Emperor and the Knightness (Z...

By CrystSnow

18.8K 2.5K 146

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing... More

Introduction
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၎
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၅
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း ၁၇၀
အခန်း ၁၇၁
အခန်း ၁၇၂
အခန်း ၁၇၃
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉

အခန်း ၁၂

132 28 0
By CrystSnow

စစ်သည်ရဲ့မျက်နှာက အမူအရာပြောင်းသွားတာကြောင့် Lucius က သူအခုဘာပြောမိလိုက်လို့ပါလိမ့် ဆိုပြီးတော့ စဉ်းစားလိုက်တယ်

ခဏကြာတော့ သူသဘောပေါက်သွားတယ်. ဒါက အရမ်းအရေးတော့မကြီးဘူး...

ဒါက တိုင်းပြည်တွေမှာရှိတဲ့ ကွဲပြားတဲ့ဓလေ့ထုံးတမ်းတွေကြောင့်ဖြစ်တယ် ပြီးတော့ သူနောက်ထပ်တိုင်းပြည်တွေကို ဆက်လက်သိမ်းပိုက်တာနဲ့အတူ ဒီလိုဓလေ့ထုံးတမ်းမတူညီတာတွေက နားလည်မှုလွဲစေနိုင်တယ်ဆိုတာကို သူနားလည်ထားသည်

Lucius က Poliana ကို ရှင်းပြလိုက်သည်

"Acreia က အမဲလိုက်မုဆိုးတွေရဲ့ နယ်မြေဖြစ်တယ်. အမျိုးသားအများစုက အမဲလိုက်မုဆိုး ဒါမှမဟုတ် စစ်သားတွေဖြစ်တယ်. ပြီးတော့ မျိုးနွယ်တူတွေထဲမှာ မိသားစုဝင်တွေလဲ အများကြီးရှိကြတယ်.... အဲ့ဒီတော့ မျိုးရိုးနာမည်ကို ခေါ်ရင် လူမှားတတ်လို့ ငါတို့စစ်သားတွေကို သူတို့နာမည်အရင်းကိုပဲခေါ်ကြတယ်"

Poliana က စိတ်သက်သာရာရသွားတယ်..

ပြုံးနေရင်းနဲ့ပဲ Lucius က တခြားစစ်သည်နဲ့ သူမကို မိတ်ဆက်ပေးလိုက်တယ်

"မင်းပိုပြီးသက်သာလာတော့မှ သူတို့နဲ့ မိတ်ဆက်ပေးမလို့ပဲ. ဒါပေမဲ့ အခုလဲ ကောင်းတာပဲ. မင်းတို့တွေက မကြာခဏတွေ့နေရတော့မှာဆိုတော့ အခုတစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကြ"

Poliana က သူမရာထူးနဲ့ ဘယ်နေရာမှာ တာဝန်ပေးခံရမလဲဆိုတာကို မသိသေးဘူး ဒါပေမဲ့ ဒီလူတွေထဲက တစ်ယောက်ယောက်ကတော့ သူမအထက်လူကြီးဖြစ်လာနိုင်သည်

သူမက သူမကိုယ်သူမ သေသေချာချာမိတ်ဆက်လိုက်တယ်

"ကျွန်မက Aehas က Poliana Winter ပါ"

ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်တော့မဲ့ ဒီလူတွေရှေ့မှာ သူမတိုင်းပြည်နာမည်ထည့်ပြောတာက အဓိပ္ပါယ်တော့ သိပ်မရှိဘူးပေါ့.

အနာဂတ်ကာလမှာ သူမအပါအဝင် ဒီအခန်းထဲက လူတွေက သူတို့ရဲ့ သေးငယ်တဲ့တိုင်းပြည်တွေအကြောင်းကို မေ့သွားပြီး ပိုပြီးကြီးမားတဲ့တိုင်းပြည် ဖြစ်လာအောင် စုစည်းသွားနိုင်ဖို့ မျှော်လင့်သည်

သူမကိုယ့်ဘာသာမိတ်ဆက်တာကို Lucius က သဘောကျဟန်နဲ့ ရယ်လိုက်တယ်.

