ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 10

12.9K 1.9K 35
By Kay_Wine

MWFV Ch 10

Good Morning, Dad!

Zawgyi Version

အစတုန္းကေတာ့ Mr.ခ်င္က က်င္းယြမ္စံအိမ္ကိုျပန္ဖို႔ အစီအစဥ္မရွိခဲ့ဘူး။ သို႔ေပမယ့္ မသြားခင္ေလးမွာပဲ သူက စံအိမ္မွာ အေရးႀကီးစာ႐ြက္စာတမ္းေတြ ေမ့က်န္ခဲ့တာကို သတိရသြားခဲ့တယ္။ ဒါေၾကာင့္ မနက္ခင္းမွာ ခ်င္ေရွာက္က အိမ္ကိုျပန္လာခဲ့တယ္။ ခ်င္ေရွာက္လာတာက အရမ္းေစာေနတာေၾကာင့္ သူ႔အေနနဲ႔ အိမ္ေတာ္ထိန္းကို အေႏွာင့္အယွက္ မျဖစ္ေစခ်င္ဘူး။

စာ႐ြက္စာတမ္းေတြယူၿပီး ခ်င္ေရွာက္ကျပန္ထြက္မယ္အလုပ္ မီးဖိုေခ်ာင္ကေနထြက္ေပၚလာတဲ့ အလြန္တရာကိုစီးခ်က္က်လွတဲ့ ထိခတ္သံေတြက သူ႔အာ႐ုံကိုဖမ္းစားသြားခဲ့တယ္။ ဒီအသံထြက္ေအာင္လုပ္ေနတဲ့သူက အရမ္းကို ကြၽမ္းက်င္ပုံရတယ္။ ပုံမွန္အားျဖင့္ Mr.ခ်င္က မနက္စာစားရတာကို မႏွစ္သက္တာေၾကာင့္ သူ႔ရဲ႕အိမ္ေတာ္ထိန္းက စားဖိုမႈးေတြကို ဒီေလာက္အေစာႀကီးလာၿပီး ခ်က္ျပဳတ္ေပးရန္အတြက္ တစ္ခါမွမစီစဥ္ေပးဖူးဘူး။ သူ႔နာရီကို ငုံ႔ၾကည့္လိုက္ေတာ့ မနက္ ၆:၁၅ မိနစ္ပဲရွိေသးတာျဖစ္ၿပီး ခ်င္ေရွာက္က မ်က္ေမွာင္နည္းနည္းက်ဳံ႕မိသြားတယ္။

အဲဒီအခ်ိန္မွာပဲ စုေပက ပန္ကိတ္ပန္းကန္ႏွစ္ခ်ပ္နဲ႔ မီးဖိုေခ်ာင္ကေန ထြက္လာခဲ့တယ္။ သူမက တံခါးနားမွာရပ္ေနတဲ့ ခ်င္ေရွာက္ကိုလည္းျမင္ေရာ သူမခမ်ာ ထိတ္လန႔္လြန္းလို႔ ႐ုတ္တရက္ႀကီး ခုန္ထမိေတာ့မတတ္ပဲ။

ဗီလိန္အစစ္ႀကီး႐ုတ္တရက္ေပၚလာတာပါလား!

သူဘယ္အခ်ိန္ကျပန္လာတာလဲ? သူအခုေလးတင္ျပန္လာတယ္လို႔ေတာ့ထင္ရတာပဲ? ဒါမွမဟုတ္အခုမွအျပင္ထြက္မလို႔လား? စုေပလည္း မသိေတာ့ဘူး။ 'အေဖ...ျပန္လာၿပီလား' ဒါမွမဟုတ္ 'ေနာက္မွေတြ႕မယ္ေနာ္...အေဖ' သူမဘာကိုေျပာသင့္လဲ?

ဒါေပမယ့္လည္း ခ်င္ေရွာက္က သူမကိုၾကည့္ေနေတာ့ စုေပက အံ့ၾသမႈေတြ စိတ္ရႈပ္ေထြးမႈေတြကို သူမမ်က္ႏွာကေန ဖယ္ထုတ္လိုက္ၿပီးမွ သူမက ဒီလူကို အလြန္ေတာက္ပတဲ့အၿပဳံးေလးနဲ႔ႏႈတ္ဆက္လိုက္တယ္။

"အေဖ...မဂၤလာနံနက္ခင္းပါ!"

စုေပရဲ႕ႏႈတ္ခြန္းဆက္မႈေလးက သဘာဝက် ၾကင္နာႏူးညံ့ၿပီး ယဥ္ေက်းသိမ္ေမြ႕လို႔ေနတယ္။ တစ္ခုပဲ 'အေဖ' ဆိုတဲ့စကားလုံးကေတာ့ ခ်င္ေရွာက္ရဲ႕နားေတြကို ယားက်ိက်ိျဖစ္ေစကာ သိသိသာသာႀကီးကိုပဲ ေနရခက္ေစတယ္။

တစ္စကၠန႔္ေလးေတာင္မၾကာလိုက္ပဲ ခ်င္ေရွာက္က သူ႔ကိုေခၚလိုက္တဲ့ ေကာင္မေလးကို တုံ႔ျပန္လိုက္တယ္။ သူက စုေပကို ခဏေလာက္စိုက္ၾကည့္လိုက္ၿပီး ဘာေၾကာင့္မွန္းမသိ အံ့အားသင့္သြားခဲ့တယ္။

---မေန႔က ကေလးမေလးပါလား?

သူမကိုယ္သူမ သန႔္ရွင္းၿပီးသြားေတာ့လည္း သိပ္႐ုပ္မဆိုးေတာ့ဘူးပဲ။ ဒါေပမယ့္ သူမကအရမ္းပိန္လြန္းေတာ့ ေလတိုက္ရင္ေတာင္ လြင့္ၿပီးပါသြားေတာ့မလိုပဲ။

Mr.ခ်င္ရဲ႕အၾကည့္က သူ႔ၿပိဳင္ဘက္ေတြကိုေတာင္ ေၾကာက္႐ြံ႕တုန္လႈပ္သြားေအာင္လုပ္ႏိုင္စြမ္းရွိတယ္။ သို႔ေပသိ စုေပရဲ႕ အေၾကာက္အလန႔္မရွိတဲ့ မ်က္လုံးေတြကို ေတြ႕လိုက္ရတဲ့အခါက်မွသာ ဘာေၾကာင့္မွန္းမသိပဲ သူ႔ကို ေနရထိုင္ရခက္ေစၿပီး ရွင္းမျပႏိုင္တဲ့ ခံစားခ်က္ေတြ ျဖစ္ေပၚေစလာရတာျဖစ္တယ္။

"အေဖ...မနက္စာစားၿပီးၿပီလား? သမီးနဲ႔အတူစားမလား?" စုေပက သူမလက္ထဲက ပန္းကန္ကိုေျမာက္ျပလိုက္ၿပီး ခ်င္ေရွာက္ကို ေမးလိုက္တယ္။

"သမီးပန္ကိတ္ေတြလုပ္ထားတယ္။ ၿပီးေတာ့ မီးဖိုေခ်ာင္ထဲမွာ သခြားသီးနဲ႔ ၾကက္ဥထည့္ထားတဲ့ ဆန္ျပဳတ္လည္းရွိတယ္"

သူတို႔ေက်းလက္မွာေနစဥ္တုန္းက သူတို႔အိမ္ကေက်ာင္းနဲ႔အရမ္းေဝးတာေၾကာင့္ စုေပက ဒီအခ်ိန္ဆို သူမနဲ႔စုေရွာင္ေပါင္အတြက္ မနက္စာျပင္ဆင္ဖို႔ရာ အိပ္ယာထေနက်ျဖစ္တယ္။ ဒီေန႔ေတာ့ စုေပက ဦးေလးဖုအတြက္ပါ ပိုလုပ္လိုက္တာေလးပါပဲ။

ခ်င္ေရွာက္ : "....."

