Uni.....
"ကလေးငယ်... hyung စိတ်ချမယ်နော်... အပြင်သွားချင်ရင် Baekhyunနဲ့ သွားနော်..."
"အင်းပါ... သိပါတယ်... ပြီးတော့ ဒီနေ့အပြင်မသွားချင်ဘူး အာ့ကြောင့် စောစောပြန်လာခဲ့..."
မနက်စာ စားအပြီး ကုမ္ပဏီမသွားခင် ကလေးငယ်ကို မှာစရာရှိတာမှာနေရသည်...
စိတ်ကြည်နေလို့လားတော့မသိ... ပြောနေသမျှကို ခေါင်းလေးငြိမ့်ကာ နာခံနေသည်...
"အင်း တက်နိုင်သလောက် hyung စောစောပြန်လာခဲ့မယ်နော်... Baekhyunစိတ်ချမယ်နော်..."
ကလေးငယ် ခေါင်းလေးကို ပုတ်ပြီးပြောလိုက်ကာ Baekhyunကိုပါ မှာလိုက်သည်...
"ဟုတ်ကဲ့ Boss..."
Krisလည်း ကုမ္ပဏီကို သိပ်သွားချင်တာမဟုတ်... ကလေးငယ်က လှေကားပေါ်ကကျတဲ့နေ့ထဲက ဖျားလိုက်တာ တစ်ပတ်လောက်ကြာတယ်...
အဲ့ထဲက Krisလည်း အလုပ်ကို Sehunနဲ့ လွှဲထားပြီး ကလေးငယ်အနားနေ,နေခဲ့တာ ဒီတော့မတက်မဖြစ်တက်ရမယ့် အစည်းအဝေးရှိနေတာကြောင့်သာ သွားရခြင်းဖြစ်သည်...
"ကလေးငယ် နေကောင်းကာစဆိုတော့ ဂိမ်းတွေမဆော့သေးနဲ့ဦးနော်... ပြီးတော့ စားချင်တာရှိရင် ဖုန်းဆက်လိုက် အပြန်ဝယ်ခဲ့မယ်... အရမ်းစားချင်နေရင်တော့ အိမ်ကတစ်ယောက်ယောက်ကို ခိုင်းလိုက်..."
"အွန်း... Krisသာ မြန်မြန်ပြန်လာခဲ့..."
Kris ပြုံးကာခေါင်းညိတ်ပြပြီးနောက်ထွက်လာခဲ့လိုက်သည်...
ဒီကလေး နေကောင်းကာစပဲရှိသေးလို့ အဲ့လောက်တွယ်ကပ်နေသေးတာ နောက်နှစ်ရက်လောက်ဆို အဂျစ်လေးပြန်ဖြစ်သွားတော့မှာ...
"Boss... လုပ်ငန်းတိုးချဲ့ဖို့ ကြည့်ထားတဲ့ မြေကွက်က ဈေးပြိုင်တင်ပေးမယ့်သူရှိလာတယ်တဲ့..."
Kris ရုံးခန်းထဲဝင်တော့ Sehunက အနောက်ကနေ လိုက်လာရင်းပြောလာသည်...
"ဘယ်သူတဲ့လဲ..."
"မသိရပါဘူး Boss... တစ်ဖက်က ပြိုင်ဘက်နဲ့ပတ်သတ်ပြီး အချက်အလက်တွေကို မသိရပါဘူး..."
"Ok သိအောင် စုံစမ်းထားလိုက်..."
"ဟုတ်ကဲ့ပါ..."
"ပြောစရာရှိသေးလို့လား Sehun..."
ပြောစရာတွေကုန်သွားသည့်တိုင် ရပ်နေသေးတဲ့ Sehunကြောင့် Kris မေးလိုက်တော့...
"ဒီနေ့ အစည်းဝေးမှာ ဟိုတစ်ရက်က စက်ရုံမှာဖြစ်သွားတဲ့ကိစ္စ~..."
Sehun စကားမဆုံးခင် Krisလက်ကာပြလိုက်တော့ Sehunပြောနေခြင်းတို့ ရပ်သွားသည်...
"ရပြီ Sehun ငါ နားလည်ပြီ... အစည်းဝေးချိန်ရောက်မှ ငါ့ကို လာခေါ်တော့..."
"ဟုတ်ကဲ့ Boss... ခွင့်ပြုပါဦး..."
Krisကို ဦးညွှတ်ပြီး Sehun ထွက်သွားသည်...
ကလေးငယ် နေမကောင်းတဲ့ရက်က Krisတို့ရဲ့ စက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်သွားခဲ့သည်...
ရိုးရှင်းသော မီးလောင်မှုတစ်ခု မဟုတ်မှန်း ရိပ်မိတာကြောင့် Sehunကိုလည်း တိတ်တဆိတ် စုံစမ်းခိုင်းပြီးသား...
အဟက်* Krisကို လျှော့တွက်ထားကြတာပဲ...
*bee... bee...*
ဖုန်းရဲ့vibrateသံကြောင့် အိတ်ကပ်ထဲက ဖုန်းကို ထုတ်ယူကြည့်လိုက်သည်...
*ကလေးငယ်*
ခေါ်ဆိုသူအမည်လေးကို မြင်လိုက်တာနဲ့ Krisလက်တို့က အစိမ်းရောင်လေးကို နှိပ်လိုက်ပြီးသား...
ကလေးငယ်က စပြီး Krisဆီ ဖုန်းမခေါ်တာ ဘယ်လောက်ကြာနေပြီလဲ...
"ပြော ကလေးငယ်..."
"Kris ပြန်ချိန်ပြန်လာမှာလဲ..."
မေးလာတဲ့ အသံလေးက အားဖျော့လို့နေသည်...
"ဘာလို့လဲ ကလေးငယ်... ဘာလိုချင်လို့လဲ..."
"ဟင့်... ဘာမှမလိုချင်ဘူး... သတိရလို့..."
"ဟင်!..."
သတိရတယ်ဆိုတဲ့ စကားကြောင့် Krisတော်တော် အံ့သြသွားရပါသည်... ပြီးတော့ ငိုသံလေးပါ ပါနေတာမို့ စိတ်ပူရခြင်းတို့ကလည်း ကပ်ပါလာသည်...
