[[Completed]]ကောင်းကင်ဘုံသို့...

Per MyTreasuresForYou

815K 148K 22.5K

Title - ေကာင္းကင္ဘုံသို႔ ႂကြလွမ္းစံျမန္းေနသည္၊ မေႏွာင့္ယွက္ရ။ ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်... Més

မိတ်ဆက် / မိတ္ဆက္
အခန်း(၁) ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ် အခန္း(၁) ထူးဆန္းအံ့ၾသဖြယ္ျဖစ္ရပ္
အခန်း(၂) မုသား အခန္း(၂) မုသား
အခန်း (၃) ကျင့်ကြံခြင်းလောက အခန္း (၃) က်င့္ႀကံျခင္းေလာက
အခန်း (၄) နှစ်သစ်ကူးစာအိတ်နီ အခန္း (၄) ႏွစ္သစ္ကူးစာအိတ္နီ
အခန်း(၅) ဘရိုကိတ်အိတ် အခန္း(၅) ဘရိုကိတ္အိတ္
အခန်း(၆) ယွင်ဟွာဂိုဏ်း အခန္း(၆) ယြင္ဟြာဂိုဏ္း
ကျင့်ကြံခြင်းအဆင့်ကြီး (၁၀)ဆင့် က်င့္ႀကံျခင္းအဆင့္ႀကီး (၁၀)ဆင့္
အခန်း(၇) မိမိကိုယ်ကိုပိုင်နိုင်ယုံကြည်မှု အခန္း(၇) မိမိကိုယ္ကိုပိုင္ႏိုင္ယံုၾကည္
အခန်း(၈)တပည့်အဖြစ်လက်ခံပွဲအခမ်းအနား အခန္း(၈)တပၫ့္အျဖစ္လက္ခံပြဲအခမ္းအနား
အခန်း (၉) စမ်းသပ်မှု အခန္း (၉) စမ္းသပ္မႈ
အခန်း(၁၀) ခန္ဓာကိုယ်ထဲသို့ စွမ်းအင်သွင်းခြင်း အခန္း(၁၀) ခႏၶာကိုယ္ထဲသို႔ စြမ္းအင
အမည်နာမများနှင့် ဆက်စပ်ရှင်းလင်းချက်များ အမည္နာမမ်ားႏွင့္ ဆက္စပ္ရွင္းလင္းခ်က္မ်ာ
အခန်း(၁၁) ဝတ္ထုစာအုပ် အခန္း(၁၁) ဝတၳဳစာအုပ္
အခန္း(၁၂) အက်ိတ္အခဲစမ္းသပ္မႈ လြန္ေျမာက္ျခင္း
အခန်း (၁၃) အခြေခံပျိုးထောင်ခြင်း အခန္း (၁၃) အေျခခံပ်ိဳးေထာင္ျခင္း
အခန်း(၁၄) သူစိမ်းများ အခန္း(၁၄) သူစိမ္းမ်ား
အခန်း (၁၅) ယွိရှောင်းဂိုဏ်းက? အခန္း (၁၅) ယြိေရွာင္းဂိုဏ္းက?
အခန်း (၁၆) သတိပေးလိုက်ခြင်း အခန္း (၁၆) သတိေပးလိုက္ျခင္း
အခန်း(၁၇) ဤကား မမှန်ပါ။ အခန္း(၁၇) ဤကား မမွန္ပါ။
အခန္း (၁၈) စိတ္ေရာကိုယ္ပါေက်းဇူးတင္ရိွျခင္း
အခန်း (၁၉) စာအုပ်ငှားသွားခြင်း အခန္း (၁၉) စာအုပ္ငွားသြားျခင္း
အခန္း (၂၀) စိတ္နွင့္ခႏၶာမွန္ကန္မႈရိွျခင္း
အခန်း (၂၁) ဇာမဏီငှက်ခေါင်းကုန်းဟုံ အခန္း (၂၁) ဇာမဏီငွက္ေခါင္းကုန္းဟံု
အခန်း(၂၂) အတိတ် အခန္း(၂၂) အတိတ္
အခန်း(၂၃) ဂိုဏ်းသားအသစ်များ အခန္း(၂၃) ဂိုဏ္းသားအသစ္မ်ား
အခန်း (၂၄) တောင်မှထွက်ခွာခြင်း အခန္း (၂၄) ေတာင္မွထြက္ခြာျခင္း
အခန်း (၂၅) ဆေးပေးခြင်း အခန္း (၂၅) ေဆးေပးျခင္း
အခန်း (၂၆) ဂယက်ထခြင်း အခန္း (၂၆) ဂယက္ထျခင္း
အခန်း (၂၇) မြေးလေး အခန္း (၂၇) ေျမးေလး
အခန်း (၂၈) အကျင့်များ အခန္း (၂၈) အက်င့္မ်ား
အခန်း(၂၉) တရားခံ အခန္း(၂၉) တရားခံ
ဂိုဏ်းအမည်များနှင့် အထင်ကရအဖြစ်များ ဂိုဏ္းအမည္မ်ားႏွင့္ အထင္ကရအျဖစ္မ်ား
အခန်း (၃၀) ပြဿနာအသေးအဖွဲ့လေး အခန္း (၃၀) ျပႆနာအေသးအဖြဲ႔ေလး
အခန်း (၃၁) လက်ဆောင်ပစ္စည်း အခန္း (၃၁) လက္ေဆာင္ပစၥည္း
အခန်း (၃၂) သစ်ပင်အိမ် အခန္း (၃၂) သစ္ပင္အိိမ္
အခန်း (၃၃) သစ်တော အခန္း (၃၃) သစ္ေတာ
အခန်း (၃၄) မနာလိုဖြစ်နေသည်? အခန္း (၃၄) မနာလိုျဖစ္ေနသည္?
အခန်း (၃၅) အချစ်နှင့်အမုန်း အခန္း (၃၅) အခ်စ္နွင့္အမုန္း
အခန်း (၃၆) စိတ်အာရုံဘဝင်ခိုက်မိန်းမောမှု အခန္း (၃၆) စိတ္အာရံုဘဝင္ခိုက္မိန္းေမာမႈ
အခန်း (၃၇) အဓိပ္ပါယ်မရှိတာတွေ အခန္း (၃၇) အဓိပၸါယ္မရိွတာေတြ
အခန်း (၃၈) ညွှန်ကြားပြသပေးရန်တောင်းဆိုမှုအခန္း (၃၈) ညႊန္ၾကားျပသေပးရန္ေတာင္းဆိုမႈ
အခန်း (၃၉) အမှာပါးစာလွှာအင်း အခန္း (၃၉) အမွာပါးစာလႊာအင္း
အခန်း (၄၀) ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်ကျော်စောခြင်း
အခန်း (၄၁) လက်ဆောင်ပေးခြင်း အခန္း (၄၁) လက္ေဆာင္ေပးျခင္း
အခန်း (၄၂) ကုပေးမည်မဟုတ်ပါ။ အခန္း (၄၂) ကုေပးမည္မဟုတ္ပါ။
အခန်း (၄၃) ဆေး အခန္း (၄၃) ေဆး
အခန်း(၄၄) လက်ဆောင်ပြန်ပို့ခြင်း အခန္း(၄၄) လက္ေဆာင္ျပန္ပို႔ျခင္း
အခန်း (၄၅) စိတ်အေးအေးထားပါ အခန္း (၄၅) စိတ္ေအးေအးထားပါ
အခန်း (၄၆) အကျိတ်အခဲစမ်းသပ်မှုအိပ်မက် အခန္း (၄၆) အက်ိတ္အခဲစမ္းသပ္မႈအိပ္မက္
အခန်း (၄၇) စိတ်အာရုံအသက်သွင်းခြင်းအဆင့် အခန္း (၄၇) စိတ္အာရံုအသက္သြင္းျခင္းအဆင့္
အခန်း (၄၈) ယန့်မြို့တော် အခန္း (၄၈) ယန္႔ၿမိဳ႕ေတာ္
အခန်း (၄၉) လုပ်ကြံမှု အခန္း (၄၉) လုပ္ႀကံမႈ
အခန်း (၅၀) အလည်အပတ် အခန္း (၅၀) အလည္အပတ္
အခန်း (၅၁) ငါ့မိတ်ဆွေ အခန္း (၅၁) ငါ့မိတ္ေဆြ
အခန်း (၅၂) ပန်းပေါင်းတစ်ရာကပွဲသဘင် အခန္း (၅၂) ပန္းေပါင္းတစ္ရာကပြဲသဘင္
အခန်း (၅၃) အကောင်းဆုံး အခန္း (၅၃) အေကာင္းဆံုး
အခန်း (၅၄) ငါးဆားနယ် အခန္း (၅၄) ငါးဆားနယ္
အခန်း (၅၅) နန်းတော်ပျံ အခန္း (၅၅) နန္းေတာ္ပ်ံ
အခန်း (၅၆) ကံဆိုးမိုးမှောင်ကျမှု အခန္း (၅၆) ကံဆိုးမိုးေမွာင္က်မႈ
အခန်း (၅၇) မကောင်းဆိုးဝါး အခန္း (၅၇) မေကာင္းဆိုးဝါး
အခန်း (၅၈) စကားတည်ခြင်း အခန္း (၅၈) စကားတည္ျခင္း
အခန်း (၅၉) ဖုန်းမြို့တော် အခန္း (၅၉) ဖုန္းၿမိဳ႕ေတာ္
အခန်း (၆၀) အကာအကွယ်စည်း အခန္း (၆၀) အကာအကြယ္စည္း
အခန်း (၆၁) သတင်းပေးခြင်း အခန္း (၆၁) သတင္းေပးျခင္း
အခန်း (၆၂) အထင်မြင်လွဲမှားမူ အခန္း (၆၂) အထင္ျမင္လြဲမွားမူ
အခန္း (၆၃) အဘီဘြားဘြားႀကီး အခန္း (၆၃) အဘီဘြားဘြားႀကီး
အခန်း (၆၄) လျှို့ဝှက်နယ်မြေ အခန္း (၆၄) လွ်ိဳ႕ဝွက္နယ္ေျမ
အခန်း (၆၅) ဖိတ်ခေါ်ကမ်းလှမ်းခြင်း အခန္း (၆၅) ဖိတ္ေခၚကမ္းလွမ္းျခင္း
အခန်း (၆၆) လေးထောင့်ကျကျဦးခေါင်း အခန္း (၆၆) ေလးေထာင့္က်က်ဦးေခါင္း
အခန်း (၆၇) အလည်အပတ်သွားခြင်း အခန္း (၆၇) အလည္အပတ္သြားျခင္း
အခန်း (၆၈) ရွှီဖုန်း အခန္း (၆၈) ရႊီဖုန္း
အခန်း (၆၉) လက်ချော်သွားသည်။ အခန္း (၆၉) လက္ေခ်ာ္သြားသည္။
အခန္း (၇၀) ေလ့က်င့္ပါမ်ားလွ်င္ ျပည့္စံုလာသည္
အခန္း (၇၁) စၾကာဝဠာတူစုံယွဥ္တြဲက်င့္ႀကံျခင္း
အခန်း (၇၂) မြူ အခန္း (၇၂) ျမဴ
အခန္း (၇၃) နူးနူးညံ့ညံ့နွင့္ အစြမ္းထက္လွေသာ
အခန်း (၇၄) အိမ်တော်ရာ အခန္း (၇၄) အိမ္ေတာ္ရာ
အခန်း (၇၅) ရတနာသေတ္တာ အခန္း (၇၅) ရတနာေသတၱာ
အခန်း (၇၆) ခြိမ်းခြောက်မှု အခန္း (၇၆) ၿခိမ္းေျခာက္္မႈ
အခန်း (၇၇) ရေပန်းစားမှု အခန္း (၇၇) ေရပန္းစားမႈ
အခန်း (၇၈) ညှိုးနွမ်းခြောက်သွေ့ကုန်သည် အခန္း (၇၈) ညိႈးႏြမ္းေျခာက္ေသြ႔ကုန္သည္
အခန်း (၇၉) ဓားဒဏ်ရာ အခန္း (၇၉) ဓားဒဏ္ရာ
အခန်း (၈၀) ဖြေရှင်းသည် အခန္း (၈၀) ေျဖရွင္းသည္
အခန်း (၈၁) ထင်ယောင်ထင်မှားဖြစ်ခြင်း အခန္း (၈၁) ထင္ေယာင္ထင္မွားျဖစ္ျခင္း
အခန်း (၈၂) မဟုတ်ကဟုတ်က အခန္း (၈၂) မဟုတ္ကဟုတ္က
အခန်း (၈၃) အခါးရည်တိုက်ခြင်း အခန္း (၈၃) အခါးရည္တိုက္ျခင္း
အခန်း (၈၄) ကပ်ပါး အခန္း (၈၄) ကပ္ပါး
အခန်း (၈၅) တောင်းဆုပြုခြင်း အခန္း (၈၅) ေတာင္းဆုျပဳျခင္း
အခန်း (၈၆) နတ်မင်း အခန္း (၈၆) နတ္မင္း
အခန်း (၈၇) ကျန်းခံ့သာလို့မာပါရဲ့လား အခန္း (၈၇) က်န္းခံ့သာလို႔မာပါရဲ႕လား
အခန်း (၈၈) မသူတော်တရားကျင့်ကြံသူ အခန္း (၈၈) မသူေတာ္တရားက်င့္ႀကံသူ
အခန်း (၈၉) တောင်းပန်ခြင်းကို မလိုအပ်ပါ။ အခန္း (၈၉) ေတာင္းပန္ျခင္းကို မလိုအပ္ပါ။
အခန်း (၉၀) အချောလေးရယ်၊ နော်လို့ အခန္း (၉၀) အေခ်ာေလးရယ္၊ ေနာ္လို႔
အခန္း (၉၁) အခက္အခဲမ်ားၾကား ေပ်ာ္ရႊင္မႈကိုရွာေဖြျခင္း
အခန္း (၉၂) ဗုဒၶတရားေတာ္မ်ားနွင့္ ေရစက္မပါပါ
အခန်း (၉၃) ပြန်လည်မွေးဖွားခြင်း အခန္း (၉၃) ျပန္လည္ေမြးဖြားျခင္း
အခန်း (၉၄) ပေးဆပ်ရသည့်တန်ဖိုး အခန္း (၉၄) ေပးဆပ္ရသည့္တန္ဖိုး
အခန်း (၉၅) သူ ရှင့်ကိုမလိမ်ခဲ့ပါဘူး အခန္း (၉၅) သူ ရွင့္ကိုမလိမ္ခဲ့ပါဘူး
အခန်း (၉၆) အတူတူမြေမြုပ်သဂြိုဟ်ခြင်း အခန္း (၉၆) အတူတူေျမျမဳပ္သၿဂိဳဟ္ျခင္း
အခန်း (၉၇) စိတ်မဆိုးပါဘူး အခန္း (၉၇) စိတ္မဆိုးပါဘူး
အခန်း (၉၈) အရှက်အကြောက်တရား အခန္း (၉၈) အရွက္အေၾကာက္တရား
အခန်း(၉၉) အင်မတန်ထူးခြားသည်။ အခန္း(၉၉) အင္မတန္ထူးျခားသည္။
အခန်း(၁၀၀) အိမ်ပြန်လာခြင်း အခန္း(၁၀၀) အိမ္ျပန္လာျခင္း
အခန်း (၁၀၁) မဟုတ်ရပါ အခန္း (၁၀၁) မဟုတ္ရပါ
အခန်း (၁၀၂) အမှား အခန္း (၁၀၂) အမွား
အခန်း (၁၀၃) အလစ်သုတ်သလော အခန္း (၁၀၃) အလစ္သုတ္သေလာ
အခန်း (၁၀၅) အတူတူနေပေးပါ အခန္း (၁၀၅) အတူတူေနေပးပါ
အခန်း(၁၀၆) အရှက်ရခြင်း အခန္း(၁၀၆) အရွက္ရျခင္း
အခန်း(၁၀၇) ရန်သူနှင့်ပူးပေါင်းခြင်း အခန္း(၁၀၇) ရန္သူနွင့္ပူးေပါင္းျခင္း
အခန်း(၁၀၈) လူများလက်ခံခြင်း အခန္း(၁၀၈) လူမ်ားလက္ခံျခင္း
အခန်း (၁၀၉) ပျော်ရွှင်မှု အခန္း (၁၀၉) ေပ်ာ္႐ႊင္မႈ
အခန္း (၁၁၀) နဂါးနွင့္ဇာမဏီ၊ ဖိုဓာတ္နွင့္မဓာတ္
အခန်း(၁၁၁) ရင်ဘတ်ကိုအုပ်လိုက်သည် အခန္း(၁၁၁) ရင္ဘတ္ကိုအုပ္လိုက္သည္
အခန်း(၁၁၂) စမ်းကြည့်ခြင်း အခန္း(၁၁၂) စမ္းၾကည့္ျခင္း
အခန်း(၁၁၃) အားလုံးက မကောင်းကြပါဘူး အခန္း(၁၁၃) အားလံုးက မေကာင္းၾကပါဘူး
အခန္း(၁၁၄) လူမသိသူမသိေလး အခန္း(၁၁၄) လူမသိသူမသိေလး
အခန်း(၁၁၅) နားလည်မှုလွဲခြင်း အခန္း(၁၁၅) နားလည္မႈလြဲျခင္း
အခန်း(၁၁၆) ပေါ်ပြီလေ အခန္း(၁၁၆) ေပၚၿပီေလ
အခန်း(၁၁၇) နှစ်ပေါင်းများစွာကြာခဲ့လေပြီ အခန္း(၁၁၇) နွစ္ေပါင္းမ်ားစြာၾကာခဲ့ေလၿပီ
အခန်း(၁၁၈) ယောင်းအမ အခန္း(၁၁၈) ေယာင္းအမ
အခန်း (၁၁၉) သတ္တဝါဆန်းထိန်းကြောင်းခြင်း အခန္း (၁၁၉) သတၱဝါဆန္းထိန္းေၾကာင္းျခင္း
အခန်း(၁၂၀) အချစ်စစ်လား အခန္း(၁၂၀) အခ်စ္စစ္လား
အခန်း (၁၂၁) ချစ်ဖို့ကောင်းသော အခန္း (၁၂၁) ခ်စ္ဖို႔ေကာင္းေသာ
အခန်း (၁၂၂) ဂုဏ်သရေရှိဧည့်သည်တော်များ အခန္း (၁၂၂) ဂုဏ္သေရရိွဧည့္သည္ေတာ္မ်ား
အခန်း (၁၂၃) ထွေးဖက်သည်။ အခန္း (၁၂၃) ေထြးဖက္သည္။
အခန်း (၁၂၄) ငွေရလာခြင်း အခန္း (၁၂၄) ေငြရလာျခင္း
အခန်း (၁၂၅) ကံတရား အခန္း (၁၂၅) ကံတရား
အခန်း(၁၂၆) စိတ်စွဲလမ်းမှုဥပါဒန် အခန္း(၁၂၆) စိတ္စြဲလမ္းမႈဥပါဒန္
အခန်း(၁၂၇) ပုလဲ အခန္း(၁၂၇) ပုလဲ
အခန်း (၁၂၈) သရော်ခြင်း အခန္း (၁၂၈) သေရာ္ျခင္္း
အခန်း (၁၂၉) နှီးနှောဖလှယ်ခြင်း အခန္း (၁၂၉) နွွီးေနွာဖလွယ္ျခင္း
အခန်း (၁၃၀) ဆွေးနွေးမှု အခန္း (၁၃၀) ေဆြးေႏြးမႈ
အခန်း (၁၃၁) ထောင်ဖောက်ခြင်း အခန္း (၁၃၁) ေထာင္ေဖာက္ျခင္း
အခန်း (၁၃၂) ပေါပေါပဲပဲ အခန္း (၁၃၂) ေပါေပါပဲပဲ
အခန်း (၁၃၃) ထင်ထားတဲ့အတိုင်း၊ မင်းပဲ အခန္း (၁၃၃) ထင္ထားတဲ့အတုိင္း၊ မင္းပဲ
အခန်း (၁၃၄) အပေါ်ရုံသင်္ကန်း အခန္း (၁၃၄) အေပၚရံုသကၤန္း
အခန်း (၁၃၅) သူမ အခန္း (၁၃၅) သူမ
အခန်း (၁၃၆) လမ်းစဉ်အဖော်မွန် အခန္း (၁၃၆) လမ္းစဥ္အေဖာ္္မြန္
အခန်း(၁၃၇) မသိစိတ်နတ်ဆိုး အခန္း(၁၃၇) မသိစိတ္နတ္ဆိုး
အခန်း(၁၃၈) ဂိုဏ်းသို့ပြန်ခြင်း အခန္း(၁၃၈) ဂိုဏ္းသို႔ျပန္ျခင္း
အခန္း(၁၃၉) ဆူဆူညံညံအသံမ်ားထဲ မ႑ပ္တိုင္တက္ျပျခင္း
အခန်း(၁၄၀) အသိအလိမ္မာမဲ့ခြင်း အခန္း(၁၄၀) အသိအလိမၼာမဲ့ျခင္း
အခန်း(၁၄၁) အထင်အမြင်လွဲမှားမှု အခန္း(၁၄၁) အထင္အျမင္လြဲမွားမႈ
အခန္း(၁၄၂) သမီးသူ႔ကို ဂုဏ္ပုဒ္ေလးတစ္ခုေပးခ်င္လို႔ပါ
အခန္း (၁၄၃) မင္းျပန္လာမွာကို ေစာင့္ေနမယ္
အခန်း (၁၄၄) လက်ထပ်မင်္ဂလာပြုခြင်း အခန္း (၁၄၄) လက္ထပ္မဂၤလာျပဳျခင္း
အခန္း (၁၄၅) ကၽြန္မတို႔က တကယ္ကိုေရစက္ပါၾကတာပဲ
အခန်း (၁၄၆) နဂါးလား အခန္း (၁၄၆) နဂါးလား
အခန်း (၁၄၇) သာမန်လေ အခန္း (၁၄၇) သာမန္ေလ
အခန်း (၁၄၈) နဂါးစွမ်းအင် အခန္း (၁၄၈) နဂါးစြမ္းအင္
အခန္း (၁၄၉) ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းသြားရၿပီေလာ
အခန်း (၁၅၀) ညမိုးချုပ်နေပြီ အခန္း (၁၅၀) ညမိုးခ်ဳပ္ေနၿပီ
အခန်း (၁၅၁) ရူးကြောင်မူးကြောင်အ ခန္း (၁၅၁) ရူးေၾကာင္မူးေၾကာင္
အခန်း (၁၅၂) စည်းစိမ်များထုတ်ကြွားခြင်း အခန္း (၁၅၂) စည္းစိမ္မ်ားထုတ္ၾကြားျခင္း
အခန်း (၁၅၃) နောက်ဆုံးတော့ အခန္း (၁၅၃) ေနာက္ဆံုးေတာ့
အခန်း (၁၅၄) ရယ်စရာကောင်းသည် အခန္း (၁၅၄) ရယ္စရာေကာင္းသည္
အခန်း (၁၅၅) ကျားမြွေနဂါးသတ္တဝါဆန်း အခန္း (၁၅၅) က်ားေျမြနဂါးသတၱဝါဆန္း
အခန္း(၁၅၆) ေကာင္းကင္ဘံုသို႔ၾကြလွမ္းစံျမန္းေနသည္၊ မေနွာင့္ယွက္ရ။
အခန္း (၁၅၇) အခန္းပို - ငါးဆားနယ္ဦးေလးႀကီးက ပံုျပင္ေျပာျပသည္။
အခန္း (၁၅၈) အခန္းပို - ေပ်ာ္ရႊင္ခ်မ္းေျမ့မႈ
အမှတ်တရလေးများ အမွတ္တရေလးမ်ား