သူက တဲထဲက လူတွေရဲ့နာမည်နဲ့ ရာထူးကို မိတ်ဆက်ပေးပြီးချိန်မှာတော့ သူမ မျက်လုံးက တောက်ပလာခဲ့သည်

Aehas နဲ့ Acreia စစ်တပ်ဖွဲ့စည်းပုံက မတူညီဘူး.

Aehas မှာ ခြေလျင်တပ်သား ၂၅ ယောက်က တပ်စုတစ်ခုဖြစ်ပြီး တပ်စုမှုးတစ်ယောက်က ဦးဆောင်သည်. တပ်စုမှူး ၄ ယောက်အထက်မှာ တပ်မှူးတစ်ယောက်ရှိပြီးတော့ တပ်မှူး ၅ ယောက်အထက်မှာ တပ်မမှူးတစ်ယောက်ရှိသည်

Acreia ရဲ့ဖွဲ့စည်းပုံမှာတော့ အခြေခံအဖွဲ့တစ်ခုက စစ်သား ၁၀ ယောက်ပဲရှိပြီး. ဒီဆယ်ယောက်ရဲ့ခေါင်းဆောင်ကိုတော့ ဆယ်စုမှူးလို့ခေါ်သည်.

မြင်းစီးစစ်သည်တစ်ယောက်(Knight)က ဆယ်စုမှူး ၁၀ ယောက်ကို ခေါင်းဆောင်ပြီးတော့ ရာစုမှူးလို့လဲ ခေါ်ကြတယ်

တပ်မှူးတစ်ယောက်အောက်မှာ ခြေလျင်တပ်သား အယောက် ၅၀ ရှိပြီးတော့ ဒါကတစ်ချို့တပ်ခွဲတွေမှာပဲ တပ်မှူးရာထူးနေရာရှိတာဖြစ်သည်

ဒီဖွဲ့စည်းပုံက သူမအတွက် မရင်းနှီးသေးဘူး. ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီတဲထဲမှာ ရှိနေတဲ့ လူတွေထဲမှာ ရာထူးအနိမ့်ဆုံးက ရာစုမှူးဖြစ်ပြီးတော့ အမြင့်အရာရှိလို့ ပြောလို့ရသည်

ဒီအစည်းအဝေးမှာ အရမ်းအရေးကြီးတဲ့သူတွေပဲ တက်ခွင့်ရတာကို ဘာလို့ သူမကို ဒီနေရာကို ဖိတ်ခေါ်ပြီး မိတ်ဆက်ပေးတာလဲ?

Poliana က နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဘာရည်မှန်းချက်မှ မရှိဘူး. သူမက ကိုယ့်နေရာကိုယ် သိတယ်.

အမျိုးသမီးတစ်ယောက်.

ဒါပေမဲ့ သူမမှာ ကိုယ်ပိုင်အရည်အချင်းရှိတယ်ဆိုတာကို သိပြီးတော့ သူမဘယ်နေရာတွေမှာ တော်တယ်ဆိုတာလဲ သူမ သိသည်

သူမက တိုက်ခိုက်ရေးသမားမဟုတ်ဘူး. သူမရဲ့ အသုံးဝင်မှုက ဒီတဲထဲမှာပဲဖြစ်သည်

နည်းဗျူဟာနဲ့ စစ်နည်းလမ်း

'ငါ ဒီလိုလုပ်သင့်လား?'

Poliana က စဉ်းစားနေတယ်.

သူတို့အချင်းချင်းမိတ်ဆက်ပြီးတာကြောင့် ဒီလူတွေက အစည်းအဝေးစတင်ဖို့ သူမကို ထွက်သွားစေချင်နေသည် ဒါပေမဲ့ သူမ တွန့်ဆုတ်နေတယ်. သူမ ဒီတဲထဲကနေ ထွက်မသွားနိုင်သေးဘူး

သူကိုယ်တိုင်ဘာလိုချင်သေးမှန်း မသိသေးတဲ့အချိန်မှာတောင် ဧကရာဇ်အနေနဲ့ ဘာလိုနေလဲဆိုတာကို လက်အောက်ငယ်သားကောင်းတစ်ယောက်က သိသင့်တယ်

Poliana က ကြင်နာစွာပြုံးနေဆဲဖြစ်တဲ့ ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်တယ်. 

