Uni....
"ကလေးငယ်!!!!..."
လှေကားခြေရင်းတွင် ပုံကာလဲနေသော ကလေးငယ်ထံ Krisပြေးသွားလိုက်သည်...
"အဒေါ်ကြီး... Baekhyun... ဘာလုပ်နေကြလဲ..."
ကလေးငယ်ကို ကောက်ပွေ့ရင်း အဒေါ်ကြီးနဲ့ Baekhyunကိုပါ အော်ခေါ်လိုက်သည်...
"ကလေးငယ်... ကလေးငယ်..."
Kris တကြော်ကြော်ခေါ်နေပေမယ့် သတိမရှိသော ကလေးငယ်က Krisလက်ထဲတွင် ငြိမ်သက်လျက် ခေါင်းကို ထိန်းကိုင်ထားသော လက်တွင် စိုစိစိအထိအတွေ့ကို ခံစားလိုက်ရတာကြောင့် လက်ကိုဖယ်ခွာကာကြည့်မိတော့ ထင်သည့်အတိုင်း သွေးတွေ...
"သားKris Chanလေး ဘာဖြစ်လို့လည်း..."
"Boss... အကိုလေး..."
အနားရောက်လာကြတဲ့ အဒေါ်ကြီးနဲ့ Baekhyunသည်လည်း Krisတို့ကိုကြည့်ပြီး ကြောင်အလျက်ဖြစ်လို့နေသည်...
"Baekhyun Haeraဆီဖုန်းဆက်ပြီး ခုလာခဲ့ဖို့ပြော... အဒေါ်ကြီးက သွေးတိတ်အောင်လုပ်ဖို့ လိုအပ်တာတွေယူပြီး ကလေးငယ်အခန်းထဲကို လိုက်ခဲ့ပေးပါ..."
နှစ်ယောက်လုံးကို လိုအပ်တာတွေမှာပြီးတာနဲ့ ကလေးငယ်ကိုယ်လေးကို ပွေ့ချီကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်...
ကုတင်ပေါ်အသာချပြီးနောက် လောလောဆယ် သွေးတိတ်စေရန် အရေးပေါ်နည်းလမ်းများဖြင့် Kris လုပ်ထားရင်း Haeraအလာကို စောင့်နေမိသည်...
"Kris ငါဝင်ခဲ့မယ်နော်..."
"အေး ဝင်ခဲ့..."
"ဘယ်လိုဖြစ်ရတာလဲ..."
ကုတင်ပေါ်တွင် သတိမေ့နေသော ကလေးငယ်ကို ကြည့်ပြီး Haeraက Krisကို မေးလာသည်...
"ငါလည်း နင်နဲ့ ဖုန်းပြောပြီးနောက် ဝုန်းခနဲ အသံကြားလို့ ထွက်ကြည့်တော့ လှေကားရင်းမှာ လဲနေတာကို တွေ့လိုက်ရတာပဲ..."
Haeraက ကလေးငယ်ကို စစ်ကြည့်ရင်း Krisပြောသည်တို့ကို နားထောင်နေသည်...
"တော်သေးတာပေါ့... ဘာမှတော့ သိပ်ကြီးကြီးမားမားမဖြစ်ပါဘူး... ခေါင်း နည်းနည်းလေးပေါက်သွားလို့ နှစ်ချက်လောက်တော့ ချုပ်ရမယ်... နင်ကလည်း သွေးတိတ်အောင်လုပ်ပေးထားတာဆိုတော့ ချုပ်ဖို့ပဲကျန်တယ်..."
Haeraပြောသမျှကို Krisသိနေပြီး ဆေးကျောင်းတစ်ဝက်လောက်နဲ့ထွက်လိုက်ရသူမို့ အခြေခံလုပ်ရမှာတွေ အခြေအနေတွေလောက်တော့ Krisနားလည်သည်...
"အေးချုပ်ရမယ်ဆိုတော့လည်း ချုပ်ပေါ့..."
Haeraလုပ်သမျှကို Krisဘေးကနေအသာထိုင်ကြည့်နေလိုက်သည်...
ဒဏ်ရာကို သေသပ်စွာလုပ်ကိုင်နေသော Haeraသည် ကိုယ်ပိုင်ဆေးခန်းနဲ့ နာမည်ရဆရာဝန်မလေးတစ်ဦးဖြစ်သည်...
ရုပ်လည်းချောသလို ပညာလည်းတော်တဲ့ Haeraနဲ့ Y Groupရဲ့ CEO Krisသည် နှစ်ဖက်အသိုင်းအဝိုင်းတွေကြား စီးပွားရေးလုပ်ငန်းအသိုင်းဝိုင်း လူအများကြားမှာတော့ နာမည်ကြီးစုံတွဲဖြစ်သည်...
နှစ်ဖက်မိဘတွေကလည်း မိတ်ဆွေတွေဖြစ် Krisတို့ကလည်း ငယ်သူငယ်ချင်းတွေမို့ အရွယ်ရောက်လာချိန်မှာ Krisတို့ကို စေ့စပ်ပေးခဲ့ကြသည်...
Haeraက ရွေးချယ်သင့်တဲ့မိန်းကလေးတွေထဲပါသူဖြစ်သလို ထိုအချိန်က နှစ်ယောက်လုံးမှာကလည်း ချစ်သူရည်းစားလည်း မရှိသေးတာကြောင့် မိဘတွေစကားကို နားထောင်ကာ စေ့စပ်ခြင်းကိုလက်ခံခဲ့ကြသည်...
အချစ်ဆိုတာဘာလဲ ခုထိ Krisမသိသေးပါ... သိလည်းမသိချင်ဘူး... အချိန်တန်လက်ထပ်ရမယ့်သူရှိပြီးသားမို့ အချစ်အကြောင်းကိုလည်း ထူးပြီးမစဥ်းစားချင်တော့ဘူး...
Krisအတွေးတွေထဲမှာ ကလေးငယ်ကို စောင့်ရှောက်ဖို့ရယ်... မိဘတွေထားခဲ့တဲ့ ကုမ္ပဏီကို မပျောက်မပျက်ပဲ ပိုပြီးအောင်မြင်အောင်လုပ်ဖို့ရယ်သာရှိသည်...
ကလေးငယ် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့အထိ Krisရဲ့ထိုတာဝန်တွေက ရှိနေဦးမှာဖြစ်သည်...
"ဟဲ့ Kris... ငါပြောနေတာကိုရော ကြားရဲ့လား..."
လက်မောင်းကို ဖျောင်းခနဲရိုက်ခံလိုက်ရခြင်းနဲ့အတူ Haeraအသံကို ကြားမှ Kris အတွေးလွန်နေရာမှ အသိဝင်လာသည်...
"ဟမ် နင်ဘာပြောလိုက်တာလဲ..."
"သြော် ကလေးသတိရလာရင် တိုက်ဖို့ဆေးတွေပေးခဲ့မယ်... ဒီနှစ်ရက်တော့ အစာအပျော့လေးတွေပဲကျွေးနော်... တစ်ခုခုထူးထူးခြားခြားဖြစ်ရင်တော့ ဆေးခန်းကို ခေါ်ခဲ့လိုက်..."
"အေး အေးပါ... ငါ ဒီနေ့တော့ လိုက်နိုင်မယ် မထင်ဘူး..."