အခန်း (၁၀၄) နေရာမှားနေသည် အခန္း (၁၀၄) ေနရာမွားေနသည္

4K 871 165
Per MyTreasuresForYou

[Unicode]

"ဆရာ၊ ဘာတွေတွေးနေတာလဲ" ကုန်းဟုံက ရယ်လိုက်သည်။ "ဟွမ်ကျုံးက လျှိုကွမ်းဂိုဏ်းကတောင်သခင်တစ်ယောက်လေ။ သူသာ သမီးတို့ဂိုဏ်းကို အားကိုးအားထားပြုလိုက်မယ်ဆိုရင် ကျင့်ကြံခြင်းလောကကြီးက ဘယ်လိုမျိုးရေးကြီးခွင်ကျယ်လုပ်မှုတွေလုပ်လာကြမယ်ဆိုတာ သမီးတော့ မသိတော့ဘူး"

ဤသို့ကြားလိုက်ရသည့်အခါ ဝမ့်တုန်းက ဝက်ဝက်ကွဲရယ်မောလိုက်လေတော့သည်။ ထို့နောက် လောလောလတ်လတ်အတွင်း သူစုမိဆောင်းမိထားခဲ့သည့် ကောင်းရာမွန်ရာလေးများအားလုံးကို ကုန်းဟုံအားပေးလိုက်လေ၏။ "ကျုံ့ရှီက ယွင်ဟွာဂိုဏ်းကို တကယ်ကြီးဝင်လာချင်ပါတယ်ဆိုရင်တောင်မှ ယွင်ဟွာဂိုဏ်းက သူ့ကိုအလောသုံးဆယ်လက်ခံပစ်လိုက်မှာမဟုတ်ပါဘူးကွ။ ကျုံ့ရှီလိုမျိုးကျင့်ကြံခြင်းပါရမီရှင်တစ်ယောက်က လျှိုကွမ်းဂိုဏ်းနဲ့ပဲသင့်တော်တာ။ ယွင်ဟွာဂိုဏ်းအတွက်အကောင်းဆုံးသောရွေးချယ်မှုကတော့ သူနဲ့ဆက်ဆံရေးကောင်းလေးတစ်ခုရှိထားဖို့ပေါ့"

"ဆရာ၊ ဆရာဦးလေးချင်းယွမ်ကို စိတ်တိုအောင်သွားလုပ်ပြန်ပြီလား" ကုန်းဟုံက ဆေးလုံးပုလင်းပေါင်းများစွာကို တွေ့သွားသည်။ ဆရာဦးလေးချင်းယွမ်နှင့် ဆရာဦးလေးရှူကျိုတို့မှလွဲလျှင် ဂိုဏ်းထဲရှိမည်သူမျှ ထိုဆေးမျိုးကိုမဖော်စပ်နိုင်ပေ။ ဆရာက ပုံမှန်ဆိုလျှင် ပေါ့ပေါ့တန်တန်ရှိလှသည့်လူတစ်ယောက်ဖြစ်သော်လည်း အကြီးများရှေ့တွင်မူ အလွန်ရို့ရို့ကျိုးကျိုးရှိတတ်ပါသေးသည်။ ထို့ကြောင့် ဤအရာများကား ဆရာဦးလေးချင်းယွမ်ဆီကသာ ဖြစ်နိုင်ပေသည်။

"ဟုတ်ပါ့။ ဒီဆေးလုံးတွေက ဘေးထွက်ဆိုးကျိုးမရှိဘဲ ခန္ဓာကိုယ်အတွက်ကောင်းတဲ့ဆေးတွေလေ။ မင်းကျင့်ကြံအားထုတ်တဲ့အခါကျရင် အဲ့ဒါတွေလိုမယ့်ဟာ။ ငါကဘာလို့ပိုပြီးမခိုးနိုင်ရမှာလဲ" ဝမ့်တုန်းက စိတ်မချမ်းမသာဆိုလာသည်။ "အတော်လေးကြာခဲ့တဲ့အချိန်တုန်းက သူက ငါလုပ်ထားပြီးပြီးချင်းအဆောင်ပစ္စည်းတချို့ကို ခိုးသွားခဲ့တယ်လေ။ ငါက ဒီကိစ္စကိုလွှတ်ပေးလိုက်လို့မရပါဘူး"

ကုန်းဟုံ "..."

