သံုးႀကိမ္ေျမာက္ နာရီကိုၾကည့္ခ်င္းျဖစ္သည္။ ကိုးနာရီေက်ာ္ေနၿပီဆိုေပမယ့္ ေက်ာင္းအတူသြားဖို႔ရာ ေနေရာင္ျခည္ေလးက အခုထိထြက္မလာေသး။ အိမ္ေ႐ွ႕မွာရပ္ေစာင့္ေနရင္းမွ တံခါး႐ွိရာကိုေမွ်ာ္ေနမိသည္။ေနေရာင္ျခည္ေလးစကားကို အေလးထားစြာ ေက်ာင္းပိတ္ရက္ႏွစ္ရက္လံုး ေနေရာင္ျခည္ေလးအား လာမေတြ႔ခ့ဲသလို၊သူစိတ္ညဴ ေအာင္လည္း ဖုန္းဆက္ျခင္းမျပဳခ့ဲ။ သို႔ေပမယ့္ ကိုယ္ေျပာခ့ဲတဲ့စကားအတိုင္း ဒီေန႔အဖို႔ေတာ့ ေအးေအးေဆးေဆးေဆြးေႏြးဖို႔အခ်ိန္ေရာက္လာၿပီျဖစ္သည္။ ရပ္ေစာင့္ေနရင္းမွ တံခါးပြင့္လာသည္မို႔ ေနေရာင္ျခည္ေလးမ်ားထြက္လာတာလားလို႔ေတြးမိကာ ႏွလံုးသားတစ္စံုက တုန္ရီလာသည္။
"ဟင္! မင္း"
"ေဟ့ေကာင္ ဘာလုပ္ေနတာလဲ၊ ငါ့ေစာင့္ေနတာလား"
deanေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာပါ။ အိမ္ထဲကေနထြက္လာမည့္သူကို ေနေရာင္ျခည္ေလးလို႔ထင္လိုက္ေပမယ့္ ထြက္လာသည့္သူက songတို႔ျဖစ္ေနသည္။
"ေနေရာင္ျခည္ေလးေကာ"
"သူက သြားၿပီေလ၊ "
"ဟင္!"
deanမ်က္လံုးျပဴ းရသည္။ အိမ္ေ႐ွ႕မွာရပ္ေစာင့္ေနတာ ႐ွစ္နာရီကတည္းကပါ ။ ဒါဆို ေနေရာင္ျခည္ေလးက ေက်ာင္းကို အေစာႀကီးသြားတာေပါ့။ ကိုယ့္ကိုေ႐ွာင္ခ်င္တာႏွင့္ပင္ အေစာႀကီးသြားတာလား။
"ဒါနဲ႔မင္းနဲ႔ေနေစာတစ္ခုခုျဖစ္ထားလို႔လား"
ရထာက ေမးလာသည္။ ျဖစ္ခ့ဲတဲ့ကိစၥကေတာ့ႀကီးတယ္။ ဒါေပမယ့္ ေျပာျပလို႔မျဖစ္ေသးပါ။ ေခါင္းယမ္းျငင္းရင္းသာ သက္ျပင္းခ်မိသည္။
"အတူသြားစို႔ေလ လာ"
"ငါတို႔ကေျခလ်င္ေနာ္"
"ရတယ္ ရတယ္ လာ လာ"
songတို႔ႏွင့္သာ အတူေက်ာင္းသြားခ့ဲေတာ့သည္။ ေနေရာင္ျခည္ေလးက ကိုယ့္ကိုေ႐ွာင္ေနတယ္ဆိုတာ ဒီအခ်က္ႏွင့္တင္သိသာသြားခ့ဲသည္။ မေ႐ွာင္ဘဲနဲ႔ အဆင္မေျပသည့္ကိစၥအဝဝကို လူခ်င္းေတြ႔ေဆြးေႏြးလို႔ရလွ်င္ေကာင္းမွာပဲ။ အခုေတာ့ ေနေရာင္ျခည္ေလးကို လိုက္ဖမ္းရံုမွလြဲလွ်င္ေတာ့ မတတ္ႏိုင္ေတာ့။ အေ႐ွာင္ေကာင္းတုန္း ေ႐ွာင္ထားလိုက္ပါေနေရာင္ျခည္။ အမိဖမ္းမိရင္ေတာ့ လႊတ္မေပးေတာ့ဘူး။
အတန္းခ်ိန္ၿပီးရင္ေတာ့ ခ်က္ခ်င္းျပန္ဖို႔ရာအတြက္ ေနေစာေတြးေနမိသည္။ ကိုယ့္အတန္းခ်ိန္အၿပီးကို deanက ေစာင့္ကိုေစာင့္ေနမွာမို႔ deanႏွင့္ မဆံုမိေအာင္ေတာ့ သတိထားသြားရမည္။ သူႏွင့္မ်က္ႏွာခ်င္းမဆိုင္ရဲေသးပါ။ ျဖစ္ခ့ဲသည့္ကိစၥက အေသးအမႊားမဟုတ္ေတာ့ ႏွစ္ရက္ေလာက္စဥ္းစားရံုႏွင့္ အဆင္ေျပသြားေစမည့္နည္းလမ္းမရေသး။ အခ်ိန္ပိုယူစဥ္းစားရေပဦးမည္။ ထို႔ထက္ deanႏွင့္ မ်က္ႏွာခ်င္းမဆိုင္ရဲတာပိုမ်ားသည္။ ႐ွက္ျခင္းမဟုတ္သည့္ အေနရခက္ျခင္းေၾကာင့္ေပ။
"သူေက်ာင္းသြားဖို႔ ငါ့ကိုေစာင့္ေနမွာပဲ"
ေစာင့္တာကေတာ့ ေသခ်ာေပါက္ေစာင့္ေနလိမ့္မည္။ မိမိေက်ာင္းသြားၿပီျဖစ္ေၾကာင္း songတို႔ေျပာမွသိလိုက္ရသျဖင့္ ျဖစ္သြားသည့္ deanမ်က္ႏွာကို ေတြးမိေတာ့ စိတ္မေကာင္း။ ၿပီးေတာ့ သူေဖ်ာ္ေပးသည့္ေသာက္စရာတစ္ခုခုကိုလည္း ဒီေန႔မွာမရခ့ဲ။
"ငါဘာလုပ္သင့္လဲ"
ေတြ႔ဖို႔လဲမရဲ။ေတြ႔ပါကလည္း ေျပာစရာမ႐ွိ။မေတြ႕ပါကလည္း သူအဆင္ေျပပါ့မလား၊မေျပဘူးလားဆိုတာ ေတြးရင္းပူရသည္။ ေသခ်ာသည့္စိတ္မွာ မေတြ႔ခ်င္သည့္စိတ္ကပိုေနသည့္အခါ ေနေစာသက္ျပင္းခ်မိသည္။ ကိုယ့္စိတ္ကိုယ္သံုးသပ္ေလ ကိုယ့္ကိုယ္ကိုယ္မယံုႏိုင္စြာ အံံ့ျသသက္ျပင္းခ်ရသည္။ တစ္ခါတစ္ေလ အခ်စ္ကေျပာင္းလဲတတ္ေလးသလား။ ဟင့္အင္း တစ္ခါတစ္ေလမဟုတ္။ ေနေစာဘဝမွာ ရထာ့ကိုခ်စ္ေနလ်က္ေတာင္အျခားေသာမိန္းမသားတစ္ေယာက္ဆီီသို႔ ဦးၫြတ္က်ခ့ဲဖူးသည္ပဲ။ ထိုမိန္းမသားဆီမွလည္း ရထာ့ဆီသို႔ဦးတည္ဘက္ထပ္၍ေျပာင္းခ့ဲဖူးသည္။ ဒါဆိုအခုေကာ...
"ပင္ပန္းလိုက္တာကြာ"
အေတြးေတြက တစ္ျဖည္းျဖည္း ႐ႈပ္လာသည္။
မၾကည္ေတာ့သည့္ေခါင္းေၾကာင့္ ေခါင္းကိုႏွစ္ခ်က္ေလာက္ လက္ဖဝါးျဖင့္႐ိုက္ေနခိုက္ ဆရာဝင္လာသည္မို႔ ႏႈတ္ဆက္ကာ စာသင္ျခင္းကိုစရေတာ့သည္။ စာသင္ေနသည့္တစ္ေလွ်ာက္ စာအုပ္ကိုပဲစိုက္ၾကည့္ေနကာ အေတြးေတြကေတာ့ deanကိုေ႐ွာင္ရမည့္နည္းကို အခ်ိန္မျပတ္ေတြးေနမိသည္။ ငါ့အတြက္လည္း ခက္ခဲလို႔ပါdeanရာ။
...................................................................