"ရပါတယ်ဟာ ငါနားလည်ပါတယ်... နောက်မှပေါ့..."
"ငါ လာမတွေ့နိုင်လို့ တောင်းပန်ပါတယ်လို့ ပြောပေးဦး..."
"စိတ်ချ ငါပြောလိုက်မယ်... ဒါဖြင့် အချိန်လည်း ကပ်နေပြီဆိုတော့ ငါ သွားတော့မယ်... နောက်မှတွေ့ကြတာပေါ့..."
"အေး... ငါလိုက်မပို့တော့ဘူးနော်..."
"အေးပါ... ကလေးအနားမှာပဲနေလိုက် ရတယ်..."
Haeraက Krisကို နှုတ်ဆက်ပြီးနောက် ပြန်သွားတော့သည်...
ကုတင်ပေါ်တွင် ငြိမ်သက်နေသော ကလေးငယ်၏ ခေါင်းတွင် နေရာယူထားသော ပတ်တီးဖွေးဖွေးကို Kris အသာထိတွေ့မိသည်...
ဒီကလေး၏ ကိုယ်ခန္ဓါတွင် ဘာထိခိုက်ဒဏ်ရာမှ မရှိစေချင်ပါဘူးဆိုမှ ဖြစ်လိုက်တဲ့ ဒဏ်ရာဆိုတာ တစ်လတွင်နှစ်ခါသုံးခါလောက်ရှိသည်...
ငယ်ငယ်ထဲက ချူချာသူမို့ ပိုးမွေးသလို မွေးလာခဲ့ကြရတာ...
Kris ဘဝမှာ အကြောက်ဆုံးက ဒီကလေးတစ်ခုခုဖြစ်မှာကိုပင်...
သတိမေ့ခြင်းကနေ ကင်းလွတ်ကာ အသက်ရှူသံမှန်မှန်လေးထွက်လာတာမို့ ကလေးငယ် အိပ်မောကျနေပြီမှန်း Krisသိလိုက်သည်...
ကလေးငယ်ရဲ့ အချစ်တော် Rilakumaလေးကို အိပ်မောကျနေသော ကလေးငယ်၏ ရင်ခွင်ထဲတွင်ထည့်ပေးလိုက်ကာ လက်ကလေးကို ထိုအရုပ်လေးပေါ်တွင်နေရာချပေးလိုက်သည်...
ဒီအရုပ်လေးကို ဖက်ပြီးအိပ်မှသာ ကလေးငယ်က ကောင်းကောင်း အိပ်ပျော်တာလေ...
ကလေးငယ်ကိုယ်ပေါ် စောင်လေးခြုံပေးခဲ့ကာ အခန်းအပူချိန်ကို အနေတော်ဖြစ်အောင်ညှိခဲ့လိုက်ပြီးနောက် သွေးတို့စွန်းထင်းနေသော အင်္ကျီကိုလဲရန် Krisအခန်းဘက်သို့ ကူးခဲ့လိုက်သည်...
ပြီးရင်တော့ ကလေးငယ် စားဖို့ တစ်ခုခုစီစဥ်ရဦးမည်... နေမကောင်းလျှင် Krisလုပ်ပေးတာကလွဲပြီး တခြားမစားတက်သည်ကလည်း ကလေးငယ်ရဲ့ အကျင့်ဖြစ်သည်...
ကလေးငယ် နေမကောင်းဖြစ်လျှင် Krisကလွဲပြီး ဘယ်သူ့ကိုမှလည်း အနားအကပ်မခံတော့ဘူး... ထိုသို့သောအချိန်တွေတွင် ကလေးငယ် နေပြန်ကောင်းလာတဲ့အချိန်ထိ Krisမှာ ကလေးငယ်အနားမှ တစ်ဖဝါးမှ မခွာပဲရှိနေရသည်...
ဆရာဝန်လိုင်းယူခဲ့တာကလည်း ဒီကလေးငယ်ကြောင့်ဆိုတာ Krisဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ပါ... ကံမကောင်းစွာနဲ့ပဲ Krisဆေးကျောင်းတဝက်လောက်အရောက်မှာတော့ မတော်တဆဖြစ်ခဲ့ရတဲ့ ပါးကြောင့် ပါးတာဝန်ကို ဆက်ယူဖို့ရာ ဆေးကျောင်းမှထွက်ခဲ့တော့သည်...
Haeraကို ရွေးချယ်ခဲ့တာကလည်း ထို့ကြောင့်ပင်ဖြစ်သည်... ဆရာဝန်ဖြစ်မလာနိုင်တော့သော Krisကြောင့် ကလေးငယ် နေမကောင်းတိုင်း အနားမှာစောင့်ရှောက်ပေးမယ့်သူရှိဖို့လိုအပ်သည်....
ဒါကြောင့်ပဲ Krisတို့အကြောင်းကိုလည်း သိနေသော Haeraသည် Kris၏ရွေးချယ်စရာ လက်တွဲဖော်ဖြစ်ခဲ့သည်...
"အဒေါ်ကြီး ကြက်သားရှိလား..."
Kris apronကို ဝတ်ရင်း အဒေါ်ကြီးကို မေးလိုက်သည်...
"ရှိတယ် သားKris ဒီမနက်မှ ဝယ်ထားတာ... Chanလေး အတွက်လား..."
အဒေါ်ကြီးက Krisကိုဖြေရင်း ကြက်သားကိုပါ စားပွဲပေါ်တင်ပေးလာသည်...
အစားအသောက်အတွက်ဆို လတ်ဆတ်တာတွေပဲ စားမှ အဆင်ပြေတဲ့ ကလေးငယ်ကြောင့် Krisတို့အိမ်က နေ့တိုင်းဈေး ဝယ်မှအဆင်ပြေသည်...
Krisရော Chanရော အစားကြေးမများတက်သူမို့ သင့်တော်တာကိုသာ အဒေါ်ကြီးက စီမံပြီးဝယ်သည်...
အစပ်များလျှင် ဗိုက်မကောင်းဖြစ်တက်သော ကလေးငယ်ကြောင့် ဟင်းကတော့ တက်နိုင်သမျှ အစပ်နည်းတာကို ချက်ရသည်...
"အင်း ဟုတ်တယ်... ကြက်ပေါင်းလေး လုပ်မလို့..."
Kris ဖြေလိုက်တာနဲ့ ကြက်ပေါင်းအတွက် လိုအပ်သောအမယ်တွေစုံလင်စွာ စားပွဲပေါ်သို့ရောက်လာသည်...
"ရပြီ အဒေါ်ကြီး ကျန်တာ ကျွန်တော်ဆက်လုပ်လိုက်မယ် သွားနားတော့လေ... လိုတာခိုင်းလို့ရအောင်တော့ အပြင်မှာ တစ်ယောက်လောက်စောင့်ခိုင်းထားပါ..."
"ကောင်းပါပြီ..."
Krisပြောလိုက်တော့ နာခံစွာခေါင်းငြိမ့်ပြရင်း အဒေါ်ကြီး ထွက်သွားတော့သည်...