ဆရာနှင့်ဆရာဦးလေးတို့ကား တောင်ပေါ်မှနေ့ရက်များမှာ ပျင်းစရာကောင်းလှသည်ဟုထင်မိကြသဖြင့် လုပ်စရာကိစ္စလေးများ ရှာလိုကြခြင်းများလော။

###

ကျိုဖုန့်ဂိုဏ်းက အရှေ့အရပ်တွင်တည်းခိုလို့နေသည်။ တောင်သခင်ကျိဟယ်တစ်ယောက် ဝင်းတံခါးမှထွက်သွားစဉ်ကတည်းက လင်ယွဲ့ခမျာ မျက်နှာသာသာယာယာကိုမရှိဘဲ ဖြစ်လို့နေခဲ့သည်။ အခြားဂိုဏ်းသား(၃)ယောက်က လင်ယွဲ့တစ်ယောက် စိတ်မရွှင်ကြောင်းသိကြသဖြင့် သူမကိုသွားရန်မစရဲကြပေ။ သူတို့ ခြံဝင်းအတွင်း ရပ်လျက် ဓားများနှင့်လေ့ကျင့်လို့နေကြသည်။

မကြာမီ ယွင်ဟွာဂိုဏ်းမှတပည့်တစ်ယောက်ရောက်လာကာ ယနေ့ည စားသောက်ပွဲရှိကြောင်းလာပြောလေသည်။ သူတို့အားလုံးတက်ရောက်ရန် သဘောတူလက်ခံလိုက်ကြ၏။ ယုန်းမြို့တော်မှအစားအသောက်များမှာ အံ့ချီးလောက်ဖွယ်ရှိကြောင်း သူတို့ကြားဖူးနားဝရှိခဲ့သည်မှာကြာလေပြီ။ အစားအသောက်ကောင်းများနှင့်ပတ်သက်၍ ဆန္ဒပြင်းပြင်းထန်ထန်မရှိကြသော်လည်း မျှော်လင့်ချက်တချို့တော့ရှိကြလေသည်။

မကြာမီ၊ တောင်သခင်ပြန်လာသည်ကို သူတို့တွေ့လိုက်ရ၏။ သို့သော် မည်သို့ကြောင့်မှန်းမသိ သူ့ကြည့်ရသည်မှာ နည်းနည်းစိတ်ဓာတ်ကျနေဟန်ရှိသည်။ တောင်သခင်ကျိဟယ်၏မျက်နှာအမူအရာကိုမြင်လိုက်ရသည့်အခါ လင်ယွဲ့၏မျက်နှာပေါ်မှ စိတ်ဓာတ်ကျနေသည့်ဟန်မှာ လျော့ကျလို့သွားလေသည်။ ဆရာဦးလေးကိုထိုသို့မြင်လိုက်ရပုံထောက်လျှင် လက်ထပ်မင်္ဂလာကိစ္စမှာ သဘောတူလက်ခံလိုက်ခြင်းမရှိသည့်ပုံပင်။

"လင်ယွဲ့" ကျိဟယ်က စိတ်လက်ချမ်းသာလို့နေသည့်မျက်နှာထားပိုင်ရှင်လင်ယွဲ့ကို ခေါ်လိုက်သည်။ "စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးက ကျုံ့ရှီပဲဆိုတာ မင်းသိလား"

"ဘာကြီး" လင်ယွဲ့က သူမနားများကိုမယုံနိုင်လုနီးနီးပင် ဖြစ်သွားရ၏။ သူမ၏အံ့အားသင့်တုန်လှုပ်သွားသည့်အမူအရာကို ဖုံးကွယ်ခြင်းငှာမစွမ်းနိုင်ဘဲဖြစ်သွားလေသည်။ "ဟွမ်ကျုံးက စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီလား"

စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီကို လူတိုင်းသိကြပါသည်။ သူဟာ ဓား၏ပြယုဂ်တစ်ခုပင်။ ဤကဲ့သို့သောအမျိုးသားတစ်ယောက်က မိန်းမပျိုလေးတစ်ယောက်၏လက်ကို နူးနူးညံ့ညံ့မျက်နှာအမူအရာမျိုးနှင့် မည်သို့များ  ကိုင်ထားနိုင်သွားရပါသနည်း။

လင်ယွဲ့ဟာ စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီ၏ဘေးတိုက်မျက်နှာထားကို တစ်ခါမြင်ခဲ့ရဖူးပါသည်။ လွန်ခဲ့သည့်ရာစုနှစ်(၁)ခုခန့်က အပြစ်မဲ့သည့်အမျိုးသမီးများကိုသတ်ဖြတ်သော မသူတော်တရားကျင့်ကြံသူတစ်ယောက်နောက်သို့ သူမလိုက်ခဲ့စဉ်က ဖြစ်လေသည်။ သူမက မသူတော်တရားကျင့်ကြံသူနောက်မှ တောင်ကြားချိုင့်ဝှမ်းဝအထိလိုက်လာခဲ့သည့်အခါ ကောင်းကင်ပေါ်မှ အဖြူရောင်ဝတ်စုံဝတ်အမျိုးသားတစ်ဦး ဆင်းသက်လာသည်ကို မြင်လိုက်ရ၏။ ထွက်ပြေးနေသည့် မသူတော်တရားကျင့်ကြံသူခမျာ ရှောင်ပင်မရှောင်လိုက်နိုင်မီ စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီမှ သူ့နှလုံးကို ထိုးဖောက်ပစ်လိုက်ခြင်းအား ခံလိုက်ရသည်။

ထိုမျှအေးစက်စက်နိုင်လှသည့်အမျိုးသားတစ်ယောက်ကို သူမတစ်ခါမျှမတွေ့ခဲ့ဖူးပါ။ သူ့ကြည့်ရသည်မှာ ရေခဲမှထွင်းထုထားသည့်လူအတုတစ်ခုနှင့် တူလေသည်။ လူသားမဆန်လောက်အောင် အစွမ်းထက်လွန်းလှ၏။ ဘေးတိုက်ပုံအနေအထားနှင့်ပင် သူမကိုအေးစက်စက်ခံစားမျိုးပေးစွမ်းရန် လုံလောက်နေလေပြီ။

ယခင်က စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီကို အဝေးမှလှမ်းမြင်ခဲ့ဖူးထားသည့်အတွက် လင်ယွဲ့ဟာ ထိုကဲ့သို့သောလူမျိုးနှင့်အတူတွဲနေထိုင်ရန် လက်မခံနိုင်ဘဲဖြစ်ခဲ့ရလေသည်။ ရေခဲရုပ်တုတစ်ခုကို လူသားတစ်ယောက်ဖြစ်လာအောင် ပြောင်းလဲပစ်လိုက်နိုင်မည်ဟု သူမစိတ်ကူးကြည့်လို့မရခဲ့ပါ။

"ဟုတ်တယ်၊ စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးကိုယ်တိုင် ဝန်ခံလိုက်တာ။ ဟွမ်ကျုံးဆိုတာက သူ့သာမန်သေမျိုးလောကသားဘဝတုန်းက နာမည်တစ်ခုပဲ။ သူ့ရဲ့ကျင့်ကြံခြင်းလောကကနာမည်က ကျုံ့ရှီတဲ့။" ယွင်ဟွာဂိုဏ်း၏ ဝင်းတံခါးဝတွင် စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီမှ သူနှင့်လင်ယွဲ့တို့ဟာ သင့်တော်ခြင်းမရှိကြောင်း မည်သို့ပြောခဲ့သည်ကို ပြန်တွေးမိလိုက်သည်အခါ စိတ်စွမ်းအင်အရှင်သခင်ကျိဟယ်ဟာ နည်းနည်းအရှက်ရလို့သွားမိ၏။ လင်ယွဲ့၏မျက်နှာအမူအရာက ထူးခြားနေကြောင်းမြင်သဖြင့် ဤကိစ္စကြောင့်သူမ၏စိတ်အခြေအနေပျက်စီးသွားလျက် သူမ၏လမ်းစဉ်ကိုသွားထိမှာ စိုးရိမ်မိလေသည်။ သူက အကြံပေးလိုက်သည်။ "စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီက လူမှုရေးခေါင်းပါးတဲ့သူတစ်ယောက်ပဲ__ ဒီအကြောင်းတွေ သိပ်တွေးမနေပါနဲ့တော့"

"ဆရာဦးလေး ကျွန်မက အခြားတစ်ခုကိုတွေးနေတာပါ" လင်ယွဲ့က ခေါင်းခါလိုက်သည်။ "ယွင်ဟွာဂိုဏ်းက မိန်းကလေးကုန်းဟုံက အံ့သြချီးကျူးလောက်စရာအမျိုးသမီးတစ်ယောက်ပဲ"

ကျိဟယ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်အာရုံရုပ်လုံးဖော်ခြင်းအဆင့်ကိုရောက်နေပြီ__ သူမ၏အနာဂတ်က အကန့်အသတ်မဲ့နေပြီ"

လင်ယွဲ့က ကျိဟယ်ကိုကြည့်လိုက်ကာ စကားမဆိုချေ။

အမှန်စင်စစ် သူမတွေးနေသည်မှာ ထိုအရာမဟုတ်ပေ။

ဓားတစ်လက်ကို လူတစ်ယောက်ဖြစ်အောင်ပြောင်းလိုက်နိုင်ခြင်း__ သာမန်လူတစ်ယောက်ဟာ ထိုကဲ့သို့လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ လက်ထပ်မင်္ဂလာမဟာမိတ်ဖွဲ့ခြင်းကား မည်သည်နည်း။ ထိုနှစ်ယောက် မည်သည့်အချိန်ကျ ပေါင်းစည်းသွားကြလျက် လူအများအံ့အားသင့်တုန်လှုပ်ကာ ပါးစပ်ဟောင်းလောင်းနှင့်ဖြစ်သွားအောင်လုပ်ကြမည်ကို သူမမြင်လို့ပါသေးသည်။ ထိုအရာက သူမကိုယ်တိုင်လက်ထပ်မင်္ဂလာမဟာမိတ်ပြုခြင်းထက်ပင် စိတ်ဝင်စားဖို့ကောင်းသေး၏။

###

ချန်ယိ၏လှိုဏ်ဂူအပြင်ဘက်တွင် တန်ဖုန်းက ပုံမှန်တင်ပျဉ်ခွေအနေအထားမှ ပုံစံပြောင်းလိုက်ကာ သူ့လက်တစ်ဘက်ဖြင့် မေးစေ့ကိုထောက်ထားလိုက်သည်။ တောင်ပတ်ပတ်လည်တွင် ရစ်ခွေသိုင်းလို့နေသည့်တိမ်များကိုကြည့်လျက် သူ့မျက်နှာပေါ်လက်ချောင်းလေးများနှင့်တတက်တက်ခေါက်လို့နေ၏။ ဆရာတူညီမလေးဖြစ်သူ ပြန်ရောက်မလာသေးဘူးလောဟု သူတွေးတောနေမိလေသည်။

"ဆရာတူဒုတိယအစ်ကို" ပန်းရောင်ဝတ်စုံဝတ်အမျိုးသမီးတစ်ဦး တိမ်များကြားမှထွက်လာကာ သူ့ရှေ့တည့်တည့်သို့ ဘုတ်ခနဲပြုတ်ကျလာသည်။ "ညီမလေးပြန်လာပြီလေ။ ကိုကြီး ညီမလေးကို မလွမ်းဘူးလား"

ဖုန်များတထောင်းထောင်းထသွားသဖြင့် တန်ဖုန်းချောင်းတဟွတ်ဟွတ်ဆိုးလို့သွားကာ သူ့နှာခေါင်းရှေ့လက်တစ်ဘက်ကို ဝှေ့ယမ်းလိုက်၏။ "ညီမလေးတို့များ ကျင့်ကြံခြင်းအစွမ်းကြီးလာတော့ ခြေထောက်တွေလည်း သန်မာလာလိုက်တာကွာ"

ကုန်းဟုံက တခစ်ခစ်ရယ်လိုက်သည်။ "ညီမလေးက ကိုကြီးကိုတွေ့ရအောင်လို့ အမြန်လာလိုက်တာကိုး" ထို့နောက် သူမပဉ္စလက်သိုလှောင်လက်စွပ်ထဲမှ ဓားပျံတစ်လက်ကိုထုတ်လိုက်သည်။ "ဒီဓားပျံက စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီကိုယ်တိုင် ပုံသွင်းပေးထားတဲ့ဟာ__ ကိုကြီးဖို့"

"ဆရာတူညီမလေးက စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီလိုပုဂ္ဂိုလ်တစ်ယောက်နဲ့ ခင်မင်းရင်းနှီးရလောက်တဲ့အထိ ကြီးကျယ်ပြောင်မြောက်နေလှချည်လားကွ" တန်ဖုန်းမှာ တစ်ချိန်လုံးစောင့်ကြပ်ကြည့်ရှုနေနေရသည်ဖြစ်ရာ ကုန်းဟုံတစ်ယောက် စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးအား ဂိုဏ်းသို့ပြန်ခေါ်လာခဲ့ကြောင်း မသိသေးချေ။ စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးက စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီဖြစ်မှန်းလည်း သူ မသိသေးပါ။

