ဂန္တဝင်၌တွယ်ငြိခြင်း (ဂႏၲဝင္၌...

By HunHan-Angel

170K 26.2K 2.4K

ဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေ... More

Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40 Final
ဂန္တဝင်မှ ၂၁ရာစု ထံသို့ ပေးစာ
Extra 1

Part 3

5.1K 843 61
By HunHan-Angel

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၃)

လေးလံနေသော မျက်ခွံများ ကိုမနည်းအားယူ ဖွင့်ကြည့်ပြီးသည့်နောက်တွင်

အလင်းရောင်တို့က သူ့ထက် ငါအလျင် သော်က မျက်လုံးထဲ တိုးဝင်လာသောကြောင့်
ခေတ္တ ပြန် အနားယူပြီးမှ ပြန်ဖွင့်ကြည့်လိုက်တော့

ဝါးတဲ တစ်ခုအတွင်း ရောက်နေကြောင်း သိလိုက်ရသည် ။

သူ့ရဲ့ ဆောင်းအိမ်မက်ရှည်ကြီး က မပြီးသေးဘူးလား ?

ခက်သော်က ဆိုသည်မာ
ပဲခူး တက္ကသိုလ် ၏ သမိုင်း ဌာနမှ ကထိက တစ်ယောက် ၊
အဖေက မြန်မာပြည် ၏ အချမ်းသာဆုံးစာရင်းဝင်ပုဂ္ဂိုလ်ဖြစ်ကာ မိခင်မာ တက္ကသိုလ်မှ ပါမောက္ခတစ်ယောက်ဖြစ်သည်။
တစ်ဦးတည်းသော သားမို့ ခိုက်ခိုက်တုန်အောင် အချစ်ခံရသော်ငြား ခက်သော်က က မူ ခေတ်ကာလ လူငယ်များ ကဲ့သို့ ဆိုးသွမ်းခြင်းမရှိသည့်အပြင်
ငယ်စဉ် ကတည်း က မိခင်၏ စာကြည့်ခန်းထဲမှ စာအုပ်များ ကိုဖတ်ကာ ကြီးပြင်းလာရသူမို့ကြီးပြင်းလာသည့် အခါ
ဝါသနာ ပါရာ လမ်း ကိုအခက်အခဲမရှိလျောက်လှမ်းနိုင်ခဲ့သည် ။

အသက် ၂၆ နှင့်ပင် 'ကထိက'ဟူသော ရာထူးကိုရထားသည့်အပြင် နောက်လအနည်းအငယ်နေလျှင် အာဆီယံတက္ကသိုလ်များ စာတမ်းဖတ်ပွဲ အခမ်းအနားတွင် ပဲခူးတက္ကသိုလ် ကိုယ်စားပြု
စာတမ်းဖတ်ရမည့် အသက်အငယ်ဆုံး သမိုင်းပညာရှင်၊
မိဘတွေဂုဏ်ယူရသည့်တစ်ဦးတည်းသောသား ၊
ရုပ်ရည်ချောမော ပညာအရာတွင်လည်းပြည့်စုံ ဓနဂုဏ်လည်းရှိသဖြင့် သမီးရှင်တွေ သဘောကျရသူ ။

ယခုတော့မူ ကား ကေတုမတီသား တစ်ယောက်အစား မြှားဒဏ်ဝင်ခံမိသဖြင့်
အိပ်ယာထဲ လဲနေရှာသည် ။

'ဘယ်လောက်နာကျင်စရာ
ကောင်းလိုက်သလဲ '

အိမ်မက်လား လက်တွေ့လား ဝေခွဲမရသည့် သည် ဆောင်းည အိမ်မက်ရှည်သည် စလာ ခြင်း ကတည်း က သော်က နှင့်အကျိုးမပေးသည်သာ ဖြစ်သည် ။

ဘာဘဲဖြစ်ဖြစ် ထ ပြီး အပြင် ကို စူးစမ်းလေ့လာကြည့်မှ ဖြစ်မည်။

'အိမ်မက်ဆိုလည်း မြန်မြန်နိုးဟာ
ဒါမှမဟုတ်လည်း အိမ်ပြန်ဖို့နည်းလမ်းရှာ။ရမယ် မဟုတ်ရင် ငါ့စာတမ်းဖတ်ပွဲလေး အနှစ်နှစ် အလလ ကြိုးစား ခဲ့သမျှ
ရေစုန်မြောကုန်လိမ့်တော့မယ်'

နှမြောစိတ်နှင့်အတူ ဝမ်းနည်းစိတ်တို့ကလှိုက်တက်လာရတကား

အော်ငို ချင်နေသည့် စိတ်ကိုထိန်းကာ ထ ရန်ပြင်လိုက်တော့

"လူလေး နိုးပြီလား "

အသံနှင့်အတူ ပြေးဝင်လာသည့်
ခန္ဓာက်ိုယ် ခပ်ထောင်ထောင်မောင်းမောင်း
ရုပ်ရည် မှာ ကြည်လင်အေးချမ်းနေသော လူတစ်ယောက်

အကယ်၍ သည် လူသာ
ရှေးခတ်အဝတ်အစား ဖြစ်သော
ချည်ကြမ်း အကျီင်္ နှင့် သစ်ခေါက်ဆိုး ဘောင်းဘီ ကိုသာ ဝတ်မထား
ဘူးဆိုလျှင် ပျော်မိမှာမှန်သော်လည်း

ယခု ဝတ်စားပုံ ၊အသုံးအနှုန်း အရ
ခက်သော် က ကေတုမတီ အိမ်မက်ရှည် ထဲမှ မလွတ်သေးနိုင်ကြောင်း သိလိုက်ရလေသည် ။

'ဘယ်တက်နိုင်မတုန်း ရေလိုက်ငါးလိုက် လုပ်ကြတာပေါ့'

"ဟုတ် ဦးကြီး ကျွန်တော်ဘယ်ရောက်နေတာလဲ "

"လူလေး ကို ဟံသာဝတီသားတွေ လက်ထဲ က တပ်မှုးလေး ရာဟု သင်္ဂ က ကယ်တင်ခဲ့ပြီ ယခု ဘေးရန်ကင်းသည့် နေရာ မင်းတရားကြီး အရိပ်တော်အောက် ကို ရောက်ရှိနေပြီ ဖြစ်၍
စိတ်လျော့လို့နေပါတော့ လူလေးရေ "

'စိတ်တော့မလျော့နိုင်ဘူး ဦးလေးရေ ကျွန်တော့်စာတမ်းဖတ်ပွဲ ကရှိသေးတယ်လေ ဦးလေးရဲ့ '

နေပါဦး
ဆိုတော့ကား အခုက

ခက်သော်က ဦးနှောက်ထဲ သမိုင်းခုနှစ်များ က တန်းစီ ကာဝင်ချလာသည်
သက္ကရာဇ် ၈၉၅ မွန် နှင့်မြန်မာတို့စစ်ဖြစ်ပွါး ၊
မွန်သုံးရပ်ထဲ က တစ်ရပ်ဖြစ်သည့်
ဟံသာဝတီ သက္ကရာဇ် ၈၉၅ ကျော်မှ သိမ်းနိုင်တာဆိုတော့
မင်းတရားကြီးနဲ့ ကျော်ထင် အနော်ရထာ လက်ထက်ဘဲ ဖြစ်မယ် ။

'ဒါဆို ငါရောက်နေတာ ဟံသာဝတီ ကို သိမ်းပြီး စ အချိန်ဖြစ်မယ်'

ခက်သော် က မျက်မှောင်ကြုံ့ ကာ
ဆက်စပ်မှု ကို စဉ်းစားနေသည်

အာဆီယံ တက္ကသိုလ် များ စာတမ်းဖတ်ပွဲတွင် သူတို့ အသင်း ဖတ်ဖို့ ရွေးချယ်ထားသည့်ခေါင်းစဉ်က 'တောင်ငူခေတ်'အကြောင်းဖြစ်သည်

မှန်နန်းရာဇဝင်တွေ
ကေတုမတီရာဇဝင်တွေ
ရာဇဝင်ကြီး ရာဇဝင်လတ် ရာဇဝင်ချုပ်တွေ ကို ဖတ်ပြီးသည့်တိုင် သူတို့အသင်းမဖြေ ရှင်းနိုင်သော ပုစ္ဆာ တစ်ခု ရှိလေသည် ။

ဤသည်မှာ ဟံသာဝတီ ကို သိမ်းပြီးနောက် မင်းတရားကြီး သည် ဟံသာဝတီကို မြို့တော်အဖြစ်ပြောင်းရွှေ့ စိုးစံခဲ့ လေ သောကြောင့် ၊
တောင်ငူ မြို့သည် ကား မြို့တော် အရာမှ လျှောကျ ခဲ့သည် ၊
မင်းတရားကြီးမာ မိမိဇာတိ ခမည်းတော် ခေါင်းချရာ ကေတုမတီမြို့ ကို ပစ်မထားနိုင် ဖြစ်ခဲ့ရတကား
ကေတုမတီအတွက်က်ို မူ တစ်မျိုးတစ်မည် ကြံပေရမည် ဟု စဉ်းစားကာ

သက္ကရာဇ် ၉၀၁ ခုနှစ်တွင် ဘုရင်ခံထားကာ အုပ်ချုပ်စေခဲ့ပါသည်

ဆိုတော့ကား သမိုင်းကြောင်း ကား ၂ နှစ်တာနီးပါး ကေတုမတီက်ို
မည်သူအုပ်စိုးခဲ့ကြောင်း သတင်းအတိအကျမရဖြစ်နေချေသည် ။
မြို့စောင့် တပ် အနေနှင့်ထားလိုက
ထားနိုင်ခဲ့သော်ညား

မင်းတရားကြီးကဲ့သို့ အရာရာ ကိုထိုးထွင်းသိမြင်နိုင်သော သူ က ကေတုမတီအုပ်ချုပ်ရေး ကို ဤမျှလောက် လွှတ်ထား မည်မဟုတ်ကြောင်း သိနေသော်လည်း
ထိုပုံပြင်ကား အစမဲ့နေလေသည် ။

ဤ အစမဲ့သော ပုံပြင်က်ို အရလိုက်ရန်
သော်က စိတ်အားထက်သန်နေမိသည် ။

သော်ကတို့ စာတမ်းမှာပြည့်စုံနေသော်လည်း အမေးအဖြေ အပိုင်းတွင် တစ်စုံတစ်ယောက်ကများ ဤ အပိုင်း ကို
ထ၍မေးခဲ့ပါလျှင် ဒုခ နှင့်လှလှ တွေ့မည် ကို ခက်သော်က အတော်လေး စိုးရိမ်နေခဲ့တာ ဖြစ်သည် ။

"ဦးကြီး အခု သက္ကရာဇ်ဘယ်လောက်လဲ "

ဘေးက ဦးလေး ကြီး က မူ ပြူးကြောင်ကြောင်နှင့် သူမေးသမျှ ဒိုင်ခံ ဖြေရှာသည် ။

"၈၉၉ ခုနှစ် တော်သလင်းလဆန်း ၈ ရက်နေ့လေ လူလေးရဲ့ "

'ရပြီ ...ငါးမရရေချိုးပြန်မယ်ဟ
သက္ကရာဇ် ၉၀၀ နဲ့ ၉၀၁ ကြားက
ကေတုမတီပုံပြင် ကို ကိုယ်တိုင် ရှာဖွေရမယ်ကွ '

စိတ်ကူးနှင့် အတူ သွက်လက်စွာ ထလိုက်သော်ညား
ဘယ်ဘက်လက်မာ ထောက်မရ သဖြင့် ဘုတ်ခနဲ အိပ်ယာပေါ်ပြန်ကျသည် ။

