{Zawgyi}
"ငါဘာဖြစ်နေလို့လဲ....."
သူ့အတွေးကတသတ်မတ်ထဲ.....
"ငါနဲ့ သူငယ်ချင်းလုပ်....."
__________________________
တကယ့်မလွယ်ကြောလေး......
___________________
"မာမားရေ.....မာမား....."
"မင်းက Gayလား အသေးလေး"
"မဟုတ်ပါဘူး...."
"မgayဘူးဆိုဘာလို့....."
"ဒါဆို မင်းကရော Gayလား"
"ချစ်လို့ပါ..."
အန်နုအဖြေကရှင်းသည်.....
_____________________
_________________________
တိုသွားပြီ😑
___________________________
{Unicode}
"မင်းဘာဖြစ်ချင်နေတာလဲ......."
စုန့်ရိသူ့ရှေ့က စာရေးစားပွဲကိုလက်ထောက်ကာမေးတင်ထားသည့် ကောလုကိုကြည့်ပြီးမေးလိုက်ခြင်း.....
သူတို့နှစ်ယောက်ရုံးခန်းရောက်တဲ့နေ့ပြီးထဲက ကောလုက သူ့အားအရေးတယူ စကားအမြဲလာလာပြောတယ်.......
အကြောင်းရင်းကားရေရေရာရာမရှိ.......
သူဒီလိုလုပ်နေတာ ၂ပတ်လောက်ပင်ရှိနေပြီ.....
"ငါဘာဖြစ်နေလို့လဲ....."
"မင်းကိုငါမေးရပေါင်းများပြီ ချန်းကောလု....မင်းငါ့ဆီကဘာလိုချင်လို့လဲ....."
"လိုချင်ရအောင်မင်းမှာဘာရှိလို့တုန်း....."
ချန်းကောလု စုန့်ရိအကြောင်းစုံစမ်းထားသည်မှာ လွန်ခဲ့တဲ့၂ပတ်ထဲက.....
စုန့်ရိဟာ မိဘမဲ့တစ်ယောက်ဖြစ်ပြီး....သူ့မိဘတွေက သူငယ်ငယ်ကကားမှောက်ပြီးဆုံးသွားရခြင်း....
အကြောင်းကား သူ့မိဘတွေရဲ့စီးပွားပြိုက်ဖက်က လုပ်ကြံလိုက်ခြင်း......
စုန့်ရိဟာ သူ့မိဘတွေဆုံးပြီးနောက် အဒေါ်နဲ့အတူနေရသည်......
ဒါပေမဲ့ သူ့အဒေါ်ကအမွေတွေကိုမောင်ပိုင်စီးပြီး သူ့ကိုကောင်းကောင်းမွန်မွန်မဆက်ဆံခဲ့......
နောက်ဆုံး စုန့်ရိကအဒေါ်အိမ်ကဆင်းလာပြီး ကိုယ့်ဖာသာ အဆောင်ငှားနေသည်....
ဒါ ကောလုသိရတဲ့ စုန့်ရိရဲ့အကြောင်းစုံပဲ....
စုန့်ရိက ချမ်းသာတဲ့လူတွေကို မုန်းတယ်တဲ့......ကိုယ့်ထက်အားနည်းတဲ့လူတွေကိုအနိုင်ကျင့်လို့တဲ့......
သူ့အတွေးကတသတ်မတ်ထဲ.....
သူချမ်းသာတဲ့လူတွေနဲ့မပက်သက်ချင်ဘူး.......
ကောလုကလည်း ဒီလိုလူမျိုးကိုမှ ခင်ချင်သည်......
သူ့အတွက်အထူးအဆန်းပေပဲမို့.....ခင်ချင်သည်လား...
ဒါပေမဲ့ စုန့်ရိအနားမှာရှိရင်တော့ စိတ်သက်သာရာရသလိုခံစားမိသည်....
ဟန်ဆောင်မှုတွေကင်းသည်မို့......
"ငါ့မှာဘာမှမရှိလို့ကို မင်းကိုဒီမေးခွန်းမေးရတာပေါ့......."
"ငါနဲ့ သူငယ်ချင်းလုပ်....."
"မလုပ်နိုင်ဘူး.....ချမ်းသာတဲ့လူတွေနဲ့ငါမပက်သက်ချင်ဘူး......"
သို့နှင့်ဒီတစ်ခါလည်း ကောလုအငြင်းခံရပြန်ပြီ....
__________________________
"အဆိုးလေး.....မင်းအိမ်မပြန်တော့ဘူးလား....."