တန်ဖုန်းက ဓားအားလုံးကိုစိတ်ဝင်စားသူဖြစ်သည်။ ကုန်းဟုံတစ်ယောက် အကြီးအကဲချိုးရွှမ်းဆီမှ ရေနှင်းခါးဓားကိုလက်ခံရရှိခဲ့သည့်အချိန်က တန်ဖုန်းစိတ်ထဲ ကြီးစွာအားကျနှစ်သက်နေမိခဲ့သည်။ ဆရာတူညီမလေးက ထိုအရာကိုအမှတ်ရနေသေးလျက် စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီဆီမှရလာသောဓားတစ်လက်ကို သူ့အားပေးလိမ့်မည်ဟု သူတွေးထင်မထားမိခဲ့ပါ။

ဓား၏မျက်နှာပြင်က ပုံမှန်နှင့်မတူဘဲ ထူးထူးခြားခြားကြီးခမ်းနားထည်ဝါလို့နေကာ အင်းကွက်ပေါင်းများစွာပါလေသည်။ ဤကား ပထမတန်းစားနတ်အဆောင်ပစ္စည်းပင်။ ဤကဲ့သို့သောဓားမျိုးပုံသွင်းနိုင်မည့်သူမှာ ပညာရှင်တစ်ယောက်ဖြစ်၏။ သို့ပေမဲ့လည်း ပုံစံကိုကြည့်ရသည်မှာ စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီလုပ်ထားသည့်ပုံမျိုးနှင့် မတူပေ။

တန်ဖုန်းက ဓားကိုကြည့်လျက် တုံ့ဆိုင်းဆိုင်းဖြစ်လို့နေသည်။ "ဒါက ရှားပါးပစ္စည်းတစ်ခုပဲ။ ဒါပေမဲ့ ဆရာတူညီမလေး၊ ညီမလေး ဒါကို တစ်ယောက်ယောက်ဆီကနေဝယ်လာခဲ့တာလား။ ဒါမှမဟုတ် တကယ်ပဲ စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီဆီကနေရလာခဲ့တာလား။" တစ်ယောက်ယောက်က ဆရာတူညီမလေးကို အဆောင်ပစ္စည်းအကောင်းစားတစ်ခုနှင့် လှည့်စားလိုက်ကာ စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီလုပ်သည်ဟု ပြောလိုက်ခြင်းမျိုးဖြစ်မှာ သူစိုးရိမ်မိလေသည်။ သို့ပေမဲ့လည်း တကယ်ပုံသွင်းခဲ့သူမှာ မည်သူဖြစ်ကြောင်း မည်သူများသိပေလိမ့်မည်နည်း။

ကျင့်ကြံခြင်းလောကရှိလူပေါင်းများစွာဟာ ဤနည်းဖြင့်ပိုက်ဆံရှာနေကြလေသည်။ ဆရာတူညီမလေးခမျာ ထိုအဖြစ်အပျက်မျိုး၏သားကောင်ဖြစ်သွားမှာ သူစိုးမိလေ၏။

"ဒါပေါ့၊ သူက ဒါကို ကိုကြီးအတွက်လုပ်ပေးလိုက်တာလေ" ကုန်းဟုံကပြောသည်။ "ညီမလေးက ကိုကြီးဘယ်လိုဓားပုံစံမျိုးကိုသဘောကျတယ်ဆိုတာ သူ့ကိုပြောပြလိုက်တယ်။ သူက ညီမလေးနဲ့အတူတူ ဓားတစ်ချောင်း လုပ်ခဲ့တာ။ ပြီးတော့ ဂိုဏ်းကိုပြန်သွားတဲ့အခါကျ ကိုကြီးကို အဲ့ဒီဓားပေးလို့ရအောင် ညီမလေးကိုပေးလိုက်တယ်လေ။"

"မင်းဆိုလိုတာ စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီက ဒါကို ကိုကြီးအတွက် သက်သက်လုပ်ပေးထားတာပေါ့လေ" တန်ဖုန်းက ဓားကိုအတန်ကြာအောင် အကဲခတ်ကြည့်လိုက်ပြီးမှ ဝမ်းသာအားရဖြစ်နေသည့်အဖြစ်ကနေ ရုန်းထွက်လာတော့သည်။ "ဆရာတူညီမလေး၊ ညီမလေးခရီးသွားတဲ့အချိန်မှာ ပြုစားတတ်အောင်ပါသင်လိုက်သေးတာလား။ အဲ့ဒီလိုမှမဟုတ်ရင် စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီလို ဓားသမားကျင့်ကြံသူတစ်ယောက်က ကိုကြီးအတွက် ဒီလိုမျိုးအသေးစိတ်လက်ဝင်တဲ့ဓားတစ်လက်လုပ်ပေးဖို့ စိတ်ရှည်လက်ရှည်ရှိလာနိုင်မှာလဲ"

"ကိုကြီးပြောတာကြီးက ဘာသဘောလဲ" ကုန်းဟုံက ဟင့်ခနဲနှာမှုတ်ပစ်လိုက်ကာ "ကျုံ့ရှီက ဘယ်လိုမျိုးဓားသမားကျင့်ကြံသူမို့လို့လဲ။ သူက ရုပ်ချောတယ်။ စိတ်သဘောထားကောင်းတယ်__ သူ့မှာ မကောင်းတာဘာရှိလို့လဲ"

"ကျေးဇူးပြုပြီး စိတ်မဆိုးလိုက်ပါနဲ့ဗျာ၊ စိတ်မဆိုးလိုက်ပါနဲ့။ ကိုကြီးက ဒါကို အမှန်တရားလို့ မယုံကြည်ရဲယုံပါပဲခင်ဗျာ" တန်ဖုန်းက သူ့ပဉ္စလက်သိုလှောင်လက်စွပ်ထဲမှ ပဉ္စလက်သိုလှောင်အိတ်တစ်လုံးကို အမြန်လေးထုတ်လိုက်သည်။ "ဒါတွေက ကိုကြီး ဒီနောက်ပိုင်းလတွေထဲ အစားအသောက်နဲ့အခြားအရာတွေအပေါ် ချွေတာပြီးစုထားတဲ့ပိုက်ဆံလေးတွေနဲ့ ညီမလေးအတွက် ဝယ်ပေးထားရတဲ့ နောက်ဆုံးပေါ်ဂါဝန်တွေပါနော်။ ပြီးတော့ ဘီးတွေနဲ့ဆံထိုးတွေလည်းပါသေးတယ်။ အာဃာတတွေထားမနေပါနဲ့တော့ကွာ။"

"ဟွန်း" ကုန်းဟုံက ပဉ္စလက်သိုလှောင်အိတ်ယူလိုက်ကာ မေးလေးငေါ့လျက် "ဆရာတူအစ်ကိုအကြီးဆုံး ထွက်လာတဲ့အခါကျရင် ကိုကြီး(တန်ဖုန်း)တော့ ပိုပြီးတောင်အံ့အားသင့်တုန်လှုပ်ရဦးမယ်"

ထို့နောက် သူမက ပဉ္စလက်သိုလှောင်အိတ်နှင့်အတူ တိမ်များဆီပျံသန်းထွက်သွားတော့၏။

ဆရာတူညီမလေး၏ကျောပြင်ကိုကြည့်လျက် သူ့လက်ထဲမှဓားကိုကိုင်ကြည့်ကာ အသာလေးရယ်မောလိုက်တော့သည်။ ဆရာတူညီမလေးဟာ နှစ်ဝက်အဝေးသို့ထွက်သွားခဲ့သော်လည်း ယခင်အတိုင်းပင်ရှိနေတုန်းဖြစ်၏။

ကောင်းလိုက်တဲ့ဖြစ်ခြင်း။

###

ဒုတိယမြောက်နေ့ နေထွက်မလာမီ ချီးယွဲ့တောင်မှ ကျောက်တံခါးတစ်ခုက မသဲမကွဲအသံထွက်ပေါ်လျက် တဖြည်းဖြည်းချင်းပွင့်လို့သွားလေသည်။ သန့်ရှင်းသည့်အဝတ်အစားများနှင့် ချန်ယိတစ်ယောက် လှိုဏ်ဂူအတွင်းမှ ဖြည်းဖြည်းချင်းထွက်လာ၏။ သူက အရှေ့အရပ်မှ မြင့်တက်လာနေသည့်နေမင်းကိုကြည့်လျက် လေပြင်းပြင်းမှုတ်ထုတ်လိုက်သည်။

သူ့ကျင့်ကြံခြင်းအစွမ်း စိတ်အာရုံရုပ်လုံးဖော်ခြင်းအဆင့်သို့ ရောက်ရှိသွားသည့်နောက်တွင် လောကကြီးကိုကြည့်လိုက်သည့်အခါ သူ့တွင်မတူညီသည့်သဘောပေါက်နားလည်မှုတစ်မျိုး ဖြစ်လို့နေသည်။ ထို့နောက် သူ့ဆရာ၊ ဆရာတူညီလေးနှင့် ဆရာတူညီမလေးကုန်းဟုံတို့ သူ့ဆီလာနေကြောင်း မြင်တွေ့လိုက်ရသည်။ ချန်ယိမျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လို့နေ၏။

လောကကြီးနှင့်ပတ်သက်၍ သူမည်သို့သဘောပေါက်မိသွားသွား အရေးမဟုတ်ပါ။ ဤလူသုံးယောက်ကတော့ သူ့အား မပြောင်းလဲသည့်မျက်လုံးများဖြင့် ကြည့်လို့နေကြဆဲပင်။

ချန်ယိတံခါးပိတ်ကျင့်ကြံခြင်းမှထွက်လာခဲ့ပြီးနောက်တစ်နေ့တွင် အနီရောင်နေမင်းမှ တောင်ပေါ်ရှိအမြင့်ဆုံးသောသစ်ပင်အား အလင်းပေးလိုက်သည့်အချိန်၌ အိုးစည်ဗုံမောင်းသံများ တခြိမ့်ခြိမ့်တသဲသဲထွက်ပေါ်လာတော့သည်။

ယွင်ဟွာဂိုဏ်း၌ ဂိုဏ်းသားများအားအောင်ပွဲကျင်းပပေးရာတွင် ဗုံများကိုအသုံးပြုလျက် ဂိုဏ်းသားများအားလိုက်ပါပို့ဆောင်သည့်အခါတွင်မူ ခေါင်းလောင်းများကိုသုံးလေ၏။ ပထမဆုံးဗုံသံထွက်ပေါ်လာချိန်တွင် ယွင်ဟွာဂိုဏ်းမှဂိုဏ်းသားများဟာ သူတို့ပြုမူဆောင်ရွက်နေသည်များကို ရပ်လျက် ပင်မခန်းမဆောင်အနောက်ဘက်ရှိ လီယန်ခန်းမဆောင်ရှိရာဘက်သို့ တလေးတစားဦးညွှတ်အရိုအသေပေးကြသည်။

"ဆရာဦးလေး၊ ဒီနေ့က ဂိုဏ်းတူအစ်ကိုချန်ယိရဲ့ စိတ်အာရုံရုပ်လုံးဖော်ခြင်းအောင်ပွဲခံအခမ်းအနားနေ့ပဲဟာကို__ ကျွန်တော်တို့က ဘာလို့လီယန်ခန်းမဆောင်ဘက် ဦးညွှတ်အရိုအသေပေးရတာလဲ" ဂိုဏ်းသားအသစ်များက သူတို့အားသင်ကြားပြသပေးသည့်အကြီးအကဲ လုပ်သည့်အတိုင်းလိုက်၍ ဦးညွှတ်အရိုအသေပေးခဲ့ကြလေသည်။ ဗုံသံ (၁၂)ချက်မြည်းဟီးပြီးသွားသည့်နောက်တွင် ဂိုဏ်းသားတစ်ယောက်ဟာ နောက်ဆုံးတော့ စကားထုတ်ပြောဝံ့လာလေပြီ။

"ငါတို့မှာ ဒီနေ့လိုနေ့မျိုးရှိလာခဲ့ရတာ ငါတို့ရဲ့ရှေ့ကလူတွေက ငါတို့အတွက်ကြီးကျယ်ပြောင်မြောက်တဲ့လမ်းကြီးတစ်ခု ဖောက်ပေးထားခဲ့လို့ပေါ့" တိုက်ခိုက်ရေးခန်းမ၏ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။ "လီယန်ခန်းမထဲမှာ ဂိုဏ်းထဲကကွယ်လွန်သွားပြီဖြစ်တဲ့ အကြီးအကဲအားလုံးရဲ့ကမ္ပည်းတိုင်တွေရှိတယ်။ ပြီးတော့ ကောင်းကင်ဘုံကိုကြွလှမ်းသွားကြပြီဖြစ်တဲ့ အကြီးအကဲတွေအားလုံးရဲ့ဟာရောပဲ။ အဲ့ဒီကျေးဇူးတရားကိုသိနားလည်တဲ့သူတွေဟာ ပိုပြီးဝေးဝေးသွားရလိမ့်မယ်။ အခုဆိုရင် မင်းတို့က ယွင်ဟွာဂိုဏ်းကဂိုဏ်းသားတွေဖြစ်နေကြပြီဆိုတော့ ဒါကိုမေ့ပစ်လို့မရတော့ဘူး"

"ဟုတ်ကဲ့" ဂိုဏ်းသားအချို့က သဘောပေါက်နားလည်သွားသဖြင့် လီယန်ခန်းမဘက်သို့ နောက်ထပ်တစ်ဖန် ဦးညွှတ်အရိုအသေပေးကြသည်။ အချို့ကမူ လက်မခံသော်လည်း မလေးမစားဟန်တော့ မပြကြချေ။