ဧကရာဇ်အနေနဲ့ ဘာလိုချင်တယ်ဆိုတာကို သူမက အတင့်ရဲပြီးတော့ မှန်းဆကြည့်လို့ရမလား?

Lucius က Poliana ကို တပ်မှူးရဲ့တဲထဲကို ဖိတ်ခေါ်ပြီးတော့ သူ့ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ မိတ်ဆက်ပေးခဲ့တာ

အချိန်ခဏလောက်ကြာတော့ သူမက သူမရဲ့ တိုက်ခိုက်ရေးဗျူဟာကို ဆုံးဖြတ်ချက်ချလိုက်တယ်. သူတို့တွေက သူမရဲ့ရိုင်းပြမှုကြောင့် သူမကို တဲထဲကနေ ကန်ထုတ်လိုက်လဲ ကိစ္စမရှိဘူး

သူမကို ဘယ်လိုခေါ်ခေါ် ဂရုမစိုက်ဘူး

Poliana က သူမရှေ့မှာ ရှိနေတဲ့ မြေပုံကို အမြန်လေ့လာလိုက်တယ်. ဒီမြေပုံက Acreian ဆွဲထားတဲ့ Aehas ရဲ့မြေပုံဖြစ်တယ်. ကြည့်ရတာတော့ သူတို့သူလျှိုတွေဆီကရတဲ့ သတင်းတွေပေါ်အခြေခံပြီး ဆွဲထားတာဖြစ်မယ်

ဒီမြေပုံက အတော်လေးကောင်းမွန်ပေမဲ့ ရာနှုန်းပြည့်တော့ မတိကျဘူး. သူတို့သူလျှိုတွေကရတဲ့သတင်းတွေက Aehas နိုင်ငံသားတစ်ယောက်ရဲ့ သတင်းလောက်တော့ မတိကျနိုင်ဘူးလေ

Poliana မျက်ဝန်းတွေက ပိုပြီးပြတ်သားလာပြီးတော့ ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်

"ကျွန်မတစ်ခုလောက် အကြံပေးချင်တယ်"

"ဘာများလဲ?"

Lucius က သူမကို မပိတ်ပင်ဘူး...... အဲ့အစား သူက ဒီအခြေအနေကို သဘောကျတဲ့ပုံစံနဲ့ ပိုပြီးတော့တောင် ပြုံးနေလိုက်သေးတယ်

အဲ့အပြုံးက အစစ်အမှန်ဖြစ်သည်ဖြစ်စေ. မဖြစ်သည် ဖြစ်စေ ...... ဒီဧကရာဇ်က ပြုံးရတာကို တော်တော်လေး သဘောကျပုံရကာ Poliana ကလဲ သူ့အပြုံးတွေကို သဘောကျလေသည်

"ကျွန်မ မပြောခင်မှာ ဒီမှာ Kukda ရဲ့မြေပုံများရှိလား?"

ဒီအစည်းအဝေးက Aehas ကို သိမ်းပိုက်မဲ့အစီအစဉ်အကြောင်းဆွေးနွေးနေတာဖြစ်ပြီးတော့ Poliana က Kukda အကြောင်းပြောလာတဲ့အခါမှာတော့ လူတွေရဲ့မျက်နှာထားက ပြောင်းသွားကြတယ်

တဲထဲမှာ ပုံမှန်အတိုင်း ရှိနေတာဆိုလို့ Poliana နဲ့ Lucius တို့ပဲ ဖြစ်သည်

ဧကရာဇ်အနေနဲ့ အလွန်စိတ်ဝင်စားတဲ့ပုံပြနေတာကြောင့် စစ်သည်က ရွေးစရာမရှိတော့ပဲ မြေပုံကို ထုတ်ပြလာသည်.

