ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 13

13.1K 1.9K 32
By Kay_Wine

MWFV Ch 13

Is Our New Classmate Pretty?

Zawgyi Version

စုေပနဲ႔စုေရွာင္ေပါင္တို႔ ပထမဆုံးေက်ာင္းတက္တဲ့ေန႔မွာ ဦးေလးဖုက သူတို႔ထက္ပိုၿပီးေတာ့ေတာင္ စိတ္လႈပ္ရွားေနပုံရတယ္။

"ေရွာင္ေပါင္၊ ေရွာင္ေပ ဒါကေက်ာင္းထမင္းစားကဒ္။ ေန႔လည္ထမင္းစားခ်ိန္ေရာက္လို႔ စားေသာက္တန္းက အစားအစာေတြက အရသာမရွိဘူးဆိုရင္ ဦးေလးဖုကို ဖုန္းေခၚလိုက္ေနာ္။ ဦးေလးတို႔အိမ္ကေန မင္းတို႔အတြက္

ေန႔လည္စာလာပို႔ေပးမယ္သိလား"

"မင္းတို႔ဒီမိုဘိုင္းဖုန္းႏွစ္လုံးကိုပါ ယူသြားၾက။ ဦးေလး အဲမွာအေရးႀကီးနံပါတ္ေတြကို မွတ္ထားေပးၿပီးၿပီ။"

"ကိုယ္ရံေတာ္ေတြရဲ႕ဖုန္းနံပါတ္ေတြကိုလည္း ဒီမွာထည့္ထားေပးတယ္။ ဦးေလးမင္းတို႔ေက်ာင္းသြားဖို႔ ကားတစ္စီးစီစဥ္ထားေပးတယ္။ ကိုယ္ရံေတာ္ေတြလည္း မင္းတို႔ေနာက္ကလိုက္ၾကမွာေလ။ သူတို႔ကေက်ာင္းအျပင္ဖက္မွာ အရန္သင့္ရွိေနၾကမွာ။ တစ္ခုခုျဖစ္တာနဲ႔ သူတို႔ကိုခ်က္ခ်င္းဆက္သြယ္ၾက ၾကားလား?"

"သမီးတို႔နားလည္ပါတယ္ ဦးေလးဖုရယ္" စုေပက ဦးေလးဖုရဲ႕မၿပီးဆုံးႏိုင္တဲ့ၫႊန္ၾကားခ်က္ေတြကို ေခါင္းၿငိမ့္ျပလိုက္တယ္။

"အဲဒါေကာင္းတာေပါ့။ အကယ္၍မ်ား မင္းတို႔က ေက်ာင္းအသစ္မွာ အႏိုင္က်င့္ခံရတယ္ဆိုရင္ ဘာမွေၾကာက္ေနစရာမလိုဘူး။ ခ်င္မိသားစုက မင္းတို႔ရဲ႕ေက်ာေထာက္ေနာက္ခံပဲ" ဦးေလးဖုက ကေလးႏွစ္ေယာက္ကို ၾကည့္လိုက္ခ်ိန္မွာ သူ႔စိုးရိမ္မႈေတြကို ဖုံးကြယ္မထားႏိုင္ေတာ့ဘူး။ လြန္ခဲ့တဲ့ရက္ေတြကတည္းက စုေပနဲ႔စုေရွာင္ေပါင္တို႔ရဲ႕ အဝတ္အစားေတြကို သူက အထူးေအာ္ဒါမွာထားေပးၿပီးသားျဖစ္တယ္။ ေမာင္ႏွမႏွစ္ေယာက္ယူလာတဲ့ ခရီးေဆာင္အိတ္ေတြထဲ ဗီဒိုထဲမွာထည့္ထားတဲ့ ေၾကာ္ျငာတီရွပ္အနည္းငယ္ပဲ ရွိတာက သူ႔ကိုအရမ္းစိတ္မခ်မ္းမသာျဖစ္ေစတယ္။

ၿပီးခဲ့တဲ့ႏွစ္ရက္ေလာက္ကစၿပီး သူက ကေလးႏွစ္ေယာက္ကို ဂ႐ုတစိုက္နဲ႔ေစာင့္ေရွာက္လာခဲ့တာ။ စုေပရဲ႕ပိန္ကပ္ၿပီး ေခ်ာင္က်ေနတဲ့မ်က္ႏွာေလးက နည္းနည္းျပည့္ျပည့္ေလးျဖစ္လာၿပီး သူမေဘးကေကာင္ေလး ဆိုရင္လည္း အနည္းငယ္ဝလာၿပီးေတာ့ အရပ္လည္းနည္းနည္းရွည္လာခဲ့တာျဖစ္တယ္။ ဒါေပမယ့္လည္း သူတို႔က အရမ္းပိန္ေနေသးတာက အာဟာရမ်ားမ်ားလိုအပ္ေနေသးတာေၾကာင့္ျဖစ္တယ္။

"စိတ္ခ်ပါ ဦးေလးဖုရယ္။ စုေရွာင္ေပါင္နဲ႔သမီးတို႔ ေက်ာင္းမွာအဆင္ေျပမွာပါ" စုေပက ဦးေလးဖုကို စိတ္ခ်ေစရန္အလို႔ငွာ ၿပဳံးျပလိုက္တယ္။ ေနာက္ေတာ့ အိမ္ေတာ္ထိန္းအဘိုးႀကီးရဲ႕ စိုးရိမ္ပူပန္ေနတဲ့ မ်က္လုံးေတြေအာက္မွာ သူမကစုေရွာင္ေပါင္ကိုပါေခၚၿပီး ကားထဲဝင္ထိုင္လိုက္ကာ ေက်ာင္းသို႔ ထြက္လာခဲ့ၾကတယ္။

-----

ေက်ာင္းကိုေရာက္ေတာ့ ကေလးႏွစ္ေယာက္က ႀကီးၾကပ္ေရးမႈးဆီ အရင္ဆုံးသတင္းပို႔ၾကရၿပီးေနာက္ ႀကီးၾကပ္ေရးမႈးကေနပဲ အနည္းအက်ဥ္းရွင္းျပေပးဖို႔အတြက္ အတန္း ၈-၇ ရဲ႕အတန္းပိုင္ဆရာမျဖစ္သူရဲ႕႐ုံးခန္းဆီသို႔ သူတို႔ကိုေခၚေဆာင္သြားခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ အမႊာႏွစ္ေယာက္က အတန္းထဲသို႔ဝင္ေတာင္မဝင္ရေသးခင္မွာ အတန္း ၈-၇ က ေက်ာင္းသားေတြဟာ ေက်ာင္းေျပာင္းေက်ာင္းသားအသစ္ေတြအေၾကာင္းကို အႀကိတ္အနယ္ ေဆြးေႏြးေနၾကတာျဖစ္တယ္။

[က်ိဳးခ်ီ : ေက်ာင္းသားအသစ္ႏွစ္ေယာက္က ငါတို႔အတန္းကိုလာမွာတဲ့]

[လ်ိဳ႕ခိုင္ : ဒီစာသင္ႏွစ္ရဲ႕တစ္ဝက္ေတာင္ေရာက္ေနၿပီကို။ ဒီအခ်ိန္မွ ေက်ာင္းသားအသစ္? တကယ္လား လာလွိမ့္ေနတာလား?]

[က်ိဳးခ်ီ : အာ...တကယ္ပါကြ။ လီက်ားနဲ႔ငါနဲ႔ ႐ုံးခန္းေရွ႕ကျဖတ္သြားေတာ့ သူတို႔ကို ငါတို႔အတန္းပိုင္ဆရာမက ႀကီးၾကပ္ေရးမႈးရဲ႕႐ုံးခန္းကေန ေခၚလာတာကို ငါတို႔ေတြ႕လိုက္တာ]

[ယီဝိန္ကြၽင္း : ဖာခ့္...ဘယ္လိုအသစ္ကေလးေတြေရာက္လာမွာတဲ့လဲ? ဗိုလ္က်မယ့္ေကာင္လား ဒါမွမဟုတ္ ဆန္ကုန္ေျမေလးေကာင္လား?]

[လီက်ား : သူတို႔ဗိုလ္က်လား မက်လားေတာ့ ငါလည္းမသိဘူး။ ဒါေပမယ့္ သူတို႔မ်က္ႏွာေလးေတြကေတာ့ ေသာက္ရမ္းၾကည့္ေကာင္းတယ္ဟ!]

-----

စာသင္ခန္းရဲ႕ေထာင့္ေလးမွာ ခဏၾကာတဲ့အထိ အတန္းအြန္လိုင္း group မွာေလွ်ာက္ၾကည့္ၿပီးေနာက္ေတာ့ လ်ိဳ႕ခိုင္ကသူ႔မိုဘိုင္းဖုန္းကို အေဝးမွာထားလိုက္ကာ တုယီမင္နားက လူအစုလိုက္ကို လွမ္းေအာ္လိုက္တယ္ : "ေဟ့ေကာင္ေတြ မင္းတို႔ group ထဲမွာ လီက်ားရဲ႕ post ကိုေတြ႕ၿပီးၾကၿပီလား?"

ခ်န္ဇန္း : "အာ...ေတြ႕ၿပီးၿပီကြ။ ငါၾကားတာေတာ့ ငါတို႔အတန္းေဖာ္အသစ္ေလးက အရမ္းလွဆိုပဲ"

ရႈယန္ယန္ : "အိုး ငါ့ေကာင္ရ။ ငါက ငါတို႔အတန္းထဲက ေကာင္မေလးေတြရဲ႕အလွအပေတြၾကည့္ရတာကို ၿငီးေငြ႕ေနတာၾကာၿပီ။ ေနာက္ဆုံးေတာ့ ေကာင္မေလးအသစ္တစ္ေယာက္ ေရာက္လာၿပီေပါ့။ ျမန္ျမန္ေလး ငါ့ကိုဖိခ်ထားလိုက္စမ္းပါ မဟုတ္ရင္ ငါေတာ့႐ူးသြားလိမ့္မယ္"

လ်ိဳ႕ခိုင္ : "မင္းေသာက္႐ူးေကာင္ပဲ။ အတန္းေဖာ္အသစ္က ေပၚေတာင္မလာေသးပဲနဲ႔ သူမကလွတယ္လို႔ မင္းဘယ္လိုလုပ္သိေနရတာလဲ"

"မဆိုးပါဘူး" အဲဒီအခ်ိန္မွာပဲ အစကတည္းက စားပြဲေပၚမွာအိပ္ေနတဲ့ ရွဲ႕မင္႐ႊမ္းက ထလာၿပီးေတာ့ ပ်င္းရိစြာနဲ႔ မွတ္ခ်က္ေပးလိုက္တယ္။

"အာ...အစ္ကို႐ႊမ္း ႏိုးၿပီလား"

"ခဏေလး... အစ္ကို႐ႊမ္း ခုနကဘာေျပာလိုက္တာ? 'မဆိုးပါဘူး'?" ေကာင္ေလးေတြက သူတို႔မ်က္လုံးေတြ ႐ုတ္တရက္ျပဴးက်ယ္သြားၿပီးေနာက္ ရွဲ႕မင္႐ႊမ္းကို ၿပိဳင္တူၾကည့္မိလိုက္ၾကတယ္။

"အစ္ကို႐ႊမ္း အစ္ကိုေျပာလိုက္တာက အတန္းေဖာ္အသစ္အေၾကာင္းလား?"