ကြီးကြပ်ရေးမှူးက ဤအဖြစ်အပျက်အားလုံးကိုမြင်သော်လည်း အလေးအနက်ထားပြောမနေတော့ချေ။

အချို့ကိစ္စများဟာ ဆန္ဒအလျောက်လုပ်ကိုင်မှသာ ဖြစ်မြောက်ကြလေသည်။ ဖိအားပေးလို့ အသုံးမဝင်ပါ။ အနာဂတ်၏ ကောင်းခြင်း၊ ဆိုခြင်းများမှာ ဤဂိုဏ်းသားများအပေါ်မူတည်လို့နေ၏။

အဆင့်မြင့်ဂိုဏ်းများအားလုံးတက်ရောက်ကြသဖြင့် ချန်ယိ၏စိတ်အာရုံရုပ်လုံးဖော်ခြင်းအောင်ပွဲခံအခမ်းအနားမှာ ထင်ထားသည်ထက်ပင် အများကြီးပို၍ရေပန်းစားလို့နေသေးသည်။ ချန်ယိကိုယ်တိုင်ပင် သူ့အား ကျင့်ကြံခြင်းလောကမှ အကြီးအကဲပေါင်းမြောက်မြားစွာ ဂုဏ်ပြုစကားလာပြောကြလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ချေ။

လျှိုကွမ်းဂိုဏ်းမှ စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီလာကြောင်း သူကြားသွားသည့်အခါ ဘေးဘီဝဲယာသို့ မကြည့်ဘဲမနေနိုင်ဖြစ်လို့နေ၏။

ကုန်းဟုံက တပည့်များအကြားရပ်လျက် ဆရာတူအစ်ကိုအကြီးဆုံး၏ တောက်တောက်ပပဝတ်စုံကို ကြည့်လို့နေသည်။ သူမအပြုံးမှာ ဖုံးဖိထားလို့မရလောက်အောင်ပင်ဖြစ်နေ၏။ လင်ဟွေ့က သူမဘေးတွင်ရပ်လျက် သူမလက်မောင်းကိုတိုက်လိုက်ကာ "ဂိုဏ်းတူညီမလေးကုန်းဟုံ၊ မင်း လျှိုကွမ်းဂိုဏ်းက စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီကို နှပ်ချပြီး တောင်ဆီအပါပြန်ခေါ်လာခဲ့တယ်ဆို"

ကုန်းဟုံ "...."

'နှပ်ချ'ဆိုသည့်စကားလုံးကြီးက သင့်တော်ပါရဲ့လော။

လွန်ခဲ့သောညမှစားသောက်ပွဲမှာ ဂိုဏ်းချုပ်က ဂုဏ်သရေရှိဧည့်သည်တော်များကို ဆီးကြိုဧည့်ဝတ်ပြုသည့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်လေသည်။ ဧည့်သည်တော်များက များလွန်းနေသည်ဖြစ်ရာ သူတို့ဂိုဏ်းမှဂိုဏ်းသားများကိုယ်တိုင်အတွက်မူ ထိုင်ခုံနေရာမရှိခဲ့ပေ။ ထို့အတွက်ကြောင့် စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီက အမှန်ပင် အရပ်(၉)ပေရှိ၊ မရှိ သူတို့ မျက်မြင်မတွေ့လိုက်ကြရသေးချေ။ သူမ၏အကြည့်က ဘေးဘီဝဲယာလှည့်ပတ်လို့သွားသည်။ ထူးထူးခြားခြားကြီးအရပ်ရှည်လှသည့် အမျိုးသားကျင့်ကြံသူတစ်ယောက်တစ်လေမျှ သူမမတွေ့မိပါ။

"လျှိုကွမ်းဂိုဏ်းက ရောက်လာပါပြီ"

တံခါးအပြင်ဘက်ရှိဂိုဏ်းသားဆီမှ အော်လိုက်သောအသံကိုကြားသော် လင်ဟွေ့က အလျင်အမြန်ခြေဖျားထောက်လျက် ကြည့်ကြည့်လေတော့သည်။

အို၊ ငါတော့အရပ်ကိုးပေရှည်တဲ့အမျိုးသားကိုမတွေ့မိပါဘူးတော်။ ဒါပေမဲ့ ခြောက်ပြစ်ကင်းသဲလဲစင်အောင် ချောလွန်း၊ ကြော့ရှင်းလွန်းတဲ့တစ်ယောက်တော့တွေ့သားတော့။

သူမက အင်္ကျီလက်ထဲတွင်ဖွတ်ထားသည့်သူမလက်ဖြင့် ကုန်းဟုံကိုဆွဲလိုက်ကာ စိတ်ချင်းဆက်သွယ်စကားပြောလိုက်သည်။

[ဂိုဏ်းတူညီမလေးရေ၊ ကိုလူချောတစ်ယောက်ဟေ့]

ကိုလူချောကက ဘေးဘီဝဲယာသို့လှည့်ကြည့်လိုက်ပြီးနောက် သူတို့ရှိရာသို့ကြည့်လာလေသည်။ ထို့နောက် သူက တဖြည်းဖြည်းချင်း၊ တဖြည်းဖြည်းချင်း အပြုံးလှလှလေးတစ်ပွင့်ပြုံးပြလာသည်။

[ကိုလူချောတစ်ယောက် ပြုံးပြတဲ့အခါ သေလုနီးပါးပဲဟ။ ဂိုဏ်းတူညီမလေးရေ၊ ကြည့်ထားချည်၊ မင်းအနေနဲ့ ရုပ်ချောတဲ့အမျိုးသားတွေကို မင်းကြည့်နိုင်သလောက်အချိန်ထိ ကြည့်ထားရမယ်]

ကုန်းဟုံက လင်ဟွေ့ကိုလှည့်ကြည့်လိုက်သည်။ ထိုအခိုက်တွင် ဂိုဏ်းတူအစ်မလင်ဟွေ့၏ပုံစံမှာ ဣန္ဒြေရရနှင့်ကြော့ရှင်းလို့နေသည်။ သူမ၏အတွင်းဘက်တွင်ဖြစ်ပေါ်နေသော စိတ်လှုပ်ရှားမှုတစ်ခုကိုမှ မမြင်တွေ့ရချေ။

[ဂိုဏ်းတူအစ်မ၊ သူက စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီပါ]

လင်ဟွေ့က ကုန်းဟုံကိုစိန်းစိန်းဝါးဝါးကြီးစိုက်ကြည့်လာသည်။

ကုန်းဟုံက နှုတ်ဆိတ်စွာပင် သူမအားခေါင်းညိတ်ပြလျက် သူမ မလိမ်ကြောင်းအတည်ပြုပေးလိုက်သည်။

လင်ဟွေ့ "..."

ထိုသို့ဆိုလျှင် စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီတွင် ကျင့်ကြံခြင်းအစွမ်းသာရှိလျက် ကြောက်မက်ဖွယ်ရုပ်ဆင်းသွင်ပြင်ရှိကြောင်း မည်သူကလိမ်ညာစကားဆိုခဲ့ပါသနည်း။ ထိုကဲ့သို့သောအရာမျိုးပြောခဲ့သူမှာ သေချာပေါက်အမျိုးသားတစ်ယောက်ဖြစ်ပေလိမ့်မည်။ အကြောင်းမူ အခြားအမျိုးသားများသာလျှင် အမျိုးသားတစ်ဦး၏ရုပ်ဆင်းသွင်ပြင်အပေါ် မနာလိုဝန်တိုခြင်းဖြစ်ပေလိမ့်မည်။

ကျွတ်၊ မနာလိုမစ္ဆေရစိတ်က လူတွေကို အကျည်းတန်စေလိုက်တာ။

ဟွမ်ကျုံးက စူးစမ်းအကဲခတ်နေကြသည့်အကြည့်များကို ဖြတ်ကျော်လျက် ကုန်းဟုံနှင့်လင်ဟွေ့တို့ရှိရာသို့ လျှောက်လှမ်းလာလေသည်။ လင်ဟွေ့က အနောက်ဘက်သို့ခြေ(၂)လှမ်းဆုတ်လိုက်မိ၏။ ချောမောခံ့ညားသောအမျိုးသားများအား အဝေးမှအကဲခတ်ခြင်းက ပိုကောင်းလေသည်။ အနားကပ်နေလျှင် ဖိအားများကို သူမခံစားမိနေဦးမည်။

"ကုန်းဟုံ" ဟွမ်ကျုံးက ကုန်းဟုံဘေးတွင် ဝင်ရပ်လိုက်ကာ သူမကိုပြုံးပြလေ၏။

စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီ၏ ဤနေရာတွင်ကျောက်ချနေတော့မည့်ဟန်ကိုကြည့်နေကြသော ဘေးပတ်ပတ်လည်ရှိယွင်ဟွာဂိုဏ်းမှတပည့်သားများ "..."

"စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီ" လင်ဟွေ့က မသိမသာလေးသတိလှမ်းပေးလိုက်သည်။ "ဧည့်သည်တော်တွေရဲ့ခုံနေရာက ဟောဟိုမှာပါရှင့်"

အကြီးအကဲရှင့်၊ ရှင်တော့ဖြင့် နေရာမှားနေပါပြီနော်။
•••••••••••

တကယ်တော့ ဒီဝတ္ထုထဲ 'လင်'နာမည်ပါတဲ့ (4)ယောက်လုံးက ဟွမ်ကျုံးရဲ့ အထောင်းကိုခံချင်နေကြတာနေမယ်။ လင်ဟူ၊ လင်ပေါ၊ လင်ယွဲ့၊ လင်ဟွေ့။ 😅😅😆

(12.10.2020, 19:00 - 21:00)ကျ အားလုံးအတူတူ ပြန်ဆုံကြမယ်နော်။ 😁😁😉😁😁😍
•••••••••••
•••••••••••

[Zawgyi]

"ဆရာ၊ ဘာေတြေတြးေနတာလဲ" ကုန္းဟံုက ရယ္လိုက္သည္။ "ဟြမ္က်ံဳးက လွ်ိဳကြမ္းဂိုဏ္းကေတာင္သခင္တစ္ေယာက္ေလ။ သူသာ သမီးတို႔ဂိုဏ္းကို အားကိုးအားထားျပဳလိုက္မယ္ဆိုရင္ က်င့္ႀကံျခင္းေလာကႀကီးက ဘယ္လိုမ်ိဳးေရးႀကီးခြင္က်ယ္လုပ္မႈေတြလုပ္လာၾကမယ္ဆိုတာ သမီးေတာ့ မသိေတာ့ဘူး"

ဤသို႔ၾကားလိုက္ရသည့္အခါ ဝမ့္တုန္းက ဝက္ဝက္ကြဲရယ္ေမာလိုက္ေလေတာ့သည္။ ထို႔ေနာက္ ေလာေလာလတ္လတ္အတြင္း သူစုမိေဆာင္းမိထားခဲ့သည့္ ေကာင္းရာမြန္ရာေလးမ်ားအားလံုးကို ကုန္းဟံုအားေပးလိုက္ေလ၏။ "က်ံဳ႕ရွီက ယြင္ဟြာဂိုဏ္းကို တကယ္ႀကီးဝင္လာခ်င္ပါတယ္ဆိုရင္ေတာင္မွ ယြင္ဟြာဂိုဏ္းက သူ႔ကိုအေလာသံုးဆယ္လက္ခံပစ္လိုက္မွာမဟုတ္ပါဘူးကြ။ က်ံဳ႕ရွီလိုမ်ိဳးက်င့္ႀကံျခင္းပါရမီရွင္တစ္ေယာက္က လွ်ိဳကြမ္းဂိုဏ္းနဲ႔ပဲသင့္ေတာ္တာ။ ယြင္ဟြာဂိုဏ္းအတြက္အေကာင္းဆံုးေသာေရြးခ်ယ္မႈကေတာ့ သူနဲ႔ဆက္ဆံေရးေကာင္းေလးတစ္ခုရိွထားဖို႔ေပါ့"

"ဆရာ၊ ဆရာဦးေလးခ်င္းယြမ္ကို စိတ္တိုေအာင္သြားလုပ္ျပန္ၿပီလား" ကုန္းဟံုက ေဆးလံုးပုလင္းေပါင္းမ်ားစြာကို ေတြ႔သြားသည္။ ဆရာဦးေလးခ်င္းယြမ္နွင့္ ဆရာဦးေလးရွဴက်ိဳတို႔မွလြဲလွ်င္ ဂိုဏ္းထဲရိွမည္သူမွ် ထိုေဆးမ်ိဳးကိုမေဖာ္စပ္နိုင္ေပ။ ဆရာက ပံုမွန္ဆိုလွ်င္ ေပါ့ေပါ့တန္တန္ရိွလွသည့္လူတစ္ေယာက္ျဖစ္ေသာ္လည္း အႀကီးမ်ားေရွ႕တြင္မူ အလြန္ရို႕ရို႕က်ိဳးက်ိဳးရိွတတ္ပါေသးသည္။ ထို႔ေၾကာင့္ ဤအရာမ်ားကား ဆရာဦးေလးခ်င္းယြမ္ဆီကသာ ျဖစ္နိုင္ေပသည္။

"ဟုတ္ပါ့။ ဒီေဆးလံုးေတြက ေဘးထြက္ဆိုးက်ိဳးမရိွဘဲ ခႏၶာကိုယ္အတြက္ေကာင္းတဲ့ေဆးေတြေလ။ မင္းက်င့္ႀကံအားထုတ္တဲ့အခါက်ရင္ အဲ့ဒါေတြလိုမယ့္ဟာ။ ငါကဘာလို႔ပိုၿပီးမခိုးနိုင္ရမွာလဲ" ဝမ့္တုန္းက စိတ္မခ်မ္းမသာဆိုလာသည္။ "အေတာ္ေလးၾကာခဲ့တဲ့အခ်ိန္တုန္းက သူက ငါလုပ္ထားၿပီးၿပီးခ်င္းအေဆာင္ပစၥည္းတခ်ိဳ႕ကို ခိုးသြားခဲ့တယ္ေလ။ ငါက ဒီကိစၥကိုလႊတ္ေပးလိုက္လို႔မရပါဘူး"

ကုန္းဟံု "..."