ခက်သော် က 'အီ ခနဲ 'အတော်လေး အထိနာသည် ။

ဘေး က ဦးလေးကြီးမာ လည်း အလန့်တကြား ဖြင့်

"လူလေး အသာ ထပါကွယ် ဒဏ်ရာ က အတော် နက်တယ်ကွဲ့ "

ပြောရင်းပြေး ပွေ့ပေးရှာသည်

ခက်သော်က ကောင်းနေသည့်
ညာဖက်လက်ဖြင့်ခေါင်း ကိုစမ်းမိလေတော့
ခေါင်းမာ လည်း ခပ်ကြမ်းကြမ်း အရာတစ်ခု

"ခေါင်းမာပါဒဏ်ရာရထားသေးတာပေါ့ "

'သေပါပြီ တစ်ကိုယ်လုံး ဘယ်နေရာ ကောင်းသေးလဲ ဟေ '

အရမ်း ထထိုင်လိုက်မိသည့် အရှိန်ကြောင့်ရော လက်ကိုထောင်လိုက်မိသည့် အရှိန်ကြောင့်ပါ
ခေါင်း ကတစ်ရိပ်ရိပ် မူးလာသလို
ဘယ်လက် စီမှ လည်း စေးကပ်ကပ် အရာ တစ်ချို့ စီးကျလာလေသည် ။

"အိုး လူလေး အရမ်း လှုပ်ရှားမိလို့ ဖြစ်မယ် ဒဏ်ရာကသွေးတွေ
ထွက်လာပြန်ပြီကွယ်
အပြင်မှာ ဘယ်သူရှိလဲ "

"ကျွန်တော်မျိုး ဂါမဏိရှိပါတယ်
အထိန်းတော်ကြီး "

ပြောရင်း စစ်တဲထဲ ဝင်လာတဲ့ သူကို သော်က ကြည့်လိုက်တော့
သူ့ကို လာကယ်သည့်
လူနှစ်ယောက်ထဲ က
တစ်ယောက် ဖြစ်သည်။

"ဟင် .. မောင်မင်း ကို တပ်မှုးလေး နန်းတော်ထဲခေါ်မသွားဘူးလား "

အထိန်းတော်ကြီးမှာ အံ့ဩစွာဖြင့်မေး
လေသည် ။
ဟုတ်သည် ဂါမဏိမှာ ရာဟုသင်္ဂ ၏
အရိပ်ဟုပင်
တင်စားခေါ်ဝေါ်ရလောက်သည်အထိ ကို တပ်မှုးလေးနောက် ကောက်ကောက်ပါမေရအာင်အမြဲ လိုက်ရသည့် လူယုံတော်ဖြစ်ချေသည် ။

ယခု မူ ကား ကျေးဇူးရှင်ဟူသည့် စကားအောက် ဂါမဏိမှာ စစ်တဲ ၌
အစောင့်အဖြစ် ကျန်ခဲ့ ရှာလေသည် ။

'ရင်နာလှပေစွ ဂါမဏိရင်နာတယ်'

ဂါမဏ်ိ မှာမူ မျက်နှာညိုးနွမ်းစွာဖြင့်

"တပ်မှုးလေး က ဒီကနောင်ကြီး အတွက်တဲ့ ကျွန်တော်မျိုး ကို ထားခဲ့တာ "

ပြောရင်း ဂါမဏိ မှာ ကုတင်ပေါ် က လူကိုကြည့်လိုက်တော့
သူ့ကို မျက်လုံးဝိုင်းကြီးတွေနှင့်စိုက်ကြည့်နေလေရဲ့
နက်မှောင်နေတဲ့ ဆံနွယ်တွေ က မျက်နှာပေါ်တစ်ချို့တစ်ဝက်ကျလို့ ၊

ယောက်ကျားလေး ဆိုတာ အကျီင်္ ချွတ်ဖူးထားလို့သာယုံရတယ် ။
ဒဏ်ရာရပြီး ဖြူဖျော့နေတာတောင်
ဘယ်လိုတောင်တင့်တယ်နေတာလဲ
မသိရင် ရွှေမှုန်စားပြီးမွေးဖွာလာတဲ့နတ်မိမယ်ကျနေရော ။

"ဟဲ့ ဂါမဏ်ိ သမားတော် သွားခေါ်ချေလို့
ဒီမာသွေးတွေပြန်ထွက်နေလို့"

"ဗျာ ဟုတ် ..ဟုတ်ကဲ့ပါအထိန်းတော်ကြီး "

"ဒီကလေးနှယ် မြန်မြန်သွားချေ "

ဂါမဏ်ိမှာ အသည်းအသန် စစ်တဲအပြင်သို့ပြေးထွက်ကာ
သမားတော်ကြီးများရှိရာသို့ ဒုန်းစိုင်း ပြေးရသည် ။

တော်ကြာ ရွှေမှုန်စားဟိုကောင်လေး တစ်ခုခု ဖြစ်ရင် သူ့ တပ်မှုးလေး
မိုးမီးလောင်ချိမ့်မည် ။

—————————-

ရာဟု စီးတော်မြင်း ကို မြင်းဇောင်းတွင်ထားခဲ့ပြီး

သူ့ စစ်တဲဆီဦးတည်မိတော့
စစ်တဲရှေ့မာ ဂါမဏိနှင့် သမားတော်ကြီး ၏ အကူကောင်လေး

ဘာလည်း ဘာအရေးဖြစ်ပြန်ပြီလဲ
စိတ်ထဲပူခနဲနှင့်အတူ ခြေလှမ်းတို့ကလည်း ခပ်သွက်သွက် ။

"ဂါမဏိ ဘာဖြစ်သလဲ ဟိုကောင်လေး "

"တပ်မှုး ပြန်လာပါပြီလား "

"အမြန်လျှောက်တင်စမ်း ဘာဖြစ်သလဲ "

အိဒ္နြေ တောင် မထိန်းနိုင် ပြာယာခတ်နေသော ကြောင့် တပ်မှုးလေးကြောင့် ဘေးက ဆေးအကူသမားတော်လေးမှာ အတော်လေး အထူးအဆန်းဖြစ်နေသော်လည်း
ဂါမဏိကမူ ထူးဆန်းမနေတော့ ...

သူက နန်းဆောင်ထဲမာ ကတည်း က
ပွေ့ချီလာတာတောင် မြင်ဖူးခဲ့တဲ့လူပေမလား ၊
နန်းတော် အခစားတောင်ခေါ်မသွားဘဲ စစ်တဲထဲမှာ အစောင့်အဖြစ်တောင်
ချန်ထားခဲ့ခံရတဲ့လူပေမလား ၊
ဒီလောက်အမှု လေး က်ု အံ့ဩမနေတော့ ။

"ဘာမှ မဖြစ်ပါဘူး အရှင်
သတိရလာပြီး လှုပ်ရှား မိလိုက်လို့
ဒဏ်ရာနည်းနည်း သွေးပြန်ယိုစိမ့် လာလို့ သမားတော်ကြီး လာကြည့်တာပါ"

"အော် "

ထိုအခါမှ သက်မောချနိုင်သည့်
တပ်မှုလေး ကိုကြည့်ပြီး ဂါမဏိမှာ ဘာပြောရမယ်မှန်းကိုမသိတော့ ၊
အကယ်လို့များ အထဲ က နောင်ကြီး သာနှမလေး ဖြစ်ကြည့်

ဂါမဏိကတော့
သူ့တပ်မှုးလေးနှင့် အနှီတစ်ယောက်ကို
ဖြစ်ချင်တာဖြစ် အဆုံးထိ
တွေးပစ်လိုက်တော့မာ ဖြစ်သည် ။

သမားတော်ပြန်ထွက်လာပြီးနောက်

ရာဟု သင်္ဂ တဲထဲ ဝင်လိုက်မိတော့
ကုတင်ပေါ်မာ ထထိုင်နေသည့် အနှီကောင်လေး
ဘေးမာ က မတ်တပ်ရပ်ရင်း စကား ပြောနေသည့် အထိန်းတော်ကြီး ။

"သက်သာရဲ့လား မောင်မင်းဒီဃသော်က"

'အော် ဒီခန္ဓာကိုယ် ပိုင်ရှင် နာမည် က
ဒီဃသော်က ပေါ့ ခက်သော်ကဘဝကလည်း
ဘဝကလည်း လူများခေါ်မှ ကိုယ့်နာမည် ကိုယ်သိတဲ့ဘဝ
မဆိုးဘူးဟ နာမည်ချင်းတော့
ဆင်ရှာသား'

ဒီဃသော်ကနဲ့ ခက်သော်က ။

ဝင်လာသည့် လူကိုကြည့်လိုက်တော့ သူမြှားချက်ဝင်ခံ ပေးလိုက်သည့်သူ ။

စစတွေ့ချင်းတုန်း ကလို
သွေးတွေ စွန်းထင်းနေသည့် စစ်ဝတ်တန်ဆာနှင့်မဟုတ်ဘဲ
တောက်ပြောင်နေသည့် ချပ်ဝတ်တန်ဆာနှင့်ဖြစ်သည် ။
သျှောင်ထုံး ကိုလည်း သေချာထုံးထားသဖြင့် တိတိကျကျ မျက်နှာ အချိုးအစားကြောင့် သည်လူဟာ ခန့်ချောကြီး ဖြစ်သည် ဟူသော အမှန်တရား ကို မငြင်း နိုင်ပါလေ ။

"တပ်မှူးလေး ပြန်လာပါပြီလား "

'အော် ဒီက အစ်ကိုကြီး က တပ်မှုးလေးပေါ့
ထင်တော့ထင်သား ဓားရေး ကျွမ်းကျင် သားလို့ '

နှုတ်ဆက်နေသည့် အထိန်းတော်ကြီး ကို ခေါင်းသာငြိမ့်ပြလိုက်ပြီး ကုတင်ပေါ်က ကောင်လေးကို သာ သူထပ်မေးမိသည်က

"မောင်မင်း က ဒဏ်ရာ ကို ဘဲ ဂရုစိုက်
ကျန်တာ ဘာမှမတွေးနဲ့"

'မတွေး စရာ လား လို့
ငါ့စာတမ်းဖတ်ပွဲလေး ....'

