ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 5

12K 1.8K 13
By Kay_Wine

MWFV Ch 5

Returning Slap

Zawgyi Version

သူမေက်ာင္းကိုေရာက္ေရာက္ခ်င္းပဲ စုေပတစ္ေယာက္ ေက်ာင္းအုပ္ႀကီး႐ုံးခန္းဆီ အေခၚခံလိုက္ရတယ္။ တစ္ခ်ိန္တည္းမွာပဲ က်ိဳးဟုန္မိန္နဲ႔သူမအဖြဲ႕ေတြကလည္း အဲဒီေန႔ျဖစ္ရပ္က မ်က္ျမင္သက္ေသ ေက်ာင္းသားေတြရဲ႕ ‘အစီရင္ခံစာ’ ဆိုတာႀကီးေၾကာင့္ စုေဝးေရာက္ရွိလာၾကေလတယ္။

“ေက်ာင္းဆိုတာက ကိုယ့္ကိုယ္ကိုယ္ထိန္းေက်ာင္းႏိုင္ဖို႔ ေလ့လာသင္ယူရတဲ့ေနရာတစ္ခုပဲ...ရန္ျဖစ္ၿပီး ျပႆနာရွာရမယ့္ေနရာမဟုတ္ဘူး!” သူတို႔႐ုံးခန္းကိုေရာက္ေရာက္ခ်င္းပဲ ေက်ာင္းအုပ္ႀကီးရဲ႕ တင္းမာခက္ထန္တဲ့ေလသံက ဆီးႀကိဳလို႔ေနတယ္။

“မင္းတို႔တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထားကြဲလြဲတာေတြရွိေနရင္ မင္းတို႔မိဘေတြနဲ႔ဆရာ၊ဆရာမေတြကို ေျပာျပၾကေလ...ဘာျဖစ္လို႔ မွားယြင္းတဲ့နည္းလမ္းေတြသုံးၿပီး ကိုယ့္ဘာကိုေျဖရွင္းေနၾကတာလဲ?”

“ၿပီးေတာ့ အြန္လိုင္းေပၚေတာင္တင္လိုက္ေသးတယ္! ဒီကိစၥက ငါတို႔ေက်ာင္းကိုဘယ္ေလာက္ဆိုးဆိုး႐ြား႐ြား ထိခိုက္သြားေစလဲသိရဲ႕လား?!”

ဖိုရမ္က post နဲ႔ ဗီဒီယိုက သူတို႔ေက်ာင္းဖိုရမ္သာမက အျခားေက်ာင္းေတြထိပါ ပ်ံ႕ႏွံံ့သြားေလတယ္။ အကယ္၍သာ ေက်ာင္းသားေရးရာဌာနမွ အလ်င္အျမန္ညႇိဳႏႈိင္းျခင္း၊ ဖိုရမ္ေပၚက မူရင္း post ကိုဖ်က္ျခင္းႏွင့္ ဆရာ၊ဆရာမမ်ားအား သူတို႔ေက်ာင္းသားမ်ားကို ဒီဗီဒီယိုကို ဘယ္ေနရာမွာမွ ျပန္မတင္ရန္ သတိေပးဖို႔ ၫႊန္ၾကားျခင္းမ်ားကိုသာမလုပ္ခဲ့ပါက ေက်ာင္းအား ပညာေရးဌာနမွ အေရးယူခံရၿပီးျဖစ္ေနမွာကို သူတို႔က စိုးရိမ္ေနၾကတာျဖစ္တယ္။

ေက်ာင္းအုပ္ႀကီးရဲ႕ေပါက္ကြဲသံစဥ္မ်ားကို နားေထာင္အၿပီးမွာေတာ့ က်ိဳးဟုန္မိန္နဲ႔သူမအဖြဲ႕က ဒီကိစၥကသိပ္မလြယ္ကူဘူးဆိုတာကို စၿပီးနားလည္လာတယ္။ စုေပအရင္ကေျပာခဲ့သလိုမ်ိဳး ဒီျဖစ္ရပ္က ဆိုးဝါးျပင္းထန္လာေတာ့ သူတို႔ေတြက စိုးရိမ္လာၾကတယ္။

အစတုန္းကေတာ့ က်ိဳးဟုန္မိန္တစ္ေယာက္ လူတိုင္းကစုေပကို အျပစ္တင္ေနတဲ့ ဖိုရမ္က post ကိုေတြ႕လိုက္ရေတာ့ အရမ္းဝမ္းသာသြားတာကို ဘယ္လိုမွမျငင္းႏိုင္ဘူး။ ဒါေပမယ့္လည္း ဒါႀကီးက အရမ္းကို ျမန္ျမန္ဆန္ဆန္ပ်ံ႕ႏွံ႔သြားမယ္ဆိုတာမ်ိဳးေတာ့ သူမ မထင္ထားမိလိုက္မိဘူး။ သူမက ဒီ post ကို တင္တဲ့သူမဟုတ္တဲ့အျပင္ ဒီဗီဒီယိုက သူမမိုဘိုင္းဖုန္းနဲ႔ ႐ိုက္ထားတာ မဟုတ္ဘူးဆိုတာ သိသာထင္ရွားေနတယ္။

ဒါကိုဘယ္ေကာင္မလုပ္တာလဲ! ဗီဒီယိုကို ဖ်က္ပစ္ဖို႔ သူတို႔အားလုံးကို သူမရွင္းရွင္းလင္းလင္း ေျပာထားၿပီးသား ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြက သူမစကားေတြကို လြန္ဆန္ရဲတယ္ေပါ့။ ဒါကဘယ္သူ႔အမွားဆိုတာ သူမ သိတာနဲ႔ အဲဒီသူကို သူမက သင္ခန္းစာေပးကိုေပးရမွာပဲ။

စူးရဲတဲ့အၾကည့္တစ္ခ်က္က က်ိဳးဟုန္မိန္မ်က္လုံးေတြထဲမွာ ျဖတ္ခနဲေပၚလာတယ္။

ကံေကာင္းေထာက္မစြာနဲ႔ပဲ ဗီဒီယိုထဲမွာက ၾကည့္ရႈသူေတြက စုေပရဲ႕အသံနဲ႔ သူမ အ႐ိုက္ခံေနရတဲ့ ပုံရိပ္ကိုသာ ျမင္ႏိုင္ၿပီး တစ္ေယာက္မွ သူတို႔ရဲ႕မ်က္ႏွာေတြကို မ႐ိုက္ကူးမိေလဘူး။

“ေက်ာင္းအုပ္ႀကီးခ်န္...အင္တာနက္ေပၚမွာတင္ထားတဲ့ အဲဒီ post ကကြၽန္မတို႔လုပ္တာမဟုတ္ဘူး... ဘာေတြျဖစ္ေနမွန္းေတာင္ကြၽန္မ မသိပါဘူး” က်ိဳးဟုန္မိန္ရဲ႕ျငင္းဆိုမႈအၿပီးမွာ သူမေနာက္ကမိန္းကေလးေတြက တစ္ေယာက္ၿပီးတစ္ေယာက္ သူတို႔ရဲ႕အျပစ္ကင္းမႈကို အလ်င္စလိုေျပာလာၾကတယ္။

ဘန္း! ေက်ာင္းအုပ္ႀကီးခ်န္က သူ႔စားပြဲကို႐ိုက္ခ်လိုက္တယ္။ “ေက်ာင္းကမင္းကိုမွားယြင္းစြပ္စြဲေနတယ္လို႔ မင္းထင္ေနတာလား? စုေပကို အိမ္သာထဲအတင္းဆြဲေခၚတာ မင္းနဲ႔မင္းအဖြဲ႕ေတြပဲေလ... ၿပီးေတာ့ အဲဒါကို ေက်ာင္းထိန္းခ်ဳပ္ခန္းကေန ရွင္းရွင္းႀကီး႐ိုက္မိထားၿပီးသား!”

က်ိဳးဟုန္မိန္ႏွင့္သူမအဖြဲ႕ :  “........”

မိန္းကေလးေတြက သူတို႔ရဲ႕ေခါင္းေတြငုံံ့ထားၿပီး စကားလုံးဝမေျပာၾကေတာ့တာကို ျမင္ရေတာ့မွ ေက်ာင္းအုပ္ႀကီးက သူ႔ေခါင္းကို စုေပဖက္ကို လွည့္လိုက္တယ္။ သူ႔အမူအရာက ေတာ္ေတာ္႐ုပ္ပ်က္ေနတယ္။ ဒီကိစၥရဲ႕ျပႆနာျဖစ္ေစတဲ့အပိုင္းက ေက်ာင္းသူေတြရဲ႕သေဘာထားကြဲလြဲမႈေၾကာင့္ မဟုတ္ဘူး။ ဒါေပမယ့္ ဒီျဖစ္ရပ္က အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ၿပီးေနာက္ ေက်ာင္းအေပၚက်လာတဲ့ ဖိအားေတြနဲ႔ လူထုအျမင္ေတြကသာ ျပႆနာျဖစ္ေနတာျဖစ္တယ္။ ေနာက္ၿပီး ဒီကိစၥကိုျဖစ္ေစတဲ့ အရင္းအျမစ္ကလည္း သူ႔ေရွ႕မွာရွိေနတဲ့ ဒီေက်ာင္းသူေၾကာင့္ဆိုတာ သံသယျဖစ္ေနစရာကိုမလိုဘူး။

“စုေပ...ငါ မင္းရဲ႕အတန္းပိုင္ဆရာေျပာတာၾကားတာေတာ့ မင္းကအဆင့္ေတြေကာင္းတဲ့ ေက်ာင္းသူတစ္ေယာက္ပါ။ မင္းမွာအခုရွိေနတဲ့ အရာအားလုံးကို တန္ဖိုးထားသင့္တယ္။ ေနာက္ၿပီး မင္းမလုပ္သင့္တာေတြကို အာ႐ုံစိုက္ေနမယ့္အစား စာကိုပဲအပတ္တကုတ္ႀကိဳးစားေလ့လာသင့္တယ္ေလ”

စုေပကေက်ာင္းအုပ္ႀကီးရဲ႕စကားကို နားေထာင္ေလေလ ပိုဆိုးလာေလေလပဲ။ ေသခ်ာတာေပါ့ သူမကေက်ာင္းအုပ္ႀကီးဆက္ေျပာေနတာကို နားေထာင္ေနရတယ္ေလ “ငါမင္းမိသားစုအေျခအေန အေၾကာင္းကို ၾကားၿပီးၿပီ။ မင္းမွာ ဘာအခက္အခဲရွိရွိ ေက်ာင္းနဲ႔လူမႈအဖြဲ႕အစည္းေတြမွာ ေမးျမန္းၿပီးေတာ့ အကူအညီေတာင္းခံႏိုင္တယ္။  မင္းေျဖရွင္းလို႔ေကာင္းမယ္ထင္တဲ့ နည္းလမ္းကို မသုံးသင့္ဘူးေလ။ မင္းဆီမွာ အျမစ္တြယ္ေနတဲ့ တခ်ိဳ႕အသုံးမဝင္တဲ့မာနေတြကေန ျဖစ္ေပၚလာတဲ့အျပဳအမူေတြကို ရပ္တန႔္သင့္တယ္”
“ကြၽန္မအဲလိုမလုပ္ဘူး” တိတ္ဆိတ္စြာနဲ႔ေခါင္းကိုငုံ႔ထားတဲ့စုေပက ေနာက္ဆုံးေတာ့ေျပာလာတယ္။