စုေပက သူ႔ကို မနက္စာစားဖို႔ဖိတ္တာကို ၾကားလိုက္ရေတာ့ Mr.ခ်င္ရဲ႕တည္ၿငိမ္ေနတဲ့ မ်က္လုံးေတြထဲမွာ မီးဖြားေလးတစ္ခု ျဖတ္ေျပးသြားေတာ့တယ္။

ငါကမင္းေဖေဖမဟုတ္ဘူးေလ။ Mr.ခ်င္က ဒီစကားေလးကိုေတာ့ သူ႔ႏွလုံးသားထဲမွာ ထည့္ထားလိုက္ရတယ္။

"မစားေတာ့ဘူး" Mr.ခ်င္ကေလသံျပင္းျပင္းနဲ႔ ျငင္းပယ္လိုက္တယ္။

"မင္းမ်ားမ်ားစားသင့္တယ္" ဒီစကားေလးေျပာၿပီးတာနဲ႔ သူကထြက္သြားခဲ့တယ္။

ခ်င္ေရွာက္ရဲ႕ခံစားခ်က္မဲ့စြာ ေျပာသြားတဲ့စကားေတြကို သူမၾကားလိုက္ရတဲ့အခါ စုေပမ်က္လုံးေတြက တြန႔္ေကြးသြားရတယ္။ ႐ုတ္တရက္ပဲ တီဗီဇာတ္လမ္းတစ္ခုထဲက ၾကားေနက် စာသားတစ္ေၾကာင္းက သူမေခါင္းထဲမွာ ျမည္ဟီးလို႔ေနတယ္ : မ်ားမ်ားစားစမ္းပါ၊ ဗိုက္ျပည့္သြားတဲ့အထိစားလိုက္စမ္းပါ၊ ဒါမွနင္ကအဆာငတ္ၿပီး ေသတဲ့မသာ မျဖစ္မွာေပါ့.....

-----

ေနာက္ႏွစ္ရက္ၾကာတဲ့အထိ စုေပက ခ်င္ေရွာက္ကို ေနာက္ထပ္မေတြ႕ရေတာ့ဘူး။ ဝတၳဳထဲမွာေရးထားတာက ခ်င္ Group ရဲ႕ဥကၠဌျဖစ္တဲ့ ခ်င္ေရွာက္က တကယ္ေတာ့ အရမ္းအလုပ္မ်ားတဲ့သူျဖစ္တယ္။ သူအရမ္းအလုပ္ရႈပ္ေနတဲ့ အခ်ိန္ဆိုရင္ေတာ့ သူက မၾကာခဏဆိုသလို ကုမၸဏီမွာပဲ တစ္ညလုံးေနေလ့ရွိတယ္။ ဒါေၾကာင့္ စုေပက ခ်င္ေရွာက္ႏွစ္ရက္ေလာက္ အိမ္ျပန္မလာတဲ့အေပၚမွာ ထူးဆန္းတယ္လို႔မခံစားရဘူး။ အဲဒီအစား သူမ ဒီအခ်ိန္မွာေသေသခ်ာခ်ာ စဥ္းစားေနတာက သူတို႔ေနာက္တစ္ေခါက္ထပ္ေတြ႕တဲ့အခါက် သူမဘာေျပာရမလဲဆိုတာကိုပဲ ျဖစ္တယ္။

ဒီေန႔ေန႔လည္စာကိုေတာ့ စုေပနဲ႔စုေရွာင္ေပါင္တို႔က ထမင္းစားခန္းမႀကီးမွာ စားခဲ့ၾကတာျဖစ္တယ္။ ဒီကေလးႏွစ္ေယာက္က Mr.ခ်င္ရဲ႕ကေလးေတြျဖစ္ႏိုင္မွန္း သိၿပီးေနာက္ေတာ့ ဦးေလးဖုက

သူ႔အေနနဲ႔ ေမာင္ႏွမႏွစ္ေယာက္ကို ေဘးခန္းမမွာ သူနဲ႔အတူထမင္းစားခြင့္မေပးႏိုင္ေတာ့ေၾကာင္း ေျပာျပကာ သူတို႔က ထမင္းစားခန္းမႀကီးမွာ စားခိုင္းလိုက္တာျဖစ္တယ္။

စုေပက တံခါးနားကေန လႈပ္ရွားမႈတစ္ခ်ိဳ႕ၾကားလိုက္ရေတာ့ ခ်င္ေရွာက္မ်ား ေနာက္ဆုံးေတာ့ ျပန္လာၿပီလားဆိုၿပီး သူမမ်က္လုံးေတြ ပင့္မိသြားတယ္။ စုေရွာင္ေပါင္ရဲ႕ 'အထင္အျမင္ေသးေသာ' မ်က္လုံးေတြေအာက္မွာ စုေပက သူမရဲ႕ ပန္းကန္ခြက္ေယာက္ေတြကို ခ်လိုက္ၿပီး တံခါးနားသို႔ ျမန္ႏိုင္သမွ်

ျမန္ျမန္ေလးေျပးသြားေတာ့တယ္။

ဒါေပမယ့္လည္း စုေပေတြ႕လိုက္ရတာကေတာ့ အဲဒီလူက ခ်င္ေရွာက္မဟုတ္ပဲ ခ်န္တဲ့သာျဖစ္ေနတယ္။

-----

တံခါးနားမွာေတာ့။

သူ႔ကိုႀကိဳဆိုဖို႔အတြက္ ကေလးမေလးက ေျပးထြက္လာတာကို သူျမင္လိုက္ရေတာ့ ခဏေလာက္ၾကာတဲ့အထိ ခ်န္တဲ့ႏွလုံးသားေလးက ေပ်ာ္႐ႊင္တက္ႂကြမႈေလးေတြနဲ႔ ျပည့္ႏွက္လို႔သြားေလတယ္။ ေနာက္ထပ္စကၠန႔္ အနည္းငယ္ေလာက္ၾကာေတာ့ စုေပက ျပန္လာတဲ့သူက သူမွန္းလည္းသိေရာ သူမမ်က္ႏွာေပၚက အေပ်ာ္ေလးက မ်က္ေတာင္တစ္ခ်က္ခတ္စာေတာင္ မၾကာလိုက္ပဲ လြင့္ျပယ္သြားရေတာ့တယ္။ "ဦးေလးခ်န္" ဆိုၿပီး ယဥ္ေက်းစြာႏႈတ္ဆက္အၿပီးမွာေတာ့ စုေပက လွည့္ထြက္သြားေလေတာ့တယ္။

ခ်န္တဲ့ : ငါဘာလို႔မ်ားအစြန႔္ပစ္ခံလိုက္ရသလိုမ်ိဳးႀကီးခံစားေနရပါလိမ့္?

"ဘာလဲ? ငါ့ကိုျမင္ရတာမေပ်ာ္ဘူးလား?" ခ်န္တဲ့က ဘာမွမတတ္ႏိုင္ေပမယ့္ စုေပကိုေတာ့ စေနာက္ေတာ့တယ္။

"မဟုတ္ပါဘူး...သမီးက အေဖျပန္လာတယ္ထင္လို႔ပါ"

ခ်န္တဲ့ : "....."

ဒါဆို ငါ့ကို မင္းအေဖနဲ႔မွားတာေပါ့။ ဟူး! တကယ္ေတာ့ ငါနဲ႔သူေဌးၾကားက ကြာျခားခ်က္က ဒီေလာက္ေတာင္ႀကီးတာလား?!

သူေဌးနဲ႔ဒီကေလးေတြက တကယ္ေသြးသားေတာ္စပ္ၾကတယ္လို႔ သူမေျပာရဲေသးေပမယ့္လည္း အခုေလးတင္ စုေပရဲ႕အျပဳအမူေလးေတြကို သတိရမိလိုက္ေတာ့ ခ်န္တဲ့အေနနဲ႔ နည္းနည္းေလးေတာ့ စိတ္လႈပ္ရွားသြားရတယ္။ စုေပလိုမ်ိဳး ေပ်ာ္႐ႊင္ျမဴးတူးေနတဲ့မ်က္ႏွာေလးနဲ႔ သူ႔လက္ေမာင္းၾကားထဲကို ေျပးဝင္လာၿပီး ေန႔တိုင္း သူအလုပ္ကျပန္လာတဲ့အခ်ိန္တိုင္းမွာ 'အေဖ... ျပန္လာၿပီ!' ဆိုၿပီးႀကိဳဆိုေပးမယ့္ မင္းသမီးငယ္ေလးတစ္ေယာက္ေလာက္ေတာ့ သူလည္းလိုခ်င္မိတယ္။ ဒီလိုျမင္ကြင္းမ်ိဳးဆိုတာက ေတြးၾကည့္႐ုံနဲ႔တင္ အလြန္တရာ လွပလြန္းလွတယ္။

