖွဲ့တွေဆီက ပြောသံကြားတာတော့ သူက အတန်း ၈-၇ ကကျောင်းပြောင်းကျောင်းသားအသစ် ဖြစ်မယ်ထင်တယ်"

"သူက နတ်ဘုရားလေးရှဲ့လောက်တော့ မချောပေမယ့် သူ့မျက်နှာလေးကလည်း မဆိုးပါဘူးဟ!"

"ဒါပေမယ့် သူက နတ်ဘုရားလေးလောက် မချောဘူးလို့ ငါတော့မထင်ပေါင်။ နတ်ဘုရားလေးရှဲ့ကကျ လျော့တိလျော့ရဲလေးချောပြီးတော့ အသစ်ကောင်လေးကကျတော့ တည်တည်ငြိမ်ငြိမ်လေးချောတာလေ။ ငါကတော့ နောက်အမျိုးအစားလေးကို ပိုကြိုက်သေးတယ်ဆိုတာကို ဝန်ခံရမှာပဲ"

"ငါကတော့ နတ်ဘုရားလေးရှဲ့ကို ပိုကြိုက်တယ်"

"ကြည့်အုန်း...ကြည့်အုန်း...ကစားပွဲစနေပြီဟ!"

-----

ကစားပွဲစတင်လေပြီ။

အစကတော့ 'ရောင်းထုတ်ခံလိုက်ရသော' ရှုယန်ယန်နှင့်လျို့ခိုင်တို့က ကျဉ်းထဲကျပ်ထဲရောက်သလို ဖြစ်နေကြတယ် : ဒီကျောင်းသားသစ်လေးကသာ မဆော့တတ်ဘူးဆိုရင်တော့ သူတို့တစ်ခါတည်းပဲ အရှုံးပေးလိုက်ရင်ကောင်းမလား ဒါမှမဟုတ်ရင် အဆုံးသတ်အမှတ်ကို သိပ်ရုပ်မပျက်အောင်လို့ တိုက်ခိုက်ရမလားပဲ?

သို့ပေသိ ချက်ချင်းဆိုသလိုပဲ စုရှောင်ပေါင်က ဘတ်စကတ်ဘောကစားတဲ့နေရာမှာ အရမ်းတော်တာကို သူတို့တွေ့သွားကြတော့တယ်။ နှစ်ယောက်စလုံးက သူတို့ရဲ့စိတ်ဓာတ်ကျတဲ့အတွေးဟောင်းတွေကို ဖယ်ထုတ်လိုက်ပြီးတော့ အလေးအနက်စတင်ကစားကြတော့တယ်။

နှစ်သင်းလုံးရဲ့အမှတ်တွေက အရမ်းနီးကပ်နေပြီးတော့ ဒါကပြင်းထန်တဲ့ပွဲတစ်ခုဖြစ်နေတယ်။

ပွဲကြည့်စင်က ကောင်မလေးတွေက အော်ဟစ်နေကြဆဲပဲ : "နတ်ဘုရားလေးရှဲ့ ကြိုးစားထား!" တဖြည်းဖြည်းနဲ့ သူတို့က စုရှောင်ပေါင်ကိုပါ စတင်အားပေးလာကြတော့တယ် "သခင်လေးစု ကြိုးစားထား!"

---ကောင်မလေးတွေက 'ရှောင်ပေါင်' ဆိုတာ တစ်ခြားသူတွေက အပြောင်အပျက်သဘောမျိုး ခေါ်တာမဟုတ်ပဲ သူ့နာမည်အရင်းလို့သိလိုက်ရတဲ့အချိန်မှာတော့ သူတို့တွေက လက်မခံနိုင်ဘူးဖြစ်တယ်။ ဒီနာမည်ကြီးက သူတို့နတ်ဘုရားအသစ်လေးရဲ့ မျက်နှာလေးနဲ့ ဘယ်လိုမှမလိုက်ဖက်တာကြောင့် အဲဒီနာမည်အစား သူတို့က သူ့ကို 'သခင်လေးစု' လို့ခေါ်ဝေါ်လိုက်ကြတာပဲဖြစ်တယ်။