"လိုတာရှိရင်ကိုယ့်တော့် ကို ပြောနိုင်တယ်
ကေတုမတီ မပြန်ခင်အထိ မောင်မင်း ကို ကိုယ်တော်ကာကွယ်ပေးဖို့ တာဝန်ရှိတာမို့"

ဒီခန္ဓာကိုယ် ပိုင်ရှင်ကို ဒီလူက သိနေတဲ့ပုံဘဲ မေးကြည့်ရမလား

"ဟို ရောင်းရင်းကြီး "

သူပြောတာ ကို အကြာကြီးနားထောင်နေပြီးမှ သလွန်ပေါ်က ကောင်လေး က ခပ်တိုးတိုး စကားဆိုသည်

မျက်ခုံးပင့်ပြလိုက်တော့

"ကျွန်တော် က ဘယ်သူလဲဟင်
ဘယ်လို ဖြစ်တာလဲ
ကျွန်တော့မျိုးရိုး ဘာညာ
ကျွန်တော် ဘာမှမသိတော့ဘူး"

အဟုတ်တကယ် ခက်သော်က ဒီခန္ဓာကိုယ် ပိုင်ရှင် ရဲ့ဇာတိကို မသိတာကြောင့် မေးမိခြင်း

ရာဟု သင်္ဂ အံ့ဩခြင်းများစွာနဲ့
ဘေးက အထိန်းတော်ကြီး ကို ကြည့်လိုက်မိတော့
အထိန်းတော်ကြီး က

"ငယ်ငယ်ရွယ်ရွယ်နဲ့မိဘ ဆွေမျိုး
အကုန်တစ်နေ့တည်း ဆုံးရှုံး လိုက်ရတဲ့ အပူမီး ကြောင့် စိတ်ထိခိုက်တာရော ခေါင်းက ထိခိုက်ဒဏ်ရာကြောင့်ရော
အတိတ်တစ်ချို့ မေ့သွားတယ်လို့ သမားတော်ကြီး ကဆိုပါတယ် "

ရာဟု သင်္ဂ ဒီ တစ်ဒေင်္ဂမာ
ထိုကောင်လေး ကို သနား စိတ်က
တစ်မဟုတ် ခြင်း ယိုဖိတ်လာ လေသည် ။

"ဒါဆို မောင်မင်း ကိုယ်တော် ဘယ်သူမှန်းမသိဘဲ
မောင်မင်းကိုယ် မောင်မင်း ဘယ်သူမှန်းမသိဘဲနဲ့ မြှားချက် ကို ဝင်ခံခဲ့တာ လား ကိုယ့်တော့်အစား "

ကောင်လေး က ဖြူစင်သောမျက်ဝန်းအစုံနှင့် ခေါင်းကို စုံငြိမ့်ပြသည် ။

တစ်သက်လုံး စစ်ပွဲအောင်နိုင်လျှင် ဂုဏ်ယူခဲ့သမျှ
စစ်သူရဲကောင်း ဟူသည်
ဂုဏ်ယူစရာဟု တွေးမိခဲ့သမျှ ၊
စစ်တိုက်ရမည် ဆိုလျှင်
ရင်ခုန် ပျော်ရွှင်ခဲ့သမျှ သည်
ဒီ စစ်ပွဲကြောင့် မေတ္တာ ၊ရာထူး ၊ဆွေမျိုး၊မိဘ အကုန်ဆုံးရှုံးခဲ့သည့်
သည်ကောင်လေး ကို တွေ့မှ
မိမိ ကိုယ်ကိုယ် စစ်သူရဲကောင်းဆိုတာထက်ရှက်ရွံ့ သလို ပင်ဖြစ်လာလေသည် ။

စစ်ပွဲတွင် လက်မရွံ့ဘဲ လူသတ်ခဲ့သည့် မိမိကိုယ်ကိုကိုယ် ပင် မလုံ သလို ဖြစ်လာလေသည် ။

ရာဟု သင်္ဂ လက်ချက်ဖြင့် ခလေးပေါင်း မည်မျှ ကို အဖမဲ့ခလေးများ ဖြစ်စေရန်လုပ်ခဲ့မိပြီ
မိသားစု မည်မျှ ကို ဖြိုခွဲခဲ့ပြီးပြီ သလဲ မသိနိုင်တော့
သူ့ကြောင့် သားသည်မိခင်တွေ အဘယ်လောက်ထိ မျက်ရည်တွေ
ကျခဲ့ရပြီးပြီလဲ

ဒီတစ်ခါတော့
သူရဲကောင်း မို့ ဓားသွေးစွန်း တာပေဘဲ ဆိုသည့် အဆို ကို နှလုံးသားနှင့်ငြင်းဆို လိုခဲ့ပါသည် ။

———————————-

မိမိဘဝဇာတ်ကြောင်း ကို သူများပြောသမျှ မျက်ရည်အဝိုင်းသားနှင့်
နားထောင်နေသော ကောင်လေး ကို ကြည့်ကာ ရာဟုရင်ထဲ တစ်စို့လာသည်မို့

ဘေး ကို အကြည့်လွှဲလိုက်မိတော့

ဂါမဏိသည် ဝမ်းနည်းခြင်းမျက်လုံးအပြည့်နှင့်ကောင်လေး ကိုကြည့်နေပြီး
အထိန်းတော်ကြီး ကမူ မျက်ရည်မကျစေရန် မျက်တောင်မြန်မြန်ခတ်သည် ။

"တောင်းပန်ပါတယ် ကိုယ်တော်တို့ အချိန်မှီ မကာကွယ်ပေးနိုင်ခဲ့လို့ "

ကောင်လေး က ခေါင်း ကို ဖြည်းငြင်းစွာ အသာလေးခါသည်

"မဟုတ်တာဘဲ အကုန်လုံး ကို တစ်ပြိုင်တည်းကာကွယ်ပေးလို့ ဘယ်ရနိုင်ပါ့မလဲ
ကျွန်တော်မျိုးနားလည်ပါတယ်
ဆုံးသွားတဲ့ မိဘတွေအတွက် ကောင်းမှု ကုသိုလ်အချို့သာ လုပ်ပေးပါရစေ "

"ကောင်းလှပြီ မောင်မင်း သက်သာလာရင်
ကိုယ်တော်ကိုယ်တိုင် ရွှေမောဓောစေတိီလိုက်ပို့ပြီး ကောင်းမှုလုပ်စေမယ် "

"ဟုတ်"

"မောင်မင်း အခုကော ဘာလိုအပ်သေးလဲ မင်းတရားကြီးက မောင်မင်း ကို စောင့်ရှောက်ဖို့ ကိုယ်တော့ကို တာဝန်ပေးထားတာမို့ "

"ဟိုလေ ညနေစာ မစားကြသေးဘူးလားဟင် "

တစ်ခုခုတောင်းဆိုတော့မည် မှတ်သော်လည်း
မျက်လုံး လက်လက်လေးများနှင့်
နှုတ်ခမ်းလေးစုကာ မေးလာပုံကိုကြည့်ရင်း
ကေတုမတီစစ်သူရဲကောင်းကြီး ရာဟုမှာ ကြောင်အနေသည်

ဂါမဏိ ကတော့ ယောင်ပြီး လက်ကို ပါးစပ်နှင့် အုပ်မိသည်အထိ ။

အထိန််းတော်ကြီး ကမူ မထိန်းနိုင်စွာဖြင့်

"ချစ်ဖို့ကောင်းလိုက်တာ ခလေးရယ်
ဗိုက်ဆာနေတာလား ဦးရီးတို့ကျွေးမာပေါ့
ဟဲ့ ဂါမဏ်ိ"

ယောင်နန လုပ်နေသည့် ဂါမဏိမှာ ယခုမှ သတိကပ်သွားကာ

"ဗျ ဗျာ "

"သွားချေ
စားတော်ဆောင်ကိုသွား ငါပြုတ်ခိုင်းထားတဲ့ ဆန်ပြုတ်ယူလာခဲ့ချေ "

"ဟုတ်အထိန်းတော်ကြီး
ခဏလေးစောင့်နော် နောင်ကြီး "

တစ်မိုးအောက်တွင်မည်သူ့ကိုမှ လူမထင် သူ့သခင် တပ်မှုးလေးကလွဲရင် ဘယ်သူ့ကိုမှတောင်ယောင်လို့မပြုံးပြဖူးသော
ဂါမဏ်ိကား ထိုရာမညတိုင်းသားကောင်ငယ်လေးကိုတော့ နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးပြကာ အမြန်ဆုံး နှုန်း ဖြင့် စားဖိုဆောင်ကို ပြေးချေပြီ ။

ရာဟုသင်္ဂ အနေဖြင့် တစ်မဟုတ်ချင်းပျော့ပြောင်းသွားသူ
သူ့ငယ်ကျွန်ကြီး ကိုကြည့်ကာ ရယ်ရခက် ငိုရခက် ။

တကယ်ဘဲ ရာမည တိုင်းသား တွေဟာ အဆိပ်အရာမှာ ကျွမ်းကျင်လှတယ် ဆိုတဲ့ သတင်းက အလကားမဟုတ်ချေဘူး။
အထူးသဖြင့် သည်ကလေး
မျက်လုံးဝိုင်းကြီးတွေက..
လူတိုင်း ရင်ထဲ က အကြင်နာတရား ကို
နိုးထစေနိုင်တဲ့ အထူးခြား ဆုံး အဆိပ်ဟု ဆိုနိုင်ပေမလား။

ဒီရာမည တိုင်းသား ဟာ အန္တရာယ် များ လှပါဘိ

————————————-

မနက် ခင်း အချိန်
ကေတုမတီသားတို့၏ စစ်တဲကြီး ကား
မြှားပစ်သံ
စစ်ရေး လေ့ကျင့်သူတို့မှ သီဆိုသော ကာချင်းစစ်ချီတေးသံ တို့ဖြင့် ရဲရဲတောက်တက်ကြွ လျက်ရှိသည် ။

တပ်စု ၏ ထိပ်တွင်ကား
တပ်မှုးလေး ရာဟုသင်္ဂ မှ
ချွန်ထားသော မြှားများ
သွေးထားသော ဓားလက်နက်နှင့်
ဟံသာဝတီ မြို့ ကို သိမ်းပိုက်စဉ် က ရရှိခဲ့သော စိန်ပြောင်း တန်ပူ စသည့် ပေါ်တူဂီလုပ် လက်နက်ဆန်းများ ကို ကြည့်ရှုလက်ရှိသည် ။

သူ့နောက်တွင်ကား
မျက်နှာငယ်လေးနှင့် ကြည်းတပ်စုမှုး သီရိကျော်ထင် နှင့် အိပ်ရေးမဝသော အိပ်မှုန်စုံမွှား ရုပ်နှင့် ခံပေါင် တပ်မှူး ဗလကျော်ထင် ။

"နောင်ကြီး "

လက်ထဲ က လေး ကို ကြိုးတင်လျက်
မြှား တစ်ချောင်း ကို လက်တစ်ဖက်နှင့်ရွေးနေသော ရာဟုသင်္ဂ က သီရိကျော်ထင် ကို အဖက်မလုပ် ခေါင်းလေးသာစောင်းကြည့်သည် ။

"နောင်ကြီး ရာ ဒီကညီတော်အမိုက်မဲလေး မှားပါတယ် နော်
အာ့လို နောင်ကြီး က ဘာမှ မပြောတော့
ဒီညီငယ်လေးမှာ
သွားလေရာနောက်တစ်ကောက်ကောက်လိုက်နေရတဲ့ အဖြစ် ကို သနားပါလို့နော် "

"ဟုတ်ပါတယ် ရာဟုရာ
ခင်ဗျာတော်တော်လေး နောင်တရနေရှာပါပြီ ည ကသောက်တာတောင် ခင်ဗျာ တစ်မှိုင်မှိုင် တစ်တွေတွေနဲ့ပါ "

ဗလကျော်ထင်ပါ မနေနိုင်လို့ဝင်ပြောလေပြီ ။

ရာဟု ပစ်လိုက်သော မြှား က ပစ်မှတ်၏ ဗဟိုတည့်တည့်ကို ဒုတ်ခနဲ သွားစိုက်သည်

"ရောင်းရင်းတို့ စစ်သူရဲကောင်းတွေ
သေရင် ဘာဖြစ်သွားမာလဲ "

ရုတ်တရက်ကြီး စကား လမ်းကြောင်း ပြောင်း ကာ ထပြောသော ရာဟုကြောင့် သီရိကျော်ထင်နှင့် ဗလကျော်ထင် ကြောင်အစွာ အချင်းချင်းကြည့်မိလိုက်သည် ။

