ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၉)ပုရောဟိတ် ၈ ဦးထံမှ
ဘိသိက် သွန်းခံ ပြီးသော မင်းတရားကြီး သည် လက်ဝဲခြေတော် ကို အရင်လှမ်း ၍ နန်းဆောင်သို့ဝင်သည် ။ထိုအခါ လူထု ကြီး နှင့် ပုရောဟိတ်ကြီးတို့ က
ဘုန်းတော် အလွန်ကြီးမြတ် တော်မူ ၍ သက်တော်ရာကျော်ပတ်လုံး
သာသနာတော်မြတ် စီးပွါး ကိုယ်တော်မြတ် စီးပွါး ပြည့်သူ့စီးပွါး ကို
ဆောင်ရွက်န်ိုင်ပါစေသော် ....
ဟူသော မင်္ဂလာစကားကိုဆိုနေခိုက်နန်းတက်ပွဲ ကို
တစ်ခါမှ မမြင်ဖူး မကြားဖူးသည့်
ကျွနုပ်တို့၏
ခက်သော်ကလေးသည်ကား
အီယောင်ဝါးနှင့် လိုက်သာ အော်နေမိပါတော့သည် ။ပုံစံ က အေဘီစီဒီ မပိုင်ဘဲ
တက္ကသိုလ်ရောက်လာသည့်ပုံစံနှင့်အေး ၂၁ ရာစုပြန်ရောက်လာကြည့်စမ်း
အာ့လို တိတိကျကျ နန်းတက်ပွဲ
အခမ်းအနား ကို စာတမ်း ကို
ရေးပစ်ဦးမယ် ။ဘိသိက်ခံယူပြီး မင်းတရားကြီး ကား ညီလာခံ ခန်းမဆောင်ထဲရှိ
ရာဇပလ္လင်ပေါ်မှ နေ၍ ဗိုလ်ရှု
သဘင်ခံလေသည် ။အမိန့်ပြန်ထမ်းဖတ်ကြား သူ မှ
ယခု အချိန်အခါ သည် သစ္စာတော်ခံများ သစ္စာရေ သောက်ရမည့် အချိန်ဖြစ်ကြောင်း ဖတ်ကြားသည့် အခါ ...သော်ကအနည်းငယ်တော့
တွန့်ဆုတ်သွားသည် ။
မိမိက ထိုသူတို့သိနေသည့် ဒီဃ သော်က အစစ်မဟုတ်ဘဲ ခန္ဓာ ကိုယ် သာ တူသည့် ၂၁ ရာစု က ခက်သော်က ဆိုလျှင်ရော'ဒီ သစ္စာရေ သောက်လို့ ဖြစ်ပါ့မလား '
'မသိဘူးကွာ ဖြစ်ချင်ရာဖြစ် '
လူရှေ့သူရှေ့ ရေတစ်ခွက် သောက်တယ်လို့ သဘောထားလိုက်ရင် ရတယ်
ဟုတ်တယ် အိမ်မက်ထဲ ရေသောက်
တယ်ပေါ့ ဘာဖြစ်လဲနော့် ။ငယ်ငယ် ကတောင်
အိမ်မက်ထဲ သေးပေါက်လို့ အိပ်ယာထဲထိလက်တွေ့ သေးပေါက်ချခဲ့တာဘဲလေနော့်။လူအများရှေ့နဲ့ တစ်ယောက်တည်းဘဲ ကွာတယ် ။
ဤ သို့ဖြင့် သစ္စာတော်ခံ မြို့စားများ အား
ငါးယောက်တစ်စုစီ ခေါ်ကာ သစ္စာခံပွဲ စတင်လေသည် ။
YOU ARE READING
Historical Fictionဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေတုမတီ ကို တစ်ခေါက်လောက် အရောက်သွားဖူး ချင်တယ်လို့ ခံစားမိရုံ သမိုင်းကြောင်း ကို မြတ်နိုးသွားမိရုံ နဲ့တင် ဒီ တွယ်ငြိခြင်း ကို ဖန်တီးရကျိုးနပ...