စုပေက အစကတော့ အဲလိုခေါ်နေတာကို မသိဘူး။ "စုရှောင်ပေါင်...နင့်နောက်မှာ!" ဆိုပြီးအော်ဟစ်ပြီးနောက် သူမကို အနီးနားက မိန်းကလေးတွေက ဆူပူကြိမ်းမောင်းတော့တယ်။

သူ့ဉာဏ်ပညာအရည်အချင်းတွေမပါပဲနဲ့တောင် ဒီကစားပွဲပြီးရင်တော့ စုရှောင်ပေါင်က 'fan group' ဆိုတာတွေ အများကြီးရလာတော့မှာပဲ။

-----

ကစားပွဲက ရှဲ့မင်ရွှမ်းရဲ့အသင်းက ၆၈မှတ် နဲ့ စုရှောင်ပေါင်ရဲ့အသင်းက ၆၄မှတ် နဲ့အဆုံးသတ်သွားခဲ့တယ်။

"ငါနိုင်တယ်" ရှဲ့မင်ရွှမ်းက သူ့ကျောင်းဝတ်စုံကို မချွတ်ခင်လေးမှာ စုရှောင်ပေါင်ကို ဆွပေးသလို ပြောလိုက်တယ်။

လျို့ခိုင်ကအနောက်ကနေ လျှောက်လာပြီးတော့ စုရှောင်ပေါင်ရဲ့ပုခုံးကို ပုတ်လိုက်တယ် : "အဆင်ပြေပါတယ်။ ဒီနေ့ငါတို့ရှုံးရတာက ဟိုအရူးကောင်ရှုရဲ့ penalty shots နှစ်ချက်ကြောင့်လေ။ နောက်မို့ဆို ငါတို့က အစ်ကိုရွှမ်းတို့နဲ့ သရေဖြစ်သွားမှာ"

"Mm" စုရှောင်ပေါင်က အသံပြန်ပေးလိုက်တယ်။ ရှဲ့မင်ရွှမ်းလိုမျိုး အေးစက်တဲ့အမူအရာနဲ့ထွက်လာရမယ့်အစား သူက စုပေရဲ့ထိုင်ခုံဆီကိုသာ တိုက်ရိုက်လျှောက်သွားလိုက်တယ်။

"စုရှောင်ပေါင်... နင်ကမိုက်လိုက်တာဟာ" စုပေက စုရှောင်ပေါင်ကို ပြုံးပြလိုက်တယ်။ သူမက ဘေးက ဓာတ်ဘူးတစ်ဘူးကို ယူလိုက်ပြီး အဖုံးထဲသို့ ရေနွေးနွေးလေးတစ်ခွက် ငှဲ့ပေးလိုက်ကာ သူမအစ်ကိုဆီသို့ ကမ်းပေးလိုက်တယ်။

ဒါက သေချာပေါက်ကို သူတို့အိမ်အဟောင်းကနေ ယူလာတဲ့ 'ယန်တာ့ယုံ၏အသက် ၈၀ နှစ်ပြည့်မွေးနေ့' ဆိုပြီး ရိုက်နှိပ်ထားတဲ့ ဓာတ်ဘူးမဟုတ်လေဘူး။ ဒီဟာက စုပေကို wolfberries အသီးတစ်အိတ်လုံးပေးလိုက်တဲ့ ဦးလေးဖုက သူတို့အတွက် ဝယ်ပေးထားတဲ့ ဓာတ်ဘူးအသစ်ပဲဖြစ်တယ်။

[T/N : wolfberries = အနီရောင်ရှိတဲ့ဘယ်ရီသီးတစ်မျိုးဖြစ်ပြီး အစိမ်းပဲဖြစ်ဖြစ် အသီးခြောက်ပဲဖြစ်ဖြစ် စားလို့ရပါတယ်။ အမလည်းမသိပါဘူး google ခေါက်ထားတာပါ။ သိတဲ့သူရှိရင်လည်း ပြောပြလို့ရပါတယ်နော်]