"အစ္ကို႐ႊမ္း အစ္ကိုက အတန္းေဖာ္အသစ္ကို ျမင္ဖူးလို႔လား?"

"အင္း" ျမင္႐ုံတင္မကပဲ သူက သူတို႔နဲ႔အတူထိုင္ၿပီး လပတ္စာေမးပြဲေတာင္ ေျဖလိုက္ရေသးတာကို။

ရွဲ႕မင္႐ႊမ္းေခါင္းၿငိမ့္ျပတာကိုလည္း ျမင္ေရာ ေကာင္ေလးေတြရဲ႕မ်က္လုံးေတြက ပင့္တက္သြားၾကေတာ့တယ္။ အစ္ကို႐ႊမ္းက ဘယ္လိုလူမ်ိဳးမို႔လို႔လည္း school flower ဆိုတဲ့ ေက်ာင္းအလွပန္းေလးေတြကိုေတာင္ သူကစိတ္မဝင္စားတဲ့သူမ်ိဳး။ သူ႔ကို 'မဆိုးပါဘူး' လို႔ေျပာထြက္ေစရင္ေတာ့ အဲဒီေကာင္မေလးက ေရွးေခတ္တ႐ုတ္ျပည္ရဲ႕ ရာဇဝင္တြင္ေလာက္တဲ့ အေခ်ာအလွေလးေဖာ္လိုမ်ိဳး မတရားလွတဲ့သူပဲေပါ့!

"အာ အား... အစ္ကို႐ႊမ္း သူမကဘယ္လိုမ်ိဳးေလးလဲ? ျဖဴစင္ၿပီးခ်စ္စရာေကာင္းတာမ်ိဳးလား? ဒါမွမဟုတ္ ညႇိဳ႕အားျပင္းတဲ့သူမ်ိဳးလား? သူမကကိုယ္လုံးကိုယ္ေပါက္ေရာလွရဲ႕လား?" ရႈယန္ယန္က စိတ္လႈပ္ရွားစြာနဲ႔ ေမးျမန္းေတာ့တယ္။

သူျပန္ရလိုက္တာကေတာ့ ရွဲ႕မင္႐ႊမ္းရဲ႕ေရခဲတမွ်ေအးစက္တဲ့အၾကည့္ေတြပဲျဖစ္တယ္။

"ရႈယန္ယန္ မင္းဒီေလာက္ထိႏွာဘူးမထလို႔မရဘူးလား?" တုယီမင္က ေဘးကရႈယန္ယန္ရဲ႕ထိုင္ခုံကို ေဆာင့္ကန္လိုက္တယ္။

"ဘာ ႏွာဘူးထတယ္ဟုတ္လား...ေျပာၾကေၾကးဆို မင္းေရာမသိခ်င္ဘူးလား? ေအာ္ ဟုတ္သားပဲ... ငါေမ့ေတာ့မလို႔ ငါတို႔အစ္ကိုႀကီးယီမင္ရဲ႕ ႏွလုံးသားထဲမွာက နတ္ဘုရားမေလးယင္ယင္ တစ္ေယာက္တည္း ရွိေနၿပီးသားေလ"

"မင္းခ်ီးဦးေႏွာက္နဲ႔ေကာင္...ငါက ဟြမ္ယင္ယင္ကိုေလးစားတာပဲရွိတာကြ မင္းနားလည္လား?"

"ငါနားမလည္ေပါင္ ဒါေပမယ့္ငါသိတာေတာ့ မင္းက ေသာက္ masochist တစ္ေကာင္ပဲျဖစ္မွာ...ဟား ဟား"[T/N : masochist = နာက်င္ျခင္းကိုသာယာသူ]

ေကာင္ေလးေတြက ေဒါႀကီးေမာႀကီးနဲ႔ျငင္းခုံေနၾကဆဲမို႔ ရွဲ႕မင္႐ႊမ္းက စားပြဲေပၚျပန္မအိပ္ခင္ေလးမွာ "ပဲပင္ေပါက္ေျခာက္လိုေကာင္ေတြ..." ဆိုၿပီး တိုးတိုးေရ႐ြတ္လိုက္ၿပီးမွ ဆက္အိပ္ေနေတာ့တယ္။

"အစ္ကို႐ႊမ္း အခုေလးတင္ တစ္ခုခုမ်ားေျပာလိုက္သလားလို႔?"

"မင္းနားၾကားမွားတာလား?"

-----

တစ္ဖက္မွာေတာ့ မိန္းကေလးအဖြဲ႕တစ္ဖြဲ႕ကလည္း ဒီအေၾကာင္းအရာကိုပဲ ေဆြးေႏြးေနၾကတယ္။

[လ်ိဳ႕ခိုင္တို႔အဖြဲ႕ေျပာေနၾကတာက အသစ္ေကာင္မေလးက ေက်ာင္းအလွပန္းေလးထက္ အမ်ားႀကီးပိုလွတယ္ဆိုပဲ]

[ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲဟ?]

[ငါလည္း အဲဒါကမျဖစ္ႏိုင္ဘူးလို႔ထင္တာပါပဲ။ ငါတို႔အားလုံးက မိန္းကေလးေတြဆိုေပမယ့္လို႔ ငါကေတာ့ ေက်ာင္းအလွပန္းေလးကို နည္းနည္းေလးေတာင္ မနာလိုမျဖစ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သူမက ငါမနာလိုျဖစ္ရမွာထက္ေတာင္လြန္ၿပီး အရမ္းလွလြန္းတယ္ေလ]

[နတ္ဘုရားမေလး ရွင္းယီကိုမေတြ႕ရတာ ဒီေန႔နဲ႔ဆိုရင္ ဆယ့္ႏွစ္ရက္ေတာင္ရွိသြားၿပီေနာ္။ ငါသူမကိုလြမ္းလိုက္တာ]

[က်န္းမုန႔္မုန႔္ရဲ႕ ႐ူးသြပ္တဲ့ fangirling ကေတာ့ ေပၚလာျပန္ပဟ။ ဒါေပမယ့္ စုန႔္ရွင္းယီေက်ာင္းမလာတာ ႏွစ္ပတ္ေလာက္ရွိေနၿပီမလား? ဒီစာသင္ႏွစ္ကို သူမတက္ဖို႔အစီအစဥ္မရွိေတာ့ဘူးလား?]

[ငါ အတန္း ၈-၂ ကေက်ာင္းသားတစ္ေယာက္ ေျပာသံၾကားတာေတာ့ စုန႔္ရွင္းယီက ႏိုင္ငံတကာစႏၵရားၿပိဳင္ပြဲ တစ္ခုမွာ ဝင္ၿပိဳင္ဖို႔ျပင္ဆင္ေနတာတဲ့]

[ဘုရားေရ! အားက်လိုက္တာဟယ္! မ်က္ႏွာလွလွ အသံခ်ိဳခ်ိဳ အဆင့္ေကာင္းၿပီး စြယ္စုံရတာေနာ္!]

[အဲဒါေၾကာင့္လည္း သူမက ေက်ာင္းအလွပန္းေလးျဖစ္ေနတာေပါ့]

[ဒါဆို တစ္ျခားမိန္းကေလးတစ္ေယာက္က သူမကိုေက်ာ္တက္ႏိုင္ေလာက္မယ္လို႔ ငါေတာ့မထင္ဘူး]

[ဟုတ္တာေပါ့ ဟုတ္တာေပါ့]

[ငါ လီက်ားကိုေခၚထားတယ္။ သူမေျပာတာနားေထာင္ၾကည့္လိုက္ၾက]

[လီက်ား : နင္တို႔ေျပာေနၾကတာက အတန္းေဖာ္အသစ္အေၾကာင္းမလား? သူမက တကယ္လွပါတယ္ ဒါေပမယ့္ ငါကသူ႔မကို သိပ္စိတ္မဝင္စားပါဘူး]

[ဒါဆို နင္ကဘယ္သူ႔ကို စိတ္ဝင္စားတာလဲ?]

[လီက်ား : ေက်ာင္းသားအသစ္ကေလးကိုေလ]

[အရမ္းေခ်ာလို႔လား?]

[ဒါမွမဟုတ္ ၾကည့္ရတာထူးဆန္းေနလို႔လား?]

[လီက်ား : အရမ္းေခ်ာတာဟဲ့...သခင္ေလးယဲ့နဲ႔ နတ္ဘုရားေလး ရွဲ႕တို႔နဲ႔ အဆင့္အတူတူပဲဟ]

[!]