"Hyung meetingပြီးတာနဲ့ ပြန်လာခဲ့မယ်နော်..."
"အင်း... အာ့ဆိုဒါပဲ..."
ဖုန်းချသွားသော ကလေးငယ်ကြောင့် Kris Baekhyunထံ ဖုန်းဆက်ကာ ကလေးငယ်ကို ပိုပြီးဂရုစိုက်ပေးဖို့ မှာလိုက်သည်...
*ဒေါက် ဒေါက် ဒေါက်..."
"Boss meeting စတော့မယ်..."
တံခါးခေါက်သံနောက်မှာ ရုံးခန်းတံခါး ပွင့်လာပြီး Sehunက meeting စတော့မည်ဖြစ်ကြောင်း ပြောလာသည်မို့ Krisလည်း Sehunနဲ့အတူ meetingခန်းဘက်သို့ ထွက်လာခဲ့လိုက်သည်...
Projectအသစ်အတွက် လိုအပ်တဲ့အစည်းဝေးပြီးတဲ့ နောက်မှာတော့ Sehunပြောထားသည့်အတိုင်း စက်ရုံကိစ္စပါလာသည်...
"CEO Kris... ဟိုတရက်က စက်ရုံမီးလောင်တော့ ဆုံးရှုံးမှုတွေများတယ်လို့ကြားရပါတယ်..."
"အဲ့တော့..."
Krisက ဘာမှမဖြစ်သလို မေးလိုက်တော့ Krisကို ပြောလာတဲ့ သူက ကြောင်အအဖြစ်သွားသည်...
"ဒီမှာ ခင်ဗျားတို့က ဆုံးရှုံးတာပဲမြင်တာနော်... ရတာတွေကြတော့ မမြင်ကြဘူးပဲ... ပြီးခဲ့တဲ့ projectကနေ ရထားတဲ့ ဟာတွေကျတော့ ထည့်မပြောကြတော့ဘူးလား..."
Meeting roomရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ Krisက meeting တက်လာတဲ့ သူတွေကို တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီးပြောလိုက်သည်...
Krisပြောတာမှန်နေတာကြောင့် အကုန်ငြိမ်နေကြသည်... အခုန Krisကို ပြောလာတဲ့ သူကလွဲလို့ပေါ့... သူ့ပုံစံက Krisကို တစ်ခုခုပြောချင်နေသေးတဲ့ပုံမျိုး...
"ဘာလဲ ဘာမဟုတ်တာလောက်လေး ဆုံးရှုံးသွားတာကို အကြောင်းပြပြီး ကျွန်တော့်ကို ဖယ်ထုတ်ချင်နေကြတယ်ဆို... ခင်ဗျားတို့ အဲ့အတွေးတွေကို ဖျောက်ထားလိုက်တာကောင်းမယ်နော်...
ကျွန်တော့်ကို မကြိုက်ရင် ခင်ဗျားတို့ထည့်ထားတဲ့ ရှယ်ယာတွေကို အချိန်မရွေးထုတ်ပြီး ထွက်သွားနိုင်တယ်... ခင်ဗျားတို့မရှိလို့လည်း ဒီY Groupကြီးက ပြိုလဲသွားမှာ မဟုတ်လို့ပဲ... ကဲပြော ဘယ်သူထွက်ချင်လဲ..."
Kris မေးလိုက်တော့ တစ်ယောက်မှ ဟမလာကြဘူး... ဘယ်ဟမလဲ တစ်လတစ်လရနေတဲ့ ဝင်ငွေတွေက နည်းတာမှမဟုတ်ကို ဘယ်သူက ထွက်ချင်ကြမှာလဲ...
အဟက် ဒါနဲ့များ Krisကို လာစမ်းချင်နေကြတာ...
"ပြောစရာကျန်သေးလား..."
"...."
"ကြည့်ရတာ မရှိတော့ဘူးထင်ပါတယ်... ဒါဆို ကျွန်တော် နောက်ဆုံးအနေနဲ့ပြောမယ်... စက်ရုံမှာဖြစ်သွားတဲ့ကိစ္စက မရိုးဘူးဆိုတာ သိနေတယ်... ဒါကနောက်ဆုံးဖြစ်ပါစေလို့ ကျွန်တော် သတိပေးလိုက်မယ်... နောက်တစ်ခါဆိုရင်တော့... ခင်ဗျားတို့ Krisဆိုတာ ဘာကောင်လဲ သိပြီးသားပါ... အဲ့တော့ လာမစမ်းကြနဲ့..."
ခက်ထန်နေမျက်နှာထား အေးစက်ပြတ်သားသောအသံတို့ရဲ့နောက်မှာတော့ အစည်းဝေးခန်းထဲက လူတွေအကုန် Krisကို ရဲရဲမကြည့်ကြတော့ပေ...
သူတို့အားလုံးကို ကြည့်ပြီး Kris မဲ့ပြုံး,ပြုံးကာ အစည်းဝေးခန်းထဲက ထွက်လာခဲ့လိုက်သည်... Sehunကတော့ Krisအနောက်ကနေ ထပ်ကြပ်မကွာပါလာသည်...
"Sehun လုပ်စရာတွေရှိသေးလား..."
"Boss မလာတဲ့ ရက်တွေက အလုပ်တွေ နည်းနည်းတော့ ကျန်နေသေးတယ်..."
"အေး ဒါဆို... အဲ့လုပ်စရာတွေ အကုန်ယူခဲ့ အိမ်ပြန်မယ်..."
"ဟုတ်ကဲ့ Boss..."
ကလေးငယ် ငိုသံလေးကြားပြီးထဲက အစည်းဝေးလုပ်ရတာတောင် ကောင်းကောင်းစိတ်မဖြောင့်ခဲ့တာမို့ အစည်းဝေးပြီးတာနဲ့ အိမ်ပြန်ဖို့သာ စိတ်စောနေမိခဲ့သည်...
ဒါ့ကြောင့် Sehunကိုပါခေါ်ပြီးအိမ်ပြန်ခဲ့လိုက်သည်...
"အဒေါ်ကြီး... ကလေးငယ်ရော..."