"မဆိုးပါဘူး" စုရှောင်ပေါင်က စုပေဆီက ဓာတ်ဘူးအဖုံးကို လှမ်းယူလိုက်ပြီးတော့ အတော်အသင့်လောက်ပဲ တုံ့ပြန်လိုက်တယ်။ ရှဲ့မင်ရွှမ်းကို ရှုံးရတာက သူ့ကိုနည်းနည်းတော့ မပျော်မရွှင်ဖြစ်စေတယ်လေ။

တစ်ချိန်တည်းမှာပဲ ဟွမ်ယင်ယင်ဟာလည်း အဲဒီနေရာမှာရှိနေပြီး အတန်း ၈-၃ မှကောင်မလေးအများစုနဲ့အတူ ကစားပွဲကိုကြည့်နေခဲ့တာဖြစ်တယ်။ စုရှောင်ပေါင်က ကစားလို့လည်းပြီးရော ကောင်မလေးတစ်ယောက်ဆီကို တန်းတန်းမတ်မတ်ကြီး လျှောက်သွားပြီး အဲဒီကောင်မလေး ကမ်းပေးတဲ့ရေကိုတောင် သူက ယူသောက်လိုက်တာကို သူမတွေ့လိုက်ရတယ်။ ဟွမ်ယင်ယင်က သူမမျက်လုံးတွေကိုတောင် မယုံကြည်နိုင်လောက်အောင်ပါပဲ။ သူမက လက်ထဲက coke ဘူးကို နောက်တစ်ကြိမ်ကြည့်နေမိတယ်။ သူမမျက်နှာမှာ စိတ်အနှောင့်အယှက်ဖြစ်မှုအပြည့်ဖြစ်နေပြီး သူမက ဘူးကိုလွှတ်ပစ်ရလောက်တဲ့အထိ စိတ်တွေတိုနေတာဖြစ်တယ်။

သူမက ရေမကမ်းနိုင်ဘူးဆိုရင်တော့ သူ့ကို တစ်ရှုးပဲသွားပေးရမှာပေါ့။

ရလဒ်အနေနဲ့ကတော့ ဟွမ်ယင်ယင်တောင် မလှုပ်ရှားရသေးခင်မှာပဲ ထိုကောင်မလေးက သူမကျောင်းဝတ်စုံ အိပ်ကပ်ထဲကနေ တစ်ရှုးတစ်ရွက် ထုတ်လိုက်တာကို သူမမြင်လိုက်ရတော့တယ်။ သူမက စုရှောင်ပေါင်ကို တစ်ရှုးကမ်းပေးရုံတင်မကပဲ နောက်ထပ်တစ်ရွက်ကိုပါ ထုတ်ယူလိုက်ကာ သူ့လည်ပင်း အနောက်ဖက်က ချွေးတွေကို စတင်သုတ်ပေးနေပြီး အရှက်မရှိစွာနဲ့ သူမလက်ကိုပါ သူ့ရှပ်အင်္ကျီထဲကို ထည့်လိုက်သေးတယ်လေ! နောက်ပြီး ဒါကသိပ်အံ့သြစရာမကောင်းသလိုမျိုး ဖြစ်နေတာက စုရှောင်ပေါင်က သူမလှုပ်ရှားမှုတွေကို တကယ်ကြီး ရင်းရင်းနှီးနှီးဖြစ်နေတာကြောင့်ပဲဖြစ်တယ် : ကောင်မလေးက လက်လှမ်းမမှီလောက်ဘူးလို့ သူထင်တာကြောင့် သူ့ခန္ဓာကိုယ်ကို လှည့်ပေးထားတဲ့အပြင် ကွေးတောင်ကွေး ထားလိုက်သေးတယ်!

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဟွမ်ယင်ယင်ဘေးမှာရပ်နေတဲ့ ကောင်မလေးတစ်ယောက်က ဘာမှမတတ်နိုင်သလိုမျိုး တိုးတိုးလေးရေရွတ်လိုက်တယ် : "ယင်ယင်...အဲဒါက သခင်လေးစုရဲ့ကောင်မလေး လားမသိဘူးနော်? ကြည့်ရတာ သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေသလိုပဲ"

"ဒီနေ့ သခင်လေးစုက နင့်ကို သူ့ WeChat မပေးလိုက်ဘူးမလား။ ဖြစ်နိုင်တာက သူ့မှာကောင်မလေး ရှိနေပြီးသားမို့လို့ပေါ့။ နင်လက်လျှော့သင့်တယ်နော်"

"တကယ်တော့ ငါတွေးနေတာကလေ အတန်း ၈-၆ က လင်ယွီလည်း အရမ်းတော်တယ်ဆိုပဲ..."