ဒုတိယေျမာက္စာသင္ခ်ိန္ေရာက္ေတာ့ စုေပနဲ႔စုေရွာင္ေပါင္တို႔ကို အတန္းပိုင္ဆရာမက အတန္း ၈-၇ သို႔ ေခၚေဆာင္သြားေတာ့တယ္။ သူတို႔အတန္းေဖာ္အသစ္ကို ေမွ်ာ္လင့္ေနတဲ့အၾကည့္ေတြေအာက္မွာ စုေရွာင္ေပါင္က စုေပထက္အရင္ အတန္းထဲသို႔ဝင္သြားခဲ့တယ္။ သူတို႔ကစုေရွာင္ေပါင္ကိုလည္းျမင္ေရာ ေကာင္မေလးေတြက အာေမဍိတ္သံတိုးတိုးေလးေတြ ထြက္ေပၚလာၾကေတာ့တယ္။ ဒါေပမယ့္ လ်ိဳ႕ခိုင္ရယ္ တုယီမင္ရယ္ တစ္ျခားေကာင္ေလးအခ်ိဳ႕ကေတာ့ သူတို႔ေမး႐ိုးေတြ ျပဳတ္က်လုမတတ္ ျဖစ္သြားရတယ္။

ဒါကအစ္ကို႐ႊမ္းေျပာတဲ့ 'မဆိုးပါဘူး' ဆိုတာလားဟ? ေသခ်ာတာေပါ့...သူကေတာ္ေတာ္ေခ်ာတာပဲကို။ ဒါေပမယ့္ ဒါကေယာက္်ားေလးေလ? ဒါဆို သူက အစ္ကို႐ႊမ္းေျပာတဲ့ 'ပဲပင္ေပါက္ေျခာက္ေကာင္' ဆိုတာေပါ့?

ပ်ာယာခတ္ေနတဲ့ေကာင္ေလးေတြက သူတို႔ေခါင္းေတြကို အိပ္ေပ်ာ္ေနတဲ့ ရွဲ႕မင္႐ႊမ္းဆီကို ျမန္ျမန္ေလး လွည့္ၾကည့္လိုက္ၾကတယ္။ သူ႔ေဘးခ်င္းကပ္ခုံက အတန္းေဖာ္ခ်န္ဇန္းကလည္း နည္းနည္းေဝးေဝးကို ေ႐ႊ႕သြားခဲ့တယ္။ သူတို႔က အစ္ကို႐ႊမ္းနဲ႔ သိကြၽမ္းလာခဲ့တာ တစ္ႏွစ္နဲ႔ေျခာက္လေတာင္ ရွိခဲ့ၿပီးၿပီ။ ဒါေပမယ့္ သူက တကယ္ႀကီးေကြးေနတာကိုေတာ့ မသိလိုက္ဘူး?!

ကံေကာင္းေထာက္မစြာနဲ႔ အဲဒီအခ်ိန္မွာ စုေပကအတန္းထဲကိုဝင္လာေတာ့မွ ေကာင္ေလးေတြရဲ႕ ရွဲ႕မင္႐ႊမ္းအေပၚ 'နားလည္မႈလြဲျခင္း' ဆိုတာႀကီးက သက္သာရာရသြားခဲ့ေတာ့တယ္။

အတန္းပိုင္ဆရာမက စုေပနဲ႔စုေရွာင္ေပါင္ကို အတန္းထဲကိုေခၚလာၿပီးေနာက္ သူမက အလြန္တရာ 'စိတ္လႈပ္ရွားေနၾကေသာ' ေက်ာင္းသားေတြကို ၾကည့္လိုက္မိၿပီး မ်က္ေမွာင္က်ဳံ႕လိုက္မိေတာ့တယ္ : "ဆူညံေနတာပဲ...တိတ္တိတ္ေနၾကစမ္း! တစ္ျခားအတန္းေတြမွာ ကိုယ္ပိုင္စာၾကည့္ခ်ိန္ေတြရွိေသးတယ္ေလ!"

"ဒီႏွစ္ေယာက္က မင္းတို႔ရဲ႕အတန္းေဖာ္အသစ္ စုေပနဲ႔စုေရွာင္ေပါင္တဲ့။ အားလုံးက အတန္းေဖာ္အသစ္ေတြ အဆင္ေျပေျပျဖစ္ေအာင္နဲ႔ ဆရာမတို႔အတန္းနဲ႔လည္း ရင္းရင္းႏွီးႏွီးျဖစ္သြားေအာင္ တတ္ႏိုင္သမွ် ကူညီေပးၾကဖို႔လည္း ေမွ်ာ္လင့္ပါတယ္ေနာ္"

"ဆရာမ...ကြၽန္ေတာ္တို႔အတန္းေဖာ္အသစ္ေတြကို ေကာင္းေကာင္းဂ႐ုစိုက္လိုက္ပါ့မယ္ခင္ဗ်!" တစ္ေယာက္က ႐ုတ္တရက္ ထေအာ္လိုက္တယ္။

"ေကာင္းၿပီ မင္းတို႔ႏွစ္ေယာက္ အခုထိုင္လို႔ရၿပီ။ ဆရာမတို႔ သင္ခန္းစာေတြ စသင္ေတာ့မယ္" အတန္းပိုင္ဆရာမက သူတို႔ထိုင္ခုံေတြကိုပါ စီစဥ္ေပးလိုက္တယ္။

စုေပရဲ႕ေဘးခ်င္းကပ္ခုံက တုန႔္ဝိန္ခ်ီက ႐ိုးရွင္းတဲ့မိန္းကေလးတစ္ေယာက္ျဖစ္တယ္။ တစ္ဖက္လူကေန လက္ဦးမႈယူၿပီး စကားစေျပာလာတဲ့အခါ ႏွစ္ေယာက္သားက ျမန္ျမန္ဆန္ဆန္ပဲ ရင္းႏွီးသြားၾကေတာ့တယ္။

"နင္ေျပာခ်င္တာက နင္နဲ႔စုေရွာင္ေပါင္နဲ႔က နဂါးနဲ႔ဇာမဏီလိုမ်ိဳး အမႊာေတြဆို?"

"အင္းေလ"

"ဒါဆို နင္တို႔က ဘာလို႔မတူၾကတာလဲ?"

"နဂါးနဲ႔ဇာမဏီလိုမ်ိဳး အမႊာဆိုတာက ေမာင္ႏွမအရင္းေတြပဲေလ"

"ငါသိၿပီ..."

"အတန္းေဖာ္ေလးေရ...ငါ့ေဘာပင္ေလး နင့္စားပြဲခုံေအာက္ကို လိမ့္သြားလို႔ေလ။ ေက်းဇူးျပဳၿပီး

ေကာက္ေပးပါလားဟင္" ေကာင္မေလးတစ္ေယာက္ ေရာက္လာၿပီး သူတို႔စကားေျပာေနတာကို

ေႏွာင့္ယွက္လိုက္တယ္။

စုေပက ေခါင္းေမာ့ၿပီး အသစ္ေကာင္မေလးကို ၾကည့္လိုက္တယ္။ ေနာက္ေတာ့ သူမကခါးကိုင္းလိုက္ၿပီး စားပြဲခုံေအာက္က ေဘာပင္ကိုေကာက္ကာ လွမ္းေပးလိုက္တယ္။ ေကာင္မေလးက စုေပကို ခဏေလာက္ၾကာတဲ့အထိ စိုက္ၾကည့္လိုက္ၿပီးေနာက္ေတာ့ သူမဆီကေန ေဘာပင္ကိုယူသြားေတာ့တယ္။ စကားတစ္လုံးမွမေျပာပဲ သူမကေနာက္ေက်ာေပးကာ လွည့္ထြက္သြားေတာ့တယ္။

စုေပ : .....

ဒီေကာင္မေလးရဲ႕မ်က္လုံးေတြထဲမွာ မလိုမုန္းထားမႈအရိပ္အေယာင္ေတြ ရွိေနတယ္လို႔ သူမခံစားေနရတယ္။

"သူ႔ကိုဂ႐ုစိုက္မေနနဲ႔" တုန႔္ဝိန္ခ်ီက စုေပကိုေျပာလိုက္တယ္။

"သူကေဘာပင္ကို သူ႔ဘာသူေကာက္ခ်င္ေနတာလား?" စုေပက သံသယျဖစ္စြာေမးလိုက္တယ္။

"မဟုတ္ပါဘူး" တုန႔္ဝိန္ခ်ီကထပ္ေျပာတယ္ : "ခုနကေကာင္မေလးက က်န္းမုန႔္မုန႔္ေလ၊ ေက်ာင္းအလွပန္းေလးရဲ႕ die-hard fan တစ္ေယာက္ေပါ့"

[T/N : die-hard ဆိုတာက လူ သို႔မဟုတ္ တစ္စုံတစ္ရာကို အ႐ူးအမူးစြဲလန္းျခင္းပဲျဖစ္ပါတယ္။ die-hard fan ဆိုတာကေတာ့ ကိုယ္သာေသခ်င္ေသသြားပါေစ ကိုယ့္ idol ကလြဲလို႔က်န္တာဖြဲစကြဲပဲ ဆိုတာကို ေျပာခ်င္တာပါ။ အမဆိုရင္ က်န႔္ေလးရဲ႕ die-hard fan တစ္ေယာက္ပါကြယ္]

"နင့္နဲ႔စုေရွာင္ေပါင္တို႔က အတန္းထဲမဝင္လာေသးတာမို႔ မသိလိုက္တာ ငါတို႔အတန္းထဲက လူေတြက ေက်ာင္းသားအသစ္ေတြက ေက်ာင္းအလွပန္းေလးထက္ လွလား မလွဘူးလား ဆိုတဲ့အေၾကာင္းေတြကို ေဆြးေႏြးေနၾကတာေလ။ က်န္းမုန႔္မုန္က သူ႔ေက်ာင္းအလွပန္း နတ္ဘုရားမေလးက ၿခိမ္းေျခာက္ခံေနရတာကို ျမင္ရေတာ့ သူမေပ်ာ္ေတာ့ဘူးေလ။ အခုလည္း ငါထင္တာေတာ့ သူက ဒီဖက္ကို တမင္သက္သက္ ေဘာပင္ကိုလွိမ့္ခ်လိုက္ၿပီး သူ႔နတ္ဘုရားမေလးရဲ႕ ၿပိဳင္ဘက္အသစ္ကေလးကို တိတ္တိတ္ေလး လာၾကည့္တာပဲေနမွာေပါ့"

စုေပက တုန႔္ဝိန္ခ်ီေျပာတဲ့ 'ၿပိဳင္ဘက္' ဆိုတာကိုၾကားလိုက္ရေတာ့ သူမကၿပဳံးလိုက္မိတယ္။ "နင္ေရာဆုံးျဖတ္ၿပီးၿပီလား? ဘယ္သူကပိုလွလဲဆိုတာကိုေလ?" သူမက ေနာက္ေျပာင္သလိုမ်ိဳးနဲ႔ ေမးလိုက္တယ္။

