အပိုင်း(၄၀)
နောက်ဆုံး နှုတ်ဆက်ရခြင်း
ရီဟွား ရေဆာသောကြောင့် စားပွဲပေါ်ရှိ ရေကရားအိုးထဲမှ ရေအား ရေခွက်ထဲငှဲ့၍ သောက်ရန်ယူလိုက်သည်။
စိတ်ရှုပ်ထွေးနေသောကြောင့် ခွက်အား အာရုံမစိုက်မိ။ ပါးစပ်နားတေ့ကာနီးမှ ရင်ထဲ ဆစ်ကနဲ နာကျင်မှုကြောင့် လန့်ကာ ကြွေခွက်လေးအား လွှတ်ချလိုက်မိသည်။
"ခွမ်း"
အစိတ်စိတ်အမြွှာ ကွဲကြေသွားသော ကြွေခွက်လေးအား ကြည့်ကာ ရီဟွား ရင်ထဲနာကျင်လာသည်။ စိတ်ခံစားချက်တို့ လုံးဝမကောင်းတော့ချေ။ မကောင်းတာ တစ်ခုခုဖြစ်တော့မည်ဟု ရင်ထဲ ခံစားနေရသည်။
"ဧကရီ...ဧကရီ တစ်ခုခုများ ဖြစ်လို့လား"
အပြင်ဘက် အစောင့်တစ်ယောက်၏ မေးမြန်းမှုအား ရီဟွားပြန်ဖြေကြားလိုက်သည်။
"ဘာမှမဖြစ်ဘူး...ရေခွက်ကျကွဲတာ"
အပြင်မှ အသံထပ်၍ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
တခဏအကြာ နန်းဆောင်တံခါးပွင့်လာပြီး ရှောင်ကုန်းဇီ ထိတ်လန့်သော အမူအရာဖြင့် နန်းဆောင်ထဲ ဝင်လာလေသည်။
"ဧကရီ ဧကရီ"
"ရှောင်ကုန်းဇီ ဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ"
"ဧကရီ စစ်သူကြီး...စစ်သူကြီး"
ဆက်၍ ပြောမလာသော ရှောင်ကုန်းဇီကြောင့် ရီဟွား လွန်စွာစိုးရိမ်သွားရသည်။ ရေခွက်ကျကွဲခြင်းနှင့် ပတ်သတ်၍ ခံစားချက်မကောင်းသောကြောင့် ရီဟွား အမြန်မေးလိုက်၏။
"အကိုကြီး အကိုကြီး ဘာဖြစ်လို့လဲ"
"စစ်သူကြီး ဆုံးပြီတဲ့"
ရီဟွား မယုံကြည်နိုင် ဖြစ်သွားရသည်။ သူ၏ လက်ထပ်ပွဲအား သေချာပေါက်တက်ရောက်မည်ဟု ကတိပေးခဲ့သော အကိုကြီးက..။
မဖြစ်နိုင်။ လုံးဝ မဖြစ်နိုင်။ သူ လုံးဝ လက်မခံနိုင်ပါ။
"ရှောင်ကုန်းဇီ မင်းခုလို မဟုတ်တဲ့သတင်းတွေ သယ်လာပြီး လျှောက်ပြောနေရင် ငါကိုယ်တိုင် ကျောက်ဟွမ် လက်ထဲမင်းကိုသတ်ဖို့ အပ်လိုက်မယ်"
"သူပြောတာ အမှန်ပဲ...တကယ် စစ်သူကြီး ဆုံးသွားပြီ"
ရွှေရောင်နဂါးဝတ်ရုံနှင့် နန်းဆောင်ထဲ ဝင်လာသူအား အံ့အားသင့်စွာ ရီဟွား ကြည့်လိုက်မိသည်။
အကိုကြီး သူ့ကို ထားပြီးထွက်သွားပြီဆိုခြင်းအား ရီဟွား လက်မခံနိုင်ပေ။
သူ့ကို အရမ်းချစ်သော အကိုကြီး၊ သူ့အတွက်ဆိုရင် အရာရာဂရုစိုက်ပေးတတ်သော အကိုကြီး၊ စိတ်ဆိုးရင်တောင် ရှောင်ဟွားအော်ဟု အော်ရုံမှတစ်ပါး လေသံပြန်ပျော့ပျောင်းသွားတတ်သော အကိုကြီးသည် သူ့အား တစ်ယောက်တည်း ထားမသွားနိုင်ဟု သူတွေးနေမိသည်။ ဇာတ်ကြောင်းပြောင်းလဲသွားသော်လည်း မပြောင်းလဲသွားသော အကိုကြီး၏ ကံကြမ္မာအား လက်ခံပေးရန် အင်အားတို့ သူ့တွင် ရှိမနေချေ။
အသိစိတ်လွတ်စွာ ကျောက်ဟွမ်၏ လက်နှစ်ဖက်အား ဆုပ်ကိုင်၍ မေးလိုက်မိသည်။
"မဟုတ်ဘူးမလား...ဟမ်...မဟုတ်ဘူး အဲဒါအမှန် မဟုတ်ဘူးလို့ ပြောပေးပါ...ကျေးဇူးပြုပြီး...ကျွန်တော့်ရဲ့ သူရဲကောင်းအကိုကြီးက မသေနိုင်ဘူးလေ...သူက ကျွန်တော့်ကို ကာကွယ်ပေးဦးမှာ...ဘယ်လိုမှ ကျွန်တော့်ကို ထားပြီးထွက်သွားမှာ မဟုတ်ဘူး"
မယုံကြည်နိုင်သော်လည်း နှလုံးသားနေရာမှ နင့်နေအောင်ခံစားနေရသည်။ မဖြစ်နိုင်ဟု စိတ်ထဲတွင် အကြိမ်ကြိမ်အော်ဟစ်နေမိသော်လည်း နှလုံးသား၏စေရာအရ သူ ကြားနေရသော စကားတို့သည် အမှန်တကယ်ဖြစ်ကြောင်း ခံစားနေရသည်။
မျက်ဝန်းထဲမှ မျက်ရည်တို့ အဆက်မပြတ် စီးကျလာသည်။ ရင်ဘတ်ဆီမှ စူးအောင့်နာကျင်မှုသည်လည်း အနှိုင်းအဆ မရှိ။ အကိုကြီး၏ ကျေးဇူးများအား သူ ဘာမှ ပြန်မဆပ်ရသေးပေ။
မိုးနတ်မင်းသည် သူ့အား အရမ်းချစ်တတ်သော အကိုတစ်ယောက်ကို ပိုင်ဆိုင်စေပြီး ကျေးဇူးဆပ်ခွင့်ပင် မပေးဘဲ ပြန်ခေါ်သွားလေပြီ။
ကတိပေးထားလျှင် အမြဲတည်အောင်ဆောင်ရွက်တတ်ခဲ့သော အကိုကြီးသည် ပထမဆုံးအကြိမ် အဖြစ် ကတိချိုးဖောက်သွားခဲ့သည်။
မင်္ဂလာပွဲအမှီ လာခဲ့မည်ဟု ကတိပေးခဲ့သောအကိုကြီးက သူ၏ ကတိအား ဘယ်သောအခါမှ မတည်နိုင်တော့။
"အကိုကြီး မကောင်းဘူး....အကိုကြီး ပြောဖူးတယ်...အကိုကြီးမှာ ညီလေး တစ်ယောက်ပဲ ရှိတာ...နောက်ထိခိုက်အောင် မလုပ်ရဘူးနော်တဲ့...အကိုကြီး ဘာလို့ကျွန်တော့်ဘက်ကိုရော မကြည့်ပေးခဲ့တာလဲ...ကျွန်တော့်မှာလည်း....ကျွန်တော့်မှာလည်း မိသားစုဝင်ဆိုလို့ အကိုကြီးတစ်ယောက်ပဲ ရှိတော့တာလေ...အကိုကြီး ကျွန်တော့်ကို ထားသွားရက်တယ်"
သူစိမ်းလူတစ်ယောက်ရှေ့တွင် ငိုရမည်အား ရှက်ရွံ့တတ်သောသူသည် ယခုအချိန်တွင်တော့ ဘာကိုမျှ ဂရုမစိုက်နိုင်စွာ ငိုကြွေးနေမိသည်။