“အဲဒီ post ထဲမွာေရးထားတဲ့ဟာေတြ ကြၽန္မ မလုပ္ဘူး” စုေပကေခါင္းေမာ့ၿပီးေတာ့ ေက်ာင္းအုပ္ႀကီးကို တည့္တည့္ၾကည့္လိုက္တယ္။ တစ္လုံးခ်င္းဆီ သူမကဆက္ေျပာတယ္ “ဒါမွမဟုတ္ ေက်ာင္းကမ်ားလုပ္ေနတာလား... ေနာက္ၿပီး ေက်ာင္းအုပ္ႀကီးခ်န္ကေရာ...အင္တာနက္ေပၚက ေကာလဟာလသတင္းေတြကို ယုံေနတာလား”

“ဒါက...” စုေပရဲ႕ေဒါသျဖစ္ေနတဲ့အေျပာအဆိုက သူ႔ကို ခဏေလာက္ ဆြံ႕အသြားေစတယ္။

ေကာလဟာလေတြကို ယုံၾကည္မိတဲ့အတြက္နဲ႔ေတာ့ သူကအျပစ္တင္မခံရသင့္ဘူးေလ - သူတို႔ေက်ာင္းမွာက ဆိုးတဲ့ေက်ာင္းသားေရာ ေတာ္တဲ့ေက်ာင္းသားေရာက ေရာေနၿပီးေတာ့ ဆိုးတဲ့ေက်ာင္းသားက ပိုေတာင္မ်ားေသးတယ္။ ျပႆနာရွာေလ့ရွိတဲ့ ေက်ာင္းသားေတြက ဖန္တီးလိုက္တဲ့ ျဖစ္ရပ္ေတြကေတာ့ မနည္းမေနာပါပဲ။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္တုန္းကဆိုရင္ ေက်ာင္းသူေလးတစ္ေယာက္က တရားမဝင္ေဆးခန္းတစ္ခုမွာ ကိုယ္ဝန္ဖ်က္ခ်ေနစဥ္ မေတာ္တဆ ေသဆုံးသြားရတဲ့ ျဖစ္ရပ္တစ္ခုရွိခဲ့တယ္။

ေက်ာင္းအုပ္ႀကီးတစ္ေယာက္ျဖစ္တဲ့ သူ႔အေနနဲ႔ ဘယ္ေက်ာင္းသားကိုမွ ဘက္လိုက္တဲ့အျမင္နဲ႔ လုံးဝၾကည့္လို႔မရဘူး။ ေနာက္ၿပီး စုေပရဲ႕မ်က္လုံးေတြထဲမွာ ေတြ႕လိုက္ရတဲ့ ရွင္းလင္းျပတ္သားမႈက ဒီလိုအရႈပ္အေထြးေတြကို သူမနဲ႔ဆက္စပ္ၾကည့္ဖို႔ သူ႔အတြက္ တကယ္ကို ခက္ခဲေစတယ္။

ေဘးနားမွာရပ္ေနၿပီး ဒီျမင္ကြင္းကို ၾကည့္ေနၾကတဲ့ က်ိဳးဟုန္မိန္အဖြဲ႕ထဲက တစ္ခ်ိဳ႕ေတြဆိုရင္ အလြန္အမင္းကို အံ့ၾသေနၾကေလတယ္။ စုေပက ေတာ္ေတာ္သတၱိရွိတာပဲ။ သူတို႔အခုေလးတင္ ေတြ႕လိုက္ရတာ သူတို႔အစ္မမိန္ေတာင္မွ ေက်ာင္းအုပ္ႀကီးေရွ႕မွာ အရမ္းေၾကာက္လန႔္ေနၿပီး ဒီစုေပကေတာ့ သူ႔ကိုဒီလိုမ်ိဳးျပန္ေျပာရဲတာႀကီးကိုေပါ့။

အကယ္၍ သူတို႔ရဲ႕ရန္သူအျဖစ္သာ သတ္မွတ္မထားဘူးဆိုရင္ မိန္းကေလးေတြထဲကတစ္ေယာက္ကေတာ့ စုေပကို လက္မအႀကီးႀကီး တကယ္ႀကီးေပးလိုက္ခ်င္တာပါပဲ။

-----

“ဒါကေက်ာင္းသူေတြရဲ႕ သာမန္သေဘာထားကြဲလြဲတာမ်ိဳးမဟုတ္ဘူး ဆိုေပမယ့္ ငါ့ကိုတစ္ဖက္သတ္ တိုက္ခိုက္တဲ့ ေက်ာင္းတြင္းအၾကမ္းဖက္မႈပဲ။ သူတို႔လုပ္ခဲ့တာေတြက ရည္႐ြယ္ခ်က္ရွိရွိထိခိုက္ေစမႈလို႔ သတ္မွတ္ႏိုင္တယ္ဆိုတာ ဗီဒီယိုက အေကာင္းဆုံးသက္ေသပဲေလ”

“အင္တာနက္ေပၚက ေကာလဟာလေတြလည္းရွိေသးတယ္။ အဲဒါေတြက ငါ့ရဲ႕ဂုဏ္သိကၡာကို ဆိုးဆိုးဝါးဝါး ထိခိုက္ေစတာမ်ိဳးေတြ ျဖစ္ေစတယ္။ ဒါေၾကာင့္မို႔ ငါ့ရဲ႕လူ႔အခြင့္အေရးေတြကို ဖ်က္လိုဖ်က္ဆီးနဲ႔ ထိပါးလာမႈအတြက္လည္း တရားစြဲလို႔လည္း ရေသးတယ္” စုေပက က်ိဳးဟုန္မိန္ရဲ႕အဖြဲ႕ကို ေထာက္ျပလိုက္တယ္။

စုေပရဲ႕ေထာက္ျပမႈကို မိန္းကေလးတစ္ေယာက္က စိတ္ပ်က္စြာနဲ႔ျပန္လည္တုံ႔ျပန္လာခဲ့တယ္
“နင္...ေသာက္ေရးမပါလိုက္တာ! အဲဒီ post မွာတင္တဲ့သူ နာမည္ေတာင္မပါတာႀကီး လူတိုင္းက တရားခံျဖစ္ႏိုင္တာပဲေလ ၿပီးေတာ့ အတန္းထဲက လူေတြအကုန္လုံးလည္း နင့္ရဲ႕ျပည့္တန္ဆာအလုပ္နဲ႔ ပတ္သတ္ၿပီး အတင္းအဖ်င္းေတြ ေျပာေနၾကတာ နင္ကဘာအားကိုးနဲ႔ ငါတို႔ကိုလာစြပ္စြဲေနတာလဲ!”

သူတို႔စကားေတြကိုၾကားၿပီး စုေပကႏွာေခါင္းရႈံ႕လိုက္မိတယ္။ ဘာလို႔လည္းဆိုေတာ့ သူမလည္း အခုထိဘယ္သူတင္လိုက္တယ္ဆိုတာကို မသိဘူး။ စုေပက မထီသလိုမ်က္ႏွာေပးနဲ႔ သူမေရွ႕က မိန္းကေလးေတြကို ၾကည့္ၿပီးေျပာလိုက္တယ္ “ဒီလို အမည္မသိအေကာင့္တုတစ္ခုသုံးလိုက္တာနဲ႔ ေကာလဟာလေတြကို ဘယ္သူကစၿပီးတင္လိုက္တယ္ဆိုတာကို ေျခရာခံလို႔မရႏိုင္ေလာက္ဘူးလို႔ နင္တို႔က အဲလိုလြယ္လြယ္ေလး ထင္လိုက္တာလား?”

အဲဒီအခ်ိန္မွာ လူအုပ္ႀကီးထဲကို ေပ်ာ္ျမဴးစြာနဲ႔တိတ္တဆိတ္ဝင္ေနတဲ့ ရႈရွန္းရွန္းတစ္ေယာက္ ေသြးပ်က္သြားေလတယ္ : စုေပ ေျပာေနတာေတြက ေပါက္ကရေတြပဲ ဟုတ္တယ္မွတ္လား?

ေသခ်ာေပါက္ ဘယ္ဟုတ္လိမ့္မလဲ။

အင္တာနက္ေပၚကေန လုပ္လိုက္တဲ့ဘယ္အရာမဆို အၿမဲတမ္းလက္စလက္နကေတာ့ က်န္ေနစၿမဲပဲေလ။ သူမ တစ္ျခားကမာၻမွာ ေလးႏွစ္ေလာက္ေနခဲ့ခ်ိန္တုန္းက စုေပက ‘Red Hacker’ ဆိုတဲ့စာအုပ္အပါအဝင္ စာအုပ္ေတြ အမ်ားႀကီးကို ဖတ္ဖူးခဲ့တယ္။ သူမကို ကြန္ျပဴတာတစ္လုံးသာေပးၾကည့္လိုက္ သူမကငါးမိနစ္အတြင္းမွာပဲ ဘယ္သူဗီဒီယိုကို တင္လိုက္တယ္ဆိုတာ ရွာႏိုင္တဲ့အထိ စုေပကယုံၾကည္ခ်က္ရွိေလတယ္။

“နင့္မွာအစြမ္းအစရွိရင္ ကိုယ့္ဘာကိုယ္စစ္ၾကည့္လိုက္ေလ” ယုံၾကည္မႈကင္းမဲ့စြာနဲ႔ က်ိဳးဟုန္မိန္က ဆြေပးလိုက္တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီ post ကသူမတင္တာမွမဟုတ္တာ။ စုေပကစစ္ခ်င္တယ္ဆိုရင္လဲ လုပ္ပေလ့ေစေပါ့။ တကယ္ေတာ့ သူမလည္း ဒီအိုးကို ဘယ္ေကာင္မက ပစ္ခ်လိုက္လဲဆိုတာ သိခ်င္ေနတာပဲေလ။

“တိတ္တိတ္ေနၾကစမ္း...ငါမင္းတို႔ကို ဒီကိုလာခိုင္းတာ ျပႆနာကို ေျဖရွင္းဖို႔ေနာ္ ပိုဆိုးေစဖို႔မဟုတ္ဘူး!” ေက်ာင္းအုပ္ႀကီးက ႏွစ္ဖက္စလုံးကို စိတ္ဆိုးမာန္ဆိုးနဲ႔ တားျမစ္လိုက္တယ္။

