ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Co...

By StarRia19

1.1M 137K 5.6K

Zawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြ... More

အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း
အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး
အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း
အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း
အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း
အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း
အပိုင္​း(၅.၁) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင္​း(၅.၂) သနားစရာ အပိုဇာတ္​​ေကာင္​​ေလး
အပိုင်း(၆.၁)ဇာတ်ကောင် အများကြီး ပေါ်လာပြီ
အပိုင်း(၆.၂) ဇာတ်ကောင်အများကြီး ပေါ်လာပြီ
အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်
Promotion
အပိုင်း(၈)ညီဝမ်းကွဲလေးအိမ်တော်ရောက်လာခြင်း
အပိုင်း(၉)လုပ်ကြံခံရခြင်း
အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း
အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း
ဇာတ္ေကာင္နာမည္မ်ား
အပိုင်း(၁၂) ဆီမီးလွှတ်ပွဲ၌ တစ်ညတာ
အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း
အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း
အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း
အပိုင်း(၁၆) ရှင်းရန်၏ အိပ်မက်
အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း
အပိုင်း(၁၈) ရွှေကြာပန်းအား ရယူရန် ကြိုးစားခြင်း
အပိုင်း(၁၉) အရှင်မင်းကြီး၏ စီရင်ချက်
အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း
အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်
အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ
အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း
အပိုင်း(၂၄) အမှောင်နတ်ဘုရား၏ ခံစားချက်
အပိုင်း(၂၅)မေချင်းနတ်ဘုရားမမှန်း သိရှိခြင်း
အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး
အပိုင်း(၂၇) ကလေးဆန်သော အမတ်ချုပ်ကြီး
အပိုင်း(၂၈) ရှင်းယွဲ့နတ်ဘုရားအား မြူ ဆွယ်ခြင်း
အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း
အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်
အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း
အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း
အပိုင်း(၃၃) ဝမ်ရယ်အိမ်တော်သို့ အလည်သွားခြင်း
အပိုင်း(၃၄) လက်ထပ်ခွင့်
အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်
အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ
အပိုင်း(၃၇) ရှောင်လွှဲ၍ မရနိုင်သော စစ်ပွဲ
အပိုင်း(၃၈) အကျယ်ချုပ်ချခံရခြင်း
အပိုင်း(၃၉) ထာဝရ အိပ်စက်သွားသူ
အပိုင်း(၄၀) နောက်ဆုံး နှုတ်ဆက်ရခြင်း
အပိုင်း(၄၁) အထီးမကျန်စေချင်၍ အဖော်လိုက်သွားသူ
အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း
အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆
ေက်းဇူးတင္လႊာႏွင့္ ႏႈတ္ဆက္လႊာ
Extra-1
Extra-2
Hello💙
Thadingyut Gift✨✨
Announcement ✨✨
Hello...
Next fiction Promotion
Book announcement
Today order date✨✨
Attention please...
Extra-3
Extra-4
Book Preorder

အပိုင်း(၄၁) ပြန်လည်နိုးထလာခြင်း

15.9K 2K 120
By StarRia19

အပိုင်း(၄၂)

ပြန်လည်နိုးထလာခြင်း

ကျန်းဖုန်း ​ရှင်းယွဲ့၏ ကျောပြင်ကို ထိကပ်ထားသည့် လက်တို့အား ချလိုက်သည်နှင့် သူတို့အနီးတစ်ဝိုက်ရှိ အလင်းများ ပျောက်ကွယ်သွားတော့သည်။

သူ၏ တစ်ကိုယ်လုံး အားအင်ချိနဲ့သလို ခံစားနေရသည်။သူ၏အစွမ်းတို့ မလုံလောက်တော့။ သူ သေချာပေါက် အနားယူမှ ဖြစ်တော့မည်။

သို့သော် သူ အနားမယူနိုင်သေး။ ဟွားအား သူကယ်ရပေဦးမည်။

"ကျန်းဖုန်း မင်း အနားယူမှ ဖြစ်မယ်...ငါ့ဒဏ်ရာကို ကုပေးတဲ့ ကျေးဇူးကို ငါတစ်နေ့ပြန်ဆပ်မယ်...ရှောင်ဟွားကိုတော့ ငါ့ဘာသာသွားကယ်လိုက်မယ်"

"မင်း သူ့ကို သေချာပေါက် ကယ်နိုင်တယ်ဆိုတာ ငါသိပါတယ်...သူ အန္တရာယ်ကင်းတာကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ချင်လို့"

ရှင်းယွဲ့ ကျန်းဖုန်းအား နားလည်ပေးနိုင်သည်။ ကျန်းဖုန်း၏ ရှောင်ဟွားအပေါ် စိုးရိမ်စိတ်သည် သူနှင့်ထပ်တူထပ်မျှပင်။။

ရှင်းယွဲ့ ရှောင်အန်းဘက် လှည့်ကာ ပြောလိုက်သည်။

"ရီရီ့ ကိုယ်ထဲက ဝိညာဉ်အပိုင်းအစကို ခံစားလိုက်ရတယ်"

ရှောင်အန်း ချက်ချင်း ဖြေကြားလိုက်၏။

"မှန်ပါ အရှင်...မင်းသမီးရီရီ သေဆုံးသွားပါပြီ...သူ(မ)ကိုယ်ထဲက ဝိညာဉ်အပိုင်းအစကို ဝိညာဉ်မီးအိမ်ထဲ ထည့်ယူလာပါတယ်...မင်းသမီးရီရီအပြင် စစ်သူကြီးပါ သေဆုံးသွားတာပါ"

ရှင်းယွဲ့နှင့် ကျန်းဖုန်း၏ မျက်နှာထက်တွင် အံ့သြမှုတို့အထင်းသား ပေါ်လာက သည်။ နှစ်ယောက်လုံး စိုးရိမ်စွာ ပြောလိုက်မိသည်က-

"ရှောင်ဟွား"

"ဟွား"

ထို့နောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။

ကျန်းဖုန်း အရင်ဦးစွာ ပြောလိုက်သည်။

"ရှောင်ဟွား တော်တော်ဝမ်းနည်းနေမှာ...ခုချိန် သူ အလိုအပ်ဆုံးက မင်းပဲ ရှင်းယွဲ့...မင်း သူ့ဆီကို အမြန်သွားကယ်မှ ဖြစ်မယ်"

ရှင်းယွဲ့ ရှောင်အန်းအား မှာကြားလိုက်သည်။

"ရှောင်အန်း ဝိညာဉ်မီးအိမ် ငါ့ကိုပေး...ပြီးရင် နန်းတွင်းထဲက အဖမ်းခံထားရတဲ့သူတွေကို သွားကယ်ချေ...ငါနဲ့ ကျန်းဖုန်း ရှောင်ဟွားကို သွားကယ်လိုက်မယ်"

"မှန်ပါ"

ရှောင်အန်း လက်တစ်ဖက်အား ဖြန့်ကာ ဝိညာဉ်မီးအိမ်အား ပေါ်လာစေလိုက်သည်။

ရှင်းယွဲ့ သူ၏လက်ပေါ်သို့ ဝိညာဉ်မီးအိမ်အား လွှဲပြောင်းယူလိုက်ပြီး ပျောက်ကွယ်စေလိုက်၏။

"အရှင် ကျွန်တော်မျိုးကို ရှောင်အန်းနဲ့အတူ လိုက်သွားခွင့်ပြုပါ"

ဟိုင်ဝမ်၏ တောင်းဆိုလာမှုကြောင့် ရှောင်အန်း ဟိုင်ဝမ်အား ကြည့်လိုက်သည်။

"မင်း ငါတစ်ခုခုဖြစ်မှာ စိတ်ပူနေတာလား...ငါ့ကို စိတ်မချနေတာပေါ့"

ဟိုင်ဝမ် အမြင်ကပ်စွာ ရှောင်အန်းအား မျက်စောင်းထိုးလိုက်သည်။

"မင်းတလွဲတွေ လုပ်မှာစိုးလို့...မင်းက အမြဲပေါက်ကရ လုပ်တတ်တယ်လေ"

ကျန်းဖုန်း သူ၏ရှေ့တွင် စကားများနေသော နှစ်ယောက်ကြောင့် စိတ်ရှုပ်သွားရသည်။ ရှင်းယွဲ့အား ကြည့်မိတော့ သူကဲ့သို့ ထိုနှစ်ယောက်အပေါ် စိတ်ရှုပ်နေပုံရသည်။

"လိုက်သွားချင်လည်း လိုက်သွား ဟိုင်ဝမ်...အပိုတွေ ပြောမနေနဲ့"

သူ့အရှင်၏ ဆူပူခြင်းအား ခံလိုက်ရသောကြောင့် ဟိုင်ဝမ် ရှောင်အန်းအား မကျေမနပ်ဖြစ်သွားရသည်။

"ဘာလုပ်နေတာလဲ သွားမယ်"

"အမ်"

သူ၏ အပြောအား မသိသလို လုပ်နေသော ရှောင်အန်းကြောင့် ပို၍စိတ်တိုသွားရ၏။

"ဖမ်းခံထားရသူတွေ သွားကယ်မယ်လေ...ခုလို အချိန်ဖြုန်းနေလို့ အားလုံးအဆင်ပြေသွားမယ်ထင်နေလား"

သူ စိတ်တိုစွာ အော်ဟစ်လိုက်ပြီးမှ အရှင်နှစ်ပါး ရှိနေသည်အား သတိရကာ မျက်နှာပျက်သွားရသည်။ ခေါင်းငုံ့ကာ မျက်နှာ မဖော်ရဲတော့ပေ။

ထိုစဉ် သူ၏ လက်တစ်ဖက်အား ဆွဲကိုင်လိုက်သူကြောင့် ဟိုင်ဝမ် အံ့အားသင့်သွားရသည်။

ထို့နောက် ရှောင်အန်းနှင့် သူ ထိုနေရာမှ ပျောက်ကွယ်လိုက်တော့သည်။

ကျန်းဖုန်း သူ့ရှေ့မှ ပျောက်ကွယ်သွားသည့် ဘယ်တော့မှ မတည့်သော လူနှစ်ယောက်ကြောင့် ခေါင်းများပင် ကိုက်ချင်လာသည်။ အနားယူရန် လိုအပ်နေသော သူ့အား ပို၍ အနှောင့်အယှက်ဖြစ်အောင် လုပ်သွားခြင်းအား တော်တော်လေး စိတ်တိုမိသည်။

ရှင်းယွဲ့သည်တော့ စိုးရိမ်စိတ်ကြောင့် ထိုနှစ်ယောက်အား ဂရုစိုက်သည့်ပုံ မပေါ်ပေ။

"ကျန်းဖုန်း ရှောင်ဟွားဆီ သွားရအောင်"

"အင်း"

ထို့နောက် နှစ်ယောက်လုံး ရှောင်ဟွား ရှိရာဆီသွားရန် ရှင်းယွဲ့ဂူမှ ပျောက်ကွယ်လိုက်တော့သည်။

**********************

မှန်ထဲတွင် ပေါ်နေသော ကိုယ့်ပုံအား မျက်တောင်မခတ် ရီဟွား စိုက်ကြည့်နေမိသည်။ ဒုတိယအကြိမ် ဝတ်ဆင်ထားသော အနီရောင် ဇာမဏီ မင်္ဂလာဝတ်စုံ၊ ဇာမဏီသရဖူတို့အား တပ်ဆင်ထားသည့် အညိုရောင် မျက်ဝန်း၊ အညိုရောင်ဆံနွယ်ရှည်များနှင့် ကောင်လေး၏ မျက်နှာတွင် ပျော်ရွှင်ခြင်းအလျဉ်းရှိမနေပေ။

ရီဟွား အင်္ကျီ​ရင်ဘတ်အား လက်ဖြင့် စမ်းလိုက်သည်။ မည်သူမျှ နန်းဆောင်ထဲ မဝင်ခင် ရှောင်ကုန်းဇီ သူ့အား ဝှက်၍ ပေးထားခဲ့သော ဓားတိုကို စမ်းမိသောအခါ ရီဟွား မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့သည်။ ဓားအား ပေးစဉ် စိုးရိမ်စွာ သတိပေးသော ရှောင်ကုန်းဇီ၏ စကားများကိုလည်း ဂရုမစိုက်နိုင်တော့။ ရှင်းသာ ရောက်မလာခဲ့ရင် ကျောက်ဟွမ်အား သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ပစ်မည်။

နန်းဆောင်တံခါးဖွင့်သံ ကြားလိုက်သောကြောင့် အင်္ကျီရင်ဘတ်ကို ထိကိုင်ထားခြင်းအား လွှတ်လိုက်သည်။

မှန်ထဲတွင် ပေါ်လာသော သူ၏ နောက်ကျောမှ ရှင်းရန်၏ ပုံရိပ်။ မှန်ရှေ့တွင် တင်ထားသော ဘီးအား ယူကာ သူ၏ ဆံပင်များအား ဖြီးသင်ပေးလာသော သူ(မ)အား ကြည့်၍ ရီဟွားမျက်ရည်များ ရစ်ဝိုင်းလာသည်။ အကိုကြီးသည်လည်း မင်္ဂလာဝတ်စုံဝတ်ထားသောသူ့အား သူ(မ)လို ဆံပင်များ ဖြီးသင်ပေးခဲ့ဖူးသည်။

"ဟွားအယ် မင်္ဂလာပွဲမှာ မငိုရဘူးလေ...အလှပျက်သွားမယ်"

သူ(မ)၏ စကားကြောင့် "မင်္ဂလာပွဲမှာ မငိုရဘူး၊ ပျော်ပျော်နေရမယ်" ဟူသော အကိုကြီး၏ စကားအား ပြန်ကြားယောင်လာရသည်။ အကိုကြီး ညီလေးက အရမ်းချောတာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးဟု အမြဲဂုဏ်ယူတတ်သော အကိုကြီး။