"ကျွန်တော်မဆိုးတော့ဘူးလေ...အကိုကြီး စကားကို နာခံတော့မယ်လေ...အစကတည်းက နန်းတွင်းရေးရာတွေ မပတ်သတ်စေချင်ခဲ့တဲ့ အကိုကြီးစေတနာကို ကျွန်တော် နားမလည်ခဲ့မိတာ....ကျွန်တော့်အမှားမို့ အကိုကြီးပြန်လာပေးပါ...အကိုကြီးသာ ပြန်လာမယ်ဆို ကျွန်တော် နန်းတွင်းနဲ့လည်း မပတ်သတ်တော့ဘူး...လိမ်လိမ်မာမာနဲ့ အကိုကြီးစကား နားထောင်တဲ့ညီလေးပဲ လုပ်ပါ့မယ်"
အကိုကြီး သူ၏ စကားများအား နားထောင်နေလိမ့်မည်ဟု သူယုံကြည်သည်။ သူ့အား အမြဲစိုးရိမ်ပူပန်တတ်ခဲ့သော အကိုကြီးသည် သူ့ဘေးတွင် ရှိနေပေလိမ့်မည်။
ရီဟွား ကျောက်ဟွမ်၏ အင်္ကျီလည်ပင်းအား လက်နှစ်ဖက်ဖြင့် ဆွဲကိုင်၍မေးလိုက်သည်။
"ခင်ဗျားကြောင့်လား အကိုကြီးသေရတာ...ခင်ဗျား သတ်တာလား"
"ကိုယ် မင်းနာကျင်စေမယ့်အရာ တစ်ခုမှတောင် မလုပ်တာ...မင်း ကိုယ့်ကိုမုန်းတီးသွားစေမယ့်အရာကို ကိုယ်က လုပ်ပါ့မလား"
ကျောက်ဟွမ်၏ စကားတို့သည် သူ၏ နားထဲ မဝင်ချေ။ သူ အရမ်းသိချင်နေသည့်အကြောင်းအရာသည် တစ်ခုတည်းသာ။
"အကိုကြီးကို ဘယ်သူသတ်တာလဲ ဟမ်"
မျက်ရည်များစီးကျနေသော ဒေါသမျက်ဝန်းများဖြင့် ကျောက်ဟွမ်အား မာထန်စွာမေးလိုက်သည်။
"ရီရီ"
ကြားလိုက်ရသော နာမည်နှစ်လုံး။ ထိတ်လန့်မှုကြောင့် လက်များသည် အင်္ကျီလည်ပင်းစအား ဆုပ်ကိုင်ထားမှုမှ လွှတ်ပေးလိုက်မိသည်။
အကိုကြီးအား အချစ်ဆုံးသူ၊ အကိုကြီး မေတ္တာရှိနေသည့်သူက သတ်ခဲ့ခြင်းဖြစ်သည်တဲ့။ သူ့နားကိုပင် သူ မယုံနိုင်။ ရီရီ တကယ်တမ်းသတ်မည့်သူသည် သူသာလျှင်ဖြစ်မည်။ အကိုကြီးဟူသော စကားသည် ယုတ္တိရှိမနေ။
"မဖြစ်နိုင်တာ...ရီရီက အကိုကြီးကို သတ်တာ မဖြစ်နိုင်ဘူး"
"အဲဒါအမှန်ပဲ ဟွားအယ်...စစ်သူကြီးက မင်းကိုလာကယ်ဖို့ လုပ်တုန်း ရီရီနဲ့မိသွားတယ်...ရီရီနဲ့ တိုက်ခိုက်ရင်း ရီရီ ဓားနဲ့ ထိုးလိုက်မိတာ"
ရီဟွား မတရားလွန်းသည့် ကံကြမ္မာကို လွန်စွာ ဒေါသထွက်သွားရသည်။ အကိုကြီးကို သတ်သည့်သူ တခြားတစ်ယောက်ယောက်သာ ဖြစ်ခဲ့ပါလျှင် သူ ချက်ချင်း ထိုလူ၏ ခေါင်းအား သွားဖြတ်ပေမည်။
ယခုတော့ အကိုကြီး အမြဲခွင့်လွှတ်ထားသည့် မိန်းမဖြစ်နေခဲ့သည်။ အကိုကြီး၏ သဘောထားအား သိရှိသူ သူ့အတွက် မည်ကဲ့သို့ သွား၍ သတ်နိုင်ပေမည်နည်း။
ရီဟွား ကျောက်ဟွမ်ရှေ့ ကြမ်းပြင်တွင် ဒူးထောက်လိုက်မိသည်။ ရှင်း၏ ချီးမြှောက်မှူကြောင့် မည်သူ့ကိုမျှ ဒူးမထောက်ခဲ့ရသော သူသည် မာနတို့်အား ခဝါချကာ ဒူးထောက်ရန် ဝန်လေးမနေခဲ့ပေ။ အကယ်၍ ထိုကဲ့သို့ ဒူးထောက်ခြင်းက သူအရမ်းချစ်ရသော အကိုကြီးအား ပြန်လည်ရှင်သန်စေမယ်ဆိုလျှင် အကြိမ်တစ်ထောင်ပင် သူ ဒူးထောက်နိုင်သည်။
"ကျောက်ဟွမ် ကျွန်တော့်ကို အကိုကြီးမျက်နှာ မြင်ခွင့်ပေးပါ...ကျေးဇူးပြုပြီး အကိုကြီးကို နောက်ဆုံးမြင်ခွင့်ပေးပါ...ကျွန်တော်တောင်းပန်ပါတယ်"
ကျောက်ဟွမ်သည် မတ်တပ်ရပ်နေရာမှ ကြမ်းပြင်တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး လက်တစ်ဖက်သည် သူ၏ ပါးပြင်ရှိမျက်ရည်စီးကြောင်းများအား သုတ်ပေးလာသည်။
"မင်းသာ ထွက်မပြေးဘဲ စစ်သူကြီးကို တွေ့ပြီး ပြန်လာမယ်ဆိုရင်...ပြီးတော့ ကိုယ်ပြောသမျှ လိုက်နာမယ်လို့ ကတိပေးရင်... ကိုယ်သွားခွင့်ပြုမယ်"
အကိုကြီး၏ ဆုံးမစကားတို့အား မကြားနိုင်တော့သော်လည်း အကိုကြီးမျက်နှာအား နောက်ဆုံးအနေဖြင့် မြင်ရရန် သူအရာရာ စွန့်လွှတ်နိုင်သည်။
ထိုသို့ဖြစ်လာမည်မှန်းကြိုသိခဲ့လျှင် အမြဲအနေတည်တတ်သော အကိုကြီး၏ သူနှင့်တွေ့တိုင်း စကားများခြင်းကို ပြုံးရွှင်စွာဖြင့် သူ နားထောင်ပေးခဲ့ပေလိမ့်မည်။ ရှင်းနှင့် တွေ့ဆုံတိုင်း အလိုမကျဖြစ်သွားတတ်သော အကိုကြီးအား လိုက်ချော့ပေးခဲ့ပေလိမ့်မည်။
အကိုကြီး သူ့အား ဒေါသထွက်စွာ ရှောင်ဟွားအော်ဟု အော်ချိန်တိုင်း ဘယ်တော့မှ နှုတ်ခမ်းဆူခဲ့လိမ့်မည်မဟုတ်။ အကိုကြီး စိတ်ပူရအောင် မလုပ်တော့ဘဲ ဂျီကျခြင်းအားလည်း အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ပေလိမ့်မည်။ အားလုံးသည် အကိုကြီး အသက်ရှင်စဉ် သူ မလုပ်ပေးနိုင်ခဲ့သော အရာတွေချည်းသာ။
"ကျွန်တော်လက်ခံတယ်...ကျွန်တော့်ကို အကိုကြီးဆီ သွားခွင့်ပေးပါ"
