ဂန္တဝင်၌တွယ်ငြိခြင်း (ဂႏၲဝင္၌...

Galing kay HunHan-Angel

170K 26.2K 2.4K

ဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေ... Higit pa

Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40 Final
ဂန္တဝင်မှ ၂၁ရာစု ထံသို့ ပေးစာ
Extra 1

Part 5

4.5K 778 71
Galing kay HunHan-Angel

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း(၅)

ရာဟုသင်္ဂ ၏ စစ်တဲ အတွင်းတွင်
အရက်အိုးများ အမြည်းကောင်းများနှင့်
အမျိုးစုံ စွာ ဧည့်ခံထားသော်လည်း
သီရိကျော်ထင်မှာ ကား ဆူပုတ်နေသည် ။

ဗလကျော်ထင် က သူ့ကို ကြည့်ကာ
တိတ်တိတ်ခိုးရယ်သည်
အကြီးအကျယ်အော် မရယ်ရဲ ။

ထိုခလေး ငယ် စိတ်ဆိုး သွားမာ ကိုကား သူမလိုလားပါ ။

"ဂွက် "

အရက်ကို အိုးလိုက်မော့လိုက်ပြီး ဂွတ်ခနဲမည်အောင် သီရိကျော်ထင် က ဆောင့်ချခြင်း ဖြင့် ဆန္ဒပြသော်လည်း
သူ့အား ဗလကျော်ထင် က
ဂရုထားခြင်းမရှိ ။

လက်ထဲ က ဆတ်သားခြောက်က်ိုသာ
အသေအကြေကိုက်စားနေလေသည်မို့မနေနိုင်သူ သီရိကျော်ထင် က သာ စကားစ ရလေ သည် ။

"နောင်ကြီးဘဲ စဉ်းစားကြည့်ဗျာ "

ဗလကျော်ထင် က ဆတ်သားခြောက်က်ို ကိုက်လျက်ခေါင်းငြိမ့်ပြသည် ။

'ဒီတစ်ညတော့ ဝဋ်ကြွေး ဆပ်ပေရော့
ဗလကျော်ထင်ရေ ...
ဆင်စိီး သူရဲကောင်းမကလို့
ကျားစီးသူရဲကောင်းဘဲ ဖြစ်ဖြစ်
သီရိကျော်ထင် က ကိုယ့်အတွက်တော့ နောက်ဘဝထိလိုက်ရှုပ်မယ့်ဝဋ်ကြွေး
လှလှလေးဟေ့ ...'

"နောင်ကြီးဘဲ စဉ်းစားကြည့် "

"အေးပြောဆို နားထောင်နေတယ်ပြောလို့ "

"အေ့ ..."

ငမူးကောင် က ချက်ချင်းမပြောနိုင်သေးဘဲ လေချဉ်တက်လိုက်ရသေးသည်။

မျက်နှာဝိုင်းဝိုင်းနှင့် ၁၆နှစ်သားသီရိကျော်ထင် က သူ့အတွက်တော့
လွန်ခဲ့တဲ့ ၆ နှစ် က ဆရာတော်ဘုရားရှေ့မာ အတူတူ ငှက်ခိုးပစ်မိလို့ အရိုက်ခံရတဲ့ ခလေးငယ် အဖြစ်သာ မြင်ယောင်နေဆဲ။

"နောင်ကြီးဘဲ စဉ်းစားကြည့်"

ဒီငမူးသမားလေးက ပေါက်ကွဲချင်နေတာတောင် ရှေ့မရောက်နိုင်သေး ။

"အွမ်း"

"အစ်ကိုတော် ရာဟုသင်္ဂပြောပါတယ်
ဟို အလှလေး က သူ့ သုံ့ပန်းလား ?
သူ့အပိုင်လား ?"

"မဟုတ်ဘူးလေကွာ
အဲ့ ကောင်လေး က
မင်းတရားကြီး က သူ့ကိုပေးအပ်ထားတဲ့ တာဝန်လေကွာ
ရာဟု ဘယ်လောက်ထိ တာဝန်ယူတက်တဲ့ လူစားလဲ သိလျက်နဲ့ "

"မဟုတ်ဘူးလေ တာဝန်ယူတာ က ယူလေ
အလှလေးနဲ့ ကျွန်တော်မျိုး က သူငယ်ချင်းတောင် ဖြစ်ခွင့်မရှိတော့ဘူးလား
မသိရင် အလှလေး က သူတစ်ယောက်တည်း ပိုင်တာလားပြော..ပြော ...
ကျွန်တော်လည်း မြင်းစီးသူရဲကောင်းပါဗျ "

မျက်နှာတစ်ခုလုံး မျက်ရည်တွေ ရွှဲ ကာ
နှာခေါင်း တစ်ရှုံ့ရှုံ့ နှင့် သီရိကျော်ထင် က
မသိလျှင် မတရားခံလာရသည့်ရုပ်နှင့် သူ့ရှေ့လာပေါက်ကွဲပြနေသည်
သူ့မှာ သူရဲကောင်း ဖြစ်ကြောင်း ထည့်ကြွားဖို့လဲ မမေ့ရှာ ။

"ဟာ အေးပါကွာ
မနက်ကြ ဒီအစ်ကိုတော် က ရာဟု ကိုပြောပြပေးမှာမို့ မငိုနဲ့နော်
တိတ်တိတ် သီရိဖြစ်ချင်သလို ဖြစ်စေရမယ် ဟုတ်ပြီလား "

ထိုအခါမှ မျက်နှာဝိုင်း က သူ့ ကို မော့ကြည့်လာကာ မျက်လုံးများ မှိတ်သည်အထိ ပြုံးပြလာသည်။

"တကယ့် ကို ငါ့အစ်ကိုတော်ဗလ ကြီး က အကောင်းဆုံးဘဲ "

"အင်းပါ ဟုတ်ပါပြီ
သီရိကျော်ထင် မင်းမူးလှပြီ
တော်တော့ "

သောက်ဖို့ပြင်နေသည့်
သီရိကျော်ထင် လက်ထဲမှ
သေရည်အိုး  ကို ဗလကျော်ထင် ဆွဲ ယူမိတော့ ဟိုကအသာတည်မပေးပြန်ဆွဲထားသည် ။

"တော်ပြီလို့
မင်း မူးနေပြီ"

"သောက်အူးမာ"

ပြောရင်း အတင်းဆွဲလေတော့
ဗလကျော်ထင် ခန္ဓာကိုယ်ကြီးမှာ သီရိကျော်ထင် ကို အုပ်မိုးလျက်ဖြစ်သွားလေရာ မသိလျှင် သူတို့ပုံစံမာ
ဘဘုန်း ပြောသလို ယောက်ကျား မိန်းမ မတော်မလျော် ပုံ ဖြစ်သွား လေရာ
ဗလကျော်ထင် မာ လည်း ဂယောင်ခြောက်ခြား
အုပ်မိုး ခံရသူ သီရိကျော်ထင်မာလည်း မျက်လုံး အပြူးသားနှင့် အမူးပြေသွားလေရာ ..