"အာ...အတူတူေလာက္ပါပဲဟ။ နင္နဲ႔ေက်ာင္းအလွပန္းေလးရဲ႕ style ေတြက မတူေတာ့ ႏႈိင္းယွဥ္ေနစရာကို မလိုတာပါ"

စုန႔္ရွင္းယီရဲ႕အလွက ႏွစ္လိုဖြယ္ေကာင္းၿပီး ခ်စ္စရာေကာင္းတဲ့ပုံစံမ်ိဳး။ ဆန႔္က်င္ဘက္အေနနဲ႔ စုေပကက်ေတာ့ နန္းဆန္တဲ့အလွမ်ိဳးျဖစ္တယ္။ စုေပက အရမ္းပိန္ေနတာေလးတစ္ခုပဲ။ တုန႔္ဝိန္ခ်ီထင္တာေတာ့ စုေပကဒီထက္ နည္းနည္းေလာက္ျပည့္ျပည့္ေလး ျဖစ္သြားမယ္ဆိုရင္ သူမကပိုၾကည့္ေကာင္းသြားမွာ အေသအခ်ာပဲ။ မ်က္ႏွာေလးတစ္ခုတည္းကိုပဲ ၾကည့္မယ္ဆိုရင္ေတာ့ သူမက စုန႔္ရွင္းယီထက္သာၿပီးသားျဖစ္တယ္။ သို႔ေပသိ စုန႔္ရွင္းယီက ေက်ာင္းအလွပန္းေလးဆိုတဲ့ title ရထားတဲ့အေၾကာင္းရင္းက သူမကေခ်ာေမာလွပတာ တစ္ခုထဲေၾကာင့္ေတာ့ မဟုတ္ဘူး။ သူမက ေကာင္းမြန္တဲ့အမူအက်င့္၊ အဆင့္ေကာင္းေကာင္းႏွင့္ စြယ္စုံရတဲ့သူ တစ္ေယာက္ျဖစ္တာေၾကာင့္ပဲ ျဖစ္တယ္။ ဒီလိုအရည္အခ်င္းေကာင္းေတြ ထပ္ေပါင္းထည့္လိုက္မွသာ သူမကို ေက်ာင္းနတ္ဘုရားမေလးတစ္ပါး ျဖစ္ေစခဲ့တာျဖစ္တယ္။ စုေပကလွေပမယ့္လို႔ သူမက စုန႔္ရွင္းယီရဲ႕ဂုဏ္ျဒပ္ေတြကို ၿခိမ္းေျခာက္ႏိုင္ဖို႔ဆိုတာက သိပ္မေသခ်ာဘူးေလ။ တုန႔္ဝိန္ခ်ီနားမလည္ႏိုင္တာက ဘာလို႔မ်ား က်န္းမုန႔္မုန႔္က စိတ္လႈပ္ရွားရေလာက္တဲ့အထိ ခံစားဖို႔လိုအပ္ေနတာလဲဆိုတာပါပဲ။

"စကားေျပာတာရပ္လိုက္ၾကရေအာင္ေနာ္။ အဘိုးႀကီးလင္း လာေနၿပီဟ...ငါတို႔တိတ္တိတ္ေလးေနသင့္တယ္" သူတို႔ရဲ႕သခ်ၤာဆရာက အတန္းထဲကိုဝင္လာတာကိုလည္းေတြ႕ေရာ တုန႔္ဝိန္ခ်ီက စုေပရဲ႕လည္ပင္းကို ႐ုတ္တရက္လွမ္းဆြဲကာ သူမကို တိုးတိုးေလးေျပာလိုက္တယ္။

"ဆရာလင္းကအရမ္းစည္းကမ္းႀကီးလို႔လား?" စုေပက စင္ျမင့္ေပၚက အသက္ငါးဆယ္စြန္းစြန္းအ႐ြယ္ ၾကင္နာတတ္ပုံေပါက္တဲ့ဆရာကို တစ္ခ်က္ၾကည့္လိုက္တယ္။

"စည္းကမ္းမႀကီးပါဘူး ဒါေပမယ့္ math crazy ေလ" တုန႔္ဝိန္ခ်ီက စကားဆက္ေျပာလာတယ္ : "ငါနင့္ကိုေျပာျပမယ္...အဘိုးႀကီးလင္းက ငါတို႔အတန္းရဲ႕ အိပ္မက္ဆိုးႀကီးပဲဟ"

"နတ္ဘုရားေလးရွဲ႕ကိုၾကည့္ၾကည့္လိုက္" တုန႔္ဝိန္ခ်ီက အိပ္ေပ်ာ္ေနတဲ့ ရွဲ႕မင္႐ႊမ္းကို လက္ညႇိဳးထိုးျပလိုက္ၿပီး : "နတ္ဘုရားေလးလိုမ်ိဳး သခ်ၤာအမွတ္ျမင့္တဲ့ ေက်ာင္းသားေတြဆိုရင္ အဘိုးႀကီးလင္းက သူတို႔ဘာလုပ္လုပ္ ဂ႐ုကိုမစိုက္တာ။ ဒါေပမယ့္ ငါတို႔လို ပွ်မ္းမွ်အမွတ္ထက္ေတာင္ နည္းတဲ့သူမ်ိဳးေတြက်ေတာ့-" တုန႔္ဝိန္ခ်ီက သခ်ၤာအမွတ္နည္းတဲ့သူမတို႔အဖြဲ႕ထဲကေက်ာင္းသူတစ္ေယာက္အျဖစ္ စုေပကို အလိုအေလ်ာက္ပဲ သတ္မွတ္လိုက္ေတာ့တယ္။ စုန႔္ရွင္းယီလိုမ်ိဳး ေခ်ာေမာလွပတဲ့မ်က္ႏွာေလးနဲ႔ ပညာေရးအဆင့္အတန္းျမင့္တဲ့ လူမ်ိဳးေတြကေတာ့ အနည္းငယ္ပဲရွိတာေလ။ ေယဘုယ်အားျဖင့္ ေခ်ာေမာလွပတဲ့ မိန္းကေလးေတြက ေက်ာင္းပါရမီရွင္ေလး တစ္ေယာက္နဲ႔ေတာ့ ဘယ္လိုမွမတူညီႏိုင္ဘူးေလ။

သူတို႔စကားေျပာေကာင္းေနတုန္းမွာ သခ်ၤာဆရာက projection screen ေပၚမွာ ေမးခြန္းတစ္ခုတင္လိုက္တယ္။

"ဒီေမးခြန္းကိုေျဖရွင္းဖို႔ ေက်ာင္းသားတစ္ေယာက္ကို ဆရာေမးမယ္" ဆရာလင္းရဲ႕မ်က္လုံးေတြက အတန္းထဲမွာ ေဝ့ဝိုက္လို႔ေနတယ္။

"အာ...ဒါကေနာက္ထပ္ ႏွိပ္စက္ညႇင္းပန္းမႈတစ္ခုပဲ။ အိုး ဘုရားေရ...ဘာလို႔မ်ား အဘိုးႀကီးလင္းက ငါတို႔ကိုၾကည့္ေနတယ္လို႔ ခံစားေနရပါလိမ့္ေနာ္" တုန႔္ဝိန္ခ်ီက စိတ္လႈပ္ရွားစြာနဲ႔ ညည္းတြားေနေတာ့တယ္။

အဘိုးႀကီးလင္းက ပထမဆုံးေန႔ကတည္းက စုေပကို မေ႐ြးေလာက္ပါဘူး...သူလုပ္ေလာက္လား? တုန႔္ဝိန္ခ်ီက စုေပကို စာနာသနားသလိုမ်ိဳး ၾကည့္လိုက္တယ္။ သို႔ေပမယ့္ စကၠန႔္အနည္းေလာက္ၾကာေတာ့ သူမက ဆရာလင္းရဲ႕ က်ယ္ေလာင္တဲ့အသံဩဩႀကီးကို ၾကားလိုက္ရတယ္ : "ဆရာတို႔ဆီမွာ ေက်ာင္းသားအသစ္ေတြလည္း ရွိတယ္ဆိုေတာ့ တုန႔္ဝိန္ခ်ီ သမီးဒီလာၿပီး ဒီျပႆနာကိုရွင္းျပေပးလိုက္ပါ"

တုန႔္ဝိန္ခ်ီက မိုးႀကိဳးပစ္ခံလိုက္ရသလိုမ်ိဳးျဖစ္ေနကာ : သူမအေျဖကို မသိဘူးေလ!

"ျမန္ျမန္ေလး...ျပ႒ာန္းစာအုပ္ထဲက ဥပမာေလးျဖစ္ျဖစ္ ကူရွာေပးပါအုန္းဟ!" ေၾကာက္လန႔္တၾကား မတ္တပ္ထမရပ္ခင္ေလးမွာ တုန႔္ဝိန္ခ်ီက ထိတ္လန႔္တုန္လႈပ္စြာနဲ႔ တိုးတိုးေလး အကူအညီေတာင္းေတာ့တယ္။

စုေပက ေမးခြန္းကို တစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့ မွတ္စုစာအုပ္ထဲမွာ အေျဖကိုအလ်င္အျမန္ ခ်ေရးလိုက္တယ္။ အခ်ိန္သိပ္မရတာေၾကာင့္ သူမက လိုအပ္တဲ့ပုံေသနည္းသုံးခုနဲ႔ အေျဖကိုသာ ခ်ေရးလိုက္ရေတာ့တယ္။ ႐ိုးရွင္းေသာ္လည္း အမွတ္ေပးစည္းမ်ဥ္းအရ ဒါကအမွတ္ျပည့္ရႏိုင္ေလာက္ေသးတယ္။ စုေပက သူမမွတ္စုစာအုပ္က အေျဖစာ႐ြက္ကို ဆုတ္ၿဖဲလိုက္ကာ သူမေဘးကအတန္းေဖာ္ကို အေလာတႀကီး ကမ္းေပးလိုက္ရတယ္။