အဒေါ်ကြီး အသက်တော်တော်ရလာပြီမို့ အဖော်ရအောင် ခေါ်ပေးထားတဲ့ သူတွေကိုသာ ခိုင်းပါလို့ဆိုထားပေမယ့်လည်း ကိုယ်တိုင်ဝင်လုပ်ရမှ ကျေနပ်သူမို့ Krisလည်း သိပ်မပြောဖြစ်တော့...
ပြီးတော့ Krisတို့ကလည်း အဒေါ်ကြီးလက်ရာကိုသာ ငယ်ငယ်ထဲက စားလာခဲ့ရတာမို့ တခြားလက်ရာတွေဆို ခံတွင်းမတွေ့တော့တာကြောင့်လည်း အဒေါ်ကြီးကို မလုပ်ပါနဲ့လို့ မတားတော့တာဖြစ်သည်...
ကြက်ပေါင်းကို ပြင်ဆင်ပြီးတာနဲ့ တည်ထားလိုက်ရင်း ဂျီကျတက်သော ရစ်တက်သော ကောင်လေးကြောင့် နောက်ထပ် တစ်မျိုးထပ်စီစဥ်ရသည်...
ပြီးတော့ ဆေးနဲ့အတူသောက်လို့ရအောင် ကွေကာအုပ်ကို ကြွေခွက်ထဲအသင့်ထည့်ထားလိုက်ပြီး သောက်ခါနီးကျမှပဲ ရေနွေးထည့်တော့မည်...
လုပ်စရာရှိတာတွေ အားလုံးလုပ်ပြီးတာနဲ့ နဖူးတွင်ဝေ့သီနေသော ချွေးစတို့ကို လက်ခုံဖြင့် သုတ်ကာ Kris စားပွဲတွင်ထိုင်လိုက်သည်...
"Kris..."
ထိုင်ရုံပဲရှိသေးတယ် ခေါ်သံကြောင့် ကျောခိုင်းထားသော ထမင်းစားခန်းအဝကို လျင်မြန်စွာပင်လှည့်ကြည့်လိုက်သည်...
Krisကို Krisဟုခေါ်တာ ဤအိမ်ကြီးတွင် တစ်ယောက်ပဲရှိသည်လေ...
ထမင်းစားခန်းရဲ့ အခန်းဝဘောင်ကိုမှီကာရပ်နေသည့် ကလေးငယ်က မျက်နှာက ဖြူဖျောဖျော့ ရပ်နေတာတောင် အနိုင်နိုင်ဖြစ်နေသည်မို့ Krisရဲ့ ခြေလှမ်းများက ကလေးငယ်အနားရောက်နေမိပြီ...
"ကလေးငယ်... ဘယ်လိုဖြစ်လို့ ဆင်းလာတာလဲကွာ..."
ခြောက်ပေကျော် အရပ်ရှိတဲ့Krisကို မှီလုနီးပါးဖြစ်နေသော ကလေးငယ်ကို ပွေ့ချီကာ မေးလိုက်တော့...
"နိုးလာတော့ Krisကို မတွေ့လို့..."
ထိုသို့ဖြေလာတဲ့ မျက်ဝန်းတွေ တကယ်လည်း Krisကို မတွေ့လို့ စိုးရိမ်ကြောက်လန့်နေသည့်ဟန်...
"Hyungက ဘယ်မှ မသွားပါဘူး... ကလေးငယ်နိုးလာရင်စားဖို့လုပ်နေလို့ပါ..."
ကလေးငယ်ကို ပွေ့ချီထားသည့် အတိုင်းပင် စားပွဲတွင် ဝင်ထိုင်လိုက်တော့ ကလေးငယ်က Krisပေါင်ပေါ်တွင် ထိုင်သလိုဖြစ်သွားသည်...
ကလေးငယ်ရဲ့ လက်တွေဟာ Krisလည်တိုင်ကို သိုင်းဖက်ထားပြီး ပခုံးပေါ်တွင် ခေါင်းကို မှီကာတင်ထားသည်...
ကြည့်ရတာ ကလေးငယ် ခေါင်းမထူနိုင်သေးပုံပင်...
ဖက်ထားသော အထိအတွေ့ကနေတဆင့် ခံစားမိလိုက်တဲ့ အပူငွေ့တွေကြောင့် ဒီကလေး မကြာခင် ဖျားတော့မည်ကို သိလိုက်ပြီ...
"Kris ဗိုက်ဆာတယ်..."
ထွက်လာတယ်ဆိုရုံမျှအသံလေးက Krisပခုံးပေါ် ခေါင်းအပ်ထားလို့သာ ကြားနေရတာဖြစ်သည်...
"ကြက်ပေါင်းလုပ်ထားတာက မရသေးဘူး... အဆာပြေစားလို့ရအောင် ခေါက်ဆွဲကိုအသီးအရွက်တွေနဲ့ ပြုတ်ပေးထားတယ် စားမလား..."
"ဟင့်အင်း..."
Krisမေးလိုက်တော့ ပခုံးမှီပေါ်တင်ထားတဲ့ ခေါင်းလေးကို အသာခါရမ်းသည်...
"ကြက်ပေါင်းပဲ စားမယ်..."
"ကြက်ပေါင်းက ခဏလေးလိုသေးတယ် အဲ့မတိုင်ခင် အဆာပြေ ကွေကာအုပ်သောက်မလား..."
"အင်း..."
ကလေးငယ် အဖြေကြောင့် Kris ပြုံးလိုက်သည်... အဲ့လိုတွေ သိလို့လည်း ကြိုပြီးပြင်ဆင်ထားတာလေ...
"ဘယ်သူရှိလဲ တစ်ယောက်လောက်လာဦး..."
ကလေးငယ်၏ နားနှစ်ဖက်ကို လက်ဖြင့် အုပ်ပေးထားရင်း အပြင်မှာ စောင့်နေမည့်သူတွေကို လှမ်းအော်လိုက်သည်...
ပြီးမှ အုပ်ထားပေးသော လက်ကို ဖယ်လိုက်သည်... ထမင်းစားခန်းထဲကနေ အပြင်ကို ကြားအောင်လို့ဆို အသံကို အနည်းငယ်မြှင့်ကာအော်မှဖြစ်မှာမို့ ပခုံးပေါ်ခေါင်းမှီထားတဲ့ ကလေးငယ် နားအူမှာစိုး၍ အခုလိုလုပ်ရခြင်းဖြစ်သည်...
ဒီလိုမှီတွယ်နေတဲ့ ကလေးငယ်ကြောင့် Kris ဘာမှ ထလုပ်လို့မရဘူးလေ... ဒါကြောင့် အဒေါ်ကြီးကို မှာထားပြီး အပြင်မှာ လိုတာခေါ်ခိုင်းလို့ရအောင် စောင့်နေခိုင်းထားသူကို Kris လှမ်းခေါ်လိုက်ရခြင်းဖြစ်သည်...
"ဆရာ ရောက်ပါပြီ..."
Krisခေါ်ပြီး မကြာခင်မှာ အကူကောင်မလေးတစ်ယောက်ရောက်လာသည်...
"အေး... ငါ့ကို အဲ့ခွက်ထဲ ရေနွေးထည့်ပေး... အများကြီးမဟုတ်ဘူးနော်..."
"ဟုတ်ကဲ့..."