Poliana က အသက်ပြင်းပြင်းရှူလိုက်ကာ မြေပုံကို သေချာကြည့်လိုက်တယ်သူမက ဆက်ပြောလာသည်

"အရှင့်အနေနဲ့ Aehas နဲ့ Kukda ကို တပြိုက်နက် သိမ်းပိုက်ဖို့ အကြံပေးချင်ပါတယ်"

ဒီအကြံက ချဲ့ကားပြီးတော့ မဖြစ်နိုင်တာ မဟုတ်ဘူး. Poliana က သူမအစီအစဉ်ကို သေချာပေါက်ယုံကြည်တယ်...

Aehas နဲ့ Kukda က အချိန်အတော်ကြာတိုက်ခိုက်နေခဲ့တာကြောင့် နှစ်ဘက်လုံးက အကြီးအကျယ်ထိခိုက်နေကြပြီ ဖြစ်သည်.

Aehas စစ်သည်တိုင်း လုပ်ခဲ့သလိုမျိုး Poliana ကလဲ Kukda ကို တိုက်ခိုက်ဖို့ နည်းလမ်းများစွာ စဉ်းစားထားသည်. သူမအစီအစဉ်က သူမရဲ့ စူးစမ်းလေ့လာမှုတွေကနေ ရလာတာဖြစ်သည်

Poliana က သူမရဲ့အကောင်းဆုံးတိုက်ခိုက်မှုနည်းလမ်းကို ထုတ်ပြောလိုက်သည် Aehas ကို သိမ်းပိုက်တာကအလွယ်လေးပဲ Kukda ကို သိမ်းပိုက်တာကတော့ အပိုဆုဖြစ်သည်

သူမက Kukda ရဲ့ အားနည်းချက်တွေ, စစ်တပ်တည်ဆောက်ပုံ တွေကို သေချာသိပြီးတော့ ဘယ်လိုနည်းလမ်းက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို သူမ သိသည်.

သူမအစီအစဉ်ကို ချပြပြီးချိန်မှာတော့ Poliana က စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီနေသည်.

အဲ့တာက အရမ်းကို ပြည့်စုံတဲ့ မဟာဗျူဟာဖြစ်တယ်

ဒါပေါ့... ဒီလူတွေက အဲ့တာကို လက်ခံဖို့က ပြဿနာဖြစ်သည်. တကယ်လို့ သူတို့က လက်မခံရင်တော့ သူမအစီအစဉ်တွေက အသုံးမဝင်တော့ဘူး

ပြီးတော့ သူမမျှော်လင့်ထားသလိုပဲ လူတွေ ဆန့်ကျင်လာသည်.

"အရှင်.. ဒါက ထောင်ချောက်ဖြစ်နိုင်တယ်!"

"အရှင်. ဒီမိန်းကလေးကို ယုံလို့မရဘူး! သူမက ကျွန်တော်တို့ကိုဖျက်ဆီးဖို့ မစီစဉ်ထားဘူးဆိုရင်တောင်, သူမ သာမန်မိန်းမတစ်ယောက်ပဲ ဒါကြောင့် သူမအစီအစဉ်က ဟာကွက်တွေရှိရမယ်"

"မိန်းမတစ်ယောက်ရဲ့ နည်းဗျူဟာ! ငါ့တို့ သူမပြောတာတွေကို ဘာလို့နားထောင်နေတာလဲ?"

"သူမက သူမတိုင်းပြည်ကိုတောင် သစ္စာဖောက်ထားတာမလား? သစ္စာဖောက်တစ်ယောက်ကို ငါတို့ ဘယ်လိုယုံလို့ရမလဲ?"

"သူမက ငါတို့စစ်အင်အားကို နှစ်ပိုင်းခွဲလိုက်ပြီးတော့ နိုင်ငံနှစ်ခုကို တစ်ပြိုက်နက်တိုက်ခိုင်းတယ်. သူမက ငါတို့အားလုံးကို သေစေချင်နေတာပဲ"