“ဒါဆို ေက်ာင္းကဘာလုပ္ေပးမွာလဲ?” စုေပကေမးလိုက္တယ္။

စုေပရဲ႕ေမးခြန္းက ေက်ာင္းအုပ္ႀကီးကို ဒုကၡေရာက္ေစတယ္။

အစကေတာ့ ေက်ာင္းက စီစဥ္ထားတာက ႏွစ္ဖက္စလုံးက ေက်ာင္းသူေတြကို ႐ုံးခန္းေခၚၿပီး သူတို႔ကို ျပင္းျပင္းထန္ထန္ ဆူပူက်ိန္းေမာင္းကာ ဒီျဖစ္ရပ္က ဘယ္ေလာက္ျပင္းထန္လဲဆိုတာကို သူတို႔ကိုနားလည္ေစခ်င္တာပဲျဖစ္တယ္။ ၿပီးမွ ေက်ာင္းသူေတြကို ကိုယ့္ကိုယ္ကိုယ္ျပန္လည္သုံးသပ္ျခင္း အစီရင္ခံစာကို ေရးခိုင္းကာ ဒီျဖစ္ရပ္တစ္ခုလုံးက အေပ်ာ္သေဘာစေနာက္မႈသက္သက္သာျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း ျဖစ္ေစၿပီး ထိုမွသာ ေက်ာင္းအေပၚက်လာမယ့္ ဖိအားေတြကို ေလ်ာ့ခ်ႏိုင္မွာျဖစ္တယ္။

အစကေတာ့ ေက်ာင္းအုပ္ႀကီးခ်န္က ဒီေက်ာင္းသူေလးေတြကို သူ႔အစီအစဥ္တိုင္းပဲ လိမ္လိမ္မာမာလိုက္နာေအာင္ လုပ္ရတာက လြယ္ကူလိမ့္မယ္လို႔ ထင္ေနမိတာျဖစ္တယ္။ မထင္မွတ္ပဲ စုေပလို မာနႀကီးေခါင္းမာတဲ့သူမ်ိဳးနဲ႔ ေတြ႕ရလိမ့္မယ္လို႔ ေမွ်ာ္လင့္မထားမိေလဘူး။

“ကြၽန္မေျပာခဲ့သလိုပဲ က်ိဳးဟုန္မိန္နဲ႔သူမအဖြဲ႕ေတြရဲ႕ တရားမဝင္လုပ္ရပ္က ရည္႐ြယ္ခ်က္ရွိရွိထိခိုက္ေစမႈလို႔ သတ္မွတ္လို႔ရတာပဲေလ။ တကယ္လို႔ ေက်ာင္းကသာ ဒီကိစၥအတြက္ ဘာမွမလုပ္ေပးႏိုင္ဘူးဆိုရင္ ကြၽန္မဘာသာပဲ ရဲေခၚလိုက္ေတာ့မွာ”

“မင္း -” စုေပရဲ႕စကားက ေက်ာင္းအုပ္ႀကီးကို ဆို႔နင္သြားေစတယ္ : သူတို႔ သူမကို ရဲစခန္းကိုသြားဖို႔ ခြင့္ျပဳေပးလိုက္မယ္ဆိုရင္ ဒီကိစၥကို ပိုဆိုးသြားေစ႐ုံပဲရွိမွာမလား?

“စိတ္မပူပါနဲ႔...ဒီကိစၥကို ေက်ာင္းက ေသခ်ာကိုင္တြယ္မွာပါ”

အဲဒီေန႔ ေန႔လည္ခင္းမွာ က်ိဳးဟုန္မိန္နဲ႔သူမအဖြဲ႕ထဲက မိဘေတြအကုန္လုံး ေက်ာင္းကိုအေခၚခံၾကရတယ္။ ကေလးေတြရဲ႕ ရန္ပြဲေၾကာင့္ ေက်ာင္းကသူတို႔ကို ေခၚတာမို႔လို႔ အခ်ိဳ႕ေသာမိဘေတြက မေပ်ာ္ႏိုင္ၾကဘူး။

“ဆရာ...တစ္ခုခုျဖစ္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ကို ဖုန္းဆက္လို႔ရတာပဲေလ ဘာျဖစ္လို႔ေက်ာင္းကို လာခိုင္းရတာလဲ?”

“ဟုတ္ပါ့ ဆရာကလည္း ဘာျဖစ္တာလဲဆိုတာျမန္ျမန္ေျပာေပးပါဗ်ာ။ ကြၽန္ေတာ္စက္႐ုံကို ျပန္သြားရအုံးမွာမို႔လို႔ပါ။ ကြၽန္ေတာ္အလုပ္က အၾကာႀကီးထြက္လာမိရင္ သူတို႔က ေန႔ဝက္စာလုပ္အားခကို ေလ်ာ့ပစ္ၾကမွာဗ်”

“ခင္ဗ်ားတို႔ကေလးေတြက တစ္ျခားေက်ာင္းသူေလးကို ဝိုင္း႐ိုက္လို႔ ဒီကိစၥကိုေျဖရွင္းဖို႔အတြက္ ခင္ဗ်ားတို႔ကို ဒီကိုလာဖို႔ ကြၽန္ေတာ္တို႔ဖက္က ေခၚလိုက္တာပါ” ဒီလိုယဥ္ေက်းမႈမရွိတဲ့မိဘေတြနဲ႔ ေတြ႕ေနရေတာ့ အတန္းပိုင္ဆရာခမ်ာ သူ႔ေဒါသေတြကို ခ်ဳပ္တီးထားေနရတယ္။

ဒီလိုၾကားလိုက္ရတဲ့ေနာက္ေတာ့ မိဘေတြက သူတို႔နားမွာရပ္ေနတဲ့ ပိန္သြယ္သြယ္ကေလးမေလးကို တစ္ခ်က္ၾကည့္မိလိုက္ၾကတယ္။

“ဆရာေျပာတာ သူမကအ႐ိုက္ခံရတယ္?” မိဘတစ္ေယာက္က စုေပကိုလက္ညႇိဳးထိုးၿပီး ေျပာလိုက္တယ္ “အခုသူမဒီမွာရပ္ေနတာ အေကာင္းတိုင္းႀကီးပဲ မဟုတ္ဘူးလား?”

“ဟုတ္တယ္ သူမက အ႐ိုက္ခံထားရတဲ့ပုံလည္းမေပါက္ပါဘူး”

“ကေလးအခ်င္းခ်င္း ရန္ျဖစ္တာကေတာ့ သာမန္ကိစၥေလးပဲမဟုတ္ဘူးလား? ဒီေကာင္မေလးပုံစံက ပိန္ပိန္ေသးေသးေလးရယ္ ေသခ်ာေပါက္ကို လြယ္ကူတဲ့ပစ္မွတ္တစ္ခုပဲေပါ့။ ကြၽန္ေတာ္ေက်ာင္းတုန္းကဆိုရင္ အရပ္အရမ္းပုလို႔ဆိုၿပီး အၿမဲတမ္းအ႐ိုက္ခံရတာပဲေလ”

“ငါတို႔ကေလးေတြကို ေက်ာင္းကို စာသင္ဖို႔လႊတ္လိုက္ကတည္းက သူတို႔ဘာေတြျဖစ္ျဖစ္ ေက်ာင္းကက်ိန္းေသေပါက္ တာဝန္ယူေပးရမွာပဲ။ သူတို႔က ေက်ာင္းမွာရန္ျဖစ္တယ္ဆိုရင္ ဒါကဆရာတို႔ဖက္က ေျဖရွင္းေပးရမယ့္ ကိစၥေလ”

“ဆရာ... တစ္ျခားကိစၥမရွိဘူးဆိုရင္ ကြၽန္ေတာ္ျပန္ၿပီ”

.....

“ခဏေနၾကအုံး!” ဒီလိုမစဥ္းစားမဆင္ျခင္တတ္တဲ့မိဘေတြေၾကာင့္ အစတုန္းက ေဘးနားမွာရပ္ေနတဲ့ ေက်ာင္းအုပ္ႀကီးေတာင္မွ ေနာက္ဆုံးေတာ့ သည္းမခံႏိုင္ေတာ့ဘူး။ အခ်ိန္ေတာ္ေတာ္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ တရားမွ်တမႈအသိအျမင္ေတြက သူ႔အတြင္းထဲကေန လႈိက္တက္လာေလတယ္။

“ခင္ဗ်ားတို႔ရဲ႕ကေလးေတြက ေက်ာင္းမွာတစ္ေယာက္ေယာက္ကို ႐ိုက္ႏွက္တာက လုပ္သင့္တာမ်ိဳးလို႔ ခင္ဗ်ားေျပာခ်င္တာလား? သူတို႔က သူတို႔အတန္းေဖာ္ကို အိမ္သာထဲကို ဆြဲေခၚလာၿပီး အနာတရာျဖစ္ေလာက္တဲ့အထိ သူမကို ႐ိုက္ႏွက္ၾကတာေလ။ ဒါက ရည္႐ြယ္ခ်က္ရွိရွိထိခိုက္ေစမႈ ရာဇဝတ္မႈပဲ! သူတို႔က ဗီဒီယိုကို အင္တာနက္ေပၚတင္လိုက္ေသးတယ္ ၿပီးေတာ့ ေကာလဟာလေတြကို ဖ်က္လိုဖ်က္ဆီးနဲ႔ ျဖန႔္ၾကေသးတယ္။ အဲဒါလည္း ေနာက္ထပ္ ရာဇဝတ္မႈပဲ! ဒီလိုေက်ာင္းသားမ်ိဴးေတြကို က်ဳပ္တို႔က ေက်ာင္းထုတ္ပစ္ရမွာ”

ေက်ာင္းအုပ္ႀကီးရဲ႕စကားလုံးေတြေၾကာင့္ မိဘေတြရဲ႕မ်က္ႏွာအမူအရာေတြက ေျပာင္းလဲသြားေလတယ္ “ဆရာ...ဆရာ့စကားေတြက လြန္လြန္းပါတယ္။ ကြၽန္ေတာ္တို႔က က်ဴရွင္ေၾကးသြင္းထားၿပီးသားေလ ကြၽန္ေတာ္တို႔ကေလးေတြကို ဘယ္လိုလုပ္ေက်ာင္းထုတ္လို႔ရမလဲ? ေကာင္းၿပီေလ ဒါကကေလးေတြၾကားက ရန္ပြဲတစ္ခု မဟုတ္ဘူးပဲထားပါ ရာဇဝတ္မႈဆိုတာကေတာ့ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ေပါက္ကရေတြ”

“ရွင္တို႔ကေလးေတြက အသက္ ၁၄ႏွစ္ ရွိေနၿပီ။ ၁၄ႏွစ္ အ႐ြယ္ကေလးတစ္ေယာက္က ရာဇဝတ္မႈအခ်ိဳ႕ကို သူကိုယ္တိုင္က်ဴးလြန္ထားၿပီးၿပီ။ ၿပီးေတာ့ သူတို႔ေတြကို ကေလးငယ္ေလးေတြလို႔ မေျပာစမ္းပါနဲ႔။ ဒီေန႔က ေက်ာင္းတြင္းအၾကမ္းဖက္မႈပဲျဖစ္ေသးတာ အကယ္၍မ်ား သူတို႔ဒီလိုမ်ိဳးေတြပဲ ဆက္လုပ္ေနမယ္ဆိုရင္ သူတို႔ႀကီးလာတဲ့အခါက် လူသတ္သမားတို႔ မီးရႈိ႕တဲ့သူတို႔ ျဖစ္မလာႏိုင္ဘူးလား?!”