တုန႔္ဝိန္ခ်ီက စာ႐ြက္ကိုယူၿပီး စင္ျမင့္ေပၚသို႔ လမ္းေလွ်ာက္သြားေနခ်ိန္မွာ တိတ္တဆိတ္ခိုးၾကည့္လိုက္တယ္။ မွတ္စုေလးက သူမကို ေၾကာင္ေတာင္ေတာင္ျဖစ္သြားေစတယ္ : ဒါကဘယ္လိုေတာင္ဆိုးဝါးလိုက္သလဲ? ဒီအေျဖႀကီးကိုသာ တိုက္႐ိုက္ႀကီးကူးခ်လိုက္လို႔ကေတာ့ အဘိုးႀကီးလင္းဆီကေန ပိုျပင္းထန္ၾကမ္းတမ္းတဲ့ မိုးႀကိဳးမုန္တိုင္းႀကီး သူမဆီေရာက္မလာႏိုင္ဘူးလား? ေနာက္တစ္နည္းကေတာ့ သူမစြန႔္စားလိုက္ၿပီး သူမဘာသာပဲ ဒီျပႆနာကို တစ္ဆင့္ခ်င္းစီ ႀကိဳးစားေျဖရွင္းလိုက္ရင္ ေကာင္းမလား။

ဘာျဖစ္လို႔လည္းဆိုေတာ့ တုန႔္ဝိန္ခ်ီေတြ႕လိုက္ရတာက စုေပရဲ႕သခ်ၤာက သူမထက္ေတာင္ ဆိုးဝါးႏိုင္တာေၾကာင့္ပဲျဖစ္တယ္။

-----

သခ်ၤာသင္ခန္းစာအခ်ိန္က ေနာက္ဆုံးေတာ့ ၿပီးသြားခဲ့တယ္။ နားေနခ်ိန္ေရာက္ေတာ့ ေကာင္မေလး တစ္ေယာက္က ႐ုတ္တရက္ႀကီး အတန္း ၈-၇ သို႔ေရာက္လာခဲ့တယ္။ သူမက တစ္ခန္းလုံးကို ေလွ်ာက္ၾကည့္ၿပီးေနာက္ေတာ့ သူမႏႈတ္ခမ္းေတြကို ေကြးၫႊတ္လိုက္ၿပီး တံခါးကေန ဝင္လာခဲ့တယ္။ သူမက စုေရွာင္ေပါင္ရဲ႕စားပြဲခုံေရွ႕မွာ ရပ္လိုက္ၿပီး သူ႔ကိုၿပဳံးျပလိုက္တယ္။ "ဟဲလို...ေက်ာင္းသားသစ္ေလး။ တို႔က အတန္း ၈-၃ က ဟြမ္ယင္ယင္ပါ"

22.10.2020

Thursday

_______________________________________

MWFV Ch 13

Is Our New Classmate Pretty?

Unicode Version

စုပေနဲ့စုရှောင်ပေါင်တို့ ပထမဆုံးကျောင်းတက်တဲ့နေ့မှာ ဦးလေးဖုက သူတို့ထက်ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေပုံရတယ်။

"ရှောင်ပေါင်၊ ရှောင်ပေ ဒါကကျောင်းထမင်းစားကဒ်။ နေ့လည်ထမင်းစားချိန်ရောက်လို့ စားသောက်တန်းက အစားအစာတွေက အရသာမရှိဘူးဆိုရင် ဦးလေးဖုကို ဖုန်းခေါ်လိုက်နော်။ ဦးလေးတို့အိမ်ကနေ မင်းတို့အတွက်

နေ့လည်စာလာပို့ပေးမယ်သိလား"

"မင်းတို့ဒီမိုဘိုင်းဖုန်းနှစ်လုံးကိုပါ ယူသွားကြ။ ဦးလေး အဲမှာအရေးကြီးနံပါတ်တွေကို မှတ်ထားပေးပြီးပြီ။"

"ကိုယ်ရံတော်တွေရဲ့ဖုန်းနံပါတ်တွေကိုလည်း ဒီမှာထည့်ထားပေးတယ်။ ဦးလေးမင်းတို့ကျောင်းသွားဖို့ ကားတစ်စီးစီစဉ်ထားပေးတယ်။ ကိုယ်ရံတော်တွေလည်း မင်းတို့နောက်ကလိုက်ကြမှာလေ။ သူတို့ကကျောင်းအပြင်ဖက်မှာ အရန်သင့်ရှိနေကြမှာ။ တစ်ခုခုဖြစ်တာနဲ့ သူတို့ကိုချက်ချင်းဆက်သွယ်ကြ ကြားလား?"

"သမီးတို့နားလည်ပါတယ် ဦးလေးဖုရယ်" စုပေက ဦးလေးဖုရဲ့မပြီးဆုံးနိုင်တဲ့ညွှန်ကြားချက်တွေကို ခေါင်းငြိမ့်ပြလိုက်တယ်။

"အဲဒါကောင်းတာပေါ့။ အကယ်၍များ မင်းတို့က ကျောင်းအသစ်မှာ အနိုင်ကျင့်ခံရတယ်ဆိုရင် ဘာမှကြောက်နေစရာမလိုဘူး။ ချင်မိသားစုက မင်းတို့ရဲ့ကျောထောက်နောက်ခံပဲ" ဦးလေးဖုက ကလေးနှစ်ယောက်ကို ကြည့်လိုက်ချိန်မှာ သူ့စိုးရိမ်မှုတွေကို ဖုံးကွယ်မထားနိုင်တော့ဘူး။ လွန်ခဲ့တဲ့ရက်တွေကတည်းက စုပေနဲ့စုရှောင်ပေါင်တို့ရဲ့ အဝတ်အစားတွေကို သူက အထူးအော်ဒါမှာထားပေးပြီးသားဖြစ်တယ်။ မောင်နှမနှစ်ယောက်ယူလာတဲ့ ခရီးဆောင်အိတ်တွေထဲ ဗီဒိုထဲမှာထည့်ထားတဲ့ ကြော်ငြာတီရှပ်အနည်းငယ်ပဲ ရှိတာက သူ့ကိုအရမ်းစိတ်မချမ်းမသာဖြစ်စေတယ်။

ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး သူက ကလေးနှစ်ယောက်ကို ဂရုတစိုက်နဲ့စောင့်ရှောက်လာခဲ့တာ။ စုပေရဲ့ပိန်ကပ်ပြီး ချောင်ကျနေတဲ့မျက်နှာလေးက နည်းနည်းပြည့်ပြည့်လေးဖြစ်လာပြီး သူမဘေးကကောင်လေး ဆိုရင်လည်း အနည်းငယ်ဝလာပြီးတော့ အရပ်လည်းနည်းနည်းရှည်လာခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့က အရမ်းပိန်နေသေးတာက အာဟာရများများလိုအပ်နေသေးတာကြောင့်ဖြစ်တယ်။

"စိတ်ချပါ ဦးလေးဖုရယ်။ စုရှောင်ပေါင်နဲ့သမီးတို့ ကျောင်းမှာအဆင်ပြေမှာပါ" စုပေက ဦးလေးဖုကို စိတ်ချစေရန်အလို့ငှာ ပြုံးပြလိုက်တယ်။ နောက်တော့ အိမ်တော်ထိန်းအဘိုးကြီးရဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်လုံးတွေအောက်မှာ သူမကစုရှောင်ပေါင်ကိုပါခေါ်ပြီး ကားထဲဝင်ထိုင်လိုက်ကာ ကျောင်းသို့ ထွက်လာခဲ့ကြတယ်။

-----

ကျောင်းကိုရောက်တော့ ကလေးနှစ်ယောက်က ကြီးကြပ်ရေးမှုးဆီ အရင်ဆုံးသတင်းပို့ကြရပြီးနောက် ကြီးကြပ်ရေးမှုးကနေပဲ အနည်းအကျဉ်းရှင်းပြပေးဖို့အတွက် အတန်း ၈-၇ ရဲ့အတန်းပိုင်ဆရာမဖြစ်သူရဲ့ရုံးခန်းဆီသို့ သူတို့ကိုခေါ်ဆောင်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အမွှာနှစ်ယောက်က အတန်းထဲသို့ဝင်တောင်မဝင်ရသေးခင်မှာ အတန်း ၈-၇ က ကျောင်းသားတွေဟာ ကျောင်းပြောင်းကျောင်းသားအသစ်တွေအကြောင်းကို အကြိတ်အနယ် ဆွေးနွေးနေကြတာဖြစ်တယ်။

[ကျိုးချီ : ကျောင်းသားအသစ်နှစ်ယောက်က ငါတို့အတန်းကိုလာမှာတဲ့]

[လျို့ခိုင် : ဒီစာသင်နှစ်ရဲ့တစ်ဝက်တောင်ရောက်နေပြီကို။ ဒီအချိန်မှ ကျောင်းသားအသစ်? တကယ်လား လာလှိမ့်နေတာလား?]

[ကျိုးချီ : အာ...တကယ်ပါကွ။ လီကျားနဲ့ငါနဲ့ ရုံးခန်းရှေ့ကဖြတ်သွားတော့ သူတို့ကို ငါတို့အတန်းပိုင်ဆရာမက ကြီးကြပ်ရေးမှုးရဲ့ရုံးခန်းကနေ ခေါ်လာတာကို ငါတို့တွေ့လိုက်တာ]

[ယီဝိန်ကျွင်း : ဖာခ့်...ဘယ်လိုအသစ်ကလေးတွေရောက်လာမှာတဲ့လဲ? ဗိုလ်ကျမယ့်ကောင်လား ဒါမှမဟုတ် ဆန်ကုန်မြေလေးကောင်လား?]

[လီကျား : သူတို့ဗိုလ်ကျလား မကျလားတော့ ငါလည်းမသိဘူး။ ဒါပေမယ့် သူတို့မျက်နှာလေးတွေကတော့ သောက်ရမ်းကြည့်ကောင်းတယ်ဟ!]

-----

စာသင်ခန်းရဲ့ထောင့်လေးမှာ ခဏကြာတဲ့အထိ အတန်းအွန်လိုင်း group မှာလျှောက်ကြည့်ပြီးနောက်တော့ လျို့ခိုင်ကသူ့မိုဘိုင်းဖုန်းကို အဝေးမှာထားလိုက်ကာ တုယီမင်နားက လူအစုလိုက်ကို လှမ်းအော်လိုက်တယ် : "ဟေ့ကောင်တွေ မင်းတို့ group ထဲမှာ လီကျားရဲ့ post ကိုတွေ့ပြီးကြပြီလား?"