နှစ်ယောက်သား အလျင်အမြန်ပင်
နယ်လွန်သွားသော ခန္ဓာကိုယ် နှစ်ခု ကိုပြန်ခွါလိုက်ရင်း ။

ဗလကျော်ထင်မှ ဝုန်းခနဲထရပ်ကာ

"တော်ပြီ မောင်မင်းဘာသာ မောင်မင်းဆက်သောက်ချင်သောက်မသောက်ချင်နေ
အစ်ကိုတော် သွားအိပ်တော့မယ် "

"ဟုတ် ဟုတ် ကျွန်တော်မျိုးလည်း အိပ်တော့မယ် "

လရောင်ကား ဖြာကျလျက်
တဲအတွင်းမှ လူနှစ်ယောက်ကား ကျောပေးကာ အိပ်နေသော်ငြား အတွေးတွေ ကား တူညီလျက်

'ဒါဘယ်လို အနေရ ခက်နေခြင်းမျိုးပါဘိ'

--------------

မနက်မိုး လင်းသည်နှင့်
ကေတုမတီသား တို့ စစ်စခန်းသည် အသက်ဝင်လှုပ်ရှားနေလေပြီ ။

ရာဟု သင်္ဂကား မနက်လင်းသည်နှင့် စစ်ဝတ်တန်ဆာ ကို အပြည့်အစုံ ဝတ်ပြီး
စားပွဲဝိုင်း၌ထိုင်ကာ
အထိန်းတော်ကြီး ငှဲ့ပေးသော အကြမ်းရေ ကို သောက်လျက်ရှိလေသည် ။

ခက်သော်က ကား မိမိ အိပ်ယာမှ နိုးနိုးချင်း စားပွဲတွင်ထိုင်နေသော ရာဟု က်ို မြင်လိုက်ခြင်းကြောင့် အံ့ဩခြင်းများစွာ ဖြစ်မိလေသည် ။

'မိုးလင်းပြီဆိုတာနဲ့
သူများတဲထဲရောက်လာပြီ '

"မောင်မင်း အိပ်ယာထ နောက်ကျချေသည်
ကိုယ်တော် ပင် ယခု တပ်စု ထဲသို့ဆင်းတော့မည် "

ရာဟု က ဆူငေါက်ချင်သော အသံဖြင့်ပြောသော်ညား
အထိန်းတော်ကြီးမှ ဝင်၍

"တပ်မှုးလေး သော်ကလေး ခင်ဗျာ ဒဏ်ရာကြီးနဲ့မို့ အပြစ်မပြောစေလိုပါ
ညက လည်း ဉာဉ့်နက်သည်အထိ ဒဏ်ရာ ကိုက်နေသောကြောင့် အိပ်မပျော်တာ ကျွန်တော်မျိုးအသိပါ "

ထိုမှသာ ရာဟုမာ ပြာပြာ သလဲဖြင့်

"ဟုတ်သလား
ဒဏ်ရာ က မသက်သာချေဘူးလား
သမားတော်တွေ ဆေးသေချာမထည့်ပေဘူးလား "

သော်က မှာ မနေနိုင် ၍

"ထည့်ပေးပါတယ်
ကျွန်တော်က အလှုပ်အရှား သတိမပြုမိလို့ အနာကျက်တာနှေးတာ ဖြစ်မာပါ"

သို့မှသာ ရာဟု မျက်နှာ တင်းမာနေမှု ကား အနည်းအငယ်လျော့သည် ။

အထိန်းတော်ကြီး ကား ထ ၍ ထိုင်ရန် ကြိုးစားနေသော သော်က စီသို့ အပြေးလေး လာကာ ကူညီရှာသည် ။

သော်က အထိန်းတော်ကြီး နားသို့ကပ်ကာ
ခပ်တိုးတိုး ဖြင့်

"ကျွန်တော် ဒီနေ့ရေချိုး လို့ရမလား ဦးရီး"

အထိန်းတော်ကြီး ကား ပါးနပ်လှစွာဖြင့် ရာဟု ကို တစ်ချက်စောင်းကြည့်သည်
သူတို့နှစ်ယောက်ကို ကြည့် မနေမှန်းသ်ိခါမှ

"သော်ကလေး က ချိုးချင်လို့လား"

ဒီဃသော်ကမာ မျက်လုံးဝိုင်းကြီးတွေ ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေါင်းငြိမ့်ပြသည် ။
အစပထမ တွင် အထိန်းတော်ကြီးမှာ ဒဏ်ရာမကျက်သေး၍ မသင့်ဟု တားမည်ဟု ကြံသော်လည်း
ထိုမျက်လုံးဝိုင်းကြီးတွေအောက်
တွင် ပြောစရာစကားများ ပျောက်ရှကုန်သည် ။

'တကယ်
ရေချိုး ချင်နေရှာတာဘဲ
သနားပါတယ်
ဒဏ်ရာကလည်း ရေထိလို့မရတာဒုက္ခ '

"နော်လို့ ဦးရီး "

သော်က ၏ အသံအောက်တွင် ခေါင်းကား အလိုလိုငြိမ့်ပြီးသား ။

'အို ဘာဖြစ်သလဲ
ဒဏ်ရာရေမစိုအောင်လုပ်ရင်ရသားနဲ့
လူကြံ ဆင်တောင်ဘာခံနိုင်မလဲ
ရအောင်ကြံပြီး ချိုးပေးရမယ်ပေါ့ '
တပ်စုထဲရှိ အများသုံးရေကန်တော့ သွားချိုးခိုင်း၍ မဖြစ်
တပ်မှူးလေးသိသွားပါက ခက်ချေမည်။
ဆိုတော့ ရေခပ်ပေးရပေလိမ့်မည်
တစ်ခြား လူ ခပ်ရင်လည်း အကင်းပါးလှသည့် တပ်မှူးလေး က သိမာ်သာဖြစ်သည်။
မနေ့ကအထိတောငိ အနာမကျင်သေးလို့ ရေမချိုးခိုင်းသေးသည်မဟုတ်ပါလား။

'အို ဘာဘဲ ဖြစ်ဖြစ်ပါ
သော်ကလေး က လုပ်ချင်နေတယ်လေနော့် '

"ကောင်းလှ ပြီ တပ်မှုးလေး
လေ့ကျင့်ကွင်းထဲ ဆင်းသည်နှင့် ဒီဦးရီးကြံပါ့မယ် "

ကောင်လေး ကား ထို အခါမှ
သူ့ကို ပါးချိုင့်နှစိဖက်လုံး ပေါ်သည် အထိ ပြုံးပြလိုက်ပြီး လက်မထောငိပြလေသည်။

ဤသည်ကို မြင်သွားသော ရာဟုမှ

"မောင်မင်း အာ့လက်မကြီး က
ဘာကြီးတုန်း "

တစ်ကြိတ်ကြိတ်လုပ်နေသော သူတို့ တူဝရီး နှစ်ယောက်ကို အကဲခတ်နေသော ရာဟု က ထမေးလေသည်။

ခက်သော်က က ကုတင်ပေါ်မှထကာ ရာဟုရှေ့ရှိ ခုံတွင် အထိန်းတော်ကြီး အကူအညီ ဖြင့် ဝင်ထိုင်လိုက်ပြီး

"အော် ဒါလား"

လက်မကိုထောင်လျက် ပါးချိုင့်နှစ်ဖက်ကို ထင်းနေအောင်ပြုံးပြကာ

"တစ်ခုခု ကို အရမ်းသဘော ကျ တဲ့အခါ သုံးတာပေါ့
မောင်မင်းကို အရမ်းကြိုက်တယ်ပေါ့
အာ့လို အဓိပ္ပာယ်လေ"

ရာဟု ကား မိမိလက်မ ကို ထိုကောင်လေး လုပ်သည့်အတိုင်း လုပ်ကာ ငုံ့ကြည့်မိလေသည် ။

ဒီလက်ချောင်း ငါးချောင်းထဲမာ အတိုဆုံးလက်မလေး က အာ့လောက်တောင် ကောင်းတဲ့အဓိပ္ပာယ်ရှိသကိုး ။ အံ့ဩဖွယ်စွ။

ရာဟု က သူ့ပုံမှန်မျက်နှာသေနှင့်
လက်မထောင်ပြကာ

"ဒိလိုလား မောင်မင်း"

ထိုကောင်လေး က ဆွေ့ခနဲ မိမိဘေးရောက်လာလေတော့
ရာဟု ရင်ထဲ တုန်ခနဲ ။

"မျက်နှာသေကြီးနဲ့ လက်မထောင်ပြမနေနဲ့လေ ရောင်းရင်းကြီး ရဲ့"

ကောင်လေး ၏ လက်ချောင်း များ က သူ့နှုတ်ခမ်းဘေး ရောက်လာကာ နှုတ်ခမ်းနှစ်ခု ကို ဘေးသို့ဆွဲတင်လိုက်ရင်း .