ကောင်မလေးက Kris ညွှန်ပြလိုက်သော စားပွဲပေါ်ရှိ ကွေကာအုပ်ထည့်ထားသော ကြွေခွက်ကို ယူသွားသည်...
"ဆရာ ရပါပြီ..."
"အေးထားခဲ့လိုက်တော့... အပြင်မှာ ပြန်စောင့်နေ လိုအပ်ရင်ခေါ်လိုက်မယ်..."
"ဟုတ်ကဲ့ပါ..."
ကောင်မလေးတင်ပေးခဲ့သော ကွေကာအုပ်ခွက်ကို ဇွန်းလေးဖြင့် မွှေရင်း အပူလျော့အောင်လုပ်နေလိုက်သည်...
အပူအနည်းငယ်လျော့လောက်ပြီ ထင်တော့မှ ကလေးငယ်ကို တိုက်ဖို့ ပြင်ရသည်...
"ကလေးငယ်... ကလေးငယ်... အိပ်နေတာလား... ကွေကာအုပ်ရပြီ... သောက်ရအောင် ခဏလေးထလိုက်နော်..."
"အင်းးး..."
Kris ပခုံးပေါ်မှီထားသောကလေးငယ် ခေါင်းလေးကို အသာထူပေးတော့ မထချင်,ထချင် ထလာသည်...
"အာာ...."
ခွက်ထဲက ကွေကာအုပ်ကို ဇွန်းဖြင့်ခပ်ယူကာ ပူမပူ အနည်းငယ်မြည်းပြီးမှ ကလေးပေါက်စတွေကို မုန့်ခွံ့သလို အာ*ဟု ပြောရင်း ကလေးငယ် နှုတ်ခမ်းနားတေ့ပေးလိုက်သည်...
"တော်ပြီ... မစားတော့ဘူး..."
သုံးလေးဇွန်းလောက် စားအပြီးမှာ ဆက်စားဖို့ရာ ငြင်းဆိုလာသည်ကြောင့် Krisလည်း ဆက်မကျွေးတော့... ခဏနေရင် ကြက်ပေါင်းသောက်ရဦးမှာမဟုတ်လား...
"Kris အိပ်ချင်ပြီ..."
"အင်း... အခန်းထဲသွားမယ်နော်...."
အိပ်ချင်ပြီဟုဆိုလာသော ကလေးငယ်ကို ပွေ့ချီပြီး အပေါ်ထပ်သို့မတက်ခင် ထမင်းစားခန်း အပြင်မှာ စောင့်နေတဲ့ အကူကောင်မလေးကို ကြက်ပေါင်းရည်အိုးကို ကြည့်ထားဖို့မှာခဲ့ပြီးနောက် အပေါ်ထပ်သို့တက်ခဲ့လိုက်သည်...
Kris ပွေ့ချီထားသော ကလေးငယ်ကတော့ မျက်လုံးတို့မှိတ်ကာ ငြိမ်ပြီးလိုက်လာသည်... Krisအရပ်ကို မှီလုနီးပါဖြစ်ပေမယ့် ကလေးငယ်က ပိန်ကာပေါ့ပါးတာကြောင့် ချီလိုက်သည့်အခါတွင်လည်း လေးမနေတာကြောင့်သာတော်တော့သည်...
မဟုတ်ရင်တာ့ အထစ်နှစ်ဆယ်ကျော်လောက်ရှိတဲ့ လှေကားကြီးကို ကလေးငယ်ကို ချီပြီး ဖြတ်ကျော်ဖို့ရာ Krisမတွေးရဲပေ...
ဒီလောက်မြင့်တဲ့လှေကားပေါ်က ပြုတ်ကျလာတဲ့ ကလေးငယ်က ခေါင်းပေါက်ရုံကလွဲပြီး ဘာမှဖြစ်မသွားတာ ကံကောင်းတယ်လို့ပဲပြောရမည်...
အခန်းထဲရောက်ကာ ကုတင်ပေါ် အသာချပေးလိုက်တော့ Kris လက်ကို လှမ်းဆွဲထားပြီး...
"Krisလည်း အတူအိပ်ပေး..."
"အင်း အိပ်ပေးမယ်နော်..."
Kris ဘေးနားတွင်ဝင်လှဲလိုက်တော့ ရင်ခွင်ထဲတိုးဝင်လာပြီး ခါးတို့ကို တင်းကျပ်စွာဖက်ထားသည်မှာ ထွက်သွားမည်ကို စိုးရိမ်သည့်အလား...
ကလေးငယ် နဖူးပေါ်ကျနေသော ဆံသားအိအိလေးတွေကို လက်ဖြင့်အသာသပ်ကာဖယ်ပြီး မြင်နေရသော နဖူးလေးကို Kris ငုံ့ကာနမ်းလိုက်သည်...
"Hyung ဘယ်မှ မသွားဘူးနော်... စိတ်ချအိပ် ကလေးငယ်..."
Krisပြောလိုက်တော့ ကလေးငယ်ထံတွင် ပြုံးယောင်သန်းသော အရိပ်တို့ကို တွေ့မြင်လိုက်ရပြီးနောက် ကလေးငယ်ထံမှ အသက်ရှူသံမှန်မှန်လေးထွက်လာတော့သည်...
ရင်ခွင်ထဲ ငြိမ်းချမ်းစွာအိပ်နေသော ဖြူစင်တဲ့ ဒီကလေးဟာ Krisရဲ့ ချစ်မဝအသက်လေးပါ...
#06112021
ဒီနေ့ရဲ့မွေးနေ့ရှင်လေး ရင်ဆိုင်နေရတဲ့အခက်အခဲအားလုံး အမြန်ဆုံးပြီးမြောက်နိုင်ပါစေ... မွေးနေ့ကစလို့ ကံကောင်းခြင်းတွေကိုသာရရှိပါစေ...
🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂
Zawgyi...
"ကေလးငယ္!!!!..."
ေလွကားေျခရင္းတြင္ ပုံကာလဲေနေသာ ကေလးငယ္ထံ Krisေျပးသြားလိုက္သည္...
"အေဒၚႀကီး... Baekhyun... ဘာလုပ္ေနၾကလဲ..."
ကေလးငယ္ကို ေကာက္ေပြ႕ရင္း အေဒၚႀကီးနဲ႔ Baekhyunကိုပါ ေအာ္ေခၚလိုက္သည္...
"ကေလးငယ္... ကေလးငယ္..."
Kris တေၾကာ္ေၾကာ္ေခၚေနေပမယ့္ သတိမရွိေသာ ကေလးငယ္က Krisလက္ထဲတြင္ ၿငိမ္သက္လ်က္ ေခါင္းကို ထိန္းကိုင္ထားေသာ လက္တြင္ စိုစိစိအထိအေတြ႕ကို ခံစားလိုက္ရတာေၾကာင့္ လက္ကိုဖယ္ခြာကာၾကည့္မိေတာ့ ထင္သည့္အတိုင္း ေသြးေတြ...
"သားKris Chanေလး ဘာျဖစ္လို႔လည္း..."
"Boss... အကိုေလး..."
အနားေရာက္လာၾကတဲ့ အေဒၚႀကီးနဲ႔ Baekhyunသည္လည္း Krisတို႔ကိုၾကည့္ၿပီး ေၾကာင္အလ်က္ျဖစ္လို႔ေနသည္...