သေချာပြီ ရာဟု စိတ်ထဲ ပုစ္ဆာ တစ်ခုရောက်နေချေပြီ ။

သူရဲကောင်းတို့သည်
ထာဝရရှင်သန်၏ တဲ့
ရဲရင့်တဲ့သူဟာ ခန္ဓာသေသော်ငြား နာမည် မသေ
စိတ်ဝိညာဉ်သည် ကား ရဲရင့်သောကြောင့် ငရဲရောက်မည်မဟုတ်တဲ့
ကျွန်ုပ်တို့ ငယ်စဉ်က သင်ခဲ့ရသည်မဟုတ်ပေလား "

ဗလကျော်ထင် ၏ စကား ကို သီရိကျော်ထင် က ခေါင်းငြိမ့်ခြင်း ဖြင့်ထောက်ခံသည် ။

"သို့ပေမယ့် ကျွန်ုပ်တို့ သည်
စစ်သူရဲကောင်း ဟု နာမည် တွင်ဖို့အတွက် အသက်များစွာ ကို ဓားသွားထက် တွင်
ဖြုတ်ချွေ ခဲ့ရသည်မဟုတ်လား

သည် သေဆုံးသူတို့နှင့် ပတ်သက်ဆက်နွယ် ကာ ကျန်ခဲ့မယ့် သူတို့၏ စိတ်ကို ခံစားဖူးသလား

ကျွန်ုပ်တို့ကြောင့် ခလေးမည်မျှ အဖမဲ့ခဲ့ကြ၍ သားသည်အမေများ မည်မျှ ပူဆွေးခဲမှန်း မသိခဲ့ပါတကား "

ရာဟု ၏ စကားအောက်တွင်
သီရိကျော်ထင်နှင့် ဗလကျော်ထင် ငြိမ်ကြသွားလေသည် ။
သူတို့ စစ်ပွဲပေါင်းများစွာ ဆင်နွဲ ခဲ့ကြသည် ၊
အသက်ပေါင်းများစွာခြွေယူခဲ့ကြသည် ၊
' သူရဲကောင်း 'ဟူ၍ ထောမနာပြုမှုအောက်တွင် ဂုဏ်ယူခဲ့ကြဖူးသည် ။
သိုသော် ...သို့သော် .၎င်း ပူဆွေးမှုကိုကား ထည့်မစဉ်းစားမိကြ ။

"ဒါကြောင့် ကိုယ်တော်တို့ နိုင်ငံကိုတည်ထောင်ခဲ့အခါ သွေး၊ ချွေး ၊ မျက်ရည်နဲ့တည်ထောင်တယ်လို့ဆိုကြတာကိုးကွဲ့ "

ရုတ်တရက်ထွက်လာသည့် အသံကြောင့် လှည့်ကြည့်လိုက်မိတော့ ပြုံးပြနေသည့် မင်းတရားကြီး နှင့် ကျော်ထင်အနော်ရထာ

ဒူးထောက်အရိုအသေပြုဟန်ပြင်တော့ မင်းတရားကြီး က တားသည် ။

"ထလော့မောင်မင်းတို့

ငါဒီနေ့ မောင်မင်းတို့ကို ဆုလာဘ်ပေးရန်လာသည်
သို့သော် ငါကအရင်တန်ဖိုးရှိသော စကား ကိုကြားရ၍ အဖိုးထိုက်တန်မှု ကို အရင်ရခဲ့လေပြီ "

"စိတ်ပျော့တဲ့စကားကို ဆိုမိသောကြောင့်စိုးရွံ့မိပါတယ် "

"မဟုတ်တာဘဲ မောင်မင်း
ကိုယ်တော် တို့ဟာ အမြဲတမ်း
နေမင်းအလင်းရောင်ကိုတမ်းတနေလို့ဘယ်ရပါ့မလဲ ည မှောင်မိုက်တဲ့ အခါလည်း ရှိဦးမှပေါ့ "

ခေါင်းကိုဖြည်းငြင်းစွာ ခါလျက် ဆိုသည်

"မောင်မင်း ရာဟု မေးသည့် စကားကို
ကိုယ်တော်အဖြေထုတ်မည်

သူရဲကောင်းဖြစ်ဖို့ ရန်သူများစွာ က်ို သုတ်သင်ရသည်မှာ မှန်သည်

ထို့အတွက်ကြောင့် သံသရာတွင် အဘယ်သို့လားရမလဲ ကိုယ်တော်တို့မသိနိုင်
သိုသော် ပစ္စုပ္ပာန်၏ သဘောတရားဖြစ်သည့် အားကြီးသူက အားနည်း သူကို
အနိုင်ယူတက်သော အလေ့အကျင့်ကိုလည်း မမေ့လျော့သင့်

အကယ်၍ သည်အချိန်တွင် ကိုယ်တော်တို့ ဟာ ရန်သူတစ်ယောက်ကို မသုတ်သင်မိလျှင် နောင်တစ်ချိန်တွင် ထိုတစ်ယောက်သည် အယောက်တစ်ရာကိုသတ်နိုင်သောသူလည်း ဖြစ်နိုင်ရာ၏
အယောက်တစ်ထောင်ကို အဖမဲ့သား ဖြစ်အောင်လုပ်နိုင်စွမ်းလည်းရှိလာနိုင်၏။

ကိုယ်တိုင်အင်အားကြီးခါမှမြတ်နိုးရာကို ကာကွယ်နိုင်မည်မှာ အမှန်တရားတည်း

ယခုမူ ကိုယ်တော်တို့သည် ခြုံခိုတိုက်ခိုက် ခြင်းလည်းမလုပ်
ကြိုတင်မကြေညာဘဲ အလစ်ဝင်ရောက် တိုက်ခိုက်ခြင်းလည်း မလုပ်
အချင်းချင်း သွေးခွဲ ကာ တစ်ဦး ကို တစ်ဦးသတ်စေခြင်း လည်းမပြု
တရားသော စစ်ကို ဆင်နွှဲ၏

မသတ်သင့်သော သူကိုကားငါတို့မသတ်
ရာထူး အဆောင်အယောင်လည်း သိမ်းချင်းမပြု
ငါကိုယ်တော်သည်အစိတ်စိတ်အမွှာမွှာ သူတစ်လူငါတစ်မင်း ဖြစ်နေသောနေရာထက် တစ်စုတစ်စည်း ဖြစ်သော တိုင်းပြည်ကို လိုလား၍ ဤသို့လုပ်ရခြင်းဖြစ်သည် "

ရာဟု သင်္ဂ ခေါင်း ကို ငြိမ့်ကာ
မင်းတရားကြီး ၏ စကား ကို နားထောင်နေသည်

"စစ်တို့၏ အကျိုးဆက်ကြောင့်ကြသော ပြည်သူတို့၏ မျက်ရည်ကို ငြိမ်းချမ်းခြင်းတရားဖြင့် ငါကိုယ်တော်ကိုယ်တိုင်သုတ်ပေးချေမည်မို့
မောင်မင်း စိတ်မပူလင့် "

"မဝံ့ရဲကြောင်းပါဘုရား "

"ကိုယ်တော့ သူရဲကောင်းတွေ ဟာ ဓားကို အကျိုးရှိရှိ အသုံးချတက်တဲ့သူတွေ ဖြစ်သရွေ့ ဘယ်တော့မှ
ရာဇဝင်မရိုင်းစေမာဟာ အမှန်တရားပေဘဲ "

"မခံယူဝံ့ကြောင်းပါဘုရား "

"စိတ်ထဲရှင်းလင်းသွားရဲ့လား မောင်မင်း "

မင်းတရားကြီး က ရာဟု ပခုံး ကိုပုတ် လျက်မေးမြန်းလေသည် ။

"မှန်လှပါဘုရား "

မင်းတရားကြီး က သူနှင့်အတူတူ သေအတူ ရှင်မကွာတိုက်ပွဲဝင်ခဲ့သော စစ်သူရဲသူခက်များ လေ့ကျင့်နေပုံကို ကြည့်ကာ ရဲဝံ့စွာ ဆိုသည် ။

"ကိုယ်တော် ကတော့ မောင်မင်းတို့နဲ့ဆို ငရဲ အထိတောင် ရဲရဲဝံ့ဝံ့ ဆင်းနိုင်ပါရဲ့ "

မင်းတရားကြီး ၏ ကြုံးဝါးသံကား လေထဲတွင် ပဲ့တင်ထက်လျက်
ကေတုမတီသားတို့၏ လှံတံများ နှင့် ဓားရောင်များမှာ နေရောင်အောက်တွင်
တစ်လက်လက်တောက်ပလျက်

သေချာပြီ ကေတုမတီသည် နောင်နှစ်တစ်ရာ
နှစ်တစ်ထောင်အထိ
ရာဇဝင်တွင်တင့်တယ်စွာ တည်ရှိ နေတော့ပေမည်
———————————

ဖတ်ပြီးတော့ ခံစားရတာလေးတွေ ပြောသွားပေးရင် သိပ်ကောင်းမာဘဲ 💜

ဒီတွယ်ငြ်ိခြင်း မှာ လှလှပပတွယ်ငြိနိုင်ကြပါစေ 💜

ကျဲကျဲ အိုက်နီမန်း💜

Zawgyi

ဂႏၲဝင္၌တြယ္ၿငိျခင္း
အပိုင္း (၃)

ေလးလံေနေသာ မ်က္ခြံမ်ား ကိုမနည္းအားယူ ဖြင့္ၾကည့္ၿပီးသည့္ေနာက္တြင္

အလင္းေရာင္တို႔က သူ႕ထက္ ငါအလ်င္ ေသာ္က မ်က္လုံးထဲ တိုးဝင္လာေသာေၾကာင့္
ေခတၱ ျပန္ အနားယူၿပီးမွ ျပန္ဖြင့္ၾကည့္လိုက္ေတာ့

ဝါးတဲ တစ္ခုအတြင္း ေရာက္ေနေၾကာင္း သိလိုက္ရသည္

သူ႕ရဲ႕ ေဆာင္းအိမ္မက္ရွည္ႀကီး က မၿပီးေသးဘူးလား ?