အန်နု အိပ်ရာပေါ်တွင် ကန့်လန့်အိပ်နေသော သူ့ခရမ်းရောင်လေးအား မေးလိုက်ခြင်း....
သူ့တိုက်ခန်းပေါ်ပြောင်းလာသည်က လွန်ခဲ့တဲ့ တလလောက်ထဲက.......
ကျောင်းဖွင့်ရက်တွေအကုန် အန်နုတိုက်ခန်းတွင်အတူနေပြီး ပိတ်ရက်တစ်ရက်ကိုတော့ သူ့အိမ်သူပြန်လေသည်....
ဒီနေ့က ကျောင်းပိတ်ရက်မို့ ခရမ်းရောင်လေးကိုသူနှိုးရသည်......
"Gegeကလည်းဗျာ....5မိနစ်ပဲ....5မိနစ်.."
ပြောပြီးသည်နှင့်ပြန်လှည့်အိပ်သွားသော ခရမ်းရောင်လေးက တကယ်အဆိုးလေးပါပဲ
အန်နု ကုတင်ပေါ်တက်သွားကာ ခရမ်းရောင်လေးအား မထိတထိမျက်နှာအနှံ့ကိုလိုက်နမ်းလေသည်.....
"အာ.....ခဏ...ခဏ...မလုပ်နဲ့ဆို..Gege....ကျွန်တော်အိပ်ချင်သေးတယ်လို့...."
သို့နှင့် နမ်းတဲ့သူကနမ်းအတင်းရှောင်တဲ့သူကရှောင်နှင့် မွေ့ယာတစ်ခုလုံး ရှုပ်ပွနေပြီ....
နောက်ဆုံး ရူချင်းကမနေသာတော့ဘဲ စူပုပ်ပုပ်ဖြင့် ထလေသည်....
"Gegeအကျင့်မကောင်းဘူးဗျာ....သူများအိပ်နေတာကို.....ပြန်လုပ်ရမှကျေနပ်မယ်...."
"ဟား ဟား...အဆိုးလေး....ကိုယ့်ကိုပြန်နမ်းချင်လို့လား လာ လာ..."
အန်နု လက်နှစ်ဖက်ဆန့်ကာ ခေါ်လိုက်တော့ မျက်မှောင်ကြုတ်ကာ သူအားစိုက်ကြည့်လာသည့် ခရမ်းရောင်လေး.......
"ခင်ဗျားကြီးမှတ်ထား....နောက်ခင်ဗျားကြီးGameဆော့နေတဲ့အချိန်ကြရင် တွေ့မယ်....."
ပြောပြီးသည်နှင့် ချာကနဲ ရေချိုးခန်းထဲဝင်သွားသော ခရမ်းရောင်လေးက သူ့အားခြိမ်းခြောက်သွားသေးတာ......
အန်နု ရယ်လျက်သာကျန်နေခဲ့သည်......
တကယ့်မလွယ်ကြောလေး......
___________________
"မာမားရေ.....မာမား....."
အိမ်ထဲမရောက်ခင်ပင် အိပ်အဝင်ဝကကြိုကြားရသော သူ့သား၏အသံကြောင့် ကျင်းသခင်မကြီးပြုံးလိုက်မိသည်.....
ဒီနေ့သူမသား သူမကိုလာတွေ့မဲ့နေ့ပဲ....
ကျင်းသခင်မကြီး အနားရောက်လာတော့ ကြောင်ပေါက်တစ်ကောင်အလား ဖက်ကာစချွဲလေတော့သည်....
သူမရဲ့တစ်ဦးတည်းသောသားပေပဲမို့ သူမအလိုလိုက်မိတာလည်မမှားပါဘူး...
ဒီကလေးကိုကချစ်စရာကောင်းနေတာကိုး...
"မာမား......ကျွန်တော်ကလွမ်းနေတာ....."
"အပိုတွေလာမပြောပါနဲ့ အသေးလေးရယ်.....မင်းမာမားကိုလွမ်းမှတော့ အိမ်မှာပဲနေမှာပေါ့...."
"ဟီး....မာမားကိုမိတ်ဆက်ပေးဖို့ လူတစ်ယောက်ခေါ်လာတယ်...."
"ဟုတ်လား.....ဘယ်သူလဲ....သူငယ်ချင်းလား...."
"မဟုတ်ဘူး.....ကျွန်တော့်ချစ်သူ...."
ဒီတစ်ခါတွင်တော့ ကျင်းသခင်မကြီးမျက်နှာတည်သွားရသည်.....