"သူတို့နဲ့မတူဘူး!" ဟွမ်ယင်ယင်က နီရဲနေတဲ့မျက်လုံးတွေနဲ့ ပြေးထွက်သွားတော့တယ်။ သူမက စုရှောင်ပေါင်ကို တကယ်သဘောကျနေတာလေ!

-----

စုပေက ဒီကိစ္စကို သေချာမသိလိုက်ဘူး။ စုရှောင်ပေါင်ရဲ့နောက်ကျောက ချွေးတွေကိုသုတ်ပေးပြီးနောက် သူမက သူ့ကိုယ်ပေါ်ကို ကုတ်အင်္ကျီတစ်ထည် အမြန်တင်ပေးလိုက်တယ်။

"ဒါကြီးကပူတယ်"

"ခဏလောက် သည်းခံလိုက်စမ်းပါ။ မချွတ်ပစ်နဲ့နော်" စုရှောင်ပေါင်ကို ကြည့်နေရင်းက သူမထပ်ပြောလိုက်တယ် : "နင်အအေးမိပြီး ငါ့ကိုပါကူးရင် ဘယ်လိုလုပ်မလဲ?"

စုရှောင်ပေါင် : "..."

-----

ကျောင်းဆင်းပြီးသွားတော့ တုယီမင်က စုပေနဲ့စုရှောင်ပေါင်ကို ကျောင်းဂိတ်ပေါက်ဝမှာ ပိတ်ဆို့ထားလေတယ်။ အရပ်ရှည်ပြီး သန်မာတဲ့ တုယီမင်ပုံစံက ခြိမ်းခြောက်တဲ့ပုံပေါ်နေပြီး သူ့နောက်မှာလည်း တစ်ခြားအတန်းက ကျောင်းသားဒါဇင်လိုက်ကြီးလည်း ရှိနေတယ်။ မောင်နှမနှစ်ယောက်ရဲ့ဘဝမှာ ဒီလိုမျိုးတူညီတဲ့ဖြစ်ရပ်တွေက အကြိမ်ပေါင်းမြောက်များစွာ ဖြစ်လေ့ရှိတာကြောင့် တုယီမင်က သူတို့ကို ပိတ်ဆို့ဖို့ရာ လူအများကြီးခေါ်လာတာကို တွေ့လိုက်ရတော့ စုရှောင်ပေါင်က ဘာမှစဉ်းစားမနေတော့ပဲ လျှပ်တစ်ပြက်လှုပ်ရှားမှု တစ်ခုလုပ်ကာ စုပေကို သူ့နောက်မှာ ဖွက်ထားလိုက်တော့တယ်။

"မကြောက်နဲ့နော်" စုရှောင်ပေါင်က စုပေကို ပြောလိုက်တယ်။

"ငါမကြောက်ပါဘူး"

"ဒါဆိုဘာလို့ငါ့လက်ကို အတင်းဆုတ်ကိုင်ထားရတာလဲ?"

"ငါကြောက်တာက နင်စိတ်လိုက်မာန်ပါဖြစ်ပြီး သူတို့နဲ့ရန်ဖြစ်မှာစိုးလို့လေ"

စုရှောင်ပေါင် : "..."