Poliana က သူမအစီအစဉ်အတွက် ခုခံပြောဆိုလိုက်သည်

"အဲ့လိုမဟုတ်ဘူး. ဒီတိုင်းပြည်နှစ်ခုက ထင်ထားတာထက် အားနည်းနေပြီးသား. ဒီစစ်သားတွေရဲ့ စိတ်ဓာတ်ကလဲ အောက်ခြေထိကို ကျဆင်းနေပြီ. Aehas နဲ့ Kukda စစ်သားတွေက ပြန်မတိုက်ခိုက်နိုင်တော့ဘူး... တကယ်လို့ ရှင်တို့အနေနဲ့ ဒီတိုင်းပြည်တွေကို သိမ်းပိုက်ရာမှာ တရားမျှတမှုရှိပြီးတော့ မြို့တော်တွေကို မဖျက်ဆီးဘူးလို့ ကတိပေးနိုင်ရင် သူတို့က ရှင်တို့ရဲ့လမ်းမှာ ရပ်နေမှာမဟုတ်ဘူး. ... ဒါကြောင့် ရှင်တို့တွေ မြို့တော်ကို ဝင်လိုက်တာနဲ့ အကုန်ပြီးပြီ. သူတို့ရဲ့ အတော်ဆုံး စစ်သည်တွေနဲ့ တပ်သားတွေ အကုန်လုံးက နယ်စပ်မှာ. တိုင်းပြည်နှစ်ခုလုံးရဲ့ မြို့တော်တွေက အားနည်းပြီး‌တော့ အကာအကွယ်မရှိတော့ဘူး"

ဆန့်ကျင်မှုအများစုက သူ့လူတွေဆီက လာတာဖြစ်တာကြောင့် ဧကရာဇ်အနေနဲ့ သူ့စစ်သည်တွေစကားကို နားထောင်ဖို့ရလွဲပြီးတော့ တခြားရွေးစရာမရှိတော့ဘူးလို့ သူမထင်လိုက်သည်

ပြီးတော့ Poliana က စစ်သည်အသစ်တစ်ယောက်ဖြစ်ပြီး မိန်းမတစ်ယောက်ဖြစ်သည်.

တကယ်လို့ သူ့အနေနဲ့ Poliana ရဲ့အစီအစဉ်ကို သဘောကျရင်တောင်မှ သူနဲ့ ကာလကြာရှည်စွာနဲ့ ယုံကြည်လက်တွဲလာတဲ့ လူတွေရဲ့စကားကို လေးစားပြီးတော့ နားထောင်တာက ဖြစ်သင့်တာပဲလေ

Lucius က သူမေးစေ့ကို ဖြေးဖြေးထိလိုက်ပြီးတော့ မေးလိုက်တယ်.

"Knightess, မင်း မင်းရဲ့အစီအစဉ်ကို အပြည့်အဝယုံကြည်လား?"

Poliana က တံတွေးမြိုချလိုက်ကာ ပြန်ဖြေလိုက်သည်

"အရှင်, ကျေးဇူးပြုပြီးတော့ ကျွန်မကို ယုံပေးပါ. ဒီဟာက အလွယ်လေးပဲ"

"အဲ့တာဆိုရင် မင်းအစီအစဉ်အတိုင်း ငါလုပ်မယ်"

"အရှင်!"

Lucius က ချိုသာစွာပြုံးနေတာကြောင့် သူမရဲ့ ပူပင်မှုတွေက ပျောက်ကင်းသွားတယ်. ဧကရာဇ်က အချိန်မဆွဲတော့ဘူး. သူက သူ့စစ်သားတွေကိုခေါ်ပြီးတော့ ချက်ချင်းထွက်ခွာသွားသည်

Poliana က ဒဏ်ရာတွေကြောင့် သူ့နောက်ကိုလိုက်ပြီးတော့ မတိုက်နိုင်ပေမဲ့ အဲ့အစား သူမက နောက်တန်းမှာ နေခဲ့ကာ Acreian စစ်တပ်ဥပဒေတွေနဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာနေခဲ့သည်သူမက တခြားနိုင်ငံတွေနဲ့ ဖြစ်လာမဲ့ တိုက်ပွဲတွေအတွက်လဲ အစီအစဉ်တွေဆွဲနေလိုက်သည်. Aehas နဲ့ Kukda က ကျဆုံးမှာ အသေအချာပဲ. ဒီစစ်ပွဲတွေက လွယ်ကူပေမဲ့ အချိန်ယူရမှာကိုလဲ သူမ သိနေခဲ့သည်