Trafalgar squareမွာ ႏွစ္ေယာက္သား ခဏထိုင္ေနမိသည္။ ျပည္သူေတြြအတြက္ ဖြင့္ေပးထားတာမို႔ အပန္းေျဖသူေတြြလည္း႐ွိသည္။ ေဆာင္းဦးေတာင္ အပန္းလာေျဖသူေတြ႐ွိလွ်င္ ေႏြဆုိလွ်င္ေတာ့ ဒီေနရာကအေတာ္ေလးစည္မွာပဲ။ စည္မွာပဲမဟုတ္ဘူး စည္ကိုစည္မည္။
"လာ ကိုယ့္ပခံုးေပၚေခါင္းအံုး"
"အင္း vlogအတြက္လည္း႐ိုက္ဦးေလ"
ရထာက လြယ္အိတ္ထဲကေန ကင္မရာထုတ္ဖို႔ျပင္ေနတာေၾကာင့္ လက္ကိုဆြဲလိုက္ကာ ရထာ့ေခါင္းေလးအား ဆြဲယူၿပီး ပခံုးေပၚမွီတင္လိုက္သည္။
"လြတ္လြတ္လပ္လပ္ေနပါဦး ရထာရဲ႕"
"အံမယ္"
"တကယ္ေျပာတာ၊ ကိုယ္႐ွင္းျပမယ္ေနာ္ဒီအေၾကာင္းကို၊
ဒီ trafalgarကို ၁၈၄၀မွာ ေဆာက္ၿပီးခ့ဲၿပီး ၁၈၈၄မွာ ျပည္သူလူထုလည္ပတ္ႏိုင္ေအာင္ ဖြင့္ေပးခ့ဲတာ၊ ၁၉၉၆ကတည္းက the register of historic parks and gardensမွာ နံပါတ္တစ္သမိုင္းဝင္squareတစ္ခုေလ။ အရင္က charing crossလို႔ေခၚေပမယ့္ နပိုလီယန္စစ္ပြဲကို ၿဗိတိသွ်ေရတပ္ေတြေအာင္ၿပီးေနာက္ ဂုဏ္ျပဳတဲ့အေနတဲ့ trafalgarလို႔ နာမည္ေပးခ့ဲတာ၊trafalgarမွာက် ႏိုင္ငံေရးလႈပ္႐ွားမႈေတြအမ်ားဆံုးလုပ္တာ"
"အင္း ဒီေနရာမွာဆႏၵျပတာေတြငါေတြ႔ဖူးတယ္၊"
ရထာက ေခါင္းေမာ့ေျပာလာေတာ့ နဖူးျပင္ေလးကို ဆတ္ခနဲနမ္းလို္က္မိသည္။ နမ္းၿပီးခ်င္း ရထာ့ရဲ႕တံေတာင္ဆစ္က ဗိုက္ကိုလာထိုးေလရဲ႕။
"ဒါနဲ႔ song၊ အဲ့ nelson's columnကေလ"
ေ႐ွ႕တည့္တည့္မွာေတြ႔ေနသည့္ nelson's columnကို ရထာလက္ညိဳးျပလိုက္သည္။
"အ့ဲ nelson's columnက ျခေသၤ့ႏွစ္ေကာင္ေလ။ အဲ့တာကိုလုပ္ခ့ဲတဲ့ ပညာ႐ွင္က lodon zooက ေျခေသၤ့ကိုနမူနာယူၿပီးဆြဲခ့ဲေပမယ့္ ဆြဲေနတုန္းအ့ဲျခေသၤ့ေသသြားေတာ့ နမူနာမ႐ွိလို႔ဆိုၿပီး ေၾကာင္ရဲ႕လက္သည္းပံုစံကိုၾကည့္ဆြဲခ့ဲတာဆို၊ ဒါေၾကာင့္ အ့ဲျခေသၤ့ရဲ႕လက္က ေၾကာင္လက္နဲ႔တူေနတယ္တဲ့"
"ဟုတ္ပါ့ ဟားဟား"
ႏွစ္ေယာက္သားရယ္မိၾကသည္။ ဒီလိုလူမ်ိဳးေကာ႐ွိပါ့ပေကာလား။
"ဒါနဲ႔ ရထာ၊ ဒီsquareရဲ႕ ထူးျခားခ်က္ကိုသိလား"
"မသိဘူး"
"၂၀၀၃ခုႏွစ္က စၿပီး ဒီေနရာမွာ ငွက္မဝင္ရဆိုၿပီး အမိန္႔ထုတ္ထားတာ"
"ဘာ ဟားဟား!!!! သူတို႔ကဘယ္လိုလုပ္သိမွာလဲ"
စကားဝိုင္းက ဟာသေလးေႏွာလာသည္မို႔ songပခံုးေပၚေခါင္းမွီခါးရာမွ ျပန္ခါးမတ္ကာ songဘက္မ်က္ႏွာမူ၍ ေမးလိုက္သည္။ songက ကိုယ့္အေမးကိုအရင္မေျဖေသးဘဲ ႏွာေခါင္းကိုအရင္ခပ္ဖြဖြလာဆြဲသည္။
"အခုငွက္႐ွိလားေျပာ၊ အေစာင့္ေတြက ငွက္ေတြမလာေအာင္ေျခာက္ရတာေပါ့"
"ဪ"
"လာ ကိုယ္တို႔big benနဲ႔ london eyeသြားစို႔"
မတ္တပ္ရပ္လိုက္ၿပီး ရထာ့အားလက္ကမ္းလိုက္ေတာ့ ရထာက လက္ကိုကိုင္ဆုပ္အားျပဳလို႔ထလာသည္။ ခႏၶာကိုယ္ေလးအားရင္ခြင္ထဲဆြဲသြင္းကာ အရင္ဆံုးbig benကို သြားရမည္။ big benကေနတစ္ဆင့္ wedtminsterတံတားကိုျဖတ္ကာ london eyeကို သြားရမွာျဖစ္သည္။ လန္ဒန္မွာေတာ့ အမ်ားစုက ခရီးစရိတ္သက္သာေအာင္ နာရီေလာက္ၾကာတဲ့ခရီးမွအပ အကုန္ေျခလ်င္သြားၾကသည္။ အခုလည္း ရထာ့ကိုဖက္ထားရင္း လမ္းေလွ်ာက္ေနရသည့္အျဖစ္အပ်က္ေလးက လွပဖြယ္။
"ခ်စ္တာ ကိုယ့္ေမာ္ဖူးမဝ"
အေမြးနံ႔သင္းသင္းဆံပင္ၾကားထဲ ႏွာေခါင္းတိုးဝင္နမ္းလိုက္မိသည္။ ခါးကိုတင္းေအာင္ဖက္လာသည့္ ရထာ့လက္ကေလးေတြက ေႏြးေထြးေသာေစာင္လို။ အခုလိုကိုယ့္ကိုရထာခ်စ္ပံုေတြၾကည့္မိျပန္ေတာ့ စေတြ႔တုန္းက မိမိကိုအျမင္မၾကည္၍အျမဲရန္စေနသည့္ ရထာလားလို႔ေတာင္ ေတြးယူရျပန္သည္။
"ကိုယ့္ကိုခ်စ္လာရထာ"
"မခ်စ္ဘူး ဟန္ေဆာင္ေနတာ"
"ဟားဟား ေမာ္ဖူးမဝကြာ"
ခုနကအေတြးကို ျပန္႐ုတ္သိမ္းပါသည္။ ကိုယ့္ရထာသည္ အရင္ကလို ဘုဆတ္ဆတ္ရထာေလးပါပင္။
big benကို ေရာက္ေတာ့ westminsterတံတားကေနၿပီး bigbenကိုေနာက္ခံထား ဓာတ္ပံု႐ိုက္ရသည္။ တစ္ေယာက္တည္းပံုကို songအား႐ိုက္ခိုင္းရသည္။ big benအနားထိသြားလို႔မရ။ မရတာက နားလည္ရလြယ္ေအာင္႐ွင္းျပရမယ္ဆို မႏၱေလးေစ်းခ်ိဳနာရီစင္ကလို မီးပိြဳင့္လုပ္ထားလို႔ပင္။ တစ္ေယာက္တည္း႐ိုက္ၿပီးေနာက္ bigbenနာရီစင္အား ေနာက္ခံထားကာ songပါးျပင္အား နမ္းသည့္ပံုေလး႐ိုက္သည္။
"လာ ကိုယ္တို႔london eyeသြားစို႔"
"အင္း"
ထို႔ေနာက္ westminsterတံတားကေနအတူလက္တြဲေလွ်ာက္လာခ့ဲၾကသည္။ သိမ္းျမစ္ျပင္ကိုျဖတ္၍ တိုက္ခိုက္လာေသာ ေလေအးမ်ားက တံတားေပၚထိေရာက္တာေတာင္ အ႐ွိန္မေသေသးဘဲ မ်က္ႏွာကို႐ိုက္ခတ္ေက်ာ္ျဖတ္သြားသည္။ ေအးစိမ့္စိမ့္အရသာေလးကို မႀကိဳက္ေသာ္လည္း ဒီမွာေနရင္ေတာ့ ဒီရာသီဥတုကိုႀကိဳက္ရမွာပဲေလ။
"ကိုယ္big benအေၾကာင္းေျပာရမလား"
"big benေတာ့ ငါသိပါတယ္ကြ၊နာမည္အႀကီးဆံုးနာရီ ၁၈၄၃၊စက္တင္ဘာ ၂၈မွာေဆာက္ခ့ဲတာ၊ big benကိုတာဝန္ယူတဲ့ ဗိသုကာပညာ႐ွင္က Augusts Puginနဲ႔Charles Barryအ့ဲေလာက္ေတာ့ငါသိပါတယ္ကြ၊ ငါက guideပဲကို ေလ့လာထားရတာေပါ့"
"ဒါဆို ဘယ္အခ်ိန္မွာ ဒီနာရီစင္က ရပ္ခဲ့လဲ အာ့!!"