"Mr.ခ်င္က S ၿမိဳ႕ကိုသြားၿပီေလ။ သူက ႏွစ္ပတ္ေလာက္အထိ ျပန္မလာႏိုင္ေသးဘူး။ ဘာျဖစ္လို႔လဲ...မင္းမသိဘူးလား?" ခ်န္တဲ့ကေမးလိုက္တယ္။

စုေပက ေခါင္းခါလိုက္တယ္။ သူမက ခ်င္ေရွာက္အဲဒီေန႔က ထြက္သြားတာက ခ်င္ Group က သူ႔႐ုံးခန္းကို သြားတယ္လို႔ပဲ ထင္လိုက္တာ။ သူမအေစာကတည္းက သိခဲ့မယ္ဆိုရင္ သူမခ်င္ေရွာက္ကို ေတြ႕လိုက္တုန္းက စကားေျပာဖို႔ဆြဲထားလိုက္မိမွာ။ အခုေတာ့ သူျပန္လာဖို႔ ဘယ္ေလာက္ေတာင္ၾကာအုန္းမလဲဆိုတာ သူမ မသိေတာ့ဘူးေလ။ စုေပက ႏႈတ္ခမ္းဆူလိုက္ၿပီး တိတ္တိတ္ေလးေနာင္တေတြရေနခဲ့တယ္။

အဲဒီေန႔ ဆရာျပန္လာတဲ့အခ်ိန္ သူက သူ႔ပစၥည္းသူယူၿပီးေတာ့ ဒီကေလးႏွစ္ေယာက္ကို ဘာမွရွင္းမျပခဲ့ဘူးလား?

အာ...ဟုတ္သားပဲ။ Mr.ခ်င္က ဒီေမာင္ႏွမကို သူ႔ကေလးေတြလို႔မွ မသတ္မွတ္ထားတာ ဒါေၾကာင့္မို႔ သူက သူတို႔ကို ဘာမွမရွင္းျပခဲ့တာေနမယ္။

ခ်န္တဲ့က တိတ္တိတ္ေလး ဒီလိုေတြးလိုက္မိတယ္။

ဒါေပမယ့္လည္း သူက စုေပရဲ႕ အကူအညီမဲ့ၿပီး သနားစရာေကာင္းတဲ့ အမူအရာေလးကို သည္းခံႏိုင္စြမ္းမရွိေတာ့တာေၾကာင့္ သူက သူမကို လြယ္ကူ႐ိုးရွင္းတဲ့ရွင္းျပခ်က္တစ္ခု ေပးလိုက္ရေတာ့တယ္ : "S ၿမိဳ႕မွာရွိတဲ့ ကုမၸဏီခြဲတစ္ခုမွာ တစ္ခုခုျဖစ္သြားခဲ့တယ္။ ဒါေၾကာင့္မို႔ Mr.ခ်င္က ဒီျပႆနာကို ကိုယ္တိုင္ေျဖရွင္းဖို႔အတြက္ အဲဒီ့ကို အေလာတႀကီး ထြက္သြားလိုက္ရတာေလ"

S ၿမိဳ႕က ကုမၸဏီခြဲ.....

ဒီစာသားေလးက စုေပရဲ႕အမူအရာေတြကို ေျပာင္းလဲသြားေစခဲ့တယ္။

"ဦးေလးက အဲဒီမွာ အတြင္းလူရွာေတြ႕ထားလို႔လား?" စုေပက မျပတ္မသားေမးလိုက္ေပမယ့္ သူမမ်က္လုံးေတြကေတာ့ အျပည့္အ၀ အာ႐ုံစိုက္လို႔ေနတယ္။

စုေပရဲ႕ေမးခြန္းေၾကာင့္ ခ်န္တဲ့က ေကာင္မေလးကို သူ႔အလိုလိုစိုက္ၾကည့္မိသြားတယ္။

---ဒီကေလးႏွစ္ေယာက္က တကယ္ႀကီး စုန႔္ယန္ခ်န္းပို႔လိုက္တဲ့ သူလွ်ိဳေလးေတြလားမသိ? သူမက ဘယ္လိုေတာင္ ထက္ျမက္ေနရတာလဲ? သူနည္းနည္းေလးပဲ ေျပာလိုက္တာေတာင္မွ ဒီကေလးမေလးက တကယ္ ဒီေလာက္အတိအက်ႀကီးကို ခန႔္မွန္းႏိုင္တယ္ေလ။

ခ်န္တဲ့ရဲ႕အမူအရာကို ျမင္ၿပီးေနာက္ စုေပက သူမမွန္တယ္ဆိုတာ သိသြားၿပီးေတာ့ သူမအမူအရာက ပိုၿပီးေတာ့ေတာင္ ေလးနက္သြားတယ္။

ဝတၳဳထဲက ဇာတ္ကြက္တစ္ခုျဖစ္တယ္ : ႏွစ္ေပါင္းမ်ားစြာၿငိမ္သက္ေနခဲ့ၿပီးေနာက္မွာေတာ့ ဇာတ္လိုက္က ဗီလိန္အေပၚမွာ လက္ဦးမႈရယူႏိုင္ခဲ့တယ္။ သူ႔ရဲ႕အေအာင္ျမင္ဆုံး တန္ျပန္တိုက္စစ္ကေတာ့ ခ်င္ Group ကို အျမတ္အစြန္းမ်ားစြာရရွိေစတဲ့ ကုမၸဏီခြဲျဖစ္တဲ့ ထ်န္းလန္ေဆးဝါးကုမၸဏီပဲျဖစ္တယ္။ ဇာတ္လိုက္က သူ႔လူကို ထ်န္းလန္ကုမၸဏီရဲ႕ ထိပ္ပိုင္းေနရာမွာ တာဝန္ယူေစၿပီး ထ်န္းလန္က ေဖာ္ထုတ္ေနတဲ့ ေဆးဝါးေဖာ္စပ္မႈ ေဖာ္ျမဴလာအသစ္မွာ ကလီကမာလုပ္ေစခဲ့တယ္။ ေဆးကို ထုတ္လုပ္ၿပီးသြားၿပီးေနာက္ပိုင္း အဲဒီေဆးရဲ႕

ေဖာ္စပ္တဲ့ေဖာ္ျမဴလာမွာ ျပႆနာရွိခဲ့မယ္ဆိုရင္ေတာ့ ထ်န္းလန္ေဆးဝါးကုမၸဏီသာ အဆုံးသတ္သြား႐ုံတင္မကပဲ ခ်င္ Group ကိုပါ အႀကီးအက်ယ္ထိခိုက္ေစမွာျဖစ္တယ္။

ခ်င္ေရွာက္က ဒီကပ္ေဘးႀကီးကို ေျဖရွင္းဖို႔ရာ S ၿမိဳ႕သို႔အခ်ိန္မွီေရာက္ရွိေစရန္ စီစဥ္ခဲ့ေပမယ့္လည္း သူက ဘယ္ကမွန္းမသိတဲ့လူတစ္စုရဲ႕ တိုက္ခိုက္မႈကို ခံလိုက္ရၿပီးေတာ့ ျပင္းျပင္းထန္ထန္ဒဏ္ရာရသြားခဲ့တယ္။ ခ်င္ေရွာက္က ဒဏ္ရာေၾကာင့္ ႏွစ္ဝက္ေလာက္ထိ ေဆး႐ုံမွာျပန္လည္ကုစားေနရခ်ိန္ ဇာတ္လိုက္က အဲဒီအခ်ိန္ကို အျပည့္အဝတိုက္ခိုက္ဖို႔အတြက္ အသုံးခ်ကာ ခ်င္ Group ကို စုန႔္ Group ႏွင့္တန္းတူအထိ ျဖစ္သြားေအာင္ ဆြဲခ်သြားေတာ့တယ္။

ဝတၳဳထဲမွာက ဒီျဖစ္ရပ္ဟာ ဇာတ္လိုက္ႏွင့္ဗီလိန္ၾကားက အေရးႀကီးတဲ့အလွည့္အေျပာင္းတစ္ခုလို႔ သတ္မွတ္ႏိုင္ေလာက္တဲ့အထိျဖစ္တယ္။

-----

"ဦးေလးခ်န္"

ခ်န္တဲ့က ေကာင္မေလးရဲ႕ ႐ုတ္ခ်ည္း ေလးနက္သြားတဲ့မ်က္ႏွာေလးေၾကာင့္ အံ့အားသင့္သြားခဲ့ေပမယ့္ စုေပက ဆက္ေျပာခဲ့တယ္ : "ဒီတစ္ေခါက္ အေဖရဲ႕ S ၿမိဳ႕ခရီးစဥ္က အႏၲရာယ္ရွိႏိုင္လားဟင္?"

