25.9K 1.8K 82
[Unicode]
မင်းကြီးကျင်ဟုန် နန်းသက်(၃)နှစ်မြောက်၊ ဆောင်းတွင်းအချိန်အခါကာလ။ ။
မင်းနေပြည်တော် မြို့တော်တခွင်လုံး၌ ငွေနှင်းမှုန်များ တဖွဲဖွဲကျဆင်းလို့နေကြသည်။ လူတို့၏ လောဘများနှင့်ပြည့်နေသည့် ဤမြေ၌ ဖွေးဖွေးလှုပ်နေအောင် ဖြန့်ခင်းထားသော ငွေနှင်းများသာ သန့်စင်ခြင်းဟူသည့်အရိပ်အရောင်လေး သန်းလို့နေတော့သည်။
လမ်းများပေါ်ရှိ ဗျပ်ထိုးဈေးသည်များမှာ ၎င်းတို့၏ထူထူထဲထဲအဝတ်အစားများအောက် ခန္ဓာကိုယ်များကို ကျုံ့ကာကျုံ့ကာဖြင့် အအေးဒဏ်မှ အံတုလို့နေကြသည်။ သို့သော်လည်း အဆုတ်များကွဲထွက်လုမတတ် အော်ဟစ်ရောင်းချရန်ကိုမူ မမေ့ကြချေ။ ထိုအချိန် ဟိုးအဝေးတစ်နေရာဆီမှ ဗုံသံများ ထွက်ပေါ်လို့လာလေသည်။ လမ်းသွားလမ်းလာများနှင့်ထိုဈေးသည်များ လမ်းဘေးဝဲယာသို့ ဖယ်သွားကြကုန်၏။ မကြာမီ ထိုလမ်းပေါ်သို့ ရထားလုံးများ ရောက်ရှိလာသည်။ ၎င်းတို့ဘေးတွင် ငွေရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသည့် စစ်သည်များ စောင့်ကြပ်လိုက်ပါလာကြ၏။ ထိုရထားလုံးများအား ထည်ဝါခန့်ညားသည့် ကျောက်မျက်ရတနာများနှင့် စီခြယ်ထားသည်။ ကြေးခေါင်းလောင်းသံလေးများကလည်း ညံ့လို့နေပြန်၏။ မြို့တော်နေ တိုင်းသူပြည်သားများအားလုံးဟာ နန်းတော်အတွင်းမှ တော်ဝင်သမီးတော်လေးများ တိုင်းခမ်းလှည့်လည်လာကြကြောင်း တမဟုတ်ချင်း သဘောပေါက်သွားကြတော့သည်။ ထိုအခါ ဗုံများတီးခတ်လျက် လမ်းရှင်းခိုင်းခြင်းအား မည်သူမှ အထူးအဆန်းအဖြစ် မမှတ်ယူကြတော့ချေ။
မြင်းခွာပေါက်ရာလမ်းဘေးတစ်ဖက်တစ်ချက်သို့ ညိုညစ်ညစ်နှင်းများစင်ကုန်ကြသည်။ တော်ဝင်ရထားလုံးများကား လူအများကြား ဟိတ်ကြီးဟန်ကြီးတစ်ခွဲသားနှင့် အေးအေးလူလူပင် ခပ်ဖြည်းဖြည်းမောင်းနှင်လို့သွားကြလေသည်။
လှည်းတန်းအဆုံးရှိ ရင်းတိုက်သားနဲ့လုပ်ထားသော ရထားလုံးပေါ်တွင်မူ ဇာမဏီတံဆိပ်သာ ခပ်နှိပ်ထား၏။ ၎င်းမှာ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ရှိသော ရထားလုံးတစ်စီးဖြစ်သော်လည်း ၎င်းအဖော်များကဲ့သို့ ခမ်းနားထည်ဝါလှချည့်ရဲ့တော့ မဟုတ်ပေ။ ထိုရထားလုံးကား အချိန်ကာလတိုက်စားမှုနဲ့အတူ ဟောင်းနွမ်းယိုယွင်းလို့နေလေပြီ။
[[Completed]]ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ ADNDTahanan ng mga kuwento. Tumuklas ngayon