"Baekhyun Haeraဆီဖုန္းဆက္ၿပီး ခုလာခဲ့ဖို႔ေျပာ... အေဒၚႀကီးက ေသြးတိတ္ေအာင္လုပ္ဖို႔ လိုအပ္တာေတြယူၿပီး ကေလးငယ္အခန္းထဲကို လိုက္ခဲ့ေပးပါ..."
ႏွစ္ေယာက္လုံးကို လိုအပ္တာေတြမွာၿပီးတာနဲ႔ ကေလးငယ္ကိုယ္ေလးကို ေပြ႕ခ်ီကာ အေပၚထပ္သို႔တက္လာခဲ့လိုက္သည္...
ကုတင္ေပၚအသာခ်ၿပီးေနာက္ ေလာေလာဆယ္ ေသြးတိတ္ေစရန္ အေရးေပၚနည္းလမ္းမ်ားျဖင့္ Kris လုပ္ထားရင္း Haeraအလာကို ေစာင့္ေနမိသည္...
"Kris ငါဝင္ခဲ့မယ္ေနာ္..."
"ေအး ဝင္ခဲ့..."
"ဘယ္လိုျဖစ္ရတာလဲ..."
ကုတင္ေပၚတြင္ သတိေမ့ေနေသာ ကေလးငယ္ကို ၾကည့္ၿပီး Haeraက Krisကို ေမးလာသည္...
"ငါလည္း နင္နဲ႔ ဖုန္းေျပာၿပီးေနာက္ ဝုန္းခနဲ အသံၾကားလို႔ ထြက္ၾကည့္ေတာ့ ေလွကားရင္းမွာ လဲေနတာကို ေတြ႕လိုက္ရတာပဲ..."
Haeraက ကေလးငယ္ကို စစ္ၾကည့္ရင္း Krisေျပာသည္တို႔ကို နားေထာင္ေနသည္...
"ေတာ္ေသးတာေပါ့... ဘာမွေတာ့ သိပ္ႀကီးႀကီးမားမားမျဖစ္ပါဘူး... ေခါင္း နည္းနည္းေလးေပါက္သြားလို႔ ႏွစ္ခ်က္ေလာက္ေတာ့ ခ်ဳပ္ရမယ္... နင္ကလည္း ေသြးတိတ္ေအာင္လုပ္ေပးထားတာဆိုေတာ့ ခ်ဳပ္ဖို႔ပဲက်န္တယ္..."
Haeraေျပာသမွ်ကို Krisသိေနၿပီး ေဆးေက်ာင္းတစ္ဝက္ေလာက္နဲ႔ထြက္လိုက္ရသူမို႔ အေျခခံလုပ္ရမွာေတြ အေျခအေနေတြေလာက္ေတာ့ Krisနားလည္သည္...
"ေအးခ်ဳပ္ရမယ္ဆိုေတာ့လည္း ခ်ဳပ္ေပါ့..."
Haeraလုပ္သမွ်ကို Krisေဘးကေနအသာထိုင္ၾကည့္ေနလိုက္သည္...
ဒဏ္ရာကို ေသသပ္စြာလုပ္ကိုင္ေနေသာ Haeraသည္ ကိုယ္ပိုင္ေဆးခန္းနဲ႔ နာမည္ရဆရာဝန္မေလးတစ္ဦးျဖစ္သည္...
႐ုပ္လည္းေခ်ာသလို ပညာလည္းေတာ္တဲ့ Haeraနဲ႔ Y Groupရဲ႕ CEO Krisသည္ ႏွစ္ဖက္အသိုင္းအဝိုင္းေတြၾကား စီးပြားေရးလုပ္ငန္းအသိုင္းဝိုင္း လူအမ်ားၾကားမွာေတာ့ နာမည္ႀကီးစုံတြဲျဖစ္သည္...
ႏွစ္ဖက္မိဘေတြကလည္း မိတ္ေဆြေတြျဖစ္ Krisတို႔ကလည္း ငယ္သူငယ္ခ်င္းေတြမို႔ အ႐ြယ္ေရာက္လာခ်ိန္မွာ Krisတို႔ကို ေစ့စပ္ေပးခဲ့ၾကသည္...
Haeraက ေ႐ြးခ်ယ္သင့္တဲ့မိန္းကေလးေတြထဲပါသူျဖစ္သလို ထိုအခ်ိန္က ႏွစ္ေယာက္လုံးမွာကလည္း ခ်စ္သူရည္းစားလည္း မရွိေသးတာေၾကာင့္ မိဘေတြစကားကို နားေထာင္ကာ ေစ့စပ္ျခင္းကိုလက္ခံခဲ့ၾကသည္...
အခ်စ္ဆိုတာဘာလဲ ခုထိ Krisမသိေသးပါ... သိလည္းမသိခ်င္ဘူး... အခ်ိန္တန္လက္ထပ္ရမယ့္သူရွိၿပီးသားမို႔ အခ်စ္အေၾကာင္းကိုလည္း ထူးၿပီးမစဥ္းစားခ်င္ေတာ့ဘူး...
Krisအေတြးေတြထဲမွာ ကေလးငယ္ကို ေစာင့္ေရွာက္ဖို႔ရယ္... မိဘေတြထားခဲ့တဲ့ ကုမၸဏီကို မေပ်ာက္မပ်က္ပဲ ပိုၿပီးေအာင္ျမင္ေအာင္လုပ္ဖို႔ရယ္သာရွိသည္...
ကေလးငယ္ ကိုယ့္ကိုယ္ကိုယ္ ေစာင့္ေရွာက္ႏိုင္တဲ့အထိ Krisရဲ႕ထိုတာဝန္ေတြက ရွိေနဦးမွာျဖစ္သည္...
"ဟဲ့ Kris... ငါေျပာေနတာကိုေရာ ၾကားရဲ႕လား..."
လက္ေမာင္းကို ေဖ်ာင္းခနဲ႐ိုက္ခံလိုက္ရျခင္းနဲ႔အတူ Haeraအသံကို ၾကားမွ Kris အေတြးလြန္ေနရာမွ အသိဝင္လာသည္...
"ဟမ္ နင္ဘာေျပာလိုက္တာလဲ..."
"ေၾသာ္ ကေလးသတိရလာရင္ တိုက္ဖို႔ေဆးေတြေပးခဲ့မယ္... ဒီႏွစ္ရက္ေတာ့ အစာအေပ်ာ့ေလးေတြပဲေကြၽးေနာ္... တစ္ခုခုထူးထူးျခားျခားျဖစ္ရင္ေတာ့ ေဆးခန္းကို ေခၚခဲ့လိုက္..."
"ေအး ေအးပါ... ငါ ဒီေန႔ေတာ့ လိုက္ႏိုင္မယ္ မထင္ဘူး..."
"ရပါတယ္ဟာ ငါနားလည္ပါတယ္... ေနာက္မွေပါ့..."
"ငါ လာမေတြ႕ႏိုင္လို႔ ေတာင္းပန္ပါတယ္လို႔ ေျပာေပးဦး..."
"စိတ္ခ် ငါေျပာလိုက္မယ္... ဒါျဖင့္ အခ်ိန္လည္း ကပ္ေနၿပီဆိုေတာ့ ငါ သြားေတာ့မယ္... ေနာက္မွေတြ႕ၾကတာေပါ့..."