songေနာက္စိကို အားပါပါ႐ိုက္လိုက္ေတာ့ ေ႐ွ႕ကိုငိုက္က်သြားသည္။ ေနာက္စိကိုကိုင္ၿပီး လွည့္ၾကည့္လာသည့္ songအား မ်က္ေမွာင္ၾကံဳ႕ကာ...
"မင္းက ငါ့ကိုမသိဘူးမ်ားထင္ေနတာလား၊ ၁၉၄၂ဒုတိယကမၻာစစ္မွာ ဂ်ာမန္ေလတပ္က ဗံုးက်ဲလို႔တစ္ခါပဲစက္ရပ္ဖူးတယ္၊ဟုတ္ၿပီလား"
"ရထာကလည္း၊႐ိုက္ခ်င္း႐ိုက္ ကိုယ္က႐ိုက္မယ္ေလ၊
ေခါင္းနာသြားၿပီ အာဘြားေပး"
Songက သူ႔ေခါင္းကိုငံု႔ေပးေတာ့ ျပံဳးကာ တစ္ခ်က္နမ္းလိုက္သည္။ ထိုအခါမွ songမ်က္ႏွာေပးက စပ္ၿဖီးၿဖီးျဖစ္လာသည္။
"big benနာရီစင္ ရပ္သြားတဲ့အခ်ိန္က ဒုတိယကမၻာစစ္ဆို ကိုယ့္ႏွလံုးသားေလးအသက္ဝင္လာတဲ့ေန႔က ကိုယ့္ေမာ္ဖူးမဝကို စေတြ႔တဲ့ေန႔ပဲ"
"လွ်ာ႐ိုးမ႐ွိတုိင္းေလွ်ာက္ေျပာမေနနဲ႔"
"တကယ္ပါေနာ္"
"အ႐ူးေကာင္ သြားမယ္"
"ခဏေနပါဦး က်န္ေသးတယ္မင္းေလးကိုေျပာဖို႔"
ခ်စ္ရည္ရႊန္းလ့ဲသည့္အၾကည့္မ်ားျဖင့္ songက ၾကည့္လာသည့္အခါ မေနတတ္စြာ ရထာျပံဳးမိသည္။ သည္ေကာင္ ဘာေတြတင္စားဦးမည္လဲ။
"london eyeဆိုတာက လန္ဒန္လို႔ေျပာလိုက္တာနဲ႔
ေျပးျမင္တဲ့လန္ဒန္ကိုယ္စားျပဳတစ္ခုတဲ့၊ ဒါဆို
ကိုယ့္ေမာ္ဖူးမဝက ကိုယ့္ကိုကိုယ္စားျပဳတဲ့
ေမာ္ဖူးမဝတဲ့သီခ်င္းတစ္ပုဒ္"
"ေတာ္ေတာ့လို႔ သြားစို႔"
ေျခဖ်ားေထာက္ကာ songႏႈတ္ခမ္းကို ထိရံုမွ်နမ္းၿပီး ရယ္ျပလိုက္မိသည္။ songကေတာ့ နဖူးကိုတစ္ခါျပန္နမ္းသည္။ ၿပီးလွ်င္ေတာ့ westminsterတံတားထက္မွာ အတူေလွ်ာက္လို႔ london eyeဆီီသို႔ ခရီးဆက္ခ့ဲၾကပါသည္။
london eyeမွာေတာ့ စီးမည့္လူေတြမ်ားတာမို႔ တန္းစီေစာင့္ရပါသည္။ တစ္တြဲကို သတ္မွတ္လူဦးေရအတိုင္းတင္တာမို႔ အေတာ္ေလးေစာင့္ရသည္။ စီးခ်င္မွေတာ့ ေစာင့္ရမွာေပါ့။ အယ့္ တန္းစီတာကေတာ့ႏွစ္ေယာက္လံုးစီေပမယ့္ ရထာက ေညာင္းရင္ေဘးထြက္ထိုင္ေနတတ္သည္။ အေတာ္ေလးေစာင့္လို႔အၿပီးမွာေတာ့ ကိုယ္ေတြအလွည့္ေရာက္လာၿပီ။ အတြဲေပၚသို႔ လူဦးေရသတ္မွတ္ႏႈန္းအတိုင္းတင္ၿပီးေနာက္မွာေတာ့ စီးခ်င္လွေသာ london eyeကို ရထာစီးရေလၿပီ။ ေအာက္ကိုၾကည့္ရင္ေတာ့ သိမ္းျမစ္ေရျပင္ကိုေတြ႔ရသည္။ ရထာ့မွာ ေပ်ာ္လြန္းလို႔ခုန္ဆြဆြျဖစ္ေနသည္။
"ထိပ္ဆံုးထိေရာက္ရင္ အရမ္းလွတယ္၊ ႐ႈခင္းက"
"အင္း ငါေပ်ာ္တယ္"
ေပ်ာ္သံစြက္ေသာအသံျဖင့္ ရထာက ေျပာလာေတာ့ ရင္ခြင္ထဲထည့္ဖက္ထားကာ မွန္ကေနတစ္ဆင့္ျမင္ရသည့္ အလွေတြကိုၾကည့္ေနမိသည္။ အျခားေသာမိသားစုေတြ၊ခ်စ္သူေတြကလည္း သူတို႔ဘာသာသူတို႔ေနေနသည္။ ျဖည္းျဖည္းခ်င္းလည္ေနတဲ့ london eyeေၾကာင့္ ႐ႈခင္းလွေတာ့မေရာက္ေသး။ ရထာက ႐ိုက္လိုက္စvlogအတြက္ videoေတြကို႐ိုက္ေနဆဲျဖစ္သည္။ ကိုယ္ကေတာ့ သူ႔ကိုေနာက္ကေနဖက္ထားကာ ပခံုးေပၚ ေမးတင္ထားမိသည္။
"လွလိုက္တာ"
မိနစ္ပိုင္းထိေစာင့္အၿပီးမွာေတာ့ အျမင့္ကိုေရာက္ေလၿပီမို႔ viewျမင္ရေလၿပီ။ westminsterတံတား big ben၊ houses of parliament၊the shardအစ႐ွိသျဖင့္ လန္ဒန္ၿမိဳ႕ႀကီးအား အေပၚစီးကေနျမင္ေတြ႔ရေလၿပီ။ အနိမ့္အျမင့္မညီညာသည့္ တိုက္ေတြ၏အလွကာ စိန္ေတာင္ေတြသဖြယ္။ သိမ္းျမစ္ႀကီးကိုလည္း အေပ်ာ္စီးကေနျမင္ရကာ သြားလာေနၾကသည့္ သေဘာၤေတြကလည္း အလွတစ္မ်ိဳးျဖင့္ မာန္ဝင့္သည္။ လွလြန္းလို႔ ရထာ့လက္ေတြေတာင္ တုန္လာသည္။
"လွတယ္ေနာ္ ရထာ"
"အင္း လွတယ္"
"ဘယ္လိုလုပ္မလဲ ကိုယ့္ရထာကပိုလွေနတယ္"
"တိတ္စမ္းပါ"
songဗိုက္ကို တံေတာင္ျဖင့္သြက္လိုက္သည္။ songရင္ခြင္ထဲကေန ေအးေအးေဆးေဆးအလွအပကိုၾကည့္ခြင့္႐ွိတာေလာက္ ပိုထူးကဲတာမ႐ွိ။
"ကိုယ္တို႔နမ္းရေအာင္ ရထာ၊ ရလား"
"အင္း"
songဘက္ကို မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္လိုက္သည္။ အေနာက္ႏို္င္ငံယဥ္ေက်းမႈ၌ လမ္းမွာနမ္းတာေလာက္ေတာ့ ဘယ္သူမွမအံ့ျသပါ။ အခုေတာင္ ဒီအတြဲမွာပါလာသည့္ ခ်စ္သူေတြက နမ္းေတာင္ေနၿပီ။ ရထာ့မွာလည္း songအနမ္းကိုခံယူခ်င္သည္။ တစ္ျဖည္းျဖည္းငံု႔က်လာသည့္ songမ်က္ႏွာ။ ႏွစ္ေယာက္သားအၾကည့္ခ်င္းဆံုေနဆဲ။ ႏႈတ္ခမ္းထက္ဖိကပ္လာသည့္ songႏႈတ္ခမ္းေၾကာင့္ ျပံဳးမိေတာ့ songကပါ ကိုယ့္မ်က္ႏွာတည့္တည့္ကိုၾကည့္ရင္းျပံဳးေနသည္။ songလက္က ပါးျပင္ကိုကိုင္ကာ ႏႈတ္ခမ္းကိုစုပ္ယူလိုက္ခ်ိန္ေတာ့ ရထာပါ တံု႔ျပန္သည့္အေနျဖင့္ songႏႈတ္ခမ္းအား ေထြးငံုမိသည္။ ထို႔ေနာက္ songအနမ္းေတြ၏ေႏြးေထြးမႈအား မ်က္လံုးမွိတ္ကာ ခံယူမိပါသည္။ လန္ဒန္ရဲ႕အထက္ၿမိဳ႕ျပျမင္ကြင္းအလွႏွင့္လိုက္ဖက္စြာ အနမ္းပန္းကေလးမ်ားဖူးပြင့္ေနၾကသည္။
..................................................................