“ရွင္တို႔က မိဘေတြျဖစ္ၿပီး ဂ႐ုမစိုက္ဘူးဆိုရင္ ကြၽန္မတို႔ကိုင္တြယ္ေျဖရွင္းမယ္။ ဒီကိစၥကို ေက်ာင္းကေျဖရွင္းရမယ္ဆိုရင္ေတာ့ ရဲေတြကိုသတင္းေပးလိုက္တာပဲျဖစ္မွာ” သူမစကားလုံးေတြက ထိေရာက္စြာနဲ႔ မိဘေတြကို ထိတ္လန႔္သြားေစတယ္။

“ဘာျဖစ္လို႔ရဲေခၚရမွာလဲ!”

“ရဲမေခၚပါနဲ႔ ကြၽန္ေတာ္တို႔ကေလးက တစ္ျခားကေလးကို ႐ိုက္ႏွက္မိ႐ုံပဲမလား? ဒါဆို ကြၽန္ေတာ္ေလ်ာ္ေၾကးေပးလိုက္မယ္ေလ။ ကြၽန္ေတာ္တို႔ သူမကို ပိုက္ဆံေပးလိုက္ရင္ ရၿပီမလား?”

အဲဒါကိုၾကားေတာ့ ေက်ာင္းအုပ္ႀကီး စိတ္ပ်က္သြားေတာ့တယ္ “ဒီကိစၥက ဘယ္ေလာက္ျပင္းထန္သလဲဆိုတာ ခင္ဗ်ားလုံးဝကို နားမလည္ဘူးပဲ။ ဒါက ပိုက္ဆံနဲ႔ေျဖရွင္းရမယ့္ ျပႆနာလား?”

“ကြၽန္မ လက္ခံတယ္”

အဲဒီအခ်ိန္မွာပဲ စုေပရဲ႕အသံက ႐ုံးခန္းေထာင့္ကေန ႐ုတ္တရက္ထြက္ေပၚလာေတာ့ ရွိသမွ် လူအကုန္လုံး အံ့ၾသမွင္သက္ကုန္ၾကတယ္။

“စုေပ...သမီးေသခ်ာစဥ္းစားေနာ္ သူတို႔မိဘေတြက ေလ်ာ္ေၾကးေပးလိုက္ရင္ ေနာက္က် ဒီကိစၥကို ေျခရာခံလိုက္ဖို႔က လြယ္ကူေတာ့မွာမဟုတ္ဘူး”

“သမီး သိပါတယ္” စုေပက ေက်နပ္ေနတဲ့မ်က္ႏွာေပးနဲ႔ ေက်ာင္းအုပ္ႀကီးကို ၾကည့္လိုက္ၿပီး “သူတို႔ သမီးကို ပိုက္ဆံေပးလို႔ ရပါတယ္”

“ေကာင္းၿပီ” ေက်ာင္းအုပ္ႀကီးက အနည္းငယ္တြန႔္ဆုတ္ေနၿပီးေနာက္ေတာ့ ေခါင္းညိတ္လိုက္တယ္။

အခု သူမကအရမ္း စိတ္လႈပ္ရွားေနတယ္။ ေက်ာင္းအေနနဲ႔က ရဲေတြေခၚရေလာက္တဲ့အထိ ဒီကိစၥကို သိပ္မႀကီးက်ယ္ေစခ်င္ဘူး။ ရဲေခၚလိုက္တယ္ဆိုရင္ေတာင္မွ ျပစ္မႈက်ဴးလြန္သူေတြကလည္း အသက္မျပည့္ေသးဘူးေလ။ ရဲေတြအေနနဲ႔ အမ်ားဆုံးလုပ္မွ သတိေပးတာေလာက္နဲ႔ ေလ်ာ္ေၾကးေပးခိုင္း႐ုံပဲရွိမွာ။ ဒါေၾကာင့္ အခုခ်ိန္မွာ ဒီမိဘေတြကေန ပိုက္ဆံတစ္ခ်ိဳ႕ ေပးလိုက္ေစျခင္းကသာ အေကာင္းဆုံးေျဖရွင္းနည္းျဖစ္တယ္ေလ။

“ၾကည့္ေလ...ငါေျပာသလို ဒီကိစၥက ေအးေအးေဆးေဆးၿပီးသြားတာပဲမလား? ငါပိုက္ဆံေပးမယ္။ ယြမ္ ၁၀၀ ဆိုလုံေလာက္ၿပီလား?” မိဘတစ္ေယာက္က ေမးလိုက္တယ္။

“၁၀၀ ထဲလား?” ေက်ာင္းအုပ္ႀကီးက အဲဒီမိဘကို ေအးစက္စက္စိုက္ၾကည့္လိုက္တယ္ “ခင္ဗ်ားရဲ႕ကေလးက သူမကို ဘယ္လို႐ိုက္ႏွက္လိုက္တာကို ခင္ဗ်ားမျမင္ဘူးလား?! အခုေခတ္ႀကီးက ေက်းလက္ေဆး႐ုံမွာ CT scan ဖတ္ရင္ေတာင္မွ ယြမ္ ၁၀၀ အထက္ကုန္က်တယ္!”

“ဒါဆို ဘယ္ေလာက္လည္း? ဆရာတို႔ကပဲ ကြၽန္ေတာ္တို႔ကို ပမာဏေျပာလိုက္ပါ”

.....

ေနာက္ဆုံးေတာ့ မိဘတစ္ေယာက္ခ်င္းစီက သူတို႔အိတ္ကပ္ထဲကေန ရင္နာနာနဲ႔ထုတ္ေပးရတဲ့ ယြမ္ ၂၀၀ စီကို လက္ေဆာင္အျဖစ္ ရရွိခဲ့တယ္။ က်ိဳးဟုန္မိန္နဲ႔သူမအဖြဲ႕ဝင္ေတြက အဓိကျပစ္မႈမွတ္တမ္းဆိုတာေတြ လက္ခံေနရခ်ိန္ စုေပကေတာ့ စုစုေပါင္း ယြမ္ ၂၀၀၀ ေလာက္ကို ရရွိခဲ့ေလတယ္။ ပိုက္ဆံထုတ္ေလးကို ကိုင္ထားရင္းနဲ႔ စုေပက အရမ္းကို စိတ္သက္သာရာရသလို ခံစားေနရတယ္။ ဒီေငြေတြနဲ႔ဆိုရင္ သူမနဲ႔စုေရွာင္ေပါင္တို႔ B ၿမိဳ႕ကိုသြားတဲ့အခ်ိန္ သူတို႔အေဖကို ခ်က္ခ်င္းရွာမေတြ႕ႏိုင္ေသးဘူးဆိုရင္ေတာင္မွ တည္းခိုခန္းတစ္ခုမွာ အခ်ိန္တစ္ခုေလာက္ထိ ေနထိုင္ဖို႔အတြက္ လုံေလာက္ေနၿပီျဖစ္တယ္။ သူမႏႈတ္ခမ္းေထာင့္စြန္းေလးေတြ ေကြးၫြတ္သြားၿပီးေနာက္ စုေပက ပိုက္ဆံကို သူမအိတ္ကပ္ထဲကို ထည့္လိုက္ေတာ့တယ္။

“စုေပ...ငါ့မိသားစုပိုက္ဆံေတြကို နင္ခိုးလိုက္တာ!” က်ိဳးဟုန္မိန္က ႐ုတ္တရက္ စုေပဆီကို ေျပးသြားတယ္။

“ျဖန္း-”

က်ယ္ေလာင္တဲ့ထိခတ္သံတစ္ခု ေပၚထြက္လာတယ္။ အဲဒါက က်ိဳးဟုန္မိန္က စုေပကို ႐ိုက္လိုက္တာမဟုတ္ပဲ စုေပက က်ိဳးဟုန္မိန္ကို ႐ိုက္လိုက္တာသာျဖစ္တယ္။ ဒီျမင္ကြင္းကို ျမင္လိုက္ရတဲ့ သူတို႔နားကလူေတြအျပင္ သူတို႔ပိုက္ဆံေလးေတြနဲ႔ အခုေလးတင္ ခြဲခြာလိုက္ရတဲ့ မိဘေတြပါက ေၾကာင္ေတာင္ေတာင္ျဖစ္ကုန္ၾကတယ္။

ဒီေကာင္မေလးက ေတာ္ေတာ္ၾကမ္းတမ္းတာပဲ သူတို႔ကေလးေတြက သူမကို အႏိုင္က်င့္တာေရာ ဟုတ္ရဲ႕လား? တကယ္ႀကီး လိမ္လည္ေနတာမဟုတ္ဘူးလား?

-----

စုေပရဲ႕တုံ႔ျပန္မႈက လ်င္ျမန္သလို ႐ုံးခန္းထဲက ထြက္လာတဲ့ ဆရာကလည္း ျမန္ျမန္ဆန္ဆန္  ပိတ္ဆို႔လိုက္ႏိုင္တယ္။ အ႐ိုက္ခံလိုက္ရတဲ့ က်ိဳးဟုန္မိန္ခမ်ာ အသိျပန္ဝင္လာေပမယ့္ သူမမွာျပန္လည္ တိုက္ခိုက္ဖို႔ရာ အခြင့္အေရးမရွိေလဘူး။ ေနာက္ထပ္က်ယ္ေလာင္တဲ့အသံႏွင့္အတူ သူမရဲ႕ေနာက္ပါးတစ္ဖက္လည္း အ႐ိုက္ခံလိုက္ရျပန္တယ္။ ဒါကေတာ့ က်ိဳးဟုန္မိန္ရဲ႕အေဖက ႐ိုက္တာျဖစ္ၿပီး စုေပ႐ိုက္ခ်က္ထက္ ပိုၿပီးျပင္းထန္တယ္။

“ငါတယ္...ရွက္စရာေကာင္းလိုက္တာေနာ္... အခုအိမ္ျပန္မယ္!” သူက က်ိဳးဟုန္မိန္ရဲ႕အႏိုင္က်င့္မႈေၾကာင့္ နည္းနည္းေလးေတာင္ စိတ္မဆိုးဘူး။ ဘာကစိတ္တိုေစလဲဆိုေတာ့ သူမက သူ႔ကိုျပႆနာတက္ေစတဲ့အျပင္ သူ႔ရဲ႕ေငြေတြကိုပါ ဆုံးရႈံးသြားေအာင္ လုပ္တာေၾကာင့္ျဖစ္တယ္။

-----

“စုေပ.....”

