Part 10

4.3K 765 25
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း(၁၀)

သည်လိုနှင့် သော်က မှာ ရာဟု ၏ အကြံအစည် ကို မရိပ်မိ ဘဲ မင်းတရားကြီး ခေါ်မည် အထင်နှင့် ရွှေနန်းတော်အတွင်းရှိ ရာဟု ပြင်ထားပေးသော ဧည့်ဆောင် တစ်ခု အတွင်း
အထိန်းတော်ကြီးနှင့် အတူ
ည အိပ်ရန်ဖြစ်လာလေသည်။

"ရာဟုကြောင့်အိပ်တာ မဟုတ်ဘူးနော်
ရာဝင်အိုး နှစ်အိုးထဲမှာ အပြည့်ဖြည့်ထားတဲ့ ရေတွေကြောင့် ရေအဝ ချိုး ရမာ မို့ အိပ်ဖို့ ဆုံးဖြတ်လိုက်တာ "

"အင်းပါ သော်ကလေး ရယ်
လာလာ ခေါင်း ခြောက်အောင်
ဦးရီးသုတ်ပေးမယ် "

ဆူပုတ်ပုတ်နှင့် အလို မကျသူသော်က ကို
အထိန်းတော်ကြီး က ကလေး
တစ်ယောက်လို ချော့မော့ကာ
ဆက်ဆံသည် ။

သော်က ၏ ဂုတ်ကျော်ကျော်မျှသာ ရှိသည့် ဆံနွယ်ပျော့ပျော့လေး များ ကို
အထိန်းတော်ကြီး က ယုယုယယ ထိုင်ရင်းသုတ်ပေးရှာသည် ။

တစ်မနက်လုံး လူတောထဲ
စိတ်ကျဉ်းကြပ်တာတွေ က အခုမှ
ဖြေလျော့သွားသလို ။

"သော်ကလေး ဆံ ပင် မခြောက်ချင်သေးဘူး ခဏ ဒီအတိုင်း ချထားမယ်နော်
တစ်အောင့်နေ တပ်မှူး လေး လာခေါ်
မှ စည်းနှောင်လိုက်မယ်လေနော့် "

"ဘယ်သူ လာခေါ်မာတုန်း
မလိုက်ဖူးဗျာ
ရာဟုကြီးနဲ့ ပွဲစျေးမသွားချင်ဘူးလို့
အထိန်းတော်ကြီးနဲ့ဘဲ သွားမယ်လေနော် "

ရာဟု ကား သော်က ကို နေရမည့်
အဆောင်ကို ပြပေးခဲ့ကာ သူလည်း ရေချိုးဦးမည်ဟု ဆိုကာ
အပြေးပြန်သွားရှာသည် ။

"သော်ကလေးရယ် အထိန်းတောိကြီး လည်းပါမှာဘဲ
တူတူ သွားမယ်လေနော့် "

"သူပါရင် မသွားချင်ဘူးဗျာ"

"တကယ်လား သော်ကလေး
ဒီည ပျော်ပွဲ ရွှင်ပွဲမှာ
ဂန္ဓာလရာဇ် ပြည် ( တရုတ်နိုင်ငံ ) က
ကုန်သည်တွေရဲ့ အဆန်းတကာ့အဆန်းဆုံး ပစ္စည်းတွေရော
မျက်နှာဖြူ တစ်ချို့ရဲ့ ထူးဆန်းအံ့ဩဖွယ် ပွဲတွေရော ပါမှာတဲ့နော်
မသွား ချင်တာ သေချာလား "

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now