"ဒီလိုလည်း ပြုံးမှပေါ့
လက်မထောင်ရင်် ဒီလို ကိုပြုံးပြရတယ်ရောင်းရင်းကြီးရဲ့ "

ရာဟုမှာသာ မိမိပါးပေါ်သို့ရောက်နေသော လက်နုနုလေးနှစ်ဖက်ကြောင့် ၎င်း
အနီးကပ်မြင်နေရသော ရာမညသား၏ ပါးချိုင့် ခွက်ခွက်ကြီး နှစ်ခုကြောင့်
ရင်ထဲ ဒိတ်ခနဲ ဖြစ်ကာ
သူ့ပါးပေါ် က လက်နှစ်ဖက် ကို ယောင်ပြီး အားပြင်းပြင်းနဲ့ ပုတ်ချလိုက်မိတော့

"အာ့ "

ခက်သော် က သူ့ဘယ်ဘက်လက်ကို ကိုင်ကာ နာကျင်စွာငြီးတွားမိလေသည် ။

သို့သော်ရာဟုကား ဤ သည်ကိုပင် အမှုမထားမိဘဲ
တုန်နေသော ရင်အစုံကြောင့်
လန့်ဖျန့်သွား ကာ ဝုန်းခနဲ ထရပ်မိပြီး

"ရာရာစစ ကိုယ့်တော့်မျက်နှာ ကို လာထိဝံ့ သလား "

အထိန်းတော်ကြီး မှာ ကား ဒေါသထွက်နေသော ရာဟုကိုပင်မမှုအား
လဲကျမလို ဖြစ်သွားသော ခလေးငယ် က်ို သာ ပြေးပွေ့ထားလေသည် ။

"ရရဲ့လား သော်ကလေး"

သော်က က ခေါင်းငြိမ့်ပြသော်လည်း
မျက်လုံး အစုံကမူ မည်မျှ နာကျင်သွားကြောင်း ကိုပြသနေလေသည် ။

'ရာဟုကတော့ တကယ်ပါဘဲ'

အထိန်းတော်ကြီး စိတ်ထဲ တွေးလိုက်မိပေမယ့် ထုတ်တော့မပြောရဲ ထို
ခလေးငယ်ကလည်း အခွင့်မရှိဘဲ မျက်နှာ ကို သွားက်ုင်မိသည်ကိုး ။

ရာဟုမှာ လည်း လက်မောင်း ကို ကိုင်ကာ အမှန်တကယ် နာကျင်နေဟန်ရှိသည့်ကောင်လေး ကိုမြင်မှ မိမိစိတ်လိုက်မာန်ပါလုပ်မိကြောင်း အသိဝင်ကာ အပြေးလေး သွားပွေ့ ကာ မေးမိလေသည် ။

"ရရဲ့လား မောင်မင်း "

ခလေးငယ်ကမူ သူ့အား ခပ်ဖျော့ဖျော့ အပြုံးလေး ပေး ကာ
ရကြောင်း ခေါင်းငြိမ့်ပြရှာသည်။

နာကျင်အောင်လုပ်မိလေခြင်း ဟု
မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းဒေါသတို့က တစ်မဟုတ်ခြင်း ထွက်လာကာ
သူများအပေါ်ပုံချမိသည် ။

"ဒါ့ကြောင့် ဘာလို့ ရုတ်တရက်ကြီး
အခွင့်မရှိဘဲ မျက်နှာ ကို လာကိုင်ရသလဲလို့"

သော်က ကမူ
အနေရလည်းခက်
ရှက်လည်းရှက်နေသော်လည်း
မိမိကြောင့်သူများထိခိုက်သွားသဖြင့် စိတ်မကောင်းလည်းဖြစ်နေသော
အနှီ ကေတုမတီသား ကို ကြည့်ကာ
သဘောတွေ ကျနေမိသည် ။

'ဒီလူဟာ တကယ့်ကို
ပြီးပြည့်စုံတဲ့ လူတစ်ယောက်ပေဘဲ
ဓားကိုင်တဲ့ လက်ပေမယ့်
ပေမယ့် အကြင်နာတရား နှလုံးသားနဲ့ပါလား
အဖေပြောဖူးတဲ့ 'နှလုံးသားမြုပ်ထားတဲ့ ဓားရိုးကို ကိုင်တဲ့ သူရဲကောင်းမျ်ိုး'နေမှာ'

"တောင်းပန်ပါတယ်ဗျာ
မကြိုက်ရင်နောက်မကိုင်တော့ဖူးလေနော်"

"မဟုတ်ဘူး ကိုယ်တော်ကြိုက်တယ်"

"ဟမ်"

ရုတ်တရက် ဆက်ခနဲ ထွက်သွားသော စကားကြောင့် အထိန်းတော်ကြီး က အံ့ဩစွာနဲ့ ရာဟု သင်္ဂ ကိုမော့ကြည့်လေသည်
သူ့လက်ထဲ က အနှီကောင်လေး ကလည်း သူ့ကို အံ့ဩဘနန်း ကြည့်နေလေတော့

ရာဟု ရှက်လွန်းလို့ အငွေ့အဖြစ်သာ ပျောက်သွားလိုက်ချင်တော့သည် ။

ပွေ့ထားသောထိုကောင်လေး ကို အထိန်းတော်ကြီး ဘက်သို့ တွန်းပို့လိုက်ရင်း

"အဟမ်း
ဒီနေ့အကြမ်းရေ က အရမ်းခါးတာဘဲ အထိန်းတော်ကြီး"

သော်ကကို ထိန်းပွေ့လျက် အနေအထားနှင့် အထိန်းတော်ကြီး ကားကြောင်အအ
'ဘယ်ကနေဘယ်လို အကြမ်းရေ က ပါလာတာလဲ စကားဝိုင်းထဲ ?'

"အထိန်းတော်ကြီး အကြမ်းရေ အရမ်းခါးလွန်းလို့ ကျွန်ုပ် စကားတွေပင် မှား
ပြောမိကုန်တယ်
နောက်ရက် အာ့လောက်မခါးစေနှင့် "

ပြောပြီး သည်နှင့် ထ ကာ တဲအတွင်းမှ ထွက်သွားသော
ရာဟု သင်္ဂ ကြောင့်
သော်က နှင့် အထိန်းတော်ကြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အူလည်လည် နှင့် သာ။

တဲ အပြင်ဘက် က ရာဟု ကလည်း
ကိုယ့်ခေါင်းကိုယ်ထု ကာ

' ငါဘာတွေ ပြောခဲ့လေသနည်း 'ဟု
နောင်တရလျက်

"စကားကျွံရင် နှုတ်ရတယ်ခက်သကိုး "

ကေတုမတီ သား သူရဲကောင်လေး မသိခဲ့သည်မာ
စကားကျွံရင်သာ နှုတ်ရခက်သည်မဟုတ်
နှလုံးသားကျွံလျှင်လည်း နှုတ်ရခက်ပေကြောင်းတည်း ။