ချန်ဇန်း : "အာ...တွေ့ပြီးပြီကွ။ ငါကြားတာတော့ ငါတို့အတန်းဖော်အသစ်လေးက အရမ်းလှဆိုပဲ"

ရှုယန်ယန် : "အိုး ငါ့ကောင်ရ။ ငါက ငါတို့အတန်းထဲက ကောင်မလေးတွေရဲ့အလှအပတွေကြည့်ရတာကို ငြီးငွေ့နေတာကြာပြီ။ နောက်ဆုံးတော့ ကောင်မလေးအသစ်တစ်ယောက် ရောက်လာပြီပေါ့။ မြန်မြန်လေး ငါ့ကိုဖိချထားလိုက်စမ်းပါ မဟုတ်ရင် ငါတော့ရူးသွားလိမ့်မယ်"

လျို့ခိုင် : "မင်းသောက်ရူးကောင်ပဲ။ အတန်းဖော်အသစ်က ပေါ်တောင်မလာသေးပဲနဲ့ သူမကလှတယ်လို့ မင်းဘယ်လိုလုပ်သိနေရတာလဲ"

"မဆိုးပါဘူး" အဲဒီအချိန်မှာပဲ အစကတည်းက စားပွဲပေါ်မှာအိပ်နေတဲ့ ရှဲ့မင်ရွှမ်းက ထလာပြီးတော့ ပျင်းရိစွာနဲ့ မှတ်ချက်ပေးလိုက်တယ်။

"အာ...အစ်ကိုရွှမ်း နိုးပြီလား"

"ခဏလေး... အစ်ကိုရွှမ်း ခုနကဘာပြောလိုက်တာ? 'မဆိုးပါဘူး'?" ကောင်လေးတွေက သူတို့မျက်လုံးတွေ ရုတ်တရက်ပြူးကျယ်သွားပြီးနောက် ရှဲ့မင်ရွှမ်းကို ပြိုင်တူကြည့်မိလိုက်ကြတယ်။

"အစ်ကိုရွှမ်း အစ်ကိုပြောလိုက်တာက အတန်းဖော်အသစ်အကြောင်းလား?"

"အစ်ကိုရွှမ်း အစ်ကိုက အတန်းဖော်အသစ်ကို မြင်ဖူးလို့လား?"

"အင်း" မြင်ရုံတင်မကပဲ သူက သူတို့နဲ့အတူထိုင်ပြီး လပတ်စာမေးပွဲတောင် ဖြေလိုက်ရသေးတာကို။

ရှဲ့မင်ရွှမ်းခေါင်းငြိမ့်ပြတာကိုလည်း မြင်ရော ကောင်လေးတွေရဲ့မျက်လုံးတွေက ပင့်တက်သွားကြတော့တယ်။ အစ်ကိုရွှမ်းက ဘယ်လိုလူမျိုးမို့လို့လည်း school flower ဆိုတဲ့ ကျောင်းအလှပန်းလေးတွေကိုတောင် သူကစိတ်မဝင်စားတဲ့သူမျိုး။ သူ့ကို 'မဆိုးပါဘူး' လို့ပြောထွက်စေရင်တော့ အဲဒီကောင်မလေးက ရှေးခေတ်တရုတ်ပြည်ရဲ့ ရာဇဝင်တွင်လောက်တဲ့ အချောအလှလေးဖော်လိုမျိုး မတရားလှတဲ့သူပဲပေါ့!

"အာ အား... အစ်ကိုရွှမ်း သူမကဘယ်လိုမျိုးလေးလဲ? ဖြူစင်ပြီးချစ်စရာကောင်းတာမျိုးလား? ဒါမှမဟုတ် ညှို့အားပြင်းတဲ့သူမျိုးလား? သူမကကိုယ်လုံးကိုယ်ပေါက်ရောလှရဲ့လား?" ရှုယန်ယန်က စိတ်လှုပ်ရှားစွာနဲ့ မေးမြန်းတော့တယ်။

သူပြန်ရလိုက်တာကတော့ ရှဲ့မင်ရွှမ်းရဲ့ရေခဲတမျှအေးစက်တဲ့အကြည့်တွေပဲဖြစ်တယ်။

"ရှုယန်ယန် မင်းဒီလောက်ထိနှာဘူးမထလို့မရဘူးလား?" တုယီမင်က ဘေးကရှုယန်ယန်ရဲ့ထိုင်ခုံကို ဆောင့်ကန်လိုက်တယ်။

"ဘာ နှာဘူးထတယ်ဟုတ်လား...ပြောကြကြေးဆို မင်းရောမသိချင်ဘူးလား? အော် ဟုတ်သားပဲ... ငါမေ့တော့မလို့ ငါတို့အစ်ကိုကြီးယီမင်ရဲ့ နှလုံးသားထဲမှာက နတ်ဘုရားမလေးယင်ယင် တစ်ယောက်တည်း ရှိနေပြီးသားလေ"

"မင်းချီးဦးနှောက်နဲ့ကောင်...ငါက ဟွမ်ယင်ယင်ကိုလေးစားတာပဲရှိတာကွ မင်းနားလည်လား?"

"ငါနားမလည်ပေါင် ဒါပေမယ့်ငါသိတာတော့ မင်းက သောက် masochist တစ်ကောင်ပဲဖြစ်မှာ...ဟား ဟား"[T/N : masochist = နာကျင်ခြင်းကိုသာယာသူ]

ကောင်လေးတွေက ဒေါကြီးမောကြီးနဲ့ငြင်းခုံနေကြဆဲမို့ ရှဲ့မင်ရွှမ်းက စားပွဲပေါ်ပြန်မအိပ်ခင်လေးမှာ "ပဲပင်ပေါက်ခြောက်လိုကောင်တွေ..." ဆိုပြီး တိုးတိုးရေရွတ်လိုက်ပြီးမှ ဆက်အိပ်နေတော့တယ်။

"အစ်ကိုရွှမ်း အခုလေးတင် တစ်ခုခုများပြောလိုက်သလားလို့?"

"မင်းနားကြားမှားတာလား?"

-----

တစ်ဖက်မှာတော့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ကလည်း ဒီအကြောင်းအရာကိုပဲ ဆွေးနွေးနေကြတယ်။

[လျို့ခိုင်တို့အဖွဲ့ပြောနေကြတာက အသစ်ကောင်မလေးက ကျောင်းအလှပန်းလေးထက် အများကြီးပိုလှတယ်ဆိုပဲ]

[ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟ?]

[ငါလည်း အဲဒါကမဖြစ်နိုင်ဘူးလို့ထင်တာပါပဲ။ ငါတို့အားလုံးက မိန်းကလေးတွေဆိုပေမယ့်လို့ ငါကတော့ ကျောင်းအလှပန်းလေးကို နည်းနည်းလေးတောင် မနာလိုမဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ သူမက ငါမနာလိုဖြစ်ရမှာထက်တောင်လွန်ပြီး အရမ်းလှလွန်းတယ်လေ]

[နတ်ဘုရားမလေး ရှင်းယီကိုမတွေ့ရတာ ဒီနေ့နဲ့ဆိုရင် ဆယ့်နှစ်ရက်တောင်ရှိသွားပြီနော်။ ငါသူမကိုလွမ်းလိုက်တာ]

[ကျန်းမုန့်မုန့်ရဲ့ ရူးသွပ်တဲ့ fangirling ကတော့ ပေါ်လာပြန်ပဟ။ ဒါပေမယ့် စုန့်ရှင်းယီကျောင်းမလာတာ နှစ်ပတ်လောက်ရှိနေပြီမလား? ဒီစာသင်နှစ်ကို သူမတက်ဖို့အစီအစဉ်မရှိတော့ဘူးလား?]

[ငါ အတန်း ၈-၂ ကကျောင်းသားတစ်ယောက် ပြောသံကြားတာတော့ စုန့်ရှင်းယီက နိုင်ငံတကာစန္ဒရားပြိုင်ပွဲ တစ်ခုမှာ ဝင်ပြိုင်ဖို့ပြင်ဆင်နေတာတဲ့]

[ဘုရားရေ! အားကျလိုက်တာဟယ်! မျက်နှာလှလှ အသံချိုချို အဆင့်ကောင်းပြီး စွယ်စုံရတာနော်!]

[အဲဒါကြောင့်လည်း သူမက ကျောင်းအလှပန်းလေးဖြစ်နေတာပေါ့]

[ဒါဆို တစ်ခြားမိန်းကလေးတစ်ယောက်က သူမကိုကျော်တက်နိုင်လောက်မယ်လို့ ငါတော့မထင်ဘူး]

[ဟုတ်တာပေါ့ ဟုတ်တာပေါ့]

[ငါ လီကျားကိုခေါ်ထားတယ်။ သူမပြောတာနားထောင်ကြည့်လိုက်ကြ]

[လီကျား : နင်တို့ပြောနေကြတာက အတန်းဖော်အသစ်အကြောင်းမလား? သူမက တကယ်လှပါတယ် ဒါပေမယ့် ငါကသူ့မကို သိပ်စိတ်မဝင်စားပါဘူး]

[ဒါဆို နင်ကဘယ်သူ့ကို စိတ်ဝင်စားတာလဲ?]

[လီကျား : ကျောင်းသားအသစ်ကလေးကိုလေ]

[အရမ်းချောလို့လား?]

[ဒါမှမဟုတ် ကြည့်ရတာထူးဆန်းနေလို့လား?]

[လီကျား : အရမ်းချောတာဟဲ့...သခင်လေးယဲ့နဲ့ နတ်ဘုရားလေး ရှဲ့တို့နဲ့ အဆင့်အတူတူပဲဟ]

[!]