သူမသားက သူမကိုမိတ်ဆက်ပေးဖို့ ချစ်သူခေါ်လာသည်တဲ့......
သူမရင်ခွင်ထဲက သူမသားကိုဆွဲထုတ်သွားတော့မဲ့ မိန်းကလေးကဘယ်သူလဲဆိုတာတော့ သူမသိချင်သား.....
"မင်းက ချစ်သူတောင်ရနေပြီလား......"
"ဟုတ်ကဲ့.....ကျွန်တော်က မာမားကိုအစထဲကမိတ်ဆက်ပေးချင်နေတာ......"
"သွား...သွားခေါ်လာခဲ့ချေ.....မင်းလို လူမျိုးက ချစ်သူတော်တဲ့လူဆိုတော့ မာမားကလည်း အကဲခတ်ပေးရမှာပေါ့......"
သူမစကားလည်းဆုံးရော ခုန်ပေါက်ကာ အပြင်ပြေးထွက်သွားတဲ့ သားဖြစ်သူရဲ့နောက်ကျောကိုကြည့်ပြီး...သူမပြုံးမိပါသည်.....
သူမသားက တက်တက်ကြွကြွနဲ့ ပြုံးပျော်နေသည်က မြင်ရခဲသည်မို့.....
သူမသားကို ပြုံးပျော်အောင်စွမ်းဆောင်နိုင်တာ ဘယ်လိုလူများပါလိမ့်......
ကျင်းသခင်မကြီး အခုထိပါးစပ်အဟောင်းသားဖြင့်...
နေပါဦး အသေးလေးက သူ့ချစ်သူကိုမိတ်ဆက်ပေးမယ်ပြောတာလေ....
အခုရှေ့မှာ ထိုင်နေတဲ့ လူငယ်လေးက ဘယ်သူတုန်း......
"မာမား ဒါ ကျွန်တော့်ချစ်သူလေ....ချန်းအန်နုတဲ့..."
"Gege....ဒါကျွန်တော့်မာမားလေ...."
ကျင်းသခင်မကြီး နားကြားမှားတာလားဟုထင်မိသည်....
ဒါပေမဲ့ သူမမျက်စိရှေ့မှာ မြင်နေရတဲ့ လူငယ်လေးဟာ သူမကို ယဉ်ယဉ်ကျေးကျေးပြုံးပြလာခဲ့ပါသည်......
"အသေးလေး....မာမားကိုရှင်းပြဖို့လိုမယ်ဆိုတာ သိတယ်မလား....."
"ဟုတ်ကဲ့.....မာမားမေးသမျှကိုကျွန်တော်ဖြေပါ့မယ်"
"မင်းက Gayလား အသေးလေး"
"မဟုတ်ပါဘူး...."
"မgayဘူးဆိုဘာလို့....."
ကျင်းသခင်မကြီးရဲ့ မေးခွန်းလားရာသည် အန်နုဆီသို့ဦးတည်လေသည်....
"ဒါဆို မင်းကရော Gayလား"
"အန်တီကGayဆိုတာ ဘယ်လိုစံနှုန်းနဲ့သတ်မှတ်မှန်းတော့မသိပေမဲ့ ကျွန်တော်ကလည်း Gayမဟုတ်ပါဘူး..."
"ဒီဆိုဘာလို့ ငါ့သားနဲ့တွဲရတာလဲ...."
"ချစ်လို့ပါ..."
အန်နုအဖြေကရှင်းသည်.....
ကျင်းသခင်မကြီးက အန်နုရဲ့အဖြေကြောင့် မျက်ခုံးပင့်တက်သွားရသည်။
အန်နု၏မျက်နှာကိုအကဲခတ်ကြည့်တော့ မျက်ဝန်းထဲမှာပြတ်သားခြင်းတွေတွေ့နေရသည်....
"မင်းကိုငါဘယ်လိုယုံကြည်ရမလဲ......"
"ကျွန်တော့်ကိုယုံကြည်ပါလို့မပြောပါဘူး အန်တီ....ဒါပေမဲ့သေချာတာတစ်ခုကတော့ ကျွန်တော်ရူချင်းကိုချစ်တယ်....."
သူမကိုတည့်တည့်ကြည့်ပြီး သူမသားကိုချစ်ကြောင်းပြောနေသည့် ထိုလူငယ်ကို သတ္တိရှိတယ်လို့ချီးမွမ်းရမည်လား....
သူမသားကိုတစ်ချက်ကြည့်မိတော့ ထိုလူငယ်လေးအား ရွှန်းရွှန်းဝေနေသော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေလေသည်.....