ဆရာနွင့္ဆရာဦးေလးတို႔ကား ေတာင္ေပၚမွေန႔ရက္မ်ားမွာ ပ်င္းစရာေကာင္းလွသည္ဟုထင္မိၾကသျဖင့္ လုပ္စရာကိစၥေလးမ်ား ရွာလိုၾကျခင္းမ်ားေလာ။

###

က်ိဳဖုန္႔ဂိုဏ္းက အေရွ႕အရပ္တြင္တည္းခိုလို႔ေနသည္္။ ေတာင္သခင္က်ိဟယ္တစ္ေယာက္ ဝင္းတံခါးမွထြက္သြားစဥ္ကတည္းက လင္ယြဲ႔ခမ်ာ မ်က္နွာသာသာယာယာကိုမရိွဘဲ ျဖစ္လို႔ေနခဲ့သည္။ အျခားဂိုဏ္းသား(၃)ေယာက္က လင္ယြဲ႔တစ္ေယာက္ စိတ္မရႊင္ေၾကာင္းသိၾကသျဖင့္ သူမကိုသြားရန္မစရဲၾကေပ။ သူတို႔ ၿခံဝင္းအတြင္း ရပ္လ်က္ ဓားမ်ားနွင့္ေလ့က်င့္လို႔ေနၾကသည္။

မၾကာမီ ယြင္ဟြာဂိုဏ္းမွတပည့္တစ္ေယာက္ေရာက္လာကာ ယေန႔ည စားေသာက္ပြဲရိွေၾကာင္းလာေျပာေလသည္။ သူတို႔အားလံုးတက္ေရာက္ရန္ သေဘာတူလက္ခံလိုက္ၾက၏။ ယုန္းၿမိဳ႕ေတာ္မွအစားအေသာက္မ်ားမွာ အံ့ခ်ီးေလာက္ဖြယ္ရိွေၾကာင္း သူတို႔ၾကားဖူးနားဝရိွခဲ့သည္မွာၾကာေလၿပီ။ အစားအေသာက္ေကာင္းမ်ားနွင့္ပတ္သက္၍ ဆႏၵျပင္းျပင္းထန္ထန္မရိွၾကေသာ္လည္း ေမွ်ာ္လင့္ခ်က္တခ်ိဳ႕ေတာ့ရိွၾကေလသည္။

မၾကာမီ၊ ေတာင္သခင္ျပန္လာသည္ကို သူတို႔ေတြ႔လိုက္ရ၏။ သို႔ေသာ္ မည္သို႔ေၾကာင့္မွန္းမသိ သူ႔ၾကည့္ရသည္မွာ နည္းနည္းစိတ္ဓာတ္က်ေနဟန္ရိွသည္။ ေတာင္သခင္က်ိဟယ္၏မ်က္နွာအမူအရာကိုျမင္လိုက္ရသည့္အခါ လင္ယြဲ႔၏မ်က္နွာေပၚမွ စိတ္ဓာတ္က်ေနသည့္ဟန္မွာ ေလ်ာ့က်လို႔သြားေလသည္။ ဆရာဦးေလးကိုထိုသို႔ျမင္လိုက္ရပံုေထာက္လွ်င္ လက္ထပ္မဂၤလာကိစၥမွာ သေဘာတူလက္ခံလိုက္ျခင္းမရိွသည့္ပံုပင္။

"လင္ယြဲ႔" က်ိဟယ္က စိတ္လက္ခ်မ္းသာလို႔ေနသည့္မ်က္နွာထားပိုင္ရွင္လင္ယြဲ႔ကို ေခၚလိုက္သည္။ "စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးက က်ံဳ႕ရွီပဲဆိုတာ မင္းသိလား"

"ဘာႀကီး" လင္ယြဲ႔က သူမနားမ်ားကိုမယံုနိုင္လုနီးနီးပင္ ျဖစ္သြားရ၏။ သူမ၏အံ့အားသင့္တုန္လႈပ္သြားသည့္အမူအရာကို ဖံုးကြယ္ျခင္းငွာမစြမ္းနိုင္ဘဲျဖစ္သြားေလသည္။ "ဟြမ္က်ံဳးက စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီလား"

စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီကို လူတိုင္းသိၾကပါသည္။ သူဟာ ဓား၏ျပယုဂ္တစ္ခုပင္။ ဤကဲ့သို႔ေသာအမ်ိဳးသားတစ္ေယာက္က မိန္းမပ်ိဳေလးတစ္ေယာက္၏လက္ကို နူးနူးညံ့ညံ့မ်က္နွာအမူအရာမ်ိဳးနွင့္ မည္သို႔မ်ား  ကိုင္ထားနိုင္သြားရပါသနည္း။

လင္ယြဲ႔ဟာ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီ၏ေဘးတိုက္မ်က္နွာထားကို တစ္ခါျမင္ခဲ့ရဖူးပါသည္။ လြန္ခဲ့သည့္ရာစုနွစ္(၁)ခုခန္႔က အျပစ္မဲ့သည့္အမ်ိဳးသမီးမ်ားကိုသတ္ျဖတ္ေသာ မသူေတာ္တရားက်င့္ႀကံသူတစ္ေယာက္ေနာက္သို႔ သူမလိုက္ခဲ့စဥ္က ျဖစ္ေလသည္။ သူမက မသူေတာ္တရားက်င့္ႀကံသူေနာက္မွ ေတာင္ၾကားခ်ိဳင့္ဝွမ္းဝအထိလိုက္လာခဲ့သည့္အခါ ေကာင္းကင္ေပၚမွ အျဖဴေရာင္ဝတ္စံုဝတ္အမ်ိဳးသားတစ္ဦး ဆင္းသက္လာသည္ကို ျမင္လိုက္ရ၏။ ထြက္ေျပးေနသည့္ မသူေတာ္တရားက်င့္ႀကံသူခမ်ာ ေရွာင္ပင္မေရွာင္လိုက္နုိင္မီ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီမွ သူ႔နွလံုးကို ထိုးေဖာက္ပစ္လိုက္ျခင္းအား ခံလိုက္ရသည္။

ထိုမွ်ေအးစက္စက္နုိင္လွသည့္အမ်ိဳးသားတစ္ေယာက္ကို သူမတစ္ခါမွ်မေတြ႔ခဲ့ဖူးပါ။ သူ႔ၾကည့္ရသည္မွာ ေရခဲမွထြင္းထုထားသည့္လူအတုတစ္ခုနွင့္ တူေလသည္။ လူသားမဆန္ေလာက္ေအာင္ အစြမ္းထက္လြန္းလွ၏။ ေဘးတိုက္ပံုအေနအထားနွင့္ပင္ သူမကိုေအးစက္စက္ခံစားမ်ိဳးေပးစြမ္းရန္ လံုေလာက္ေနေလၿပီ။

ယခင္က စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရီွကို အေဝးမွလွမ္းျမင္ခဲ့ဖူးထားသည့္အတြက္ လင္ယြဲ႔ဟာ ထိုကဲ့သို႔ေသာလူမ်ိဳးနွင့္အတူတြဲေနထိုင္ရန္ လက္မခံနိုင္ဘဲျဖစ္ခဲ့ရေလသည္။ ေရခဲရုပ္တုတစ္ခုကို လူသားတစ္ေယာက္ျဖစ္လာေအာင္ ေျပာင္းလဲပစ္လိုက္နုိင္မည္ဟု သူမစိတ္ကူးၾကည့္လို႔မရခဲ့ပါ။

"ဟုတ္တယ္၊ စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးကိုယ္တိုင္ ဝန္ခံလိုက္တာ။ ဟြမ္က်ံဳးဆိုတာက သူ႔သာမန္ေသမ်ိဳးေလာကသားဘဝတုန္းက နာမည္တစ္ခုပဲ။ သူ႔ရဲ႕က်င့္ႀကံျခင္းေလာကကနာမည္က က်ံဳ႕ရွီတဲ့။" ယြင္ဟြာဂိုဏ္း၏ ဝင္းတံခါးဝတြင္ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီမွ သူနွင့္လင္ယြဲ႔တို႔ဟာ သင့္ေတာ္ျခင္းမရိွေၾကာင္း မည္သို႔ေျပာခဲ့သည္ကို ျပန္ေတြးမိလိုက္သည္အခါ စိတ္စြမ္းအင္အရွင္သခင္က်ိဟယ္ဟာ နည္းနည္းအရွက္ရလို႔သြားမိ၏။ လင္ယြဲ႔၏မ်က္နွာအမူအရာက ထူးျခားေနေၾကာင္းျမင္သျဖင့္ ဤကိစၥေၾကာင့္သူမ၏စိတ္အေျခအေနပ်က္စီးသြားလ်က္ သူမ၏လမ္းစဥ္ကိုသြားထိမွာ စိုးရိမ္မိေလသည္။ သူက အႀကံေပးလိုက္သည္။ "စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီက လူမႈေရးေခါင္းပါးတဲ့သူတစ္ေယာက္ပဲ__ ဒီအေၾကာင္းေတြ သိပ္ေတြးမေနပါနဲ႔ေတာ့"

"ဆရာဦးေလး ကၽြန္မက အျခားတစ္ခုကိုေတြးေနတာပါ" လင္ယြဲ႔က ေခါင္းခါလိုက္သည္။ "ယြင္ဟြာဂိုဏ္းက မိန္းကေလးကုန္းဟံုက အံ့ၾသခ်ီးက်ဴးေလာက္စရာအမ်ိဳးသမီးတစ္ေယာက္ပဲ"

က်ိဟယ္က ေခါင္းညိတ္လိုက္သည္။ "ဟုတ္တယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ စိတ္အာရံုရုပ္လုံးေဖာ္ျခင္းအဆင့္ကိုေရာက္ေနၿပီ__ သူမ၏အနာဂတ္က အကန္႔အသတ္မဲ့ေနၿပီ"

လင္ယြဲ႔က က်ိဟယ္ကိုၾကည့္လိုက္ကာ စကားမဆိုေခ်။

အမွန္စင္စစ္ သူမေတြးေနသည္မွာ ထိုအရာမဟုတ္ေပ။

ဓားတစ္လက္ကို လူတစ္ေယာက္ျဖစ္ေအာင္ေျပာင္းလိုက္နိုင္ျခင္း__ သာမန္လူတစ္ေယာက္ဟာ ထိုကဲ့သို႔လုပ္နိုင္လိမ့္မည္မဟုတ္ေပ။ လက္ထပ္မဂၤလာမဟာမိတ္ဖြဲ႔ျခင္းကား မည္သည္နည္း။ ထိုနွစ္ေယာက္ မည္သည့္အခ်ိန္က် ေပါင္းစည္းသြားၾကလ်က္ လူအမ်ားအံ့အားသင့္တုန္လႈပ္ကာ ပါးစပ္ေဟာင္းေလာင္းနွင့္ျဖစ္သြားေအာင္လုပ္ၾကမည္ကို သူမျမင္လို႔ပါေသးသည္။ ထိုအရာက သူမကိုယ္တိုင္လက္ထပ္မဂၤလာမဟာမိတ္ျပဳျခင္းထက္ပင္ စိတ္ဝင္စားဖို႔ေကာင္းေသး၏။

###

ခ်န္ယိ၏လိႈဏ္ဂူအျပင္ဘက္တြင္ တန္ဖုန္းက ပံုမွန္တင္ပ်ဥ္ေခြအေနအထားမွ ပံုစံေျပာင္းလိုက္ကာ သူ႔လက္တစ္ဘက္ျဖင့္ ေမးေစ့ကိုေထာက္ထားလုိက္သည္။ ေတာင္ပတ္ပတ္လည္တြင္ ရစ္ေခြသိုင္းလို႔ေနသည့္တိမ္မ်ားကိုၾကည့္လ်က္ သူ႔မ်က္နွာေပၚလက္ေခ်ာင္းေလးမ်ားနွင့္တတက္တက္ေခါက္လို႔ေန၏။ ဆရာတူညီမေလးျဖစ္သူ ျပန္ေရာက္မလာေသးဘူးေလာဟု သူေတြးေတာေနမိေလသည္။

"ဆရာတူဒုတိယအစ္ကို" ပန္းေရာင္ဝတ္စံုဝတ္အမ်ိဳးသမီးတစ္ဦး တိမ္မ်ားၾကားမွထြက္လာကာ သူ႔ေရွ႕တည့္တည့္သို႔ ဘုတ္ခနဲျပဳတ္က်လာသည္။ "ညီမေလးျပန္လာၿပီေလ။ ကိုႀကီး ညီမေလးကို မလြမ္းဘူးလား"

ဖုန္မ်ားတေထာင္းေထာင္းထသြားသျဖင့္ တန္ဖုန္းေခ်ာင္းတဟြတ္ဟြတ္ဆိုးလို႔သြားကာ သူ႔နွာေခါင္းေရွ႕လက္တစ္ဘက္ကို ေဝွ႔ယမ္းလိုက္၏။ "ညီမေလးတို႔မ်ား က်င့္ႀကံျခင္းအစြမ္းႀကီးလာေတာ့ ေျခေထာက္ေတြလည္း သန္မာလာလိုက္တာကြာ"