“ငါသြားလို႔ရၿပီလား” စုေပက သူမကို တားဆီးခ်င္ေနတဲ့ ဒုတိယတန္းစားေရာဂါရွိေသာေကာင္ေလး ရႈလန္ကို ဖ်တ္ခနဲ ၾကည့္လိုက္ၿပီး သူ႔ကိုေက်ာ္ကာ စုေရွာင္ေပါင္ဆီသို႔ အေျပးေလးသြားလိုက္တယ္။

“နင္အဆင္ေျပရဲ႕လား?” စုေရွာင္ေပါင္က စုေပကို ဂ႐ုတစိုက္နဲ႔ စစ္ေဆးၿပီး စိတ္လႈပ္ရွားစြာ ေမးလိုက္တယ္။

“ေသခ်ာတာေပါ့ ငါအဆင္ေျပပါတယ္။ ငါေငြေတြအမ်ားႀကီးေတာင္ရလာေသးတယ္။ ဒီမွာၾကည့္” စုေပက သူမအိတ္ကပ္ထဲက အထုတ္ေလးကို ထုတ္ၿပီး စုေရွာင္ေပါင္ေရွ႕မွာ လႈပ္ရမ္းျပလိုက္တယ္။

“နင္အဆင္ေျပရင္ၿပီးတာပါပဲ” ပိုက္ဆံကေတာ့ သူႀကိဳက္တဲ့အခ်ိန္ ရွာလို႔ရတာပဲေလ။

“သြားၾကစို႔” ေန႔လည္ခင္းတစ္ခုလုံး ေက်ာင္းအုပ္ႀကီး႐ုံးခန္းထဲမွာ ျငင္းခုံရင္းနဲ႔ အခ်ိန္ေတြ ကုန္သြားၿပီးေနာက္ေတာ့ စုေပက စုေရွာင္ေပါင္ကို အိမ္ျပန္ေခၚလာခဲ့တယ္။

အဲဒီအခ်ိန္မွာပဲ တစ္စုံတစ္ေယာက္က သူတို႔လမ္းကို ပိတ္ရပ္လိုက္တယ္။

သူကေတာ့ က်ိဳးဟုန္မိန္လက္ေအာက္က တစ္ေယာက္ပဲျဖစ္တယ္။

“စုေပ...အစ္မမိန္က နင့္ကို စကားပါးခိုင္းလို႔ ငါလာေျပာတာ။ သူမက နင့္ကိုအလြတ္မေပးဘူးတဲ့။ ဒီေက်ာင္းမွာ နင္သူ႔ကို ေနာက္တစ္ႀကိမ္ထပ္မေတြ႕ေစနဲ႔တဲ့!” သူမက ရႈရွန္းရွန္းပဲျဖစ္တယ္။ က်ိဳးဟုန္မိန္က အိမ္ကိုဆြဲေခၚခံလိုက္ရေတာ့ လက္ေအာက္ငယ္သားေလးက ဒုတိယေခါင္းေဆာင္ ျဖစ္လာေတာ့တယ္။

ဒါကိုၾကားၿပီးေနာက္ စုေပကၿပဳံးလိုက္တယ္။

“တကယ္ႀကီးလား?” အခုခ်ိန္မွာလည္း သူမဒီေနရာမွာ ဆက္ေနဖို႔ ဘာအစီအစဥ္မွ မရွိေတာ့ဘူး။

မသြားခင္ေလးမွာပဲ စုေပက ရႈရွန္းရွန္းအတြက္ စကားတစ္ခြန္း ခ်န္ထားခဲ့တယ္ “အင္တာနက္ေပၚမွာ post တင္တဲ့သူက နင္မလား?”

22.9.2020
Tuesday

_______________________________________

MWFV Ch 5


Returning Slap


Unicode Version


သူမကျောင်းကိုရောက်ရောက်ချင်းပဲ စုပေတစ်ယောက် ကျောင်းအုပ်ကြီးရုံးခန်းဆီ အခေါ်ခံလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ ကျိုးဟုန်မိန်နဲ့သူမအဖွဲ့တွေကလည်း အဲဒီနေ့ဖြစ်ရပ်က မျက်မြင်သက်သေ ကျောင်းသားတွေရဲ့ ‘အစီရင်ခံစာ’ ဆိုတာကြီးကြောင့် စုဝေးရောက်ရှိလာကြလေတယ်။

“ကျောင်းဆိုတာက ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းနိုင်ဖို့ လေ့လာသင်ယူရတဲ့နေရာတစ်ခုပဲ...ရန်ဖြစ်ပြီး ပြဿနာရှာရမယ့်နေရာမဟုတ်ဘူး!” သူတို့ရုံးခန်းကိုရောက်ရောက်ချင်းပဲ ကျောင်းအုပ်ကြီးရဲ့ တင်းမာခက်ထန်တဲ့လေသံက ဆီးကြိုလို့နေတယ်။

“မင်းတို့တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာတွေရှိနေရင် မင်းတို့မိဘတွေနဲ့ဆရာ၊ဆရာမတွေကို ပြောပြကြလေ...ဘာဖြစ်လို့ မှားယွင်းတဲ့နည်းလမ်းတွေသုံးပြီး ကိုယ့်ဘာကိုဖြေရှင်းနေကြတာလဲ?”

“ပြီးတော့ အွန်လိုင်းပေါ်တောင်တင်လိုက်သေးတယ်! ဒီကိစ္စက ငါတို့ကျောင်းကိုဘယ်လောက်ဆိုးဆိုးရွားရွား ထိခိုက်သွားစေလဲသိရဲ့လား?!”

ဖိုရမ်က post နဲ့ ဗီဒီယိုက သူတို့ကျောင်းဖိုရမ်သာမက အခြားကျောင်းတွေထိပါ ပျံ့နှံံ့သွားလေတယ်။ အကယ်၍သာ ကျောင်းသားရေးရာဌာနမှ အလျင်အမြန်ညှိုနှိုင်းခြင်း၊ ဖိုရမ်ပေါ်က မူရင်း post ကိုဖျက်ခြင်းနှင့် ဆရာ၊ဆရာမများအား သူတို့ကျောင်းသားများကို ဒီဗီဒီယိုကို ဘယ်နေရာမှာမှ ပြန်မတင်ရန် သတိပေးဖို့ ညွှန်ကြားခြင်းများကိုသာမလုပ်ခဲ့ပါက ကျောင်းအား ပညာရေးဌာနမှ အရေးယူခံရပြီးဖြစ်နေမှာကို သူတို့က စိုးရိမ်နေကြတာဖြစ်တယ်။

ကျောင်းအုပ်ကြီးရဲ့ပေါက်ကွဲသံစဉ်များကို နားထောင်အပြီးမှာတော့ ကျိုးဟုန်မိန်နဲ့သူမအဖွဲ့က ဒီကိစ္စကသိပ်မလွယ်ကူဘူးဆိုတာကို စပြီးနားလည်လာတယ်။ စုပေအရင်ကပြောခဲ့သလိုမျိုး ဒီဖြစ်ရပ်က ဆိုးဝါးပြင်းထန်လာတော့ သူတို့တွေက စိုးရိမ်လာကြတယ်။

အစတုန်းကတော့ ကျိုးဟုန်မိန်တစ်ယောက် လူတိုင်းကစုပေကို အပြစ်တင်နေတဲ့ ဖိုရမ်က post ကိုတွေ့လိုက်ရတော့ အရမ်းဝမ်းသာသွားတာကို ဘယ်လိုမှမငြင်းနိုင်ဘူး။ ဒါပေမယ့်လည်း ဒါကြီးက အရမ်းကို မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားမယ်ဆိုတာမျိုးတော့ သူမ မထင်ထားမိလိုက်မိဘူး။ သူမက ဒီ post ကို တင်တဲ့သူမဟုတ်တဲ့အပြင် ဒီဗီဒီယိုက သူမမိုဘိုင်းဖုန်းနဲ့ ရိုက်ထားတာ မဟုတ်ဘူးဆိုတာ သိသာထင်ရှားနေတယ်။

ဒါကိုဘယ်ကောင်မလုပ်တာလဲ! ဗီဒီယိုကို ဖျက်ပစ်ဖို့ သူတို့အားလုံးကို သူမရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဒါပေမယ့် တစ်ချို့လူတွေက သူမစကားတွေကို လွန်ဆန်ရဲတယ်ပေါ့။ ဒါကဘယ်သူ့အမှားဆိုတာ သူမ သိတာနဲ့ အဲဒီသူကို သူမက သင်ခန်းစာပေးကိုပေးရမှာပဲ။

စူးရဲတဲ့အကြည့်တစ်ချက်က ကျိုးဟုန်မိန်မျက်လုံးတွေထဲမှာ ဖြတ်ခနဲပေါ်လာတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ဗီဒီယိုထဲမှာက ကြည့်ရှုသူတွေက စုပေရဲ့အသံနဲ့ သူမ အရိုက်ခံနေရတဲ့ ပုံရိပ်ကိုသာ မြင်နိုင်ပြီး တစ်ယောက်မှ သူတို့ရဲ့မျက်နှာတွေကို မရိုက်ကူးမိလေဘူး။

“ကျောင်းအုပ်ကြီးချန်...အင်တာနက်ပေါ်မှာတင်ထားတဲ့ အဲဒီ post ကကျွန်မတို့လုပ်တာမဟုတ်ဘူး... ဘာတွေဖြစ်နေမှန်းတောင်ကျွန်မ မသိပါဘူး” ကျိုးဟုန်မိန်ရဲ့ငြင်းဆိုမှုအပြီးမှာ သူမနောက်ကမိန်းကလေးတွေက တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့အပြစ်ကင်းမှုကို အလျင်စလိုပြောလာကြတယ်။

ဘန်း! ကျောင်းအုပ်ကြီးချန်က သူ့စားပွဲကိုရိုက်ချလိုက်တယ်။ “ကျောင်းကမင်းကိုမှားယွင်းစွပ်စွဲနေတယ်လို့ မင်းထင်နေတာလား? စုပေကို အိမ်သာထဲအတင်းဆွဲခေါ်တာ မင်းနဲ့မင်းအဖွဲ့တွေပဲလေ... ပြီးတော့ အဲဒါကို ကျောင်းထိန်းချုပ်ခန်းကနေ ရှင်းရှင်းကြီးရိုက်မိထားပြီးသား!”

ကျိုးဟုန်မိန်နှင့်သူမအဖွဲ့ :  “........”