သူမရဲ႕ေမွ်ာ္လင့္မထားတဲ့ေမးခြန္းေၾကာင့္ ခ်န္တဲ့က အံ့ၾသသြားရေတာ့တယ္။

"ဘာမွပူမေနစမ္းပါနဲ႔... မင္းပဲ Mr.ခ်င္က အရမ္းအာဏာရွိတယ္လို႔ ေျပာထားတယ္မလား? သူ႔အနားမွာ ကိုယ္ရံေတာ္ေတြလည္းရွိေနမွာ သူဘာအႏၲရာယ္မွမေတြ႕ႏိုင္ပါဘူး" သူက စုေပကို အခိုင္အမာေျပာလိုက္တယ္။

ခ်င္ Group ကိုတိုက္ခိုက္ခ်င္ၾကတဲ့လူေတြက အမ်ားႀကီးဆိုေပမယ့္ ဘယ္သူေတြကမ်ား အခြင့္အေရးရဖူးလို႔လဲ?

မ်က္လႊာေလးခ်ၿပီး ခဏေလာက္မိန္းေမာေနရင္းက စုေပက ခ်န္တဲ့ကို ေနာက္တစ္ႀကိမ္ထပ္ၾကည့္လိုက္တယ္ : "အေဖ့ကိုကာကြယ္ဖို႔ ဦးေလးဖက္က လူနည္းနည္းေလာက္ထပ္လႊတ္ေပးႏိုင္မလားဟင္? ျဖစ္ႏိုင္မယ္ဆိုရင္ သန္မာတဲ့ကိုယ္ရံေတာ္ေတြေပါ့"

လူတစ္ေယာက္ရဲ႕ဂုဏ္က်က္သေရဆိုတာမ်ိဳးက အရာအားလုံးနဲ႔သက္ဆိုင္ေနတာျဖစ္တယ္။ ခ်င္ေရွာက္နဲ႔

ေသြးမေတာ္သားမစပ္တာေတာင္မွ စုေပက သူ႔ကိုဘာမွမျဖစ္ေစခ်င္ဘူး။

စုေပရဲ႕စကားေၾကာင့္ ခ်န္တဲ့က ခံစားသြားရတယ္ ၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ သူ႔ကိုယ္သူသတိေပးေနမိတာက : ဒီတစ္ေခါက္ ထ်န္းလန္ျပႆနာက ေျဖရွင္းလို႔ရႏိုင္ေပမယ့္ ျပႆနာအရင္းအျမစ္ကေတာ့ စုန႔္ယန္ခ်န္းျဖစ္ေနေသးတာပဲျဖစ္တယ္။

ခ်န္တဲ့က ဒီလူနဲ႔အရင္တုန္းက ဆုံေတြ႕ဖူးတာေၾကာင့္ ေႏြးေထြးၿပီးႏွစ္လိုဖြယ္အသြင္အျပင္ေအာက္မွာ ဖုံးကြယ္ထားတတ္တဲ့ ေျမေခြးလိုေကာက္က်စ္စဥ္းလဲတဲ့ ရည္႐ြယ္ခ်က္ရွိတဲ့ ဒီလူအေၾကာင္းကို သူေကာင္းေကာင္းႀကီးကို သိေနတာျဖစ္တယ္။

-----

ႏွစ္ရက္ၾကာၿပီးေနာက္ S ၿမိဳ႕မွာရွိတဲ့ Mr.ခ်င္က ခ်န္တဲ့ကို ဆက္သြယ္လာခဲ့တယ္။

"ဆရာ"

"ခ်င္စန္းနဲ႔တစ္ျခားလူေတြက... မင္းစီစဥ္ေပးထားတာလား?" ခ်င္ေရွာက္က ေမးလိုက္တယ္။

ခ်င္စန္း၊ ခ်င္ဝူႏွင့္ သူတို႔အဖြဲ႕ေတြက ခ်င္ေရွာက္လက္ေအာက္က ကိုယ္ရံေတာ္ေတြျဖစ္ၿပီး သူအရမ္းတန္ဖိုးထားရတဲ့သူေတြလည္းျဖစ္တယ္။ အလြန္တရာကို အႏၲရာယ္ရွိႏိုင္တဲ့ အေျခအေနမ်ိဳးကလြဲၿပီး ပုံမွန္အားျဖင့္ေတာ့ ခ်င္ေရွာက္က သူတို႔ကိုသုံးေလ့မရွိဘူး။

"ဟုတ္ပါတယ္ ဆရာ"

ခ်န္တဲ့က သူ႔သူေဌးရဲ႕ေမးခြန္းကိုေျဖလိုက္တဲ့အခ်ိန္မွာ စုေပရဲ႕ စိုးရိမ္ပူပန္ၿပီး ေပကပ္ကပ္မ်က္ႏွာေလးက သူ႔စိတ္ထဲမွာေပၚလာခဲ့တယ္။ အဲဒီတုန္းက စုေပရဲ႕ေၾကာက္႐ြံ႕တုန္လႈပ္ေနတဲ့ မ်က္ႏွာကေတာ့ ဟန္ေဆာင္ေနပုံမရဘူး။

"တကယ္ေတာ့ စုေပ သူမက... S ၿမိဳ႕မွာရွိတဲ့ ဆရာ့ရဲ႕လုံၿခဳံေရးကို အရမ္းစိုးရိမ္ေနခဲ့တာ ဒါေၾကာင့္ သူမက ဆရာကိုေစာင့္ေရွာက္ဖို႔ လူနည္းနည္းေလာက္ ထပ္လႊတ္ေပးဖို႔အတြက္ ကြၽန္ေတာ့္ကို စီစဥ္ခိုင္းခဲ့တာ။ ကြၽန္ေတာ္လည္း သူမစိုးရိမ္တာက က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႔ထင္တာနဲ႔..."

သူစုေပအေၾကာင္းေျပာေနတဲ့အခ်ိန္ဆို ခ်န္တဲ့ေလသံက အရင္ေျပာေနက်ေလသံမ်ိဳးမဟုတ္ဘူး။ သူက်င္းယြမ္စံအိမ္ကို စာ႐ြက္စာတမ္းသြားယူတဲ့ေန႔က စုေပကလြဲလို႔ သူက သဘာဝက်က်ေလးနဲ႔ စုေရွာင္ေပါင္ကိုလည္း ေတြ႕ခဲ့ေသးတယ္။

႐ိုး႐ိုးသားသားေျပာရရင္ သန႔္ရွင္းသပ္ရပ္ေနတဲ့ေမာင္ႏွမႏွစ္ေယာက္ကို သူျမင္လိုက္ရၿပီးေနာက္ ခ်န္တဲ့က ဦးေလးဖုထက္ေတာင္ လန႔္သြားခဲ့တယ္။ သူတို႔က မ်က္ႏွာျပဳျပင္ထားတယ္ဆိုရင္ေတာင္မွ ဒီေကာင္ေလးက ဘယ္လိုလုပ္ၿပီး သူ႔သူေဌးနဲ႔ ဒီေလာက္ေတာင္တူေနရတာလဲ? ေျပာျပေနစရာမလိုေအာင္ကို ဒီမ်က္ႏွာက ခြဲစိတ္ျပဳျပင္မႈလုပ္ထားၿပီး ထြက္လာတဲ့မ်က္ႏွာမ်ိဳးမဟုတ္ဘူးေလ။

ခ်န္တဲ့က အခုခ်ိန္မွာ ဒီကိစၥကို ခ်င္ေရွာက္အား ေျပာရမလား မေျပာရဘူးလားဆိုတာကို ေတြေဝေနခ်ိန္မွာပဲ ဖုန္းလက္ခံစကားေျပာတဲ့ေနရာကေန ခ်င္ေရွာက္ရဲ႕အသံကို ထပ္ၾကားလိုက္ရတယ္။

"စုေပ?" ခ်င္ေရွာက္ေလသံက အနည္းငယ္ထူးဆန္းေနေလတယ္။

"ဟုတ္ပါတယ္"

"....."