"ကောင်းပြီ...ကိုယ် ကိုယ်တိုင် မင်းကို စစ်သူကြီးအိမ်တော်လိုက်ပို့မယ်...ပြီးရင် ကိုယ်နဲ့အတူ နန်းတော်ပြန်လိုက်ခဲ့ရမယ်"
ရီဟွား ခေါင်းညိတ်ပြမိသည်။ မကုန်ခမ်းနိုင်သေးသော မျက်ရည်တို့သည်လည်း မျက်ဝန်းမှ စီးကျလျက်။
ရုတ်တရက် သူ၏ နှုတ်ခမ်းထက် ကျရောက်လာသော အနမ်းတစ်ခု။ ရွံရှာသော်လည်း ယခုအခြေအနေတွင် ရီဟွားဘာမှ မလုပ်နိုင်။ အကိုကြီး၏ မျက်နှာအား နောက်ဆုံး တွေ့ရရန် သူ သည်းခံရပေမည်။
လူသေတစ်ယောက်ကဲ့သို့ အနမ်းအား ပြန်၍ မတုံ့ပြန်ဘဲ ရီဟွား ငြိမ်နေလိုက်မိသည်။ သူ့အတွက် ထိုရှည်ကြာသော အနမ်းသည် မသတီခြင်းမှ လွဲ၍ မည်သည့်ခံစားချက်မျှ မခံစားရပေ။ မျက်ဝန်းမှ မျက်ရည်စက်များသည် ပါးပြင်သို့ ပို၍ စီးကျလာတော့သည်။
နှုတ်ခမ်းတို့ဖယ်ခွာသွားချိန်ထိ ရီဟွား မလှုပ်မယှက် ဆက်၍ ရှိနေဆဲ။ အရင်ထိုင်နေရာမှ ထလိုက်သော ကျောက်ဟွမ်သည် သူ၏လက်နှစ်ဖက်အား ဆွဲ၍ သူ့အား ထူပေးလာသည်။
အားအင်ဆုတ်လျော့နေသော ရီဟွားကိုယ်သည် အသက်မဲ့ခန္ဓာကိုယ်ကဲ့သို့ ဆွဲခေါ်ရာနောက် အလိုက်သင့်ပါလာလေသည်။
"ရှောင်ကုန်းဇီ ကိုယ်ရံတော်တွေနဲ့ အစေခံတွေကို စစ်သူကြီးအိမ်တော်ကိုသွားဖို့ပြင်ဆင်ခိုင်းလိုက်...မင်းကတော့ နန်းတော်မှာပဲနေခဲ့"
ကျောက်ဟွမ်၏စကားအား ရှောင်ကုန်းဇီက ကြောက်ရွံ့စွာချက်ချင်းပြန်ဖြေလာသည်။
"မှန်ပါ"
ထို့နောက် ကျောက်ဟွမ်သည် ရီဟွား၏လက်အားဆွဲကိုင်ကာ နန်းဆောင်ထဲမှ ထွက်သွားလေတော့သည်။
******************
အဖြူရောင်ပိတ်စများ ချိတ်ဆွဲထားသော အိမ်တော်အား ရီဟွားမယုံကြည်စွာ ငေးကြည့်နေမိသည်။ အမြဲဆူညံနေခဲ့သော အိမ်တော်၏ တိတ်ဆိတ်ခြင်းသည် သူနှင့်နေသားကျမနေ။ မျက်ရည်တို့မျက်ဝန်းတွင် ပြည့်လျှံလာလေသည်။
သူ၏လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသည့်လက်တစ်ဖက်အား ရီဟွား ဆွဲဖယ်လိုက်သည်။ တိတ်ဆိတ်နေသော အိမ်တော်ဝန်းထဲ ခြေချလိုက်သည်နှင့် အဖြူရောင်ဝတ်စုံများအားဝတ်ဆင်ထားသည့် လူများသည် သူ့အား လမ်းဖယ်ပေးလာကြသည်။
အနီရောင် ဝတ်ရုံအား ဆင်မြန်းထားသည့် သူသည် အားလုံးထဲတွင် သိသိသာသာထင်ရှားနေသည်။
ခြေတစ်လှမ်းချင်းလှမ်းကာ ရှင်းလင်းသွားသော လမ်းအတိုင်း သူ လျှောက်လာလိုက်သည်။ သူ့အား ဆီးကြိုနေသည့် ခေါင်းတလားတစ်လုံး။ ထိုခေါင်းတလားထဲရှိ လူသည် တစ်လောကလုံးရှိ လူများထဲတွင် သူ့အားအချစ်ဆုံး အကိုကြီး။
သူ့အား နားညီးအောင် စစ်ပွဲအတွေ့အကြုံများ ပြောပြတတ်သည့်အကိုကြီးသည် ထိုခေါင်းတလားထဲတွင် အိပ်စက်နေသည်တဲ့။ အေးချမ်းစွာ အိပ်စက်နေသော မျက်နှာချောချောအား ကြည့်ကာ စိတ်ထဲအကြိမ်များစွာ အော်ဟစ်လိုက်မိသည်။
'ကျွန်တော့်ကို ခုလိုတစ်ယောက်တည်း ပစ်ထားပြီး ဘာလို့အေးအေးဆေးဆေး အိပ်နေနိုင်ရတာလဲ...အကိုကြီး ထတော့ဗျာ...အကိုကြီး ညီလေး ရောက်လာပြီလေ...အရင်လို ဟွားအော်လို့ခေါ်ပြီး မကြိုဆိုတော့ဘူးလား'
အကိုကြီး ခေါင်းတလားရှေ့ ဒူးထောက်ကာ မျက်ရည်တစ်စက်မှမကျဘဲ ငေးငိုင်နေသည့် အဖြူရောင်ဝတ် မိန်းကလေးဘက်လှည့်၍ ရီဟွား အော်ဟစ် မေးမြန်းလိုက်မိသည်။
"ဘာလို့လဲ.. ဘာလို့ခုလို လုပ်ရတာလဲ"
သူ(မ)သည် အသက်မဲ့စွာ ထိုင်နေရာမှ သူ့အား အေးစက်စွာ ကြည့်လာသည်။
"သူ နင့်အတွက် စကားပါးထားခဲ့တယ်...နောက်ဆုံးချိန်ထိတောင် သူ စိတ်မချနိုင်တဲ့သူက နင်ဖြစ်ခဲ့တာ"
ရီဟွား သူ(မ)အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ခုချိန်ထိ ခုချိန်ထိတောင် သူ(မ)၏ မနာလိုမှုများအား မစွန့်လွှတ်နိုင်သေး။ တစ်ခါလောက်သာ သူ(မ)အပေါ်ထားသော အကိုကြီး၏ မေတ္တာများကို သူ(မ) မြင်နိုင်ခဲ့လျှင် အကိုကြီး သူ့အား အစောကြီးထားကာ ထွက်မသွားခဲ့ရလောက်ပေ။
"သူ နင့်ကို ဆက်မကာကွယ်ပေးနိုင်တော့လို့ တောင်းပန်ပါတယ်တဲ့...သူ နင့်ကို အရမ်းချစ်တယ်ဆိုပြီး ငါ့ကို စကားပါးထားခဲ့တယ်...သူ အမြဲတမ်းဂရုတစိုက်နဲ့ ကာကွယ်ပေးချင်ခဲ့တာ နင်တစ်ယောက်တည်းပဲ"
"ရီရီ အကိုကြီး အင်္ကျီအောက်ခံထဲ အမြဲထည့်ထားတဲ့ ပစ္စည်းလေးတစ်ခုရှိတယ်...အဲဒါ နင့်အတွက် အကိုကြီးထားခဲ့တဲ့ လက်ဆောင်ပဲ...နင်ကိုယ်တိုင်ယူလိုက်"
ရီရီ ဆွံ့အသွားရသည်။
သူ(မ) အတွက် ဆရာထားခဲ့တဲ့လက်ဆောင်။
သူ(မ) ခေါင်းတလားအနီး တိုးကပ်ကာ ဆရာ့အင်္ကျီအောက်ခံထဲရှိ ရီဟွားပြောသော ပစ္စည်းအား ယူလိုက်သည်။