Kris အိမ်ထဲဝင်တော့ ထွက်လာကြိုတဲ့ အဒေါ်ကြီးကို ကလေးငယ်အကြောင်းဦးစွာမေးလိုက်သည်...
"ခြံအနောက်မှာ Baekhyunတို့နဲ့ ကစားမယ်ဆိုပြီး ခုနလေးတင်မှ ထွက်သွားပါတယ်..."
"ဟုတ်လား... ကျွန်တော်လိုက်သွားလိုက်ဦးမယ်..."
Krisအပေါ်ကုတ်နဲ့ နက်ခ်တိုင်ကို ချွတ်ပြီး အဒေါ်ကြီးထံ လှမ်းပေးလိုက်သည်...
"Boss ကျွန်တော် စာရင်းတွေလုပ်ထားနှင့်မယ်..."
Sehunကတော့ ဧည့်ခန်းက စားပွဲတွင် ကုမ္ပဏီကယူလာတဲ့ စာရွက်စာတမ်းတွေကို စားပွဲပေါ်တင်ရင်း Krisကို ပြောလာသည်...
"အဲ့ဒါ ခဏထားလိုက် Sehun... ငါနဲ့ လိုက်ခဲ့..."
"ဟုတ်ကဲ့ Boss..."
"အဒေါ်ကြီး Sehunအတွက်ပါ ညစာလုပ်ထားပေးပါ..."
အဒေါ်ကြီးကိုမှာကာ Kris Sehunကိုခေါ်ပြီး အိမ်ကြီးထဲကနေပဲ ခြံအနောက်ဘက်ကို ထွက်လာခဲ့လိုက်သည်...
"Baekhyun hyung... ကျွန်တော့်ကိုလည်း ဘောလုံးပေးဦးလေဗျာ..."
လူမမြင်ရသေးဘူး ကလေးငယ်အသံလေးကို အရင်ကြားနေရသည်...
Krisတို့ခြံအနောက်ဘက်ကို ဘောလုံး၊ ဘတ်စကတ်ဘော၊ တန်းနစ် စသည်ဖြင့် ကစားလို့ရအောင် ကစားကွင်းကို Krisတို့ငယ်ငယ်ထဲက ပါးက လုပ်ပေးထားခဲ့သည်...
ပါး အားလပ်ရက်တွေဆို ပါးရယ် Krisရယ် ကလေးငယ်ရယ် အတူကစားခဲ့ကြတာ...
ခြံထဲရောက်တော့ လှမ်းမြင်နေရတာက အားကစားဝတ်စုံအနက်ရောင်လေးနဲ့ ဟိုဘက်သည်ဘက်ပြေးလွှားရင်း ဘောလုံးလိုက်လုနေသော ကလေးငယ်...
ဘောလုံးက အနည်းငယ်လွဲချော်သွားတာနဲ့ နှုတ်ခမ်းလေးစူရင်း Baekhyunတို့ကို အော်နေသည်ကို Kris သဘောကျစွာကြည့်နေမိသည်...
"Kris..."
ပြေးလွှားရင်း Krisကို မြင်သွားပုံရတဲ့ ကလေးငယ်က Krisထံသို့ပြေးလာသည်...
"မောနေပြီလား ကလေးငယ်..."
ချွေးတို့ရွှဲနေသော ကလေးငယ်၏ ခေါင်းလေးကို ပုတ်ပြီး Krisမေးလိုက်သည်...
"ဟင့်အင်း... ဒါမဲ့ ကျွန်တော် ရှုံးနေတယ်..."
Krisကို ခေါင်းခါပြရင်း Baekhyunတို့ဘက်လှမ်းကြည့်ကာ ပြောလာသည်... ထိုအပြောတွေထဲမှာ သူ့အတွက်အနိုင်ယူပေးပါဆိုတဲ့ အဓိပ္ပါယ်တွေပါဝင်နေသည်ကို Krisသိလိုက်သည်...
"အဲ့တော့ Hyungက အနိုင်ယူပေးရမှာပေါ့ ဟုတ်လား..."
"အွန်း... ဟုတ်တယ်..."
ခေါင်းလေးငြိမ့်ပြရင်း ကစားပေးမှာလားဆိုသည့် ပုံစံလေးဖြင့် Krisကို ကြည့်လာသည်...
"ကောင်းပါပြီ... အနိုင်ယူပေးမယ်..."
ကလေးငယ်ကို ဖြေရင်း ဝတ်ထားသော ရှပ်အင်္ကျီအဖြူကိုကြယ်သီး သုံးလုံးခန့်ဖြုတ် လက်ကို တံတောင်ဆစ်အထိခေါက်တင်လိုက်သည်...
"Sehun hyungလည်း ပါလာတာလား..."
"ဟုတ်ကဲ့ အကိုလေး... နေကောင်းသွားပြီဆို..."
"အင်း... Sehun hyungလည်း ပါလာတယ်ဆိုတော့ အတော်ပဲ... Sehun hyungက Baekhyun hyungနဲ့ တစ်ဖက်နေ ကျွန်တော်နဲ့ Krisက တစ်ဖက်နေပြီးဆော့ကြမယ်..."
ကလေးငယ်ပြောလိုက်တော့ Sehunက Krisကို ကြည့်လာသည်... Krisလည်း ကလေးငယ် သဘောပေပဲမို့ ခေါင်းငြိမ့်ပြလိုက်သည်...
"Sehun hyung... အဲ့ကုတ်ကြီး ဝတ်ထားပြီး ကစားမလို့လား... Krisလိုပဲ ချွတ်ထားပါလား..."
ကစားကွင်းထဲ ဝင်သွားသော Sehunကို ကလေးငယ်က ပြန်ဆွဲပြီး Sehunဝတ်ထားသော ကုတ်ကို ချွတ်ခိုင်းလေသည်...
"ဟုတ်သားပဲ Sehunရာ ချွတ်ထားလိုက်... မဟုတ်ရင် ကစားရတာ မလွတ်လပ်ပဲနေမှာပေါ့..."
Sehun ကုတ်တွေချွတ်ပြီး ကစားကွင်းထဲဝင်လာတော့ ကလေးငယ်က သူ့စိတ်တိုင်းကျ လူတွေခွဲကာ ကစားစေသည်...