ခ်န္တဲ့က သူ႔ေနာက္လိုက္လာတာ ဆယ္ႏွစ္ေက်ာ္ေနၿပီျဖစ္တယ္။ သူက ခ်င္ေရွာက္ကို ဘယ္ေတာ့မွမလိမ္ညာပဲ၊ မလိုအပ္တဲ့စကားေတြကိုလည္း ေျပာေလ့မရွိတဲ့ စိတ္ခ်ယုံၾကည္ရတဲ့ လက္ေထာက္တစ္ေယာက္ျဖစ္တယ္။

ဒါဆို ဘာေၾကာင့္မ်ား ခ်န္တဲ့က စုေပအေၾကာင္း အရမ္းကိုေျပာခ်င္ေနရတာလဲ?

ေနာက္ၿပီး အဲဒီေကာင္မေလးက သူ႔လုံၿခဳံေရးကို စိတ္ပူေနတယ္လား?

ခ်န္တဲ့စကားေတြအေပၚမွာ ခ်င္ေရွာက္ကေတြေဝမိန္းေမာေနရင္း သူ႔အမူအရာေတြကလည္း ပိုပိုၿပီးထူးဆန္းလာေတာ့တယ္။

-----

ခဏေလာက္ေစာင့္ေနၿပီး ခ်န္တဲ့ခမ်ာ သူ႔သူေဌးစကားေျပာတာကို မၾကားရေတာ့ဘူး။ သူက Mr.ခ်င္ အခုခ်ိန္မွာ ျဖစ္ေနမယ့္အမူအရာကို ခန႔္မွန္းၾကည့္ဖို႔ ႀကိဳးစားေနေပမယ့္လည္း မေရရာမႈအနည္းငယ္ကိုသာ ခံစားမိေလတယ္။

"ဒါနဲ႔ေလ ဆရာ... တစ္ခုေျပာစရာရွိပါေသးတယ္..."

15.10.2020
Thursday

_______________________________________



MWFV Ch 10

Good Morning, Dad!

Unicode Version

အစတုန်းကတော့ Mr.ချင်က ကျင်းယွမ်စံအိမ်ကိုပြန်ဖို့ အစီအစဉ်မရှိခဲ့ဘူး။ သို့ပေမယ့် မသွားခင်လေးမှာပဲ သူက စံအိမ်မှာ အရေးကြီးစာရွက်စာတမ်းတွေ မေ့ကျန်ခဲ့တာကို သတိရသွားခဲ့တယ်။ ဒါကြောင့် မနက်ခင်းမှာ ချင်ရှောက်က အိမ်ကိုပြန်လာခဲ့တယ်။ ချင်ရှောက်လာတာက အရမ်းစောနေတာကြောင့် သူ့အနေနဲ့ အိမ်တော်ထိန်းကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။

စာရွက်စာတမ်းတွေယူပြီး ချင်ရှောက်ကပြန်ထွက်မယ်အလုပ် မီးဖိုချောင်ကနေထွက်ပေါ်လာတဲ့ အလွန်တရာကိုစီးချက်ကျလှတဲ့ ထိခတ်သံတွေက သူ့အာရုံကိုဖမ်းစားသွားခဲ့တယ်။ ဒီအသံထွက်အောင်လုပ်နေတဲ့သူက အရမ်းကို ကျွမ်းကျင်ပုံရတယ်။ ပုံမှန်အားဖြင့် Mr.ချင်က မနက်စာစားရတာကို မနှစ်သက်တာကြောင့် သူ့ရဲ့အိမ်တော်ထိန်းက စားဖိုမှုးတွေကို ဒီလောက်အစောကြီးလာပြီး ချက်ပြုတ်ပေးရန်အတွက် တစ်ခါမှမစီစဉ်ပေးဖူးဘူး။ သူ့နာရီကို ငုံ့ကြည့်လိုက်တော့ မနက် ၆:၁၅ မိနစ်ပဲရှိသေးတာဖြစ်ပြီး ချင်ရှောက်က မျက်မှောင်နည်းနည်းကျုံ့မိသွားတယ်။

အဲဒီအချိန်မှာပဲ စုပေက ပန်ကိတ်ပန်းကန်နှစ်ချပ်နဲ့ မီးဖိုချောင်ကနေ ထွက်လာခဲ့တယ်။ သူမက တံခါးနားမှာရပ်နေတဲ့ ချင်ရှောက်ကိုလည်းမြင်ရော သူမခမျာ ထိတ်လန့်လွန်းလို့ ရုတ်တရက်ကြီး ခုန်ထမိတော့မတတ်ပဲ။

ဗီလိန်အစစ်ကြီးရုတ်တရက်ပေါ်လာတာပါလား!

သူဘယ်အချိန်ကပြန်လာတာလဲ? သူအခုလေးတင်ပြန်လာတယ်လို့တော့ထင်ရတာပဲ? ဒါမှမဟုတ်အခုမှအပြင်ထွက်မလို့လား? စုပေလည်း မသိတော့ဘူး။ 'အဖေ...ပြန်လာပြီလား' ဒါမှမဟုတ် 'နောက်မှတွေ့မယ်နော်...အဖေ' သူမဘာကိုပြောသင့်လဲ?

ဒါပေမယ့်လည်း ချင်ရှောက်က သူမကိုကြည့်နေတော့ စုပေက အံ့သြမှုတွေ စိတ်ရှုပ်ထွေးမှုတွေကို သူမမျက်နှာကနေ ဖယ်ထုတ်လိုက်ပြီးမှ သူမက ဒီလူကို အလွန်တောက်ပတဲ့အပြုံးလေးနဲ့နှုတ်ဆက်လိုက်တယ်။

"အဖေ...မင်္ဂလာနံနက်ခင်းပါ!"

စုပေရဲ့နှုတ်ခွန်းဆက်မှုလေးက သဘာဝကျ ကြင်နာနူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့လို့နေတယ်။ တစ်ခုပဲ 'အဖေ' ဆိုတဲ့စကားလုံးကတော့ ချင်ရှောက်ရဲ့နားတွေကို ယားကျိကျိဖြစ်စေကာ သိသိသာသာကြီးကိုပဲ နေရခက်စေတယ်။

တစ်စက္ကန့်လေးတောင်မကြာလိုက်ပဲ ချင်ရှောက်က သူ့ကိုခေါ်လိုက်တဲ့ ကောင်မလေးကို တုံ့ပြန်လိုက်တယ်။ သူက စုပေကို ခဏလောက်စိုက်ကြည့်လိုက်ပြီး ဘာကြောင့်မှန်းမသိ အံ့အားသင့်သွားခဲ့တယ်။

---မနေ့က ကလေးမလေးပါလား?

သူမကိုယ်သူမ သန့်ရှင်းပြီးသွားတော့လည်း သိပ်ရုပ်မဆိုးတော့ဘူးပဲ။ ဒါပေမယ့် သူမကအရမ်းပိန်လွန်းတော့ လေတိုက်ရင်တောင် လွင့်ပြီးပါသွားတော့မလိုပဲ။

Mr.ချင်ရဲ့အကြည့်က သူ့ပြိုင်ဘက်တွေကိုတောင် ကြောက်ရွံ့တုန်လှုပ်သွားအောင်လုပ်နိုင်စွမ်းရှိတယ်။ သို့ပေသိ စုပေရဲ့ အကြောက်အလန့်မရှိတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတဲ့အခါကျမှသာ ဘာကြောင့်မှန်းမသိပဲ သူ့ကို နေရထိုင်ရခက်စေပြီး ရှင်းမပြနိုင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေလာရတာဖြစ်တယ်။

"အဖေ...မနက်စာစားပြီးပြီလား? သမီးနဲ့အတူစားမလား?" စုပေက သူမလက်ထဲက ပန်းကန်ကိုမြောက်ပြလိုက်ပြီး ချင်ရှောက်ကို မေးလိုက်တယ်။

"သမီးပန်ကိတ်တွေလုပ်ထားတယ်။ ပြီးတော့ မီးဖိုချောင်ထဲမှာ သခွားသီးနဲ့ ကြက်ဥထည့်ထားတဲ့ ဆန်ပြုတ်လည်းရှိတယ်"

သူတို့ကျေးလက်မှာနေစဉ်တုန်းက သူတို့အိမ်ကကျောင်းနဲ့အရမ်းဝေးတာကြောင့် စုပေက ဒီအချိန်ဆို သူမနဲ့စုရှောင်ပေါင်အတွက် မနက်စာပြင်ဆင်ဖို့ရာ အိပ်ယာထနေကျဖြစ်တယ်။ ဒီနေ့တော့ စုပေက ဦးလေးဖုအတွက်ပါ ပိုလုပ်လိုက်တာလေးပါပဲ။

ချင်ရှောက် : "....."