သူ(မ) အံ့သြမှင်သက်သွားရသည်။ သူ(မ) မြင်လိုက်ရသည်က သူ(မ) ဆရာ့အား ပေးခဲ့ဖူးသော အမွှေးအိတ်လေး။
"အကိုကြီး နင့်ကို သတိရတဲ့အခါတိုင်း အဲဒီ အမွှေးအိတ်လေး ထုတ်ကြည့်တတ်တယ်...ဘယ်သွားသွား အဲဒါလေးကို အမြဲဆောင်သွားတတ်တယ်...သူ နင့်ကို တစ်ရက်လေးတောင် ပစ်မထားခဲ့ဘူး...နင်အန္တရာယ်ကင်းအောင် သူ့လူတွေလွှတ်ပြီးလည်း နင့်ကို စောင့်ရှောက်ခိုင်းခဲ့တယ်...သူ နင့်အပေါ် ဘယ်လောက်ဂရုစိုက်လဲဆိုတာ ဘေးကကြည့်တဲ့ ငါတောင်မြင်ရပေမဲ့ နင့်မျက်လုံးတွေကတော့ ဘာကိုမှ မမြင်နိုင်ခဲ့ဘူး"
အမွှေးအိတ်ကိုင်ထားလျက် ရီရီ ကြမ်းပြင်ပေါ် ပြိုလဲကျသွားရသည်။သူ(မ) ကိုင်ထားသည့် အမွှေးအိတ်လေးသည် သူ(မ)အား လှောင်ပြောင်နေသယောင်။
"နင့်နေရာမှာ တခြားသူ တစ်ယောက်သာဆို ငါအဲဒီလူကို အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်ပြီးပြီ...ငါ အခုနင့်ကို သတ်ပစ်ချင်နေပေမဲ့ ငါနင့်ကိုမသတ်ဘူး...နင်က အကိုကြီး ကာကွယ်ပေးချင်ခဲ့တဲ့သူ ဖြစ်လို့ ငါ မသတ်တာ...နင့်ကို ဘယ်တော့မှတော့ ငါခွင့်လွှတ်မှာ မဟုတ်ဘူး ရီရီ"
ရီရီ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။အစမှအဆုံး မှားခဲ့သူဟာ သူ(မ)ဖြစ်နေခဲ့ရသည်။
သူ(မ) ဆရာ အရမ်းတော်ပါပေသည်။ ခံစားချက်များအား ဖုံးကွယ်ပြီး သူ(မ)ကို အရူးတစ်ယောက်ဖြစ်အောင် လုပ်သွားခဲ့သည်။ ဘာမှ မသိသည့် သူ(မ)ကတော့ အမှားကြီးကျူးလွန်သူတစ်ယောက်ဖြစ်ခဲ့ရသည်။
တစ်ကြိမ်တစ်ခါလောက် သူ(မ)အား နောက်ကွယ်က ဂရုစိုက်မှုတို့ကို ပြသပေးခဲ့ပါလျှင်။ တစ်ခါလောက် ဆရာ ရီရီ့ကို ဂရုစိုက်ပါတယ်ဟု ပြောပေးခဲ့ပါလျှင်။
ငယ်စဉ်ကတည်းက သူမလိုချင်ခဲ့သည်မှာ တစ်ခုတည်းသာ။ ဆရာ၏ သူ(မ)အပေါ် ရီဟွားကဲ့သို့ ကြင်နာစွာ ဆက်ဆံမှု။ ထိုတစ်ခုတည်းသော ဆန္ဒသည်ပင် သူ(မ) ချစ်ရသူ ဆရာအား သေစေခဲ့သည်။ နောင်တတရားများနှင့် သူ(မ) ရင်ဘတ်မှ စူးအောင့်နာကျင်မှုတို့ ခံစားလာရသည်။
ရီဟွား အမွှေးအိတ်အား တင်းတင်းဆုပ်ကိုင်ကာ မျက်ဝန်းမှ မျက်ရည်များစီးကျနေသူကို မမြင်ချင်သောကြောင့် မျက်နှာလွှဲလိုက်သည်။ သူ ထိုမျက်နှာအား လွန်စွာ မုန်းတီးမိသည်။ သူ ချစ်ရသော အကိုကြီးအား သူ၏ ဘဝမှ ဆွဲထုတ်သွားသူ။
အကိုကြီးသာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုလျှင် အကိုကြီးအား ထုရိုက်၍ မနာလိုစိတ်ကြီးကာ အတ္တကြီးသော ထိုမိန်းကလေးအား အဘယ်ကြောင့်ချစ်ခဲ့သနည်းဟု အပြစ်တင်ပြောဆိုမိလိမ့်မည်။
ရီဟွား နှုတ်ခမ်းအား နာကျင်အောင်ဖိကိုက်လိုက်သည်။ သွေးများသည် နှုတ်ခမ်းမှထက် စီးကျလာကြသည်။ အကိုကြီး၏ ဂုဏ်ပုဒ်များကြောင့် ဈာပနအား လာတက်ရောက်ကြသည့် အထက်တန်းလွှာလူတစ်စု၏ အကြည့်များအားလည်း ဂရုမစိုက်နိုင်တော့။
လမ်းဖယ်ပေးထားသောကြောင့် ရှင်းလင်းနေသောလမ်းအား အသက်မပါစွာ တစ်လှမ်းချင်းလျှောက်လိုက်မိသည်။
အတော်ဝေးဝေးရှိ လျှောက်လမ်း မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျောက်ဟွမ်သည် အားနည်းဖျော့တော့စွာ တစ်လှမ်းချင်းလျှောက်လာသည့် သူ့အား စိုးရိမ်စွာ ကြည့်နေသည်။
တစ်လှမ်းချင်း ကြိုးစားလှမ်းနေရင်း စိတ်၏ နာကျင်ရမှုအား မထိန်းနိုင်စွာ သတိလစ်မေ့မျောသွားတော့သည်။
ကျောက်ဟွမ် မေ့မျောသွားသော ရီဟွားရှိရာဆီ အပြေးသွားကာ ပွေ့ချီလိုက်သည်။
ရီရီသည်လည်း သတိလစ်သွားသော ရီဟွားအား စိုက်ကြည့်နေပြီး ဈာပနတက်ရောက်သူများသည် မည်သို့ပြုမူရမည်မှန်း မသိစွာကြောင်အနေကြသည်။
ကျောက်ဟွမ် ပါလာသော အစောင့်အရှောက်များအား အမိန့်ပေးလိုက်သည်။
"နန်းတော်ပြန်မယ်"
ကုန်းကုန်းတစ်ယောက်၏ တဆင့်ကြေညာသံအား ကြားရသောအခါမှ အားလုံးသည် အသိပြန်ဝင်လာကြပြီး မင်းကြီးအား ဒူးထောက်အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။
ကျောက်ဟွမ် ရီဟွားအား ပွေ့ချီလျက် ပါလာသော အစောင့်အရှောက်၊ အခြွေအရံများနှင့် အိမ်တော်ဝင်းထဲမှ ထွက်သွားလိုက်သည်။
စစ်သူကြီးအိမ်တော်သည် ပြန်လည်၍ တိတ်ဆိတ်သွားလေတော့သည်။
********************
"ရှောင်အန်း ငါ့ကို ထားခဲ့တော့...မင်း အစွမ်းနဲ့ ငါ့ကို ကုသဖို့က မဖြစ်နိုင်ဘူး...ရှောင်ဟွားကိုသာ သွားကယ်ချေ"
"အရှင် စကားမပြောပါနဲ့...စိတ်ကို သေချာစုစည်းထားပါ...အရှင် ပြန်ကောင်းမှာပါ"