ခက္ေသာ္က ဆိုသည္မာ
ပဲခူး တကၠသိုလ္ ၏ သမိုင္း ဌာနမွ ကထိက တစ္ေယာက္
အေဖက ျမန္မာျပည္ ၏ အခ်မ္းသာဆုံးစာရင္းဝင္ပုဂၢိဳလ္ျဖစ္ကာ မိခင္မာ တကၠသိုလ္မွ ပါေမာကၡတစ္ေယာက္ျဖစ္သည္
တစ္ဦးတည္းေသာ သားမို႔ ခိုက္ခိုက္တုန္ေအာင္ အခ်စ္ခံရေသာ္ျငား ခက္ေသာ္က က မူ ေခတ္ကာလ လူငယ္မ်ား ကဲ့သို႔ ဆိုးသြမ္းျခင္းမရွိသည့္အျပင္
ငယ္စဥ္ ကတည္း က မိခင္၏ စာၾကည့္ခန္းထဲမွ စာအုပ္မ်ား ကိုဖတ္ကာ ႀကီးျပင္းလာရသူမို႔ႀကီးျပင္းလာသည့္ အခါ
ဝါသနာ ပါရာ လမ္း ကိုအခက္အခဲမရွိေလ်ာက္လွမ္းနိုင္ခဲ့သည္ ။

အသက္ ၂၆ ႏွင့္ပင္ 'ကထိက'ဟူေသာ ရာထူးကိုရထားသည့္အျပင္ ေနာက္လအနည္းအငယ္ေနလွ်င္ အာဆီယံတကၠသိုလ္မ်ား စာတမ္းဖတ္ပြဲ အခမ္းအနားတြင္ ပဲခူးတကၠသိုလ္ ကိုယ္စားျပဳ
စာတမ္းဖတ္ရမည့္ အသက္အငယ္ဆုံး သမိုင္းပညာရွင္၊
မိဘေတြဂုဏ္ယူရသည့္တစ္ဦးတည္းေသာသား ၊
႐ုပ္ရည္ေခ်ာေမာ ပညာအရာတြင္လည္းျပည့္စုံ ဓနဂုဏ္လည္းရွိသျဖင့္ သမီးရွင္ေတြ သေဘာက်ရသူ ။

ယခုေတာ့မူ ကား ေကတုမတီသား တစ္ေယာက္အစား ျမႇားဒဏ္ဝင္ခံမိသျဖင့္
အိပ္ယာထဲ လဲေနရွာသည္ ။
ဘယ္ေလာက္နာက်င္စရာေကာင္းလိုက္သလဲ ? ။

အိမ္မက္လား လက္ေတြ႕လား ေဝခြဲမရသည့္ သည္ ေဆာင္းည အိမ္မက္ရွည္သည္ စလာ ျခင္း ကတည္း က ေသာ္က ႏွင့္အက်ိဳးမေပးသည္သာ ျဖစ္သည္ ။

ဘာဘဲျဖစ္ျဖစ္ ထ ၿပီး အျပင္ ကို စူးစမ္းေလ့လာၾကည့္မွ ျဖစ္မယ္ ။
အိမ္မက္ဆိုလည္း ျမန္ျမန္နိုးဟာ
ဒါမွမဟုတ္လည္း အိမ္ျပန္ဖို႔နည္းလမ္းရွာ။ရမယ္ မဟုတ္ရင္ ငါ့စာတမ္းဖတ္ပြဲေလး အႏွစ္ႏွစ္ အလလ ႀကိဳးစား ခဲ့သမွ်
ေရစုန္ေျမာကုန္လိမ့္ေတာ့မယ္
ႏွေျမာစိတ္ႏွင့္အတူ ဝမ္းနည္းစိတ္တို႔ကလွိုက္တက္လာရတကား

ေအာ္ငို ခ်င္ေနသည့္ စိတ္ကိုထိန္းကာ ထ ရန္ျပင္လိုက္ေတာ့

"လူေလး နိုးၿပီလား "

အသံႏွင့္အတူ ေျပးဝင္လာသည့္
ခႏၶာက္ိုယ္ ခပ္ေထာင္ေထာင္ေမာင္းေမာင္း
႐ုပ္ရည္ မွာ ၾကည္လင္ေအးခ်မ္းေနေသာ လူတစ္ေယာက္

အကယ္၍ သည္ လူသာ
ေရွးခတ္အဝတ္အစား ျဖစ္ေသာ
ခ်ည္ၾကမ္း အက်ီၤ ႏွင့္ သစ္ေခါက္ဆိုး ေဘာင္းဘီ ကိုသာ ဝတ္မထား ဘူးဆိုလွ်င္ ေပ်ာ္မိမွာမွန္ေသာ္လည္း

ယခု ဝတ္စားပုံ ၊အသုံးအႏႈန္း အရ
ခက္ေသာ္ က ေကတုမတီ အိမ္မက္ရွည္ ထဲမွ မလြတ္ေသးနိုင္ေၾကာင္း သိလိုက္ရေလသည္ ။

ဘယ္တက္နိုင္မတုန္း ေရလိုက္ငါးလိုက္ လုပ္ၾကတာေပါ့

"ဟုတ္ ဦးႀကီး ကြၽန္ေတာ္ဘယ္ေရာက္ေနတာလဲ "

"လူေလး ကို ဟံသာဝတီသားေတြ လက္ထဲ က တပ္မႈးေလး ရာဟု သဂၤ က ကယ္တင္ခဲ့ၿပီ ယခု ေဘးရန္ကင္းသည့္ ေနရာ မင္းတရားႀကီး အရိပ္ေတာ္ေအာက္ ကို ေရာက္ရွိေနၿပီ ျဖစ္၍
စိတ္ေလ်ာ့လို႔ေနပါေတာ့ လူေလးေရ "

'စိတ္ေတာ့မေလ်ာ့နိုင္ဘူး ဦးေလးေရ ကြၽန္ေတာ့္စာတမ္းဖတ္ပြဲ ကရွိေသးတယ္ေလ ဦးေလးရဲ႕ '

ေနပါဦး
ဆိုေတာ့ကား အခုက

ခက္ေသာ္က ဦးေႏွာက္ထဲ သမိုင္းခုႏွစ္မ်ား က တန္းစီ ကာဝင္ခ်လာသည္
သကၠရာဇ္ ၈၉၅ မြန္ ႏွင့္ျမန္မာတို႔စစ္ျဖစ္ပြါး ၊
မြန္သုံးရပ္ထဲ က တစ္ရပ္ျဖစ္သည့္
ဟံသာဝတီ သကၠရာဇ္ ၈၉၅ ေက်ာ္မွ သိမ္းနိုင္တာဆိုေတာ့
မင္းတရားႀကီးနဲ႕ ေက်ာ္ထင္ အေနာ္ရထာ လက္ထက္ဘဲ ျဖစ္မယ္ ။

'ဒါဆို ငါေရာက္ေနတာ ဟံသာဝတီ ကို သိမ္းၿပီး စ အခ်ိန္ျဖစ္မယ္'

ခက္ေသာ္ က မ်က္ေမွာင္ႀကဳံ႕ ကာ
ဆက္စပ္မႈ ကို စဥ္းစားေနသည္

အာဆီယံ တကၠသိုလ္ မ်ား စာတမ္းဖတ္ပြဲတြင္ သူတို႔ အသင္း ဖတ္ဖို႔ ေ႐ြးခ်ယ္ထားသည့္ေခါင္းစဥ္က 'ေတာင္ငူေခတ္'အေၾကာင္းျဖစ္သည္

မွန္နန္းရာဇဝင္ေတြ
ေကတုမတီရာဇဝင္ေတြ
ရာဇဝင္ႀကီး ရာဇဝင္လတ္ ရာဇဝင္ခ်ဳပ္ေတြ ကို ဖတ္ၿပီးသည့္တိုင္ သူတို႔အသင္းမေျဖ ရွင္းနိုင္ေသာ ပုစာၦ တစ္ခု ရွိေလသည္ ။

ဤသည္မွာ ဟံသာဝတီ ကို သိမ္းၿပီးေနာက္ မင္းတရားႀကီး သည္ ဟံသာဝတီကို ၿမိဳ႕ေတာ္အျဖစ္ေျပာင္းေ႐ႊ႕ စိုးစံခဲ့ ေလ ေသာေၾကာင့္ ၊
ေတာင္ငူ ၿမိဳ႕သည္ ကား ၿမိဳ႕ေတာ္ အရာမွ ေလ်ာက် ခဲ့သည္ ၊
မင္းတရားႀကီးမာ မိမိဇာတိ ခမည္းေတာ္ ေခါင္းခ်ရာ ေကတုမတီၿမိဳ႕ ကို ပစ္မထားနိုင္ ျဖစ္ခဲ့ရတကား
ေကတုမတီအတြက္က္ို မူ တစ္မ်ိဳးတစ္မည္ ႀကံေပရမည္ ဟု စဥ္းစားကာ

သကၠရာဇ္ ၉၀၁ ခုႏွစ္တြင္ ဘုရင္ခံထားကာ အုပ္ခ်ဳပ္ေစခဲ့ပါသည္

ဆိုေတာ့ကား သမိုင္းေၾကာင္း ကား ၂ ႏွစ္တာနီးပါး ေကတုမတီက္ို
မည္သူအုပ္စိုးခဲ့ေၾကာင္း သတင္းအတိအက်မရျဖစ္ေနေခ်သည္
ၿမိဳ႕ေစာင့္ တပ္ အေနႏွင့္ထားလိုက
ထားနိုင္ခဲ့ေသာ္ညား

မင္းတရားႀကီးကဲ့သို႔ အရာရာ ကိုထိုးထြင္းသိျမင္နိုင္ေသာ သူ က ေကတုမတီအုပ္ခ်ဳပ္ေရး ကို ဤမွ်ေလာက္ လႊတ္ထား မည္မဟုတ္ေၾကာင္း သိေနေသာ္လည္း
ထိုပုံျပင္ကား အစမဲ့ေနေလသည္ ။

ဤ အစမဲ့ေသာ ပုံျပင္က္ို အရလိုက္ရန္
ေသာ္က စိတ္အားထက္သန္ေနမိသည္ ။

ေသာ္ကတို႔ စာတမ္းမွာျပည့္စုံေနေသာ္လည္း အေမးအေျဖ အပိုင္းတြင္ တစ္စုံတစ္ေယာက္ကမ်ား ဤ အပိုင္း ကို
ထ၍ေမးခဲ့ပါလွ်င္ ဒုခ ႏွင့္လွလွ ေတြ႕မည္ ကို ခက္ေသာ္က အေတာ္ေလး စိုးရိမ္ေနခဲ့တာ ျဖစ္သည္ ။

"ဦးႀကီး အခု သကၠရာဇ္ဘယ္ေလာက္လဲ "

ေဘးက ဦးေလး ႀကီး က မူ ျပဴးေၾကာင္ေၾကာင္ႏွင့္ သူေမးသမွ် ဒိုင္ခံ ေျဖရွာသည္ ။

"၈၉၉ ခုႏွစ္ ေတာ္သလင္းလဆန္း ၈ ရက္ေန႕ေလ လူေလးရဲ႕ "

ရၿပီ ...ငါးမရေရခ်ိဳးျပန္မယ္ဟ
သကၠရာဇ္ ၉၀၀ နဲ႕ ၉၀၁ ၾကားက
ေကတုမတီပုံျပင္ ကို ကိုယ္တိုင္ ရွာေဖြရမယ္ကြ ။

စိတ္ကူးႏွင့္ အတူ သြက္လက္စြာ ထလိုက္ေသာ္ညား
ဘယ္ဘက္လက္မာ ေထာက္မရ သျဖင့္ ဘုတ္ခနဲ အိပ္ယာေပၚျပန္က်သည္ ။

ခက္ေသာ္ က 'အီ ခနဲ 'အေတာ္ေလး အထိနာသည္ ။

ေဘး က ဦးေလးႀကီးမာ လည္း အလန့္တၾကား ျဖင့္

"လူေလး အသာ ထပါကြယ္ ဒဏ္ရာ က အေတာ္ နက္တယ္ကြဲ႕ "

ေျပာရင္းေျပး ေပြ႕ေပးရွာသည္

ခက္ေသာ္က ေကာင္းေနသည့္
ညာဖက္လက္ျဖင့္ေခါင္း ကိုစမ္းမိေလေတာ့
ေခါင္းမာ လည္း ခပ္ၾကမ္းၾကမ္း အရာတစ္ခု

"ေခါင္းမာပါဒဏ္ရာရထားေသးတာေပါ့ "

ေသပါၿပီ တစ္ကိုယ္လုံး ဘယ္ေနရာ ေကာင္းေသးလဲ ေဟ ။

အရမ္း ထထိုင္လိုက္မိသည့္ အရွိန္ေၾကာင့္ေရာ လက္ကိုေထာင္လိုက္မိသည့္ အရွိန္ေၾကာင့္ပါ
ေခါင္း ကတစ္ရိပ္ရိပ္ မူးလာသလို
ဘယ္လက္ စီမွ လည္း ေစးကပ္ကပ္ အရာ တစ္ခ်ိဳ႕ စီးက်လာေလသည္ ။