ဒီသိမ်းပိုက်မှုက နွေဦးအထိဆက်ဖြစ်သွားမယ်လို့ သူမမျှော်လင့်ထားသည်. ဒါက ဘာကိုဆိုလိုလဲဆိုတော့ Acreia က ကျန်တဲ့ရာသီတွေမှာ အနားယူပြီးတော့ ဆောင်းတွင်းရောက်တာနဲ့ သိမ်းပိုက်မှုတွေပြန်စမှာဖြစ်သည်

နောက်ထပ်သိမ်းပိုက်ရမဲ့ နိုင်ငံက Bebero ဖြစ်သည်. သူက Aehas နဲ့ Kukda ရဲ့ တောင်ပိုင်းတွင် တည်ရှိသည်.

မြောက်ပိုင်းဒေသမှာ အကျယ်ဆုံးနဲ့ အနက်ဆုံးမြစ်ဖြစ်တဲ့ Koemong မြစ်က Aehas,Kukda နဲ့ Bebero နိုင်ငံအကြားတွင်တည်ရှိသည်

Bebero ကို ရဖို့အတွက် သူတို့တွေက မြစ်ကိုဖြတ်ဖို့လိုတယ်. Poliana က ရေပြင်တိုက်ပွဲတွေကို မတိုက်ဖူးဘူး

ဒါကြောင့် သူမအနေနဲ့ ဒီကိစ္စအတွက် အခြားနည်းလမ်းတွေကို လေ့လာဖို့ လိုအပ်သည်

ရည်မှန်းချက်ရှိပြီးတော့ ဒီရည်မှန်းချက်အတွက် ကြိုးစားအားထုတ်ရတာ လှပကောင်းမွန်တဲ့ အရာဖြစ်တယ်. အဲ့တာက Poliana ကို အလွန်ပျော်ရွှင်စေပြီးတော့ သူမကို မနက်ခင်းတိုင်းမှာ ရည်မှန်းချက်အပြည့်နဲ့ နိုးထလာစေသည်

အဲ့ဒီနှစ်ဆောင်းတွင်း, နွေဦးမရောက်ခင်မှာပဲ Lucius က အဲ့တိုင်းပြည်နှစ်ခုကို သိမ်းပိုက်လိုက်နိုင်သည်

Aehas ရဲ့ဘုရင်က Lucius အရှေ့မှာဒူးထောက်နေပြီး Kukda ဘုရင်ကတော့ Sir Bentier အရှေ့တွင် ဒူးထောက်နေသည်

Lucius က စိတ်ကျေနပ်စွာနဲ့ ပြုံးလိုက်တယ်. သူရဲ့ စစ်သည်ပြောသလိုပဲ အရာအားလုံးက လျင်လျင်မြန်မြန်နဲ့ ထိရောက်စွာ ပြီးဆုံးသွားသည်.

သူမရဲ့အစီအစဉ်က သူမျှော်လင့်ထားတဲ့အချိန်ထက် တိုတောင်းတဲ့အချိန်အတွင်းမှာ ဒီနိုင်ငံနှစ်ခုကို သိမ်းပိုက်ခွင့်ရစေခဲ့သည်

"ငါ Sir Poliana ကို ဆုချရမယ်"

Lucius က အသက် ၂၂ နှစ်ပဲရှိသေးတယ်. ကြည့်ရတာ သူအသက် ၂၃ နှစ်မရောက်ခင်မှာပဲ ဒီနိုင်ငံနှစ်ခုကို သူအုပ်ချုပ်လာနိုင်သည်.

သူ့အပြုံးတွေက မရပ်တော့ဘူး...

Continue Reading

You'll Also Like

4.5K 366 14
Aval വരുന്നു....മുഴുവൻ mystery niranju കൊണ്ട്.. തന്നിലെ pastine കണ്ട് പിടിക്കാൻ ശ്രേമിക്കുന്നു.. കൂടെ അവളും.. ഇനയുടെ സ്വന്തം അഭിയായി.. അവരിലെ പഴയ കാല...
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
39.5K 546 14
Mikey was in is home cleaning and he heard is brothers talking about him behind is back and he spyed on them.