စုပေ : "အာ...တကယ်ပြောတာပါဆို"

တစ်ခြားကမ္ဘာမှာ လေးနှစ်လောက်နေလာတဲ့ အတွေ့အကြုံရှိထားတော့ စုပေက ဒီလိုအခြေအနေမျိုးကိုဆိုရင်

ကြောက်လန့်မှုမရှိတော့ဘူး။ ဒါ့အပြင် တုယီမင်က သူတို့ကိုအရင်က အနိုင်ကျင့်ဖူးတဲ့လူတွေနဲ့ မတူလောက်ဘူးလို့ သူမရေးရေးလေးတော့ ခံစားမိနေတယ်။ သူ့ပုံစံက ခြိမ်းခြောက်နေပုံပေါက်ပေမယ့်လို့ သူ့မျက်လုံးတွေကတော့ ခက်ထန်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုရှိတဲ့လူတွေနဲ့ မတူဘူး။

သို့ပေသိ စုပေက အနည်းငယ်ဒွိဟဖြစ်နေတယ်။ ဒီမနက်လေးတင်ပဲ တုယီမင်က စုရှောင်ပေါင်နဲ့ ဘတ်စကတ်ဘော ကစားခဲ့တာမဟုတ်ဘူးလား? အခုဘယ်လိုဟာသပြဇာတ်မျိုး သူကလုပ်ချင်နေရတာလဲ?

စုရှောင်ပေါင်ကလည်း ဒွိဟဖြစ်လို့နေတယ်။ "တုယီမင် မင်းဘာလိုချင်လို့လဲ?" သူကခက်ထန်တဲ့လေသံနဲ့ မေးလိုက်တယ်။

"ဘာမှမလိုချင်ဘူး။ မင်းကိုသင်ခန်းစာပေးချင်လို့"

"ငါတို့ကို အကြောင်းပြချက်ပြောပြနိုင်မလား?" စုပေကမေးလိုက်တယ်။

"နင်သူ့ကိုမေးကြည့်လိုက်လေ!" တုယီမင်က မိန်းကလေးတွေနဲ့ စကားပြောလေ့ပြောထမရှိဘူး။ သူက စုပေရဲ့မျက်လုံးတွေကို ရှောင်နေပြီး စုရှောင်ပေါင်ကိုသာ လက်ညှိုးထိုးကာ ပြင်းပြင်းထန်ထန် အော်ဟစ်နေတော့တယ်။

"စုရှောင်ပေါင်... မင်းမှာကောင်မလေးလည်းရှိနေပြီးသားဆိုတော့ တစ်ခြားမိန်းကလေးတွေကို ရန်မစသင့်တော့ဘူးလေ!"

စုရှောင်ပေါင် : ...ငါဘယ်သူ့ကိုများ ရန်စမိပါလိမ့်?

သူ့စကားတွေက သိပ်မရှင်းလိုက်တာကို သဘောပေါက်သွားတော့ တုယီမင်က သူ့ပါးစပ်ကို နောက်တစ်ကြိမ်မဖွင့်ခင်လေးမှာ အပြင်းအထန်စဉ်းစားနေတော့တယ် : "ဟွမ်ယင်ယင်က မင်းရဲ့ WeChat တောင်းတယ်မလား။ မင်းမပေးချင်ဘူးဆိုရင်လည်း ဒီတိုင်းပြောလိုက်ပေါ့။ ဘာကြောင့် မိန်းကလေးတစ်ယောက်ကို လူအများကြီးရှေ့မှာ မျက်နှာပျက်အောင် လုပ်ရတာလဲကွ?"

စုရှောင်ပေါင် : အဲဒီ ဟွမ်ယင်ယင်က ဘယ်သူလဲဟ?

"နောက်ပြီး ကျောင်းသားတစ်ယောက်အနေနဲ့ မင်းကကျောင်းမှာ ချိန်းတွေ့တာကို ပေါ်တင်လုပ်ရဲတယ်ပေါ့? ဒါကလက်ခံနိုင်စရာလို့ မင်းထင်နေတာလား?" တုယီမင်က စုပေကို ကြည့်လိုက်တယ်။

အစကတော့ တုယီမင်စကားတွေက စုပေကို ပိုပိုပြီး ဒွိဟဖြစ်စေတာပဲရှိတာ။ ဒါပေမယ့် သူ့နောက်ဆုံးစကားက ပိုပြီးတော့တောင် မှင်တက်သွားစေတယ် - ဒီတုယီမင်က သူမကို စုရှောင်ပေါင်ရဲ့ကောင်မလေးလို့ ထင်နေတာပေါ့? ရှဲ့မင်ရွှမ်းပြောသလိုပဲ တုယီမင်က ဦးနှောက်မရှိဘူးဆိုတာကို အံ့သြမနေတော့ပါဘူး။ သူက တကယ်ကြီးကို IQ တစ်ချို့လွတ်နေပုံရတယ်။

