Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၅

124 23 0
By CrystSnow

Lucius က Poliana ကို လက်ခံခဲ့ပေမဲ့ သူမကို ဘယ်နေရာမှာ တာဝန်ပေးရမလဲဆိုတာ့ မဆုံးဖြတ်ပေးရသေးဘူး.

သူမဒဏ်ရာတွေက ကုသဖို့ လိုအပ်တာကြောင့် သူမ ဘာအလုပ်မှလဲ လုပ်ဖို့မလိုသေးဘူး.. 

ဒါပေမဲ့ သူမဒဏ်ရာတွေ ပျောက်သွားချိန်မှာတော့ သူမ စိတ်ပူလာသည် သူမ ဘယ်ကိုသွားရမလဲ?

နောက်ဆုံးတော့ သတင်းကောင်းရောက်လာခဲ့ပြီးတော့ သူမ ပြုံးနိုင်ခဲ့သည်

သူမကို Sir Baufallo ရဲ့ စစ်ထောက်ပံ့ရေးတပ်ခွဲမှာ တာဝန်ချထားပေးသည်. Aehas နဲ့ မတူတာက Acreian စစ်တပ်မှာ စီမံခန့်ခွဲရေးအဖွဲ့ သီးသန့်မရှိပေ.

ထောက်ပံ့ရေးအဖွဲ့ကပဲ အားလုံးကို တာဝန်ယူလုပ်ဆောင်ရသည်. ဒါကြောင့် Sir Baufallo က Lucius စစ်တပ်ရဲ့ ပထမတပ်ကြပ်ကြီးဖြစ်သည်

ဧကရာဇ်နဲ့ မှတ်တမ်းအရာရှိတို့နဲ့ အလောင်းအစားမှာ Sir Baufallo နဲ့ Ainno တို့က ရှုံးနိမ့်ခဲ့တာကြောင့် Poliana ကို လက်ခံဖို့ ဖိအားပေးခံလိုက်ရသည်

Sir Ainno က သူမကို သူ့တပ်ခွဲထဲပို့ရင် သတ်ပစ်မယ်လို့ ပြောနေတာကြောင့် Sir Baufallo က ရွေးချယ်စရာမရှိတော့ပဲ Poliana ကို လက်ခံလိုက်ရသည်

ဒါပေါ့ Poliana ကတော့ သူမကို နေရာချထားပေးတာနဲ့ပတ်သက်ပြီးတော့ ဒီလိုတွေဖြစ်ပျက်ခဲ့မှန်း မသိခဲ့ဘူးပေါ့

သူတို့တွေရဲ့ စိတ်ခံစားချက်တွေကိုဖယ်ပြီးတော့ Poliana ကို Acreian စစ်သည်အဖြစ်လက်ခံလိုက်ရသည် သူမကို တာဝန်ချထားပေးတဲ့နေရာကိုသွားကာ ချက်ချင်းသတင်းပို့လိုက်သည်

သူမကိုတွေ့တော့ Sir Baufallo က ပြောလိုက်တယ်

"အရှင်က ငါ ဒါမှမဟုတ် Sir Ainno ကို မင်းကို လက်ခံပေးဖို့ပြောခဲ့တာ အဲ့တာကြောင့် ငါက မင်းရဲ့အထက်လူကြီးဖြစ်လာတာ"

Poliana က Sir Ainno က ဘယ်တပ်ဖွဲ့ကို ဦးဆောင်တာလဲ သိချင်တာကြောင့် မေးလိုက်သည်

"ကျွန်မတစ်ခုလောက်မေးလို့ရမလား?

"မေးလေ"

"Sir Ainno က ဘယ်တပ်ဖွဲ့ကလဲ?"

"သူက အရှင့်ရဲ့ သီးသန့်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်"

သူက ဧကရာဇ်ဘေးနားကနေ ဘယ်တော့မှ မခွာတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်...

ဒီဟာက သူ့အရှင်ကို ခြိမ်းခြောက်တယ်လို့ ထင်ရတဲ့ ဘယ်သူမဆိုကို Sir Ainno အနေနဲ့ သတ်ပစ်ခွင့်ရှိသည်. ဒါကြောင့် ဟိုရက်တုန်းက သူမကို သူက ပါးရိုက်ခဲ့တာက အဓိပ္ပါယ်ရှိသည်

တစ်ချိန်တည်းမှာပဲ Sir Ainno က သူမကို ဘာလို့မုန်းတီးနေလဲဆိုတာကို Poliana နားလည်သွားသည်.

သူမက Acreian တွေရဲ့ တိုက်ခိုက်ခံရခြင်းမှာ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် သူမကို ဖမ်းဖို့အတွက် ဧကရာဇ်က သူ့ကို စေလွှတ်ခဲ့သည်.