"အိုး လူေလး အရမ္း လႈပ္ရွားမိလို႔ ျဖစ္မယ္ ဒဏ္ရာကေသြးေတြ
ထြက္လာျပန္ၿပီကြယ္
အျပင္မာ ဘယ္သူရွိလဲ "

"ကြၽန္ေတာ္မ်ိဳး ဂါမဏိရွိပါတယ္
အထိန္းေတာ္ႀကီး "

ေျပာရင္း စစ္တဲထဲ ဝင္လာတဲ့ သူကို ေသာ္က ၾကည့္လိုက္ေတာ့
သူ႕ကို လာကယ္တဲ့ လူႏွစ္ေယာက္ထဲ က တစ္ေယာက္ ။

"ဟင္ .. ေမာင္မင္း ကို တပ္မႈးေလး နန္းေတာ္ထဲေခၚမသြားဘူးလား "

အထိန္းေတာ္ႀကီးမွာ အံ့ဩစြာျဖင့္ေမး
ေလသည္ ။
ဟုတ္သည္ ဂါမဏိမွာ ရာဟုသဂၤ ၏
အရိပ္ဟုပင္
တင္စားေခၚေဝၚရေလာက္သည္အထိ ကို တပ္မႈးေလးေနာက္ ေကာက္ေကာက္ပါေမရအာင္အၿမဲ လိုက္ရသည့္ လူယုံေတာ္ျဖစ္ေခ်သည္ ။

ယခု မူ ကား ေက်းဇူးရွင္ဟူသည့္ စကားေအာက္ ဂါမဏိမာ စစ္တဲ ၌အေစာင့္အျဖစ္ က်န္ခဲ့ ရွာေလသည္ ။

ရင္နာလွေပစြ ဂါမဏိရင္နာတယ္

ဂါမဏ္ိ မွာမူ မ်က္ႏွာညိုးႏြမ္းစြာျဖင့္

"တပ္မႈးေလး က ဒီကေနာင္ႀကီး အတြက္တဲ့ ကြၽန္ေတာ္မ်ိဳး ကို ထားခဲ့တာ "

ေျပာရင္း ဂါမဏိ မွာ ကုတင္ေပၚ က လူကိုၾကည့္လိုက္ေတာ့
သူ႕ကို မ်က္လုံးဝိုင္းႀကီးေတြႏွင့္စိုက္ၾကည့္ေနေလရဲ႕
နက္ေမွာင္ေနတဲ့ ဆံႏြယ္ေတြ က မ်က္ႏွာေပၚတစ္ခ်ိဳ႕တစ္ဝက္က်လိဳ႕ ၊

ေယာက္က်ားေလး ဆိုတာ အက်ီၤ ခြၽတ္ဖူးထားလို႔သာယုံရတယ္ ။
ဒဏ္ရာရၿပီး ျဖဴေဖ်ာ့ေနတာေတာင္
ဘယ္လိုေတာင္တင့္တယ္ေနတာလဲ
မသိရင္ ေ႐ႊမႈန္စားၿပီးေမြးဖြာလာတဲ့နတ္မိမယ္က်ေနေရာ ။

"ဟဲ့ ဂါမဏ္ိ သမားေတာ္ သြားေခၚေခ်လိဳ႕
ဒီမာေသြးေတြျပန္ထြက္ေနလို႔"

"ဗ်ာ ဟုတ္ ..ဟုတ္ကဲ့ပါအထိန္းေတာ္ႀကီး "

"ဒီကေလးႏွယ္ ျမန္ျမန္သြားေခ် "

ဂါမဏ္ိမွာ အသည္းအသန္ စစ္တဲအျပင္သို႔ေျပးထြက္ကာ
သမားေတာ္ႀကီးမ်ားရွိရာသို႔ ဒုန္းစိုင္း ေျပးရသည္ ။

ေတာ္ၾကာ ေ႐ႊမႈန္စားဟိုေကာင္ေလး တစ္ခုခု ျဖစ္ရင္ သူ႕ တပ္မႈးေလး မိုးမီးေလာင္ခ်ိမ့္မည္ ။

—————————-

ရာဟု စီးေတာ္ျမင္း ကို ျမင္းေဇာင္းတြင္ထားခဲ့ၿပီး

သူ႕ စစ္တဲဆီဦးတည္မိေတာ့
စစ္တဲေရွ႕မာ ဂါမဏိႏွင့္ သမားေတာ္ႀကီး ၏ အကူေကာင္ေလး

ဘာလည္း ဘာအေရးျဖစ္ျပန္ၿပီလဲ
စိတ္ထဲပူခနဲႏွင့္အတူ ေျခလွမ္းတို႔ကလည္း ခပ္သြက္သြက္ ။

"ဂါမဏိ ဘာျဖစ္သလဲ ဟိုေကာင္ေလး "

"တပ္မႈး ျပန္လာပါၿပီလား "

"အျမန္ေလွ်ာက္တင္စမ္း ဘာျဖစ္သလဲ "

အိေျဒၷ ေတာင္ မထိန္းနိုင္ ျပာယာခတ္ေနေသာ ေၾကာင့္ တပ္မႈးေလးေၾကာင့္ ေဘးက ေဆးအကူသမားေတာ္ေလးမွာ အေတာ္ေလး အထူးအဆန္းျဖစ္ေနေသာ္လည္း
ဂါမဏိကမူ ထူးဆန္းမေနေတာ့ ...

သူက နန္းေဆာင္ထဲမာ ကတည္း က
ေပြ႕ခ်ီလာတာေတာင္ ျမင္ဖူးခဲ့တဲ့လူေပမလား ၊
နန္းေတာ္ အခစားေတာင္ေခၚမသြားဘဲ စစ္တဲထဲမာ အေစာင့္အျဖစ္ေတာင္
ခ်န္ထားခဲ့ခံရတဲ့လူေပမလား ၊
ဒီေလာက္အမႈ ေလး က္ု အံ့ဩမေနေတာ့ ။

"ဗ်ာ ဘာမွ မျဖစ္ပါဘူး
သတိရလာၿပီး လႈပ္ရွား မိလိုက္လို႔
ဒဏ္ရာနည္းနည္း ေသြးျပန္ထြက္သြားလို႔ သမားေတာ္ႀကီး လာၾကည့္တာပါ"

"ေအာ္ "

အခုမွ ဟင္းခ်နိဳင္တဲ့ တပ္မႈေလး ကိုၾကည့္ၿပီး ဂါမဏိမွာ ဘာေျပာရမယ္မွန္းကိုမသိေတာ့ ၊
အကယ္လို႔မ်ား အထဲ က ေနာင္ႀကီး သာႏွမေလး ျဖစ္ၾကည့္

ဂါမဏိကေတာ့
သူ႕တပ္မႈးေလးႏွင့္ အႏွီတစ္ေယာက္ကို
ျဖစ္ခ်င္တာျဖစ္ အဆုံးထိ
ေတြးပစ္လိုက္ေတာ့မာ ျဖစ္သည္ ။

သမားေတာ္ျပန္ထြက္လာၿပီးေနာက္

ရာဟု သဂၤ တဲထဲ ဝင္လိုက္မိေတာ့
ကုတင္ေပၚမာ ထထိုင္ေနသည့္ အႏွီေကာင္ေလး
ေဘးမာ က မတ္တပ္ရပ္ရင္း စကား ေျပာေနသည့္ အထိန္းေတာ္ႀကီး ။

"သက္သာရဲ႕လား ေမာင္မင္းဒီဃေသာ္က"

ေအာ္ ဒီခႏၶာကိုယ္ ပိုင္ရွင္ နာမည္ က
ဒီဃေသာ္က ေပါ့ ခက္ေသာ္ကဘဝကလည္း
ဘဝကလည္း လူမ်ားေခၚမွ ကိုယ့္နာမည္ ကိုယ္သိတဲ့ဘဝ
မဆိုးဘူးဟ နာမည္ခ်င္းေတာ့
ဆင္ရွာသား

ဒီဃေသာ္ကနဲ႕ ခက္ေသာ္က ။

ဝင္လာသည့္ လူကိုၾကည့္လိုက္ေတာ့ သူျမႇားခ်က္ဝင္ခံ ေပးလိုက္သည့္သူ

စစေတြ႕ခ်င္းတုန္း ကလို
ေသြးေတြ စြန္းထင္းေနသည့္ စစ္ဝတ္တန္ဆာႏွင့္မဟုတ္ဘဲ
ေတာက္ေျပာင္ေနသည့္ ခ်ပ္ဝတ္တန္ဆာႏွင့္ျဖစ္သည္ ။
ေသွ်ာင္ထုံး ကိုလည္း ေသခ်ာထုံးထားသျဖင့္ တိတိက်က် မ်က္ႏွာ အခ်ိဳးအစားေၾကာင့္ သည္လူဟာ ခန့္ေခ်ာႀကီး ျဖစ္သည္ ဟူေသာ အမွန္တရား ကို မျငင္း နိုင္ပါေလ ။

"တပ္မႉးေလး ျပန္လာပါၿပီလား "

'ေအာ္ ဒီက အစ္ကိုႀကီး က တပ္မႈးေလးေပါ့
ထင္ေတာ့ထင္သား ဓားေရး ကြၽမ္းက်င္ သားလို႔ '

ႏႈတ္ဆက္ေနသည့္ အထိန္းေတာ္ႀကီး ကို ေခါင္းသာၿငိမ့္ျပလိုက္ၿပီး ကုတင္ေပၚက ေကာင္ေလးကို သာ သူထပ္ေမးမိသည္က

"ေမာင္မင္း က ဒဏ္ရာ ကို ဘဲ ဂ႐ုစိုက္
က်န္တာ ဘာမွမေတြးနဲ႕"

မေတြး စရာ လား လို႔
ငါ့စာတမ္းဖတ္ပြဲေလး ....

"လိုတာရွိရင္ကိုယ့္ေတာ့္ ကို ေျပာနိုင္တယ္
ေကတုမတီ မျပန္ခင္အထိ ေမာင္မင္း ကို ကိုယ္ေတာ္ကာကြယ္ေပးဖို႔ တာဝန္ရွိတာမို႔"

ဒီခႏၶာကိုယ္ ပိုင္ရွင္ကို ဒီလူက သိေနတဲ့ပုံဘဲ ေမးၾကည့္ရမလား

"ဟို ေရာင္းရင္းႀကီး "

သူေျပာတာ ကို အၾကာႀကီးနားေထာင္ေနၿပီးမွ သလြန္ေပၚက ေကာင္ေလး က ခပ္တိုးတိုး စကားဆိုသည္

မ်က္ခုံးပင့္ျပလိုက္ေတာ့

"ကြၽန္ေတာ္ က ဘယ္သူလဲဟင္
ဘယ္လို ျဖစ္တာလဲ
ကြၽန္ေတာ့မ်ိဳးရိုး ဘာညာ
ကြၽန္ေတာ္ ဘာမွမသိေတာ့ဘူး"

အဟုတ္တကယ္ ခက္ေသာ္က ဒီခႏၶာကိုယ္ ပိုင္ရွင္ ရဲ႕ဇာတိကို မသိတာေၾကာင့္ ေမးမိျခင္း

ရာဟု သဂၤ အံ့ဩျခင္းမ်ားစြာနဲ႕
ေဘးက အထိန္းေတာ္ႀကီး ကို ၾကည့္လိုက္မိေတာ့
အထိန္းေတာ္ႀကီး က