----------

ဂါမဏိကား မိမိရှေ့ က တပ်မှူးဖြစ်သူ ကို ကြည့်ကာ မရိုးမရွ ဖြစ်နေလေပြီ ။

တစ်နေကုန်နာမ်နှင့်ရုပ် မကပ်သလို ဖြစ်နေသည်မှာ အတော်လေးကြာချေပြီ ။

တပ်စု လေ့ကျင့်တုန်း က လည်း
တန်းဖြုတ်ရမည့်အချိန်ကို မဖြုတ်ပေး သဖြင့်
တပ်သားများ မှာ ဆာလောင်မှု ဒဏ်ကကိုကြိတ်ခံကာ စစ်ရေးလေ့ကျင့်ရရှာသည် ။

ဂါမဏိဝင်သတ်ိပေးကာမှ
သတိဝင်လာသော လူတစ်ယောက်နှယ်
တန်းဖြုတ်ရန်သတ်ိရလေသည် ။

ထမင်းစားရာတွင်လည်း
ငါးပိရည်နှင့်ဟင်းချို ကို မှားသောက်မိသဖြင့် အမှားအမှားအယွင်းယွင်း တွေဖြစ် ။

ယခုလည်း အကြမ်းရေခွက်ကို ကိုင်ကာ မသောက်ဘဲ အဝေးသို့မျှော်ကြည့်နေသည်မာ အတော်လေးကြာနေပြီဖြစ်သည် ။

ခက်ချေပြီ ။

မြို့တော်မှာများ လွမ်းရမယ့် သူများရှိနေသလား ?
ဒါတော့ မဖြစ်နိုင် တပ်မှုးလေး က မိန်းမကလေး နှင့်ပတ်သက်၍ အရှုပ်အရှင်း ကင်းလှသည် မာ ဂါမဏိအသိဆုံး
သူ့ညီမ အရင်းခေါက်ခေါက်ဖြစ်သော ' မနော်ဦး 'ကို ပင် တစ်နေ့နေလို့ စကားဆယ်ခွန်းပြည့်အောင်ပြောသူမဟုတ် ။

တန်တော့
သူ့တပ်မှူးလေး ပင်ပန်းလွန်း၍ နေမကောင်းဖြစ်နေသည်ဘဲဖြစ်လိမ့်မည် ။

အနားယူရန် တိုက်တွန်း ရချေလိမ့်မည် ။

"တပ်မှူးလေး "

"ဟင်"

သူ့အသံ ကြားကာမှ
သတိဝင်လာသူတစ်ယောက်နှယ် သူ့ကို မော့ကြည့်လာသည် ။

"ညနေလည်း စစ်ရေးလေ့ကျင့်ဖို့မရှိဘူးဆိုတော့ အခုနေ့လည် ကို စစ်တဲပြန်ပြီး တစ်ရေးတစ်မော အိပ်လိုက်ပါ့လား "

ရာဟု မျက်လုံးမှိတ်အိပ်ရဖို့မဆိုထားနှင့်
မျက်တောင်တစ်ချက် ခတ်လိုက်သည့်ခဏတွင်ပင်
မနက်က အနီးကပ်မြင်လိုက်ရသည့်
ရာမညသား၏ ပါးချိုင့်က သူ့ကို ဝင်နှောင့်ယှက်နေသည်မာ တစ်နေ့လည်ပင်ရှိချေတော့မည်။
ထို့ကြောင့်မျက်တောင်မခတ်မိအောင်မနည်းကြိုးစားနေသည့် ရာဟုပုံစံကား အနီးကပ်ကြည့်လျှငိ အရူးတစ်ယောက်နှင့်ပင်တူနေလိမ့်ချေမည်။

မတက်နိုင် ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်မဟုတ်ပါလော။

"တပ်မှူး လုပ်ခင်းဖွယ်ရာတွေ ကျွန်တော်မျိုး လုပ်ထားမှာမို့ နေ့ခင်းတစ်ရေးလောက်အိပ်လိုက်ပါ့လား "

"ဟင့်အင်း မအိပ်ဖူး အိပ်လို့မရ ဘူး "

အကြောက်အကန်ထငြင်းသော
တပ်မှုး ဖြစ်သူ ကိုကြည့်ကာ ဂါမဏိကား အထူးအဆန်း ။

"ကိုယ့်တော့မြင်း ကို မြင်းဇောင်းထဲ က ထုတ်လာပေး ကိုယ်တော် ရွှေနန်းတော် ကို သွားမာမို့ "

"အမိန့်တော်အတိုင်းပါ တပ်မှူးလေး"

ဂါမဏိ မိမိအနား မှာ ထွက်သွားခါမှ မိမိမှာ ကိုယ့်ခေါင်းကိုယ် နာနာလေး ထုနေမိတော့သည် ။

ဒီလောက် စိတ်လွတ်နေရသလား
ရာဟုသင်္ဂ  ရဲ့
ပါးချိုင့်ပါတာများ ဘာဆန်းလို့ ထပ်ခါထပ်ခါပြန်မြင်နေရတာတုန်း မောင်မင်းရဲ့
အကြမ်းရေလေးသောက်ရုံနဲ့ ရင်တွေတုန်ပြီး စကားမှားသတဲ့လား ။
ဒါများ
စစ်သူရဲကောင်းတဲ့ လား မောင်မင်းရဲ့ ။

"တော်ပြီ နောက်ရက်တော့ အကြမ်းရေ
လုံးဝမသောက်တော့ဘူး
အရမ်းခါးတွေ က ကျန်းမာရေးအတွက် မကောင်းဖူး"

အကြမ်းရေသောက်ပြီး မိမိကိုယ်ကိုယ် ရင်တုန်နေ၍ စကားမှားပြောမိနေသည်ဟုထင်မိသော ရာဟုသင်္ဂကား သေရည် မူးသည့်တိုင် တစ်ခါမှ စကားမမှား၊
စကားမကျွံ့ ဖူးကြောင်း ကိုတော့ မေ့နေဟန် တူလေသည် ။

----------
အပိုင်း (၅)တောင်ရောက်လာပြီ 💜
ကျဲရဲ့ စာဖတ်သူများအားလုံး
ဒီတွယ်ငြိခြင်းမှာ လှလှပပ တွယ်ငြိနိုင်ကြပါစေ 💜

Zawgyi

ရာဟုသဂၤ ၏ စစ္တဲ အတြင္းတြင္
အရက္အိုးမ်ား အျမည္းေကာင္းမ်ားႏွင့္
အမ်ိဳးစုံ စြာ ဧည့္ခံထားေသာ္လည္း
သီရိေက်ာ္ထင္မွာ ကား ဆူပုတ္ေနသည္ ။

ဗလေက်ာ္ထင္ က သူ႕ကို ၾကည့္ကာ
တိတ္တိတ္ခိုးရယ္သည္
အႀကီးအက်ယ္ေအာ္ မရယ္ရဲ ။

ထိုခေလး ငယ္ စိတ္ဆိုး သြားမာ ကိုကား သူမလိုလားပါ ။

"ဂြက္ "

အရက္ကို အိုးလိုက္ေမာ့လိုက္ၿပီး ဂြတ္ခနဲမည္ေအာင္ သီရိေက်ာ္ထင္ က ေဆာင့္ခ်ျခင္း ျဖင့္ ဆႏၵျပေသာ္လည္း
သူ႕အား ဗလေက်ာ္ထင္ က
ဂ႐ုထားျခင္းမရွိ ။

လက္ထဲ က ဆတ္သားေျခာက္က္ိုသာဘဝထင္ကာ အေသအေၾကကိုက္စားေနသည္။

"ေနာင္ႀကီးဘဲ စဥ္းစားၾကည့္ဗ်ာ "

ဗလေက်ာ္ထင္ က ဆတ္သားေျခာက္က္ို ကိုက္လ်က္ေခါင္းၿငိမ့္ျပသည္ ။

ဒီတစ္ညေတာ့ ဝဋ္ေႂကြး ဆပ္ေပေရာ့
ဗလေက်ာ္ထင္ေရ ...
ဆင္စိီး သူရဲေကာင္းမကလို႔
က်ားစီးသူရဲေကာင္းဘဲ ျဖစ္ျဖစ္
သီရိေက်ာ္ထင္ က ကိုယ့္အတြက္ေတာ့ ေနာက္ဘဝထိလိုက္ရႈပ္မယ့္ဝဋ္ေႂကြး
အရႈပ္ထုတ္ေလးေဟ့ ...