"ေအး... ငါလိုက္မပို႔ေတာ့ဘူးေနာ္..."
"ေအးပါ... ကေလးအနားမွာပဲေနလိုက္ ရတယ္..."
Haeraက Krisကို ႏႈတ္ဆက္ၿပီးေနာက္ ျပန္သြားေတာ့သည္...
ကုတင္ေပၚတြင္ ၿငိမ္သက္ေနေသာ ကေလးငယ္၏ ေခါင္းတြင္ ေနရာယူထားေသာ ပတ္တီးေဖြးေဖြးကို Kris အသာထိေတြ႕မိသည္...
ဒီကေလး၏ ကိုယ္ခႏၶါတြင္ ဘာထိခိုက္ဒဏ္ရာမွ မရွိေစခ်င္ပါဘူးဆိုမွ ျဖစ္လိုက္တဲ့ ဒဏ္ရာဆိုတာ တစ္လတြင္ႏွစ္ခါသုံးခါေလာက္ရွိသည္...
ငယ္ငယ္ထဲက ခ်ဴခ်ာသူမို႔ ပိုးေမြးသလို ေမြးလာခဲ့ၾကရတာ...
Kris ဘဝမွာ အေၾကာက္ဆုံးက ဒီကေလးတစ္ခုခုျဖစ္မွာကိုပင္...
သတိေမ့ျခင္းကေန ကင္းလြတ္ကာ အသက္ရႉသံမွန္မွန္ေလးထြက္လာတာမို႔ ကေလးငယ္ အိပ္ေမာက်ေနၿပီမွန္း Krisသိလိုက္သည္...
ကေလးငယ္ရဲ႕ အခ်စ္ေတာ္ Rilakumaေလးကို အိပ္ေမာက်ေနေသာ ကေလးငယ္၏ ရင္ခြင္ထဲတြင္ထည့္ေပးလိုက္ကာ လက္ကေလးကို ထိုအ႐ုပ္ေလးေပၚတြင္ေနရာခ်ေပးလိုက္သည္...
ဒီအ႐ုပ္ေလးကို ဖက္ၿပီးအိပ္မွသာ ကေလးငယ္က ေကာင္းေကာင္း အိပ္ေပ်ာ္တာေလ...
ကေလးငယ္ကိုယ္ေပၚ ေစာင္ေလးၿခဳံေပးခဲ့ကာ အခန္းအပူခ်ိန္ကို အေနေတာ္ျဖစ္ေအာင္ညႇိခဲ့လိုက္ၿပီးေနာက္ ေသြးတို႔စြန္းထင္းေနေသာ အက်ႌကိုလဲရန္ Krisအခန္းဘက္သို႔ ကူးခဲ့လိုက္သည္...
ၿပီးရင္ေတာ့ ကေလးငယ္ စားဖို႔ တစ္ခုခုစီစဥ္ရဦးမည္... ေနမေကာင္းလွ်င္ Krisလုပ္ေပးတာကလြဲၿပီး တျခားမစားတက္သည္ကလည္း ကေလးငယ္ရဲ႕ အက်င့္ျဖစ္သည္...
ကေလးငယ္ ေနမေကာင္းျဖစ္လွ်င္ Krisကလြဲၿပီး ဘယ္သူ႔ကိုမွလည္း အနားအကပ္မခံေတာ့ဘူး... ထိုသို႔ေသာအခ်ိန္ေတြတြင္ ကေလးငယ္ ေနျပန္ေကာင္းလာတဲ့အခ်ိန္ထိ Krisမွာ ကေလးငယ္အနားမွ တစ္ဖဝါးမွ မခြာပဲရွိေနရသည္...
ဆရာဝန္လိုင္းယူခဲ့တာကလည္း ဒီကေလးငယ္ေၾကာင့္ဆိုတာ Krisဘယ္သူ႔ကိုမွ မေျပာျဖစ္ခဲ့ပါ... ကံမေကာင္းစြာနဲ႔ပဲ Krisေဆးေက်ာင္းတဝက္ေလာက္အေရာက္မွာေတာ့ မေတာ္တဆျဖစ္ခဲ့ရတဲ့ ပါးေၾကာင့္ ပါးတာဝန္ကို ဆက္ယူဖို႔ရာ ေဆးေက်ာင္းမွထြက္ခဲ့ေတာ့သည္...
Haeraကို ေ႐ြးခ်ယ္ခဲ့တာကလည္း ထို႔ေၾကာင့္ပင္ျဖစ္သည္... ဆရာဝန္ျဖစ္မလာႏိုင္ေတာ့ေသာ Krisေၾကာင့္ ကေလးငယ္ ေနမေကာင္းတိုင္း အနားမွာေစာင့္ေရွာက္ေပးမယ့္သူရွိဖို႔လိုအပ္သည္....
ဒါေၾကာင့္ပဲ Krisတို႔အေၾကာင္းကိုလည္း သိေနေသာ Haeraသည္ Kris၏ေ႐ြးခ်ယ္စရာ လက္တြဲေဖာ္ျဖစ္ခဲ့သည္...
"အေဒၚႀကီး ၾကက္သားရွိလား..."
Kris apronကို ဝတ္ရင္း အေဒၚႀကီးကို ေမးလိုက္သည္...
"ရွိတယ္ သားKris ဒီမနက္မွ ဝယ္ထားတာ... Chanေလး အတြက္လား..."
အေဒၚႀကီးက Krisကိုေျဖရင္း ၾကက္သားကိုပါ စားပြဲေပၚတင္ေပးလာသည္...
အစားအေသာက္အတြက္ဆို လတ္ဆတ္တာေတြပဲ စားမွ အဆင္ေျပတဲ့ ကေလးငယ္ေၾကာင့္ Krisတို႔အိမ္က ေန႔တိုင္းေဈး ဝယ္မွအဆင္ေျပသည္...
Krisေရာ Chanေရာ အစားေၾကးမမ်ားတက္သူမို႔ သင့္ေတာ္တာကိုသာ အေဒၚႀကီးက စီမံၿပီးဝယ္သည္...
အစပ္မ်ားလွ်င္ ဗိုက္မေကာင္းျဖစ္တက္ေသာ ကေလးငယ္ေၾကာင့္ ဟင္းကေတာ့ တက္ႏိုင္သမွ် အစပ္နည္းတာကို ခ်က္ရသည္...
"အင္း ဟုတ္တယ္... ၾကက္ေပါင္းေလး လုပ္မလို႔..."
Kris ေျဖလိုက္တာနဲ႔ ၾကက္ေပါင္းအတြက္ လိုအပ္ေသာအမယ္ေတြစုံလင္စြာ စားပြဲေပၚသို႔ေရာက္လာသည္...
"ရၿပီ အေဒၚႀကီး က်န္တာ ကြၽန္ေတာ္ဆက္လုပ္လိုက္မယ္ သြားနားေတာ့ေလ... လိုတာခိုင္းလို႔ရေအာင္ေတာ့ အျပင္မွာ တစ္ေယာက္ေလာက္ေစာင့္ခိုင္းထားပါ..."
"ေကာင္းပါၿပီ..."
