Part 34

2.6K 485 47
                                    

ဂန္တဝင်၌တွယ်ငြ်ိခြင်း
အပိုင်း (၃၄)

တရားဟောပြီးသည်နှင့် ဘဘုန်း ဟာ
တည်ငြိမ်စွာနဲ့ ကျောင်း တော် ကို ပြန်ကြွ သွားတာ မို့ အကျွေးအမွေး အချိန်ဟာ
ကျွတ်ကျွတ်ညံ စွာနဲ့
ရောက်လ်ု့လာပါလေသည်။

ယောက်ချို ဇွန်း ကြီး တွေ နှင့် မြေအင်တုံ မောက်မောက် တွေ ကတော့ နေရာတိုင်းမှာ ပလူပျံ လို့ ။

အရီးလှ မှာ လည်း တည်ငြိမ်သည့် မျက်နှာ ထားပျောက် ကာ အလှူ့ရှင် ဖြစ်သည့်အတွက် ကြည်နူးမှုအပြည့်နှင့် ဒကာခံ လို့ ။

သော်က မှာ လည်း ချွေးတစ်လုံးလုံးနှင့်
ဧည့်သည်များ လိုအပ် သည့် ထမင်း၊ဟင်း စသည်တို့ကို မီးဖိုဆောင်နှင့် အိမ်ရှေ့ ခန်း အကြား လူးလား ခေါက်ပြန် သယ်လျက်

ရာဟု ကတော့ လူတွေ ကြား၌ပင်လျှင်
ထင်းနေအောင် လှသော သူ့ သက်ဆိုင်သူ က်ို သာ မကြာခဏ ငေးကြည့်နေမိပါတော့သည်လေ ။

"အဟမ်း အဟမ်း
နောင်တော်"

တမင်တကာ လုပ်ချောင်းဖြင့် အစပြုလာသူ ကို လှည့်ကြည့်လိုက်တော့
သီရိကျော်ထင် နှင့် သူ့နောက်တွင်
ခပ်တည်တည်မျက်နှာထား နှင့် ဗလကျော်ထင်။

"ပြောပါ သီရိ "

"ခဏလောက် လူရှင်း တဲ့နေရာ ကို ကြွတော်မူ ခဲ့ပါလား ပေးတွေ့စရာ
လူလေးရှိလို့"

သီရိ ကျော်ထင် ၏ အထူးအဆန်း
ပြောဆိုမှုကြောင့် ရာဟု အနည်း အငယ် တုံ့ဆိုင်း သွားမိသည်။

"ဘာအကြောင်းပြောမို့တုန်း သီရိ"

"ကိုယ်တော့် ကို လျှောက်တင်
စရာ ရှိလို့ပါ
ကျွန်တော်မျိုး တို့ဘဲ သိသင့်တဲ့ ကိစ္စအရေးမို့ ပါ အရှင်"

သီရိကျော်ထင် က သာမာန်ဆိုလျှင်
ရာဟု ကို နောင်တော်ကြီး သဖွယ် ဆက်ဆံသော်ငြား
တိုင်းရေးပြည်ရေး အုပ်ချုပ်ရေး များနှင့် ပတ်သတ်လာလျှင်တော့
ရာထူး ကို ရှေ့တန်းတင်ကာ ရိုသေစွာ လျောက်လေ့ရှိသည် ကို သိပြီးပြီ မို့ ..

"ကောင်းလှချေ ပြီ
သော်ကလေး ကိုယ်တော်
ပြန်လာခဲ့ချေမယ်"

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now