"Kris နိုင်အောင် ကစားနော်..."
ပွဲမစခင် အနားကပ်ကာ သတိပေးသလိုလေးပြောလာတဲ့ ကလေးငယ်ကြောင့် Kris နိုင်မှဖြစ်မည်ကိုသိလိုက်ပြီ...
"Baekhyun hyung အလျှော့မပေးကြေးနော်..."
Krisကိုပြောပြီးတာနဲ့ Baekhyunတို့ အသင်းဘက် လှည့်ကာပြောပြန်သည်...
ကလေးငယ်မသိတာက Baekhyunရော Sehunကပါ ကျောင်းတုန်းက ဘောလုံးလက်ရွေးစင်တွေဆိုတာပါပဲ...
"ဟုတ်ကဲ့ အကိုလေး..."
စပြီးကစားကြတော့ သိပ်မသိသာတဲ့ ကစားပွဲလေးက အရှိန်တဖြည်းဖြည်းရလာချိန်မှာ Baekhyunတို့ဘက်က သုံးလေးဂိုးခန့် ဂိုးဝင်ထားပြီးဖြစ်သည်...
"Krisဗျာ ဘောလုံးလေးတောင် ဂိုးအောင်မကန်နိုင်ဘူးလား..."
ရှုံးနေပြီဖြစ်သော Krisတို့အသင်းကြောင့် ကလေးငယ် မျက်နှာမဲ့လေပြီ...
"Kris ရှုံးရင် ကျွန်တော် ညစာမစားပဲ အိပ်မှာနော်..."
ခြိမ်းခြောက်စကားဆိုလာလေတော့ Krisမှာ ကတိပေးရပြန်သည်...
"အနိုင်ကန်ပေးပါ့မယ်ကွာ... ခဏလေးနားမယ်... ကလေးငယ်က hyungရေသောက်ဖို့ ရေသွားယူပေး... အလုပ်က ပြန်ရောက်ရောက်ချင်း ကစားရတော့ ပင်ပန်းတယ်... ကလေးငယ်သာ ရေတိုက်မယ်ဆို hyung အကုန်အနိုင်ယူပေးမယ်..."
"တကယ် အနိုင်ယူပေးမှာလား..."
"အွန်း ဆို..."
"အာ့ဆို ခဏစောင့်..."
Krisကို ခဏစောင့်ဆိုပြီး လှစ်ခနဲပြေးသွားသည်...
ဆယ်မိနစ်ခန့် အကြာမှာတော့ ရေတစ်ဘူးကိုင်ပြီး ပြန်ရောက်လာသည်...
"ရော့..."
အဖုံးပါဖွင့်ပြီး လက်ထဲကို ရေဘူးလာထည့်ပေးသည်...
Krisလည်း အမောပြေ တစ်ငုံသောက်လိုက်ပြီး...
"အခုမှပဲ အမောပြေတော့တယ်ကွာ..."
"အာ့ဆို ကန်လို့ရပြီမလား... မြန်မြန် မြန်မြန်..."
ကလေးငယ်ကြောင့် ထိုင်ကာအမောဖြေနေသော Krisရော Baekhyunနဲ့ Sehunရယ် ကျန်တဲ့သူတွေပါ အမောကောင်းကောင်းမဖြေရသေးခင် ပြန်ကစားရပြန်သည်...
"Kris ကန်ထား..."
"ဂိုးတော့မယ်...."
"ဂိုး!!!..."
နောက်ဆုံးတော့ Krisတို့အသင်း နိုင်သွားတော့သည်...
Krisတို့အသင်းတစ်ဂိုး ဝင်တိုင်း အသံတစာစာနဲ့ ထအော်တဲ့ ကလေးငယ်မသိတာက အခုလိုအနိုင်ရဖို့ ကလေးငယ်ရေဘူးသွားယူတဲ့အချိန် Baekhyunတို့ကို အလျှော့ပေးဖို့ ပြောထားရသည်ကိုပေါ့...
ဘတ်စကတ်ဘောမှာ ကျွမ်းကျင်သလောက် ဘောလုံးကို မကျွမ်းကျင်တဲ့ Krisအတွက် ဘောလုံးလက်ရွေးစင်တွေဖြစ်တဲ့ Baekhyunနဲ့ Sehunကို နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ...
ထိုနေ့က တစ်သင်းတည်း ဘောလုံးကစားခဲ့ကြပေမယ့် အကြည့်ချင်းမကြာခဏ စစ်ခင်းနေကြသူနှစ်ဦးလည်းရှိခဲ့သည်...
#08112021
Pic crd #allforkrisyeol
updateကို တစ်ပတ်တစ်ခါ updateမှန်အောင်လုပ်ပေးပါ့မယ်နော်... Sat (or) Sun နှစ်ရက်ထဲကတစ်ရက်မှာ upပေးပါ့မယ်... ကိုယ့်ကို မေ့မသွားပေးကြလို့ကျေးဇူးပါ😊🥰😍 (part 2မှာထဲက ပြောမလို့ကို😁)
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
Zawgyi.....
"ကေလးငယ္... hyung စိတ္ခ်မယ္ေနာ္... အျပင္သြားခ်င္ရင္ Baekhyunနဲ႔ သြားေနာ္..."
"အင္းပါ... သိပါတယ္... ၿပီးေတာ့ ဒီေန႔အျပင္မသြားခ်င္ဘူး အာ့ေၾကာင့္ ေစာေစာျပန္လာခဲ့..."
မနက္စာ စားအၿပီး ကုမၸဏီမသြားခင္ ကေလးငယ္ကို မွာစရာရွိတာမွာေနရသည္...
စိတ္ၾကည္ေနလို႔လားေတာ့မသိ... ေျပာေနသမွ်ကို ေခါင္းေလးၿငိမ့္ကာ နာခံေနသည္...
"အင္း တက္ႏိုင္သေလာက္ hyung ေစာေစာျပန္လာခဲ့မယ္ေနာ္... Baekhyunစိတ္ခ်မယ္ေနာ္..."
ကေလးငယ္ ေခါင္းေလးကို ပုတ္ၿပီးေျပာလိုက္ကာ Baekhyunကိုပါ မွာလိုက္သည္...