အတန္းၿပီးၿပီမို႔ စားပြဲေပၚကပစၥည္းေတြကိုသိမ္းကာ အခန္းထဲမွအျမန္ထြက္လာခ့ဲသည္။ အခုခ်ိန္မွာ deanကို မေတြ႔ရဖို႔ႀကိဳးပမ္းမႈသည္သာ အေရးပါဆံုးျဖစ္သည္။ သူလည္းအတန္းခ်ိန္ၿပီးေလာက္မည္မဟုတ္ေသးတာေၾကာင့္ အိမ္အျမန္ျပန္မွျဖစ္မည္။ အတန္းထဲကေနအျမန္ထြက္လာကာ mainေဆာင္ကိုသြားရသည္။ ေတာ္ပါေသး deanက အခန္းေ႐ွ႕ကိုေတာ့ လာေစာင့္မေနပါ။ ေျခလွမ္းေတြကို ပိုၿပီးသြက္လိုက္သည္။ အခုဘတ္စ္ကားကို မွီမွျဖစ္မည္။ မမွီလွ်င္ တကၠစီႏွင့္ျပန္မွရေပမည္။
"ဟင္!"
ေနေစာေျခလွမ္းေတြတန္႔ခနဲရပ္သြားသည္။ mainေဆာင္ေလွကားမွာ ေက်ာေပးထိုင္ေစာင့္ေနသည့္ deanသည္ အတန္းမတက္ပံုေပ။ အတန္းတက္လွ်င္ ဒီအခ်ိန္ကိ္ုယ့္ကိုေစာင့္လို႔ရေသးမည္မဟုတ္။ ေနေစာတံေတြးၿမိဳခ်မိသည္။
"စိတ္ညစ္တာ၊ ဘယ္လိုလုပ္ရမလဲ၊ မေတြ႔ခ်င္ပါဘူးဆို"
ကိုယ့္ႏႈတ္ခမ္းကိုယ္ ေနေစာကိုက္ထားကာ ဆံုးျဖတ္ခ်က္ခ်ရသည္။ ျပန္မွျဖစ္မည္။ တိတ္တိတ္ကေလး သူမျမင္ေအာင္သြားမွျဖစ္မည္။ ႐ုတ္တရက္ mainအေဆာင္ထဲမွ ထြက္လာသည့္ေက်ာင္းသူအုပ္စု။ ခ်က္ခ်င္းပင္ သူတို႔ကိုအကြယ္ျပဳ၍ mainအေဆာင္ေလွကားကေန ဆင္းလာခ့ဲသည္။ ေကာင္မေလးကကြက္ၾကည့္ကြက္ၾကည့္လုပ္တဲ့အခါ ေနေစာမွာ သူတုိ႔ကလိုလက္အုပမခ်ီၿပီး ရယ္ျပမိသည္။
"ေျပးမွ"
အေပါက္ကိုေရာက္တာႏွင့္ ထိုမိန္းကေလးေတြႏွင့္ လမ္းကဘယ္ညာလြဲသြားေလၿပီ။ အျမန္ေျပးမွျဖစ္မည္။
"ေနေရာင္ျခည္!!"
အေပါက္ဝမွာ ေတြ႔လိုက္ရသည့္ ေနေရာင္ျခည္ေလး။ ျပင္ဆင္ခ်ိန္ေတာင္မရလိုက္ ကမမ္းကတမ္း ေနေရာင္ျခည္ေနာက္ကိုေျပးလိုက္ရသည္။ ထိုင္ေစာင့္ေနတာကို ဘာလို႔မေတြ႕တာလဲ။ အခုခ်ိန္ဆို ဘတ္စ္ကားေရာက္လို႔ျပန္ေတာင္ထြက္ေတာ့မည္။ အျမန္ေျပးကာ ေက်ာင္းဝင္းထဲကထြက္ေတာ့ ေနေရာင္ျခည္က ခပ္ေဝးေဝးေတာင္ေရာက္ေနၿပီ။
"ေနေရာင္ျခည္!!!"
ေအာ္ေခၚလိုက္ကာ အေလ်ာ့မေပးဘဲ ေနေရာင္ျခည္ေလးေနာက္ ဆက္ေျပးလိုက္မိသည္။ ေနေရာင္ျခည္ေလးက ေျပးျမဲေျပးဆဲ။ သို႔ေပမယ့္လည္း အေတာ္ေဝးကြာေနသည့္အကြာအေဝးမွာ ေနေရာင္ျခည္ေလးက ဘတ္စ္ကားေပၚေရာက္ေရာက္ခ်င္း ဘတ္စ္ကားကလည္းမွတ္တိုင္မွ ခြာေလၿပီ။
"ေနေရာင္ျခည္!!"
မမီမွန္းသိေနတာမို႔ ေျပးႏႈန္းအ႐ွိန္ကိုေလ်ာ့လိုက္ကာ ေျခကုန္လက္ပန္းက်လြန္းလို႔ ဒူးကိုလက္ေထာက္အေမာေျဖေနမိသည္။ ေနေစာမွာလည္း ေနာက္မွာက်န္ခ့ဲသည့္ deanအား မ်က္စိတစ္ဆံုးၾကည့္ေနမိသည္။
"ငါအဆင္သင့္မျဖစ္ေသးလို႔ပါ dean"
ခပ္တိုးတိုးေရရြတ္ၿပီး လြတ္သည့္ေနရာမွာထိုင္ေနလိုက္သည္။ မင္းကိုမနာက်င္ေစခ်င္ပါဘူး။ ငါအဆင္သင့္မျဖစ္ေသးလို႔ပါ။ ငါ့စိတ္ကိုလက္ခံဖို႔ရာလည္းမရဲလို႔ပါ။ ေနေစာမ်က္ဝန္းထဲ အရည္ၾကည္တစ္ခ်ိဳ႕ရစ္ဖြဲ႔လာသည္။ ေျပာင္းလဲလာသည့္စိတ္ေတြကို ေၾကာက္မိသည္။
"ေနေရာင္ျခည္ရာ မင္း ဆိုးလြန္းတယ္"
မုန္တိုင္းထိုင္ေနသည့္ ေရျပင္လို deanရင္ဘက္သည္
အနိမ့္အျမင့္လိႈင္းထန္ေနသည္။ စိတ္ညစ္ညစ္ႏွင့္ ေခါင္းကုတ္ၿပီး အိတ္ေထာင္ထဲကဖုန္းကိုထုတ္လိုက္ကာ songဆီ ဖုန္းဆက္လိုက္သည္။ တတီတီဝင္သံႏွင့္အတူ songရဲ႕ ဟယ္လိုဆိုသည့္အသံၾကားရသည္၊
"မင္းဘယ္မွာလဲ song"
"london eyeမွာ"
"ေအး ငါတိုင္ပင္စရာ႐ွိလို႔၊ လာခဲ့မယ္"
ထိုမွ်သာေျပာၿပီး ဖုန္းခ်ကာ ေမာေနသည့္ရင္ကိုမ်က္ကြယ္ျပဳလို႔ london eyeကို ထြက္လာခ့ဲသည္။ songကို အၾကံေတာင္းရမည္။ အိမ္ကိုလည္းအတင္းလိုက္ၿပီး မေတြ႕ခ်င္၊ ေတြ႔ဖို႔ရာ ေစာင့္ေနေပမယ့္လည္း ေနေရာင္ျခည္ေလးက ေတြ႔ခ်င္တာကို အေတြ႕ေတာင္မခံ။ ဆိုေတာ့ songကို အက်ိဳးအေၾကာင္းေျပာကာ နည္းေတာင္းမွျဖစ္မည္။ dean သက္ျပင္း႐ွည္ႀကီးခ်လိုက္မိပါသည္။ ဘာလို႔ အရာအားလံုးက ဒီေလာက္ခက္ခဲေနတာလဲမသိပါ။
'big benနာရီစင္
ရပ္သြားတဲ့အခ်ိန္က
ဒုတိယကမၻာစစ္မွာဆို
ကိုယ့္ႏွလံုးသားေလး
အသက္ဝင္လာတဲ့ေန႔က
ကိုယ့္ေမာ္ဖူးမဝကို စေတြ႔တဲ့ေန႔ပဲ´
'london eyeက
လန္ဒန္ကိုယ္စားျပဳတစ္ခုဆိုလွ်င္
ကိုယ့္ေမာ္ဖူးမဝေလးက
ကိုယ့္ကို ကိုယ္စားျပဳတဲ့
ေမာ္ဖူးမဝတဲ့သီခ်င္းတစ္ပုဒ္´
အ့ဲတာက trafalgar squareနဲ႔
nelson's columnပါ။
အ့ဲတာက big benနဲ႔westminsterတံတား။ အ့ဲတံတားကေနတစ္ဖက္ကမ္ကိုသြားမယ္ဆို london eyeေရာက္ၿပီ။ videoၾကည့္ရင္ေတာ့ ႐ွင္းတယ္။ စိတ္ဝင္စားရင္ ytမွာ႐ွာၾကည့္လို႔ရပါတယ္😍😍
................................................................