စုပေက သူ့ကို မနက်စာစားဖို့ဖိတ်တာကို ကြားလိုက်ရတော့ Mr.ချင်ရဲ့တည်ငြိမ်နေတဲ့ မျက်လုံးတွေထဲမှာ မီးဖွားလေးတစ်ခု ဖြတ်ပြေးသွားတော့တယ်။

ငါကမင်းဖေဖေမဟုတ်ဘူးလေ။ Mr.ချင်က ဒီစကားလေးကိုတော့ သူ့နှလုံးသားထဲမှာ ထည့်ထားလိုက်ရတယ်။

"မစားတော့ဘူး" Mr.ချင်ကလေသံပြင်းပြင်းနဲ့ ငြင်းပယ်လိုက်တယ်။

"မင်းများများစားသင့်တယ်" ဒီစကားလေးပြောပြီးတာနဲ့ သူကထွက်သွားခဲ့တယ်။

ချင်ရှောက်ရဲ့ခံစားချက်မဲ့စွာ ပြောသွားတဲ့စကားတွေကို သူမကြားလိုက်ရတဲ့အခါ စုပေမျက်လုံးတွေက တွန့်ကွေးသွားရတယ်။ ရုတ်တရက်ပဲ တီဗီဇာတ်လမ်းတစ်ခုထဲက ကြားနေကျ စာသားတစ်ကြောင်းက သူမခေါင်းထဲမှာ မြည်ဟီးလို့နေတယ် : များများစားစမ်းပါ၊ ဗိုက်ပြည့်သွားတဲ့အထိစားလိုက်စမ်းပါ၊ ဒါမှနင်ကအဆာငတ်ပြီး သေတဲ့မသာ မဖြစ်မှာပေါ့.....

-----

နောက်နှစ်ရက်ကြာတဲ့အထိ စုပေက ချင်ရှောက်ကို နောက်ထပ်မတွေ့ရတော့ဘူး။ ဝတ္ထုထဲမှာရေးထားတာက ချင် Group ရဲ့ဥက္ကဌဖြစ်တဲ့ ချင်ရှောက်က တကယ်တော့ အရမ်းအလုပ်များတဲ့သူဖြစ်တယ်။ သူအရမ်းအလုပ်ရှုပ်နေတဲ့ အချိန်ဆိုရင်တော့ သူက မကြာခဏဆိုသလို ကုမ္ပဏီမှာပဲ တစ်ညလုံးနေလေ့ရှိတယ်။ ဒါကြောင့် စုပေက ချင်ရှောက်နှစ်ရက်လောက် အိမ်ပြန်မလာတဲ့အပေါ်မှာ ထူးဆန်းတယ်လို့မခံစားရဘူး။ အဲဒီအစား သူမ ဒီအချိန်မှာသေသေချာချာ စဉ်းစားနေတာက သူတို့နောက်တစ်ခေါက်ထပ်တွေ့တဲ့အခါကျ သူမဘာပြောရမလဲဆိုတာကိုပဲ ဖြစ်တယ်။

ဒီနေ့နေ့လည်စာကိုတော့ စုပေနဲ့စုရှောင်ပေါင်တို့က ထမင်းစားခန်းမကြီးမှာ စားခဲ့ကြတာဖြစ်တယ်။ ဒီကလေးနှစ်ယောက်က Mr.ချင်ရဲ့ကလေးတွေဖြစ်နိုင်မှန်း သိပြီးနောက်တော့ ဦးလေးဖုက

သူ့အနေနဲ့ မောင်နှမနှစ်ယောက်ကို ဘေးခန်းမမှာ သူနဲ့အတူထမင်းစားခွင့်မပေးနိုင်တော့ကြောင်း ပြောပြကာ သူတို့က ထမင်းစားခန်းမကြီးမှာ စားခိုင်းလိုက်တာဖြစ်တယ်။

စုပေက တံခါးနားကနေ လှုပ်ရှားမှုတစ်ချို့ကြားလိုက်ရတော့ ချင်ရှောက်များ နောက်ဆုံးတော့ ပြန်လာပြီလားဆိုပြီး သူမမျက်လုံးတွေ ပင့်မိသွားတယ်။ စုရှောင်ပေါင်ရဲ့ 'အထင်အမြင်သေးသော' မျက်လုံးတွေအောက်မှာ စုပေက သူမရဲ့ ပန်းကန်ခွက်ယောက်တွေကို ချလိုက်ပြီး တံခါးနားသို့ မြန်နိုင်သမျှ

မြန်မြန်လေးပြေးသွားတော့တယ်။

ဒါပေမယ့်လည်း စုပေတွေ့လိုက်ရတာကတော့ အဲဒီလူက ချင်ရှောက်မဟုတ်ပဲ ချန်တဲ့သာဖြစ်နေတယ်။

-----

တံခါးနားမှာတော့။

သူ့ကိုကြိုဆိုဖို့အတွက် ကလေးမလေးက ပြေးထွက်လာတာကို သူမြင်လိုက်ရတော့ ခဏလောက်ကြာတဲ့အထိ ချန်တဲ့နှလုံးသားလေးက ပျော်ရွှင်တက်ကြွမှုလေးတွေနဲ့ ပြည့်နှက်လို့သွားလေတယ်။ နောက်ထပ်စက္ကန့် အနည်းငယ်လောက်ကြာတော့ စုပေက ပြန်လာတဲ့သူက သူမှန်းလည်းသိရော သူမမျက်နှာပေါ်က အပျော်လေးက မျက်တောင်တစ်ချက်ခတ်စာတောင် မကြာလိုက်ပဲ လွင့်ပြယ်သွားရတော့တယ်။ "ဦးလေးချန်" ဆိုပြီး ယဉ်ကျေးစွာနှုတ်ဆက်အပြီးမှာတော့ စုပေက လှည့်ထွက်သွားလေတော့တယ်။

ချန်တဲ့ : ငါဘာလို့များအစွန့်ပစ်ခံလိုက်ရသလိုမျိုးကြီးခံစားနေရပါလိမ့်?

"ဘာလဲ? ငါ့ကိုမြင်ရတာမပျော်ဘူးလား?" ချန်တဲ့က ဘာမှမတတ်နိုင်ပေမယ့် စုပေကိုတော့ စနောက်တော့တယ်။

"မဟုတ်ပါဘူး...သမီးက အဖေပြန်လာတယ်ထင်လို့ပါ"

ချန်တဲ့ : "....."

ဒါဆို ငါ့ကို မင်းအဖေနဲ့မှားတာပေါ့။ ဟူး! တကယ်တော့ ငါနဲ့သူဌေးကြားက ကွာခြားချက်က ဒီလောက်တောင်ကြီးတာလား?!