စုပေခမျာ ရယ်ရလွန်းလို့ ပေါက်ကွဲထွက်တော့မလိုပဲ။

"ဒါဆို ငါတို့မိသားစုဝင် စုရှောင်ပေါင်က ဟွမ်ယင်ယင်ဆိုတဲ့ ကောင်မလေးကို သဘောမကျလို့ နင်က သူမကိုကူညီပြီး ဒေါသထွက်ပြနေတာလား?" သူမက တမင်တကာကို စုရှောင်ပေါင်ရဲ့လက်မောင်းကို ကိုင်လိုက်ပြီး တုယီမင်ကို မေးလိုက်တယ်။

"မင်းပြောတာမမှားပါဘူး"

"ငါထင်တာတော့ ငါက ဟွမ်ယင်ယင် ထက်ပိုလှသလားလို့လေ?" စုပေက တမင်တကာကို စနောက်နေတော့တယ်။

ဒီစကားလုံးတွေ ထွက်လာတော့ တုယီမင်နဲ့သူ့အဖွဲ့တွေက တိတ်ဆိတ်သွားရတော့တယ်။ စုပေရဲ့မျက်နှာလေးကို ကြည့်ပြီး တစ်ချို့ကောင်လေးတွေက ခေါင်းငြိမ့်လိုက်ချင်ကြတယ် : ဒီကောင်မလေးက တကယ်ကြီးကို ဟွမ်ယင်ယင်ထက် အများကြီးပိုလှတာပဲလေ။

"ဒါဆို ဟွမ်ယင်ယင်က ငါ့လောက်လည်းမလှဘူး။ ပြီးတော့ စုရှောင်ပေါင်နဲ့လည်း မရင်းနှီးဘူးလေ။ ဘာလို့များ စုရှောင်ပေါင်က သူမကို ကြိုက်ရမှာလဲလို့?"

တုယီမင်နှင့်တစ်ခြားသူများ : .....

ဒါက ကျိုးကြောင်းဆီလျော်တယ်။

တုယီမင်က စကားမပြောနိုင်ပဲ တစ်ဆို့နေတာကို မြင်ရတော့ စုပေက နောက်ဆုံးတော့ သူမရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ဘူး။

"တုယီမင်...နင်ကအရူးပဲ"

"နင်ကသောက်အရူးကောင်ပဲ!"

"ငါ့နာမည်ကဘာလဲ?"

"စုပေ"

"ပြီးတော့ သူကရော?"

"စုရှောင်ပေါင်"

"ဒါဆို?"

"ဒါဆို ဘာလဲ?"

စုပေက တုယီမင်က သဘောမပေါက်သေးဘူးလို့ ထင်တာကြောင့် ရှင်းလင်းသွားအောင်ပြောပြလိုက်တယ် : "ဆိုတော့ ငါတို့က အမွှာတွေလေ"

"အမွှာတွေ? နင်ဆိုလိုတာက သူကနင့်အစ်ကိုကြီးပေါ့? သွေးသားအရင်းတွေပေါ့?"

"တစ်ခြားဘာရှိသေးလို့လဲ?" စုရှောင်ပေါင်က စိတ်ထဲမှာတော့ 'ငတုံးကောင်' လို့ကျိန်ဆဲနေရင်းက မဲမှောင်နေတဲ့ အမူအရာနဲ့ ပြန်မေးလိုက်တယ်။

"ဒါပေမယ့် မင်းအရင်က တစ်ခါမှမပြောဖူးဘူးလေ"