သုံးကြိမ်မြောက် နာရီကိုကြည့်ချင်းဖြစ်သည်။ ကိုးနာရီကျော်နေပြီဆိုပေမယ့် ကျောင်းအတူသွားဖို့ရာ နေရောင်ခြည်လေးက အခုထိထွက်မလာသေး။ အိမ်ရှေ့မှာရပ်စောင့်နေရင်းမှ တံခါးရှိရာကိုမျှော်နေမိသည်။နေရောင်ခြည်လေးစကားကို အလေးထားစွာ ကျောင်းပိတ်ရက်နှစ်ရက်လုံး နေရောင်ခြည်လေးအား လာမတွေ့ခ့ဲသလို၊သူစိတ်ညူ အောင်လည်း ဖုန်းဆက်ခြင်းမပြုခ့ဲ။ သို့ပေမယ့် ကိုယ်ပြောခ့ဲတဲ့စကားအတိုင်း ဒီနေ့အဖို့တော့ အေးအေးဆေးဆေးဆွေးနွေးဖို့အချိန်ရောက်လာပြီဖြစ်သည်။ ရပ်စောင့်နေရင်းမှ တံခါးပွင့်လာသည်မို့ နေရောင်ခြည်လေးများထွက်လာတာလားလို့တွေးမိကာ နှလုံးသားတစ်စုံက တုန်ရီလာသည်။
"ဟင်! မင်း"
"ဟေ့ကောင် ဘာလုပ်နေတာလဲ၊ ငါ့စောင့်နေတာလား"
deanမျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာပါ။ အိမ်ထဲကနေထွက်လာမည့်သူကို နေရောင်ခြည်လေးလို့ထင်လိုက်ပေမယ့် ထွက်လာသည့်သူက songတို့ဖြစ်နေသည်။
"နေရောင်ခြည်လေးကော"
"သူက သွားပြီလေ၊ "
"ဟင်!"
deanမျက်လုံးပြူ းရသည်။ အိမ်ရှေ့မှာရပ်စောင့်နေတာ ရှစ်နာရီကတည်းကပါ ။ ဒါဆို နေရောင်ခြည်လေးက ကျောင်းကို အစောကြီးသွားတာပေါ့။ ကိုယ့်ကိုရှောင်ချင်တာနှင့်ပင် အစောကြီးသွားတာလား။
"ဒါနဲ့မင်းနဲ့နေစောတစ်ခုခုဖြစ်ထားလို့လား"
ရထာက မေးလာသည်။ ဖြစ်ခ့ဲတဲ့ကိစ္စကတော့ကြီးတယ်။ ဒါပေမယ့် ပြောပြလို့မဖြစ်သေးပါ။ ခေါင်းယမ်းငြင်းရင်းသာ သက်ပြင်းချမိသည်။
"အတူသွားစို့လေ လာ"
"ငါတို့ကခြေလျင်နော်"
"ရတယ် ရတယ် လာ လာ"
songတို့နှင့်သာ အတူကျောင်းသွားခ့ဲတော့သည်။ နေရောင်ခြည်လေးက ကိုယ့်ကိုရှောင်နေတယ်ဆိုတာ ဒီအချက်နှင့်တင်သိသာသွားခ့ဲသည်။ မရှောင်ဘဲနဲ့ အဆင်မပြေသည့်ကိစ္စအဝဝကို လူချင်းတွေ့ဆွေးနွေးလို့ရလျှင်ကောင်းမှာပဲ။ အခုတော့ နေရောင်ခြည်လေးကို လိုက်ဖမ်းရုံမှလွဲလျှင်တော့ မတတ်နိုင်တော့။ အရှောင်ကောင်းတုန်း ရှောင်ထားလိုက်ပါနေရောင်ခြည်။ အမိဖမ်းမိရင်တော့ လွှတ်မပေးတော့ဘူး။
အတန်းချိန်ပြီးရင်တော့ ချက်ချင်းပြန်ဖို့ရာအတွက် နေစောတွေးနေမိသည်။ ကိုယ့်အတန်းချိန်အပြီးကို deanက စောင့်ကိုစောင့်နေမှာမို့ deanနှင့် မဆုံမိအောင်တော့ သတိထားသွားရမည်။ သူနှင့်မျက်နှာချင်းမဆိုင်ရဲသေးပါ။ ဖြစ်ခ့ဲသည့်ကိစ္စက အသေးအမွှားမဟုတ်တော့ နှစ်ရက်လောက်စဉ်းစားရုံနှင့် အဆင်ပြေသွားစေမည့်နည်းလမ်းမရသေး။ အချိန်ပိုယူစဉ်းစားရပေဦးမည်။ ထို့ထက် deanနှင့် မျက်နှာချင်းမဆိုင်ရဲတာပိုများသည်။ ရှက်ခြင်းမဟုတ်သည့် အနေရခက်ခြင်းကြောင့်ပေ။
"သူကျောင်းသွားဖို့ ငါ့ကိုစောင့်နေမှာပဲ"
စောင့်တာကတော့ သေချာပေါက်စောင့်နေလိမ့်မည်။ မိမိကျောင်းသွားပြီဖြစ်ကြောင်း songတို့ပြောမှသိလိုက်ရသဖြင့် ဖြစ်သွားသည့် deanမျက်နှာကို တွေးမိတော့ စိတ်မကောင်း။ ပြီးတော့ သူဖျော်ပေးသည့်သောက်စရာတစ်ခုခုကိုလည်း ဒီနေ့မှာမရခ့ဲ။
"ငါဘာလုပ်သင့်လဲ"
တွေ့ဖို့လဲမရဲ။တွေ့ပါကလည်း ပြောစရာမရှိ။မတွေ့ပါကလည်း သူအဆင်ပြေပါ့မလား၊မပြေဘူးလားဆိုတာ တွေးရင်းပူရသည်။ သေချာသည့်စိတ်မှာ မတွေ့ချင်သည့်စိတ်ကပိုနေသည့်အခါ နေစောသက်ပြင်းချမိသည်။ ကိုယ့်စိတ်ကိုယ်သုံးသပ်လေ ကိုယ့်ကိုယ်ကိုယ်မယုံနိုင်စွာ အံံ့သြသက်ပြင်းချရသည်။ တစ်ခါတစ်လေ အချစ်ကပြောင်းလဲတတ်လေးသလား။ ဟင့်အင်း တစ်ခါတစ်လေမဟုတ်။ နေစောဘဝမှာ ရထာ့ကိုချစ်နေလျက်တောင်အခြားသောမိန်းမသားတစ်ယောက်ဆီီသို့ ဦးညွတ်ကျခ့ဲဖူးသည်ပဲ။ ထိုမိန်းမသားဆီမှလည်း ရထာ့ဆီသို့ဦးတည်ဘက်ထပ်၍ပြောင်းခ့ဲဖူးသည်။ ဒါဆိုအခုကော...