စိတ်မလျော့နိုင်သော ရှောင်အန်းကိုကြည့်ကာ ရှင်းယွဲ့ သက်ပြင်းချလိုက်မိသည်။ ဒီလိုမျိုး ဆက်သွားနေပါက အချိန်ကုန်ရုံသာ အဖက်တင်ပေလိမ့်မည်။
ရုတ်တရက် သူတို့ရှေ့တွင် ပေါ်လာသော လူနှစ်ယောက်။
အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသူတစ်ယောက်နှင့် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံအား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်။
"ကျန်းဖုန်း"
ရှင်းယွဲ့ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူအား ကြည့်ကာ ခေါ်ဆိုလိုက်သည်။
"မင်း တရားကျင့်နေတာဆို...ဘယ်လိုလုပ်ရောက်လာတာလဲ"
"ငါ မလာရင် မင်းသေတော့မယ်ထင်လို့ ရောက်လာတာ...ငါ့ထက် အသက်ငယ်ငယ်နဲ့ မသေစေချင်လို့...ငါက စိတ်သဘောထားပြည့်ဝတယ်လေ"
ကျန်းဖုန်း အပြောကြောင့် ရှင်းယွဲ့ မျက်ခုံးတို့ တွန့်ချိုးလိုက်မိသည်။
"တရားကျင့်နေရာက ထွက်လာတာ တခါတည်း သေသွားရမှာ...ခုတော့ နားညီးနေရပြီ"
"မင်း ဘာမှမပြောတာ ကောင်းမယ် ရှင်းယွဲ့...ငါက မင်းသက်သာအောင် ကုပေးရမယ့်သူ"
"မင်း မကုပေးလည်း ရတယ်...မလိုဘူး"
ရှင်းယွဲ့ မကြည်လင်စွာ ပြန်ပြောလိုက်သည်။ အမှောင်နန်းတော်မှာ အေးဆေးမနေဘဲ သူ့ဂူထဲ ခွင့်မတောင်းဘဲ ရောက်လာခြင်းကပင် တော်တော်လေး လွန်နေလေပြီ။ သူ ချထားသော အတားအဆီးများအား မည်သို့ကျော်ဖြတ်ခဲ့မှန်း မသိပေ။
"မင်း မြန်မြန်သက်သာပြီး ရှောင်ဟွားကို မကယ်ချင်ဘူးလား...ငါလည်း စေတနာရှိလွန်းလို့ လာကယ်တယ် မထင်နဲ့...မင်း သေရင် ရှောင်ဟွား ဝမ်းနည်းရမှာစိုးလို့ လာကယ်တာ"
ရှောင်ဟွား နာမည်ကြားလိုက်သည်နှင့် စိုးရိမ်မှုတို့ ချက်ချင်းပေါ်လာတော့သည်။
"အဲဒါဆိုလည်း စကားများမနေနဲ့...မြန်မြန် ငါ့ကို လာကူပေး"
ကူညီတောင်းသည်ကိုပင် အထက်စီးဆန်ဆန်ဖြင့် သူ့အရှင်အား ပြောနေသည်ကို မကျေနပ်စွာ ဟိုင်ဝမ် ပြန်ပြောလိုက်မိသည်။
"ရှင်းယွဲ့နတ်ဘုရားရဲ့ အနောက်ကလူက ဖယ်မှ မဖယ်ပေးတာ ဘယ်လိုလုပ်ပြီး ကျွန်တော့်အရှင်က ကုပေးရမှာလဲ"
ဟိုင်ဝမ် ရှင်းယွဲ့နတ်ဘုရားအပေါ် မကျေနပ်မှုအား ရှောင်အန်းအပေါ် ပုံချလိုက်သည်။
"ဘာလုပ်နေတာလဲ မြန်မြန်ဖယ်ပေး...မဖြစ်စလောက် အစွမ်းလေးနဲ့ ကုပေးနေတယ်...ဖယ် အရှင်ကုလိမ့်မယ်"
မျက်နှာအသားရောင်တို့ ဖြူဖျော့ကာ အားအင်ကုန်ခမ်းသူလို ဖြစ်နေသော ရှောင်အန်း ဟိုင်ဝမ်အား ဘာမှ ပြန်မပြောဘဲ အသာတကြည် နေရာမှဖယ်ပေးလိုက်သည်။
ကျန်းဖုန်း ရှောင်အန်းထိုင်ခဲ့သော နေရာတွင်ထိုင်လိုက်ပြီး လက်နှစ်ဖက်အား ရှင်းယွဲ့ကျောပြင်တွင် ထိကပ်စေကာ အတွင်းအားများလွှဲ၍ ဒဏ်ရာကုသပေးလိုက်သည်။
ဘေးတွင်ရောက်လာသော ရှောင်အန်းအား ဟိုင်ဝမ် လက်ထဲတွင် ဆေးဗူးတစ်ခုဖန်ဆင်းပြီး ပေးလိုက်၏။
"အဲဒါသောက်လိုက် သက်သာသွားလိမ့်မယ်"
"ကျေးဇူးပဲ"
"မလိုပါဘူး"
ရှောင်အန်းသည် ဆေးဗူးအား ယူကာ ဆေးတစ်လုံးထုတ်လိုက်ပြီး ချက်ချင်းသောက်လိုက်သည်။
"မင်း ငါ့ကို ဂရုစိုက်တာ ငါသိသားပဲ"
ရှောင်အန်း စကားကြောင့် ဟိုင်ဝမ် မျက်စောင်းထိုးလိုက်မိသည်။
"ငါ မင်းကို ဂရုမစိုက်ပါဘူး"
ထိုစဉ် ရှောင်အန်း ရုတ်တရက်စိုးရိမ်စွာ ပြောလိုက်သော အသံအား ကြားလိုက်ရသည်။
"ပြသနာပဲ ခုလိုအချိန်မှ"
ရှောင်အန်းစကားကြောင့် ဟိုင်ဝမ်ပါ စိုးရိမ်သွားရသည်။
"ဘာဖြစ်လို့လဲ"
"သိချင်ရင် လိုက်ခဲ့"
ရုတ်တရက်ပြောကာ ပျောက်ကွယ်လိုက်သော ရှောင်အန်းကြောင့် ဟိုင်ဝမ်လည်း စိုးရိမ်ကာ ကိုယ်ပျောက်၍ အတူလိုက်သွားလိုက်သည်။
*************************
အပိုင္း(၄၀)
ေနာက္ဆုံး ႏႈတ္ဆက္ရျခင္း
ရီဟြား ေရဆာေသာေၾကာင့္ စားပြဲေပၚရွိ ေရကရားအိုးထဲမွ ေရအား ေရခြက္ထဲငွဲ႕၍ ေသာက္ရန္ယူလိုက္သည္။
စိတ္ရႈပ္ေထြးေနေသာေၾကာင့္ ခြက္အား အာ႐ုံမစိုက္မိ။ ပါးစပ္နားေတ့ကာနီးမွ ရင္ထဲ ဆစ္ကနဲ နာက်င္မႈေၾကာင့္ လန႔္ကာ ေႂကြခြက္ေလးအား လႊတ္ခ်လိဳက္မိသည္။
"ခြမ္း"
အစိတ္စိတ္အႁမႊာ ကြဲေၾကသြားေသာ ေႂကြခြက္ေလးအား ၾကည့္ကာ ရီဟြား ရင္ထဲနာက်င္လာသည္။ စိတ္ခံစားခ်က္တို႔ လုံးဝမေကာင္းေတာ့ေခ်။ မေကာင္းတာ တစ္ခုခုျဖစ္ေတာ့မည္ဟု ရင္ထဲ ခံစားေနရသည္။
"ဧကရီ...ဧကရီ တစ္ခုခုမ်ား ျဖစ္လို႔လား"
အျပင္ဘက္ အေစာင့္တစ္ေယာက္၏ ေမးျမန္းမႈအား ရီဟြားျပန္ေျဖၾကားလိုက္သည္။
"ဘာမွမျဖစ္ဘူး...ေရခြက္က်ကြဲတာ"