Sir Ainno အနေနဲ့ ဧကရာဇ်နားမှာ အမြဲတမ်းရှိနေရမှာဖြစ်ပေမဲ့ သူမကို ဖမ်းဖို့အတွက် ထွက်လာခဲ့ရတာကြောင့် Sir Ainno က သူမကို မုန်းတီးနေတာ အံ့ဩစရာမရှိပေ

Sir Ainno က ဘယ်နေရာက လာခဲ့တာလဲဆိုတာကို သိနေတဲ့အတွက်ကြောင့် သူမကို သူ့တပ်ခွဲထဲမှာ လက်မခံတာကိုလဲ သူမက နားလည်လိုက်သည်

ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ထဲမှာ တိုင်းတစ်ပါးသားကို ထားရှိခြင်းက အလွန်အန္တရာယ်များသည်. 

တကယ်လို့ သူ့နေရာမှာ သူမသာဆိုရင်လဲ Poliana က အဲ့လိုလုပ်မိမှာပဲဖြစ်သည်

Poliana က ထပ်မေးလိုက်တယ်

"Sir Ainno က သန်မာလား?"

"သူက ငါတို့တိုင်းပြည်ရဲ့ အတော်ဆုံးစစ်သည်ပဲ"

သူက ဖြေပြီးတာနဲ့ သူမကိုမေးမိတော့မလို့

"ဘာလဲ? မင်းက သူနဲ့တိုက်ပြီးတော့ သူ့ကို ချနိုင်လား သိချင်လို့လား?"

တကယ်လို့ တခြားစစ်သည်တစ်ယောက်ဆိုရင်တော့ Sir Baufallo က စနောက်ကာ မေးလိုက်နိုင်သည် ဒါပေမဲ့ သူက မိန်းကလေးတစ်ယောက်ကို စကားပြောနေကြောင်း သတိရလိုက်တာကြောင့် သူ့ကိုယ်သူရပ်တန့်လိုက်သည်

သူက တခြားသာမာန်စစ်သည်တစ်ယောက်ကို စကားပြောမိသလိုဖြစ်နေမှန်း သတိရလိုက်သည်

သူမက Aehas စစ်တပ်မှာ ၆ နှစ်တာဝန်ထမ်းဆောင်ခဲ့တာကြောင့် သူမ ပုံစံက တကယ့်စစ်သည်တစ်ယောက်အတိုင်းဖြစ်သည်

ဒါပေမဲ့ သူမ မျက်ဝန်းတွေထဲမှာ တခြားစစ်သည်တွေလို Sir Ainno ရဲ့ သန်မာမှုကို စမ်းသပ်ချင်နေတဲ့ အရိပ်အယောင်မျိုး ရှိမနေဘူး.

Sir Baufallo က သူ့ကိုယ်သူ တွေးလိုက်တယ်

'သူက မိန်းကလေးပဲလေ'

Poliana အနေနဲ့ Sir Baufallo ဘာတွေတွေးနေလဲဆိုတာကို ပြောလို့ရသည်.

ခုနလေးတင် သူမကို သာမာန်စစ်သည်တစ်ယောက်လိုပြောဆိုဆက်ဆံနေပြီး. အခုကျတော့ သူမကို သာမာန်မိန်းမတစ်ယောက်လို ကြည့်နေသည်

သူမအနေနဲ့ နေသားကျနေပြီဖြစ်တာကြောင့် ဒါက သူမအတွက် အရေးမကြီးတော့ဘူး

သူမ စစ်သည်ဘဝကို မစွန့်လွှတ်မချင်း ဒီလိုအဖြစ်အပျက်တွေက ခဏခဏဖြစ်နေဦးမှာပဲ

သူမ အသက်ရှူထုတ်လိုက်တယ်

'စိတ်မပျက်နဲ့ အားမလျော့လိုက်နဲ့'

Poliana ရဲ့ ရာထူးအသစ်က အရေးမကြီးတာတော့ မဟုတ်ဘူး

ဘယ်စစ်တပ်မှာမဆို ထောက်ပံ့ရေးအဖွဲ့က အရေးပါသည်. 


သင့်လျော်တဲ့ ထောက်ပံ့ပေးမှုမရှိပဲနဲ့ စစ်သားတွေက စစ်မတိုက်နိုင်ပေ. 

အာဟာရပြည့်ဝအောင် ကျွေးမွေးထားခြင်းမရှိတဲ့ စစ်သည်တွေက စစ်ကို နိုင်အောင် မတိုက်နိုင်ဘူး

သူတို့ရဲ့ထောက်ပံ့ရေးကို လျော့ချပစ်လိုက်တဲ့အချိန်မျိုးတွေမှာ တစ်ချို့စစ်သားတွေက သူတို့ခေါင်းဆောင်ရဲ့အမိန့်ကို မနာခံတော့တဲ့ အဖြစ်မျိုးတွေရှိသည်

သင့်လျော်ကောင်းမွန်တဲ့ ထောက်ပံ့ရေးက စစ်တပ်တစ်ခုရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည် 