"တစ်တန်းလုံးသိပြီးသားလေ... နင်ကဘယ်လိုလုပ်မသိသေးရတာလဲ" စုပေက ညည်းညူလိုက်တယ်။

တုယီမင်က သူတို့ကို ကျောင်းဂိတ်ပေါက်ဝမှာ ပိတ်ဆို့ထားတယ်ဆိုတာက အထင်လွဲမှုကြီးတစ်ခုကြောင့်ဖြစ်ပြီး သူ့ကိုယ်သူ အရှက်ရစေခြင်းနှင့်သာ အဆုံးသတ်ခဲ့ရတာဖြစ်တယ်။ သူတို့နဲ့မနီးမဝေးမှာရှိနေတဲ့ ရှဲ့မင်ရွှမ်းတောင်မှ တုယီမင်က အမွှာတွေကို ပြဿနာသွားရှာတယ်ဆိုတာကြားကြားချင်းပဲ ဒီအရူးကောင်ရဲ့ ရုပ်ပျက်ဆင်းပျက်အဖြစ်ကို မြင်ရဖို့အတွက် ဂိတ်ဝကိုရောက်လာခဲ့တာဖြစ်တယ်။ ဒီငတုံးကောင်ကို သူသိနေတယ်ဆိုတာကို ဝန်မခံလိုတာကြောင့် ရှဲ့မင်ရွှမ်းက နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားခဲ့တော့တယ်။

ကားထဲမှာ စုပေက ရုတ်တရက်ပဲ အလေးအနက်မျက်နှာထားနဲ့ စုရှောင်ပေါင်ကို ကြည့်လိုက်တယ်။

"ဘာလဲ?"

"စုရှောင်ပေါင် နင်ကမောင်ငယ်လေးနော်"

စုရှောင်ပေါင် : "..."

"နင်ဒီနေ့ အရမ်းပျော်နေတယ်ပေါ့ ဟုတ်လား?" စုပေက သူ့ကိုမေးလိုက်တယ်။

သူမစကားတွေက စုရှောင်ပေါင်ကို ခဏလောက်အေးခဲသွားစေတယ်။ ပြီးမှ သူက သူ့မျက်နှာကို

ပြတင်းပေါက်ဖက်ကို လှည့်လိုက်ပြီး နည်းနည်းကြာတော့မှ ပြောလိုက်တယ် : "မဆိုးပါဘူး"

စုပေက ပြုံးလိုက်တယ်။ ဒါက မမြင်ရပေမယ့် စုရှောင်ပေါင်ရဲ့နှုတ်ခမ်းပေါ်က အပြုံးတွေက သူ့ရဲ့ခံစားချက် အစစ်အမှန်တွေကို ဖော်ပြလို့နေတယ်။

-----

တစ်ခြားနေရာမှာတော့ ချင် Group။

ချန်တဲ့က Mr.ချင်ကို အမွှာတွေရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့အကြောင်းကို ဘာတစ်ခုမှကျော်ခွမသွားပဲ မခြွင်းမချန် အစီရင်ခံတင်ပြလို့နေတယ်။

ဖုန်းကနေတစ်ဆင့် ကလေးတွေက ကျောင်းမှာဘယ်လောက်ထိ လိုက်လျောညီထွေဖြစ်တယ် ဆိုတဲ့အကြောင်းတွေကို ချန်တဲ့က ဇာတ်ကြောင်းပြန်ပြောခဲ့တယ်။ သူတို့ရဲ့ကျောင်းအတန်းဖော်အသစ်တွေနဲ့ ဘယ်လိုအဆင်ပြေနေတယ်ဆိုတဲ့အကြောင်းတွေကို ချန်တဲ့ကပြောပြခဲ့ပြီး ရှဲ့မိသားစုရဲ့ဒုတိယသခင်လေးနဲ့ စုရှောင်ပေါင်တို့ရဲ့ ဘတ်စကတ်ဘောပြိုင်ပွဲအကြောင်းတွေကိုပါ သူကဆက်ပြောခဲ့တယ်.....

ဖုန်းပြောနေတဲ့တစ်ဖက်ခြမ်းမှာတော့ ချင်ရှောက်က ချန်တဲ့ရဲ့တင်ပြချက်တွေကို သေသေချာချာ နားထောင်နေပေမယ့် သူ့စိတ်ထဲမှာတော့ စာကြောင်းလေးတစ်ကြောင်းက ထပ်ခါထပ်ခါပေါ်လို့လာတယ် : ချန်တဲ့က ဒီနေ့ဘာလို့စကားအရမ်းများနေရတာလဲ?