"ေနာင္ႀကီးဘဲ စဥ္းစားၾကည့္ "

"ေအးေျပာဆို နားေထာင္ေနတယ္ေျပာလို႔ "

"ေအ့ ..."

ငမူးေကာင္ က ခ်က္ခ်င္းမေျပာနိုင္ေသးဘဲ ေလခ်ဥ္တက္လိုက္ရေသးသည္။

မ်က္ႏွာဝိုင္းဝိုင္းႏွင့္ ၁၆ႏွစ္သားသီရိေက်ာ္ထင္ က သူ႕အတြက္ေတာ့
လြန္ခဲ့တဲ့ ၆ ႏွစ္ က ဆရာေတာ္ဘုရားေရွ႕မာ အတူတူ ငွက္ခိုးပစ္မိလို႔ အရိုက္ခံရတဲ့ ခေလးငယ္ အျဖစ္သာ ျမင္ေယာင္ေနဆဲ။

"ေနာင္ႀကီးဘဲ စဥ္းစားၾကည့္"

ဒီငမူးသမားေလးက ေပါက္ကြဲခ်င္ေနတာေတာင္ ေရွ႕မေရာက္နိုင္ေသး ။

"အြမ္း"

"အစ္ကိုေတာ္ ရာဟုသဂၤေျပာပါတယ္
ဟို အလွေလး က သူ႕ သုံ႕ပန္းလား ?
သူ႕အပိုင္လား ?"

"မဟုတ္ဘူးေလကြာ
အာ့ေကာင္ေလး က
မင္းတရားႀကီး က သူ႕ကိုေပးအပ္ထားတဲ့ တာဝန္ေလကြာ
ရာဟု ဘယ္ေလာက္ထိ တာဝန္ယူတက္တဲ့ လူစားလဲ သိလ်က္နဲ႕ "

"မဟုတ္ဘူးေလ တာဝန္ယူတာ က ယူေလ
အလွေလးနဲ႕ ကြၽန္ေတာ္မ်ိဳး က သူငယ္ခ်င္းေတာင္ ျဖစ္ခြင့္မရွိေတာ့ဘူးလား
မသိရင္ အလွေလး က သူတစ္ေယာက္တည္း ပိုင္တာလားေျပာ..ေျပာ ...
ကြၽန္ေတာ္လည္း ျမင္းစီးသူရဲေကာု္းပါဗ် "

မ်က္ႏွာတစ္ခုလုံး မ်က္ရည္ေတြ ႐ႊဲ ကာ
ႏွာေခါင္း တစ္ရႈံ႕ရႈံ႕ ႏွင့္ သီရိေက်ာ္ထင္ က
မသိလွ်င္ မတရားခံလာရသည့္႐ုပ္ႏွင့္ သူ႕ေရွ႕လာေပါက္ကြဲျပေနသည္
သူ႕မာ သူရဲေကာင္း ျဖစ္ေၾကာင္း ထည့္ႂကြားဖို႔လဲ မေမ့ရွာ ။

"ဟာ ေအးပါကြာ
မနက္ၾက ဒီအစ္ကိုေတာ္ က ရာဟု ကိုေျပာျပေပးမွာမို႔ မငိုနဲ႕ေနာ္
တိတ္တိတ္ သီရိျဖစ္ခ်င္သလို ျဖစ္ေစရမယ္ ဟုတ္ၿပီလား "

ထိုအခါမွ မ်က္ႏွာဝိုင္း က သူ႕ ကို ေမာ့ၾကည့္လာကာ မ်က္လုံးမ်ား မွိတ္သည္အထိ ၿပဳံးျပလာသည္။

"တကယ့္ ကို ငါ့အစ္ကိုေတာ္ဗလ ႀကီး က အေကာင္းဆုံးဘဲ "

"အင္းပါ ဟုတ္ပါၿပီ
သီရိေက်ာ္ထင္ မင္းမူးလွၿပီ
ေတာ္ေတာ့ "

ေသာက္ဖို႔ျပင္ေနသည့္
သီရိေက်ာ္ထင္ လက္ထဲမွ
အရက္ပုလင္း ကို ဗလေက်ာ္ထင္ ဆြဲ ယူမိေတာ့ ဟိုကအသာတည္မေပးျပန္ဆြဲထားသည္ ။

"ေတာ္ၿပီလို႔
မင္း မူးေနၿပီ"

"ေသာက္အူးမာ"

ေျပာရင္း အတင္းဆြဲေလေတာ့
ဗလေက်ာ္ထင္ ခႏၶာကိုယ္ႀကီးမွာ သီရိေက်ာ္ထင္ ကို အုပ္မိုးလ်က္ျဖစ္သြားေလရာ မသိလွ်င္ သူတို႔ပုံစံမာ
ဘဘုန္း ေျပာသလို ေယာက္က်ား မိန္းမ မေတာ္မေလ်ာ္ ပုံ ျဖစ္သြား ေလရာ
ဗလေက်ာ္ထင္ မာ လည္း ဂေယာင္ေျခာက္ျခား
အုပ္မိုး ခံရသူ သီရိေက်ာ္ထင္မာလည္း မ်က္လုံး အျပဴးသားႏွင့္ အမူးေျပသြားေလရာ ..

ႏွစ္ေယာက္သား အလ်င္အျမန္ပင္
နယ္လြန္သြားေသာ ခႏၶာကိုယ္ ႏွစ္ခု ကိုျပန္ခြါလိုက္ရင္း ။

ဗလေက်ာ္ထင္မွ ဝုန္းခနဲထရပ္ကာ

"ေတာ္ၿပီ ေမာင္မင္းဘာသာ ေမာင္မင္းဆက္ေသာက္ခ်င္ေသာက္မေသာက္ခ်င္ေန
အစ္ကိုေတာ္ သြားအိပ္ေတာ့မယ္ "

"ဟုတ္ ဟုတ္ ကြၽန္ေတာ္မ်ိဳးလည္း အိပ္ေတာ့မယ္ "

လေရာင္ကား ျဖာက်လ်က္
တဲအတြင္းမွ လူႏွစ္ေယာက္ကား ေက်ာေပးကာ အိပ္ေနေသာ္ျငား အေတြးေတြ ကား တူညီလ်က္

'ဒါဘယ္လို အေနရ ခက္မႈႀကီးလဲ '

--------------

မနက္မိုး လင္းသည္ႏွင့္
ေကတုမတီသား တို႔ စစ္စခန္းသည္ အသက္ဝင္လႈပ္ရွားေနေလၿပီ ။

ရာဟု သဂၤကား မနက္လင္းသည္ႏွင့္ စစ္ဝတ္တန္ဆာ ကို အျပည့္အစုံ ဝတ္ၿပီး
စားပြဲဝိုင္း၌ထိုင္ကာ
အထိန္းေတာ္ႀကီး ငွဲ႕ေပးေသာ အၾကမ္းေရ ကို ေသာက္လ်က္ရွိေလသည္ ။

ခက္ေသာ္က ကား မိမိ အိပ္ယာမွ နိုးနိုးခ်င္း စားပြဲတြင္ထိုင္ေနေသာ ရာဟု က္ို ျမင္လိုက္ျခင္းေၾကာင့္ အံ့ဩျခင္းမ်ားစြာ ျဖစ္မိေလသည္ ။