မငိုဘူးဟု ဆုံးဖြတ်ထားသော်လည်း မျက်ရည်များအား မထိန်းချုပ်နိုင်တော့။

ပါးပြင်ပေါ် မျက်ရည်များ စီးကျနေသည့် ဟွားအယ်အား ရှင်းရန် မည်သို့ နှစ်သိမ့်ပေးရမည်မှန်း မသိတော့။ မပျော်ရွှင်နိုင်သော ဟွားအယ်အား ပျော်ပျော်နေပါဟုလည်း သူ(မ) မပြောရက်နိုင်။ သူ(မ)ကိုယ်တိုင်လည်း မပျော်ရွှင်ပေ။

"ကိုယ်တို့ရဲ့ မင်္ဂလာပွဲနေ့မှာ ခုလို မျက်ရည်ကျနေလို့ မဖြစ်ဘူးလေ ဟွားအယ်"

အနီရောင် နဂါးဝတ်ရုံအား ဝတ်ဆင်ကာ နန်းဆောင်ထဲ ဝင်လာသော ကျောက်ဟွမ်။

အမြဲတမ်း မည်သူ့ကိုမှ ဂရုမစိုက်ခဲ့သောသူသည် ဟွားအယ်နှင့် ပတ်သတ်၍တော့ အစစအရာရာ ဂရုစိုက်တတ်သည်။ ဧကရီတင်မြှောက်ရာ အခမ်းအနားသို့ မတက်ရောက်မီ ဟွားအယ်အတွက် လိုအပ်ချက်တစ်စုံတစ်ရာမရှိစေရန် သူလာရောက်စစ်ဆေးခြင်းဖြစ်သည်။ ငိုနေသော ဟွားအယ်အား သူမြင်ရလိမ့်မည်ဟု မထင်မိခဲ့။

"ကိုယ် မင်း ပျော်ရွှင်အောင် ဘာတွေဆက်လုပ်ပေးရဦးမှာလဲ ဟွားအယ်"

ရီဟွား ပြန်မဖြေဖြစ်။ သူ ကျောက်ဟွမ်အား မည်သည့်စကားမျှ ပြောချင်မနေပေ။

သူ ရှင်းရန်ဘက်လှည့်ကာ ပြောလိုက်သည်။

"ရှင်းရန် နင်ရှင်းအပေါ် လုပ်ခဲ့မိတာတွေအတွက် သေချာပေါက် နောင်တရလိမ့်မယ်"

ရှင်းရန် ရီဟွားအပြောကြောင့် ဆွံ့အသွားရသည်။ ထိုစကားသည် သူ(မ) ဟွားအယ်ထံမှ ဒုတိယအကြိမ် ထပ်ကြားရသည့် စကားပင်။

သူ(မ) ဟွားအယ်အား မေးရန် ပြင်လိုက်စဉ် နန်းဆောင်ထဲ ရုတ်တရက်ပေါ်လာသော လူနှစ်ယောက်ကြောင့် သူ(မ) မေးမည့်စကားတို့ ပျောက်ရှသွားရသည်။

"ဟက် တကယ့်အချိန်ကောင်းမှ ရောက်လာကြတာပဲ"

ကျောက်ဟွမ်၏ လှောင်ပြောင်သံပါသော စကားကြောင့် ရီဟွား နောက်လှည့်ကြည့်လိုက်မိသည်။

အနီရောင် မင်္ဂလာဝတ်ရုံအား ဝတ်ဆင်ထားဆဲ ရှင်းနှင့် အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည့် အမှောင်နတ်ဘုရား ကျန်းဖုန်း။

ရီဟွား ရှင်းအား မြင်လိုက်ရသောကြောင့် အံ့သြဝမ်းသာသွားရသည်။

ရှင်းဆီ အပြေးသွားရန် ပြင်လိုက်စဉ် ရုတ်တရက်ရှင်းအား အစွမ်းများဖြင့် အပြင်းအထန်တိုက်ခိုက်လိုက်သော ရှင်းရန်ကြောင့် ရီဟွား ဆွံ့အသွားရသည်။

"ရှင်းရန် နင် ဘာလုပ်တာလဲ"

သူ၏ စိုးရိမ်တကြီး အော်သံအား ပြန်ဖြေလိုက်သော ရှင်းရန်။

"နင်ပြောတယ်လေ သူ့ကို လုပ်ခဲ့တာတွေအတွက် ငါနောင်တရမယ်ဆို...တကယ်နောင်တရမလား မရမလား သိရအောင်လို့လေ"

ရီဟွား ရှင်းရန်အား စိတ်ပျက်သွားရသည်။ သူ၏ စကားသည် သူ(မ)၏ ဒေါသများအား ဆွမိသလို ဖြစ်သွားခဲ့ပုံရသည်။ သူ(မ) ခံစားနေရသော နာကျင်မှုများနှင့် ဒေါသများအား သူနှင့် ကျောက်ဟွမ်အပေါ် ပုံမချနိုင်သောကြောင့် ရှင်းအပေါ်ပုံချလိုက်ခြင်းပင်။

"ရှင်းရန် နင်မှားမယ်...သူက နင့်ရဲ့မောင်လေး"

သူ၏ အော်ပြောမှုအား သူ(မ) မကြားနိုင်တော့။ သူ(မ)၏ အသေအကျေ တိုက်ခိုက်နေမှုကြောင့် ရှင်းသည်လည်း အတော်လေး ဂရုစိုက်ခုခံနေရသည်။ သူ မည်မျှ ကျယ်အောင် အော်ပြောပြော ရမည်မထင်တော့။ အသည်းအသန်တိုက်ခိုက်နေရသော သူတိူ့နှစ်ယောက်သည် မည်သူ့ကိုမျှ ဂရုစိုက်နိုင်တော့မည် မထင်။

ရီဟွား ရှင်းအတွက် စိုးရိမ်သွားရသည်။

ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ ခုခံနေသော ရှင်းသည် ကြာရှည် မခုခံနိုင်တော့မည်ကို စိတ်ပူသွားရ၏။ နှစ်ယောက်လုံး၏ အစွမ်းများသည် ညီတူဖြစ်ဟန်တူသည်။ မည်သူနိုင်ပြီး မည်သူ ရှုံးမည်မှန်း ခန့်မှန်း၍ မရချေ။

ထိုစဉ် ကျောက်ဟွမ်သည်လည်း အမှောင်နတ်ဘုရားကျန်းဖုန်းအား အစွမ်းများဖြင့် တိုက်ခိုက်လိုက်သည်။ နန်းဆောင်နေရာအနှံ့တွင် တိုက်ခိုက်ခြင်းမှ ထွက်ပေါ်သော အလင်းတန်းများအား တွေ့မြင်နေရသည်။

ကျောက်ဟွမ်၏ တိုက်ခိုက်မှုအား အမှောင်နတ်ဘုရား ကျန်းဖုန်းက ခုခံနေရပုံရသည်။ ဖြူ လျော့နေသော မျက်နှာသည် ကြာရှည်တိုက်ခိုက်နိုင်ပုံ မပေါ်ချေ။

အစွမ်းများဖြင့် တိုက်ခိုက်နေကြသောကြောင့် တိုက်ခိုက်သံများ အလျဉ်းထွက်ပေါ်ခြင်းမရှိဘဲ အလင်းရောင်များသာ ထွက်ပေါ်နေကြသည်။

ထိုစဉ်-

"အရှင်မင်းကြီး မင်္ဂလာအချိန်ကျပါပြီ"

နန်းဆောင်အပြင်မှ ထွက်ပေါ်လာသော အသံ။

ထိုအသံကြားသည်နှင့် ကျောက်ဟွမ်သည် အမှောင်နတ်ဘုရားအား တိုက်ခိုက်နေရင်းမှ လက်တစ်ဖက်ဖြင့် တံခါးဆီသို့ အလင်းများ ထုတ်လွှင့်လိုက်သည်။

အလင်းများသည် တံခါးအပြင်သို့ ဖောက်ထွက်သွားကြပြီး မည်သည့်အသံမှ မကြားရတော့ချေ။ ကျောက်ဟွမ် နန်းဆောင်အပြင်ရှိ အစောင့်များအား မည်သို့လုပ်လိုက်မှန်း သူ မသိ။

ထိုကိစ္စအား သူ မစဉ်းစားနိုင်တော့။ ဆက်၍ မခုခံနိုင်တော့သော အမှောင်နတ်ဘုရား ပုံစံအား ကြည့်ကာ ရီဟွား အင်္ကျီရင်ဘတ်ထဲရှိ ဓားတိုအား ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏ ဦးတည်ရာသည် နောက်ကျောပေးထားသော ကျောက်ဟွမ်၏ ကျောပြင်ဆီသို့။

ကျောပြင်အား ထိုးစိုက်လိုက်သော ဓားနှင့် စီးကျလာသော သွေးများ။ ဓားအား ပြန်၍ ဆွဲနှုတ်လိုက်ခြင်းနှင့်အတူ ကျောက်ဟွမ်၏ နှုတ်ခမ်း သွေးများစီးကျလာသည်။

ကျောက်ဟွမ် ထိုဓားဒဏ်ရာလောက်ဖြင့် မသေဆုံးနိုင်သော်လည်း သူ၏ နှလုံးသားသည်တော့ သေဆုံးသွားလေပြီ။ ဓားဒဏ်ရာ၏ နာကျင်မှုထက် နှလုံးသားနေရာမှ နာကျင်မှုသည် ပို၍ ဆိုးရွားလေသည်။

မထင်မှတ်ထားမှုကြောင့် အံ့သြမှင်သက်သွားသော ကျောက်ဟွမ်သည် သူကဲ့သို့ အံ့သြသွားသော အမှောင်နတ်ဘုရားအား အဝေးသို့လွင့်စင်သွားအောင် အစွမ်းဖြင့်တိုက်ခိုက်လိုက်သည်။

ထို့နောက် နောက်လှည့်ကာ သူ၏ သွေးများ စွန်းပေနေသည့်ဓားအား ဆုပ်ကိုင်ထားသူကို နာကျင်စွာ ကြည့်လိုက်မိသည်။ ထိုလူသားလေးအတွက် အရာရာသည်းခံကာ ကြိုးစားခဲ့သည့် သူ့အား လုပ်ရက်နိုင်လေခြင်းဟု တွေးကာ မျက်ဝန်းမှ မျက်ရည်စက်များ ပါးပြင်သို့ စီးကျလာသည်။

သူ မည်သူ့အပေါ်မှ မကောင်းခဲ့သော်လည်း ထိုတစ်ယောက်တည်းသောသူ အပေါ်တွင်တော့ အတိုင်းအဆမရှိ ကြင်နာခဲ့သည်။ အကောင်းဆုံးတွေသာ သူ ပေးခဲ့သည်။ နာကျင်ရချိန်တိုင်း၊ အရှုံးပေးချင်မိလာသည့် အချိန်တိုင်း ထိုကောင်လေး၏ မျက်နှာအား မြင်ယောင်ကာ အခက်ခဲမှန်သမျှ ကျော်ဖြတ်ခဲ့သည်။ နောက်ဆုံး သူ ပြန်ရလိုက်သည့် ရလဒ်သည် သစ္စာဖောက်ခံရခြင်းသာ။

နောက်ကျောဓားထိုးခံရသည့် နာကျင်မှုသည် သူ၏ နှလုံးသားတစ်ခုလုံးအား အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေသည်။

သူ့အား မုန်းတီးနေသည့် သူချစ်ရသူ။ သူ မပိုင်ဆိုင်နိုင်လျှင် မည်သူမျှ မပိုင်ဆိုင်စေရ။ သူအား သစ္စာဖောက်သည့် အပြစ်ဒဏ်အတွက် အသက်မဲ့ခန္ဓာကိုယ်သည် သူ့ဘေးတွင် ထာဝရ ရှိနေရမည်။ သူ့စကားများအား ဘယ်သောအခါမှ နားမထောင်ခဲ့သောသူ၊ သူ့နားတွင် တစ်ခါလေးမှ မနေချင်သောသူအား သူ့ဘေးတွင် လိမ်လိမ်မာမာနှင့် သူ၏စကားများအား ပြန်ခံမပြောနိုင်တော့ဘဲ ရှိနေစေရမည်။

အစွမ်းများအား လက်တွင်စုစည်းလိုက်ပြီး အစွမ်းအကုန်သုံးကာ ရီဟွားဆီသို့ ပစ်လွှတ်လိုက်သည်။

ရုတ်တရက် စူးရှသော အလင်းတန်းကြီး၏ ထိမှန်မှုကြောင့် ရီဟွား နန်းဆောင်နံရံထိ ကပ်အောင် လွင့်စင်သွားရသည်။

နန်းဆောင်နံရံအား အရှိန်ပြင်းပြင်းတိုက်ကာ ကြမ်းပြင်သို့ ပြုတ်ကျလာသော ရီဟွား၏ ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။ သူ၏ ကိုယ်တွင်းမှ နာကျင်မှုသည် အနှိုင်းအဆမရှိ။ မသေသေးဘဲ နာကျင်မှုအား ခံစားနေရသည်က သူ့အား ပို၍ ခံရခက်စေသည်။

ရှင်းရန်နှင့် တိုက်ခိုက်နေရာမှ ထိတ်လန့်သွားသော ရှင်း။

"ရှောင်ဟွား"

သူ၏ စိုးရိမ်မှုအား အခွင့်ကောင်းယူကာ တိုက်ခိုက်ခံလိုက်ရသော ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု။

ရှင်းသည်လည်း အဝေးသို့ လွင့်စဉ်သွားကာ ပြန်၍ မထနိုင်တော့။ နှလုံးသားနေရာအား ထိခိုက်သွားခြင်းကြောင့် သူ ကြာရှည်တောင့်ခံနိုင်မည် မထင်မိ။ သွေးရင်းချာ အမတော်၏ တိုက်ခိုက်မှုဖြစ်သောကြောင့် ချက်ချင်း မကုသနိုင်လျှင် သူ ထာဝရ အိပ်စက်သွားပေတော့မည်။