"ပြဿနာသေးသေးလေးတစ်ခုတော့ရှိပါတယ်" ဒီနေ့လည်တုန်းက တုယီမင်က စုပေနဲ့စုရှောင်ပေါင်တို့ကို ကျောင်းဂိတ်ပေါက်ဝမှာ ဘယ်လိုပိတ်ဆို့ခဲ့တယ်ဆိုတဲ့အကြောင်း ချန်တဲ့က ချင်ရှောက်ကိုပြောပြလိုက်တယ်။

ဒါကိုကြားလိုက်ရတော့ ချင်ရှောက်က မျက်မှောင်နည်းနည်းကျုံ့လိုက်တယ်လို့ ထင်ရတယ်။ "မင်းဘာဖြစ်လို့ သူတို့နောက်ကိုလိုက်ဖို့ ကိုယ်ရံတော်တွေ မစီစဉ်ပေးလိုက်ရတာလဲ?" ဒီကလေးတွေက သူ့ရှေ့မှာကျ အရမ်းသတ္တိရှိနေကြတာမလား? ဒီကောင်စုတ်လေးတစ်ကောင်လောက်က သူတို့ကို ပိတ်ဆို့ထားနိုင်လို့လား။

Mr.ချင်ရဲ့ရုတ်တရက် ပြင်းထန်စွာအပြစ်တင်မှုကြောင့် ချန်တဲ့က ခဏလောက် ကြက်သေသေသွားရတယ် : "ကိုယ်ရံတော်တွေက သူတို့နောက်ကို လိုက်ပါတယ်"

ဒါက သူတို့ကိုယ်ရံတော်တွေဆီက တင်ပြချက်ပဲဖြစ်တယ်။ အဲဒီအချိန်တုန်းက ကိုယ်ရံတော်တွေကလည်း သိပ်မဝေးမှာမဟုတ်ပေမယ့် သူတို့လှုပ်ရှားဖို့စီစဉ်နေတုန်းမှာပဲ စုပေနဲ့စုရှောင်ပေါင်က ဖြေရှင်းလို့ပြီးသွားခဲ့တာ ဖြစ်တယ်။

"ရှောင်ပေနဲ့ ရှောင်ပေါင်က အရမ်းတော်ကြတာပါ" ချန်တဲ့က စိတ်ခံစားမှုပြင်းထန်လာပြီး သက်ပြင်းချလိုက်မိတယ် : သူတို့က ဉာဏ်ကောင်းပြီး ရုတ်တရက်ပြဿနာပေါ်လာတာတောင်မှ သူတို့ကို အဟန့်အတားမဖြစ်စေဘူးလေ။ သူဌေးနဲ့ တစ်ထပ်တည်းတူတာကတော့ အမှန်အကန်ပါပဲ။

"သူတို့ကလား?" Mr.ချင်ရဲ့တုံ့ပြန်ချက်က မရေမရာဖြစ်လို့နေလေတယ်။

သူက ဒီနေ့တစ်နေ့လုံး စုန့်ယန်ချန်းနဲ့ ကုမ္ပဏီခွဲကိစ္စတွေကြောင့် အရမ်းအလုပ်ရှုပ်နေခဲ့ပေမယ့် သူ့ရဲ့အနည်းငယ်ကွေးညွှတ်နေတဲ့နှုတ်ခမ်းကို မြင်ရဖို့က သိပ်မခက်ခဲတာကြောင့် ဒီအချိန်လေးမှာတော့ Mr.ချင်ရဲ့စိတ်အခြေအနေလေးက သိပ်မဆိုးဘူးလို့ပြောနိုင်တယ်။

[Moon's Note : ဒီအပိုင်းကအရှည်ကြီးပဲနော်။ အမတစ်နေကုန်ထိုင်ရိုက်နေတာ လက်တောင်ကိုက်နေပီ]

25.10.2020

Sunday

_____

Thanks 😉

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
63.1K 5.8K 11
Timetravel 😁 Uni and Zawgyi(owncreation)
870K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
125K 17.2K 43
က်န္းခ်င္းေပ - arc.4.