မိန်းကလေးတွေက သူတို့ရဲ့ခေါင်းတွေငုံံ့ထားပြီး စကားလုံးဝမပြောကြတော့တာကို မြင်ရတော့မှ ကျောင်းအုပ်ကြီးက သူ့ခေါင်းကို စုပေဖက်ကို လှည့်လိုက်တယ်။ သူ့အမူအရာက တော်တော်ရုပ်ပျက်နေတယ်။ ဒီကိစ္စရဲ့ပြဿနာဖြစ်စေတဲ့အပိုင်းက ကျောင်းသူတွေရဲ့သဘောထားကွဲလွဲမှုကြောင့် မဟုတ်ဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ပြီးနောက် ကျောင်းအပေါ်ကျလာတဲ့ ဖိအားတွေနဲ့ လူထုအမြင်တွေကသာ ပြဿနာဖြစ်နေတာဖြစ်တယ်။ နောက်ပြီး ဒီကိစ္စကိုဖြစ်စေတဲ့ အရင်းအမြစ်ကလည်း သူ့ရှေ့မှာရှိနေတဲ့ ဒီကျောင်းသူကြောင့်ဆိုတာ သံသယဖြစ်နေစရာကိုမလိုဘူး။

“စုပေ...ငါ မင်းရဲ့အတန်းပိုင်ဆရာပြောတာကြားတာတော့ မင်းကအဆင့်တွေကောင်းတဲ့ ကျောင်းသူတစ်ယောက်ပါ။ မင်းမှာအခုရှိနေတဲ့ အရာအားလုံးကို တန်ဖိုးထားသင့်တယ်။ နောက်ပြီး မင်းမလုပ်သင့်တာတွေကို အာရုံစိုက်နေမယ့်အစား စာကိုပဲအပတ်တကုတ်ကြိုးစားလေ့လာသင့်တယ်လေ”

စုပေကကျောင်းအုပ်ကြီးရဲ့စကားကို နားထောင်လေလေ ပိုဆိုးလာလေလေပဲ။ သေချာတာပေါ့ သူမကကျောင်းအုပ်ကြီးဆက်ပြောနေတာကို နားထောင်နေရတယ်လေ “ငါမင်းမိသားစုအခြေအနေ အကြောင်းကို ကြားပြီးပြီ။ မင်းမှာ ဘာအခက်အခဲရှိရှိ ကျောင်းနဲ့လူမှုအဖွဲ့အစည်းတွေမှာ မေးမြန်းပြီးတော့ အကူအညီတောင်းခံနိုင်တယ်။  မင်းဖြေရှင်းလို့ကောင်းမယ်ထင်တဲ့ နည်းလမ်းကို မသုံးသင့်ဘူးလေ။ မင်းဆီမှာ အမြစ်တွယ်နေတဲ့ တချို့အသုံးမဝင်တဲ့မာနတွေကနေ ဖြစ်ပေါ်လာတဲ့အပြုအမူတွေကို ရပ်တန့်သင့်တယ်”
“ကျွန်မအဲလိုမလုပ်ဘူး” တိတ်ဆိတ်စွာနဲ့ခေါင်းကိုငုံ့ထားတဲ့စုပေက နောက်ဆုံးတော့ပြောလာတယ်။

“အဲဒီ post ထဲမှာရေးထားတဲ့ဟာတွေ ကျွန်မ မလုပ်ဘူး” စုပေကခေါင်းမော့ပြီးတော့ ကျောင်းအုပ်ကြီးကို တည့်တည့်ကြည့်လိုက်တယ်။ တစ်လုံးချင်းဆီ သူမကဆက်ပြောတယ် “ဒါမှမဟုတ် ကျောင်းကများလုပ်နေတာလား... နောက်ပြီး ကျောင်းအုပ်ကြီးချန်ကရော...အင်တာနက်ပေါ်က ကောလဟာလသတင်းတွေကို ယုံနေတာလား”

“ဒါက...” စုပေရဲ့ဒေါသဖြစ်နေတဲ့အပြောအဆိုက သူ့ကို ခဏလောက် ဆွံ့အသွားစေတယ်။

ကောလဟာလတွေကို ယုံကြည်မိတဲ့အတွက်နဲ့တော့ သူကအပြစ်တင်မခံရသင့်ဘူးလေ - သူတို့ကျောင်းမှာက ဆိုးတဲ့ကျောင်းသားရော တော်တဲ့ကျောင်းသားရောက ရောနေပြီးတော့ ဆိုးတဲ့ကျောင်းသားက ပိုတောင်များသေးတယ်။ ပြဿနာရှာလေ့ရှိတဲ့ ကျောင်းသားတွေက ဖန်တီးလိုက်တဲ့ ဖြစ်ရပ်တွေကတော့ မနည်းမနောပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကဆိုရင် ကျောင်းသူလေးတစ်ယောက်က တရားမဝင်ဆေးခန်းတစ်ခုမှာ ကိုယ်ဝန်ဖျက်ချနေစဉ် မတော်တဆ သေဆုံးသွားရတဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့တယ်။

ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့ ဘယ်ကျောင်းသားကိုမှ ဘက်လိုက်တဲ့အမြင်နဲ့ လုံးဝကြည့်လို့မရဘူး။ နောက်ပြီး စုပေရဲ့မျက်လုံးတွေထဲမှာ တွေ့လိုက်ရတဲ့ ရှင်းလင်းပြတ်သားမှုက ဒီလိုအရှုပ်အထွေးတွေကို သူမနဲ့ဆက်စပ်ကြည့်ဖို့ သူ့အတွက် တကယ်ကို ခက်ခဲစေတယ်။

ဘေးနားမှာရပ်နေပြီး ဒီမြင်ကွင်းကို ကြည့်နေကြတဲ့ ကျိုးဟုန်မိန်အဖွဲ့ထဲက တစ်ချို့တွေဆိုရင် အလွန်အမင်းကို အံ့သြနေကြလေတယ်။ စုပေက တော်တော်သတ္တိရှိတာပဲ။ သူတို့အခုလေးတင် တွေ့လိုက်ရတာ သူတို့အစ်မမိန်တောင်မှ ကျောင်းအုပ်ကြီးရှေ့မှာ အရမ်းကြောက်လန့်နေပြီး ဒီစုပေကတော့ သူ့ကိုဒီလိုမျိုးပြန်ပြောရဲတာကြီးကိုပေါ့။

အကယ်၍ သူတို့ရဲ့ရန်သူအဖြစ်သာ သတ်မှတ်မထားဘူးဆိုရင် မိန်းကလေးတွေထဲကတစ်ယောက်ကတော့ စုပေကို လက်မအကြီးကြီး တကယ်ကြီးပေးလိုက်ချင်တာပါပဲ။

-----

“ဒါကကျောင်းသူတွေရဲ့ သာမန်သဘောထားကွဲလွဲတာမျိုးမဟုတ်ဘူး ဆိုပေမယ့် ငါ့ကိုတစ်ဖက်သတ် တိုက်ခိုက်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှုပဲ။ သူတို့လုပ်ခဲ့တာတွေက ရည်ရွယ်ချက်ရှိရှိထိခိုက်စေမှုလို့ သတ်မှတ်နိုင်တယ်ဆိုတာ ဗီဒီယိုက အကောင်းဆုံးသက်သေပဲလေ”

“အင်တာနက်ပေါ်က ကောလဟာလတွေလည်းရှိသေးတယ်။ အဲဒါတွေက ငါ့ရဲ့ဂုဏ်သိက္ခာကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတာမျိုးတွေ ဖြစ်စေတယ်။ ဒါကြောင့်မို့ ငါ့ရဲ့လူ့အခွင့်အရေးတွေကို ဖျက်လိုဖျက်ဆီးနဲ့ ထိပါးလာမှုအတွက်လည်း တရားစွဲလို့လည်း ရသေးတယ်” စုပေက ကျိုးဟုန်မိန်ရဲ့အဖွဲ့ကို ထောက်ပြလိုက်တယ်။

စုပေရဲ့ထောက်ပြမှုကို မိန်းကလေးတစ်ယောက်က စိတ်ပျက်စွာနဲ့ပြန်လည်တုံ့ပြန်လာခဲ့တယ်
“နင်...သောက်ရေးမပါလိုက်တာ! အဲဒီ post မှာတင်တဲ့သူ နာမည်တောင်မပါတာကြီး လူတိုင်းက တရားခံဖြစ်နိုင်တာပဲလေ ပြီးတော့ အတန်းထဲက လူတွေအကုန်လုံးလည်း နင့်ရဲ့ပြည့်တန်ဆာအလုပ်နဲ့ ပတ်သတ်ပြီး အတင်းအဖျင်းတွေ ပြောနေကြတာ နင်ကဘာအားကိုးနဲ့ ငါတို့ကိုလာစွပ်စွဲနေတာလဲ!”

သူတို့စကားတွေကိုကြားပြီး စုပေကနှာခေါင်းရှုံ့လိုက်မိတယ်။ ဘာလို့လည်းဆိုတော့ သူမလည်း အခုထိဘယ်သူတင်လိုက်တယ်ဆိုတာကို မသိဘူး။ စုပေက မထီသလိုမျက်နှာပေးနဲ့ သူမရှေ့က မိန်းကလေးတွေကို ကြည့်ပြီးပြောလိုက်တယ် “ဒီလို အမည်မသိအကောင့်တုတစ်ခုသုံးလိုက်တာနဲ့ ကောလဟာလတွေကို ဘယ်သူကစပြီးတင်လိုက်တယ်ဆိုတာကို ခြေရာခံလို့မရနိုင်လောက်ဘူးလို့ နင်တို့က အဲလိုလွယ်လွယ်လေး ထင်လိုက်တာလား?”

အဲဒီအချိန်မှာ လူအုပ်ကြီးထဲကို ပျော်မြူးစွာနဲ့တိတ်တဆိတ်ဝင်နေတဲ့ ရှုရှန်းရှန်းတစ်ယောက် သွေးပျက်သွားလေတယ် : စုပေ ပြောနေတာတွေက ပေါက်ကရတွေပဲ ဟုတ်တယ်မှတ်လား?

သေချာပေါက် ဘယ်ဟုတ်လိမ့်မလဲ။

အင်တာနက်ပေါ်ကနေ လုပ်လိုက်တဲ့ဘယ်အရာမဆို အမြဲတမ်းလက်စလက်နကတော့ ကျန်နေစမြဲပဲလေ။ သူမ တစ်ခြားကမ္ဘာမှာ လေးနှစ်လောက်နေခဲ့ချိန်တုန်းက စုပေက ‘Red Hacker’ ဆိုတဲ့စာအုပ်အပါအဝင် စာအုပ်တွေ အများကြီးကို ဖတ်ဖူးခဲ့တယ်။ သူမကို ကွန်ပြူတာတစ်လုံးသာပေးကြည့်လိုက် သူမကငါးမိနစ်အတွင်းမှာပဲ ဘယ်သူဗီဒီယိုကို တင်လိုက်တယ်ဆိုတာ ရှာနိုင်တဲ့အထိ စုပေကယုံကြည်ချက်ရှိလေတယ်။

“နင့်မှာအစွမ်းအစရှိရင် ကိုယ့်ဘာကိုယ်စစ်ကြည့်လိုက်လေ” ယုံကြည်မှုကင်းမဲ့စွာနဲ့ ကျိုးဟုန်မိန်က ဆွပေးလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ post ကသူမတင်တာမှမဟုတ်တာ။ စုပေကစစ်ချင်တယ်ဆိုရင်လဲ လုပ်ပလေ့စေပေါ့။ တကယ်တော့ သူမလည်း ဒီအိုးကို ဘယ်ကောင်မက ပစ်ချလိုက်လဲဆိုတာ သိချင်နေတာပဲလေ။

“တိတ်တိတ်နေကြစမ်း...ငါမင်းတို့ကို ဒီကိုလာခိုင်းတာ ပြဿနာကို ဖြေရှင်းဖို့နော် ပိုဆိုးစေဖို့မဟုတ်ဘူး!” ကျောင်းအုပ်ကြီးက နှစ်ဖက်စလုံးကို စိတ်ဆိုးမာန်ဆိုးနဲ့ တားမြစ်လိုက်တယ်။