"ငယ္ငယ္႐ြယ္႐ြယ္နဲ႕မိဘ ေဆြမ်ိဳး
အကုန္တစ္ေန႕တည္း ဆုံးရႈံး လိုက္ရတဲ့ အပူမီး ေၾကာင့္ စိတ္ထိခိုက္တာေရာ ေခါင္းက ထိခိုက္ဒဏ္ရာေၾကာင့္ေရာ
အတိတ္တစ္ခ်ိဳ႕ ေမ့သြားတယ္လို႔ သမားေတာ္ႀကီး ကဆိုပါတယ္ "

ရာဟု သဂၤ ဒီ တစ္ေဒဂၤမာ
ထိုေကာင္ေလး ကို သနား စိတ္က
တစ္မဟုတ္ ျခင္း ယိုဖိတ္လာ ေလသည္ ။

"ဒါဆို ေမာင္မင္း ကိုယ္ေတာ္ ဘယ္သူမွန္းမသိဘဲ
ေမာင္မင္းကိုယ္ ေမာင္မင္း ဘယ္သူမွန္းမသိဘဲနဲ႕ ျမႇားခ်က္ ကို ဝင္ခံခဲ့တာ လား ကိုယ့္ေတာ့္အစား "

ေကာင္ေလး က ျဖဴစင္ေသာမ်က္ဝန္းအစုံႏွင့္ ေခါင္းကို စုံၿငိမ့္ျပသည္ ။

တစ္သက္လုံး စစ္ပြဲေအာင္နိုင္လွ်င္ ဂုဏ္ယူခဲ့သမွ်
စစ္သူရဲေကာင္း ဟူသည္
ဂုဏ္ယူစရာဟု ေတြးမိခဲ့သမွ် ၊
စစ္တိုက္ရမည္ ဆိုလွ်င္
ရင္ခုန္ ေပ်ာ္႐ႊင္ခဲ့သမွ် သည္
ဒီ စစ္ပြဲေၾကာင့္ ေမတၱာ ရာထူး ေဆြမ်ိဳးမိဘ အကုန္ဆုံးရႈံးခဲ့သည့္
သည္ေကာင္ေလး ကို ေတြ႕မွ
မိမိ ကိုယ္ကိုယ္ စစ္သူရဲေကာင္းဆိုတာထက္ရွက္႐ြံ႕ သလို ပင္ျဖစ္လာေလသည္ ။

စစ္ပြဲတြင္ လက္မ႐ြံ႕ဘဲ လူသတ္ခဲ့သည့္ မိမိကိုယ္ကိုကိုယ္ ပင္ မလုံ သလို ျဖစ္လာေလသည္ ။

ရာဟု သဂၤ လက္ခ်က္ျဖင့္ ခေလးေပါင္း မည္မွ် ကို အဖမဲ့ခေလးမ်ား ျဖစ္ေစရန္လုပ္ခဲ့မိၿပီသလဲ
မိသားစု မည္မွ် ကို ၿဖိဳခြဲခဲ့ၿပီးၿပီသလဲ
သူ႕ေၾကာင့္ သားသည္မိခင္ေတြ အဘယ္ေလာက္ထိ မ်က္ရည္ေတြ
က်ခဲ့ရၿပီးၿပီလဲ ။

ဒီတစ္ခါေတာ့
"ရဲေသာ္မေသေသေသာ္ငရဲမလား" ဆိုသည့္ အဆို ကို ႏွလုံးသားႏွင့္ျငင္းဆို လိုခဲ့ပါသည္ ။

———————————-

မိမိဘဝဇာတ္ေၾကာင္း ကို သူမ်ားေျပာသမွ် မ်က္ရည္အဝိုင္းသားႏွင့္
နားေထာင္ေနေသာ ေကာင္ေလး ကို ၾကည့္ကာ ရာဟုရင္ထဲ တစ္စို႔လာသည္မို႔

ေဘး ကို အၾကည့္လႊဲလိုက္မိေတာ့

ဂါမဏိသည္ ဝမ္းနည္းျခင္းမ်က္လုံးအျပည့္ႏွင့္ေကာင္ေလး ကိုၾကည့္ေနၿပီး
အထိန္းေတာ္ႀကီး ကမူ မ်က္ရည္မက်ေစရန္ မ်က္ေတာင္ျမန္ျမန္ခတ္သည္ ။

"ေတာင္းပန္ပါတယ္ ကိုယ္ေတာ္တို႔ အခ်ိန္မွီ မကာကြယ္ေပးနိုင္ခဲ့လို႔ "

ေကာင္ေလး က ေခါင္း ကို ျဖည္းျငင္းစြာ အသာေလးခါသည္

"မဟုတ္တာဘဲ အကုန္လုံး ကို တစ္ၿပိဳင္တည္းကာကြယ္ေပးလို႔ ဘယ္ရနိုင္ပါ့မလဲ
ကြၽန္ေတာ္မ်ိဳးနားလည္ပါတယ္
ဆုံးသြားတဲ့ မိဘေတြအတြက္ ေကာင္းမႈ ကုသိုလ္အခ်ိဳ႕သာ လုပ္ေပးပါရေစ "

"ေကာင္းလွၿပီ ေမာင္မင္း သက္သာလာရင္
ကိုယ္ေတာ္ကိုယ္တိုင္ ေ႐ႊေမာေဓာေစတိီလိုက္ပို႔ၿပီး ေကာင္းမႈလုပ္ေစမယ္ "

"ဟုတ္"

"ေမာင္မင္း အခုေကာ ဘာလိုအပ္ေသးလဲ မင္းတရားႀကီးက ေမာင္မင္း ကို ေစာင့္ေရွာက္ဖို႔ ကိုယ္ေတာ့ကို တာဝန္ေပးထားတာမို႔ "

"ဟိုေလ ညေနစာ မစားၾကေသးဘူးလားဟင္ "

တစ္ခုခုေတာင္းဆိုေတာ့မည္ မွတ္ေသာ္လည္း
မ်က္လုံး လက္လက္ေလးမ်ားႏွင့္
ႏႈတ္ခမ္းေလးစုကာ ေမးလာပုံကိုၾကည့္ရင္း
ေကတုမတီစစ္သူရဲေကာင္းႀကီး ရာဟုမွာ ေၾကာင္အေနသည္

ဂါမဏိ ကေတာ့ ေယာင္ၿပီး လက္ကို ပါးစပ္ႏွင့္ အုပ္မိသည္အထိ ။

အထိန္္းေတာ္ႀကီး ကမူ မထိန္းနိုင္စြာျဖင့္

"ခ်စ္ဖို႔ေကာင္းလိုက္တာ ခေလးရယ္
ဗိုက္ဆာေနတာလား ဦးရီးတို႔ေကြၽးမာေပါ့
ဟဲ့ ဂါမဏ္ိ"

ေယာင္နန လုပ္ေနသည့္ ဂါမဏိမွာ ယခုမွ သတိကပ္သြားကာ

"ဗ် ဗ်ာ "

"သြားေခ်
စားေတာ္ေဆာင္ကိုသြား ငါျပဳတ္ခိုင္းထားတဲ့ ဆန္ျပဳတ္ယူလာခဲ့ေခ် "

"ဟုတ္အထိန္းေတာ္ႀကီး
ခဏေလးေစာင့္ေနာ္ ေနာင္ႀကီး "

တစ္မိုးေအာက္တြင္မည္သူ႕ကိုမွ လူမထင္ သူ႕သခင္ တပ္မႈးေလးကလြဲရင္ ဘယ္သူ႕ကိုမွေတာင္ေယာင္လို႔မၿပဳံးျပဖူးေသာ
ဂါမဏ္ိကား ထိုရာမညတိုင္းသားေကာင္ငယ္ေလးကိုေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုၿပဳံးျပကာ အျမန္ဆုံး ႏႈန္း ျဖင့္ စားဖိုေဆာင္ကို ေျပးေခ်ၿပီ ။

ရာဟုသဂၤ အေနျဖင့္ တစ္မဟုန္ျခင္းေပ်ာ့ေျပာင္းသြားသူ
သူ႕ငယ္ကြၽန္ႀကီး ကိုၾကည့္ကာ ရယ္ရခက္ ငိုရခက္ ။

တကယ္ဘဲ ရာမည တိုင္းသား ေတြဟာ အဆိပ္အရာမွာ ကြၽမ္းက်င္လွတယ္ ဆိုတဲ့ သတင္းက အလကားမဟုတ္ေခ်ဘဴးဘဲ
အထူးသျဖင့္
မ်က္လုံးဝိုင္းႀကီးေတြက..
လူတိုင္း ရင္ထဲ က အၾကင္နာတရား ကို
နိုးထေစနိုင္တဲ့ အထူးျခား ဆုံး အဆိပ္ေပါ့။

ဒီရာမည တိုင္းသား ဟာ အႏၲရာယ္ မ်ား လွပါဘိ ။

————————————-

မနက္ ခင္း အခ်ိန္
ေကတုမတီသားတို႔၏ စစ္တဲႀကီး ကား
ျမႇားပစ္သံ
စစ္ေရး ေလ့က်င့္သူတို႔မွ သီဆိုေသာ ကာခ်င္းစစ္ခ်ီေတးသံ တို႔ျဖင့္ ရဲရဲေတာက္တက္ႂကြ လ်က္ရွိသည္ ။

တပ္စု ၏ ထိပ္တြင္ကား
တပ္မႈးေလး ရာဟုသဂၤ မွ
ခြၽန္ထားေသာ ျမႇားမ်ား
ေသြးထားေသာ ဓားလက္နက္ႏွင့္
ဟံသာဝတီ ၿမိဳ႕ ကို သိမ္းပိုက္စဥ္ က ရရွိခဲ့ေသာ စိန္ေျပာင္း တန္ပူ စသည့္ ေပၚတူဂီလုပ္ လက္နက္ဆန္းမ်ား ကို ၾကည့္ရႈလက္ရွိသည္ ။

သူ႕ေနာက္တြင္ကား
မ်က္ႏွာငယ္ေလးႏွင့္ ၾကည္းတပ္စုမႈး သီရိေက်ာ္ထင္ ႏွင့္ အိပ္ေရးမဝေသာ အိပ္မႈန္စုံမႊား ႐ုပ္ႏွင့္ ခံေပါင္ တပ္မႉး ဗလေက်ာ္ထင္ ။

"ေနာင္ႀကီး "

လက္ထဲ က ေလး ကို ႀကိဳးတင္လ်က္
ျမႇား တစ္ေခ်ာင္း ကို လက္တစ္ဖက္ႏွင့္ေ႐ြးေနေသာ ရာဟုသဂၤ က သီရိေက်ာ္ထင္ ကို အဖက္မလုပ္ ေခါင္းေလးသာေစာင္းၾကည့္သည္ ။

"ေနာင္ႀကီး ရာ ဒီကညီေတာ္အမိုက္မဲေလး မွားပါတယ္ ေနာ္
အာ့လို ေနာင္ႀကီး က ဘာမွ မေျပာေတာ့
ဒီညီငယ္ေလးမွာ
သြားေလရာေနာက္တစ္ေကာက္ေကာက္လိုက္ေနရတဲ့ အျဖစ္ ကို သနားပါလို႔ေနာ္ "

"ဟုတ္ပါတယ္ ရာဟုရာ
ခင္ဗ်ာေတာ္ေတာ္ေလး ေနာင္တရေနရွာပါၿပီ ည ကေသာက္တာေတာင္ ခင္ဗ်ာ တစ္မွိုင္မွိုင္ တစ္ေတြေတြနဲ႕ပါ "