'မိုးလင္းၿပီဆိုတာနဲ႕
သူမ်ားတဲထဲေရာက္လာၿပီ '

"ေမာင္မင္း အိပ္ယာထ ေနာက္က်ေခ်သည္
ကိုယ္ေတာ္ ပင္ ယခု တပ္စု ထဲသို႔ဆင္းေတာ့မည္ "

ရာဟု က ဆူေငါက္ခ်င္ေသာ အသံျဖင့္ေျပာေသာ္ညား
အထိန္းေတာ္ႀကီးမွ ဝင္၍

"တပ္မႈးေလး ေသာ္ကေလး ခင္ဗ်ာ ဒဏ္ရာႀကီးနဲ႕မို႔ အျပစ္မေျပာေစလိုပါ
ညက လည္း ဉာဥ့္နက္သည္အထိ ဒဏ္ရာ ကိုက္ေနေသာေၾကာင့္ အိပ္မေပ်ာ္တာ ကြၽန္ေတာ္မ်ိဳးအသိပါ "

ထိုမွသာ ရာဟုမာ ျပာျပာ သလဲျဖင့္

"ဟုတ္သလား
ဒဏ္ရာ က မသက္သာေခ်ဘဴးလား
သမားေတာ္ေတြ ေဆးေသခ်ာမထည့္ေပဘူးလား "

ေသာ္က မွာ မေနနိုင္ ၍

"ထည့္ေပးပါတယ္
ကြၽန္ေတာ္က အလႈပ္အရွား သတိမျပဳမိလို႔ အနာက်က္တာေႏွးတာ ျဖစ္မာပါ"

သို႔မွသာ ရာဟု မ်က္ႏွာ တင္းမာေနမႈ ကား အနည္းအငယ္ေလ်ာ့သည္ ။

အထိန္းေတာ္ႀကီး ကား ထ ၍ ထိုင္ရန္ ႀကိဳးစားေနေသာ ေသာ္က စီသို႔ အေျပးေလး လာကာ ကူညီရွာသည္ ။

ေသာ္က အထိန္းေတာ္ႀကီး နားသို႔ကပ္ကာ
ခပ္တိုးတိုး ျဖင့္

"ကြၽန္ေတာ္ ဒီေန႕ေရခ်ိဳး လို႔ရမလား ဦးရီး"

အထိန္းေတာ္ႀကီး ကား ပါးနပ္လွစြာျဖင့္ ရာဟု ကို တစ္ခ်က္ေစာင္းၾကည့္သည္
သူတို႔ႏွစ္ေယာက္ကို ၾကည့္ မေနမွန္းသ္ိခါမွ

"ေသာ္ကေလး က ခ်ိဳးခ်င္လို႔လား"

ဒီဃေသာ္ကမာ မ်က္လုံးဝိုင္းႀကီးေတြ ကိုပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေခါင္းၿငိမ့္ျပသည္ ။
အစပထမ တြင္ အထိန္းေတာ္ႀကီးမွာ ဒဏ္ရာမက်က္ေသး၍ မသင့္ဟု တားမည္ဟု ႀကံေသာ္လည္း
ထိုမ်က္လုံးဝိုင္းႀကီးေတြေအာက္
တြင္ ေျပာစရာစကားမ်ား ေပ်ာက္ရွကုန္သည္ ။

'တကယ္
ေရခ်ိဳး ခ်င္ေနရွာတာဘဲ
သနားပါတယ္
ဒဏ္ရာကလည္း ေရထိလို႔မရတာဒုကၡ '

"ေနာ္လို႔ ဦးရီး "

ေသာ္က ၏ အသံေအာက္တြင္ ေခါင္းကား အလိုလိုၿငိမ့္ၿပီးသား ။

'အို ဘာျဖစ္သလဲ
ဒဏ္ရာေရမစိုေအာင္လုပ္ရင္ရသားနဲ႕
လူႀကံ ဆင္ေတာင္ဘာခံနိုင္မလဲ
ရေအာင္ႀကံၿပီး ခ်ိဳးေပးရမယ္ေပါ့ '
တပ္စုထဲရွိ အမ်ားသုံးေရကန္ေတာ့ သြားခ်ိဳးခိုင္း၍ မျဖစ္
တပ္မႉးေလးသိသြားပါက ခက္ေခ်မည္။
ဆိုေတာ့ ေရခပ္ေပးရေပလိမ့္မည္
တစ္ျခား လူ ခပ္ရင္လည္း အက္ငးပါးလွတဲ့ တပ္မႉးေလး က သိမွာဘဲ
မေန႕ကအထိေတာငိ အနာမက်င္ေသးလို႔ ေရမခ်ိဳးခိုင္းေသးတာကို

'အို ဘာဘဲ ျဖစ္ျဖစ္ပါ
ေသာ္ကေလး က လုပ္ခ်င္ေနတယ္ေလေနာ့္ '

"ေကာင္းလွ ၿပီ တပ္မႈးေလး
ေလ့က်င့္ကြင္းထဲ ဆင္းသည္ႏွင့္ ဒီဦးရီးႀကံပါ့မယ္ "

ေကာင္ေလး ကား ထို အခါမွ
သူ႕ကို ပါးခ်ိဳင့္ႏွစိဖက္လုံး ေပၚသည္ အထိ ၿပဳံးျပလိုက္ၿပီး လက္မေထာငိျပေလသည္။

ဤသည္ကို ျမင္သြားေသာ ရာဟုမွ

"ေမာင္မင္း အာ့လက္မႀကီး က
ဘာႀကီးတုန္း "

တစ္ႀကိတ္ႀကိတ္လုပ္ေနေသာ သူတို႔ တူဝရီး ႏွစ္ေယာက္ကို အကဲခတ္ေနေသာ ရာဟု က ထေမးေလသည္။

ခက္ေသာ္က က ကုတင္ေပၚမွထကာ ရာဟုေရွ႕ရွိ ခုံတြင္ အထိန္းေတာ္ႀကီး အကူအညီ ျဖင့္ ဝင္ထိုင္လိုက္ၿပီး

"ေအာ္ ဒါလား"

လက္မကိုေထာင္လ်က္ ပါးခ်ိဳင့္ႏွစ္ဖက္ကို ထင္းေနေအာင္ၿပဳံးျပကာ

"တစ္ခုခု ကို အရမ္းသေဘာ က် တဲ့အခါ သုံးတာေပါ့
ေမာင္မင္းကို အရမ္းႀကိဳက္တယ္ေပါ့
အာ့လို အဓိပၸာယ္ေလ"

ရာဟု ကား မိမိလက္မ ကို ထိုေကာင္ေလး လုပ္သည့္အတိုင္း လုပ္ကာ ငုံ႕ၾကည့္မိေလသည္ ။

ဒီလက္ေခ်ာင္း ငါးေခ်ာင္းထဲမာ အတိုဆုံးလက္မေလး က အာ့ေလာက္ေတာင္ ေကာင္းတဲ့အဓိပၸာယ္ရွိသကိုး ။ အံ့ဩဖြယ္စြ။

ရာဟု က သူ႕ပုံမွန္မ်က္ႏွာေသႏွင့္
လက္မေထာင္ျပကာ

"ဒိလိုလား ေမာင္မင္း"

ထိုေကာင္ေလး က ေဆြ႕ခနဲ မိမိေဘးေရာက္လာေလေတာ့
ရာဟု ရင္ထဲ တုန္ခနဲ ။

"မ်က္ႏွာေသႀကီးနဲ႕ လက္မေထာင္ျပမေနနဲ႕ေလ ေရာင္းရင္းႀကီး ရဲ႕"

ေကာင္ေလး ၏ လက္ေခ်ာင္း မ်ား က သူ႕ႏႈတ္ခမ္းေဘး ေရာက္လာကာ ႏႈတ္ခမ္းႏွစ္ခု ကို ေဘးသို႔ဆြဲတင္လိုက္ရင္း .