ဒါ့ကြောင့် ထောက်ပံ့ရေးအဖွဲ့ရဲ့ခေါင်းဆောင်ကို

ဖခင် (အဖေ) လို့ မခေါ်ကြပဲ မိခင် (အမေ)လို့ခေါ်ကြတယ်

ဒါပေမဲ့ သိသာတဲ့တစ်ချက်က ထောက်ပံ့ရေးအဖွဲ့က တခြားတပ်ဖွဲ့တွေလိုမျိုး ကောင်းမွန်စွာဆက်ဆံခြင်းမခံရဘူး. လူအများစုယုံကြည်ကြတာက စစ်သားတစ်ယောက်က တိုက်ပွဲတွေမှာ အားသုံးပြီးတော့ တိုက်ခိုက်နိုင်ရမယ် စီမံနဲ့ထောက်ပံ့တပ်ဖွဲ့က လူတွေက အားနည်းတယ်လို့ သူတို့က ယူဆကြတယ်

Acreian စစ်တပ်မှာတော့ ထောက်ပံ့အဖွဲ့က စစ်ထောက်ပံ့ရေးအပြင် အထွေထွေစီမံခန့်ခွဲမှုတွေကိုပါ လုပ်ရတာကြောင့် သူတို့ကို ဆက်ဆံတဲ့ပုံစံက ပိုပြီးဆိုးသည်

Poliana က ထောက်ပံ့အဖွဲ့မှာတာဝန်ပေးခံရတာကို သိရတော့ သူတို့‌တွေက သူမရဲ့တည်ရှိမှုကို လက်ခံခဲ့သည် မိန်းကလေးတစ်ယောက်က စီမံတပ်ဖွဲ့မှာ ရှိတာက သူတို့အနေနဲ့ သင့်တော်တယ်လို့ ယူဆတယ်

လက်တွေ့မှာ တော့ Poliana က အလွန်စိတ်ပျက်သွားသည်

ထောက်ပံ့ရေးနဲ့ စီမံရေးတပ်ဖွဲ့မှာ ဘယ်သူကမှ အောင်မြင်မှုမရနိုင်ဘူး. 

သူမက စစ်ထဲမှာ ပါဝင်ချင်တယ်. 

သူမက အောင်မြင်မှုကို ရယူနိုင်မဲ့ စစ်သည်တစ်ယောက်စစ်စစ်ဖြစ်ချင်တယ်

သူမက သူတို့ရဲ့ စစ်ပွဲတွေ, အောင်ပွဲတွေ, နယ်မြေသိမ်းယူခြင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ချင်တယ်

ထောက်ပံ့ရေးတပ်ဖွဲ့မှာတော့ ဘာနည်းဗျူဟာမှ မလိုဘူးလေ. 

သူတို့က အခြေအနေပေါ်မူတည်ပြီးတော့ အလုပ်များများလုပ်ဖို့ပဲလိုသည် ပြီးတော့ သူ / သူမက စစ်သားတွေရဲ့ မိခင်ဖြစ်လာကာ စစ်သည်တွေကို စောင့်ရှောက်ရမယ်

'စိတ်မပျက်လိုက်နဲ့, Poliana'

သူမ အရမ်းလောဘကြီးလို့မရဘူးဆိုတာကို သူမနားလည်သည်. Acreian စစ်တပ်မှာ သူမဘဝက အခုမှ စတင်တာကြောင့် သူမ ဖြေးဖြေးချင်းသွားဖို့လိုတယ်

ပြီးတော့ ထောက်ပံ့ရေးတပ်ဖွဲ့က စစ်တပ်တစ်ခုလုံးရဲ့ အခြေအနေတွေကို လေ့လာသင့်ဖို့ အကောင်းဆုံးနေရာဖြစ်သည် သူမက ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ သိပ်မသိတာသေးကြောင့် ဒီတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း လေ့လာသင်ဖို့ ဆုံးဖြတ်လိုက်သည်

သူမရဲ့ ၆ နှစ်တာ စစ်ပွဲအတွေ့အကြုံတွေက လစ်လျှူရှုခံလိုက်ရတာကိုတော့ သူမ စိတ်ပျက်သွားသည်. 

ဒါပေမဲ့ သူမက အင်ပါယာတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်လာတာကြောင့် အဲ့တာနဲ့ပတ်သက်ပြီးတော့ သူမဘဝကလဲ ပြောင်းလဲနိုင်ဖို့ မျှော်လင့်သည်

Continue Reading

You'll Also Like

5.7K 437 59
ငါ့ကဂိမ်းထဲဝင်နိုင်တယ် ဘာသာပြန် - Shwe Yun Ow - Ask The Heart Forever ချင်လင်သည် 'စိုက်ပျိုးမွေးမြူရေးခြံဇာတ်လမ်း'အမည်ရသော ခေတ်ဟောင်းဂိမ်းတစ်ခုကိုကစာ...
6K 682 13
Author : He Fengting Translate by Y&A Total chapter - 115 Cover by Pinterest Started date - 9 July 2024 End date - This novel is just a hobby trans...
4.2K 493 15
ခဗျားနောက်ကိုတစ်ဘဝလုံးလိုက်ခဲ့ပြီးပြီ...ပြန်ရှင်သန်ခွင့်ရတဲ့ဒီဘဝမှာတော့ကျွန်တော်ရဲ့အချိန်တွေကိုခင်ဗျားအတွက်မဖြုန်းတီးတော့ဘူး 23.Nov.2023
41.1M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...