လက်တစ်ဖက်အား ကြိုးစားမြှောက်ကာ ဝိညာဉ်မီးအိမ်အား ဆင့်ခေါ်လိုက်သည်။ ထွက်ပေါ်လာသော ဝိညာဉ်မီးအိမ်ဆီမှ အလင်းတန်းများသည် ရှင်းရန် ကိုယ်ထဲသို့ တည့်တည့်မတ်မတ် ဝင်သွားကြသည်။

ရုတ်တရက် သူ(မ) ကိုယ်ထဲ ဝင်လာသော အလင်းတန်းများကြောင့် ထိတ်လန့်သွားမှုနှင့်အတူ ခေါင်းထဲတွင် ပေါ်လာသော ဝိုးတဝါးပုံရိပ်များ။ ထိုးကိုက်လာသော ခေါင်းထဲမှ နာကျင်မှု။ ခေါင်းနှစ်ဖက်အား ဖိကာ ရှင်းရန် နာကျင်စွာ အော်ဟစ်လိုက်မိသည်။

အစီအရီ ပေါ်လာသော ပုံရိပ်များ။ သူ(မ)နှင့် မောင်လေး ရှင်းယွဲ့၏ မြင်ကွင်းများ၊ သူ(မ) ချစ်သူ၊ သစ္စာဖောက်ခံရမှု၊ ကျန်းဖုန်းအား ကတိတောင်းခြင်း၊ ကိုယ့်ကိုကိုယ် ပျောက်ကွယ်စေခြင်းနှင့် လူသားအဖြစ်ဝင်စားခြင်းများ။ အရာအားလုံးအား သူ(မ) သတိရသွားခဲ့ပြီ။ သူ(မ)သည် နာကျင်ဖွယ် မှတ်ဉာဏ်များအား မလိုချင်သောကြောင့် ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့သော နတ်ဘုရားမတစ်ပါး။ လူ့ဘဝတွင်လည်း ထပ်မံ၍ အချစ်၌ ကျရှုံးကာ မိုက်ရူးရဲဆန်ခဲ့သော သူ(မ)။ ချစ်ရသူ၏ အသုံးချခြင်းကို ခံရကာ သူ(မ) မောင်လေးအား အကြိမ်ကြိမ် နာကျင်အောင်လုပ်မိသည့် ကိုယ့်ကိုကိုယ် အပြစ်တင်မှုတို့သည် သူ(မ)အား နှိပ်စက်နေကြသည်။ သူ(မ) မျက်ဝန်းမှ မျက်ရည်များ စီးကျကာ အသက်မဲ့သူ တစ်ယောက်လို ငိုင်တွေနေမိသည်။

ထိုအခြေအနေတွင် ကြမ်းပြင်တွင်လဲကျနေသော ရီဟွားအား ကြည့်ကာ ပြောလာသော ကျောက်ဟွမ်၏ စကားသံထွက်ပေါ်လာသည်။

"အရမ်းနာကျင်နေရတယ်မလား ရှောင်ဟွား...ကိုယ့် နာကျင်မှုက အဲထက်ပိုတယ်...ဒါပေမဲ့ ကိုယ် မင်း နာကျင်နေရတာကို မကြည့်ရက်နိုင်ဘူး...ကိုယ် မင်းကို သက်သာအာင် လုပ်ပေးမယ်"

အစွမ်းများအား စုစည်းကာ ထပ်မံ၍ ရီဟွားထံ တည့်တည့်မတ်မတ် ဦးတည်လာသော အလင်းတန်းများ။

"ရှောင်ဟွား"

ရှင်း၏ စိုးရိမ်တကြီး အော်လိုက်သံ။

ရီဟွား မျက်ဝန်းအစုံကိုသာ မှိတ်လိုက်မိသည်။ မကြာခင် သူ နာကျင်မှုတို့အား ခံစားရတော့မည် မဟုတ်။

သူ့ကိုယ်ပေါ် ကျရောက်မလာသည့် အစွမ်းများကြောင့် မျက်ဝန်းတို့အား ဖွင့်ကြည့်လိုက်စဉ် သူ၏ရှေ့၌ ကာထားသော ကျောပြင်တစ်ခု။ သေချာသည်မှာ ထိုကျောပြင်ပိုင်ရှင်သည် သူ့ဆီ ကျရောက်လာမည့် အစွမ်းများအား ကိုယ်စားခံပေးလိုက်ခြင်းပင်။

"အမှောင်နတ်ဘုရား"

သူ၏ ခေါ်သံအား ပြန်ဖြေမလာသောသူ။

ကျန်းဖုန်း ကြားလိုက်ရသော ခေါ်သံကြောင့် သူ၏ နှုတ်ခမ်းတို့ ပြုံးယောင်သမ်းသွားရသည်။ တစ်ခါမှ သူ့အား နာမည်မခေါ်ဖူးသော သူ့ချစ်ရသည် နောက်ဆုံးကြိမ်ထိ သူ၏ နာမည်အား ခေါ်ဆိုခြင်း မပြုခဲ့ပေ။ ချစ်ရသူ၏ ရင်ထဲတွင် တစ်စုံတစ်ယောက်သည် အမြဲတမ်းရှိနေခဲ့ပြီး သူ၏ ရင်ထဲတွင်တော့ ချစ်သူရှိနေသော ထိုကောင်လေးသည် ထာဝရရှိနေခဲ့သည်။

တရားကျင့်နေရာမှရုတ်တရက်ထွက်လာသောကြောင့် စွမ်းအားဆုံးရှုံးမှု၊ ရှင်းယွဲ့အား ကုသပေးခြင်းကြောင့် အားအင်ဆုတ်ယုတ်နေခဲ့သော သူသည် သူ့ကိုယ်ပွား၏ အစွမ်းကုန်သုံးတိုက်ခိုက်လိုက်ခြင်းတွင် ဆက်၍ ရှင်သန်နိုင်လိမ့်မည် မဟုတ်တော့။ ထာဝရ ပျောက်ကွယ်သွားတော့မည်ဖြစ်သော်လည်း ချစ်ရသူအတွက်မို့ သူ နောင်တမရမိ။

သူ မပျောက်ကွယ်ခင် သူ စတင်ခဲ့သော ဇာတ်လမ်းအား အဆုံးသတ်ရပေမည်။ ချစ်ရသူအား ဒုက္ခပေးခဲ့သော သူ၏ကိုယ်ပွားအား မုန်းတီးမိသလို သူ့ကိုယ်သူလည်း လုံးဝခွင့်မလွှတ်နိုင်။ သူ၏တစ်စိတ်တစ်ပိုင်းက ချစ်ရသူအား နာကျင်စေသည်ဟူသော အတွေးသည် သူ့အား အဆုံးစွန်ထိ နာကျင်စေသည်။

လက်ကျန်စွမ်းအားများအား စုစည်းကာ သူ၏အသေခံကာကွယ်မှုအား အံ့သြသွားပုံရသော ဝိညာဉ်ကိုယ်ပွားထံ ပစ်လွှတ်လိုက်သည်။ ပျောက်ကွယ်ခါနီး စွမ်းအားတို့၏ ပြင်းထန်မှုကြောင့် လွင့်စင်ကာ ဓားဒဏ်ရာဖြင့် ထိခိုက်ထားသူသည် လှုပ်ရှားလာခြင်း အလျဉ်းမရှိတော့ချေ။ အနီရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် ကျောက်ဟွမ်၏ ခန္ဓာကိုယ်သည် အလင်းအမှုန်များအဖြစ် ကွဲထွက်သွားကြပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ကျန်းဖုန်း ပြုံးလိုက်မိသည်။ ထိုကိုယ်ထဲမှ ဝိညာဉ်အပိုင်းအစသည် သူ၏ ကိုယ်ထဲ ဝင်လာခြင်း မရှိဘဲ ပျောက်ကွယ်သွားပုံအရ သူသည်လည်း မကြာခင်တွင် ပျောက်ကွယ်သွားပေလိမ့်မည်။ ချစ်ရသူ၏ မျက်နှာအား မြင်ရရန် နောက်လှည့်ကြည့်လိုက်သည်။

"မကြောက်နဲ့တော့ ဟွား"

အံ့သြနေပုံရသော မျက်နှာလေးအား ခပ်ဖွဖွ ထိကိုင်လိုက်သည်။

"ကိုယ် မင်းကို ကာကွယ်နိုင်ခဲ့ပြီ...မကြောက်နဲ့တော့နော်"

ရီဟွား မျက်ဝန်းမှ မျက်ရည်တို့ စီးဆင်းကျလာတော့သည်။

"ကောင်းကောင်း ဆက်ရှင်သန်ရမယ်နော် ကိုယ့်ရဲ့ဟွား"

"ထပ်ပြီး...ထပ်ပြီး ကျွန်တော့်ကို ထားမသွားကြပါနဲ့တော့"

ရီဟွား နာကျင်စွာ အော်ဟစ်လိုက်မိသည်။

မျက်ရည်များအား နူးညံ့သော လက်ချောင်းရှည်များဖြင့် သုတ်ပေးလာသောသူ။

"မငိုနဲ့လေ...ကိုယ် အမြင်ချင်ဆုံးက မင်းပျော်ရွှင်နေတာ"

"...."

"ကိုယ့်ကို ကတိပေးပါ...အမြဲ ပျော်ပျော်နေသွားပါမယ်လို့"

ရီဟွား ဘာစကားမှ မဆိုနိုင်စွာ မျက်ရည်များသာ အဆက်မပြတ်စီးကျနေသည်။

"ကိုယ် မင်းကို စချစ်ခဲ့တဲ့ညကို ကိုယ်နဲ့အတူထာဝရ ယူသွားတော့မယ်...အဲဒီညရဲ့ မှတ်ဉာဏ်တွေ ဖျက်ပစ်ခဲ့မိလို့ ကိုယ် တောင်းပန်ပါတယ်"

"...."

"ဝမ်းနည်းတိုင်း အမြဲသတိရပေးပါ...ကမ္ဘာကြီးရဲ့တစ်နေရာက ကိုယ့်ရဲ့ဟွားကို ပျော်ရွှင်စေချင်တဲ့ ကိုယ်ရှိနေတယ်ဆိုတာ"

"ကျွန်တော့်ကြောင့် ထပ်ပြီး တခြားတစ်ယောက်ကို မဆုံးရှုံးစေချင်တော့ဘူး...တောင်းပန်ပါတယ် ထားမသွားပါနဲ့"

"တစ်ခါမှ မခေါ်ဖူးတဲ့ ကိုယ့်ရဲ့နာမည်ကို အမှတ်ရနေမယ်ဆိုရင် ကိုယ်ကျေနပ်ပါတယ်"

ရီဟွား ခေါင်းအား အကြိမ်ကြိမ် ခါယမ်းကာ ငိုယိုနေမိသည်။ သူ့အား အမြဲကာကွယ်ပေးခဲ့သောသူ၊ သူ၏လျစ်လျူရှု ငြင်းပယ်မှုများအား စိတ်ထဲမထားခဲ့ပါသော ထိုသူသည် သေချာပေါက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ သူငယ်ချင်း၏ အလိုဆန္ဒအား လိုက်ဖြည့်ဆည်းပေးရင်း သူနှင့်မဆိုင်သောကိစ္စများအား ဝင်စွက်ဖက်ခဲ့ရသော်လည်း ငြိုငြင်ခဲ့ခြင်းမရှိခဲ့။ ထိုသို့သော လူကောင်းက အစောကြီး ပျောက်ကွယ်သွားရမည်ကို ရီဟွား လက်ခံနိုင်ခြင်း မရှိပေ။

"မပြောသင့်မှန်း သိပေမဲ့ နောက်ဆုံးအနေနဲ့ ထပ်ပြီး ပြောခဲ့ပါရစေ....ကိုယ် မင်းကို အရမ်းချစ်တယ်"

ကျန်းဖုန်း ပထမတစ်ကြိမ်ကဲ့သို့ ခါးခါးသီးသီး ငြင်းပယ်ခံရမည်စိုးစွာ ဘယ်တော့မှမပြောတော့ဟု ဆုံးဖြတ်ထားသော စကားအား နောက်ဆုံးအနေဖြင့် သူပြောလိုက်နိုင်ခဲ့သည်။ သူ့ရင်ထဲ လွန်စွာပေါ့ပါးသွားရသည်။ သူ့အနေဖြင့် ထိုမျှလောက်နှင့်ပင် လုံလောက်သွားခဲ့လေပြီ။

ထို့နောက် ရှင်းယွဲ့ဘက်လှည့်ကာ မှာ​ကြားလိုက်သည်။

"သူ့ကို အမြဲပျော်ရွှင်အောင် ထားပေးပါ...ငါ မင်းကို ယုံကြည်တာမို့ ငါ့ယုံကြည်မှုကို အလွဲသုံးစား မလုပ်နဲ့"

ပြုံးကာ ပြောနေသူက နာကျင်ရသည်မှာ သူ မဟုတ်သည့်အတိုင်း။

"မင်း သူ့ကို တခါလေးဝမ်းနည်းအောင် လုပ်မိတာနဲ့ ငါ သူ့ကို ချက်ချင်းလာခေါ်မှာ မင်းယုံတယ်မလား"

မဖြစ်နိုင်သော စကားကို ပြုံး၍ ပြောနေသူအား ကြည့်ကာ ရှင်းယွဲ့ မျက်ရည်များ ရစ်ဝဲလာရသည်။ သူနှင့် အနှစ်တစ်ထောင်ရန်ဖြစ်ခဲ့သူသည် နောင်တွင် သူနှင့်ဘယ်သောအခါမှ ရန်ဖြစ်နိုင်တော့မည် မဟုတ်။

"ငါ ကတိပေးပါတယ်"