"ဒီလိုလည္း ၿပဳံးမွေပါ့
လက္မေထာင္ရင္္ ဒီလို ကိုၿပဳံးျပရတယ္ေရာင္းရင္းႀကီးရဲ႕ "

ရာဟုမွာသာ မိမိပါးေပၚသို႔ေရာက္ေနေသာ လက္ႏုႏုေလးႏွစ္ဖက္ေၾကာင့္ ၎
အနီးကပ္ျမင္ေနရေသာ ရာမညသား၏ ပါးခ်ိဳင့္ ခြက္ခြက္ႀကီး ႏွစ္ခုေၾကာင့္
ရင္ထဲ ဒိတ္ခနဲ ျဖစ္ကာ
သူ႕ပါးေပၚ က လက္ႏွစ္ဖက္ ကို ေယာင္ၿပီး အားျပင္းျပင္းနဲ႕ ပုတ္ခ်လိဳက္မိေတာ့

"အာ့ "

ခက္ေသာ္ က သူ႕ဘယ္ဘက္လက္ကို ကိုင္ကာ နာက်င္စြာၿငီးတြားမိေလသည္ ။

သို႔ေသာ္ရာဟုကား ဤ သည္ကိုပင္ အမႈမထားမိဘဲ
တုန္ေနေသာ ရင္အစုံေၾကာင့္
လန့္ဖ်န့္သြား ကာ ဝုန္းခနဲ ထရပ္မိၿပီး

"ရာရာစစ ကိုယ့္ေတာ့္မ်က္ႏွာ ကို လာထိဝံ့ သလား "

အထိန္းေတာ္ႀကီး မွာ ကား ေဒါသထြက္ေနေသာ ရာဟုကိုပင္မမႈအား
လဲက်မလို ျဖစ္သြားေသာ ခေလးငယ္ က္ို သာ ေျပးေပြ႕ထားေလသည္ ။

"ရရဲ႕လား ေသာ္ကေလး"

ေသာ္က က ေခါင္းၿငိမ့္ျပေသာ္လည္း
မ်က္လုံး အစုံကမူ မည္မွ် နာက်င္သြားေၾကာင္း ကိုျပသေနေလသည္ ။

'ရာဟုကေတာ့ တကယ္ပါဘဲ'

အထိန္းေတာ္ႀကီး စိတ္ထဲ ေတြးလိုက္မိေပမယ့္ ထုတ္ေတာ့မေျပာရဲ ထို
ခေလးငယ္ကလည္း အခြင့္မရွိဘဲ မ်က္ႏွာ ကို သြားက္ုင္မိသည္ကိုး ။

ရာဟုမွာ လည္း လက္ေမာင္း ကို ကိုင္ကာ အမွန္တကယ္ နာက်င္ေနဟန္ရွိသည့္ေကာင္ေလး ကိုျမင္မွ မိမိစိတ္လိုက္မာန္ပါလုပ္မိေၾကာင္း အသိဝင္ကာ အေျပးေလး သြားေပြ႕ ကာ ေမးမိေလသည္ ။

"ရရဲ႕လား ေမာင္မင္း "

ခေလးငယ္ကမူ သူ႕အား ခပ္ေဖ်ာ့ေဖ်ာ့ အၿပဳံးေလး ေပး ကာ
ရေၾကာင္း ေခါင္းၿငိမ့္ျပရွာသည္။

နာက်င္ေအာင္လုပ္မိေလျခင္း ဟု
မိမိကိုယ္ကိုယ္ အျပစ္တင္ျခင္းေဒါသတို႔က တစ္မဟုတ္ျခင္း ထြက္လာကာ
သူမ်ားအေပၚပုံခ်မိသည္ ။

"အာတာေၾကာင့္ ဘာလို႔ ႐ုတ္တရက္ႀကီး မေျပာဘဲ မ်က္ႏွာ ကို လာကိုင္လဲလို႔"

ေသာ္က ကမူ
အေနရလည္းခက္
ရွက္လည္းရွက္ေနေသာ္လည္း
မိမိေၾကာင့္သူမ်ားထိခိုက္သြားသျဖင့္ စိတ္မေကာင္းလည္းျဖစ္ေနေသာ
အႏွီ ေကတုမတီသား ကို ၾကည့္ကာ
သေဘာေတြ က်ေနမိသည္ ။

ဒီလူဟာ တကယ့္ကို
ၿပီးျပည့္စုံတဲ့ လူတစ္ေယာက္ေပဘဲ
ဓားကိုင္တဲ့ လက္ေပမယ့္
ေပမယ့္ အၾကင္နာတရား ႏွလုံးသားနဲ႕ပါလား
အေဖေျပာဖူးတဲ့ 'ႏွလုံးသားျမဳပ္ထားတဲ့ ဓားရိုးကို ကိုင္တဲ့ သူရဲေကာင္းမ်္ိုး'ေနမာ

"ေတာင္းပန္ပါတယ္ဗ်ာ
မႀကိဳက္ရင္ေနာက္မကိုင္ေတာ့ဖူးေလေနာ္"

"မဟုတ္ဘူး ကိုယ္ေတာ္ႀကိဳက္တယ္"

"ဟမ္"

႐ုတ္တရက္ ဆက္ခနဲ ထြက္သြားေသာ စကားေၾကာင့္ အထိန္းေတာ္ႀကီး က အံ့ဩစြာနဲ႕ ရာဟု သဂၤ ကိုေမာ့ၾကည့္ေလသည္
သူ႕လက္ထဲ က အႏွီေကာင္ေလး ကလည္း သူ႕ကို အံ့ဩဘနန္း ၾကည့္ေနေလေတာ့

ရာဟု ရွက္လြန္းလို႔ အေငြ႕အျဖစ္သာ ေပ်ာက္သြားလိုက္ခ်င္ေတာ့သည္ ။

ေပြ႕ထားေသာထိုေကာင္ေလး ကို အထိန္းေတာ္ႀကီး ဘက္သို႔ တြန္းပို႔လိုက္ရင္း

"အဟမ္း
ဒီေန႕အၾကမ္းေရ က အရမ္းခါးတာဘဲ အထိန္းေတာ္ႀကီး"

ေသာ္ကကို ထိန္းေပြ႕လ်က္ အေနအထားႏွင့္ အထိန္းေတာ္ႀကီး ကားေၾကာင္အအ
ဘယ္ကေနဘယ္လို အၾကမ္းေရ က ပါလာတာလဲ စကားဝိုင္းထဲ ?