"ဟုတ္ကဲ့ Boss..."
Krisလည္း ကုမၸဏီကို သိပ္သြားခ်င္တာမဟုတ္... ကေလးငယ္က ေလွကားေပၚကက်တဲ့ေန႔ထဲက ဖ်ားလိုက္တာ တစ္ပတ္ေလာက္ၾကာတယ္...
အဲ့ထဲက Krisလည္း အလုပ္ကို Sehunနဲ႔ လႊဲထားၿပီး ကေလးငယ္အနားေန,ေနခဲ့တာ ဒီေတာ့မတက္မျဖစ္တက္ရမယ့္ အစည္းအေဝးရွိေနတာေၾကာင့္သာ သြားရျခင္းျဖစ္သည္...
"ကေလးငယ္ ေနေကာင္းကာစဆိုေတာ့ ဂိမ္းေတြမေဆာ့ေသးနဲ႔ဦးေနာ္... ၿပီးေတာ့ စားခ်င္တာရွိရင္ ဖုန္းဆက္လိုက္ အျပန္ဝယ္ခဲ့မယ္... အရမ္းစားခ်င္ေနရင္ေတာ့ အိမ္ကတစ္ေယာက္ေယာက္ကို ခိုင္းလိုက္..."
"အြန္း... Krisသာ ျမန္ျမန္ျပန္လာခဲ့..."
Kris ၿပဳံးကာေခါင္းညိတ္ျပၿပီးေနာက္ထြက္လာခဲ့လိုက္သည္...
ဒီကေလး ေနေကာင္းကာစပဲရွိေသးလို႔ အဲ့ေလာက္တြယ္ကပ္ေနေသးတာ ေနာက္ႏွစ္ရက္ေလာက္ဆို အဂ်စ္ေလးျပန္ျဖစ္သြားေတာ့မွာ...
"Boss... လုပ္ငန္းတိုးခ်ဲ႕ဖို႔ ၾကည့္ထားတဲ့ ေျမကြက္က ေဈးၿပိဳင္တင္ေပးမယ့္သူရွိလာတယ္တဲ့..."
Kris ႐ုံးခန္းထဲဝင္ေတာ့ Sehunက အေနာက္ကေန လိုက္လာရင္းေျပာလာသည္...
"ဘယ္သူတဲ့လဲ..."
"မသိရပါဘူး Boss... တစ္ဖက္က ၿပိဳင္ဘက္နဲ႔ပတ္သတ္ၿပီး အခ်က္အလက္ေတြကို မသိရပါဘူး..."
"Ok သိေအာင္ စုံစမ္းထားလိုက္..."
"ဟုတ္ကဲ့ပါ..."
"ေျပာစရာရွိေသးလို႔လား Sehun..."
ေျပာစရာေတြကုန္သြားသည့္တိုင္ ရပ္ေနေသးတဲ့ Sehunေၾကာင့္ Kris ေမးလိုက္ေတာ့...
"ဒီေန႔ အစည္းေဝးမွာ ဟိုတစ္ရက္က စက္႐ုံမွာျဖစ္သြားတဲ့ကိစၥ~..."
Sehun စကားမဆုံးခင္ Krisလက္ကာျပလိုက္ေတာ့ Sehunေျပာေနျခင္းတို႔ ရပ္သြားသည္...
"ရၿပီ Sehun ငါ နားလည္ၿပီ... အစည္းေဝးခ်ိန္ေရာက္မွ ငါ့ကို လာေခၚေတာ့..."
"ဟုတ္ကဲ့ Boss... ခြင့္ျပဳပါဦး..."
Krisကို ဦးၫႊတ္ၿပီး Sehun ထြက္သြားသည္...
ကေလးငယ္ ေနမေကာင္းတဲ့ရက္က Krisတို႔ရဲ႕ စက္႐ုံတစ္ခုတြင္ မီးေလာင္မႈျဖစ္သြားခဲ့သည္...
႐ိုးရွင္းေသာ မီးေလာင္မႈတစ္ခု မဟုတ္မွန္း ရိပ္မိတာေၾကာင့္ Sehunကိုလည္း တိတ္တဆိတ္ စုံစမ္းခိုင္းၿပီးသား...
အဟက္* Krisကို ေလွ်ာ့တြက္ထားၾကတာပဲ...
*bee... bee...*
ဖုန္းရဲ႕vibrateသံေၾကာင့္ အိတ္ကပ္ထဲက ဖုန္းကို ထုတ္ယူၾကည့္လိုက္သည္...
*ကေလးငယ္*
ေခၚဆိုသူအမည္ေလးကို ျမင္လိုက္တာနဲ႔ Krisလက္တို႔က အစိမ္းေရာင္ေလးကို ႏွိပ္လိုက္ၿပီးသား...
ကေလးငယ္က စၿပီး Krisဆီ ဖုန္းမေခၚတာ ဘယ္ေလာက္ၾကာေနၿပီလဲ...
"ေျပာ ကေလးငယ္..."
"Kris ျပန္ခ်ိန္ျပန္လာမွာလဲ..."
ေမးလာတဲ့ အသံေလးက အားေဖ်ာ့လို႔ေနသည္...
"ဘာလို႔လဲ ကေလးငယ္... ဘာလိုခ်င္လို႔လဲ..."
"ဟင့္... ဘာမွမလိုခ်င္ဘူး... သတိရလို႔..."
"ဟင္!..."
သတိရတယ္ဆိုတဲ့ စကားေၾကာင့္ Krisေတာ္ေတာ္ အံ့ၾသသြားရပါသည္... ၿပီးေတာ့ ငိုသံေလးပါ ပါေနတာမို႔ စိတ္ပူရျခင္းတို႔ကလည္း ကပ္ပါလာသည္...
"Hyung meetingၿပီးတာနဲ႔ ျပန္လာခဲ့မယ္ေနာ္..."
"အင္း... အာ့ဆိုဒါပဲ..."
ဖုန္းခ်သြားေသာ ကေလးငယ္ေၾကာင့္ Kris Baekhyunထံ ဖုန္းဆက္ကာ ကေလးငယ္ကို ပိုၿပီးဂ႐ုစိုက္ေပးဖို႔ မွာလိုက္သည္...