သူ၏ ကတိစကားအား ကြားရသောအခါမှ စိတ်ချသွားပုံရသူသည် အသက်မဲ့သူလို ဖြစ်နေသော ရှင်းရန်ဘက်ကြည့်ကာ ပြောလိုက်သည်။

"ငါ အတတ်နိုင်ဆုံး ငါ့ကတိကို တည်ခဲ့တယ် ရှင်းရန်...အဆုံးထိ မတည်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"

သူ ပြောချင်သည့်စကားများအား သက်ဆိုင်သူများအကုန် သူ မှာကြားခဲ့ရသည်။ သို့သော် သူနှင့် နှစ်ပေါင်းများစွာ အတူရှိပေးခဲ့သော ဟိုင်ဝမ်ကိုမူ နောက်ဆုံးအချိန် မျက်နှာမြင်ရန်ပင် သူ့တွင်အခွင့်အရေးမရှိတော့ပေ။ အနည်းငယ်တော့ သူ ဝမ်းနည်းသွားရသည်။

သူ၏လက်များ ပျောက်လိုက် ပေါက်လိုက်ဖြစ်လာသောအခါ ပြုံး၍ ရှောင်ဟွား၏ ပါးပြင်အား ထိကိုင်လိုက်သည်။

"နှုတ်ဆက်ပါတယ် ကိုယ့်ရဲ့ဟွား...ထာဝရ... ထာဝရ နှုတ်ဆက်ပါတယ်"

သူ၏ ပါးပြင်အား ထိကိုင်ထားသော လက်များသည် တစ်စတစ်စ ပျောက်ကွယ်လာကြသည်။

ရီဟွား မယုံကြည်နိုင်စွာ ခေါင်းအား ခါရမ်းလိုက်မိသည်။

"ဟင့်အင်း မဖြစ်ရဘူး...မဖြစ်ရဘူး"

သူ၏ ရှေ့မှ ပြုံးရယ်နေသော မျက်နှာသည် တဖြေးဖြေး အလင်းအမှုန်များအဖြစ် ပျောက်ကွယ်သွားလေတော့သည်။

ရီဟွား နာကျင်စွာ ရှိုက်၍ ငိုကြွေးလိုက်သည်။ လုံလောက်သင့်ပြီ။ သူ ခံစားရသော နာကျင်မှုတို့ အမှန်တကယ် လုံလောက်သင့်နေပြီ။ ဒီထက်ပို၍ သူ ဆက်မခံစားနိုင်တော့။

ရှင်းယွဲ့ လဲကျနေရာမှ ကြိုးစား၍ ထထိုင်လိုက်သည်။ အမတော်၏ တိုက်ခိုက်မှုကြောင့် နာကျင်နေသော ဝေဒနာသည် ခံရခက်လွန်းသည်။

ဝမ်းနည်းစွာ ငိုကြွေးနေသော ရှောင်ဟွား မျက်နှာလေးအား ကြင်နာစွာ ကြည့်လိုက်သည်။

"ရှောင်ဟွား...ဝူရီဟွားရဲ့ကိုယ်က ထိခိုက်ထားတဲ့ အစွမ်းကြောင့် ကြာရှည် မခံနိုင်တော့ဘူး...ကိုယ့်ရဲ့ လက်ကျန် အင်အားနဲ့ မင်းရဲ့ ကမ္ဘာက မူလခန္ဓာကိုယ်ကို ကိုယ်ပြန်ပို့ပေးမယ်"

ကြားလိုက်ရသော ရှင်း၏ စကားကြောင့် ရီဟွားအသည်းအသန် ငြင်းဆန်လိုက်သည်။

"ဟင့်အင်း ကျွန်တော် မပြန်ဘူး...ကျွန်တော် ရှင်းနဲ့ပဲ အတူနေမယ်...ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြန်မပို့ပါနဲ့"

"ဒီမှာ ဆက်နေရင် မင်း သေဆုံးရလိမ့်မယ် ရှောင်ဟွား...စိတ်ချပါ ကိုယ် သေချာပေါက် မင်းကိုပြန်လာရှာပါ့မယ်...ကိုယ့်ကိုယုံတယ်မလား"

ရီဟွား ခေါင်းညိတ်ပြလိုက်သည်။ သူ ရှင်းအား အကြွင်းမဲ့ ယုံကြည်ပါသည်။

"ကိုယ့်ကို စောင့်နေပါ...ကိုယ် သေချာပေါက် မင်းနောက်လိုက်လာခဲ့မယ်"

ထို့နောက် ရုတ်တရက် သူ့ဆီ ရောက်ရှိလာသော အဖြူရောင် အလင်းတန်းများ။ ရီဟွား မျက်လုံးကိုသာ စုံမှိတ်လိုက်မိသည်။

သူ၏ ရှေ့မှ ပျောက်ကွယ်သွားသော ကောင်လေးအား ကြည့်ကာ ရှင်း ပြုံးလိုက်မိသည်။ ရှောင်ဟွားအား ဘာမှမဖြစ်အောင် ကာကွယ်ပေးလိုက်နိုင်လေပြီ။

နှလုံးအား ထိခိုက်ထားသည့်အပြင် အစွမ်းအကုန်သုံးကာ ရှောင်ဟွားအား သူ၏ ကမ္ဘာဆီ ပြန်ပို့လိုက်သောကြောင့် ပင်ပန်းကာ ရှင်းယွဲ့ အိပ်ချင်လာသည်။ မည်မျှ ကြာအောင် အိပ်ပျော်သွားမည်မှန်း သူ မသိ။ ထာဝရ အိပ်စက်ခြင်းမျိုး မဖြစ်ရန်သာ သူ မျှော်လင့်မိသည်။ သူ ရှောင်ဟွားအား ကတိတည်ရဦးမည်လေ။

မလှုပ်မယှက် အသက်မပါသူလို ဖြစ်နေသော အမတော်အား သူ ခေါ်ဆိုလိုက်သည်။

"အမတော်"

သူ၏ ခေါ်သံကြောင့် အသိစိတ်ပျောက်ဆုံးနေရာမှ အသိဝင်လာပုံရသော အမတော်သည် သူ့အား စိုးရိမ်စွာ ကြည့်လာသည်။

ရှင်းယွဲ့ စိတ်ချသွားခဲ့လေပြီ။ ပင်ပန်းမှုအား တင်းမခံနိုင်စွာ မျက်လုံးစုံမှိတ်လိုက်သည်။ အမတော်၏ သူ့အား စိုးရိမ်စွာ ခေါ်ဆိုလိုက်သံအား နောက်ဆုံး ကြားလိုက်ရပြီး မှောင်မည်းနေသော အမှောင်ထုထဲ သူ လွင့်မျောသွားလေတော့သည်။

********************

ဆေးရုံ VIPခန်း တစ်ခုထဲတွင် နာ့စ်မလေးတစ်ယောက်သည် ဆေးပိုက်များဖြင့် အိပ်ရာပေါ်လှဲနေသောလူနာအား ကြည့်ကာ ခေါင်းခါရမ်းလိုက်သည်။

ဘေးနားရှိ နာ့စ်မလေးတစ်ယောက်သည် ထိုခေါင်းခါရမ်းမှုအား သိလိုစွာ စပ်စုလိုက်သည်။

"သူ့ကို ကြည့်ပြီး ဘာလို့ ခေါင်းရမ်းနေတာလဲ...သူက ဘယ်သူမို့လဲ"

"နင် သူ့ကို မသိဘူးလား"

စပ်စုစွာ မေးသော နာ့စ်မလေးသည် မသိကြောင်း ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း"

"ကမ္ဘာ နံပါတ်(၁) ကျောက်မျက်ဒီဇိုင်နာ ရီဟွားလေ...တရုတ်ပြည်ရဲ့ ဂုဏ်ယူရသူ ဒီဇိုင်းပညာရှင်ပေါ့...ဘယ်ကျောက်ရိုင်းတုံးမဆို သူ့လက်က ထွက်တာနဲ့ ဈေးအမြင့်ဆုံး လက်ဝတ်ရတနာဖြစ်သွားတော့တာပဲ...သူ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီတွေဆိုလည်း အများကြီး...ငွေကြေးချမ်းသာမှုကတော့ ဆယ်သက်စားမကုန်ဘူး...အောင်မြင်မှုကလည်း လျှမ်းလျှမ်းတောက်ဘဲ"

မသိဘူးဟု ပြောခဲ့သော နာ့စ်မလေး လွန်စွာအံ့သြသွားရသည်။

"သူ ဆိုရင် ငါသိတာပေါ့...သူ့နာမည်က ဟိုးလေးတကျော်ပဲဟာ...ငါက သူ့ရုပ်မမြင်ဖူးလို့ မသိတာ...ဟိုတလောက သူ အက်ဆီးဒင့် ဖြစ်တယ်လို့ ငါကြားမိတယ်...ဒီဆေးရုံမှာ တက်တယ်လို့ မဖော်ပြထားဘူး"

"ဘယ်ဖော်ပြမှာလဲ...ဒီဆေးရုံမှာ တက်တယ်တာ ကြေညာလိုက်လို့ကတော့ ငါတို့ခုလို အေးဆေးနေနိုင်မယ်ထင်လို့လား...လောကကြီးက တကယ် မတရားတာပဲ...ခုလို ငယ်ငယ်ရွယ်ရွယ် ကျော်ကြားတဲ့ကောင်လေးက ကလေးတစ်ယောက် ကားတိုက်မိမလိုဖြစ်တာကို ကယ်လိုက်တာ တစ်နှစ်တောင် Comaဝင်သွားတယ်...ဘယ်ချိန်ထိ coma ဆက်ဝင်နေမလဲ မသိဘူး...ပြန်နိုးမလာရင်တော့ ကြွယ်ဝချမ်းသာမှုတွေနဲ့ အောင်မြင်မှုတွေ အကုန်အလကားပဲ"

စပ်စုမိသော နာ့စ်မလေးသည်လည်း ထိုကောင်လေးအား သနားဂရုဏာသက်သွားရသည်။

"သြော် နင်က အဲဒါကြောင့် ခေါင်းရမ်းတာကိုး...အေးနော် နှမြောစရာကြီး...ဒီလောက် စိတ်ကောင်းရှိသူက ခုလို ကိုမာဖြစ်နေရတော့"

ထိုစဉ် လှုပ်ရှားလာသော ကောင်လေး၏ လက်ချောင်းလေးများ။

ကောင်လေးအား ကြည့်ရှုနေသူ နာ့စ်မလေး နှစ်ယောက်လုံး အံ့သြဝမ်းသာသွားရသည်။

"သူ...သူ လက်လှုပ်သွားတာလား"

"ဟုတ်တယ် ဟုတ်တယ် ငါလည်း မြင်လိုက်တယ်"

ထို့နောက် မျက်လုံးများ ပွင့်လာသော ကောင်လေး။

ဝမ်းသာမှုနှင့်အတူ နာစ့်မလေး တစ်ယောက် ခေါင်းရင်းရှိ အချက်ပေးခလုတ်အား နှိပ်လိုက်သည်။

"တီ တီ တီ တီ"

ရုတ်တရက် အပြေးအလွှား ရောက်လာသော ဆရာဝန်များ။

တံခါးဝမှ ဆီးကြိုနေသော နာ့စ်မလေးတစ်ယောက်သည် ဝမ်းသာအားရ ချက်ချင်း အော်ပြောလိုက်သည်။

"ဒေါက်တာတို့ သူ...သူ...သတိရလာပြီ"

အပြေးရောက်လာကြသော ဒေါက်တာများအားလုံး အလုပ်ရှုပ်သွားကြလေတော့သည်။

**********************

အပိုင္း(၄၂)

ျပန္လည္နိုးထလာျခင္း

က်န္းဖုန္း ​ရွင္းယြဲ႕၏ ေက်ာျပင္ကို ထိကပ္ထားသည့္ လက္တို႔အား ခ်လိဳက္သည္ႏွင့္ သူတို႔အနီးတစ္ဝိုက္ရွိ အလင္းမ်ား ေပ်ာက္ကြယ္သြားေတာ့သည္။

သူ၏ တစ္ကိုယ္လုံး အားအင္ခ်ိနဲ႕သလို ခံစားေနရသည္။သူ၏အစြမ္းတို႔ မလုံေလာက္ေတာ့။ သူ ေသခ်ာေပါက္ အနားယူမွ ျဖစ္ေတာ့မည္။

သို႔ေသာ္ သူ အနားမယူနိုင္ေသး။ ဟြားအား သူကယ္ရေပဦးမည္။

"က်န္းဖုန္း မင္း အနားယူမွ ျဖစ္မယ္...ငါ့ဒဏ္ရာကို ကုေပးတဲ့ ေက်းဇူးကို ငါတစ္ေန႕ျပန္ဆပ္မယ္...ေရွာင္ဟြားကိုေတာ့ ငါ့ဘာသာသြားကယ္လိုက္မယ္"

"မင္း သူ႕ကို ေသခ်ာေပါက္ ကယ္နိုင္တယ္ဆိုတာ ငါသိပါတယ္...သူ အႏၲရာယ္ကင္းတာကို ငါ့မ်က္လုံးနဲ႕ ကိုယ္တိုင္ျမင္ခ်င္လို႔"

ရွင္းယြဲ႕ က်န္းဖုန္းအား နားလည္ေပးနိုင္သည္။ က်န္းဖုန္း၏ ေရွာင္ဟြားအေပၚ စိုးရိမ္စိတ္သည္ သူႏွင့္ထပ္တူထပ္မွ်ပင္။။

ရွင္းယြဲ႕ ေရွာင္အန္းဘက္ လွည့္ကာ ေျပာလိုက္သည္။

"ရီရီ႕ ကိုယ္ထဲက ဝိညာဥ္အပိုင္းအစကို ခံစားလိုက္ရတယ္"