"ပင်ပန်းလိုက်တာကွာ"
အတွေးတွေက တစ်ဖြည်းဖြည်း ရှုပ်လာသည်။
မကြည်တော့သည့်ခေါင်းကြောင့် ခေါင်းကိုနှစ်ချက်လောက် လက်ဖဝါးဖြင့်ရိုက်နေခိုက် ဆရာဝင်လာသည်မို့ နှုတ်ဆက်ကာ စာသင်ခြင်းကိုစရတော့သည်။ စာသင်နေသည့်တစ်လျှောက် စာအုပ်ကိုပဲစိုက်ကြည့်နေကာ အတွေးတွေကတော့ deanကိုရှောင်ရမည့်နည်းကို အချိန်မပြတ်တွေးနေမိသည်။ ငါ့အတွက်လည်း ခက်ခဲလို့ပါdeanရာ။
...................................................................
Trafalgar squareမှာ နှစ်ယောက်သား ခဏထိုင်နေမိသည်။ ပြည်သူတွွေအတွက် ဖွင့်ပေးထားတာမို့ အပန်းဖြေသူတွွေလည်းရှိသည်။ ဆောင်းဦးတောင် အပန်းလာဖြေသူတွေရှိလျှင် နွေဆိုလျှင်တော့ ဒီနေရာကအတော်လေးစည်မှာပဲ။ စည်မှာပဲမဟုတ်ဘူး စည်ကိုစည်မည်။
"လာ ကိုယ့်ပခုံးပေါ်ခေါင်းအုံး"
"အင်း vlogအတွက်လည်းရိုက်ဦးလေ"
ရထာက လွယ်အိတ်ထဲကနေ ကင်မရာထုတ်ဖို့ပြင်နေတာကြောင့် လက်ကိုဆွဲလိုက်ကာ ရထာ့ခေါင်းလေးအား ဆွဲယူပြီး ပခုံးပေါ်မှီတင်လိုက်သည်။
"လွတ်လွတ်လပ်လပ်နေပါဦး ရထာရဲ့"
"အံမယ်"
"တကယ်ပြောတာ၊ ကိုယ်ရှင်းပြမယ်နော်ဒီအကြောင်းကို၊
ဒီ trafalgarကို ၁၈၄၀မှာ ဆောက်ပြီးခ့ဲပြီး ၁၈၈၄မှာ ပြည်သူလူထုလည်ပတ်နိုင်အောင် ဖွင့်ပေးခ့ဲတာ၊ ၁၉၉၆ကတည်းက the register of historic parks and gardensမှာ နံပါတ်တစ်သမိုင်းဝင်squareတစ်ခုလေ။ အရင်က charing crossလို့ခေါ်ပေမယ့် နပိုလီယန်စစ်ပွဲကို ဗြိတိသျှရေတပ်တွေအောင်ပြီးနောက် ဂုဏ်ပြုတဲ့အနေတဲ့ trafalgarလို့ နာမည်ပေးခ့ဲတာ၊trafalgarမှာကျ နိုင်ငံရေးလှုပ်ရှားမှုတွေအများဆုံးလုပ်တာ"
"အင်း ဒီနေရာမှာဆန္ဒပြတာတွေငါတွေ့ဖူးတယ်၊"
ရထာက ခေါင်းမော့ပြောလာတော့ နဖူးပြင်လေးကို ဆတ်ခနဲနမ်းလို်က်မိသည်။ နမ်းပြီးချင်း ရထာ့ရဲ့တံတောင်ဆစ်က ဗိုက်ကိုလာထိုးလေရဲ့။
"ဒါနဲ့ song၊ အဲ့ nelson's columnကလေ"
ရှေ့တည့်တည့်မှာတွေ့နေသည့် nelson's columnကို ရထာလက်ညိုးပြလိုက်သည်။
"အ့ဲ nelson's columnက ခြငေ်္သ့နှစ်ကောင်လေ။ အဲ့တာကိုလုပ်ခ့ဲတဲ့ ပညာရှင်က lodon zooက ခြေငေ်္သ့ကိုနမူနာယူပြီးဆွဲခ့ဲပေမယ့် ဆွဲနေတုန်းအ့ဲခြငေ်္သ့သေသွားတော့ နမူနာမရှိလို့ဆိုပြီး ကြောင်ရဲ့လက်သည်းပုံစံကိုကြည့်ဆွဲခ့ဲတာဆို၊ ဒါကြောင့် အ့ဲခြငေ်္သ့ရဲ့လက်က ကြောင်လက်နဲ့တူနေတယ်တဲ့"
"ဟုတ်ပါ့ ဟားဟား"
နှစ်ယောက်သားရယ်မိကြသည်။ ဒီလိုလူမျိုးကောရှိပါ့ပကောလား။
"ဒါနဲ့ ရထာ၊ ဒီsquareရဲ့ ထူးခြားချက်ကိုသိလား"
"မသိဘူး"
"၂၀၀၃ခုနှစ်က စပြီး ဒီနေရာမှာ ငှက်မဝင်ရဆိုပြီး အမိန့်ထုတ်ထားတာ"
"ဘာ ဟားဟား!!!! သူတို့ကဘယ်လိုလုပ်သိမှာလဲ"
စကားဝိုင်းက ဟာသလေးနှောလာသည်မို့ songပခုံးပေါ်ခေါင်းမှီခါးရာမှ ပြန်ခါးမတ်ကာ songဘက်မျက်နှာမူ၍ မေးလိုက်သည်။ songက ကိုယ့်အမေးကိုအရင်မဖြေသေးဘဲ နှာခေါင်းကိုအရင်ခပ်ဖွဖွလာဆွဲသည်။
"အခုငှက်ရှိလားပြော၊ အစောင့်တွေက ငှက်တွေမလာအောင်ခြောက်ရတာပေါ့"
"ဪ"
"လာ ကိုယ်တို့big benနဲ့ london eyeသွားစို့"
မတ်တပ်ရပ်လိုက်ပြီး ရထာ့အားလက်ကမ်းလိုက်တော့ ရထာက လက်ကိုကိုင်ဆုပ်အားပြုလို့ထလာသည်။ ခန္ဓာကိုယ်လေးအားရင်ခွင်ထဲဆွဲသွင်းကာ အရင်ဆုံးbig benကို သွားရမည်။ big benကနေတစ်ဆင့် wedtminsterတံတားကိုဖြတ်ကာ london eyeကို သွားရမှာဖြစ်သည်။ လန်ဒန်မှာတော့ အများစုက ခရီးစရိတ်သက်သာအောင် နာရီလောက်ကြာတဲ့ခရီးမှအပ အကုန်ခြေလျင်သွားကြသည်။ အခုလည်း ရထာ့ကိုဖက်ထားရင်း လမ်းလျှောက်နေရသည့်အဖြစ်အပျက်လေးက လှပဖွယ်။
"ချစ်တာ ကိုယ့်မော်ဖူးမဝ"
အမွေးနံ့သင်းသင်းဆံပင်ကြားထဲ နှာခေါင်းတိုးဝင်နမ်းလိုက်မိသည်။ ခါးကိုတင်းအောင်ဖက်လာသည့် ရထာ့လက်ကလေးတွေက နွေးထွေးသောစောင်လို။ အခုလိုကိုယ့်ကိုရထာချစ်ပုံတွေကြည့်မိပြန်တော့ စတွေ့တုန်းက မိမိကိုအမြင်မကြည်၍အမြဲရန်စနေသည့် ရထာလားလို့တောင် တွေးယူရပြန်သည်။
"ကိုယ့်ကိုချစ်လာရထာ"
"မချစ်ဘူး ဟန်ဆောင်နေတာ"
"ဟားဟား မော်ဖူးမဝကွာ"
ခုနကအတွေးကို ပြန်ရုတ်သိမ်းပါသည်။ ကိုယ့်ရထာသည် အရင်ကလို ဘုဆတ်ဆတ်ရထာလေးပါပင်။
big benကို ရောက်တော့ westminsterတံတားကနေပြီး bigbenကိုနောက်ခံထား ဓာတ်ပုံရိုက်ရသည်။ တစ်ယောက်တည်းပုံကို songအားရိုက်ခိုင်းရသည်။ big benအနားထိသွားလို့မရ။ မရတာက နားလည်ရလွယ်အောင်ရှင်းပြရမယ်ဆို မန္တလေးဈေးချိုနာရီစင်ကလို မီးပွိုင့်လုပ်ထားလို့ပင်။ တစ်ယောက်တည်းရိုက်ပြီးနောက် bigbenနာရီစင်အား နောက်ခံထားကာ songပါးပြင်အား နမ်းသည့်ပုံလေးရိုက်သည်။
"လာ ကိုယ်တို့london eyeသွားစို့"
"အင်း"
ထို့နောက် westminsterတံတားကနေအတူလက်တွဲလျှောက်လာခ့ဲကြသည်။ သိမ်းမြစ်ပြင်ကိုဖြတ်၍ တိုက်ခိုက်လာသော လေအေးများက တံတားပေါ်ထိရောက်တာတောင် အရှိန်မသေသေးဘဲ မျက်နှာကိုရိုက်ခတ်ကျော်ဖြတ်သွားသည်။ အေးစိမ့်စိမ့်အရသာလေးကို မကြိုက်သော်လည်း ဒီမှာနေရင်တော့ ဒီရာသီဥတုကိုကြိုက်ရမှာပဲလေ။
"ကိုယ်big benအကြောင်းပြောရမလား"
"big benတော့ ငါသိပါတယ်ကွ၊နာမည်အကြီးဆုံးနာရီ ၁၈၄၃၊စက်တင်ဘာ ၂၈မှာဆောက်ခ့ဲတာ၊ big benကိုတာဝန်ယူတဲ့ ဗိသုကာပညာရှင်က Augusts Puginနဲ့Charles Barryအ့ဲလောက်တော့ငါသိပါတယ်ကွ၊ ငါက guideပဲကို လေ့လာထားရတာပေါ့"
"ဒါဆို ဘယ်အချိန်မှာ ဒီနာရီစင်က ရပ်ခဲ့လဲ အာ့!!"