“ဒါဆို ကျောင်းကဘာလုပ်ပေးမှာလဲ?” စုပေကမေးလိုက်တယ်။

စုပေရဲ့မေးခွန်းက ကျောင်းအုပ်ကြီးကို ဒုက္ခရောက်စေတယ်။

အစကတော့ ကျောင်းက စီစဉ်ထားတာက နှစ်ဖက်စလုံးက ကျောင်းသူတွေကို ရုံးခန်းခေါ်ပြီး သူတို့ကို ပြင်းပြင်းထန်ထန် ဆူပူကျိန်းမောင်းကာ ဒီဖြစ်ရပ်က ဘယ်လောက်ပြင်းထန်လဲဆိုတာကို သူတို့ကိုနားလည်စေချင်တာပဲဖြစ်တယ်။ ပြီးမှ ကျောင်းသူတွေကို ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ခြင်း အစီရင်ခံစာကို ရေးခိုင်းကာ ဒီဖြစ်ရပ်တစ်ခုလုံးက အပျော်သဘောစနောက်မှုသက်သက်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်စေပြီး ထိုမှသာ ကျောင်းအပေါ်ကျလာမယ့် ဖိအားတွေကို လျော့ချနိုင်မှာဖြစ်တယ်။

အစကတော့ ကျောင်းအုပ်ကြီးချန်က ဒီကျောင်းသူလေးတွေကို သူ့အစီအစဉ်တိုင်းပဲ လိမ်လိမ်မာမာလိုက်နာအောင် လုပ်ရတာက လွယ်ကူလိမ့်မယ်လို့ ထင်နေမိတာဖြစ်တယ်။ မထင်မှတ်ပဲ စုပေလို မာနကြီးခေါင်းမာတဲ့သူမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိလေဘူး။

“ကျွန်မပြောခဲ့သလိုပဲ ကျိုးဟုန်မိန်နဲ့သူမအဖွဲ့တွေရဲ့ တရားမဝင်လုပ်ရပ်က ရည်ရွယ်ချက်ရှိရှိထိခိုက်စေမှုလို့ သတ်မှတ်လို့ရတာပဲလေ။ တကယ်လို့ ကျောင်းကသာ ဒီကိစ္စအတွက် ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင် ကျွန်မဘာသာပဲ ရဲခေါ်လိုက်တော့မှာ”

“မင်း -” စုပေရဲ့စကားက ကျောင်းအုပ်ကြီးကို ဆို့နင်သွားစေတယ် : သူတို့ သူမကို ရဲစခန်းကိုသွားဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် ဒီကိစ္စကို ပိုဆိုးသွားစေရုံပဲရှိမှာမလား?

“စိတ်မပူပါနဲ့...ဒီကိစ္စကို ကျောင်းက သေချာကိုင်တွယ်မှာပါ”

အဲဒီနေ့ နေ့လည်ခင်းမှာ ကျိုးဟုန်မိန်နဲ့သူမအဖွဲ့ထဲက မိဘတွေအကုန်လုံး ကျောင်းကိုအခေါ်ခံကြရတယ်။ ကလေးတွေရဲ့ ရန်ပွဲကြောင့် ကျောင်းကသူတို့ကို ခေါ်တာမို့လို့ အချို့သောမိဘတွေက မပျော်နိုင်ကြဘူး။

“ဆရာ...တစ်ခုခုဖြစ်တယ်ဆိုရင် ကျွန်တော်တို့ကို ဖုန်းဆက်လို့ရတာပဲလေ ဘာဖြစ်လို့ကျောင်းကို လာခိုင်းရတာလဲ?”

“ဟုတ်ပါ့ ဆရာကလည်း ဘာဖြစ်တာလဲဆိုတာမြန်မြန်ပြောပေးပါဗျာ။ ကျွန်တော်စက်ရုံကို ပြန်သွားရအုံးမှာမို့လို့ပါ။ ကျွန်တော်အလုပ်က အကြာကြီးထွက်လာမိရင် သူတို့က နေ့ဝက်စာလုပ်အားခကို လျော့ပစ်ကြမှာဗျ”

“ခင်ဗျားတို့ကလေးတွေက တစ်ခြားကျောင်းသူလေးကို ဝိုင်းရိုက်လို့ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ခင်ဗျားတို့ကို ဒီကိုလာဖို့ ကျွန်တော်တို့ဖက်က ခေါ်လိုက်တာပါ” ဒီလိုယဉ်ကျေးမှုမရှိတဲ့မိဘတွေနဲ့ တွေ့နေရတော့ အတန်းပိုင်ဆရာခမျာ သူ့ဒေါသတွေကို ချုပ်တီးထားနေရတယ်။

ဒီလိုကြားလိုက်ရတဲ့နောက်တော့ မိဘတွေက သူတို့နားမှာရပ်နေတဲ့ ပိန်သွယ်သွယ်ကလေးမလေးကို တစ်ချက်ကြည့်မိလိုက်ကြတယ်။

“ဆရာပြောတာ သူမကအရိုက်ခံရတယ်?” မိဘတစ်ယောက်က စုပေကိုလက်ညှိုးထိုးပြီး ပြောလိုက်တယ် “အခုသူမဒီမှာရပ်နေတာ အကောင်းတိုင်းကြီးပဲ မဟုတ်ဘူးလား?”

“ဟုတ်တယ် သူမက အရိုက်ခံထားရတဲ့ပုံလည်းမပေါက်ပါဘူး”

“ကလေးအချင်းချင်း ရန်ဖြစ်တာကတော့ သာမန်ကိစ္စလေးပဲမဟုတ်ဘူးလား? ဒီကောင်မလေးပုံစံက ပိန်ပိန်သေးသေးလေးရယ် သေချာပေါက်ကို လွယ်ကူတဲ့ပစ်မှတ်တစ်ခုပဲပေါ့။ ကျွန်တော်ကျောင်းတုန်းကဆိုရင် အရပ်အရမ်းပုလို့ဆိုပြီး အမြဲတမ်းအရိုက်ခံရတာပဲလေ”

“ငါတို့ကလေးတွေကို ကျောင်းကို စာသင်ဖို့လွှတ်လိုက်ကတည်းက သူတို့ဘာတွေဖြစ်ဖြစ် ကျောင်းကကျိန်းသေပေါက် တာဝန်ယူပေးရမှာပဲ။ သူတို့က ကျောင်းမှာရန်ဖြစ်တယ်ဆိုရင် ဒါကဆရာတို့ဖက်က ဖြေရှင်းပေးရမယ့် ကိစ္စလေ”

“ဆရာ... တစ်ခြားကိစ္စမရှိဘူးဆိုရင် ကျွန်တော်ပြန်ပြီ”

.....

“ခဏနေကြအုံး!” ဒီလိုမစဉ်းစားမဆင်ခြင်တတ်တဲ့မိဘတွေကြောင့် အစတုန်းက ဘေးနားမှာရပ်နေတဲ့ ကျောင်းအုပ်ကြီးတောင်မှ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူး။ အချိန်တော်တော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ တရားမျှတမှုအသိအမြင်တွေက သူ့အတွင်းထဲကနေ လှိုက်တက်လာလေတယ်။

“ခင်ဗျားတို့ရဲ့ကလေးတွေက ကျောင်းမှာတစ်ယောက်ယောက်ကို ရိုက်နှက်တာက လုပ်သင့်တာမျိုးလို့ ခင်ဗျားပြောချင်တာလား? သူတို့က သူတို့အတန်းဖော်ကို အိမ်သာထဲကို ဆွဲခေါ်လာပြီး အနာတရာဖြစ်လောက်တဲ့အထိ သူမကို ရိုက်နှက်ကြတာလေ။ ဒါက ရည်ရွယ်ချက်ရှိရှိထိခိုက်စေမှု ရာဇဝတ်မှုပဲ! သူတို့က ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်သေးတယ် ပြီးတော့ ကောလဟာလတွေကို ဖျက်လိုဖျက်ဆီးနဲ့ ဖြန့်ကြသေးတယ်။ အဲဒါလည်း နောက်ထပ် ရာဇဝတ်မှုပဲ! ဒီလိုကျောင်းသားမျိူးတွေကို ကျုပ်တို့က ကျောင်းထုတ်ပစ်ရမှာ”

ကျောင်းအုပ်ကြီးရဲ့စကားလုံးတွေကြောင့် မိဘတွေရဲ့မျက်နှာအမူအရာတွေက ပြောင်းလဲသွားလေတယ် “ဆရာ...ဆရာ့စကားတွေက လွန်လွန်းပါတယ်။ ကျွန်တော်တို့က ကျူရှင်ကြေးသွင်းထားပြီးသားလေ ကျွန်တော်တို့ကလေးတွေကို ဘယ်လိုလုပ်ကျောင်းထုတ်လို့ရမလဲ? ကောင်းပြီလေ ဒါကကလေးတွေကြားက ရန်ပွဲတစ်ခု မဟုတ်ဘူးပဲထားပါ ရာဇဝတ်မှုဆိုတာကတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ပေါက်ကရတွေ”

“ရှင်တို့ကလေးတွေက အသက် ၁၄နှစ် ရှိနေပြီ။ ၁၄နှစ် အရွယ်ကလေးတစ်ယောက်က ရာဇဝတ်မှုအချို့ကို သူကိုယ်တိုင်ကျူးလွန်ထားပြီးပြီ။ ပြီးတော့ သူတို့တွေကို ကလေးငယ်လေးတွေလို့ မပြောစမ်းပါနဲ့။ ဒီနေ့က ကျောင်းတွင်းအကြမ်းဖက်မှုပဲဖြစ်သေးတာ အကယ်၍များ သူတို့ဒီလိုမျိုးတွေပဲ ဆက်လုပ်နေမယ်ဆိုရင် သူတို့ကြီးလာတဲ့အခါကျ လူသတ်သမားတို့ မီးရှို့တဲ့သူတို့ ဖြစ်မလာနိုင်ဘူးလား?!”

“ရှင်တို့က မိဘတွေဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် ကျွန်မတို့ကိုင်တွယ်ဖြေရှင်းမယ်။ ဒီကိစ္စကို ကျောင်းကဖြေရှင်းရမယ်ဆိုရင်တော့ ရဲတွေကိုသတင်းပေးလိုက်တာပဲဖြစ်မှာ” သူမစကားလုံးတွေက ထိရောက်စွာနဲ့ မိဘတွေကို ထိတ်လန့်သွားစေတယ်။

“ဘာဖြစ်လို့ရဲခေါ်ရမှာလဲ!”

“ရဲမခေါ်ပါနဲ့ ကျွန်တော်တို့ကလေးက တစ်ခြားကလေးကို ရိုက်နှက်မိရုံပဲမလား? ဒါဆို ကျွန်တော်လျော်ကြေးပေးလိုက်မယ်လေ။ ကျွန်တော်တို့ သူမကို ပိုက်ဆံပေးလိုက်ရင် ရပြီမလား?”

အဲဒါကိုကြားတော့ ကျောင်းအုပ်ကြီး စိတ်ပျက်သွားတော့တယ် “ဒီကိစ္စက ဘယ်လောက်ပြင်းထန်သလဲဆိုတာ ခင်ဗျားလုံးဝကို နားမလည်ဘူးပဲ။ ဒါက ပိုက်ဆံနဲ့ဖြေရှင်းရမယ့် ပြဿနာလား?”