"အထိန္းေတာ္ႀကီး အၾကမ္းေရ အရမ္းခါးလြန္းလို႔ ကြၽန္ုပ္ စကားေတြပင္ မွား
ေျပာမိကုန္တယ္
ေနာက္ရက္ အာ့ေလာက္မခါးေစႏွင့္ "

ေျပာၿပီး သည္ႏွင့္ ထ ကာ တဲအတြင္းမွ ထြက္သြားေသာ
ရာဟု သဂၤ ေၾကာင့္
ေသာ္က ႏွင့္ အထိန္းေတာ္ႀကီး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ အူလည္လည္ ႏွင့္

တဲ အျပင္ဘက္ က ရာဟု ကလည္း
ကိုယ့္ေခါင္းကိုယ္ထု ကာ

' ငါဘာေတြ ေျပာခဲ့ေလသနည္း 'ဟု
ေနာင္တရလ်က္

"စကားကြၽံရင္ ႏႈတ္ရတယ္ခက္သကိုး "

ေကတုမတီ သား သူရဲေကာင္ေလး မသိခဲ့သည္မာ
စကားကြၽံရင္သာ ႏႈတ္ရခက္သည္မဟုတ္
ႏွလုံးသားကြၽံလွ်င္လည္း ႏႈတ္ရခက္ေပေၾကာင္းတည္း ။

----------

ဂါမဏိကား မိမိေရွ႕ က တပ္မႉးျဖစ္သူ ကို ၾကည့္ကာ မရိုးမ႐ြ ျဖစ္ေနေလၿပီ ။

တစ္ေနကုန္ စိတ္နဲ႕လူ နဲ႕ မကပ္သလို ျဖစ္ေနသည္မွာ အေတာ္ေလးၾကာေခ်ၿပီ ။

တပ္စု ေလ့က်င့္တုန္း က လည္း
တန္းျဖဳတ္ရမည့္အခ်ိန္ကို မျဖဳတ္ေပး သျဖင့္
တပ္သားမ်ား မွာ ဆာေလာင္မႈ ဒဏ္ကကိုႀကိတ္ခံကာ စစ္ေရးေလ့က်င့္ရရွာသည္ ။

ဂါမဏိဝင္သတ္ိေပးကာမွ
သတိဝင္လာေသာ လူတစ္ေယာက္ႏွယ္
တန္းျဖဳတ္ရန္သတ္ိရေလသည္ ။

ထမင္းစားရာတြင္လည္း
ငါးပိရည္ႏွင့္ဟင္းခ်ိဳ ကို မွားေသာက္မိသျဖင့္ အမွားအမွားအယြင္းယြင္း ေတြျဖစ္ ။

ယခုလည္း အၾကမ္းေရခြက္ကို ကိုင္ကာ မေသာက္ဘဲ အေဝးသို႔ေမွ်ာ္ၾကည့္ေနသည္မာ အေတာ္ေလးၾကာေနၿပီျဖစ္သည္ ။

ခက္ေခ်ၿပီ ။

ၿမိဳ႕ေတာ္မွာမ်ား လြမ္းရမယ့္ သူမ်ားရွိေနသလား ?
ဒါေတာ့ မျဖစ္နိုင္ တပ္မႈးေလး က မိန္းမကေလး ႏွင့္ပတ္သက္၍ အရႈပ္အရွင္း ကင္းလွသည္ မာ ဂါမဏိအသိဆုံး
သူ႕ညီမ အရင္းေခါက္ေခါက္ျဖစ္ေသာ ' မေနာ္ဦး 'ကို ပင္ တစ္ေန႕ေနလို႔ စကားဆယ္ခြန္းျပည့္ေအာင္ေျပာသူမဟုတ္ ။

တန္ေတာ့
သူ႕တပ္မႉးေလး ပင္ပန္းလြန္း၍ ေနမေကာင္းျဖစ္ေနသည္ဘဲျဖစ္လိမ့္မည္ ။

အနားယူရန္ တိုက္တြန္း ရေခ်လိမ့္မည္ ။

"တပ္မႉးေလး "

"ဟင္"

သူ႕အသံ ၾကားကာမွ
သတိဝင္လာသူတစ္ေယာက္ႏွယ္ သူ႕ကို ေမာ့ၾကည့္လာသည္ ။

"ညေနလည္း စစ္ေရးေလ့က်င့္ဖို႔မရွိဘူးဆိုေတာ့ အခုေန႕လည္ ကို စစ္တဲျပန္ၿပီး တစ္ေရးတစ္ေမာ အိပ္လိုက္ပါ့လား "

ရာဟု မ်က္လုံးမွိတ္အိပ္ရဖို႔မဆိုထားႏွင့္
မ်က္ေတာင္တစ္ခ်က္ ခတ္လိုက္သည့္ခဏတြင္ပင္
မနက္က အနီးကပ္ျမင္လိုက္ရသည့္
ရာမညသား၏ ပါးခ်ိဳင့္က သူ႕ကို ဝင္ေႏွာင့္ယွက္ေနသည္မာ တစ္ေန႕လည္ပင္ရွိေခ်ေတာ့မည္။
ထို႔ေၾကာင့္မ်က္ေတာင္မခတ္မိေအာင္မနည္းႀကိဳးစားေနသည့္ ရာဟုပုံစံကား အနီးကပ္ၾကည့္လွ်ငိ အ႐ူးတစ္ေယာက္ႏွင့္ပင္တူေနလိမ့္ေခ်မယ္ ။

မတက္နိုင္ ကိုယ့္ဝမ္းနာ ကိုယ္သာသိသည္မလား ။

"တပ္မႉး လုပ္ခင္းဖြယ္ရာေတြ ကြၽန္ေတာ္မ်ိဳး လုပ္ထားမွာမို႔ ေန႕ခင္းတစ္ေရးေလာက္အိပ္လိုက္ပါ့လား "

"ဟင့္အင္း မအိပ္ဖူး အိပ္လို႔မရ ဘူး "

အေၾကာက္အကန္ထျငင္းေသာ
တပ္မႈး ျဖစ္သူ ကိုၾကည့္ကာ ဂါမဏိကား အထူးအဆန္း ။

"ကိုယ့္ေတာ့ျမင္း ကို ျမင္းေဇာင္းထဲ က ထုတ္လာေပး ကိုယ္ေတာ္ ေ႐ႊနန္းေတာ္ ကို သြားမာမို႔ "

"အမိန့္ေတာ္အတိုင္းပါ တပ္မႉးေလး"

ဂါမဏိ မိမိအနား မွာ ထြက္သြားခါမွ မိမိမွာ ကိုယ့္ေခါင္းကိုယ္ နာနာေလး ထုေနမိေတာ့သည္ ။

ဒီေလာက္ စိတ္လြတ္ေနရသလား
ရာဟုသဂၤ  ရဲ႕
ပါးခ်ိဳင့္ပါတာမ်ား ဘာဆန္းလို႔ ထပ္ခါထပ္ခါျပန္ျမင္ေနရတာတုန္း ေမာင္မင္းရဲ႕
အၾကမ္းေရေလးေသာက္႐ုံနဲ႕ ရင္ေတြတုန္ၿပီး စကားမွားသတဲ့လား ။
ဒါမ်ား
စစ္သူရဲေကာင္းတဲ့ လား ေမာင္မင္းရဲ႕ ။

"ေတာ္ၿပီ ေနာက္ရက္ေတာ့ အၾကမ္းေရ
လုံးဝမေသာက္ေတာ့ဘူး
အရမ္းခါးေတြ က က်န္းမာေရးအတြက္ မေကာင္းဖူး"

အၾကမ္းေရေသာက္ၿပီး မိမိကိုယ္ကိုယ္ ရင္တုန္ေန၍ စကားမွားေျပာမိေနသည္ဟုထင္မိေသာ ရာဟုသဂၤကား ေသရည္ မူးသည့္တိုင္ တစ္ခါမွ စကားမမွားစကားမကြၽံ႕ ဖူးေၾကာင္း ကိုေတာ့ ေမ့ေနဟန္ တူေလသည္ ။

----------

အပိုင္း 5 ေတာင္ေရာက္လာၿပီ
ဒီတြယ္ၿငိျခင္းမွာ လွလွပပ တြယ္ၿငိႏိုင္ၾကပါေစ

က်ဲက်ဲအိုက္နီမန္း

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

230K 23.7K 106
ဘာသာပြန်သူ - စွဲညို့အသင်း
698K 78.7K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
15.7K 727 9
- 𝘵𝘰 𝘵𝘩𝘦 𝘮𝘰𝘰𝘯 𝘢𝘯𝘥 𝘯𝘦𝘷𝘦𝘳 𝘣𝘢𝘤𝘬 -
499K 50.4K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...