4K 844 95
[Unicode]
"ဟွမ်ကျုံး၊ ရှင် ဘယ်နှယ့်ကြောင့် ဒီနေရာကိုရောက်လာရတာလဲ" ကုန်းဟုံက ဟွမ်ကျုံးကိုမြင်လိုက်ရသဖြင့် နည်းနည်းအံ့အားသင့်လို့သွားသည်။
"လောလောလတ်လတ်ကလေးကမှ ဆံထိုးတစ်ခုလုပ်ပြီးသွားတာ။ ပြီးတော့ မင်းဒီနေရာကိုလာတာတွေ့လိုက်လို့၊ ဒါနဲ့ ငါလာခဲ့လိုက်တာ" ဟွမ်ကျုံးက ဆံထိုးထည့်ထားသည့်ဘူးကို ကုန်းဟုံအားပေးလိုက်သည်။ ကုန်းဟုံက ဘူးကိုယူလိုက်၏။ ဘူးထဲရှိ အလွန်လှပသိမ်မွေ့သောဆံထိုးကို မြင်လိုက်ရသည့်အခါ ပြုံးလိုစိတ်ကိုချုပ်တည်းထားခြင်းငှာ မစွမ်းတော့လုနီးနီးဖြစ်သွားရတော့သည်။
ဆံထိုးပုံသွင်းပေးခြင်းဆိုသည့်အရာကို စိတ်စွမ်းအင်အရှင်သခင်ကျုံ့ရှီနှင့် ဆက်စပ်ကြည့်ရန် လူအများအတွက်ခက်ခဲလှပေသည်။ ထိုမျှနူးညံ့သိမ်မွေ့လျက် ကောင်းမွန်သည့်အခြမ်းဟာ သူမတစ်ဦးတည်းသိသည့်အခြမ်းဖြစ်နေလေ၏။ ထိုအရာက ကုန်းဟုံအား သူမဟာ ဟွမ်ကျုံးအတွက် ထူးခြားသည်ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်စေ၏။
"မင်းသဘောကျလား" ဟွမ်ကျုံးက သူမ ဘူးအားတွေတွေကြီးကြည့်နေကြောင်းမြင်သွားသည်။ သူ့နောက်ကျောရှိ လက်ချောင်းများ လိမ်လို့သွားကုန်ကြသည်။ "ငါအရင်တုန်းက အမျိုးသမီးတွေအတွက် ဆံထိုးမလုပ်ဖူးဘူး။ မင်းသဘောမကျလို့ရှိရင် ငါ... ငါမင်းအတွက် အသစ်တစ်ခုလုပ်ပေးမယ်လေ"
"အရမ်းလှတဲ့ဟာကြီးကို၊ ကျွန်မသဘောကျတာပေါ့လို့" ကုန်းဟုံက ဘူးကိုပိတ်လိုက်သည်။ သူမမျက်လုံးကြွက်သားများဟာ အပြုံးကြောင့် တွန့်ကွေးလို့နေ၏။ "ရှင်ပထမဆုံးလုပ်တဲ့ဟာကိုတောင် အရမ်းလှနေတယ်။ ဟွမ်ကျုံး၊ ရှင်ကတော့ အောချလောက်စရာပဲ"
"မင်းသဘောကျရင်ပြီးတာပါပဲ" သူ့လက်ချောင်းများ အနည်းငယ်ပြေလျော့လို့သွားကြသည်။ ဟွမ်ကျုံးက သစ်ပင်အောက်တွင်ရပ်နေသည့် ကွေးလင်အား ငုံ့ကြည့်လိုက်ကာ "ဓားဆိုတာ လူတစ်ယောက်ရဲ့နှလုံးသားထဲမှာပဲရှိတယ်။ မင်းရဲ့နှလုံးသားကသာ စစ်မှန်ခဲ့မယ်ဆိုရင်၊ မင်းမှာ လမ်းစဉ်ရှိမှာပဲ။ နောက်ကျနေပြီ။ ဒီဂိုဏ်းဆွေညီလေးအနေနဲ့ စောစောလေး သွားအနားယူသင့်တယ်။"
[[Completed]]ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ ADNDWhere stories live. Discover now