ေရွာင္အန္း ခ်က္ခ်င္း ေျဖၾကားလိုက္၏။

"မွန္ပါ အရွင္...မင္းသမီးရီရီ ေသဆုံးသြားပါၿပီ...သူ(မ)ကိုယ္ထဲက ဝိညာဥ္အပိုင္းအစကို ဝိညာဥ္မီးအိမ္ထဲ ထည့္ယူလာပါတယ္...မင္းသမီးရီရီအျပင္ စစ္သူႀကီးပါ ေသဆုံးသြားတာပါ"

ရွင္းယြဲ႕ႏွင့္ က်န္းဖုန္း၏ မ်က္ႏွာထက္တြင္ အံ့ၾသမႈတို႔အထင္းသား ေပၚလာက သည္။ ႏွစ္ေယာက္လုံး စိုးရိမ္စြာ ေျပာလိုက္မိသည္က-

"ေရွာင္ဟြား"

"ဟြား"

ထို႔ေနာက္ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္မိသည္။

က်န္းဖုန္း အရင္ဦးစြာ ေျပာလိုက္သည္။

"ေရွာင္ဟြား ေတာ္ေတာ္ဝမ္းနည္းေနမွာ...ခုခ်ိန္ သူ အလိုအပ္ဆုံးက မင္းပဲ ရွင္းယြဲ႕...မင္း သူ႕ဆီကို အျမန္သြားကယ္မွ ျဖစ္မယ္"

ရွင္းယြဲ႕ ေရွာင္အန္းအား မွာၾကားလိုက္သည္။

"ေရွာင္အန္း ဝိညာဥ္မီးအိမ္ ငါ့ကိုေပး...ၿပီးရင္ နန္းတြင္းထဲက အဖမ္းခံထားရတဲ့သူေတြကို သြားကယ္ေခ်...ငါနဲ႕ က်န္းဖုန္း ေရွာင္ဟြားကို သြားကယ္လိုက္မယ္"

"မွန္ပါ"

ေရွာင္အန္း လက္တစ္ဖက္အား ျဖန႔္ကာ ဝိညာဥ္မီးအိမ္အား ေပၚလာေစလိုက္သည္။

ရွင္းယြဲ႕ သူ၏လက္ေပၚသို႔ ဝိညာဥ္မီးအိမ္အား လႊဲေျပာင္းယူလိုက္ၿပီး ေပ်ာက္ကြယ္ေစလိုက္၏။

"အရွင္ ကြၽန္ေတာ္မ်ိဳးကို ေရွာင္အန္းနဲ႕အတူ လိုက္သြားခြင့္ျပဳပါ"

ဟိုင္ဝမ္၏ ေတာင္းဆိုလာမႈေၾကာင့္ ေရွာင္အန္း ဟိုင္ဝမ္အား ၾကည့္လိုက္သည္။

"မင္း ငါတစ္ခုခုျဖစ္မွာ စိတ္ပူေနတာလား...ငါ့ကို စိတ္မခ်ေနတာေပါ့"

ဟိုင္ဝမ္ အျမင္ကပ္စြာ ေရွာင္အန္းအား မ်က္ေစာင္းထိုးလိုက္သည္။

"မင္းတလြဲေတြ လုပ္မွာစိုးလို႔...မင္းက အၿမဲေပါက္ကရ လုပ္တတ္တယ္ေလ"

က်န္းဖုန္း သူ၏ေရွ႕တြင္ စကားမ်ားေနေသာ ႏွစ္ေယာက္ေၾကာင့္ စိတ္ရႈပ္သြားရသည္။ ရွင္းယြဲ႕အား ၾကည့္မိေတာ့ သူကဲ့သို႔ ထိုႏွစ္ေယာက္အေပၚ စိတ္ရႈပ္ေနပုံရသည္။

"လိုက္သြားခ်င္လည္း လိုက္သြား ဟိုင္ဝမ္...အပိုေတြ ေျပာမေနနဲ႕"

သူ႕အရွင္၏ ဆူပူျခင္းအား ခံလိုက္ရေသာေၾကာင့္ ဟိုင္ဝမ္ ေရွာင္အန္းအား မေက်မနပ္ျဖစ္သြားရသည္။

"ဘာလုပ္ေနတာလဲ သြားမယ္"

"အမ္"

သူ၏ အေျပာအား မသိသလို လုပ္ေနေသာ ေရွာင္အန္းေၾကာင့္ ပို၍စိတ္တိုသြားရ၏။

"ဖမ္းခံထားရသူေတြ သြားကယ္မယ္ေလ...ခုလို အခ်ိန္ျဖဳန္းေနလို႔ အားလုံးအဆင္ေျပသြားမယ္ထင္ေနလား"

သူ စိတ္တိုစြာ ေအာ္ဟစ္လိုက္ၿပီးမွ အရွင္ႏွစ္ပါး ရွိေနသည္အား သတိရကာ မ်က္ႏွာပ်က္သြားရသည္။ ေခါင္းငုံ႕ကာ မ်က္ႏွာ မေဖာ္ရဲေတာ့ေပ။

ထိုစဥ္ သူ၏ လက္တစ္ဖက္အား ဆြဲကိုင္လိုက္သူေၾကာင့္ ဟိုင္ဝမ္ အံ့အားသင့္သြားရသည္။

ထို႔ေနာက္ ေရွာင္အန္းႏွင့္ သူ ထိုေနရာမွ ေပ်ာက္ကြယ္လိုက္ေတာ့သည္။

က်န္းဖုန္း သူ႕ေရွ႕မွ ေပ်ာက္ကြယ္သြားသည့္ ဘယ္ေတာ့မွ မတည့္ေသာ လူႏွစ္ေယာက္ေၾကာင့္ ေခါင္းမ်ားပင္ ကိုက္ခ်င္လာသည္။ အနားယူရန္ လိုအပ္ေနေသာ သူ႕အား ပို၍ အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္သြားျခင္းအား ေတာ္ေတာ္ေလး စိတ္တိုမိသည္။

ရွင္းယြဲ႕သည္ေတာ့ စိုးရိမ္စိတ္ေၾကာင့္ ထိုႏွစ္ေယာက္အား ဂ႐ုစိုက္သည့္ပုံ မေပၚေပ။

"က်န္းဖုန္း ေရွာင္ဟြားဆီ သြားရေအာင္"

"အင္း"

ထို႔ေနာက္ ႏွစ္ေယာက္လုံး ေရွာင္ဟြား ရွိရာဆီသြားရန္ ရွင္းယြဲ႕ဂူမွ ေပ်ာက္ကြယ္လိုက္ေတာ့သည္။

**********************

မွန္ထဲတြင္ ေပၚေနေသာ ကိုယ့္ပုံအား မ်က္ေတာင္မခတ္ ရီဟြား စိုက္ၾကည့္ေနမိသည္။ ဒုတိယအႀကိမ္ ဝတ္ဆင္ထားေသာ အနီေရာင္ ဇာမဏီ မဂၤလာဝတ္စုံ၊ ဇာမဏီသရဖူတို႔အား တပ္ဆင္ထားသည့္ အညိုေရာင္ မ်က္ဝန္း၊ အညိုေရာင္ဆံႏြယ္ရွည္မ်ားႏွင့္ ေကာင္ေလး၏ မ်က္ႏွာတြင္ ေပ်ာ္႐ႊင္ျခင္းအလ်ဥ္းရွိမေနေပ။

ရီဟြား အကၤ်ီ​ရင္ဘတ္အား လက္ျဖင့္ စမ္းလိုက္သည္။ မည္သူမွ် နန္းေဆာင္ထဲ မဝင္ခင္ ေရွာင္ကုန္းဇီ သူ႕အား ဝွက္၍ ေပးထားခဲ့ေသာ ဓားတိုကို စမ္းမိေသာအခါ ရီဟြား မ်က္ႏွာထက္တြင္ အၿပဳံးတစ္ပြင့္ေပၚေပါက္လာခဲ့သည္။ ဓားအား ေပးစဥ္ စိုးရိမ္စြာ သတိေပးေသာ ေရွာင္ကုန္းဇီ၏ စကားမ်ားကိုလည္း ဂ႐ုမစိုက္နိုင္ေတာ့။ ရွင္းသာ ေရာက္မလာခဲ့ရင္ ေက်ာက္ဟြမ္အား သတ္ၿပီး သူ႕ကိုယ္သူလည္း အဆုံးစီရင္ပစ္မည္။

နန္းေဆာင္တံခါးဖြင့္သံ ၾကားလိုက္ေသာေၾကာင့္ အကၤ်ီရင္ဘတ္ကို ထိကိုင္ထားျခင္းအား လႊတ္လိုက္သည္။

မွန္ထဲတြင္ ေပၚလာေသာ သူ၏ ေနာက္ေက်ာမွ ရွင္းရန္၏ ပုံရိပ္။ မွန္ေရွ႕တြင္ တင္ထားေသာ ဘီးအား ယူကာ သူ၏ ဆံပင္မ်ားအား ၿဖီးသင္ေပးလာေသာ သူ(မ)အား ၾကည့္၍ ရီဟြားမ်က္ရည္မ်ား ရစ္ဝိုင္းလာသည္။ အကိုႀကီးသည္လည္း မဂၤလာဝတ္စုံဝတ္ထားေသာသူ႕အား သူ(မ)လို ဆံပင္မ်ား ၿဖီးသင္ေပးခဲ့ဖူးသည္။

"ဟြားအယ္ မဂၤလာပြဲမွာ မငိုရဘူးေလ...အလွပ်က္သြားမယ္"

သူ(မ)၏ စကားေၾကာင့္ "မဂၤလာပြဲမွာ မငိုရဘူး၊ ေပ်ာ္ေပ်ာ္ေနရမယ္" ဟူေသာ အကိုႀကီး၏ စကားအား ျပန္ၾကားေယာင္လာရသည္။ အကိုႀကီး ညီေလးက အရမ္းေခ်ာတာ ကမာၻေပၚမွာ ခ်စ္စရာအေကာင္းဆုံးဟု အၿမဲဂုဏ္ယူတတ္ေသာ အကိုႀကီး။

မငိုဘူးဟု ဆုံးျဖတ္ထားေသာ္လည္း မ်က္ရည္မ်ားအား မထိန္းခ်ဳပ္နိုင္ေတာ့။

ပါးျပင္ေပၚ မ်က္ရည္မ်ား စီးက်ေနသည့္ ဟြားအယ္အား ရွင္းရန္ မည္သို႔ ႏွစ္သိမ့္ေပးရမည္မွန္း မသိေတာ့။ မေပ်ာ္႐ႊင္နိုင္ေသာ ဟြားအယ္အား ေပ်ာ္ေပ်ာ္ေနပါဟုလည္း သူ(မ) မေျပာရက္နိုင္။ သူ(မ)ကိုယ္တိုင္လည္း မေပ်ာ္႐ႊင္ေပ။

"ကိုယ္တို႔ရဲ႕ မဂၤလာပြဲေန႕မွာ ခုလို မ်က္ရည္က်ေနလို႔ မျဖစ္ဘူးေလ ဟြားအယ္"

အနီေရာင္ နဂါးဝတ္႐ုံအား ဝတ္ဆင္ကာ နန္းေဆာင္ထဲ ဝင္လာေသာ ေက်ာက္ဟြမ္။

အၿမဲတမ္း မည္သူ႕ကိုမွ ဂ႐ုမစိုက္ခဲ့ေသာသူသည္ ဟြားအယ္ႏွင့္ ပတ္သတ္၍ေတာ့ အစစအရာရာ ဂ႐ုစိုက္တတ္သည္။ ဧကရီတင္ျမႇောက္ရာ အခမ္းအနားသို႔ မတက္ေရာက္မီ ဟြားအယ္အတြက္ လိုအပ္ခ်က္တစ္စုံတစ္ရာမရွိေစရန္ သူလာေရာက္စစ္ေဆးျခင္းျဖစ္သည္။ ငိုေနေသာ ဟြားအယ္အား သူျမင္ရလိမ့္မည္ဟု မထင္မိခဲ့။

"ကိုယ္ မင္း ေပ်ာ္႐ႊင္ေအာင္ ဘာေတြဆက္လုပ္ေပးရဦးမွာလဲ ဟြားအယ္"

ရီဟြား ျပန္မေျဖျဖစ္။ သူ ေက်ာက္ဟြမ္အား မည္သည့္စကားမွ် ေျပာခ်င္မေနေပ။

သူ ရွင္းရန္ဘက္လွည့္ကာ ေျပာလိုက္သည္။

"ရွင္းရန္ နင္ရွင္းအေပၚ လုပ္ခဲ့မိတာေတြအတြက္ ေသခ်ာေပါက္ ေနာင္တရလိမ့္မယ္"

ရွင္းရန္ ရီဟြားအေျပာေၾကာင့္ ဆြံ႕အသြားရသည္။ ထိုစကားသည္ သူ(မ) ဟြားအယ္ထံမွ ဒုတိယအႀကိမ္ ထပ္ၾကားရသည့္ စကားပင္။

သူ(မ) ဟြားအယ္အား ေမးရန္ ျပင္လိုက္စဥ္ နန္းေဆာင္ထဲ ႐ုတ္တရက္ေပၚလာေသာ လူႏွစ္ေယာက္ေၾကာင့္ သူ(မ) ေမးမည့္စကားတို႔ ေပ်ာက္ရွသြားရသည္။

"ဟက္ တကယ့္အခ်ိန္ေကာင္းမွ ေရာက္လာၾကတာပဲ"

ေက်ာက္ဟြမ္၏ ေလွာင္ေျပာင္သံပါေသာ စကားေၾကာင့္ ရီဟြား ေနာက္လွည့္ၾကည့္လိုက္မိသည္။

အနီေရာင္ မဂၤလာဝတ္႐ုံအား ဝတ္ဆင္ထားဆဲ ရွင္းႏွင့္ အနက္ေရာင္ဝတ္႐ုံအား ဝတ္ဆင္ထားသည့္ အေမွာင္နတ္ဘုရား က်န္းဖုန္း။