သူဌေးနဲ့ဒီကလေးတွေက တကယ်သွေးသားတော်စပ်ကြတယ်လို့ သူမပြောရဲသေးပေမယ့်လည်း အခုလေးတင် စုပေရဲ့အပြုအမူလေးတွေကို သတိရမိလိုက်တော့ ချန်တဲ့အနေနဲ့ နည်းနည်းလေးတော့ စိတ်လှုပ်ရှားသွားရတယ်။ စုပေလိုမျိုး ပျော်ရွှင်မြူးတူးနေတဲ့မျက်နှာလေးနဲ့ သူ့လက်မောင်းကြားထဲကို ပြေးဝင်လာပြီး နေ့တိုင်း သူအလုပ်ကပြန်လာတဲ့အချိန်တိုင်းမှာ 'အဖေ... ပြန်လာပြီ!' ဆိုပြီးကြိုဆိုပေးမယ့် မင်းသမီးငယ်လေးတစ်ယောက်လောက်တော့ သူလည်းလိုချင်မိတယ်။ ဒီလိုမြင်ကွင်းမျိုးဆိုတာက တွေးကြည့်ရုံနဲ့တင် အလွန်တရာ လှပလွန်းလှတယ်။

"Mr.ချင်က S မြို့ကိုသွားပြီလေ။ သူက နှစ်ပတ်လောက်အထိ ပြန်မလာနိုင်သေးဘူး။ ဘာဖြစ်လို့လဲ...မင်းမသိဘူးလား?" ချန်တဲ့ကမေးလိုက်တယ်။

စုပေက ခေါင်းခါလိုက်တယ်။ သူမက ချင်ရှောက်အဲဒီနေ့က ထွက်သွားတာက ချင် Group က သူ့ရုံးခန်းကို သွားတယ်လို့ပဲ ထင်လိုက်တာ။ သူမအစောကတည်းက သိခဲ့မယ်ဆိုရင် သူမချင်ရှောက်ကို တွေ့လိုက်တုန်းက စကားပြောဖို့ဆွဲထားလိုက်မိမှာ။ အခုတော့ သူပြန်လာဖို့ ဘယ်လောက်တောင်ကြာအုန်းမလဲဆိုတာ သူမ မသိတော့ဘူးလေ။ စုပေက နှုတ်ခမ်းဆူလိုက်ပြီး တိတ်တိတ်လေးနောင်တတွေရနေခဲ့တယ်။

အဲဒီနေ့ ဆရာပြန်လာတဲ့အချိန် သူက သူ့ပစ္စည်းသူယူပြီးတော့ ဒီကလေးနှစ်ယောက်ကို ဘာမှရှင်းမပြခဲ့ဘူးလား?

အာ...ဟုတ်သားပဲ။ Mr.ချင်က ဒီမောင်နှမကို သူ့ကလေးတွေလို့မှ မသတ်မှတ်ထားတာ ဒါကြောင့်မို့ သူက သူတို့ကို ဘာမှမရှင်းပြခဲ့တာနေမယ်။

ချန်တဲ့က တိတ်တိတ်လေး ဒီလိုတွေးလိုက်မိတယ်။

ဒါပေမယ့်လည်း သူက စုပေရဲ့ အကူအညီမဲ့ပြီး သနားစရာကောင်းတဲ့ အမူအရာလေးကို သည်းခံနိုင်စွမ်းမရှိတော့တာကြောင့် သူက သူမကို လွယ်ကူရိုးရှင်းတဲ့ရှင်းပြချက်တစ်ခု ပေးလိုက်ရတော့တယ် : "S မြို့မှာရှိတဲ့ ကုမ္ပဏီခွဲတစ်ခုမှာ တစ်ခုခုဖြစ်သွားခဲ့တယ်။ ဒါကြောင့်မို့ Mr.ချင်က ဒီပြဿနာကို ကိုယ်တိုင်ဖြေရှင်းဖို့အတွက် အဲဒီ့ကို အလောတကြီး ထွက်သွားလိုက်ရတာလေ"

S မြို့က ကုမ္ပဏီခွဲ.....

ဒီစာသားလေးက စုပေရဲ့အမူအရာတွေကို ပြောင်းလဲသွားစေခဲ့တယ်။

"ဦးလေးက အဲဒီမှာ အတွင်းလူရှာတွေ့ထားလို့လား?" စုပေက မပြတ်မသားမေးလိုက်ပေမယ့် သူမမျက်လုံးတွေကတော့ အပြည့်အ၀ အာရုံစိုက်လို့နေတယ်။

စုပေရဲ့မေးခွန်းကြောင့် ချန်တဲ့က ကောင်မလေးကို သူ့အလိုလိုစိုက်ကြည့်မိသွားတယ်။

---ဒီကလေးနှစ်ယောက်က တကယ်ကြီး စုန့်ယန်ချန်းပို့လိုက်တဲ့ သူလျှိုလေးတွေလားမသိ? သူမက ဘယ်လိုတောင် ထက်မြက်နေရတာလဲ? သူနည်းနည်းလေးပဲ ပြောလိုက်တာတောင်မှ ဒီကလေးမလေးက တကယ် ဒီလောက်အတိအကျကြီးကို ခန့်မှန်းနိုင်တယ်လေ။

ချန်တဲ့ရဲ့အမူအရာကို မြင်ပြီးနောက် စုပေက သူမမှန်တယ်ဆိုတာ သိသွားပြီးတော့ သူမအမူအရာက ပိုပြီးတော့တောင် လေးနက်သွားတယ်။

ဝတ္ထုထဲက ဇာတ်ကွက်တစ်ခုဖြစ်တယ် : နှစ်ပေါင်းများစွာငြိမ်သက်နေခဲ့ပြီးနောက်မှာတော့ ဇာတ်လိုက်က ဗီလိန်အပေါ်မှာ လက်ဦးမှုရယူနိုင်ခဲ့တယ်။ သူ့ရဲ့အအောင်မြင်ဆုံး တန်ပြန်တိုက်စစ်ကတော့ ချင် Group ကို အမြတ်အစွန်းများစွာရရှိစေတဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ ထျန်းလန်ဆေးဝါးကုမ္ပဏီပဲဖြစ်တယ်။ ဇာတ်လိုက်က သူ့လူကို ထျန်းလန်ကုမ္ပဏီရဲ့ ထိပ်ပိုင်းနေရာမှာ တာဝန်ယူစေပြီး ထျန်းလန်က ဖော်ထုတ်နေတဲ့ ဆေးဝါးဖော်စပ်မှု ဖော်မြူလာအသစ်မှာ ကလီကမာလုပ်စေခဲ့တယ်။ ဆေးကို ထုတ်လုပ်ပြီးသွားပြီးနောက်ပိုင်း အဲဒီဆေးရဲ့

ဖော်စပ်တဲ့ဖော်မြူလာမှာ ပြဿနာရှိခဲ့မယ်ဆိုရင်တော့ ထျန်းလန်ဆေးဝါးကုမ္ပဏီသာ အဆုံးသတ်သွားရုံတင်မကပဲ ချင် Group ကိုပါ အကြီးအကျယ်ထိခိုက်စေမှာဖြစ်တယ်။

ချင်ရှောက်က ဒီကပ်ဘေးကြီးကို ဖြေရှင်းဖို့ရာ S မြို့သို့အချိန်မှီရောက်ရှိစေရန် စီစဉ်ခဲ့ပေမယ့်လည်း သူက ဘယ်ကမှန်းမသိတဲ့လူတစ်စုရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီးတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့တယ်။ ချင်ရှောက်က ဒဏ်ရာကြောင့် နှစ်ဝက်လောက်ထိ ဆေးရုံမှာပြန်လည်ကုစားနေရချိန် ဇာတ်လိုက်က အဲဒီအချိန်ကို အပြည့်အဝတိုက်ခိုက်ဖို့အတွက် အသုံးချကာ ချင် Group ကို စုန့် Group နှင့်တန်းတူအထိ ဖြစ်သွားအောင် ဆွဲချသွားတော့တယ်။

ဝတ္ထုထဲမှာက ဒီဖြစ်ရပ်ဟာ ဇာတ်လိုက်နှင့်ဗီလိန်ကြားက အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုလို့ သတ်မှတ်နိုင်လောက်တဲ့အထိဖြစ်တယ်။

-----

"ဦးလေးချန်"

ချန်တဲ့က ကောင်မလေးရဲ့ ရုတ်ချည်း လေးနက်သွားတဲ့မျက်နှာလေးကြောင့် အံ့အားသင့်သွားခဲ့ပေမယ့် စုပေက ဆက်ပြောခဲ့တယ် : "ဒီတစ်ခေါက် အဖေရဲ့ S မြို့ခရီးစဉ်က အန္တရာယ်ရှိနိုင်လားဟင်?"

သူမရဲ့မျှော်လင့်မထားတဲ့မေးခွန်းကြောင့် ချန်တဲ့က အံ့သြသွားရတော့တယ်။

"ဘာမှပူမနေစမ်းပါနဲ့... မင်းပဲ Mr.ချင်က အရမ်းအာဏာရှိတယ်လို့ ပြောထားတယ်မလား? သူ့အနားမှာ ကိုယ်ရံတော်တွေလည်းရှိနေမှာ သူဘာအန္တရာယ်မှမတွေ့နိုင်ပါဘူး" သူက စုပေကို အခိုင်အမာပြောလိုက်တယ်။

ချင် Group ကိုတိုက်ခိုက်ချင်ကြတဲ့လူတွေက အများကြီးဆိုပေမယ့် ဘယ်သူတွေကများ အခွင့်အရေးရဖူးလို့လဲ?