အျပင္မွ အသံထပ္၍ ထြက္ေပၚလာျခင္း မရွိေတာ့ေခ်။
တခဏအၾကာ နန္းေဆာင္တံခါးပြင့္လာၿပီး ေရွာင္ကုန္းဇီ ထိတ္လန႔္ေသာ အမူအရာျဖင့္ နန္းေဆာင္ထဲ ဝင္လာေလသည္။
"ဧကရီ ဧကရီ"
"ေရွာင္ကုန္းဇီ ဘာလို႔ ဒီေလာက္ ပ်ာယာခတ္ေနတာလဲ"
"ဧကရီ စစ္သူႀကီး...စစ္သူႀကီး"
ဆက္၍ ေျပာမလာေသာ ေရွာင္ကုန္းဇီေၾကာင့္ ရီဟြား လြန္စြာစိုးရိမ္သြားရသည္။ ေရခြက္က်ကြဲျခင္းႏွင့္ ပတ္သတ္၍ ခံစားခ်က္မေကာင္းေသာေၾကာင့္ ရီဟြား အျမန္ေမးလိုက္၏။
"အကိုႀကီး အကိုႀကီး ဘာျဖစ္လို႔လဲ"
"စစ္သူႀကီး ဆုံးၿပီတဲ့"
ရီဟြား မယုံၾကည္နိုင္ ျဖစ္သြားရသည္။ သူ၏ လက္ထပ္ပြဲအား ေသခ်ာေပါက္တက္ေရာက္မည္ဟု ကတိေပးခဲ့ေသာ အကိုႀကီးက..။
မျဖစ္နိုင္။ လုံးဝ မျဖစ္နိုင္။ သူ လုံးဝ လက္မခံနိုင္ပါ။
"ေရွာင္ကုန္းဇီ မင္းခုလို မဟုတ္တဲ့သတင္းေတြ သယ္လာၿပီး ေလွ်ာက္ေျပာေနရင္ ငါကိုယ္တိုင္ ေက်ာက္ဟြမ္ လက္ထဲမင္းကိုသတ္ဖို႔ အပ္လိုက္မယ္"
"သူေျပာတာ အမွန္ပဲ...တကယ္ စစ္သူႀကီး ဆုံးသြားၿပီ"
ေ႐ႊေရာင္နဂါးဝတ္႐ုံႏွင့္ နန္းေဆာင္ထဲ ဝင္လာသူအား အံ့အားသင့္စြာ ရီဟြား ၾကည့္လိုက္မိသည္။
အကိုႀကီး သူ႕ကို ထားၿပီးထြက္သြားၿပီဆိုျခင္းအား ရီဟြား လက္မခံနိုင္ေပ။
သူ႕ကို အရမ္းခ်စ္ေသာ အကိုႀကီး၊ သူ႕အတြက္ဆိုရင္ အရာရာဂ႐ုစိုက္ေပးတတ္ေသာ အကိုႀကီး၊ စိတ္ဆိုးရင္ေတာင္ ေရွာင္ဟြားေအာ္ဟု ေအာ္႐ုံမွတစ္ပါး ေလသံျပန္ေပ်ာ့ေပ်ာင္းသြားတတ္ေသာ အကိုႀကီးသည္ သူ႕အား တစ္ေယာက္တည္း ထားမသြားနိုင္ဟု သူေတြးေနမိသည္။ ဇာတ္ေၾကာင္းေျပာင္းလဲသြားေသာ္လည္း မေျပာင္းလဲသြားေသာ အကိုႀကီး၏ ကံၾကမၼာအား လက္ခံေပးရန္ အင္အားတို႔ သူ႕တြင္ ရွိမေနေခ်။
အသိစိတ္လြတ္စြာ ေက်ာက္ဟြမ္၏ လက္ႏွစ္ဖက္အား ဆုပ္ကိုင္၍ ေမးလိုက္မိသည္။
"မဟုတ္ဘူးမလား...ဟမ္...မဟုတ္ဘူး အဲဒါအမွန္ မဟုတ္ဘူးလို႔ ေျပာေပးပါ...ေက်းဇူးျပဳၿပီး...ကြၽန္ေတာ့္ရဲ႕ သူရဲေကာင္းအကိုႀကီးက မေသနိုင္ဘူးေလ...သူက ကြၽန္ေတာ့္ကို ကာကြယ္ေပးဦးမွာ...ဘယ္လိုမွ ကြၽန္ေတာ့္ကို ထားၿပီးထြက္သြားမွာ မဟုတ္ဘူး"
မယုံၾကည္နိုင္ေသာ္လည္း ႏွလုံးသားေနရာမွ နင့္ေနေအာင္ခံစားေနရသည္။ မျဖစ္နိုင္ဟု စိတ္ထဲတြင္ အႀကိမ္ႀကိမ္ေအာ္ဟစ္ေနမိေသာ္လည္း ႏွလုံးသား၏ေစရာအရ သူ ၾကားေနရေသာ စကားတို႔သည္ အမွန္တကယ္ျဖစ္ေၾကာင္း ခံစားေနရသည္။
မ်က္ဝန္းထဲမွ မ်က္ရည္တို႔ အဆက္မျပတ္ စီးက်လာသည္။ ရင္ဘတ္ဆီမွ စူးေအာင့္နာက်င္မႈသည္လည္း အႏွိုင္းအဆ မရွိ။ အကိုႀကီး၏ ေက်းဇူးမ်ားအား သူ ဘာမွ ျပန္မဆပ္ရေသးေပ။
မိုးနတ္မင္းသည္ သူ႕အား အရမ္းခ်စ္တတ္ေသာ အကိုတစ္ေယာက္ကို ပိုင္ဆိုင္ေစၿပီး ေက်းဇူးဆပ္ခြင့္ပင္ မေပးဘဲ ျပန္ေခၚသြားေလၿပီ။
ကတိေပးထားလွ်င္ အၿမဲတည္ေအာင္ေဆာင္႐ြက္တတ္ခဲ့ေသာ အကိုႀကီးသည္ ပထမဆုံးအႀကိမ္ အျဖစ္ ကတိခ်ိဳးေဖာက္သြားခဲ့သည္။
မဂၤလာပြဲအမွီ လာခဲ့မည္ဟု ကတိေပးခဲ့ေသာအကိုႀကီးက သူ၏ ကတိအား ဘယ္ေသာအခါမွ မတည္နိုင္ေတာ့။
"အကိုႀကီး မေကာင္းဘူး....အကိုႀကီး ေျပာဖူးတယ္...အကိုႀကီးမွာ ညီေလး တစ္ေယာက္ပဲ ရွိတာ...ေနာက္ထိခိုက္ေအာင္ မလုပ္ရဘူးေနာ္တဲ့...အကိုႀကီး ဘာလို႔ကြၽန္ေတာ့္ဘက္ကိုေရာ မၾကည့္ေပးခဲ့တာလဲ...ကြၽန္ေတာ့္မွာလည္း....ကြၽန္ေတာ့္မွာလည္း မိသားစုဝင္ဆိုလို႔ အကိုႀကီးတစ္ေယာက္ပဲ ရွိေတာ့တာေလ...အကိုႀကီး ကြၽန္ေတာ့္ကို ထားသြားရက္တယ္"
သူစိမ္းလူတစ္ေယာက္ေရွ႕တြင္ ငိုရမည္အား ရွက္႐ြံ႕တတ္ေသာသူသည္ ယခုအခ်ိန္တြင္ေတာ့ ဘာကိုမွ် ဂ႐ုမစိုက္နိုင္စြာ ငိုေႂကြးေနမိသည္။
"ကြၽန္ေတာ္မဆိုးေတာ့ဘူးေလ...အကိုႀကီး စကားကို နာခံေတာ့မယ္ေလ...အစကတည္းက နန္းတြင္းေရးရာေတြ မပတ္သတ္ေစခ်င္ခဲ့တဲ့ အကိုႀကီးေစတနာကို ကြၽန္ေတာ္ နားမလည္ခဲ့မိတာ....ကြၽန္ေတာ့္အမွားမို႔ အကိုႀကီးျပန္လာေပးပါ...အကိုႀကီးသာ ျပန္လာမယ္ဆို ကြၽန္ေတာ္ နန္းတြင္းနဲ႕လည္း မပတ္သတ္ေတာ့ဘူး...လိမ္လိမ္မာမာနဲ႕ အကိုႀကီးစကား နားေထာင္တဲ့ညီေလးပဲ လုပ္ပါ့မယ္"
အကိုႀကီး သူ၏ စကားမ်ားအား နားေထာင္ေနလိမ့္မည္ဟု သူယုံၾကည္သည္။ သူ႕အား အၿမဲစိုးရိမ္ပူပန္တတ္ခဲ့ေသာ အကိုႀကီးသည္ သူ႕ေဘးတြင္ ရွိေနေပလိမ့္မည္။
ရီဟြား ေက်ာက္ဟြမ္၏ အကၤ်ီလည္ပင္းအား လက္ႏွစ္ဖက္ျဖင့္ ဆြဲကိုင္၍ေမးလိုက္သည္။
"ခင္ဗ်ားေၾကာင့္လား အကိုႀကီးေသရတာ...ခင္ဗ်ား သတ္တာလား"