songနောက်စိကို အားပါပါရိုက်လိုက်တော့ ရှေ့ကိုငိုက်ကျသွားသည်။ နောက်စိကိုကိုင်ပြီး လှည့်ကြည့်လာသည့် songအား မျက်မှောင်ကြုံ့ကာ...
"မင်းက ငါ့ကိုမသိဘူးများထင်နေတာလား၊ ၁၉၄၂ဒုတိယကမ္ဘာစစ်မှာ ဂျာမန်လေတပ်က ဗုံးကျဲလို့တစ်ခါပဲစက်ရပ်ဖူးတယ်၊ဟုတ်ပြီလား"
"ရထာကလည်း၊ရိုက်ချင်းရိုက် ကိုယ်ကရိုက်မယ်လေ၊
ခေါင်းနာသွားပြီ အာဘွားပေး"
Songက သူ့ခေါင်းကိုငုံ့ပေးတော့ ပြုံးကာ တစ်ချက်နမ်းလိုက်သည်။ ထိုအခါမှ songမျက်နှာပေးက စပ်ဖြီးဖြီးဖြစ်လာသည်။
"big benနာရီစင် ရပ်သွားတဲ့အချိန်က ဒုတိယကမ္ဘာစစ်ဆို ကိုယ့်နှလုံးသားလေးအသက်ဝင်လာတဲ့နေ့က ကိုယ့်မော်ဖူးမဝကို စတွေ့တဲ့နေ့ပဲ"
"လျှာရိုးမရှိတိုင်းလျှောက်ပြောမနေနဲ့"
"တကယ်ပါနော်"
"အရူးကောင် သွားမယ်"
"ခဏနေပါဦး ကျန်သေးတယ်မင်းလေးကိုပြောဖို့"
ချစ်ရည်ရွှန်းလ့ဲသည့်အကြည့်များဖြင့် songက ကြည့်လာသည့်အခါ မနေတတ်စွာ ရထာပြုံးမိသည်။ သည်ကောင် ဘာတွေတင်စားဦးမည်လဲ။
"london eyeဆိုတာက လန်ဒန်လို့ပြောလိုက်တာနဲ့
ပြေးမြင်တဲ့လန်ဒန်ကိုယ်စားပြုတစ်ခုတဲ့၊ ဒါဆို
ကိုယ့်မော်ဖူးမဝက ကိုယ့်ကိုကိုယ်စားပြုတဲ့
မော်ဖူးမဝတဲ့သီချင်းတစ်ပုဒ်"
"တော်တော့လို့ သွားစို့"
ခြေဖျားထောက်ကာ songနှုတ်ခမ်းကို ထိရုံမျှနမ်းပြီး ရယ်ပြလိုက်မိသည်။ songကတော့ နဖူးကိုတစ်ခါပြန်နမ်းသည်။ ပြီးလျှင်တော့ westminsterတံတားထက်မှာ အတူလျှောက်လို့ london eyeဆီီသို့ ခရီးဆက်ခ့ဲကြပါသည်။
london eyeမှာတော့ စီးမည့်လူတွေများတာမို့ တန်းစီစောင့်ရပါသည်။ တစ်တွဲကို သတ်မှတ်လူဦးရေအတိုင်းတင်တာမို့ အတော်လေးစောင့်ရသည်။ စီးချင်မှတော့ စောင့်ရမှာပေါ့။ အယ့် တန်းစီတာကတော့နှစ်ယောက်လုံးစီပေမယ့် ရထာက ညောင်းရင်ဘေးထွက်ထိုင်နေတတ်သည်။ အတော်လေးစောင့်လို့အပြီးမှာတော့ ကိုယ်တွေအလှည့်ရောက်လာပြီ။ အတွဲပေါ်သို့ လူဦးရေသတ်မှတ်နှုန်းအတိုင်းတင်ပြီးနောက်မှာတော့ စီးချင်လှသော london eyeကို ရထာစီးရလေပြီ။ အောက်ကိုကြည့်ရင်တော့ သိမ်းမြစ်ရေပြင်ကိုတွေ့ရသည်။ ရထာ့မှာ ပျော်လွန်းလို့ခုန်ဆွဆွဖြစ်နေသည်။
"ထိပ်ဆုံးထိရောက်ရင် အရမ်းလှတယ်၊ ရှုခင်းက"
"အင်း ငါပျော်တယ်"
ပျော်သံစွက်သောအသံဖြင့် ရထာက ပြောလာတော့ ရင်ခွင်ထဲထည့်ဖက်ထားကာ မှန်ကနေတစ်ဆင့်မြင်ရသည့် အလှတွေကိုကြည့်နေမိသည်။ အခြားသောမိသားစုတွေ၊ချစ်သူတွေကလည်း သူတို့ဘာသာသူတို့နေနေသည်။ ဖြည်းဖြည်းချင်းလည်နေတဲ့ london eyeကြောင့် ရှုခင်းလှတော့မရောက်သေး။ ရထာက ရိုက်လိုက်စvlogအတွက် videoတွေကိုရိုက်နေဆဲဖြစ်သည်။ ကိုယ်ကတော့ သူ့ကိုနောက်ကနေဖက်ထားကာ ပခုံးပေါ် မေးတင်ထားမိသည်။
"လှလိုက်တာ"
မိနစ်ပိုင်းထိစောင့်အပြီးမှာတော့ အမြင့်ကိုရောက်လေပြီမို့ viewမြင်ရလေပြီ။ westminsterတံတား big ben၊ houses of parliament၊the shardအစရှိသဖြင့် လန်ဒန်မြို့ကြီးအား အပေါ်စီးကနေမြင်တွေ့ရလေပြီ။ အနိမ့်အမြင့်မညီညာသည့် တိုက်တွေ၏အလှကာ စိန်တောင်တွေသဖွယ်။ သိမ်းမြစ်ကြီးကိုလည်း အပျော်စီးကနေမြင်ရကာ သွားလာနေကြသည့် သဘောၤတွေကလည်း အလှတစ်မျိုးဖြင့် မာန်ဝင့်သည်။ လှလွန်းလို့ ရထာ့လက်တွေတောင် တုန်လာသည်။
"လှတယ်နော် ရထာ"
"အင်း လှတယ်"
"ဘယ်လိုလုပ်မလဲ ကိုယ့်ရထာကပိုလှနေတယ်"
"တိတ်စမ်းပါ"
songဗိုက်ကို တံတောင်ဖြင့်သွက်လိုက်သည်။ songရင်ခွင်ထဲကနေ အေးအေးဆေးဆေးအလှအပကိုကြည့်ခွင့်ရှိတာလောက် ပိုထူးကဲတာမရှိ။
"ကိုယ်တို့နမ်းရအောင် ရထာ၊ ရလား"
"အင်း"
songဘက်ကို မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်။ အနောက်နို်င်ငံယဉ်ကျေးမှု၌ လမ်းမှာနမ်းတာလောက်တော့ ဘယ်သူမှမအံ့သြပါ။ အခုတောင် ဒီအတွဲမှာပါလာသည့် ချစ်သူတွေက နမ်းတောင်နေပြီ။ ရထာ့မှာလည်း songအနမ်းကိုခံယူချင်သည်။ တစ်ဖြည်းဖြည်းငုံ့ကျလာသည့် songမျက်နှာ။ နှစ်ယောက်သားအကြည့်ချင်းဆုံနေဆဲ။ နှုတ်ခမ်းထက်ဖိကပ်လာသည့် songနှုတ်ခမ်းကြောင့် ပြုံးမိတော့ songကပါ ကိုယ့်မျက်နှာတည့်တည့်ကိုကြည့်ရင်းပြုံးနေသည်။ songလက်က ပါးပြင်ကိုကိုင်ကာ နှုတ်ခမ်းကိုစုပ်ယူလိုက်ချိန်တော့ ရထာပါ တုံ့ပြန်သည့်အနေဖြင့် songနှုတ်ခမ်းအား ထွေးငုံမိသည်။ ထို့နောက် songအနမ်းတွေ၏နွေးထွေးမှုအား မျက်လုံးမှိတ်ကာ ခံယူမိပါသည်။ လန်ဒန်ရဲ့အထက်မြို့ပြမြင်ကွင်းအလှနှင့်လိုက်ဖက်စွာ အနမ်းပန်းကလေးများဖူးပွင့်နေကြသည်။
..................................................................