Krisေျပာလိုက္ေတာ့ နာခံစြာေခါင္းၿငိမ့္ျပရင္း အေဒၚႀကီး ထြက္သြားေတာ့သည္...
အေဒၚႀကီး အသက္ေတာ္ေတာ္ရလာၿပီမို႔ အေဖာ္ရေအာင္ ေခၚေပးထားတဲ့ သူေတြကိုသာ ခိုင္းပါလို႔ဆိုထားေပမယ့္လည္း ကိုယ္တိုင္ဝင္လုပ္ရမွ ေက်နပ္သူမို႔ Krisလည္း သိပ္မေျပာျဖစ္ေတာ့...
ၿပီးေတာ့ Krisတို႔ကလည္း အေဒၚႀကီးလက္ရာကိုသာ ငယ္ငယ္ထဲက စားလာခဲ့ရတာမို႔ တျခားလက္ရာေတြဆို ခံတြင္းမေတြ႕ေတာ့တာေၾကာင့္လည္း အေဒၚႀကီးကို မလုပ္ပါနဲ႔လို႔ မတားေတာ့တာျဖစ္သည္...
ၾကက္ေပါင္းကို ျပင္ဆင္ၿပီးတာနဲ႔ တည္ထားလိုက္ရင္း ဂ်ီက်တက္ေသာ ရစ္တက္ေသာ ေကာင္ေလးေၾကာင့္ ေနာက္ထပ္ တစ္မ်ိဳးထပ္စီစဥ္ရသည္...
ၿပီးေတာ့ ေဆးနဲ႔အတူေသာက္လို႔ရေအာင္ ေကြကာအုပ္ကို ေႂကြခြက္ထဲအသင့္ထည့္ထားလိုက္ၿပီး ေသာက္ခါနီးက်မွပဲ ေရေႏြးထည့္ေတာ့မည္...
လုပ္စရာရွိတာေတြ အားလုံးလုပ္ၿပီးတာနဲ႔ နဖူးတြင္ေဝ့သီေနေသာ ေခြၽးစတို႔ကို လက္ခုံျဖင့္ သုတ္ကာ Kris စားပြဲတြင္ထိုင္လိုက္သည္...
"Kris..."
ထိုင္႐ုံပဲရွိေသးတယ္ ေခၚသံေၾကာင့္ ေက်ာခိုင္းထားေသာ ထမင္းစားခန္းအဝကို လ်င္ျမန္စြာပင္လွည့္ၾကည့္လိုက္သည္...
Krisကို Krisဟုေခၚတာ ဤအိမ္ႀကီးတြင္ တစ္ေယာက္ပဲရွိသည္ေလ...
ထမင္းစားခန္းရဲ႕ အခန္းဝေဘာင္ကိုမွီကာရပ္ေနသည့္ ကေလးငယ္က မ်က္ႏွာက ျဖဴေဖ်ာေဖ်ာ့ ရပ္ေနတာေတာင္ အႏိုင္ႏိုင္ျဖစ္ေနသည္မို႔ Krisရဲ႕ ေျခလွမ္းမ်ားက ကေလးငယ္အနားေရာက္ေနမိၿပီ...
"ကေလးငယ္... ဘယ္လိုျဖစ္လို႔ ဆင္းလာတာလဲကြာ..."
ေျခာက္ေပေက်ာ္ အရပ္ရွိတဲ့Krisကို မွီလုနီးပါးျဖစ္ေနေသာ ကေလးငယ္ကို ေပြ႕ခ်ီကာ ေမးလိုက္ေတာ့...
"ႏိုးလာေတာ့ Krisကို မေတြ႕လို႔..."
ထိုသို႔ေျဖလာတဲ့ မ်က္ဝန္းေတြ တကယ္လည္း Krisကို မေတြ႕လို႔ စိုးရိမ္ေၾကာက္လန္႔ေနသည့္ဟန္...
"Hyungက ဘယ္မွ မသြားပါဘူး... ကေလးငယ္ႏိုးလာရင္စားဖို႔လုပ္ေနလို႔ပါ..."
ကေလးငယ္ကို ေပြ႕ခ်ီထားသည့္ အတိုင္းပင္ စားပြဲတြင္ ဝင္ထိုင္လိုက္ေတာ့ ကေလးငယ္က Krisေပါင္ေပၚတြင္ ထိုင္သလိုျဖစ္သြားသည္...
ကေလးငယ္ရဲ႕ လက္ေတြဟာ Krisလည္တိုင္ကို သိုင္းဖက္ထားၿပီး ပခုံးေပၚတြင္ ေခါင္းကို မွီကာတင္ထားသည္...
ၾကည့္ရတာ ကေလးငယ္ ေခါင္းမထူႏိုင္ေသးပုံပင္...
ဖက္ထားေသာ အထိအေတြ႕ကေနတဆင့္ ခံစားမိလိုက္တဲ့ အပူေငြ႕ေတြေၾကာင့္ ဒီကေလး မၾကာခင္ ဖ်ားေတာ့မည္ကို သိလိုက္ၿပီ...
"Kris ဗိုက္ဆာတယ္..."
ထြက္လာတယ္ဆို႐ုံမွ်အသံေလးက Krisပခုံးေပၚ ေခါင္းအပ္ထားလို႔သာ ၾကားေနရတာျဖစ္သည္...
"ၾကက္ေပါင္းလုပ္ထားတာက မရေသးဘူး... အဆာေျပစားလို႔ရေအာင္ ေခါက္ဆြဲကိုအသီးအ႐ြက္ေတြနဲ႔ ျပဳတ္ေပးထားတယ္ စားမလား..."
"ဟင့္အင္း..."
Krisေမးလိုက္ေတာ့ ပခုံးမွီေပၚတင္ထားတဲ့ ေခါင္းေလးကို အသာခါရမ္းသည္...
"ၾကက္ေပါင္းပဲ စားမယ္..."
"ၾကက္ေပါင္းက ခဏေလးလိုေသးတယ္ အဲ့မတိုင္ခင္ အဆာေျပ ေကြကာအုပ္ေသာက္မလား..."
"အင္း..."
ကေလးငယ္ အေျဖေၾကာင့္ Kris ၿပဳံးလိုက္သည္... အဲ့လိုေတြ သိလို႔လည္း ႀကိဳၿပီးျပင္ဆင္ထားတာေလ...
"ဘယ္သူရွိလဲ တစ္ေယာက္ေလာက္လာဦး..."
ကေလးငယ္၏ နားႏွစ္ဖက္ကို လက္ျဖင့္ အုပ္ေပးထားရင္း အျပင္မွာ ေစာင့္ေနမည့္သူေတြကို လွမ္းေအာ္လိုက္သည္...
ၿပီးမွ အုပ္ထားေပးေသာ လက္ကို ဖယ္လိုက္သည္... ထမင္းစားခန္းထဲကေန အျပင္ကို ၾကားေအာင္လို႔ဆို အသံကို အနည္းငယ္ျမႇင့္ကာေအာ္မွျဖစ္မွာမို႔ ပခုံးေပၚေခါင္းမွီထားတဲ့ ကေလးငယ္ နားအူမွာစိုး၍ အခုလိုလုပ္ရျခင္းျဖစ္သည္...