"ကိုယ္ မင္းနာက်င္ေစမယ့္အရာ တစ္ခုမွေတာင္ မလုပ္တာ...မင္း ကိုယ့္ကိုမုန္းတီးသြားေစမယ့္အရာကို ကိုယ္က လုပ္ပါ့မလား"
ေက်ာက္ဟြမ္၏ စကားတို႔သည္ သူ၏ နားထဲ မဝင္ေခ်။ သူ အရမ္းသိခ်င္ေနသည့္အေၾကာင္းအရာသည္ တစ္ခုတည္းသာ။
"အကိုႀကီးကို ဘယ္သူသတ္တာလဲ ဟမ္"
မ်က္ရည္မ်ားစီးက်ေနေသာ ေဒါသမ်က္ဝန္းမ်ားျဖင့္ ေက်ာက္ဟြမ္အား မာထန္စြာေမးလိုက္သည္။
"ရီရီ"
ၾကားလိုက္ရေသာ နာမည္ႏွစ္လုံး။ ထိတ္လန႔္မႈေၾကာင့္ လက္မ်ားသည္ အကၤ်ီလည္ပင္းစအား ဆုပ္ကိုင္ထားမႈမွ လႊတ္ေပးလိုက္မိသည္။
အကိုႀကီးအား အခ်စ္ဆုံးသူ၊ အကိုႀကီး ေမတၱာရွိေနသည့္သူက သတ္ခဲ့ျခင္းျဖစ္သည္တဲ့။ သူ႕နားကိုပင္ သူ မယုံနိုင္။ ရီရီ တကယ္တမ္းသတ္မည့္သူသည္ သူသာလွ်င္ျဖစ္မည္။ အကိုႀကီးဟူေသာ စကားသည္ ယုတၱိရွိမေန။
"မျဖစ္နိုင္တာ...ရီရီက အကိုႀကီးကို သတ္တာ မျဖစ္နိုင္ဘူး"
"အဲဒါအမွန္ပဲ ဟြားအယ္...စစ္သူႀကီးက မင္းကိုလာကယ္ဖို႔ လုပ္တုန္း ရီရီနဲ႕မိသြားတယ္...ရီရီနဲ႕ တိုက္ခိုက္ရင္း ရီရီ ဓားနဲ႕ ထိုးလိုက္မိတာ"
ရီဟြား မတရားလြန္းသည့္ ကံၾကမၼာကို လြန္စြာ ေဒါသထြက္သြားရသည္။ အကိုႀကီးကို သတ္သည့္သူ တျခားတစ္ေယာက္ေယာက္သာ ျဖစ္ခဲ့ပါလွ်င္ သူ ခ်က္ခ်င္း ထိုလူ၏ ေခါင္းအား သြားျဖတ္ေပမည္။
ယခုေတာ့ အကိုႀကီး အၿမဲခြင့္လႊတ္ထားသည့္ မိန္းမျဖစ္ေနခဲ့သည္။ အကိုႀကီး၏ သေဘာထားအား သိရွိသူ သူ႕အတြက္ မည္ကဲ့သို႔ သြား၍ သတ္နိုင္ေပမည္နည္း။
ရီဟြား ေက်ာက္ဟြမ္ေရွ႕ ၾကမ္းျပင္တြင္ ဒူးေထာက္လိုက္မိသည္။ ရွင္း၏ ခ်ီးျမႇောက္မႉေၾကာင့္ မည္သူ႕ကိုမွ် ဒူးမေထာက္ခဲ့ရေသာ သူသည္ မာနတို႔္အား ခဝါခ်ကာ ဒူးေထာက္ရန္ ဝန္ေလးမေနခဲ့ေပ။ အကယ္၍ ထိုကဲ့သို႔ ဒူးေထာက္ျခင္းက သူအရမ္းခ်စ္ရေသာ အကိုႀကီးအား ျပန္လည္ရွင္သန္ေစမယ္ဆိုလွ်င္ အႀကိမ္တစ္ေထာင္ပင္ သူ ဒူးေထာက္နိုင္သည္။
"ေက်ာက္ဟြမ္ ကြၽန္ေတာ့္ကို အကိုႀကီးမ်က္ႏွာ ျမင္ခြင့္ေပးပါ...ေက်းဇူးျပဳၿပီး အကိုႀကီးကို ေနာက္ဆုံးျမင္ခြင့္ေပးပါ...ကြၽန္ေတာ္ေတာင္းပန္ပါတယ္"
ေက်ာက္ဟြမ္သည္ မတ္တပ္ရပ္ေနရာမွ ၾကမ္းျပင္တြင္ ဒူးတစ္ဖက္ေထာက္လိုက္ၿပီး လက္တစ္ဖက္သည္ သူ၏ ပါးျပင္ရွိမ်က္ရည္စီးေၾကာင္းမ်ားအား သုတ္ေပးလာသည္။
"မင္းသာ ထြက္မေျပးဘဲ စစ္သူႀကီးကို ေတြ႕ၿပီး ျပန္လာမယ္ဆိုရင္...ၿပီးေတာ့ ကိုယ္ေျပာသမွ် လိုက္နာမယ္လို႔ ကတိေပးရင္... ကိုယ္သြားခြင့္ျပဳမယ္"
အကိုႀကီး၏ ဆုံးမစကားတို႔အား မၾကားနိုင္ေတာ့ေသာ္လည္း အကိုႀကီးမ်က္ႏွာအား ေနာက္ဆုံးအေနျဖင့္ ျမင္ရရန္ သူအရာရာ စြန႔္လႊတ္နိုင္သည္။
ထိုသို႔ျဖစ္လာမည္မွန္းႀကိဳသိခဲ့လွ်င္ အၿမဲအေနတည္တတ္ေသာ အကိုႀကီး၏ သူႏွင့္ေတြ႕တိုင္း စကားမ်ားျခင္းကို ၿပဳံး႐ႊင္စြာျဖင့္ သူ နားေထာင္ေပးခဲ့ေပလိမ့္မည္။ ရွင္းႏွင့္ ေတြ႕ဆုံတိုင္း အလိုမက်ျဖစ္သြားတတ္ေသာ အကိုႀကီးအား လိုက္ေခ်ာ့ေပးခဲ့ေပလိမ့္မည္။
အကိုႀကီး သူ႕အား ေဒါသထြက္စြာ ေရွာင္ဟြားေအာ္ဟု ေအာ္ခ်ိန္တိုင္း ဘယ္ေတာ့မွ ႏႈတ္ခမ္းဆူခဲ့လိမ့္မည္မဟုတ္။ အကိုႀကီး စိတ္ပူရေအာင္ မလုပ္ေတာ့ဘဲ ဂ်ီက်ျခင္းအားလည္း အတတ္နိုင္ဆုံး ေရွာင္ရွားခဲ့ေပလိမ့္မည္။ အားလုံးသည္ အကိုႀကီး အသက္ရွင္စဥ္ သူ မလုပ္ေပးနိုင္ခဲ့ေသာ အရာေတြခ်ည္းသာ။
"ကြၽန္ေတာ္လက္ခံတယ္...ကြၽန္ေတာ့္ကို အကိုႀကီးဆီ သြားခြင့္ေပးပါ"
"ေကာင္းၿပီ...ကိုယ္ ကိုယ္တိုင္ မင္းကို စစ္သူႀကီးအိမ္ေတာ္လိုက္ပို႔မယ္...ၿပီးရင္ ကိုယ္နဲ႕အတူ နန္းေတာ္ျပန္လိုက္ခဲ့ရမယ္"
ရီဟြား ေခါင္းညိတ္ျပမိသည္။ မကုန္ခမ္းနိုင္ေသးေသာ မ်က္ရည္တို႔သည္လည္း မ်က္ဝန္းမွ စီးက်လ်က္။
႐ုတ္တရက္ သူ၏ ႏႈတ္ခမ္းထက္ က်ေရာက္လာေသာ အနမ္းတစ္ခု။ ႐ြံရွာေသာ္လည္း ယခုအေျခအေနတြင္ ရီဟြားဘာမွ မလုပ္နိုင္။ အကိုႀကီး၏ မ်က္ႏွာအား ေနာက္ဆုံး ေတြ႕ရရန္ သူ သည္းခံရေပမည္။
လူေသတစ္ေယာက္ကဲ့သို႔ အနမ္းအား ျပန္၍ မတုံ႕ျပန္ဘဲ ရီဟြား ၿငိမ္ေနလိုက္မိသည္။ သူ႕အတြက္ ထိုရွည္ၾကာေသာ အနမ္းသည္ မသတီျခင္းမွ လြဲ၍ မည္သည့္ခံစားခ်က္မွ် မခံစားရေပ။ မ်က္ဝန္းမွ မ်က္ရည္စက္မ်ားသည္ ပါးျပင္သို႔ ပို၍ စီးက်လာေတာ့သည္။
ႏႈတ္ခမ္းတို႔ဖယ္ခြာသြားခ်ိန္ထိ ရီဟြား မလႈပ္မယွက္ ဆက္၍ ရွိေနဆဲ။ အရင္ထိုင္ေနရာမွ ထလိုက္ေသာ ေက်ာက္ဟြမ္သည္ သူ၏လက္ႏွစ္ဖက္အား ဆြဲ၍ သူ႕အား ထူေပးလာသည္။
