အခန်း (၁၀၅) အတူတူနေပေးပါ အခန္း (၁၀၅) အတူတူေနေပးပါ

4.1K 876 159
                                    

[Unicode]

ဟွမ်ကျုံးက လင်ဟွေ့၏သတိပေးစကားကိုကြားသော် ကုန်းဟုံအားလှည့်ကြည့်လိုက်၏။ သူ့မျက်လုံးများဟာ နားလည်ရခက်သည့်မြူခိုးများနှင့် လှလှပပကြီးသိုင်းခြုံဝန်းရံလို့နေသည်။

"ဂိုဏ်းတူအစ်မလင်ဟွေ့ဟွမ်ကျုံးက ညီမလေးရဲ့မိတ်ဆွေကောင်းပဲဟာ။ ကျွန်မတို့တတွေက အဲ့ဒီလိုမျိုးလောကဝတ်တွေကိုအလေးမထားကြပါဘူး" ကုန်းဟုံက ဟွမ်ကျုံးအား ထောင့်တစ်ခုသို့ဆွဲခေါ်သွားလျက် တီးတိုးပြောလိုက်သည်။ "ရှင်က ဆရာဦးလေးစုန်းဟယ်တို့၊ အခြားသူတွေနဲ့ ဘယ်လိုလုပ်အတူမသွားရတာလဲ"

"ဆရာဦးလေးနဲ့သူတို့က အခြားဂိုဏ်းတွေနဲ့ပြောဆိုဆက်ဆံရမှာမို့လို့လေ" ဟွမ်ကျုံးက ကုန်းဟုံကိုပြောလာသည်။ "ငါက အခြားသူတွေနဲ့စကားပြောရတာကို သဘောမကျမှန်း မင်းသိနေတာပဲဟာ"

'မင်းသိနေတာပဲဟာ'ဆိုသည့်စကားလုံးက သူတို့ကြားရှိ ရင်းနှီးမှုနှင့်ယုံကြည်မှုအားလုံးကို ပြလိုက်ခြင်းပင်။ ကုန်းဟုံဟာ သူ့အားဝေဖန်အပြစ်မတင်ရက်တော့ပေ။ သူတို့နှစ်ယောက်သားဟာ လှမ်းကြည့်လို့ကောင်းသည့်ရှုထောင့်မျိုးရှိသော နေရာတစ်နေရာကိုရှာကာ ချန်ယိ၏အောင်ပွဲခံအခမ်းအနားတစ်ခုလုံး ပြီးဆုံးသွားသည်အထိ ကြည့်ကြလေသည်။

ချန်ယိက ဧည့်သည်တော်များကို ကျေးဇူးတင်စကားပြောသည့်အခါ ဟွမ်ကျုံးအားနည်းနည်းပိုပြောလေသည်။ ဟွမ်ကျုံးက သူ့ကိုယ်သူမည်သူမည်ဝါဖြစ်ကြောင်း ဖုံးထားသည့်အကြောင်းကိုမူ ထည့်မပြောလိုက်ပေ။

အောင်ပွဲခံအခမ်းအနားပြီးသွားသည့်အခါ ကြွယ်ဝ၊ ကြော့ရှင်းသော စားသောက်ပွဲကြီးတစ်ခု တည်ခင်းလာသည်။ အခြားသောအရာများတွင် ယွင်ဟွာဂိုဏ်းဟာ အခြားဂိုဏ်းများနှင့် မယှဉ်ပြိုင်နိုင်ချေ။ သို့သော် စားသောက်ပွဲတွင်မူ အခြားသော(၉)ဂိုဏ်းလုံး ယွင်ဟွာဂိုဏ်းကို နိုင်နိုင်မည်မဟုတ်ပေ။

ကုန်းဟုံက ဟွမ်ကျုံးတန်ဖုန်းဝုချွမ်းလင်ဟွေ့နှင့် အခြားသောတပည့်များကိုခေါ်လျက် အတူတူတစ်ဝိုင်းထိုင်စေသည်။ ယွင်ဟွာဂိုဏ်း၏အကြီးမားဆုံးသောစရိုက်လက္ခဏာမှာ ပွဲကြည့်ခြင်းပင်။ သူတို့၏ အသစ်အသစ်သောအရာများအားလက်သင့်ခံနိုင်စွမ်းကား မြင့်မားလှပေသည်။ ထို့ကြောင့် အတန်ငယ်မျှကြာပြီးသော် သူတို့ဟာ ဟွမ်ကျုံးနှင့်ပုံမှန်အတိုင်း မျက်နှာချင်းဆိုင်နိုင်သွားကြလေ၏။

[[Completed]]ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ ADNDWhere stories live. Discover now