ရီဟြား ရွင္းအား ျမင္လိုက္ရေသာေၾကာင့္ အံ့ၾသဝမ္းသာသြားရသည္။

ရွင္းဆီ အေျပးသြားရန္ ျပင္လိုက္စဥ္ ႐ုတ္တရက္ရွင္းအား အစြမ္းမ်ားျဖင့္ အျပင္းအထန္တိုက္ခိုက္လိုက္ေသာ ရွင္းရန္ေၾကာင့္ ရီဟြား ဆြံ႕အသြားရသည္။

"ရွင္းရန္ နင္ ဘာလုပ္တာလဲ"

သူ၏ စိုးရိမ္တႀကီး ေအာ္သံအား ျပန္ေျဖလိုက္ေသာ ရွင္းရန္။

"နင္ေျပာတယ္ေလ သူ႕ကို လုပ္ခဲ့တာေတြအတြက္ ငါေနာင္တရမယ္ဆို...တကယ္ေနာင္တရမလား မရမလား သိရေအာင္လို႔ေလ"

ရီဟြား ရွင္းရန္အား စိတ္ပ်က္သြားရသည္။ သူ၏ စကားသည္ သူ(မ)၏ ေဒါသမ်ားအား ဆြမိသလို ျဖစ္သြားခဲ့ပုံရသည္။ သူ(မ) ခံစားေနရေသာ နာက်င္မႈမ်ားႏွင့္ ေဒါသမ်ားအား သူႏွင့္ ေက်ာက္ဟြမ္အေပၚ ပုံမခ်နိဳင္ေသာေၾကာင့္ ရွင္းအေပၚပုံခ်လိဳက္ျခင္းပင္။

"ရွင္းရန္ နင္မွားမယ္...သူက နင့္ရဲ႕ေမာင္ေလး"

သူ၏ ေအာ္ေျပာမႈအား သူ(မ) မၾကားနိုင္ေတာ့။ သူ(မ)၏ အေသအေက် တိုက္ခိုက္ေနမႈေၾကာင့္ ရွင္းသည္လည္း အေတာ္ေလး ဂ႐ုစိုက္ခုခံေနရသည္။ သူ မည္မွ် က်ယ္ေအာင္ ေအာ္ေျပာေျပာ ရမည္မထင္ေတာ့။ အသည္းအသန္တိုက္ခိုက္ေနရေသာ သူတိူ႕ႏွစ္ေယာက္သည္ မည္သူ႕ကိုမွ် ဂ႐ုစိုက္နိုင္ေတာ့မည္ မထင္။

ရီဟြား ရွင္းအတြက္ စိုးရိမ္သြားရသည္။

ျပန္လည္တိုက္ခိုက္ျခင္းမရွိဘဲ ခုခံေနေသာ ရွင္းသည္ ၾကာရွည္ မခုခံနိုင္ေတာ့မည္ကို စိတ္ပူသြားရ၏။ ႏွစ္ေယာက္လုံး၏ အစြမ္းမ်ားသည္ ညီတူျဖစ္ဟန္တူသည္။ မည္သူနိုင္ၿပီး မည္သူ ရႈံးမည္မွန္း ခန႔္မွန္း၍ မရေခ်။

ထိုစဥ္ ေက်ာက္ဟြမ္သည္လည္း အေမွာင္နတ္ဘုရားက်န္းဖုန္းအား အစြမ္းမ်ားျဖင့္ တိုက္ခိုက္လိုက္သည္။ နန္းေဆာင္ေနရာအႏွံ႕တြင္ တိုက္ခိုက္ျခင္းမွ ထြက္ေပၚေသာ အလင္းတန္းမ်ားအား ေတြ႕ျမင္ေနရသည္။

ေက်ာက္ဟြမ္၏ တိုက္ခိုက္မႈအား အေမွာင္နတ္ဘုရား က်န္းဖုန္းက ခုခံေနရပုံရသည္။ ျဖဴ ေလ်ာ့ေနေသာ မ်က္ႏွာသည္ ၾကာရွည္တိုက္ခိုက္နိုင္ပုံ မေပၚေခ်။

အစြမ္းမ်ားျဖင့္ တိုက္ခိုက္ေနၾကေသာေၾကာင့္ တိုက္ခိုက္သံမ်ား အလ်ဥ္းထြက္ေပၚျခင္းမရွိဘဲ အလင္းေရာင္မ်ားသာ ထြက္ေပၚေနၾကသည္။

ထိုစဥ္-

"အရွင္မင္းႀကီး မဂၤလာအခ်ိန္က်ပါၿပီ"

နန္းေဆာင္အျပင္မွ ထြက္ေပၚလာေသာ အသံ။

ထိုအသံၾကားသည္ႏွင့္ ေက်ာက္ဟြမ္သည္ အေမွာင္နတ္ဘုရားအား တိုက္ခိုက္ေနရင္းမွ လက္တစ္ဖက္ျဖင့္ တံခါးဆီသို႔ အလင္းမ်ား ထုတ္လႊင့္လိုက္သည္။

အလင္းမ်ားသည္ တံခါးအျပင္သို႔ ေဖာက္ထြက္သြားၾကၿပီး မည္သည့္အသံမွ မၾကားရေတာ့ေခ်။ ေက်ာက္ဟြမ္ နန္းေဆာင္အျပင္ရွိ အေစာင့္မ်ားအား မည္သို႔လုပ္လိုက္မွန္း သူ မသိ။

ထိုကိစၥအား သူ မစဥ္းစားနိုင္ေတာ့။ ဆက္၍ မခုခံနိုင္ေတာ့ေသာ အေမွာင္နတ္ဘုရား ပုံစံအား ၾကည့္ကာ ရီဟြား အကၤ်ီရင္ဘတ္ထဲရွိ ဓားတိုအား ဆြဲထုတ္လိုက္သည္။ ထို႔ေနာက္ သူ၏ ဦးတည္ရာသည္ ေနာက္ေက်ာေပးထားေသာ ေက်ာက္ဟြမ္၏ ေက်ာျပင္ဆီသို႔။

ေက်ာျပင္အား ထိုးစိုက္လိုက္ေသာ ဓားႏွင့္ စီးက်လာေသာ ေသြးမ်ား။ ဓားအား ျပန္၍ ဆြဲႏႈတ္လိုက္ျခင္းႏွင့္အတူ ေက်ာက္ဟြမ္၏ ႏႈတ္ခမ္း ေသြးမ်ားစီးက်လာသည္။

ေက်ာက္ဟြမ္ ထိုဓားဒဏ္ရာေလာက္ျဖင့္ မေသဆုံးနိုင္ေသာ္လည္း သူ၏ ႏွလုံးသားသည္ေတာ့ ေသဆုံးသြားေလၿပီ။ ဓားဒဏ္ရာ၏ နာက်င္မႈထက္ ႏွလုံးသားေနရာမွ နာက်င္မႈသည္ ပို၍ ဆိုး႐ြားေလသည္။

မထင္မွတ္ထားမႈေၾကာင့္ အံ့ၾသမွင္သက္သြားေသာ ေက်ာက္ဟြမ္သည္ သူကဲ့သို႔ အံ့ၾသသြားေသာ အေမွာင္နတ္ဘုရားအား အေဝးသို႔လြင့္စင္သြားေအာင္ အစြမ္းျဖင့္တိုက္ခိုက္လိုက္သည္။

ထို႔ေနာက္ ေနာက္လွည့္ကာ သူ၏ ေသြးမ်ား စြန္းေပေနသည့္ဓားအား ဆုပ္ကိုင္ထားသူကို နာက်င္စြာ ၾကည့္လိုက္မိသည္။ ထိုလူသားေလးအတြက္ အရာရာသည္းခံကာ ႀကိဳးစားခဲ့သည့္ သူ႕အား လုပ္ရက္နိုင္ေလျခင္းဟု ေတြးကာ မ်က္ဝန္းမွ မ်က္ရည္စက္မ်ား ပါးျပင္သို႔ စီးက်လာသည္။

သူ မည္သူ႕အေပၚမွ မေကာင္းခဲ့ေသာ္လည္း ထိုတစ္ေယာက္တည္းေသာသူ အေပၚတြင္ေတာ့ အတိုင္းအဆမရွိ ၾကင္နာခဲ့သည္။ အေကာင္းဆုံးေတြသာ သူ ေပးခဲ့သည္။ နာက်င္ရခ်ိန္တိုင္း၊ အရႈံးေပးခ်င္မိလာသည့္ အခ်ိန္တိုင္း ထိုေကာင္ေလး၏ မ်က္ႏွာအား ျမင္ေယာင္ကာ အခက္ခဲမွန္သမွ် ေက်ာ္ျဖတ္ခဲ့သည္။ ေနာက္ဆုံး သူ ျပန္ရလိုက္သည့္ ရလဒ္သည္ သစၥာေဖာက္ခံရျခင္းသာ။

ေနာက္ေက်ာဓားထိုးခံရသည့္ နာက်င္မႈသည္ သူ၏ ႏွလုံးသားတစ္ခုလုံးအား အစိတ္စိတ္အႁမႊာႁမႊာ ကြဲေၾကသြားေစသည္။

သူ႕အား မုန္းတီးေနသည့္ သူခ်စ္ရသူ။ သူ မပိုင္ဆိုင္နိုင္လွ်င္ မည္သူမွ် မပိုင္ဆိုင္ေစရ။ သူအား သစၥာေဖာက္သည့္ အျပစ္ဒဏ္အတြက္ အသက္မဲ့ခႏၶာကိုယ္သည္ သူ႕ေဘးတြင္ ထာဝရ ရွိေနရမည္။ သူ႕စကားမ်ားအား ဘယ္ေသာအခါမွ နားမေထာင္ခဲ့ေသာသူ၊ သူ႕နားတြင္ တစ္ခါေလးမွ မေနခ်င္ေသာသူအား သူ႕ေဘးတြင္ လိမ္လိမ္မာမာႏွင့္ သူ၏စကားမ်ားအား ျပန္ခံမေျပာနိုင္ေတာ့ဘဲ ရွိေနေစရမည္။

အစြမ္းမ်ားအား လက္တြင္စုစည္းလိုက္ၿပီး အစြမ္းအကုန္သုံးကာ ရီဟြားဆီသို႔ ပစ္လႊတ္လိုက္သည္။

႐ုတ္တရက္ စူးရွေသာ အလင္းတန္းႀကီး၏ ထိမွန္မႈေၾကာင့္ ရီဟြား နန္းေဆာင္နံရံထိ ကပ္ေအာင္ လြင့္စင္သြားရသည္။

နန္းေဆာင္နံရံအား အရွိန္ျပင္းျပင္းတိုက္ကာ ၾကမ္းျပင္သို႔ ျပဳတ္က်လာေသာ ရီဟြား၏ ပါးစပ္မွ ေသြးမ်ား အန္ထြက္လာေလသည္။ သူ၏ ကိုယ္တြင္းမွ နာက်င္မႈသည္ အႏွိုင္းအဆမရွိ။ မေသေသးဘဲ နာက်င္မႈအား ခံစားေနရသည္က သူ႕အား ပို၍ ခံရခက္ေစသည္။

ရွင္းရန္ႏွင့္ တိုက္ခိုက္ေနရာမွ ထိတ္လန႔္သြားေသာ ရွင္း။

"ေရွာင္ဟြား"

သူ၏ စိုးရိမ္မႈအား အခြင့္ေကာင္းယူကာ တိုက္ခိုက္ခံလိုက္ရေသာ ေၾကာက္မက္ဖြယ္ အလင္းတန္းတစ္ခု။

ရွင္းသည္လည္း အေဝးသို႔ လြင့္စဥ္သြားကာ ျပန္၍ မထနိုင္ေတာ့။ ႏွလုံးသားေနရာအား ထိခိုက္သြားျခင္းေၾကာင့္ သူ ၾကာရွည္ေတာင့္ခံနိုင္မည္ မထင္မိ။ ေသြးရင္းခ်ာ အမေတာ္၏ တိုက္ခိုက္မႈျဖစ္ေသာေၾကာင့္ ခ်က္ခ်င္း မကုသနိုင္လွ်င္ သူ ထာဝရ အိပ္စက္သြားေပေတာ့မည္။

လက္တစ္ဖက္အား ႀကိဳးစားျမႇောက္ကာ ဝိညာဥ္မီးအိမ္အား ဆင့္ေခၚလိုက္သည္။ ထြက္ေပၚလာေသာ ဝိညာဥ္မီးအိမ္ဆီမွ အလင္းတန္းမ်ားသည္ ရွင္းရန္ ကိုယ္ထဲသို႔ တည့္တည့္မတ္မတ္ ဝင္သြားၾကသည္။

႐ုတ္တရက္ သူ(မ) ကိုယ္ထဲ ဝင္လာေသာ အလင္းတန္းမ်ားေၾကာင့္ ထိတ္လန႔္သြားမႈႏွင့္အတူ ေခါင္းထဲတြင္ ေပၚလာေသာ ဝိုးတဝါးပုံရိပ္မ်ား။ ထိုးကိုက္လာေသာ ေခါင္းထဲမွ နာက်င္မႈ။ ေခါင္းႏွစ္ဖက္အား ဖိကာ ရွင္းရန္ နာက်င္စြာ ေအာ္ဟစ္လိုက္မိသည္။