ထိုမျက်ဝန်းကတဆင့် သူမသားဘယ်လောက်ပျော်နေသည်ဆိုတာ အမေတစ်ယောက်ပေပဲမို့ ခန့်မှန်းမိပါသည်။
"ဘာမှမစားလာရသေးဘူးမလား.....မင်းရော အသေးလေးရော ညနေစာပါတစ်ခါထဲစားပြီးမှပြန်ပေါ့...."
ပြောပြီးသည်နှင့် စကားဝိုင်းကထထွက်သွားသော ကျင်းသခင်မကြီးက သူတို့အတွက်ရေရာတဲ့အဖြေကိုမပေးခဲ့.....
ဘာပဲဖြစ်ဖြစ် ဒီလောက်ကလည်း ကောင်းတဲ့ဖက်ကိုညွှန်ပြနေသည်မလား......
"Gegeရာ....ချစ်လို့သေတော့မှာပဲ... "
ရုတ်တရက် အကောင်းကြီးကနေ အန်နုအပေါ်တွယ်တက်ကာ ဖက်ထားသော ခရမ်းရောင်လေး......
"ဖယ်ဦး....အန်တီမြင်သွားရင်မကောင်းဘူးလေ....အခုထိကိုယ်တို့ကို သဘောတူသွားတာမှမဟုတ်တာ..."
"Gegeကလည်းတုံးလိုက်တာ.....အခုသဘောတူတယ်လို့မပြောရင်တောင်မကန့်ကွက်သွားဘူးလေ....ဘာလဲ မာမားသဘောမတူရင်Gegeကကျွန်တော့်ကိုမယူတော့ဘူးလား...မရဘူးနော်....Gegeအတင်းငြင်းရင် ကျွန်တော်ကGegeကိုကားတင်ပြေးမှာ...."
ခရမ်းရောင်လေးရဲ့ စကားကြောင့် အန်နု အော်ရယ်မိသည်.....
တွေးလည်းတွေးတတ်ပါပေ့......
_____________________
"ချန်းအန်နုကိုရှာလာခဲ့....ဒီကောင်အဆက်သွယ်မလုပ်တာ....တစ်လကျော်ပြီး ဖုန်းနံပါတ်ကော cardတွေကောအကုန် ထားသွားတယ်"
အခုဘယ်မှာဘယ်လိုနေမှန်းတောင် မြို့တော်ဝန်မသိရ....
ဒါကြောင့်လည်း ချန်းအန်နုနဲ့ ရင်းနှီးတယ်ထင်ရတဲ့ ချန်းလုရှောင်ကိုလိုက်ရှာခိုင်းခြင်း.....
ချန်းလုရှောင် ဖခင်ဖြစ်သူရဲ့စကားကြားမှ အငယ်လေးအား သတိရမိသည်....
ဟုတ်သားပဲ အငယ်လေးကို မတွေ့မိတာ ၁လကျော်သွားပြီပဲ...
ချန်းလုရှောင် ဒီတစ်လလုံးလုံး သူနဲ့ one night standခဲ့ဖူးတဲ့ လူကြီးကို လိုက်ရှာနေခဲ့ခြင်းကြောင့် တခြားအရာတွေကိုသတိမပြုမိခဲ့.....
ဘာကြောင့် ထိုလူကြီးကိုလိုက်ရှာနေရလည်းဆိုတော့...
အင်း စိတ်ဝင်စားလို့လို့ပဲပြောရမလား.....
ပြောရရင် အဲ့နေ့က ချန်းလုရှောင်ရဲ့ ပထမဆုံးအကြိမ်ပင်.......
ချန်းလုရှောင်တစ်ယောက် အတွေးတို့ကို ဖြတ်လိုက်ပြီး သူ့အဖေစကားကိုသာတုံ့ပြန်လိုက်သည်။
"သူ့ကျောင်းကိုသွားစုံစမ်းကြည့်လိုက်ပါ့မယ်....."
"အိမ်ကိုပါအောင်ခေါ်လာခဲ့....."
_________________________
တိုသွားပြီ😑
ဒါပေမဲ့ ဒီမှာဖြတ်မချရင် ဖတ်လို့မကောင်းတော့ဘူး...
ဒါကြောင့်နောက်တစ်ပိုင်းမနက်ဖြန်မှupပေးမယ်နော်
ဖတ်ပေးတဲ့လူတစ်ဦးစီတိုင်းကိုကျေးဇူးတင်ပါတယ်❣️❣️
___________________________