*ေဒါက္ ေဒါက္ ေဒါက္..."
"Boss meeting စေတာ့မယ္..."
တံခါးေခါက္သံေနာက္မွာ ႐ုံးခန္းတံခါး ပြင့္လာၿပီး Sehunက meeting စေတာ့မည္ျဖစ္ေၾကာင္း ေျပာလာသည္မို႔ Krisလည္း Sehunနဲ႔အတူ meetingခန္းဘက္သို႔ ထြက္လာခဲ့လိုက္သည္...
Projectအသစ္အတြက္ လိုအပ္တဲ့အစည္းေဝးၿပီးတဲ့ ေနာက္မွာေတာ့ Sehunေျပာထားသည့္အတိုင္း စက္႐ုံကိစၥပါလာသည္...
"CEO Kris... ဟိုတရက္က စက္႐ုံမီးေလာင္ေတာ့ ဆုံးရႈံးမႈေတြမ်ားတယ္လို႔ၾကားရပါတယ္..."
"အဲ့ေတာ့..."
Krisက ဘာမွမျဖစ္သလို ေမးလိုက္ေတာ့ Krisကို ေျပာလာတဲ့ သူက ေၾကာင္အအျဖစ္သြားသည္...
"ဒီမွာ ခင္ဗ်ားတို႔က ဆုံးရႈံးတာပဲျမင္တာေနာ္... ရတာေတြၾကေတာ့ မျမင္ၾကဘူးပဲ... ၿပီးခဲ့တဲ့ projectကေန ရထားတဲ့ ဟာေတြက်ေတာ့ ထည့္မေျပာၾကေတာ့ဘူးလား..."
Meeting roomရဲ႕ ထိပ္ဆုံးမွာ ထိုင္ေနတဲ့ Krisက meeting တက္လာတဲ့ သူေတြကို တစ္ေယာက္ခ်င္းစီ လိုက္ၾကည့္ၿပီးေျပာလိုက္သည္...
Krisေျပာတာမွန္ေနတာေၾကာင့္ အကုန္ၿငိမ္ေနၾကသည္... အခုန Krisကို ေျပာလာတဲ့ သူကလြဲလို႔ေပါ့... သူ႔ပုံစံက Krisကို တစ္ခုခုေျပာခ်င္ေနေသးတဲ့ပုံမ်ိဳး...
"ဘာလဲ ဘာမဟုတ္တာေလာက္ေလး ဆုံးရႈံးသြားတာကို အေၾကာင္းျပၿပီး ကြၽန္ေတာ့္ကို ဖယ္ထုတ္ခ်င္ေနၾကတယ္ဆို... ခင္ဗ်ားတို႔ အဲ့အေတြးေတြကို ေဖ်ာက္ထားလိုက္တာေကာင္းမယ္ေနာ္...
ကြၽန္ေတာ့္ကို မႀကိဳက္ရင္ ခင္ဗ်ားတို႔ထည့္ထားတဲ့ ရွယ္ယာေတြကို အခ်ိန္မေ႐ြးထုတ္ၿပီး ထြက္သြားႏိုင္တယ္... ခင္ဗ်ားတို႔မရွိလို႔လည္း ဒီY Groupႀကီးက ၿပိဳလဲသြားမွာ မဟုတ္လို႔ပဲ... ကဲေျပာ ဘယ္သူထြက္ခ်င္လဲ..."
Kris ေမးလိုက္ေတာ့ တစ္ေယာက္မွ ဟမလာၾကဘူး... ဘယ္ဟမလဲ တစ္လတစ္လရေနတဲ့ ဝင္ေငြေတြက နည္းတာမွမဟုတ္ကို ဘယ္သူက ထြက္ခ်င္ၾကမွာလဲ...
အဟက္ ဒါနဲ႔မ်ား Krisကို လာစမ္းခ်င္ေနၾကတာ...
"ေျပာစရာက်န္ေသးလား..."
"...."
"ၾကည့္ရတာ မရွိေတာ့ဘူးထင္ပါတယ္... ဒါဆို ကြၽန္ေတာ္ ေနာက္ဆုံးအေနနဲ႔ေျပာမယ္... စက္႐ုံမွာျဖစ္သြားတဲ့ကိစၥက မ႐ိုးဘူးဆိုတာ သိေနတယ္... ဒါကေနာက္ဆုံးျဖစ္ပါေစလို႔ ကြၽန္ေတာ္ သတိေပးလိုက္မယ္... ေနာက္တစ္ခါဆိုရင္ေတာ့... ခင္ဗ်ားတို႔ Krisဆိုတာ ဘာေကာင္လဲ သိၿပီးသားပါ... အဲ့ေတာ့ လာမစမ္းၾကနဲ႔..."
ခက္ထန္ေနမ်က္ႏွာထား ေအးစက္ျပတ္သားေသာအသံတို႔ရဲ႕ေနာက္မွာေတာ့ အစည္းေဝးခန္းထဲက လူေတြအကုန္ Krisကို ရဲရဲမၾကည့္ၾကေတာ့ေပ...
သူတို႔အားလုံးကို ၾကည့္ၿပီး Kris မဲ့ၿပဳံး,ၿပဳံးကာ အစည္းေဝးခန္းထဲက ထြက္လာခဲ့လိုက္သည္... Sehunကေတာ့ Krisအေနာက္ကေန ထပ္ၾကပ္မကြာပါလာသည္...
"Sehun လုပ္စရာေတြရွိေသးလား..."
"Boss မလာတဲ့ ရက္ေတြက အလုပ္ေတြ နည္းနည္းေတာ့ က်န္ေနေသးတယ္..."
"ေအး ဒါဆို... အဲ့လုပ္စရာေတြ အကုန္ယူခဲ့ အိမ္ျပန္မယ္..."
"ဟုတ္ကဲ့ Boss..."
ကေလးငယ္ ငိုသံေလးၾကားၿပီးထဲက အစည္းေဝးလုပ္ရတာေတာင္ ေကာင္းေကာင္းစိတ္မေျဖာင့္ခဲ့တာမို႔ အစည္းေဝးၿပီးတာနဲ႔ အိမ္ျပန္ဖို႔သာ စိတ္ေစာေနမိခဲ့သည္...