ဗလေက်ာ္ထင္ပါ မေနနိုင္လို႔ဝင္ေျပာေလၿပီ ။

ရာဟု ပစ္လိုက္ေသာ ျမႇား က ပစ္မွတ္၏ ဗဟိုတည့္တည့္ကို ဒုတ္ခနဲ သြားစိုက္သည္

"ေရာင္းရင္းတို႔ စစ္သူရဲေကာင္းေတြ
ေသရင္ ဘာျဖစ္သြားမာလဲ "

႐ုတ္တရက္ႀကီး စကား လမ္းေၾကာင္း ေျပာင္း ကာ ထေျပာေသာ ရာဟုေၾကာင့္ သီရိေက်ာ္ထင္ႏွင့္ ဗလေက်ာ္ထင္ ေၾကာင္အစြာ အခ်င္းခ်င္းၾကည့္မိလိုက္သည္ ။

ေသခ်ာၿပီ ရာဟု စိတ္ထဲ ပုစာၦ တစ္ခုေရာက္ေနေခ်ၿပီ ။

"ရဲေသာ္မေသ
ေသေသာ္ငရဲမလား တဲ့
ရဲရင့္တဲ့သူဟာ ခႏၶာေသေသာ္ျငား နာမည္ မေသ
စိတ္ဝိညာဥ္သည္ ကား ရဲရင့္ေသာေၾကာင့္ ငရဲေရာက္မည္မဟုတ္တဲ့
ကြၽန္ုပ္တို႔ ငယ္စဥ္က သင္ခဲ့ရသည္မဟုတ္ေပလား "

ဗလေက်ာ္ထင္ ၏ စကား ကို သီရိေက်ာ္ထင္ က ေခါင္းၿငိမ့္ျခင္း ျဖင့္ေထာက္ခံသည္ ။

"သို႔ေပမယ့္ ကြၽန္ုပ္တို႔ သည္
စစ္သူရဲေကာင္း ဟု နာမည္ တြင္ဖို႔အတြက္ အသက္မ်ားစြာ ကို ဓားသြားထက္ တြင္
ျဖဳတ္ေခြၽ ခဲ့ရသည္မဟုတ္လား

သည္ ေသဆုံးသူတို႔ႏွင့္ ပတ္သက္ဆက္ႏြယ္ ကာ က်န္ခဲ့မယ့္ သူတို႔၏ စိတ္ကို ခံစားဖူးသလား

ကြၽန္ုပ္တို႔ေၾကာင့္ ခေလးမည္မွ် အဖမဲ့ခဲ့ၾက၍ သားသည္အေမမ်ား မည္မွ် ပူေဆြးခဲမွန္း မသိခဲ့ပါတကား "

ရာဟု ၏ စကားေအာက္တြင္
သီရိေက်ာ္ထင္ႏွင့္ ဗလေက်ာ္ထင္ ၿငိမ္ၾကသြားေလသည္ ။
သူတို႔ စစ္ပြဲေပါင္းမ်ားစြာ ဆင္ႏြဲ ခဲ့ၾကသည္ ၊
အသက္ေပါင္းမ်ားစြာေႁခြယူခဲ့ၾကသည္ ၊
' သူရဲေကာင္း 'ဟူ၍ ေထာမနာျပဳမႈေအာက္တြင္ ဂုဏ္ယူခဲ့ၾကဖူးသည္ ။
သိုေသာ္ ...သို႔ေသာ္ .၎ ပူေဆြးမႈကိုကား ထည့္မစဥ္းစားမိၾက ။

"ဒါေၾကာင့္ ကိုယ္ေတာ္တို႔ နိုင္ငံကိုတည္ေထာင္ခဲ့အခါ ေသြး၊ ေခြၽး ၊ မ်က္ရည္နဲ႕တည္ေထာင္တယ္လို႔ဆိုၾကတာကိုးကြဲ႕ "

႐ုတ္တရက္ထြက္လာသည့္ အသံေၾကာင့္ လွည့္ၾကည့္လိုက္မိေတာ့ ၿပဳံးျပေနသည့္ မင္းတရားႀကီး ႏွင့္ ေက်ာ္ထင္အေနာ္ရထာ

ဒူးေထာက္အရိုအေသျပဳဟန္ျပင္ေတာ့ မင္းတရားႀကီး က တားသည္

"ထေလာ့ေမာင္မင္းတို႔

ငါဒီေန႕ ေမာင္မင္းတို႔ကို ဆုလာဘ္ေပးရန္လာသည္
သို႔ေသာ္ ငါကအရင္တန္ဖိုးရွိေသာ စကား ကိုၾကားရ၍ အဖိုးထိုက္တန္မႈ ကို အရင္ရခဲ့ေလၿပီ "

"စိတ္ေပ်ာ့တဲ့စကားကို ဆိုမိေသာေၾကာင့္စိုး႐ြံ႕မိပါတယ္ "

"မဟုတ္တာဘဲ ေမာင္မင္း
ကိုယ္ေတာ္ တို႔ဟာ အၿမဲတမ္း
ေနမင္းအလင္းေရာင္ကိုတမ္းတေနလို႔ဘယ္ရပါ့မလဲ ည ေမွာင္မိုက္တဲ့ အခါလည္း ရွိဦးမွေပါ့ "

ေခါင္းကိုျဖည္းျငင္းစြာ ခါလ်က္ ဆိုသည္

"ေမာင္မင္း ရာဟု ေမးသည့္ စကားကို
ကိုယ္ေတာ္အေျဖထုတ္မည္

သူရဲေကာင္းျဖစ္ဖို႔ ရန္သူမ်ားစြာ က္ို သုတ္သင္ရသည္မွာ မွန္သည္

ထို႔အတြက္ေၾကာင့္ သံသရာတြင္ အဘယ္သို႔လားရမလဲ ကိုယ္ေတာ္တို႔မသိနိုင္
သိုေသာ္ ပစၥဳပၸာန္၏ သေဘာတရားျဖစ္သည့္ အားႀကီးသူက အားနည္း သူကို
အနိုင္ယူတက္ေသာ အေလ့အက်င့္ကိုလည္း မေမ့ေလ်ာ့သင့္

အကယ္၍ သည္အခ်ိန္တြင္ ကိုယ္ေတာ္တို႔ ဟာ ရန္သူတစ္ေယာက္ကို မသုတ္သင္မိလွ်င္ ေနာင္တစ္ခ်ိန္တြင္ ထိုတစ္ေယာက္သည္ အေယာက္တစ္ရာကိုသတ္နိုင္ေသာသူလည္း ျဖစ္နိုင္ရာ၏
အေယာက္တစ္ေထာင္ကို အဖမဲ့သား ျဖစ္ေအာင္လုပ္နိုင္စြမ္းလည္းရွိလာနိုင္၏။

ကိုယ္တိုင္အင္အားႀကီးခါမွျမတ္နိုးရာကို ကာကြယ္နိုင္မည္မွာ အမွန္တရားတည္း

ယခုမူ ကိုယ္ေတာ္တို႔သည္ ၿခဳံခိုတိုက္ခိုက္ ျခင္းလည္းမလုပ္
ႀကိဳတင္မေၾကညာဘဲ အလစ္ဝင္ေရာက္ တိုက္ခိုက္ျခင္းလည္း မလုပ္
အခ်င္းခ်င္း ေသြးခြဲ ကာ တစ္ဦး ကို တစ္ဦးသတ္ေစျခင္း လည္းမျပဳ
တရားေသာ စစ္ကို ဆင္ႏႊဲ၏

မသတ္သင့္ေသာ သူကိုကားငါတို႔မသတ္ ။
ရာထူး အေဆာင္အေယာင္လည္း သိမ္းခ်င္းမျပဳ ။
ငါကိုယ္ေတာ္သည္အစိတ္စိတ္အမႊာမႊာ သူတစ္လူငါတစ္မင္း ျဖစ္ေနေသာေနရာထက္ တစ္စုတစ္စည္း ျဖစ္ေသာ တိုင္းျပည္ကို လိုလား၍ ဤသို႔လုပ္ရျခင္းျဖစ္သည္ ။ "

ရာဟု သဂၤ ေခါင္း ကို ၿငိမ့္ကာ
မင္းတရားႀကီး ၏ စကား ကို နားေထာင္ေနသည္

"စစ္တို႔၏ အက်ိဳးဆက္ေၾကာင့္ၾကေသာ ျပည္သူတို႔၏ မ်က္ရည္ကို ၿငိမ္းခ်မ္းျခင္းတရားျဖင့္ ငါကိုယ္ေတာ္ကိုယ္တိုင္သုတ္ေပးေခ်မည္မို႔
ေမာင္မင္း စိတ္မပူလင့္ "

"မဝံ့ရဲေၾကာင္းပါဘုရား "

"ကိုယ္ေတာ့ သူရဲေကာင္းေတြ ဟာ ဓားကို အက်ိဳးရွိရွိ အသုံးခ်တက္တဲ့သူေတြ ျဖစ္သေ႐ြ႕ ဘယ္ေတာ့မွ
ရာဇဝင္မရိုင္းေစမာဟာ အမွန္တရားေပဘဲ "

"မခံယူဝံ့ေၾကာင္းပါဘုရား "

"စိတ္ထဲရွင္းလင္းသြားရဲ႕လား ေမာင္မင္း "

မင္းတရားႀကီး က ရာဟု ပခုံး ကိုပုတ္ လ်က္ေမးျမန္းေလသည္ ။

"မွန္လွပါဘုရား "

မင္းတရားႀကီး က သူႏွင့္အတူတူ ေသအတူ ရွင္မကြာတိုက္ပြဲဝင္ခဲ့ေသာ စစ္သူရဲသူခက္မ်ား ေလ့က်င့္ေနပုံကို ၾကည့္ကာ ရဲဝံ့စြာ ဆိုသည္ ။

"ကိုယ္ေတာ္ ကေတာ့ ေမာင္မင္းတို႔နဲ႕ဆို ငရဲ အထိေတာင္ ရဲရဲဝံ့ဝံ့ ဆင္းနိုင္ပါရဲ႕ "

မင္းတရားႀကီး ၏ ႀကဳံးဝါးသံကား ေလထဲတြင္ ပဲ့တင္ထက္လ်က္
ေကတုမတီသားတို႔၏ လွံတံမ်ား ႏွင့္ ဓားေရာင္မ်ားမွာ ေနေရာင္ေအာက္တြင္
တစ္လက္လက္ေတာက္ပလ်က္

ေသခ်ာၿပီ ေကတုမတီသည္ ေနာင္ႏွစ္တစ္ရာ
ႏွစ္တစ္ေထာင္အထိ
ရာဇဝင္တြင္တင့္တယ္စြာ တည္ရွိ ေနေတာ့ေပမည္
———————————

ဖတ္ၿပီးေတာ့ ခံစားရတာေလးေတြ ေျပာသြားေပးရင္ သိပ္ေကာင္းမာဘဲ 💜

ဒီတြယ္ျင္ိျခင္း မွာ လွလွပပတြယ္ၿငိနိုင္ၾကပါေစ 💜

က်ဲက်ဲ အိုက္နီမန္း💜

Continue Reading

You'll Also Like

157K 17.9K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
694K 78.3K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
56.7K 8K 31
Release me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...
18.6K 1.4K 19
အချစ်မရှိတဲ့မြို့မှာ ပိတ်​လှောင် ကျန်ရစ်ခဲ့တဲ့လူတစ်ယောက်ရယ် အချစ်ရှိတဲ့မြို့ရဲ့ အဝေးကိုလွင့်ထွက်သွားတဲ့ လူတစ်ယောက်ရယ် အမှတ်တရများစွာပြန့်ကျဲနေတဲ့ မြိ...