ဒုတိယမြောက်စာသင်ချိန်ရောက်တော့ စုပေနဲ့စုရှောင်ပေါင်တို့ကို အတန်းပိုင်ဆရာမက အတန်း ၈-၇ သို့ ခေါ်ဆောင်သွားတော့တယ်။ သူတို့အတန်းဖော်အသစ်ကို မျှော်လင့်နေတဲ့အကြည့်တွေအောက်မှာ စုရှောင်ပေါင်က စုပေထက်အရင် အတန်းထဲသို့ဝင်သွားခဲ့တယ်။ သူတို့ကစုရှောင်ပေါင်ကိုလည်းမြင်ရော ကောင်မလေးတွေက အာမေဍိတ်သံတိုးတိုးလေးတွေ ထွက်ပေါ်လာကြတော့တယ်။ ဒါပေမယ့် လျို့ခိုင်ရယ် တုယီမင်ရယ် တစ်ခြားကောင်လေးအချို့ကတော့ သူတို့မေးရိုးတွေ ပြုတ်ကျလုမတတ် ဖြစ်သွားရတယ်။

ဒါကအစ်ကိုရွှမ်းပြောတဲ့ 'မဆိုးပါဘူး' ဆိုတာလားဟ? သေချာတာပေါ့...သူကတော်တော်ချောတာပဲကို။ ဒါပေမယ့် ဒါကယောက်ျားလေးလေ? ဒါဆို သူက အစ်ကိုရွှမ်းပြောတဲ့ 'ပဲပင်ပေါက်ခြောက်ကောင်' ဆိုတာပေါ့?

ပျာယာခတ်နေတဲ့ကောင်လေးတွေက သူတို့ခေါင်းတွေကို အိပ်ပျော်နေတဲ့ ရှဲ့မင်ရွှမ်းဆီကို မြန်မြန်လေး လှည့်ကြည့်လိုက်ကြတယ်။ သူ့ဘေးချင်းကပ်ခုံက အတန်းဖော်ချန်ဇန်းကလည်း နည်းနည်းဝေးဝေးကို ရွှေ့သွားခဲ့တယ်။ သူတို့က အစ်ကိုရွှမ်းနဲ့ သိကျွမ်းလာခဲ့တာ တစ်နှစ်နဲ့ခြောက်လတောင် ရှိခဲ့ပြီးပြီ။ ဒါပေမယ့် သူက တကယ်ကြီးကွေးနေတာကိုတော့ မသိလိုက်ဘူး?!

ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်မှာ စုပေကအတန်းထဲကိုဝင်လာတော့မှ ကောင်လေးတွေရဲ့ ရှဲ့မင်ရွှမ်းအပေါ် 'နားလည်မှုလွဲခြင်း' ဆိုတာကြီးက သက်သာရာရသွားခဲ့တော့တယ်။

အတန်းပိုင်ဆရာမက စုပေနဲ့စုရှောင်ပေါင်ကို အတန်းထဲကိုခေါ်လာပြီးနောက် သူမက အလွန်တရာ 'စိတ်လှုပ်ရှားနေကြသော' ကျောင်းသားတွေကို ကြည့်လိုက်မိပြီး မျက်မှောင်ကျုံ့လိုက်မိတော့တယ် : "ဆူညံနေတာပဲ...တိတ်တိတ်နေကြစမ်း! တစ်ခြားအတန်းတွေမှာ ကိုယ်ပိုင်စာကြည့်ချိန်တွေရှိသေးတယ်လေ!"

"ဒီနှစ်ယောက်က မင်းတို့ရဲ့အတန်းဖော်အသစ် စုပေနဲ့စုရှောင်ပေါင်တဲ့။ အားလုံးက အတန်းဖော်အသစ်တွေ အဆင်ပြေပြေဖြစ်အောင်နဲ့ ဆရာမတို့အတန်းနဲ့လည်း ရင်းရင်းနှီးနှီးဖြစ်သွားအောင် တတ်နိုင်သမျှ ကူညီပေးကြဖို့လည်း မျှော်လင့်ပါတယ်နော်"

"ဆရာမ...ကျွန်တော်တို့အတန်းဖော်အသစ်တွေကို ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ်ခင်ဗျ!" တစ်ယောက်က ရုတ်တရက် ထအော်လိုက်တယ်။

"ကောင်းပြီ မင်းတို့နှစ်ယောက် အခုထိုင်လို့ရပြီ။ ဆရာမတို့ သင်ခန်းစာတွေ စသင်တော့မယ်" အတန်းပိုင်ဆရာမက သူတို့ထိုင်ခုံတွေကိုပါ စီစဉ်ပေးလိုက်တယ်။

စုပေရဲ့ဘေးချင်းကပ်ခုံက တုန့်ဝိန်ချီက ရိုးရှင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ တစ်ဖက်လူကနေ လက်ဦးမှုယူပြီး စကားစပြောလာတဲ့အခါ နှစ်ယောက်သားက မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားကြတော့တယ်။

"နင်ပြောချင်တာက နင်နဲ့စုရှောင်ပေါင်နဲ့က နဂါးနဲ့ဇာမဏီလိုမျိုး အမွှာတွေဆို?"

"အင်းလေ"

"ဒါဆို နင်တို့က ဘာလို့မတူကြတာလဲ?"

"နဂါးနဲ့ဇာမဏီလိုမျိုး အမွှာဆိုတာက မောင်နှမအရင်းတွေပဲလေ"

"ငါသိပြီ..."

"အတန်းဖော်လေးရေ...ငါ့ဘောပင်လေး နင့်စားပွဲခုံအောက်ကို လိမ့်သွားလို့လေ။ ကျေးဇူးပြုပြီး

ကောက်ပေးပါလားဟင်" ကောင်မလေးတစ်ယောက် ရောက်လာပြီး သူတို့စကားပြောနေတာကို

နှောင့်ယှက်လိုက်တယ်။

စုပေက ခေါင်းမော့ပြီး အသစ်ကောင်မလေးကို ကြည့်လိုက်တယ်။ နောက်တော့ သူမကခါးကိုင်းလိုက်ပြီး စားပွဲခုံအောက်က ဘောပင်ကိုကောက်ကာ လှမ်းပေးလိုက်တယ်။ ကောင်မလေးက စုပေကို ခဏလောက်ကြာတဲ့အထိ စိုက်ကြည့်လိုက်ပြီးနောက်တော့ သူမဆီကနေ ဘောပင်ကိုယူသွားတော့တယ်။ စကားတစ်လုံးမှမပြောပဲ သူမကနောက်ကျောပေးကာ လှည့်ထွက်သွားတော့တယ်။

စုပေ : .....

ဒီကောင်မလေးရဲ့မျက်လုံးတွေထဲမှာ မလိုမုန်းထားမှုအရိပ်အယောင်တွေ ရှိနေတယ်လို့ သူမခံစားနေရတယ်။

"သူ့ကိုဂရုစိုက်မနေနဲ့" တုန့်ဝိန်ချီက စုပေကိုပြောလိုက်တယ်။

"သူကဘောပင်ကို သူ့ဘာသူကောက်ချင်နေတာလား?" စုပေက သံသယဖြစ်စွာမေးလိုက်တယ်။

"မဟုတ်ပါဘူး" တုန့်ဝိန်ချီကထပ်ပြောတယ် : "ခုနကကောင်မလေးက ကျန်းမုန့်မုန့်လေ၊ ကျောင်းအလှပန်းလေးရဲ့ die-hard fan တစ်ယောက်ပေါ့"

[T/N : die-hard ဆိုတာက လူ သို့မဟုတ် တစ်စုံတစ်ရာကို အရူးအမူးစွဲလန်းခြင်းပဲဖြစ်ပါတယ်။ die-hard fan ဆိုတာကတော့ ကိုယ်သာသေချင်သေသွားပါစေ ကိုယ့် idol ကလွဲလို့ကျန်တာဖွဲစကွဲပဲ ဆိုတာကို ပြောချင်တာပါ။ အမဆိုရင် ကျန့်လေးရဲ့ die-hard fan တစ်ယောက်ပါကွယ်]

"နင့်နဲ့စုရှောင်ပေါင်တို့က အတန်းထဲမဝင်လာသေးတာမို့ မသိလိုက်တာ ငါတို့အတန်းထဲက လူတွေက ကျောင်းသားအသစ်တွေက ကျောင်းအလှပန်းလေးထက် လှလား မလှဘူးလား ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးနေကြတာလေ။ ကျန်းမုန့်မုန်က သူ့ကျောင်းအလှပန်း နတ်ဘုရားမလေးက ခြိမ်းခြောက်ခံနေရတာကို မြင်ရတော့ သူမပျော်တော့ဘူးလေ။ အခုလည်း ငါထင်တာတော့ သူက ဒီဖက်ကို တမင်သက်သက် ဘောပင်ကိုလှိမ့်ချလိုက်ပြီး သူ့နတ်ဘုရားမလေးရဲ့ ပြိုင်ဘက်အသစ်ကလေးကို တိတ်တိတ်လေး လာကြည့်တာပဲနေမှာပေါ့"

စုပေက တုန့်ဝိန်ချီပြောတဲ့ 'ပြိုင်ဘက်' ဆိုတာကိုကြားလိုက်ရတော့ သူမကပြုံးလိုက်မိတယ်။ "နင်ရောဆုံးဖြတ်ပြီးပြီလား? ဘယ်သူကပိုလှလဲဆိုတာကိုလေ?" သူမက နောက်ပြောင်သလိုမျိုးနဲ့ မေးလိုက်တယ်။

"အာ...အတူတူလောက်ပါပဲဟ။ နင်နဲ့ကျောင်းအလှပန်းလေးရဲ့ style တွေက မတူတော့ နှိုင်းယှဉ်နေစရာကို မလိုတာပါ"