“ကျွန်မ လက်ခံတယ်”

အဲဒီအချိန်မှာပဲ စုပေရဲ့အသံက ရုံးခန်းထောင့်ကနေ ရုတ်တရက်ထွက်ပေါ်လာတော့ ရှိသမျှ လူအကုန်လုံး အံ့သြမှင်သက်ကုန်ကြတယ်။

“စုပေ...သမီးသေချာစဉ်းစားနော် သူတို့မိဘတွေက လျော်ကြေးပေးလိုက်ရင် နောက်ကျ ဒီကိစ္စကို ခြေရာခံလိုက်ဖို့က လွယ်ကူတော့မှာမဟုတ်ဘူး”

“သမီး သိပါတယ်” စုပေက ကျေနပ်နေတဲ့မျက်နှာပေးနဲ့ ကျောင်းအုပ်ကြီးကို ကြည့်လိုက်ပြီး “သူတို့ သမီးကို ပိုက်ဆံပေးလို့ ရပါတယ်”

“ကောင်းပြီ” ကျောင်းအုပ်ကြီးက အနည်းငယ်တွန့်ဆုတ်နေပြီးနောက်တော့ ခေါင်းညိတ်လိုက်တယ်။

အခု သူမကအရမ်း စိတ်လှုပ်ရှားနေတယ်။ ကျောင်းအနေနဲ့က ရဲတွေခေါ်ရလောက်တဲ့အထိ ဒီကိစ္စကို သိပ်မကြီးကျယ်စေချင်ဘူး။ ရဲခေါ်လိုက်တယ်ဆိုရင်တောင်မှ ပြစ်မှုကျူးလွန်သူတွေကလည်း အသက်မပြည့်သေးဘူးလေ။ ရဲတွေအနေနဲ့ အများဆုံးလုပ်မှ သတိပေးတာလောက်နဲ့ လျော်ကြေးပေးခိုင်းရုံပဲရှိမှာ။ ဒါကြောင့် အခုချိန်မှာ ဒီမိဘတွေကနေ ပိုက်ဆံတစ်ချို့ ပေးလိုက်စေခြင်းကသာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်တယ်လေ။

“ကြည့်လေ...ငါပြောသလို ဒီကိစ္စက အေးအေးဆေးဆေးပြီးသွားတာပဲမလား? ငါပိုက်ဆံပေးမယ်။ ယွမ် ၁၀၀ ဆိုလုံလောက်ပြီလား?” မိဘတစ်ယောက်က မေးလိုက်တယ်။

“၁၀၀ ထဲလား?” ကျောင်းအုပ်ကြီးက အဲဒီမိဘကို အေးစက်စက်စိုက်ကြည့်လိုက်တယ် “ခင်ဗျားရဲ့ကလေးက သူမကို ဘယ်လိုရိုက်နှက်လိုက်တာကို ခင်ဗျားမမြင်ဘူးလား?! အခုခေတ်ကြီးက ကျေးလက်ဆေးရုံမှာ CT scan ဖတ်ရင်တောင်မှ ယွမ် ၁၀၀ အထက်ကုန်ကျတယ်!”

“ဒါဆို ဘယ်လောက်လည်း? ဆရာတို့ကပဲ ကျွန်တော်တို့ကို ပမာဏပြောလိုက်ပါ”

.....

နောက်ဆုံးတော့ မိဘတစ်ယောက်ချင်းစီက သူတို့အိတ်ကပ်ထဲကနေ ရင်နာနာနဲ့ထုတ်ပေးရတဲ့ ယွမ် ၂၀၀ စီကို လက်ဆောင်အဖြစ် ရရှိခဲ့တယ်။ ကျိုးဟုန်မိန်နဲ့သူမအဖွဲ့ဝင်တွေက အဓိကပြစ်မှုမှတ်တမ်းဆိုတာတွေ လက်ခံနေရချိန် စုပေကတော့ စုစုပေါင်း ယွမ် ၂၀၀၀ လောက်ကို ရရှိခဲ့လေတယ်။ ပိုက်ဆံထုတ်လေးကို ကိုင်ထားရင်းနဲ့ စုပေက အရမ်းကို စိတ်သက်သာရာရသလို ခံစားနေရတယ်။ ဒီငွေတွေနဲ့ဆိုရင် သူမနဲ့စုရှောင်ပေါင်တို့ B မြို့ကိုသွားတဲ့အချိန် သူတို့အဖေကို ချက်ချင်းရှာမတွေ့နိုင်သေးဘူးဆိုရင်တောင်မှ တည်းခိုခန်းတစ်ခုမှာ အချိန်တစ်ခုလောက်ထိ နေထိုင်ဖို့အတွက် လုံလောက်နေပြီဖြစ်တယ်။ သူမနှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးညွတ်သွားပြီးနောက် စုပေက ပိုက်ဆံကို သူမအိတ်ကပ်ထဲကို ထည့်လိုက်တော့တယ်။

“စုပေ...ငါ့မိသားစုပိုက်ဆံတွေကို နင်ခိုးလိုက်တာ!” ကျိုးဟုန်မိန်က ရုတ်တရက် စုပေဆီကို ပြေးသွားတယ်။

“ဖြန်း-”

ကျယ်လောင်တဲ့ထိခတ်သံတစ်ခု ပေါ်ထွက်လာတယ်။ အဲဒါက ကျိုးဟုန်မိန်က စုပေကို ရိုက်လိုက်တာမဟုတ်ပဲ စုပေက ကျိုးဟုန်မိန်ကို ရိုက်လိုက်တာသာဖြစ်တယ်။ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ သူတို့နားကလူတွေအပြင် သူတို့ပိုက်ဆံလေးတွေနဲ့ အခုလေးတင် ခွဲခွာလိုက်ရတဲ့ မိဘတွေပါက ကြောင်တောင်တောင်ဖြစ်ကုန်ကြတယ်။

ဒီကောင်မလေးက တော်တော်ကြမ်းတမ်းတာပဲ သူတို့ကလေးတွေက သူမကို အနိုင်ကျင့်တာရော ဟုတ်ရဲ့လား? တကယ်ကြီး လိမ်လည်နေတာမဟုတ်ဘူးလား?

-----

စုပေရဲ့တုံ့ပြန်မှုက လျင်မြန်သလို ရုံးခန်းထဲက ထွက်လာတဲ့ ဆရာကလည်း မြန်မြန်ဆန်ဆန်  ပိတ်ဆို့လိုက်နိုင်တယ်။ အရိုက်ခံလိုက်ရတဲ့ ကျိုးဟုန်မိန်ခမျာ အသိပြန်ဝင်လာပေမယ့် သူမမှာပြန်လည် တိုက်ခိုက်ဖို့ရာ အခွင့်အရေးမရှိလေဘူး။ နောက်ထပ်ကျယ်လောင်တဲ့အသံနှင့်အတူ သူမရဲ့နောက်ပါးတစ်ဖက်လည်း အရိုက်ခံလိုက်ရပြန်တယ်။ ဒါကတော့ ကျိုးဟုန်မိန်ရဲ့အဖေက ရိုက်တာဖြစ်ပြီး စုပေရိုက်ချက်ထက် ပိုပြီးပြင်းထန်တယ်။

“ငါတယ်...ရှက်စရာကောင်းလိုက်တာနော်... အခုအိမ်ပြန်မယ်!” သူက ကျိုးဟုန်မိန်ရဲ့အနိုင်ကျင့်မှုကြောင့် နည်းနည်းလေးတောင် စိတ်မဆိုးဘူး။ ဘာကစိတ်တိုစေလဲဆိုတော့ သူမက သူ့ကိုပြဿနာတက်စေတဲ့အပြင် သူ့ရဲ့ငွေတွေကိုပါ ဆုံးရှုံးသွားအောင် လုပ်တာကြောင့်ဖြစ်တယ်။

-----

“စုပေ.....”

“ငါသွားလို့ရပြီလား” စုပေက သူမကို တားဆီးချင်နေတဲ့ ဒုတိယတန်းစားရောဂါရှိသောကောင်လေး ရှုလန်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး သူ့ကိုကျော်ကာ စုရှောင်ပေါင်ဆီသို့ အပြေးလေးသွားလိုက်တယ်။

“နင်အဆင်ပြေရဲ့လား?” စုရှောင်ပေါင်က စုပေကို ဂရုတစိုက်နဲ့ စစ်ဆေးပြီး စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

“သေချာတာပေါ့ ငါအဆင်ပြေပါတယ်။ ငါငွေတွေအများကြီးတောင်ရလာသေးတယ်။ ဒီမှာကြည့်” စုပေက သူမအိတ်ကပ်ထဲက အထုတ်လေးကို ထုတ်ပြီး စုရှောင်ပေါင်ရှေ့မှာ လှုပ်ရမ်းပြလိုက်တယ်။

“နင်အဆင်ပြေရင်ပြီးတာပါပဲ” ပိုက်ဆံကတော့ သူကြိုက်တဲ့အချိန် ရှာလို့ရတာပဲလေ။

“သွားကြစို့” နေ့လည်ခင်းတစ်ခုလုံး ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ငြင်းခုံရင်းနဲ့ အချိန်တွေ ကုန်သွားပြီးနောက်တော့ စုပေက စုရှောင်ပေါင်ကို အိမ်ပြန်ခေါ်လာခဲ့တယ်။

အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က သူတို့လမ်းကို ပိတ်ရပ်လိုက်တယ်။

သူကတော့ ကျိုးဟုန်မိန်လက်အောက်က တစ်ယောက်ပဲဖြစ်တယ်။

“စုပေ...အစ်မမိန်က နင့်ကို စကားပါးခိုင်းလို့ ငါလာပြောတာ။ သူမက နင့်ကိုအလွတ်မပေးဘူးတဲ့။ ဒီကျောင်းမှာ နင်သူ့ကို နောက်တစ်ကြိမ်ထပ်မတွေ့စေနဲ့တဲ့!” သူမက ရှုရှန်းရှန်းပဲဖြစ်တယ်။ ကျိုးဟုန်မိန်က အိမ်ကိုဆွဲခေါ်ခံလိုက်ရတော့ လက်အောက်ငယ်သားလေးက ဒုတိယခေါင်းဆောင် ဖြစ်လာတော့တယ်။

ဒါကိုကြားပြီးနောက် စုပေကပြုံးလိုက်တယ်။

“တကယ်ကြီးလား?” အခုချိန်မှာလည်း သူမဒီနေရာမှာ ဆက်နေဖို့ ဘာအစီအစဉ်မှ မရှိတော့ဘူး။

မသွားခင်လေးမှာပဲ စုပေက ရှုရှန်းရှန်းအတွက် စကားတစ်ခွန်း ချန်ထားခဲ့တယ် “အင်တာနက်ပေါ်မှာ post တင်တဲ့သူက နင်မလား?”

22.9.2020
Tuesday

_____

Thanks 😉

Continue Reading

You'll Also Like

367K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
18.9K 1.4K 51
Manhua Adaptation of The Man from Hell novel
871K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...