မျက်လွှာလေးချပြီး ခဏလောက်မိန်းမောနေရင်းက စုပေက ချန်တဲ့ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်တယ် : "အဖေ့ကိုကာကွယ်ဖို့ ဦးလေးဖက်က လူနည်းနည်းလောက်ထပ်လွှတ်ပေးနိုင်မလားဟင်? ဖြစ်နိုင်မယ်ဆိုရင် သန်မာတဲ့ကိုယ်ရံတော်တွေပေါ့"

လူတစ်ယောက်ရဲ့ဂုဏ်ကျက်သရေဆိုတာမျိုးက အရာအားလုံးနဲ့သက်ဆိုင်နေတာဖြစ်တယ်။ ချင်ရှောက်နဲ့

သွေးမတော်သားမစပ်တာတောင်မှ စုပေက သူ့ကိုဘာမှမဖြစ်စေချင်ဘူး။

စုပေရဲ့စကားကြောင့် ချန်တဲ့က ခံစားသွားရတယ် ပြီးတော့ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူသတိပေးနေမိတာက : ဒီတစ်ခေါက် ထျန်းလန်ပြဿနာက ဖြေရှင်းလို့ရနိုင်ပေမယ့် ပြဿနာအရင်းအမြစ်ကတော့ စုန့်ယန်ချန်းဖြစ်နေသေးတာပဲဖြစ်တယ်။

ချန်တဲ့က ဒီလူနဲ့အရင်တုန်းက ဆုံတွေ့ဖူးတာကြောင့် နွေးထွေးပြီးနှစ်လိုဖွယ်အသွင်အပြင်အောက်မှာ ဖုံးကွယ်ထားတတ်တဲ့ မြေခွေးလိုကောက်ကျစ်စဉ်းလဲတဲ့ ရည်ရွယ်ချက်ရှိတဲ့ ဒီလူအကြောင်းကို သူကောင်းကောင်းကြီးကို သိနေတာဖြစ်တယ်။

-----

နှစ်ရက်ကြာပြီးနောက် S မြို့မှာရှိတဲ့ Mr.ချင်က ချန်တဲ့ကို ဆက်သွယ်လာခဲ့တယ်။

"ဆရာ"

"ချင်စန်းနဲ့တစ်ခြားလူတွေက... မင်းစီစဉ်ပေးထားတာလား?" ချင်ရှောက်က မေးလိုက်တယ်။

ချင်စန်း၊ ချင်ဝူနှင့် သူတို့အဖွဲ့တွေက ချင်ရှောက်လက်အောက်က ကိုယ်ရံတော်တွေဖြစ်ပြီး သူအရမ်းတန်ဖိုးထားရတဲ့သူတွေလည်းဖြစ်တယ်။ အလွန်တရာကို အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးကလွဲပြီး ပုံမှန်အားဖြင့်တော့ ချင်ရှောက်က သူတို့ကိုသုံးလေ့မရှိဘူး။

"ဟုတ်ပါတယ် ဆရာ"

ချန်တဲ့က သူ့သူဌေးရဲ့မေးခွန်းကိုဖြေလိုက်တဲ့အချိန်မှာ စုပေရဲ့ စိုးရိမ်ပူပန်ပြီး ပေကပ်ကပ်မျက်နှာလေးက သူ့စိတ်ထဲမှာပေါ်လာခဲ့တယ်။ အဲဒီတုန်းက စုပေရဲ့ကြောက်ရွံ့တုန်လှုပ်နေတဲ့ မျက်နှာကတော့ ဟန်ဆောင်နေပုံမရဘူး။

"တကယ်တော့ စုပေ သူမက... S မြို့မှာရှိတဲ့ ဆရာ့ရဲ့လုံခြုံရေးကို အရမ်းစိုးရိမ်နေခဲ့တာ ဒါကြောင့် သူမက ဆရာကိုစောင့်ရှောက်ဖို့ လူနည်းနည်းလောက် ထပ်လွှတ်ပေးဖို့အတွက် ကျွန်တော့်ကို စီစဉ်ခိုင်းခဲ့တာ။ ကျွန်တော်လည်း သူမစိုးရိမ်တာက ကျိုးကြောင်းဆီလျော်တယ်လို့ထင်တာနဲ့..."

သူစုပေအကြောင်းပြောနေတဲ့အချိန်ဆို ချန်တဲ့လေသံက အရင်ပြောနေကျလေသံမျိုးမဟုတ်ဘူး။ သူကျင်းယွမ်စံအိမ်ကို စာရွက်စာတမ်းသွားယူတဲ့နေ့က စုပေကလွဲလို့ သူက သဘာဝကျကျလေးနဲ့ စုရှောင်ပေါင်ကိုလည်း တွေ့ခဲ့သေးတယ်။

ရိုးရိုးသားသားပြောရရင် သန့်ရှင်းသပ်ရပ်နေတဲ့မောင်နှမနှစ်ယောက်ကို သူမြင်လိုက်ရပြီးနောက် ချန်တဲ့က ဦးလေးဖုထက်တောင် လန့်သွားခဲ့တယ်။ သူတို့က မျက်နှာပြုပြင်ထားတယ်ဆိုရင်တောင်မှ ဒီကောင်လေးက ဘယ်လိုလုပ်ပြီး သူ့သူဌေးနဲ့ ဒီလောက်တောင်တူနေရတာလဲ? ပြောပြနေစရာမလိုအောင်ကို ဒီမျက်နှာက ခွဲစိတ်ပြုပြင်မှုလုပ်ထားပြီး ထွက်လာတဲ့မျက်နှာမျိုးမဟုတ်ဘူးလေ။

ချန်တဲ့က အခုချိန်မှာ ဒီကိစ္စကို ချင်ရှောက်အား ပြောရမလား မပြောရဘူးလားဆိုတာကို တွေဝေနေချိန်မှာပဲ ဖုန်းလက်ခံစကားပြောတဲ့နေရာကနေ ချင်ရှောက်ရဲ့အသံကို ထပ်ကြားလိုက်ရတယ်။

"စုပေ?" ချင်ရှောက်လေသံက အနည်းငယ်ထူးဆန်းနေလေတယ်။

"ဟုတ်ပါတယ်"

"....."

ချန်တဲ့က သူ့နောက်လိုက်လာတာ ဆယ်နှစ်ကျော်နေပြီဖြစ်တယ်။ သူက ချင်ရှောက်ကို ဘယ်တော့မှမလိမ်ညာပဲ၊ မလိုအပ်တဲ့စကားတွေကိုလည်း ပြောလေ့မရှိတဲ့ စိတ်ချယုံကြည်ရတဲ့ လက်ထောက်တစ်ယောက်ဖြစ်တယ်။

ဒါဆို ဘာကြောင့်များ ချန်တဲ့က စုပေအကြောင်း အရမ်းကိုပြောချင်နေရတာလဲ?

နောက်ပြီး အဲဒီကောင်မလေးက သူ့လုံခြုံရေးကို စိတ်ပူနေတယ်လား?

ချန်တဲ့စကားတွေအပေါ်မှာ ချင်ရှောက်ကတွေဝေမိန်းမောနေရင်း သူ့အမူအရာတွေကလည်း ပိုပိုပြီးထူးဆန်းလာတော့တယ်။

-----

ခဏလောက်စောင့်နေပြီး ချန်တဲ့ခမျာ သူ့သူဌေးစကားပြောတာကို မကြားရတော့ဘူး။ သူက Mr.ချင် အခုချိန်မှာ ဖြစ်နေမယ့်အမူအရာကို ခန့်မှန်းကြည့်ဖို့ ကြိုးစားနေပေမယ့်လည်း မရေရာမှုအနည်းငယ်ကိုသာ ခံစားမိလေတယ်။

"ဒါနဲ့လေ ဆရာ... တစ်ခုပြောစရာရှိပါသေးတယ်..."

15.10.2020
Thursday

_____

Thanks 😉




Continue Reading

You'll Also Like

366K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
18.9K 1.4K 51
Manhua Adaptation of The Man from Hell novel
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...