စုန့်ရှင်းယီရဲ့အလှက နှစ်လိုဖွယ်ကောင်းပြီး ချစ်စရာကောင်းတဲ့ပုံစံမျိုး။ ဆန့်ကျင်ဘက်အနေနဲ့ စုပေကကျတော့ နန်းဆန်တဲ့အလှမျိုးဖြစ်တယ်။ စုပေက အရမ်းပိန်နေတာလေးတစ်ခုပဲ။ တုန့်ဝိန်ချီထင်တာတော့ စုပေကဒီထက် နည်းနည်းလောက်ပြည့်ပြည့်လေး ဖြစ်သွားမယ်ဆိုရင် သူမကပိုကြည့်ကောင်းသွားမှာ အသေအချာပဲ။ မျက်နှာလေးတစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင်တော့ သူမက စုန့်ရှင်းယီထက်သာပြီးသားဖြစ်တယ်။ သို့ပေသိ စုန့်ရှင်းယီက ကျောင်းအလှပန်းလေးဆိုတဲ့ title ရထားတဲ့အကြောင်းရင်းက သူမကချောမောလှပတာ တစ်ခုထဲကြောင့်တော့ မဟုတ်ဘူး။ သူမက ကောင်းမွန်တဲ့အမူအကျင့်၊ အဆင့်ကောင်းကောင်းနှင့် စွယ်စုံရတဲ့သူ တစ်ယောက်ဖြစ်တာကြောင့်ပဲ ဖြစ်တယ်။ ဒီလိုအရည်အချင်းကောင်းတွေ ထပ်ပေါင်းထည့်လိုက်မှသာ သူမကို ကျောင်းနတ်ဘုရားမလေးတစ်ပါး ဖြစ်စေခဲ့တာဖြစ်တယ်။ စုပေကလှပေမယ့်လို့ သူမက စုန့်ရှင်းယီရဲ့ဂုဏ်ဒြပ်တွေကို ခြိမ်းခြောက်နိုင်ဖို့ဆိုတာက သိပ်မသေချာဘူးလေ။ တုန့်ဝိန်ချီနားမလည်နိုင်တာက ဘာလို့များ ကျန်းမုန့်မုန့်က စိတ်လှုပ်ရှားရလောက်တဲ့အထိ ခံစားဖို့လိုအပ်နေတာလဲဆိုတာပါပဲ။

"စကားပြောတာရပ်လိုက်ကြရအောင်နော်။ အဘိုးကြီးလင်း လာနေပြီဟ...ငါတို့တိတ်တိတ်လေးနေသင့်တယ်" သူတို့ရဲ့သင်္ချာဆရာက အတန်းထဲကိုဝင်လာတာကိုလည်းတွေ့ရော တုန့်ဝိန်ချီက စုပေရဲ့လည်ပင်းကို ရုတ်တရက်လှမ်းဆွဲကာ သူမကို တိုးတိုးလေးပြောလိုက်တယ်။

"ဆရာလင်းကအရမ်းစည်းကမ်းကြီးလို့လား?" စုပေက စင်မြင့်ပေါ်က အသက်ငါးဆယ်စွန်းစွန်းအရွယ် ကြင်နာတတ်ပုံပေါက်တဲ့ဆရာကို တစ်ချက်ကြည့်လိုက်တယ်။

"စည်းကမ်းမကြီးပါဘူး ဒါပေမယ့် math crazy လေ" တုန့်ဝိန်ချီက စကားဆက်ပြောလာတယ် : "ငါနင့်ကိုပြောပြမယ်...အဘိုးကြီးလင်းက ငါတို့အတန်းရဲ့ အိပ်မက်ဆိုးကြီးပဲဟ"

"နတ်ဘုရားလေးရှဲ့ကိုကြည့်ကြည့်လိုက်" တုန့်ဝိန်ချီက အိပ်ပျော်နေတဲ့ ရှဲ့မင်ရွှမ်းကို လက်ညှိုးထိုးပြလိုက်ပြီး : "နတ်ဘုရားလေးလိုမျိုး သင်္ချာအမှတ်မြင့်တဲ့ ကျောင်းသားတွေဆိုရင် အဘိုးကြီးလင်းက သူတို့ဘာလုပ်လုပ် ဂရုကိုမစိုက်တာ။ ဒါပေမယ့် ငါတို့လို ပျှမ်းမျှအမှတ်ထက်တောင် နည်းတဲ့သူမျိုးတွေကျတော့-" တုန့်ဝိန်ချီက သင်္ချာအမှတ်နည်းတဲ့သူမတို့အဖွဲ့ထဲကကျောင်းသူတစ်ယောက်အဖြစ် စုပေကို အလိုအလျောက်ပဲ သတ်မှတ်လိုက်တော့တယ်။ စုန့်ရှင်းယီလိုမျိုး ချောမောလှပတဲ့မျက်နှာလေးနဲ့ ပညာရေးအဆင့်အတန်းမြင့်တဲ့ လူမျိုးတွေကတော့ အနည်းငယ်ပဲရှိတာလေ။ ယေဘုယျအားဖြင့် ချောမောလှပတဲ့ မိန်းကလေးတွေက ကျောင်းပါရမီရှင်လေး တစ်ယောက်နဲ့တော့ ဘယ်လိုမှမတူညီနိုင်ဘူးလေ။

သူတို့စကားပြောကောင်းနေတုန်းမှာ သင်္ချာဆရာက projection screen ပေါ်မှာ မေးခွန်းတစ်ခုတင်လိုက်တယ်။

"ဒီမေးခွန်းကိုဖြေရှင်းဖို့ ကျောင်းသားတစ်ယောက်ကို ဆရာမေးမယ်" ဆရာလင်းရဲ့မျက်လုံးတွေက အတန်းထဲမှာ ဝေ့ဝိုက်လို့နေတယ်။

"အာ...ဒါကနောက်ထပ် နှိပ်စက်ညှင်းပန်းမှုတစ်ခုပဲ။ အိုး ဘုရားရေ...ဘာလို့များ အဘိုးကြီးလင်းက ငါတို့ကိုကြည့်နေတယ်လို့ ခံစားနေရပါလိမ့်နော်" တုန့်ဝိန်ချီက စိတ်လှုပ်ရှားစွာနဲ့ ညည်းတွားနေတော့တယ်။

အဘိုးကြီးလင်းက ပထမဆုံးနေ့ကတည်းက စုပေကို မရွေးလောက်ပါဘူး...သူလုပ်လောက်လား? တုန့်ဝိန်ချီက စုပေကို စာနာသနားသလိုမျိုး ကြည့်လိုက်တယ်။ သို့ပေမယ့် စက္ကန့်အနည်းလောက်ကြာတော့ သူမက ဆရာလင်းရဲ့ ကျယ်လောင်တဲ့အသံဩဩကြီးကို ကြားလိုက်ရတယ် : "ဆရာတို့ဆီမှာ ကျောင်းသားအသစ်တွေလည်း ရှိတယ်ဆိုတော့ တုန့်ဝိန်ချီ သမီးဒီလာပြီး ဒီပြဿနာကိုရှင်းပြပေးလိုက်ပါ"

တုန့်ဝိန်ချီက မိုးကြိုးပစ်ခံလိုက်ရသလိုမျိုးဖြစ်နေကာ : သူမအဖြေကို မသိဘူးလေ!

"မြန်မြန်လေး...ပြဋ္ဌာန်းစာအုပ်ထဲက ဥပမာလေးဖြစ်ဖြစ် ကူရှာပေးပါအုန်းဟ!" ကြောက်လန့်တကြား မတ်တပ်ထမရပ်ခင်လေးမှာ တုန့်ဝိန်ချီက ထိတ်လန့်တုန်လှုပ်စွာနဲ့ တိုးတိုးလေး အကူအညီတောင်းတော့တယ်။

စုပေက မေးခွန်းကို တစ်ချက်ကြည့်လိုက်ပြီးတော့ မှတ်စုစာအုပ်ထဲမှာ အဖြေကိုအလျင်အမြန် ချရေးလိုက်တယ်။ အချိန်သိပ်မရတာကြောင့် သူမက လိုအပ်တဲ့ပုံသေနည်းသုံးခုနဲ့ အဖြေကိုသာ ချရေးလိုက်ရတော့တယ်။ ရိုးရှင်းသော်လည်း အမှတ်ပေးစည်းမျဉ်းအရ ဒါကအမှတ်ပြည့်ရနိုင်လောက်သေးတယ်။ စုပေက သူမမှတ်စုစာအုပ်က အဖြေစာရွက်ကို ဆုတ်ဖြဲလိုက်ကာ သူမဘေးကအတန်းဖော်ကို အလောတကြီး ကမ်းပေးလိုက်ရတယ်။

တုန့်ဝိန်ချီက စာရွက်ကိုယူပြီး စင်မြင့်ပေါ်သို့ လမ်းလျှောက်သွားနေချိန်မှာ တိတ်တဆိတ်ခိုးကြည့်လိုက်တယ်။ မှတ်စုလေးက သူမကို ကြောင်တောင်တောင်ဖြစ်သွားစေတယ် : ဒါကဘယ်လိုတောင်ဆိုးဝါးလိုက်သလဲ? ဒီအဖြေကြီးကိုသာ တိုက်ရိုက်ကြီးကူးချလိုက်လို့ကတော့ အဘိုးကြီးလင်းဆီကနေ ပိုပြင်းထန်ကြမ်းတမ်းတဲ့ မိုးကြိုးမုန်တိုင်းကြီး သူမဆီရောက်မလာနိုင်ဘူးလား? နောက်တစ်နည်းကတော့ သူမစွန့်စားလိုက်ပြီး သူမဘာသာပဲ ဒီပြဿနာကို တစ်ဆင့်ချင်းစီ ကြိုးစားဖြေရှင်းလိုက်ရင် ကောင်းမလား။

ဘာဖြစ်လို့လည်းဆိုတော့ တုန့်ဝိန်ချီတွေ့လိုက်ရတာက စုပေရဲ့သင်္ချာက သူမထက်တောင် ဆိုးဝါးနိုင်တာကြောင့်ပဲဖြစ်တယ်။

-----

သင်္ချာသင်ခန်းစာအချိန်က နောက်ဆုံးတော့ ပြီးသွားခဲ့တယ်။ နားနေချိန်ရောက်တော့ ကောင်မလေး တစ်ယောက်က ရုတ်တရက်ကြီး အတန်း ၈-၇ သို့ရောက်လာခဲ့တယ်။ သူမက တစ်ခန်းလုံးကို လျှောက်ကြည့်ပြီးနောက်တော့ သူမနှုတ်ခမ်းတွေကို ကွေးညွှတ်လိုက်ပြီး တံခါးကနေ ဝင်လာခဲ့တယ်။ သူမက စုရှောင်ပေါင်ရဲ့စားပွဲခုံရှေ့မှာ ရပ်လိုက်ပြီး သူ့ကိုပြုံးပြလိုက်တယ်။ "ဟဲလို...ကျောင်းသားသစ်လေး။ တို့က အတန်း ၈-၃ က ဟွမ်ယင်ယင်ပါ"

22.10.2020

Thursday

_____

Thanks😉

Continue Reading

You'll Also Like

18.9K 1.4K 51
Manhua Adaptation of The Man from Hell novel
871K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
63.2K 5.8K 11
Timetravel 😁 Uni and Zawgyi(owncreation)
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."