အတန်းပြီးပြီမို့ စားပွဲပေါ်ကပစ္စည်းတွေကိုသိမ်းကာ အခန်းထဲမှအမြန်ထွက်လာခ့ဲသည်။ အခုချိန်မှာ deanကို မတွေ့ရဖို့ကြိုးပမ်းမှုသည်သာ အရေးပါဆုံးဖြစ်သည်။ သူလည်းအတန်းချိန်ပြီးလောက်မည်မဟုတ်သေးတာကြောင့် အိမ်အမြန်ပြန်မှဖြစ်မည်။ အတန်းထဲကနေအမြန်ထွက်လာကာ mainဆောင်ကိုသွားရသည်။ တော်ပါသေး deanက အခန်းရှေ့ကိုတော့ လာစောင့်မနေပါ။ ခြေလှမ်းတွေကို ပိုပြီးသွက်လိုက်သည်။ အခုဘတ်စ်ကားကို မှီမှဖြစ်မည်။ မမှီလျှင် တက္ကစီနှင့်ပြန်မှရပေမည်။
"ဟင်!"
နေစောခြေလှမ်းတွေတန့်ခနဲရပ်သွားသည်။ mainဆောင်လှေကားမှာ ကျောပေးထိုင်စောင့်နေသည့် deanသည် အတန်းမတက်ပုံပေ။ အတန်းတက်လျှင် ဒီအချိန်ကိ်ုယ့်ကိုစောင့်လို့ရသေးမည်မဟုတ်။ နေစောတံတွေးမြိုချမိသည်။
"စိတ်ညစ်တာ၊ ဘယ်လိုလုပ်ရမလဲ၊ မတွေ့ချင်ပါဘူးဆို"
ကိုယ့်နှုတ်ခမ်းကိုယ် နေစောကိုက်ထားကာ ဆုံးဖြတ်ချက်ချရသည်။ ပြန်မှဖြစ်မည်။ တိတ်တိတ်ကလေး သူမမြင်အောင်သွားမှဖြစ်မည်။ ရုတ်တရက် mainအဆောင်ထဲမှ ထွက်လာသည့်ကျောင်းသူအုပ်စု။ ချက်ချင်းပင် သူတို့ကိုအကွယ်ပြု၍ mainအဆောင်လှေကားကနေ ဆင်းလာခ့ဲသည်။ ကောင်မလေးကကွက်ကြည့်ကွက်ကြည့်လုပ်တဲ့အခါ နေစောမှာ သူတို့ကလိုလက်အုပမချီပြီး ရယ်ပြမိသည်။
"ပြေးမှ"
အပေါက်ကိုရောက်တာနှင့် ထိုမိန်းကလေးတွေနှင့် လမ်းကဘယ်ညာလွဲသွားလေပြီ။ အမြန်ပြေးမှဖြစ်မည်။
"နေရောင်ခြည်!!"
အပေါက်ဝမှာ တွေ့လိုက်ရသည့် နေရောင်ခြည်လေး။ ပြင်ဆင်ချိန်တောင်မရလိုက် ကမမ်းကတမ်း နေရောင်ခြည်နောက်ကိုပြေးလိုက်ရသည်။ ထိုင်စောင့်နေတာကို ဘာလို့မတွေ့တာလဲ။ အခုချိန်ဆို ဘတ်စ်ကားရောက်လို့ပြန်တောင်ထွက်တော့မည်။ အမြန်ပြေးကာ ကျောင်းဝင်းထဲကထွက်တော့ နေရောင်ခြည်က ခပ်ဝေးဝေးတောင်ရောက်နေပြီ။
"နေရောင်ခြည်!!!"
အော်ခေါ်လိုက်ကာ အလျော့မပေးဘဲ နေရောင်ခြည်လေးနောက် ဆက်ပြေးလိုက်မိသည်။ နေရောင်ခြည်လေးက ပြေးမြဲပြေးဆဲ။ သို့ပေမယ့်လည်း အတော်ဝေးကွာနေသည့်အကွာအဝေးမှာ နေရောင်ခြည်လေးက ဘတ်စ်ကားပေါ်ရောက်ရောက်ချင်း ဘတ်စ်ကားကလည်းမှတ်တိုင်မှ ခွာလေပြီ။
"နေရောင်ခြည်!!"
မမီမှန်းသိနေတာမို့ ပြေးနှုန်းအရှိန်ကိုလျော့လိုက်ကာ ခြေကုန်လက်ပန်းကျလွန်းလို့ ဒူးကိုလက်ထောက်အမောဖြေနေမိသည်။ နေစောမှာလည်း နောက်မှာကျန်ခ့ဲသည့် deanအား မျက်စိတစ်ဆုံးကြည့်နေမိသည်။
"ငါအဆင်သင့်မဖြစ်သေးလို့ပါ dean"
ခပ်တိုးတိုးရေရွတ်ပြီး လွတ်သည့်နေရာမှာထိုင်နေလိုက်သည်။ မင်းကိုမနာကျင်စေချင်ပါဘူး။ ငါအဆင်သင့်မဖြစ်သေးလို့ပါ။ ငါ့စိတ်ကိုလက်ခံဖို့ရာလည်းမရဲလို့ပါ။ နေစောမျက်ဝန်းထဲ အရည်ကြည်တစ်ချို့ရစ်ဖွဲ့လာသည်။ ပြောင်းလဲလာသည့်စိတ်တွေကို ကြောက်မိသည်။
"နေရောင်ခြည်ရာ မင်း ဆိုးလွန်းတယ်"
မုန်တိုင်းထိုင်နေသည့် ရေပြင်လို deanရင်ဘက်သည်
အနိမ့်အမြင့်လှိုင်းထန်နေသည်။ စိတ်ညစ်ညစ်နှင့် ခေါင်းကုတ်ပြီး အိတ်ထောင်ထဲကဖုန်းကိုထုတ်လိုက်ကာ songဆီ ဖုန်းဆက်လိုက်သည်။ တတီတီဝင်သံနှင့်အတူ songရဲ့ ဟယ်လိုဆိုသည့်အသံကြားရသည်၊
"မင်းဘယ်မှာလဲ song"
"london eyeမှာ"
"အေး ငါတိုင်ပင်စရာရှိလို့၊ လာခဲ့မယ်"
ထိုမျှသာပြောပြီး ဖုန်းချကာ မောနေသည့်ရင်ကိုမျက်ကွယ်ပြုလို့ london eyeကို ထွက်လာခ့ဲသည်။ songကို အကြံတောင်းရမည်။ အိမ်ကိုလည်းအတင်းလိုက်ပြီး မတွေ့ချင်၊ တွေ့ဖို့ရာ စောင့်နေပေမယ့်လည်း နေရောင်ခြည်လေးက တွေ့ချင်တာကို အတွေ့တောင်မခံ။ ဆိုတော့ songကို အကျိုးအကြောင်းပြောကာ နည်းတောင်းမှဖြစ်မည်။ dean သက်ပြင်းရှည်ကြီးချလိုက်မိပါသည်။ ဘာလို့ အရာအားလုံးက ဒီလောက်ခက်ခဲနေတာလဲမသိပါ။
'big benနာရီစင်
ရပ်သွားတဲ့အချိန်က
ဒုတိယကမ္ဘာစစ်မှာဆို
ကိုယ့်နှလုံးသားလေး
အသက်ဝင်လာတဲ့နေ့က
ကိုယ့်မော်ဖူးမဝကို စတွေ့တဲ့နေ့ပဲ´
'london eyeက
လန်ဒန်ကိုယ်စားပြုတစ်ခုဆိုလျှင်
ကိုယ့်မော်ဖူးမဝလေးက
ကိုယ့်ကို ကိုယ်စားပြုတဲ့
မော်ဖူးမဝတဲ့သီချင်းတစ်ပုဒ်´
အ့ဲတာက trafalgar squareနဲ့
nelson's columnပါ။
အ့ဲတာက big benနဲ့westminsterတံတား။ အ့ဲတံတားကနေတစ်ဖက်ကမ်ကိုသွားမယ်ဆို london eyeရောက်ပြီ။ videoကြည့်ရင်တော့ ရှင်းတယ်။ စိတ်ဝင်စားရင် ytမှာရှာကြည့်လို့ရပါတယ်😍😍
................................................................