အစီအရီ ေပၚလာေသာ ပုံရိပ္မ်ား။ သူ(မ)ႏွင့္ ေမာင္ေလး ရွင္းယြဲ႕၏ ျမင္ကြင္းမ်ား၊ သူ(မ) ခ်စ္သူ၊ သစၥာေဖာက္ခံရမႈ၊ က်န္းဖုန္းအား ကတိေတာင္းျခင္း၊ ကိုယ့္ကိုကိုယ္ ေပ်ာက္ကြယ္ေစျခင္းႏွင့္ လူသားအျဖစ္ဝင္စားျခင္းမ်ား။ အရာအားလုံးအား သူ(မ) သတိရသြားခဲ့ၿပီ။ သူ(မ)သည္ နာက်င္ဖြယ္ မွတ္ဉာဏ္မ်ားအား မလိုခ်င္ေသာေၾကာင့္ ကိုယ္တိုင္ဖ်က္ဆီးပစ္ခဲ့ေသာ နတ္ဘုရားမတစ္ပါး။ လူ႕ဘဝတြင္လည္း ထပ္မံ၍ အခ်စ္၌ က်ရႈံးကာ မိုက္႐ူးရဲဆန္ခဲ့ေသာ သူ(မ)။ ခ်စ္ရသူ၏ အသုံးခ်ျခင္းကို ခံရကာ သူ(မ) ေမာင္ေလးအား အႀကိမ္ႀကိမ္ နာက်င္ေအာင္လုပ္မိသည့္ ကိုယ့္ကိုကိုယ္ အျပစ္တင္မႈတို႔သည္ သူ(မ)အား ႏွိပ္စက္ေနၾကသည္။ သူ(မ) မ်က္ဝန္းမွ မ်က္ရည္မ်ား စီးက်ကာ အသက္မဲ့သူ တစ္ေယာက္လို ငိုင္ေတြေနမိသည္။

ထိုအေျခအေနတြင္ ၾကမ္းျပင္တြင္လဲက်ေနေသာ ရီဟြားအား ၾကည့္ကာ ေျပာလာေသာ ေက်ာက္ဟြမ္၏ စကားသံထြက္ေပၚလာသည္။

"အရမ္းနာက်င္ေနရတယ္မလား ေရွာင္ဟြား...ကိုယ့္ နာက်င္မႈက အဲထက္ပိုတယ္...ဒါေပမဲ့ ကိုယ္ မင္း နာက်င္ေနရတာကို မၾကည့္ရက္နိုင္ဘူး...ကိုယ္ မင္းကို သက္သာအာင္ လုပ္ေပးမယ္"

အစြမ္းမ်ားအား စုစည္းကာ ထပ္မံ၍ ရီဟြားထံ တည့္တည့္မတ္မတ္ ဦးတည္လာေသာ အလင္းတန္းမ်ား။

"ေရွာင္ဟြား"

ရွင္း၏ စိုးရိမ္တႀကီး ေအာ္လိုက္သံ။

ရီဟြား မ်က္ဝန္းအစုံကိုသာ မွိတ္လိုက္မိသည္။ မၾကာခင္ သူ နာက်င္မႈတို႔အား ခံစားရေတာ့မည္ မဟုတ္။

သူ႕ကိုယ္ေပၚ က်ေရာက္မလာသည့္ အစြမ္းမ်ားေၾကာင့္ မ်က္ဝန္းတို႔အား ဖြင့္ၾကည့္လိုက္စဥ္ သူ၏ေရွ႕၌ ကာထားေသာ ေက်ာျပင္တစ္ခု။ ေသခ်ာသည္မွာ ထိုေက်ာျပင္ပိုင္ရွင္သည္ သူ႕ဆီ က်ေရာက္လာမည့္ အစြမ္းမ်ားအား ကိုယ္စားခံေပးလိုက္ျခင္းပင္။

"အေမွာင္နတ္ဘုရား"

သူ၏ ေခၚသံအား ျပန္ေျဖမလာေသာသူ။

က်န္းဖုန္း ၾကားလိုက္ရေသာ ေခၚသံေၾကာင့္ သူ၏ ႏႈတ္ခမ္းတို႔ ၿပဳံးေယာင္သမ္းသြားရသည္။ တစ္ခါမွ သူ႕အား နာမည္မေခၚဖူးေသာ သူ႕ခ်စ္ရသည္ ေနာက္ဆုံးႀကိမ္ထိ သူ၏ နာမည္အား ေခၚဆိုျခင္း မျပဳခဲ့ေပ။ ခ်စ္ရသူ၏ ရင္ထဲတြင္ တစ္စုံတစ္ေယာက္သည္ အၿမဲတမ္းရွိေနခဲ့ၿပီး သူ၏ ရင္ထဲတြင္ေတာ့ ခ်စ္သူရွိေနေသာ ထိုေကာင္ေလးသည္ ထာဝရရွိေနခဲ့သည္။

တရားက်င့္ေနရာမွ႐ုတ္တရက္ထြက္လာေသာေၾကာင့္ စြမ္းအားဆုံးရႈံးမႈ၊ ရွင္းယြဲ႕အား ကုသေပးျခင္းေၾကာင့္ အားအင္ဆုတ္ယုတ္ေနခဲ့ေသာ သူသည္ သူ႕ကိုယ္ပြား၏ အစြမ္းကုန္သုံးတိုက္ခိုက္လိုက္ျခင္းတြင္ ဆက္၍ ရွင္သန္နိုင္လိမ့္မည္ မဟုတ္ေတာ့။ ထာဝရ ေပ်ာက္ကြယ္သြားေတာ့မည္ျဖစ္ေသာ္လည္း ခ်စ္ရသူအတြက္မို႔ သူ ေနာင္တမရမိ။

သူ မေပ်ာက္ကြယ္ခင္ သူ စတင္ခဲ့ေသာ ဇာတ္လမ္းအား အဆုံးသတ္ရေပမည္။ ခ်စ္ရသူအား ဒုကၡေပးခဲ့ေသာ သူ၏ကိုယ္ပြားအား မုန္းတီးမိသလို သူ႕ကိုယ္သူလည္း လုံးဝခြင့္မလႊတ္နိုင္။ သူ၏တစ္စိတ္တစ္ပိုင္းက ခ်စ္ရသူအား နာက်င္ေစသည္ဟူေသာ အေတြးသည္ သူ႕အား အဆုံးစြန္ထိ နာက်င္ေစသည္။

လက္က်န္စြမ္းအားမ်ားအား စုစည္းကာ သူ၏အေသခံကာကြယ္မႈအား အံ့ၾသသြားပုံရေသာ ဝိညာဥ္ကိုယ္ပြားထံ ပစ္လႊတ္လိုက္သည္။ ေပ်ာက္ကြယ္ခါနီး စြမ္းအားတို႔၏ ျပင္းထန္မႈေၾကာင့္ လြင့္စင္ကာ ဓားဒဏ္ရာျဖင့္ ထိခိုက္ထားသူသည္ လႈပ္ရွားလာျခင္း အလ်ဥ္းမရွိေတာ့ေခ်။ အနီေရာင္ ဝတ္စုံအား ဝတ္ဆင္ထားသည့္ ေက်ာက္ဟြမ္၏ ခႏၶာကိုယ္သည္ အလင္းအမႈန္မ်ားအျဖစ္ ကြဲထြက္သြားၾကၿပီး တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေလသည္။

က်န္းဖုန္း ၿပဳံးလိုက္မိသည္။ ထိုကိုယ္ထဲမွ ဝိညာဥ္အပိုင္းအစသည္ သူ၏ ကိုယ္ထဲ ဝင္လာျခင္း မရွိဘဲ ေပ်ာက္ကြယ္သြားပုံအရ သူသည္လည္း မၾကာခင္တြင္ ေပ်ာက္ကြယ္သြားေပလိမ့္မည္။ ခ်စ္ရသူ၏ မ်က္ႏွာအား ျမင္ရရန္ ေနာက္လွည့္ၾကည့္လိုက္သည္။

"မေၾကာက္နဲ႕ေတာ့ ဟြား"

အံ့ၾသေနပုံရေသာ မ်က္ႏွာေလးအား ခပ္ဖြဖြ ထိကိုင္လိုက္သည္။

"ကိုယ္ မင္းကို ကာကြယ္နိုင္ခဲ့ၿပီ...မေၾကာက္နဲ႕ေတာ့ေနာ္"

ရီဟြား မ်က္ဝန္းမွ မ်က္ရည္တို႔ စီးဆင္းက်လာေတာ့သည္။

"ေကာင္းေကာင္း ဆက္ရွင္သန္ရမယ္ေနာ္ ကိုယ့္ရဲ႕ဟြား"

"ထပ္ၿပီး...ထပ္ၿပီး ကြၽန္ေတာ့္ကို ထားမသြားၾကပါနဲ႕ေတာ့"

ရီဟြား နာက်င္စြာ ေအာ္ဟစ္လိုက္မိသည္။

မ်က္ရည္မ်ားအား ႏူးညံ့ေသာ လက္ေခ်ာင္းရွည္မ်ားျဖင့္ သုတ္ေပးလာေသာသူ။

"မငိုနဲ႕ေလ...ကိုယ္ အျမင္ခ်င္ဆုံးက မင္းေပ်ာ္႐ႊင္ေနတာ"

"...."

"ကိုယ့္ကို ကတိေပးပါ...အၿမဲ ေပ်ာ္ေပ်ာ္ေနသြားပါမယ္လို႔"

ရီဟြား ဘာစကားမွ မဆိုနိုင္စြာ မ်က္ရည္မ်ားသာ အဆက္မျပတ္စီးက်ေနသည္။

"ကိုယ္ မင္းကို စခ်စ္ခဲ့တဲ့ညကို ကိုယ္နဲ႕အတူထာဝရ ယူသြားေတာ့မယ္...အဲဒီညရဲ႕ မွတ္ဉာဏ္ေတြ ဖ်က္ပစ္ခဲ့မိလို႔ ကိုယ္ ေတာင္းပန္ပါတယ္"

"...."

"ဝမ္းနည္းတိုင္း အၿမဲသတိရေပးပါ...ကမာၻႀကီးရဲ႕တစ္ေနရာက ကိုယ့္ရဲ႕ဟြားကို ေပ်ာ္႐ႊင္ေစခ်င္တဲ့ ကိုယ္ရွိေနတယ္ဆိုတာ"

"ကြၽန္ေတာ့္ေၾကာင့္ ထပ္ၿပီး တျခားတစ္ေယာက္ကို မဆုံးရႈံးေစခ်င္ေတာ့ဘူး...ေတာင္းပန္ပါတယ္ ထားမသြားပါနဲ႕"

"တစ္ခါမွ မေခၚဖူးတဲ့ ကိုယ့္ရဲ႕နာမည္ကို အမွတ္ရေနမယ္ဆိုရင္ ကိုယ္ေက်နပ္ပါတယ္"

ရီဟြား ေခါင္းအား အႀကိမ္ႀကိမ္ ခါယမ္းကာ ငိုယိုေနမိသည္။ သူ႕အား အၿမဲကာကြယ္ေပးခဲ့ေသာသူ၊ သူ၏လ်စ္လ်ဴရႈ ျငင္းပယ္မႈမ်ားအား စိတ္ထဲမထားခဲ့ပါေသာ ထိုသူသည္ ေသခ်ာေပါက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ခဲ့သည္။ သူငယ္ခ်င္း၏ အလိုဆႏၵအား လိုက္ျဖည့္ဆည္းေပးရင္း သူႏွင့္မဆိုင္ေသာကိစၥမ်ားအား ဝင္စြက္ဖက္ခဲ့ရေသာ္လည္း ၿငိဳျငင္ခဲ့ျခင္းမရွိခဲ့။ ထိုသို႔ေသာ လူေကာင္းက အေစာႀကီး ေပ်ာက္ကြယ္သြားရမည္ကို ရီဟြား လက္ခံနိုင္ျခင္း မရွိေပ။

"မေျပာသင့္မွန္း သိေပမဲ့ ေနာက္ဆုံးအေနနဲ႕ ထပ္ၿပီး ေျပာခဲ့ပါရေစ....ကိုယ္ မင္းကို အရမ္းခ်စ္တယ္"

က်န္းဖုန္း ပထမတစ္ႀကိမ္ကဲ့သို႔ ခါးခါးသီးသီး ျငင္းပယ္ခံရမည္စိုးစြာ ဘယ္ေတာ့မွမေျပာေတာ့ဟု ဆုံးျဖတ္ထားေသာ စကားအား ေနာက္ဆုံးအေနျဖင့္ သူေျပာလိုက္နိုင္ခဲ့သည္။ သူ႕ရင္ထဲ လြန္စြာေပါ့ပါးသြားရသည္။ သူ႕အေနျဖင့္ ထိုမွ်ေလာက္ႏွင့္ပင္ လုံေလာက္သြားခဲ့ေလၿပီ။

ထို႔ေနာက္ ရွင္းယြဲ႕ဘက္လွည့္ကာ မွာ​ၾကားလိုက္သည္။

"သူ႕ကို အၿမဲေပ်ာ္႐ႊင္ေအာင္ ထားေပးပါ...ငါ မင္းကို ယုံၾကည္တာမို႔ ငါ့ယုံၾကည္မႈကို အလြဲသုံးစား မလုပ္နဲ႕"

ၿပဳံးကာ ေျပာေနသူက နာက်င္ရသည္မွာ သူ မဟုတ္သည့္အတိုင္း။

"မင္း သူ႕ကို တခါေလးဝမ္းနည္းေအာင္ လုပ္မိတာနဲ႕ ငါ သူ႕ကို ခ်က္ခ်င္းလာေခၚမွာ မင္းယုံတယ္မလား"

မျဖစ္နိုင္ေသာ စကားကို ၿပဳံး၍ ေျပာေနသူအား ၾကည့္ကာ ရွင္းယြဲ႕ မ်က္ရည္မ်ား ရစ္ဝဲလာရသည္။ သူႏွင့္ အႏွစ္တစ္ေထာင္ရန္ျဖစ္ခဲ့သူသည္ ေနာင္တြင္ သူႏွင့္ဘယ္ေသာအခါမွ ရန္ျဖစ္နိုင္ေတာ့မည္ မဟုတ္။

"ငါ ကတိေပးပါတယ္"

