Part 29

2.7K 513 25
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၉)

အစပထမတော့ နန်းဆောင်တွင် သာ
သီးသီးသန့်သန့် သေရည် သောက်မည်ဟု စီစဉ်ထားသော်လည်း

သီရိကျော်ထင်ကား လူအများကြား
လှုပ်ရှားရခြင်း ကို
ကြိုက်နှစ်သက်သူ ဖြစ်သည့် အပြင်
သော်က မှာ လည်း နန်းတွင်း အပြင် ထွက်ရန် အလွန်တစ်ရာမှ
တက်ကြွနေလင့်ကစား
နောက်ဆုံးတွင်တော့

ရာဟု တို့ မြို့ တောင်ဘက် ထန်းတောသို့သာ ထွက်လာခဲ့တော့ သည် ။

"ကျွန်တော်လည်း အမူးသောက်မှာနော်"
ဟူသော သတ်ိပေးစကားမမြည်သည့်သော်က ၏ သတိပေး စကားကြောင့်
ရာဟု မှာ မိမိကိုယ်ရံတော် ဂါမဏိ က်ို ပါ အပါခေါ်ခဲ့ရသည် ။

ရန်သူတစ်ထောင် နှင့် စစ်မြေပြင်တွင်
ရင်ဆိုင်ကြုံတွေ့ကာ
အနိုင်ပိုင်းနိုင်သော်ငြား
' နှစ်လုံး ' (သီရိနှင့် သော်က) မူး လျှင်
သူ တစ်ယောက်တည်း ရင်ဆိုင်ရပါက
အရေးတော်ခက်ချေမည်ကို
ကြိုသိသည်မို့

ဂါမဏိကား သခင်နောက် ထပ်ကြပ်မကွာ လိုက်ရချေသည်။

'သည် အရေးသည် ရခိုင် ကို စစ်ချီဖို့ထက် ခက်ပေလိမ့်မည်'

ပုစွန်စိတ်ခုန် ပင်ကျ ထန်းရေ သည် လေအဟုန်မြူးနေသော
ကေတုမတီ ရာသီဥတု နှင့်
လွန်စွာမှ လိုက်ဖက်သည် ။

"ထန်းတော ရယ်သာ
လာခဲ့ပါ ကိုလူလှရယ်တို့
ပင်ကျရေမွှေး
စလောင်းမကူခေါင်းပေါင်းဖြူ
ငွေရောင်မြှပ်ကယ်နှင့်
ဆောင်းအုပ်လို့ဖွေး "

ထန်းတက်ရင်း သီကြူးနေသော
ထန်းတက်သမား ၏ အသံ သည်ကား
သော်က တို့ ထိုင်နေသည့် ခပ်လှမ်းလှမ်း
သို့ပင်ရောက်သည် ။

ထန်းခါးရေ မှ ထွက်သော အနံ့
ခပ် သင်း တစ်မျိုးကြောင့်
သော်က ပင် သောက်ချင်
စိတ်ပေါက်လာသောကြောင့်
ပင်ကျရည် ကို ကိုင်ကာ သောက်မည်အပြု ..

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now