ဒါ့ေၾကာင့္ Sehunကိုပါေခၚၿပီးအိမ္ျပန္ခဲ့လိုက္သည္...
"အေဒၚႀကီး... ကေလးငယ္ေရာ..."
Kris အိမ္ထဲဝင္ေတာ့ ထြက္လာႀကိဳတဲ့ အေဒၚႀကီးကို ကေလးငယ္အေၾကာင္းဦးစြာေမးလိုက္သည္...
"ၿခံအေနာက္မွာ Baekhyunတို႔နဲ႔ ကစားမယ္ဆိုၿပီး ခုနေလးတင္မွ ထြက္သြားပါတယ္..."
"ဟုတ္လား... ကြၽန္ေတာ္လိုက္သြားလိုက္ဦးမယ္..."
Krisအေပၚကုတ္နဲ႔ နက္ခ္တိုင္ကို ခြၽတ္ၿပီး အေဒၚႀကီးထံ လွမ္းေပးလိုက္သည္...
"Boss ကြၽန္ေတာ္ စာရင္းေတြလုပ္ထားႏွင့္မယ္..."
Sehunကေတာ့ ဧည့္ခန္းက စားပြဲတြင္ ကုမၸဏီကယူလာတဲ့ စာ႐ြက္စာတမ္းေတြကို စားပြဲေပၚတင္ရင္း Krisကို ေျပာလာသည္...
"အဲ့ဒါ ခဏထားလိုက္ Sehun... ငါနဲ႔ လိုက္ခဲ့..."
"ဟုတ္ကဲ့ Boss..."
"အေဒၚႀကီး Sehunအတြက္ပါ ညစာလုပ္ထားေပးပါ..."
အေဒၚႀကီးကိုမွာကာ Kris Sehunကိုေခၚၿပီး အိမ္ႀကီးထဲကေနပဲ ၿခံအေနာက္ဘက္ကို ထြက္လာခဲ့လိုက္သည္...
"Baekhyun hyung... ကြၽန္ေတာ့္ကိုလည္း ေဘာလုံးေပးဦးေလဗ်ာ..."
လူမျမင္ရေသးဘူး ကေလးငယ္အသံေလးကို အရင္ၾကားေနရသည္...
Krisတို႔ၿခံအေနာက္ဘက္ကို ေဘာလုံး၊ ဘတ္စကတ္ေဘာ၊ တန္းနစ္ စသည္ျဖင့္ ကစားလို႔ရေအာင္ ကစားကြင္းကို Krisတို႔ငယ္ငယ္ထဲက ပါးက လုပ္ေပးထားခဲ့သည္...
ပါး အားလပ္ရက္ေတြဆို ပါးရယ္ Krisရယ္ ကေလးငယ္ရယ္ အတူကစားခဲ့ၾကတာ...
ၿခံထဲေရာက္ေတာ့ လွမ္းျမင္ေနရတာက အားကစားဝတ္စုံအနက္ေရာင္ေလးနဲ႔ ဟိုဘက္သည္ဘက္ေျပးလႊားရင္း ေဘာလုံးလိုက္လုေနေသာ ကေလးငယ္...
ေဘာလုံးက အနည္းငယ္လြဲေခ်ာ္သြားတာနဲ႔ ႏႈတ္ခမ္းေလးစူရင္း Baekhyunတို႔ကို ေအာ္ေနသည္ကို Kris သေဘာက်စြာၾကည့္ေနမိသည္...
"Kris..."
ေျပးလႊားရင္း Krisကို ျမင္သြားပုံရတဲ့ ကေလးငယ္က Krisထံသို႔ေျပးလာသည္...
"ေမာေနၿပီလား ကေလးငယ္..."
ေခြၽးတို႔႐ႊဲေနေသာ ကေလးငယ္၏ ေခါင္းေလးကို ပုတ္ၿပီး Krisေမးလိုက္သည္...
"ဟင့္အင္း... ဒါမဲ့ ကြၽန္ေတာ္ ရႈံးေနတယ္..."
Krisကို ေခါင္းခါျပရင္း Baekhyunတို႔ဘက္လွမ္းၾကည့္ကာ ေျပာလာသည္... ထိုအေျပာေတြထဲမွာ သူ႔အတြက္အႏိုင္ယူေပးပါဆိုတဲ့ အဓိပၸါယ္ေတြပါဝင္ေနသည္ကို Krisသိလိုက္သည္...
"အဲ့ေတာ့ Hyungက အႏိုင္ယူေပးရမွာေပါ့ ဟုတ္လား..."
"အြန္း... ဟုတ္တယ္..."
ေခါင္းေလးၿငိမ့္ျပရင္း ကစားေပးမွာလားဆိုသည့္ ပုံစံေလးျဖင့္ Krisကို ၾကည့္လာသည္...
"ေကာင္းပါၿပီ... အႏိုင္ယူေပးမယ္..."
ကေလးငယ္ကို ေျဖရင္း ဝတ္ထားေသာ ရွပ္အက်ႌအျဖဴကိုၾကယ္သီး သုံးလုံးခန္႔ျဖဳတ္ လက္ကို တံေတာင္ဆစ္အထိေခါက္တင္လိုက္သည္...
"Sehun hyungလည္း ပါလာတာလား..."
"ဟုတ္ကဲ့ အကိုေလး... ေနေကာင္းသြားၿပီဆို..."
"အင္း... Sehun hyungလည္း ပါလာတယ္ဆိုေတာ့ အေတာ္ပဲ... Sehun hyungက Baekhyun hyungနဲ႔ တစ္ဖက္ေန ကြၽန္ေတာ္နဲ႔ Krisက တစ္ဖက္ေနၿပီးေဆာ့ၾကမယ္..."
ကေလးငယ္ေျပာလိုက္ေတာ့ Sehunက Krisကို ၾကည့္လာသည္... Krisလည္း ကေလးငယ္ သေဘာေပပဲမို႔ ေခါင္းၿငိမ့္ျပလိုက္သည္...
"Sehun hyung... အဲ့ကုတ္ႀကီး ဝတ္ထားၿပီး ကစားမလို႔လား... Krisလိုပဲ ခြၽတ္ထားပါလား..."