သူ၏ ကတိစကားအား ၾကားရေသာအခါမွ စိတ္ခ်သြားပုံရသူသည္ အသက္မဲ့သူလို ျဖစ္ေနေသာ ရွင္းရန္ဘက္ၾကည့္ကာ ေျပာလိုက္သည္။

"ငါ အတတ္နိုင္ဆုံး ငါ့ကတိကို တည္ခဲ့တယ္ ရွင္းရန္...အဆုံးထိ မတည္နိုင္ခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္"

သူ ေျပာခ်င္သည့္စကားမ်ားအား သက္ဆိုင္သူမ်ားအကုန္ သူ မွာၾကားခဲ့ရသည္။ သို႔ေသာ္ သူႏွင့္ ႏွစ္ေပါင္းမ်ားစြာ အတူရွိေပးခဲ့ေသာ ဟိုင္ဝမ္ကိုမူ ေနာက္ဆုံးအခ်ိန္ မ်က္ႏွာျမင္ရန္ပင္ သူ႕တြင္အခြင့္အေရးမရွိေတာ့ေပ။ အနည္းငယ္ေတာ့ သူ ဝမ္းနည္းသြားရသည္။

သူ၏လက္မ်ား ေပ်ာက္လိုက္ ေပါက္လိုက္ျဖစ္လာေသာအခါ ၿပဳံး၍ ေရွာင္ဟြား၏ ပါးျပင္အား ထိကိုင္လိုက္သည္။

"ႏႈတ္ဆက္ပါတယ္ ကိုယ့္ရဲ႕ဟြား...ထာဝရ... ထာဝရ ႏႈတ္ဆက္ပါတယ္"

သူ၏ ပါးျပင္အား ထိကိုင္ထားေသာ လက္မ်ားသည္ တစ္စတစ္စ ေပ်ာက္ကြယ္လာၾကသည္။

ရီဟြား မယုံၾကည္နိုင္စြာ ေခါင္းအား ခါရမ္းလိုက္မိသည္။

"ဟင့္အင္း မျဖစ္ရဘူး...မျဖစ္ရဘူး"

သူ၏ ေရွ႕မွ ၿပဳံးရယ္ေနေသာ မ်က္ႏွာသည္ တေျဖးေျဖး အလင္းအမႈန္မ်ားအျဖစ္ ေပ်ာက္ကြယ္သြားေလေတာ့သည္။

ရီဟြား နာက်င္စြာ ရွိုက္၍ ငိုေႂကြးလိုက္သည္။ လုံေလာက္သင့္ၿပီ။ သူ ခံစားရေသာ နာက်င္မႈတို႔ အမွန္တကယ္ လုံေလာက္သင့္ေနၿပီ။ ဒီထက္ပို၍ သူ ဆက္မခံစားနိုင္ေတာ့။

ရွင္းယြဲ႕ လဲက်ေနရာမွ ႀကိဳးစား၍ ထထိုင္လိုက္သည္။ အမေတာ္၏ တိုက္ခိုက္မႈေၾကာင့္ နာက်င္ေနေသာ ေဝဒနာသည္ ခံရခက္လြန္းသည္။

ဝမ္းနည္းစြာ ငိုေႂကြးေနေသာ ေရွာင္ဟြား မ်က္ႏွာေလးအား ၾကင္နာစြာ ၾကည့္လိုက္သည္။

"ေရွာင္ဟြား...ဝူရီဟြားရဲ႕ကိုယ္က ထိခိုက္ထားတဲ့ အစြမ္းေၾကာင့္ ၾကာရွည္ မခံနိုင္ေတာ့ဘူး...ကိုယ့္ရဲ႕ လက္က်န္ အင္အားနဲ႕ မင္းရဲ႕ ကမာၻက မူလခႏၶာကိုယ္ကို ကိုယ္ျပန္ပို႔ေပးမယ္"

ၾကားလိုက္ရေသာ ရွင္း၏ စကားေၾကာင့္ ရီဟြားအသည္းအသန္ ျငင္းဆန္လိုက္သည္။

"ဟင့္အင္း ကြၽန္ေတာ္ မျပန္ဘူး...ကြၽန္ေတာ္ ရွင္းနဲ႕ပဲ အတူေနမယ္...ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ျပန္မပို႔ပါနဲ႕"

"ဒီမွာ ဆက္ေနရင္ မင္း ေသဆုံးရလိမ့္မယ္ ေရွာင္ဟြား...စိတ္ခ်ပါ ကိုယ္ ေသခ်ာေပါက္ မင္းကိုျပန္လာရွာပါ့မယ္...ကိုယ့္ကိုယုံတယ္မလား"

ရီဟြား ေခါင္းညိတ္ျပလိုက္သည္။ သူ ရွင္းအား အႂကြင္းမဲ့ ယုံၾကည္ပါသည္။

"ကိုယ့္ကို ေစာင့္ေနပါ...ကိုယ္ ေသခ်ာေပါက္ မင္းေနာက္လိုက္လာခဲ့မယ္"

ထို႔ေနာက္ ႐ုတ္တရက္ သူ႕ဆီ ေရာက္ရွိလာေသာ အျဖဴေရာင္ အလင္းတန္းမ်ား။ ရီဟြား မ်က္လုံးကိုသာ စုံမွိတ္လိုက္မိသည္။

သူ၏ ေရွ႕မွ ေပ်ာက္ကြယ္သြားေသာ ေကာင္ေလးအား ၾကည့္ကာ ရွင္း ၿပဳံးလိုက္မိသည္။ ေရွာင္ဟြားအား ဘာမွမျဖစ္ေအာင္ ကာကြယ္ေပးလိုက္နိုင္ေလၿပီ။

ႏွလုံးအား ထိခိုက္ထားသည့္အျပင္ အစြမ္းအကုန္သုံးကာ ေရွာင္ဟြားအား သူ၏ ကမာၻဆီ ျပန္ပို႔လိုက္ေသာေၾကာင့္ ပင္ပန္းကာ ရွင္းယြဲ႕ အိပ္ခ်င္လာသည္။ မည္မွ် ၾကာေအာင္ အိပ္ေပ်ာ္သြားမည္မွန္း သူ မသိ။ ထာဝရ အိပ္စက္ျခင္းမ်ိဳး မျဖစ္ရန္သာ သူ ေမွ်ာ္လင့္မိသည္။ သူ ေရွာင္ဟြားအား ကတိတည္ရဦးမည္ေလ။

မလႈပ္မယွက္ အသက္မပါသူလို ျဖစ္ေနေသာ အမေတာ္အား သူ ေခၚဆိုလိုက္သည္။

"အမေတာ္"

သူ၏ ေခၚသံေၾကာင့္ အသိစိတ္ေပ်ာက္ဆုံးေနရာမွ အသိဝင္လာပုံရေသာ အမေတာ္သည္ သူ႕အား စိုးရိမ္စြာ ၾကည့္လာသည္။

ရွင္းယြဲ႕ စိတ္ခ်သြားခဲ့ေလၿပီ။ ပင္ပန္းမႈအား တင္းမခံနိုင္စြာ မ်က္လုံးစုံမွိတ္လိုက္သည္။ အမေတာ္၏ သူ႕အား စိုးရိမ္စြာ ေခၚဆိုလိုက္သံအား ေနာက္ဆုံး ၾကားလိုက္ရၿပီး ေမွာင္မည္းေနေသာ အေမွာင္ထုထဲ သူ လြင့္ေမ်ာသြားေလေတာ့သည္။

********************

ေဆး႐ုံ VIPခန္း တစ္ခုထဲတြင္ နာ့စ္မေလးတစ္ေယာက္သည္ ေဆးပိုက္မ်ားျဖင့္ အိပ္ရာေပၚလွဲေနေသာလူနာအား ၾကည့္ကာ ေခါင္းခါရမ္းလိုက္သည္။

ေဘးနားရွိ နာ့စ္မေလးတစ္ေယာက္သည္ ထိုေခါင္းခါရမ္းမႈအား သိလိုစြာ စပ္စုလိုက္သည္။

"သူ႕ကို ၾကည့္ၿပီး ဘာလို႔ ေခါင္းရမ္းေနတာလဲ...သူက ဘယ္သူမို႔လဲ"

"နင္ သူ႕ကို မသိဘူးလား"

စပ္စုစြာ ေမးေသာ နာ့စ္မေလးသည္ မသိေၾကာင္း ေခါင္းခါျပလိုက္သည္။

"ဟင့္အင္း"

"ကမာၻ နံပါတ္(၁) ေက်ာက္မ်က္ဒီဇိုင္နာ ရီဟြားေလ...တ႐ုတ္ျပည္ရဲ႕ ဂုဏ္ယူရသူ ဒီဇိုင္းပညာရွင္ေပါ့...ဘယ္ေက်ာက္ရိုင္းတုံးမဆို သူ႕လက္က ထြက္တာနဲ႕ ေဈးအျမင့္ဆုံး လက္ဝတ္ရတနာျဖစ္သြားေတာ့တာပဲ...သူ ရွယ္ယာဝင္ထားတဲ့ ကုမၸဏီေတြဆိုလည္း အမ်ားႀကီး...ေငြေၾကးခ်မ္းသာမႈကေတာ့ ဆယ္သက္စားမကုန္ဘူး...ေအာင္ျမင္မႈကလည္း လွ်မ္းလွ်မ္းေတာက္ဘဲ"

မသိဘူးဟု ေျပာခဲ့ေသာ နာ့စ္မေလး လြန္စြာအံ့ၾသသြားရသည္။

"သူ ဆိုရင္ ငါသိတာေပါ့...သူ႕နာမည္က ဟိုးေလးတေက်ာ္ပဲဟာ...ငါက သူ႕႐ုပ္မျမင္ဖူးလို႔ မသိတာ...ဟိုတေလာက သူ အက္ဆီးဒင့္ ျဖစ္တယ္လို႔ ငါၾကားမိတယ္...ဒီေဆး႐ုံမွာ တက္တယ္လို႔ မေဖာ္ျပထားဘူး"

"ဘယ္ေဖာ္ျပမွာလဲ...ဒီေဆး႐ုံမွာ တက္တယ္တာ ေၾကညာလိုက္လို႔ကေတာ့ ငါတို႔ခုလို ေအးေဆးေနနိုင္မယ္ထင္လို႔လား...ေလာကႀကီးက တကယ္ မတရားတာပဲ...ခုလို ငယ္ငယ္႐ြယ္႐ြယ္ ေက်ာ္ၾကားတဲ့ေကာင္ေလးက ကေလးတစ္ေယာက္ ကားတိုက္မိမလိုျဖစ္တာကို ကယ္လိုက္တာ တစ္ႏွစ္ေတာင္ Comaဝင္သြားတယ္...ဘယ္ခ်ိန္ထိ coma ဆက္ဝင္ေနမလဲ မသိဘူး...ျပန္နိုးမလာရင္ေတာ့ ႂကြယ္ဝခ်မ္းသာမႈေတြနဲ႕ ေအာင္ျမင္မႈေတြ အကုန္အလကားပဲ"

စပ္စုမိေသာ နာ့စ္မေလးသည္လည္း ထိုေကာင္ေလးအား သနားဂ႐ုဏာသက္သြားရသည္။

"ေၾသာ္ နင္က အဲဒါေၾကာင့္ ေခါင္းရမ္းတာကိုး...ေအးေနာ္ ႏွေျမာစရာႀကီး...ဒီေလာက္ စိတ္ေကာင္းရွိသူက ခုလို ကိုမာျဖစ္ေနရေတာ့"

ထိုစဥ္ လႈပ္ရွားလာေသာ ေကာင္ေလး၏ လက္ေခ်ာင္းေလးမ်ား။

ေကာင္ေလးအား ၾကည့္ရႈေနသူ နာ့စ္မေလး ႏွစ္ေယာက္လုံး အံ့ၾသဝမ္းသာသြားရသည္။

"သူ...သူ လက္လႈပ္သြားတာလား"

"ဟုတ္တယ္ ဟုတ္တယ္ ငါလည္း ျမင္လိုက္တယ္"

ထို႔ေနာက္ မ်က္လုံးမ်ား ပြင့္လာေသာ ေကာင္ေလး။

ဝမ္းသာမႈႏွင့္အတူ နာစ့္မေလး တစ္ေယာက္ ေခါင္းရင္းရွိ အခ်က္ေပးခလုတ္အား ႏွိပ္လိုက္သည္။

"တီ တီ တီ တီ"

႐ုတ္တရက္ အေျပးအလႊား ေရာက္လာေသာ ဆရာဝန္မ်ား။

တံခါးဝမွ ဆီးႀကိဳေနေသာ နာ့စ္မေလးတစ္ေယာက္သည္ ဝမ္းသာအားရ ခ်က္ခ်င္း ေအာ္ေျပာလိုက္သည္။

"ေဒါက္တာတို႔ သူ...သူ...သတိရလာၿပီ"

အေျပးေရာက္လာၾကေသာ ေဒါက္တာမ်ားအားလုံး အလုပ္ရႈပ္သြားၾကေလေတာ့သည္။

**********************

Continue Reading

You'll Also Like

50.2K 4.6K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
277K 27.9K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
18.7K 1.4K 19
အချစ်မရှိတဲ့မြို့မှာ ပိတ်​လှောင် ကျန်ရစ်ခဲ့တဲ့လူတစ်ယောက်ရယ် အချစ်ရှိတဲ့မြို့ရဲ့ အဝေးကိုလွင့်ထွက်သွားတဲ့ လူတစ်ယောက်ရယ် အမှတ်တရများစွာပြန့်ကျဲနေတဲ့ မြိ...
19.6K 1.5K 39
"ချယ်ရီတွေဟာ ကြွေလွင့်ရင်း တီးတိုးပြောသွားကြတယ်...... သူ မင်းကို ကြည့်နေတယ်တဲ့။ ကျေနပ်မှုအပြည့်နဲ့ ကျွန်တော် ပြုံးမိလိုက်တယ် ထင်ပါရဲ့......." "ခ်ယ...