ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း(၅)ရာဟုသင်္ဂ ၏ စစ်တဲ အတွင်းတွင်
အရက်အိုးများ အမြည်းကောင်းများနှင့်
အမျိုးစုံ စွာ ဧည့်ခံထားသော်လည်း
သီရိကျော်ထင်မှာ ကား ဆူပုတ်နေသည် ။ဗလကျော်ထင် က သူ့ကို ကြည့်ကာ
တိတ်တိတ်ခိုးရယ်သည်
အကြီးအကျယ်အော် မရယ်ရဲ ။ထိုခလေး ငယ် စိတ်ဆိုး သွားမာ ကိုကား သူမလိုလားပါ ။
"ဂွက် "
အရက်ကို အိုးလိုက်မော့လိုက်ပြီး ဂွတ်ခနဲမည်အောင် သီရိကျော်ထင် က ဆောင့်ချခြင်း ဖြင့် ဆန္ဒပြသော်လည်း
သူ့အား ဗလကျော်ထင် က
ဂရုထားခြင်းမရှိ ။လက်ထဲ က ဆတ်သားခြောက်က်ိုသာ
အသေအကြေကိုက်စားနေလေသည်မို့မနေနိုင်သူ သီရိကျော်ထင် က သာ စကားစ ရလေ သည် ။"နောင်ကြီးဘဲ စဉ်းစားကြည့်ဗျာ "
ဗလကျော်ထင် က ဆတ်သားခြောက်က်ို ကိုက်လျက်ခေါင်းငြိမ့်ပြသည် ။
'ဒီတစ်ညတော့ ဝဋ်ကြွေး ဆပ်ပေရော့
ဗလကျော်ထင်ရေ ...
ဆင်စိီး သူရဲကောင်းမကလို့
ကျားစီးသူရဲကောင်းဘဲ ဖြစ်ဖြစ်
သီရိကျော်ထင် က ကိုယ့်အတွက်တော့ နောက်ဘဝထိလိုက်ရှုပ်မယ့်ဝဋ်ကြွေး
လှလှလေးဟေ့ ...'"နောင်ကြီးဘဲ စဉ်းစားကြည့် "
"အေးပြောဆို နားထောင်နေတယ်ပြောလို့ "
"အေ့ ..."
ငမူးကောင် က ချက်ချင်းမပြောနိုင်သေးဘဲ လေချဉ်တက်လိုက်ရသေးသည်။
မျက်နှာဝိုင်းဝိုင်းနှင့် ၁၆နှစ်သားသီရိကျော်ထင် က သူ့အတွက်တော့
လွန်ခဲ့တဲ့ ၆ နှစ် က ဆရာတော်ဘုရားရှေ့မာ အတူတူ ငှက်ခိုးပစ်မိလို့ အရိုက်ခံရတဲ့ ခလေးငယ် အဖြစ်သာ မြင်ယောင်နေဆဲ။"နောင်ကြီးဘဲ စဉ်းစားကြည့်"
ဒီငမူးသမားလေးက ပေါက်ကွဲချင်နေတာတောင် ရှေ့မရောက်နိုင်သေး ။
"အွမ်း"
"အစ်ကိုတော် ရာဟုသင်္ဂပြောပါတယ်
ဟို အလှလေး က သူ့ သုံ့ပန်းလား ?
သူ့အပိုင်လား ?"
YOU ARE READING
Historical Fictionဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေတုမတီ ကို တစ်ခေါက်လောက် အရောက်သွားဖူး ချင်တယ်လို့ ခံစားမိရုံ သမိုင်းကြောင်း ကို မြတ်နိုးသွားမိရုံ နဲ့တင် ဒီ တွယ်ငြိခြင်း ကို ဖန်တီးရကျိုးနပ...