ကစားကြင္းထဲ ဝင္သြားေသာ Sehunကို ကေလးငယ္က ျပန္ဆြဲၿပီး Sehunဝတ္ထားေသာ ကုတ္ကို ခြၽတ္ခိုင္းေလသည္...
"ဟုတ္သားပဲ Sehunရာ ခြၽတ္ထားလိုက္... မဟုတ္ရင္ ကစားရတာ မလြတ္လပ္ပဲေနမွာေပါ့..."
Sehun ကုတ္ေတြခြၽတ္ၿပီး ကစားကြင္းထဲဝင္လာေတာ့ ကေလးငယ္က သူ႔စိတ္တိုင္းက် လူေတြခြဲကာ ကစားေစသည္...
"Kris ႏိုင္ေအာင္ ကစားေနာ္..."
ပြဲမစခင္ အနားကပ္ကာ သတိေပးသလိုေလးေျပာလာတဲ့ ကေလးငယ္ေၾကာင့္ Kris ႏိုင္မွျဖစ္မည္ကိုသိလိုက္ၿပီ...
"Baekhyun hyung အေလွ်ာ့မေပးေၾကးေနာ္..."
Krisကိုေျပာၿပီးတာနဲ႔ Baekhyunတို႔ အသင္းဘက္ လွည့္ကာေျပာျပန္သည္...
ကေလးငယ္မသိတာက Baekhyunေရာ Sehunကပါ ေက်ာင္းတုန္းက ေဘာလုံးလက္ေ႐ြးစင္ေတြဆိုတာပါပဲ...
"ဟုတ္ကဲ့ အကိုေလး..."
စၿပီးကစားၾကေတာ့ သိပ္မသိသာတဲ့ ကစားပြဲေလးက အရွိန္တျဖည္းျဖည္းရလာခ်ိန္မွာ Baekhyunတို႔ဘက္က သုံးေလးဂိုးခန္႔ ဂိုးဝင္ထားၿပီးျဖစ္သည္...
"Krisဗ်ာ ေဘာလုံးေလးေတာင္ ဂိုးေအာင္မကန္ႏိုင္ဘူးလား..."
ရႈံးေနၿပီျဖစ္ေသာ Krisတို႔အသင္းေၾကာင့္ ကေလးငယ္ မ်က္ႏွာမဲ့ေလၿပီ...
"Kris ရႈံးရင္ ကြၽန္ေတာ္ ညစာမစားပဲ အိပ္မွာေနာ္..."
ၿခိမ္းေျခာက္စကားဆိုလာေလေတာ့ Krisမွာ ကတိေပးရျပန္သည္...
"အႏိုင္ကန္ေပးပါ့မယ္ကြာ... ခဏေလးနားမယ္... ကေလးငယ္က hyungေရေသာက္ဖို႔ ေရသြားယူေပး... အလုပ္က ျပန္ေရာက္ေရာက္ခ်င္း ကစားရေတာ့ ပင္ပန္းတယ္... ကေလးငယ္သာ ေရတိုက္မယ္ဆို hyung အကုန္အႏိုင္ယူေပးမယ္..."
"တကယ္ အႏိုင္ယူေပးမွာလား..."
"အြန္း ဆို..."
"အာ့ဆို ခဏေစာင့္..."
Krisကို ခဏေစာင့္ဆိုၿပီး လွစ္ခနဲေျပးသြားသည္...
ဆယ္မိနစ္ခန္႔ အၾကာမွာေတာ့ ေရတစ္ဘူးကိုင္ၿပီး ျပန္ေရာက္လာသည္...
"ေရာ့..."
အဖုံးပါဖြင့္ၿပီး လက္ထဲကို ေရဘူးလာထည့္ေပးသည္...
Krisလည္း အေမာေျပ တစ္ငုံေသာက္လိုက္ၿပီး...
"အခုမွပဲ အေမာေျပေတာ့တယ္ကြာ..."
"အာ့ဆို ကန္လို႔ရၿပီမလား... ျမန္ျမန္ ျမန္ျမန္..."
ကေလးငယ္ေၾကာင့္ ထိုင္ကာအေမာေျဖေနေသာ Krisေရာ Baekhyunနဲ႔ Sehunရယ္ က်န္တဲ့သူေတြပါ အေမာေကာင္းေကာင္းမေျဖရေသးခင္ ျပန္ကစားရျပန္သည္...
"Kris ကန္ထား..."
"ဂိုးေတာ့မယ္...."
"ဂိုး!!!..."
ေနာက္ဆုံးေတာ့ Krisတို႔အသင္း ႏိုင္သြားေတာ့သည္...
Krisတို႔အသင္းတစ္ဂိုး ဝင္တိုင္း အသံတစာစာနဲ႔ ထေအာ္တဲ့ ကေလးငယ္မသိတာက အခုလိုအႏိုင္ရဖို႔ ကေလးငယ္ေရဘူးသြားယူတဲ့အခ်ိန္ Baekhyunတို႔ကို အေလွ်ာ့ေပးဖို႔ ေျပာထားရသည္ကိုေပါ့...
ဘတ္စကတ္ေဘာမွာ ကြၽမ္းက်င္သေလာက္ ေဘာလုံးကို မကြၽမ္းက်င္တဲ့ Krisအတြက္ ေဘာလုံးလက္ေ႐ြးစင္ေတြျဖစ္တဲ့ Baekhyunနဲ႔ Sehunကို ႏိုင္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူးေလ...
ထိုေန႔က တစ္သင္းတည္း ေဘာလုံးကစားခဲ့ၾကေပမယ့္ အၾကည့္ခ်င္းမၾကာခဏ စစ္ခင္းေနၾကသူႏွစ္ဦးလည္းရွိခဲ့သည္...
#08112021
Pic crd #allforkrisyeol
updateကို တစ္ပတ္တစ္ခါ updateမွန္ေအာင္လုပ္ေပးပါ့မယ္ေနာ္... Sat (or) Sun ႏွစ္ရက္ထဲကတစ္ရက္မွာ upေပးပါ့မယ္... ကိုယ့္ကို ေမ့မသြားေပးၾကလို႔ေက်းဇူးပါ😊🥰😍 (part 2မွာထဲက ေျပာမလို႔ကို😁)