ကုန္းဟံုက တခစ္ခစ္ရယ္လိုက္သည္။ "ညီမေလးက ကိုႀကီးကိုေတြ႔ရေအာင္လို႔ အျမန္လာလိုက္တာကိုး" ထို႔ေနာက္ သူမပၪၥလက္သိုေလွာင္လက္စြပ္ထဲမွ ဓားပ်ံတစ္လက္ကိုထုတ္လိုက္သည္။ "ဒီဓားပ်ံက စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီကိုယ္တိုင္ ပံုသြင္းေပးထားတဲ့ဟာ__ ကိုႀကီးဖို႔"

"ဆရာတူညီမေလးက စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီလိုပုဂၢိဳလ္တစ္ေယာက္နဲ႔ ခင္မင္းရင္းနွီးရေလာက္တဲ့အထိ ႀကီးက်ယ္ေျပာင္ေျမာက္ေနလွခ်ည္လားကြ" တန္ဖုန္းမွာ တစ္ခ်ိန္လံုးေစာင့္ၾကပ္ၾကည့္ရႈေနေနရသည္ျဖစ္ရာ ကုန္းဟံုတစ္ေယာက္ စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးအား ဂိုဏ္းသို႔ျပန္ေခၚလာခဲ့ေၾကာင္း မသိေသးေခ်။ စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးက စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီျဖစ္မွန္းလည္း သူ မသိေသးပါ။

တန္ဖုန္းက ဓားအားလံုးကိုစိတ္ဝင္စားသူျဖစ္သည္။ ကုန္းဟံုတစ္ေယာက္ အႀကီးအကဲခ်ိဳးရႊမ္းဆီမွ ေရနွင္းခါးဓားကိုလက္ခံရရိွခဲ့သည့္အခ်ိန္က တန္ဖုန္းစိတ္ထဲ ႀကီးစြာအားက်နွစ္သက္ေနမိခဲ့သည္။ ဆရာတူညီမေလးက ထိုအရာကိုအမွတ္ရေနေသးလ်က္ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီဆီမွရလာေသာဓားတစ္လက္ကို သူ႔အားေပးလိမ့္မည္ဟု သူေတြးထင္မထားမိခဲ့ပါ။

ဓား၏မ်က္နွာျပင္က ပံုမွန္နွင့္မတူဘဲ ထူးထူးျခားျခားႀကီးခမ္းနားထည္ဝါလို႔ေနကာ အင္းကြက္ေပါင္းမ်ားစြာပါေလသည္။ ဤကား ပထမတန္းစားနတ္အေဆာင္ပစၥည္းပင္။ ဤကဲ့သို႔ေသာဓားမ်ိဳးပံုသြင္းနိုင္မည့္သူမွာ ပညာရွင္တစ္ေယာက္ျဖစ္၏။ သို႔ေပမဲ့လည္း ပံုစံကိုၾကည့္ရသည္မွာ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီလုပ္ထားသည့္ပံုမ်ိဳးနွင့္ မတူေပ။

တန္ဖုန္းက ဓားကိုၾကည့္လ်က္ တံု႔ဆိုင္းဆိုင္းျဖစ္လို႔ေနသည္။ "ဒါက ရွားပါးပစၥည္းတစ္ခုပဲ။ ဒါေပမဲ့ ဆရာတူညီမေလး၊ ညီမေလး ဒါကို တစ္ေယာက္ေယာက္ဆီကေနဝယ္လာခဲ့တာလား။ ဒါမွမဟုတ္ တကယ္ပဲ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီဆီကေနရလာခဲ့တာလား။" တစ္ေယာက္ေယာက္က ဆရာတူညီမေလးကို အေဆာင္ပစၥည္းအေကာင္းစားတစ္ခုနွင့္ လွည့္စားလိုက္ကာ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီလုပ္သည္ဟု ေျပာလိုက္ျခင္းမ်ိဳးျဖစ္္မွာ သူစိုးရိမ္မိေလသည္။ သို႔ေပမဲ့လည္း တကယ္ပံုသြင္းခဲ့သူမွာ မည္သူျဖစ္ေၾကာင္း မည္သူမ်ားသိေပလိမ့္မည္နည္း။

က်င့္ႀကံျခင္းေလာကရိွလူေပါင္းမ်ားစြာဟာ ဤနည္းျဖင့္ပိုက္ဆံရွာေနၾကေလသည္။ ဆရာတူညီမေလးခမ်ာ ထိုအျဖစ္အပ်က္မ်ိဳး၏သားေကာင္ျဖစ္သြားမွာ သူစိုးမိေလ၏။

"ဒါေပါ့၊ သူက ဒါကို ကိုႀကီးအတြက္လုပ္ေပးလိုက္တာေလ" ကုန္းဟံုကေျပာသည္။ "ညီမေလးက ကိုႀကီးဘယ္လိုဓားပံုစံမ်ိဳးကိုသေဘာက်တယ္ဆိုတာ သူ႔ကိုေျပာျပလိုက္တယ္။ သူက ညီမေလးနဲ႔အတူတူ ဓားတစ္ေခ်ာင္း လုပ္ခဲ့တာ။ ၿပီးေတာ့ ဂိုဏ္းကိုျပန္သြားတဲ့အခါက် ကိုႀကီးကို အဲ့ဒီဓားေပးလို႔ရေအာင္ ညီမေလးကိုေပးလိုက္တယ္ေလ။"

"မင္းဆိုလိုတာ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီက ဒါကို ကိုႀကီးအတြက္ သက္သက္လုပ္ေပးထားတာေပါ့ေလ" တန္ဖုန္းက ဓားကိုအတန္ၾကာေအာင္ အကဲခတ္ၾကည့္လိုက္ၿပီးမွ ဝမ္းသာအားရျဖစ္ေနသည့္အျဖစ္ကေန ရုန္းထြက္လာေတာ့သည္။ "ဆရာတူညီမေလး၊ ညီမေလးခရီးသြားတဲ့အခ်ိန္မွာ ျပဳစားတတ္ေအာင္ပါသင္လိုက္ေသးတာလား။ အဲ့ဒီလိုမွမဟုတ္ရင္ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီလို ဓားသမားက်င့္ႀကံသူတစ္ေယာက္က ကိုႀကီးအတြက္ ဒီလိုမ်ိဳးအေသးစိတ္လက္ဝင္တဲ့ဓားတစ္လက္လုပ္ေပးဖို႔ စိတ္ရွည္လက္ရွည္ရိွလာနိုင္မွာလဲ"

"ကိုႀကီးေျပာတာႀကီးက ဘာသေဘာလဲ" ကုန္းဟံုက ဟင့္ခနဲနွာမႈတ္ပစ္လိုက္ကာ "က်ံဳ႕ရွီက ဘယ္လိုမ်ိဳးဓားသမားက်င့္ႀကံသူမို႔လို႔လဲ။ သူက ရုပ္ေခ်ာတယ္။ စိတ္သေဘာထားေကာင္းတယ္__ သူ႔မွာ မေကာင္းတာဘာရိွလို႔လဲ"

"ေက်းဇူးၿပဳၿပီး စိတ္မဆိုးလိုက္ပါနဲ႔ဗ်ာ၊ စိတ္မဆိုးလိုက္ပါနဲ႔။ ကိုႀကီးက ဒါကို အမွန္တရားလို႔ မယံုၾကည္ရဲယံုပါပဲခင္ဗ်ာ" တန္ဖုန္းက သူ႔ပၪၥလက္သိုေလွာင္လက္စြပ္ထဲမွ ပၪၥလက္သိုေလွာင္အိတ္တစ္လံုးကို အျမန္ေလးထုတ္လိုက္သည္။ "ဒါေတြက ကိုႀကီး ဒီေနာက္ပိုင္းလေတြထဲ အစားအေသာက္နဲ႔အျခားအရာေတြအေပၚ ေခၽြတာၿပီးစုထားတဲ့ပိုက္ဆံေလးေတြနဲ႔ ညီမေလးအတြက္ ဝယ္ေပးထားရတဲ့ ေနာက္ဆံုးေပၚဂါဝန္ေတြပါေနာ္။ ၿပီးေတာ့ ဘီးေတြနဲ႔ဆံထိုးေတြလည္းပါေသးတယ္။ အာဃာတေတြထားမေနပါနဲ႔ေတာ့ကြာ။"

"ဟြန္း" ကုန္းဟံုက ပၪၥလက္သိုေလွာင္အိတ္ယူလိုက္ကာ ေမးေလးေငါ့လ်က္ "ဆရာတူအစ္ကိုအႀကီးဆံုး ထြက္လာတဲ့အခါက်ရင္ ကိုႀကီး(တန္ဖုန္း)ေတာ့ ပိုၿပီးေတာင္အံ့အားသင့္တုန္လႈပ္ရဦးမယ္္"

ထို႔ေနာက္ သူမက ပၪၥလက္သိုေလွာင္အိတ္နွင့္အတူ တိမ္မ်ားဆီပ်ံသန္းထြက္သြားေတာ့၏။

ဆရာတူညီမေလး၏ေက်ာျပင္ကိုၾကည့္လ်က္ သူ႔လက္ထဲမွဓားကိုကိုင္ၾကည့္ကာ အသာေလးရယ္ေမာလိုက္ေတာ့သည္။ ဆရာတူညီမေလးဟာ နွစ္ဝက္အေဝးသို႔ထြက္သြားခဲ့ေသာ္လည္း ယခင္အတိုင္းပင္ရိွေနတုန္းျဖစ္၏။

ေကာင္းလိုက္တဲ့ျဖစ္ျခင္း။

###

ဒုတိယေျမာက္ေန႔ ေနထြက္မလာမီ ခ်ီးယြဲ႔ေတာင္မွ ေက်ာက္တံခါးတစ္ခုက မသဲမကြဲအသံထြက္ေပၚလ်က္ တျဖည္းျဖည္းခ်င္းပြင့္လို႔သြားေလသည္။ သန္႔ရွင္းသည့္အဝတ္အစားမ်ားနွင့္ ခ်န္ယိတစ္ေယာက္ လိႈဏ္ဂူအတြင္းမွ ျဖည္းျဖည္းခ်င္းထြက္လာ၏။ သူက အေရွ႕အရပ္မွ ျမင့္တက္လာေနသည့္ေနမင္းကိုၾကည့္လ်က္ ေလျပင္းျပင္းမႈတ္ထုတ္လိုက္သည္။

သူ႔က်င့္ႀကံျခင္းအစြမ္း စိတ္အာရံုရုပ္လံုးေဖာ္ျခင္းအဆင့္သို႔ ေရာက္ရိွသြားသည့္ေနာက္တြင္ ေလာကႀကီးကိုၾကည့္လိုက္သည့္အခါ သူ႔တြင္မတူညီသည့္သေဘာေပါက္နားလည္မႈတစ္မ်ိဳး ျဖစ္လို႔ေနသည္။ ထို႔ေနာက္ သူ႔ဆရာ၊ ဆရာတူညီေလးနွင့္ ဆရာတူညီမေလးကုန္းဟံုတို႔ သူ႔ဆီလာေနေၾကာင္း ျမင္ေတြ႔လိုက္ရသည္။ ခ်န္ယိမ်က္နွာေပၚတြင္ အၿပံဳးတစ္ခုျဖစ္ေပၚလို႔ေန၏။

ေလာကႀကီးနွင့္ပတ္သက္၍ သူမည္သို႔သေဘာေပါက္မိသြားသြား အေရးမဟုတ္ပါ။ ဤလူသံုးေယာက္ကေတာ့ သူ႔အား မေျပာင္းလဲသည့္မ်က္လံုးမ်ားျဖင့္ ၾကည့္လို႔ေနၾကဆဲပင္။

ခ်န္ယိတံခါးပိတ္က်င့္ႀကံျခင္းမွထြက္လာခဲ့ၿပီးေနာက္တစ္ေန႔တြင္ အနီေရာင္ေနမင္းမွ ေတာင္ေပၚရိွအျမင့္ဆံုးေသာသစ္ပင္အား အလင္းေပးလိုက္သည့္အခ်ိန္၌ အိုးစည္ဗံုေမာင္းသံမ်ား တၿခိမ့္ၿခိမ့္တသဲသဲထြက္ေပၚလာေတာ့သည္။

ယြင္ဟြာဂိုဏ္း၌ ဂုိဏ္းသားမ်ားအားေအာင္ပြဲက်င္းပေပးရာတြင္ ဗံုမ်ားကိုအသံုးျပဳလ်က္ ဂိုဏ္းသားမ်ားအားလိုက္ပါပို႔ေဆာင္သည့္အခါတြင္မူ ေခါင္းေလာင္းမ်ားကိုသံုးေလ၏။ ပထမဆံုးဗံုသံထြက္ေပၚလာခ်ိန္တြင္ ယြင္ဟြာဂိုဏ္းမွဂိုဏ္းသားမ်ားဟာ သူတို႔ျပဳမူေဆာင္ရြက္ေနသည္မ်ားကို ရပ္လ်က္ ပင္မခန္းမေဆာင္အေနာက္ဘက္ရိွ လီယန္ခန္းမေဆာင္ရိွရာဘက္သို႔ တေလးတစားဦးညႊတ္အရိုအေသေပးၾကသည္။

"ဆရာဦးေလး၊ ဒီေန႔က ဂိုဏ္းတူအစ္ကိုခ်န္ယိရဲ႕ စိတ္အာရံုရုပ္လံုးေဖာ္ျခင္းေအာင္ပြဲခံအခမ္းအနားေန႔ပဲဟာကို__ ကၽြန္ေတာ္တို႔က ဘာလို႔လီယန္ခန္းမေဆာင္ဘက္ ဦးညႊတ္အရိုအေသေပးရတာလဲ" ဂိုဏ္းသားအသစ္မ်ားက သူတို႔အားသင္ၾကားျပသေပးသည့္အႀကီးအကဲ လုပ္သည့္အတိုင္းလိုက္၍ ဦးညႊတ္အရိုအေသေပးခဲ့ၾကေလသည္။ ဗံုသံ (၁၂)ခ်က္ျမည္းဟီးၿပီးသြားသည့္ေနာက္တြင္ ဂိုဏ္းသားတစ္ေယာက္ဟာ ေနာက္ဆံုးေတာ့ စကားထုတ္ေျပာဝံ့လာေလၿပီ။