ဒီလိုမွီတြယ္ေနတဲ့ ကေလးငယ္ေၾကာင့္ Kris ဘာမွ ထလုပ္လို႔မရဘူးေလ... ဒါေၾကာင့္ အေဒၚႀကီးကို မွာထားၿပီး အျပင္မွာ လိုတာေခၚခိုင္းလို႔ရေအာင္ ေစာင့္ေနခိုင္းထားသူကို Kris လွမ္းေခၚလိုက္ရျခင္းျဖစ္သည္...
"ဆရာ ေရာက္ပါၿပီ..."
Krisေခၚၿပီး မၾကာခင္မွာ အကူေကာင္မေလးတစ္ေယာက္ေရာက္လာသည္...
"ေအး... ငါ့ကို အဲ့ခြက္ထဲ ေရေႏြးထည့္ေပး... အမ်ားႀကီးမဟုတ္ဘူးေနာ္..."
"ဟုတ္ကဲ့..."
ေကာင္မေလးက Kris ၫႊန္ျပလိုက္ေသာ စားပြဲေပၚရွိ ေကြကာအုပ္ထည့္ထားေသာ ေႂကြခြက္ကို ယူသြားသည္...
"ဆရာ ရပါၿပီ..."
"ေအးထားခဲ့လိုက္ေတာ့... အျပင္မွာ ျပန္ေစာင့္ေန လိုအပ္ရင္ေခၚလိုက္မယ္..."
"ဟုတ္ကဲ့ပါ..."
ေကာင္မေလးတင္ေပးခဲ့ေသာ ေကြကာအုပ္ခြက္ကို ဇြန္းေလးျဖင့္ ေမႊရင္း အပူေလ်ာ့ေအာင္လုပ္ေနလိုက္သည္...
အပူအနည္းငယ္ေလ်ာ့ေလာက္ၿပီ ထင္ေတာ့မွ ကေလးငယ္ကို တိုက္ဖို႔ ျပင္ရသည္...
"ကေလးငယ္... ကေလးငယ္... အိပ္ေနတာလား... ေကြကာအုပ္ရၿပီ... ေသာက္ရေအာင္ ခဏေလးထလိုက္ေနာ္..."
"အင္းးး..."
Kris ပခုံးေပၚမွီထားေသာကေလးငယ္ ေခါင္းေလးကို အသာထူေပးေတာ့ မထခ်င္,ထခ်င္ ထလာသည္...
"အာာ...."
ခြက္ထဲက ေကြကာအုပ္ကို ဇြန္းျဖင့္ခပ္ယူကာ ပူမပူ အနည္းငယ္ျမည္းၿပီးမွ ကေလးေပါက္စေတြကို မုန္႔ခြံ႕သလို အာ*ဟု ေျပာရင္း ကေလးငယ္ ႏႈတ္ခမ္းနားေတ့ေပးလိုက္သည္...
"ေတာ္ၿပီ... မစားေတာ့ဘူး..."
သုံးေလးဇြန္းေလာက္ စားအၿပီးမွာ ဆက္စားဖို႔ရာ ျငင္းဆိုလာသည္ေၾကာင့္ Krisလည္း ဆက္မေကြၽးေတာ့... ခဏေနရင္ ၾကက္ေပါင္းေသာက္ရဦးမွာမဟုတ္လား...
"Kris အိပ္ခ်င္ၿပီ..."
"အင္း... အခန္းထဲသြားမယ္ေနာ္...."
အိပ္ခ်င္ၿပီဟုဆိုလာေသာ ကေလးငယ္ကို ေပြ႕ခ်ီၿပီး အေပၚထပ္သို႔မတက္ခင္ ထမင္းစားခန္း အျပင္မွာ ေစာင့္ေနတဲ့ အကူေကာင္မေလးကို ၾကက္ေပါင္းရည္အိုးကို ၾကည့္ထားဖို႔မွာခဲ့ၿပီးေနာက္ အေပၚထပ္သို႔တက္ခဲ့လိုက္သည္...
Kris ေပြ႕ခ်ီထားေသာ ကေလးငယ္ကေတာ့ မ်က္လုံးတို႔မွိတ္ကာ ၿငိမ္ၿပီးလိုက္လာသည္... Krisအရပ္ကို မွီလုနီးပါျဖစ္ေပမယ့္ ကေလးငယ္က ပိန္ကာေပါ့ပါးတာေၾကာင့္ ခ်ီလိုက္သည့္အခါတြင္လည္း ေလးမေနတာေၾကာင့္သာေတာ္ေတာ့သည္...
မဟုတ္ရင္တာ့ အထစ္ႏွစ္ဆယ္ေက်ာ္ေလာက္ရွိတဲ့ ေလွကားႀကီးကို ကေလးငယ္ကို ခ်ီၿပီး ျဖတ္ေက်ာ္ဖို႔ရာ Krisမေတြးရဲေပ...
ဒီေလာက္ျမင့္တဲ့ေလွကားေပၚက ျပဳတ္က်လာတဲ့ ကေလးငယ္က ေခါင္းေပါက္႐ုံကလြဲၿပီး ဘာမွျဖစ္မသြားတာ ကံေကာင္းတယ္လို႔ပဲေျပာရမည္...
အခန္းထဲေရာက္ကာ ကုတင္ေပၚ အသာခ်ေပးလိုက္ေတာ့ Kris လက္ကို လွမ္းဆြဲထားၿပီး...
"Krisလည္း အတူအိပ္ေပး..."
"အင္း အိပ္ေပးမယ္ေနာ္..."
Kris ေဘးနားတြင္ဝင္လွဲလိုက္ေတာ့ ရင္ခြင္ထဲတိုးဝင္လာၿပီး ခါးတို႔ကို တင္းက်ပ္စြာဖက္ထားသည္မွာ ထြက္သြားမည္ကို စိုးရိမ္သည့္အလား...
ကေလးငယ္ နဖူးေပၚက်ေနေသာ ဆံသားအိအိေလးေတြကို လက္ျဖင့္အသာသပ္ကာဖယ္ၿပီး ျမင္ေနရေသာ နဖူးေလးကို Kris ငုံ႔ကာနမ္းလိုက္သည္...
"Hyung ဘယ္မွ မသြားဘူးေနာ္... စိတ္ခ်အိပ္ ကေလးငယ္..."
Krisေျပာလိုက္ေတာ့ ကေလးငယ္ထံတြင္ ၿပဳံးေယာင္သန္းေသာ အရိပ္တို႔ကို ေတြ႕ျမင္လိုက္ရၿပီးေနာက္ ကေလးငယ္ထံမွ အသက္ရႉသံမွန္မွန္ေလးထြက္လာေတာ့သည္...
ရင္ခြင္ထဲ ၿငိမ္းခ်မ္းစြာအိပ္ေနေသာ ျဖဴစင္တဲ့ ဒီကေလးဟာ Krisရဲ႕ ခ်စ္မဝအသက္ေလးပါ...
#06112021
ဒီေန႔ရဲ႕ေမြးေန႔ရွင္ေလး ရင္ဆိုင္ေနရတဲ့အခက္အခဲအားလုံး အျမန္ဆုံးၿပီးေျမာက္ႏိုင္ပါေစ... ေမြးေန႔ကစလို႔ ကံေကာင္းျခင္းေတြကိုသာရရွိပါေစ...
🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂❤🎂