"ငါတို႔မွာ ဒီေန႔လိုေန႔မ်ိဳးရိွလာခဲ့ရတာ ငါတို႔ရဲ႕ေရွ႕ကလူေတြက ငါတို႔အတြက္ႀကီးက်ယ္ေျပာင္ေျမာက္တဲ့လမ္းႀကီးတစ္ခု ေဖာက္ေပးထားခဲ့လို႔ေပါ့" တိုက္ခိုက္ေရးခန္းမ၏ႀကီးၾကပ္ေရးမွဴးက ေျပာလိုက္သည္။ "လီယန္ခန္းမထဲမွာ ဂိုဏ္းထဲကကြယ္လြန္သြားၿပီျဖစ္တဲ့ အႀကီးအကဲအားလံုးရဲ႕ကမၸည္းတိုင္ေတြရိွတယ္။ ၿပီးေတာ့ ေကာင္းကင္ဘံုကိုၾကြလွမ္းသြားၾကၿပီျဖစ္တဲ့ အႀကီးအကဲေတြအားလံုးရဲ႕ဟာေရာပဲ။ အဲ့ဒီေက်းဇူးတရားကိုသိနားလည္တဲ့သူေတြဟာ ပိုၿပီးေဝးေဝးသြားရလိမ့္မယ္။ အခုဆိုရင္ မင္းတို႔က ယြင္ဟြာဂိုဏ္းကဂိုဏ္းသားေတြျဖစ္ေနၾကၿပီဆိုေတာ့ ဒါကိုေမ့ပစ္လို႔မရေတာ့ဘူး"

"ဟုတ္ကဲ့" ဂိုဏ္းသားအခ်ိဳ႕က သေဘာေပါက္နားလည္သြားသျဖင့္ လီယန္ခန္းမဘက္သို႔ ေနာက္ထပ္တစ္ဖန္ ဦးညႊတ္အရိုအေသေပးၾကသည္။ အခ်ိဳ႕ကမူ လက္မခံေသာ္လည္း မေလးမစားဟန္ေတာ့ မျပၾကေခ်။

ႀကီးၾကပ္ေရးမွဴးက ဤအျဖစ္အပ်က္အားလံုးကိုျမင္ေသာ္လည္း အေလးအနက္ထားေျပာမေနေတာ့ေခ်။

အခ်ိဳ႕ကိစၥမ်ားဟာ ဆႏၵအေလ်ာက္လုပ္ကိုင္မွသာ ျဖစ္ေျမာက္ၾကေလသည္။ ဖိအားေပးလို႔ အသံုးမဝင္ပါ။ အနာဂတ္၏ ေကာင္းျခင္း၊ ဆိုျခင္းမ်ားမွာ ဤဂိုဏ္းသားမ်ားအေပၚမူတည္လို႔ေန၏။

အဆင့္ျမင့္ဂိုဏ္းမ်ားအားလံုးတက္ေရာက္ၾကသျဖင့္ ခ်န္ယိ၏စိတ္အာရံုရုပ္လံုးေဖာ္ျခင္းေအာင္ပြဲခံအခမ္းအနားမွာ ထင္ထားသည္ထက္ပင္ အမ်ားႀကီးပို၍ေရပန္းစားလို႔ေနေသးသည္။ ခ်န္ယိကိုယ္တိုင္ပင္ သူ႔အား က်င့္ႀကံျခင္းေလာကမွ အႀကီးအကဲေပါင္းေျမာက္ျမားစြာ ဂုဏ္ျပဳစကားလာေျပာၾကလိမ့္မည္ဟု ထင္မွတ္မထားမိခဲ့ေခ်။

လွ်ိဳကြမ္းဂိုဏ္းမွ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီလာေၾကာင္း သူၾကားသြားသည့္အခါ ေဘးဘီဝဲယာသို႔ မၾကည့္ဘဲမေနနိုင္ျဖစ္လို႔ေန၏။

ကုန္းဟံုက တပည့္မ်ားအၾကားရပ္လ်က္ ဆရာတူအစ္ကိုအႀကီးဆံုး၏ ေတာက္ေတာက္ပပဝတ္စံုကို ၾကည့္လို႔ေနသည္။ သူမအၿပံဳးမွာ ဖံုးဖိထားလို႔မရေလာက္ေအာင္ပင္ျဖစ္ေန၏။ လင္ေဟြ႔က သူမေဘးတြင္ရပ္လ်က္ သူမလက္ေမာင္းကိုတိုက္လိုက္ကာ "ဂိုဏ္းတူညီမေလးကုန္းဟံု၊ မင္း လွ်ိဳကြမ္းဂိုဏ္းက စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီကို နွပ္ခ်ၿပီး ေတာင္ဆီအပါျပန္ေခၚလာခဲ့တယ္ဆို"

ကုန္းဟံု "...."

'နွပ္ခ်'ဆိုသည့္စကားလံုးႀကီးက သင့္ေတာ္ပါရဲ႕ေလာ။

လြန္ခဲ့ေသာညမွစားေသာက္ပြဲမွာ ဂိုဏ္းခ်ဳပ္က ဂုဏ္သေရရိွဧည့္သည္ေတာ္မ်ားကို ဆီးႀကိဳဧည့္ဝတ္ျပဳသည့္အေနျဖင့္ က်င္းပခဲ့ျခင္းျဖစ္ေလသည္။ ဧည့္သည္ေတာ္မ်ားက မ်ားလြန္းေနသည္ျဖစ္ရာ သူတို႔ဂိုဏ္းမွဂိုဏ္းသားမ်ားကိုယ္တိုင္အတြက္မူ ထိုင္ခံုေနရာမရိွခဲ့ေပ။ ထို႔အတြက္ေၾကာင့္ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီက အမွန္ပင္ အရပ္(၉)ေပရိွ၊ မရိွ သူတို႔ မ်က္္ျမင္မေတြ႔လိုက္ၾကရေသးေခ်။ သူမ၏အၾကည့္က ေဘးဘီဝဲယာလွည့္ပတ္လို႔သြားသည္။ ထူးထူးျခားျခားႀကီးအရပ္ရွည္လွသည့္ အမ်ိဳးသားက်င့္ႀကံသူတစ္ေယာက္တစ္ေလမွ် သူမမေတြ႔မိပါ။

"လွ်ိဳကြမ္းဂိုဏ္းက ေရာက္လာပါၿပီ"

တံခါးအျပင္ဘက္ရိွဂိုဏ္းသားဆီမွ ေအာ္လိုက္ေသာအသံကိုၾကားေသာ္ လင္ေဟြ႔က အလ်င္အျမန္ေျခဖ်ားေထာက္လ်က္ ၾကည့္ၾကည့္ေလေတာ့သည္။

အို၊ ငါေတာ့အရပ္ကိုးေပရွည္တဲ့အမ်ိဳးသားကိုမေတြ႔မိပါဘူးေတာ္။ ဒါေပမဲ့ ေျခာက္ျပစ္ကင္းသဲလဲစင္ေအာင္ ေခ်ာလြန္း၊ ေၾကာ့ရွင္းလြန္းတဲ့တစ္ေယာက္ေတာ့ေတြ႔သားေတာ့။

သူမက အကႌ်လက္ထဲတြင္ဖြတ္ထားသည့္သူမလက္ျဖင့္ ကုန္းဟံုကိုဆြဲလိုက္ကာ စိတ္ခ်င္းဆက္သြယ္စကားေျပာလိုက္သည္။

[ဂိုဏ္းတူညီမေလးေရ၊ ကိုလူေခ်ာတစ္ေယာက္ေဟ့]

ကိုလူေခ်ာကက ေဘးဘီဝဲယာသို႔လွည့္ၾကည့္လိုက္ၿပီးေနာက္ သူတို႔ရိွရာသို႔ၾကည့္လာေလသည္။ ထို႔ေနာက္ သူက တျဖည္းျဖည္းခ်င္း၊ တျဖည္းျဖည္းခ်င္း အၿပံဳးလွလွေလးတစ္ပြင့္ၿပံဳးျပလာသည္။

[ကိုလူေခ်ာတစ္ေယာက္ ၿပံဳးျပတဲ့အခါ ေသလုနီးပါးပဲဟ။ ဂိုဏ္းတူညီမေလးေရ၊ ၾကည့္ထားခ်ည္၊ မင္းအေနနဲ႔ ရုပ္ေခ်ာတဲ့အမ်ိဳးသားေတြကို မင္းၾကည့္နိုင္သေလာက္အခ်ိန္ထိ ၾကည့္ထားရမယ္]

ကုန္းဟံုက လင္ေဟြ႔ကိုလွည့္ၾကည့္လိုက္သည္။ ထိုအခိုက္တြင္ ဂိုဏ္းတူအစ္မလင္ေဟြ႔၏ပံုစံမွာ ဣေျႏၵရရနွင့္ေၾကာ့ရွင္းလို႔ေနသည္။ သူမ၏အတြင္းဘက္တြင္ျဖစ္ေပၚေနေသာ စိတ္လႈပ္ရွားမႈတစ္ခုကိုမွ မျမင္္ေတြ႕ရေခ်။

[ဂိုဏ္းတူအစ္မ၊ သူက စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီပါ]

လင္ေဟြ႔က ကုန္းဟံုကိုစိန္းစိန္းဝါးဝါးႀကီးစိုုက္ၾကည့္လာသည္။

ကုန္းဟံုက နႈတ္ဆိတ္စြာပင္ သူမအားေခါင္းညိတ္ျပလ်က္ သူမ မလိမ္ေၾကာင္းအတည္ျပဳေပးလိုက္သည္။

လင္ေဟြ႕ "..."

ထိုသို႔ဆိုလွ်င္ စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီတြင္ က်င့္ႀကံျခင္းအစြမ္းသာရိွလ်က္ ေၾကာက္မက္ဖြယ္ရုပ္ဆင္းသြင္ျပင္ရိွေၾကာင္း မည္သူကလိမ္ညာစကားဆိုခဲ့ပါသနည္း။ ထိုကဲ့သို႔ေသာအရာမ်ိဳးေျပာခဲ့သူမွာ ေသခ်ာေပါက္အမ်ိဳးသားတစ္ေယာက္ျဖစ္ေပလိမ့္မည္။ အေၾကာင္းမူ အျခားအမ်ိဳးသားမ်ားသာလွ်င္ အမ်ိဳးသားတစ္ဦး၏ရုပ္ဆင္းသြင္ျပင္အေပၚ မနာလိုဝန္တိုျခင္းျဖစ္ေပလိမ့္မည္။

ကၽြတ္၊ မနာလိုမေစၦရစိတ္က လူေတြကို အက်ည္းတန္ေစလိုက္တာ။

ဟြမ္က်ံဳးက စူးစမ္းအကဲခတ္ေနၾကသည့္အၾကည့္မ်ားကို ျဖတ္ေက်ာ္လ်က္ ကုန္းဟံုနွင့္လင္ေဟြ႔တို႔ရိွရာသို႔ ေလွ်ာက္လွမ္းလာေလသည္။ လင္ေဟြ႔က အေနာက္ဘက္သို႔ေျခ(၂)လွမ္းဆုတ္လိုက္မိ၏။ ေခ်ာေမာခံ့ညားေသာအမ်ိဳးသားမ်ားအား အေဝးမွအကဲခတ္ျခင္းက ပိုေကာင္းေလသည္။ အနားကပ္ေနလွ်င္ ဖိအားမ်ားကို သူမခံစားမိေနဦးမည္။

"ကုန္းဟံု" ဟြမ္က်ံဳးက ကုန္းဟံုေဘးတြင္ ဝင္ရပ္လိုက္ကာ သူမကိုၿပံဳးျပေလ၏။

စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီ၏ ဤေနရာတြင္ေက်ာက္ခ်ေနေတာ့မည့္ဟန္ကိုၾကည့္ေနၾကေသာ ေဘးပတ္ပတ္လည္ရိွယြင္ဟြာဂိုဏ္းမွတပည့္သားမ်ား "..."

"စိတ္စြမ္းအင္အရွင္သခင္က်ံဳ႕ရွီ" လင္ေဟြ႔က မသိမသာေလးသတိလွမ္းေပးလိုက္သည္။ "ဧည့္သည္ေတာ္ေတြရဲ႕ခံုေနရာက ေဟာဟိုမွာပါရွင့္"

အႀကီးအကဲရွင့္၊ ရွင္ေတာ့ျဖင့္ ေနရာမွားေနပါၿပီေနာ္။
•••••••••••

တကယ္ေတာ့ ဒီဝတၳဳထဲ 'လင္'နာမည္ပါတဲ့ (4)ေယာက္လံုးက ဟြမ္က်ံဳးရဲ႕ အေထာင္းကိုခံခ်င္ေနၾကတာေနမယ္။ လင္ဟူ၊ လင္ေပါ၊ လင္ယြဲ႕၊ လင္ေဟြ႕။ 😅😅😆

(12.10.2020, 19:00 - 21:00)က် အားလံုးအတူတူ ျပန္ဆံုၾကမယ္ေနာ္။ 😁😁😉😁😁😍
•••••••••••
•••••••••••

Published @ wattpad date - 10.10.2020

Continua llegint

You'll Also Like

290K 10.5K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
872K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
99.3K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)