အားအင္ဆုတ္ေလ်ာ့ေနေသာ ရီဟြားကိုယ္သည္ အသက္မဲ့ခႏၶာကိုယ္ကဲ့သို႔ ဆြဲေခၚရာေနာက္ အလိုက္သင့္ပါလာေလသည္။
"ေရွာင္ကုန္းဇီ ကိုယ္ရံေတာ္ေတြနဲ႕ အေစခံေတြကို စစ္သူႀကီးအိမ္ေတာ္ကိုသြားဖို႔ျပင္ဆင္ခိုင္းလိုက္...မင္းကေတာ့ နန္းေတာ္မွာပဲေနခဲ့"
ေက်ာက္ဟြမ္၏စကားအား ေရွာင္ကုန္းဇီက ေၾကာက္႐ြံ႕စြာခ်က္ခ်င္းျပန္ေျဖလာသည္။
"မွန္ပါ"
ထို႔ေနာက္ ေက်ာက္ဟြမ္သည္ ရီဟြား၏လက္အားဆြဲကိုင္ကာ နန္းေဆာင္ထဲမွ ထြက္သြားေလေတာ့သည္။
******************
အျဖဴေရာင္ပိတ္စမ်ား ခ်ိတ္ဆြဲထားေသာ အိမ္ေတာ္အား ရီဟြားမယုံၾကည္စြာ ေငးၾကည့္ေနမိသည္။ အၿမဲဆူညံေနခဲ့ေသာ အိမ္ေတာ္၏ တိတ္ဆိတ္ျခင္းသည္ သူႏွင့္ေနသားက်မေန။ မ်က္ရည္တို႔မ်က္ဝန္းတြင္ ျပည့္လွ်ံလာေလသည္။
သူ၏လက္ကို မလႊတ္တမ္းဆုပ္ကိုင္ထားသည့္လက္တစ္ဖက္အား ရီဟြား ဆြဲဖယ္လိုက္သည္။ တိတ္ဆိတ္ေနေသာ အိမ္ေတာ္ဝန္းထဲ ေျခခ်လိဳက္သည္ႏွင့္ အျဖဴေရာင္ဝတ္စုံမ်ားအားဝတ္ဆင္ထားသည့္ လူမ်ားသည္ သူ႕အား လမ္းဖယ္ေပးလာၾကသည္။
အနီေရာင္ ဝတ္႐ုံအား ဆင္ျမန္းထားသည့္ သူသည္ အားလုံးထဲတြင္ သိသိသာသာထင္ရွားေနသည္။
ေျခတစ္လွမ္းခ်င္းလွမ္းကာ ရွင္းလင္းသြားေသာ လမ္းအတိုင္း သူ ေလွ်ာက္လာလိုက္သည္။ သူ႕အား ဆီးႀကိဳေနသည့္ ေခါင္းတလားတစ္လုံး။ ထိုေခါင္းတလားထဲရွိ လူသည္ တစ္ေလာကလုံးရွိ လူမ်ားထဲတြင္ သူ႕အားအခ်စ္ဆုံး အကိုႀကီး။
သူ႕အား နားညီးေအာင္ စစ္ပြဲအေတြ႕အႀကဳံမ်ား ေျပာျပတတ္သည့္အကိုႀကီးသည္ ထိုေခါင္းတလားထဲတြင္ အိပ္စက္ေနသည္တဲ့။ ေအးခ်မ္းစြာ အိပ္စက္ေနေသာ မ်က္ႏွာေခ်ာေခ်ာအား ၾကည့္ကာ စိတ္ထဲအႀကိမ္မ်ားစြာ ေအာ္ဟစ္လိုက္မိသည္။
'ကြၽန္ေတာ့္ကို ခုလိုတစ္ေယာက္တည္း ပစ္ထားၿပီး ဘာလို႔ေအးေအးေဆးေဆး အိပ္ေနနိုင္ရတာလဲ...အကိုႀကီး ထေတာ့ဗ်ာ...အကိုႀကီး ညီေလး ေရာက္လာၿပီေလ...အရင္လို ဟြားေအာ္လို႔ေခၚၿပီး မႀကိဳဆိုေတာ့ဘူးလား'
အကိုႀကီး ေခါင္းတလားေရွ႕ ဒူးေထာက္ကာ မ်က္ရည္တစ္စက္မွမက်ဘဲ ေငးငိုင္ေနသည့္ အျဖဴေရာင္ဝတ္ မိန္းကေလးဘက္လွည့္၍ ရီဟြား ေအာ္ဟစ္ ေမးျမန္းလိုက္မိသည္။
"ဘာလို႔လဲ.. ဘာလို႔ခုလို လုပ္ရတာလဲ"
သူ(မ)သည္ အသက္မဲ့စြာ ထိုင္ေနရာမွ သူ႕အား ေအးစက္စြာ ၾကည့္လာသည္။
"သူ နင့္အတြက္ စကားပါးထားခဲ့တယ္...ေနာက္ဆုံးခ်ိန္ထိေတာင္ သူ စိတ္မခ်နိဳင္တဲ့သူက နင္ျဖစ္ခဲ့တာ"
ရီဟြား သူ(မ)အား နားမလည္နိုင္စြာ ၾကည့္လိုက္သည္။ ခုခ်ိန္ထိ ခုခ်ိန္ထိေတာင္ သူ(မ)၏ မနာလိုမႈမ်ားအား မစြန႔္လႊတ္နိုင္ေသး။ တစ္ခါေလာက္သာ သူ(မ)အေပၚထားေသာ အကိုႀကီး၏ ေမတၱာမ်ားကို သူ(မ) ျမင္နိုင္ခဲ့လွ်င္ အကိုႀကီး သူ႕အား အေစာႀကီးထားကာ ထြက္မသြားခဲ့ရေလာက္ေပ။
"သူ နင့္ကို ဆက္မကာကြယ္ေပးနိုင္ေတာ့လို႔ ေတာင္းပန္ပါတယ္တဲ့...သူ နင့္ကို အရမ္းခ်စ္တယ္ဆိုၿပီး ငါ့ကို စကားပါးထားခဲ့တယ္...သူ အၿမဲတမ္းဂ႐ုတစိုက္နဲ႕ ကာကြယ္ေပးခ်င္ခဲ့တာ နင္တစ္ေယာက္တည္းပဲ"
"ရီရီ အကိုႀကီး အကၤ်ီေအာက္ခံထဲ အၿမဲထည့္ထားတဲ့ ပစၥည္းေလးတစ္ခုရွိတယ္...အဲဒါ နင့္အတြက္ အကိုႀကီးထားခဲ့တဲ့ လက္ေဆာင္ပဲ...နင္ကိုယ္တိုင္ယူလိုက္"
ရီရီ ဆြံ႕အသြားရသည္။
သူ(မ) အတြက္ ဆရာထားခဲ့တဲ့လက္ေဆာင္။
သူ(မ) ေခါင္းတလားအနီး တိုးကပ္ကာ ဆရာ့အကၤ်ီေအာက္ခံထဲရွိ ရီဟြားေျပာေသာ ပစၥည္းအား ယူလိုက္သည္။
သူ(မ) အံ့ၾသမွင္သက္သြားရသည္။ သူ(မ) ျမင္လိုက္ရသည္က သူ(မ) ဆရာ့အား ေပးခဲ့ဖူးေသာ အေမႊးအိတ္ေလး။
"အကိုႀကီး နင့္ကို သတိရတဲ့အခါတိုင္း အဲဒီ အေမႊးအိတ္ေလး ထုတ္ၾကည့္တတ္တယ္...ဘယ္သြားသြား အဲဒါေလးကို အၿမဲေဆာင္သြားတတ္တယ္...သူ နင့္ကို တစ္ရက္ေလးေတာင္ ပစ္မထားခဲ့ဘူး...နင္အႏၲရာယ္ကင္းေအာင္ သူ႕လူေတြလႊတ္ၿပီးလည္း နင့္ကို ေစာင့္ေရွာက္ခိုင္းခဲ့တယ္...သူ နင့္အေပၚ ဘယ္ေလာက္ဂ႐ုစိုက္လဲဆိုတာ ေဘးကၾကည့္တဲ့ ငါေတာင္ျမင္ရေပမဲ့ နင့္မ်က္လုံးေတြကေတာ့ ဘာကိုမွ မျမင္နိုင္ခဲ့ဘူး"
အေမႊးအိတ္ကိုင္ထားလ်က္ ရီရီ ၾကမ္းျပင္ေပၚ ၿပိဳလဲက်သြားရသည္။သူ(မ) ကိုင္ထားသည့္ အေမႊးအိတ္ေလးသည္ သူ(မ)အား ေလွာင္ေျပာင္ေနသေယာင္။
"နင့္ေနရာမွာ တျခားသူ တစ္ေယာက္သာဆို ငါအဲဒီလူကို အပိုင္းပိုင္းျဖစ္ေအာင္ ခုတ္သတ္ၿပီးၿပီ...ငါ အခုနင့္ကို သတ္ပစ္ခ်င္ေနေပမဲ့ ငါနင့္ကိုမသတ္ဘူး...နင္က အကိုႀကီး ကာကြယ္ေပးခ်င္ခဲ့တဲ့သူ ျဖစ္လို႔ ငါ မသတ္တာ...နင့္ကို ဘယ္ေတာ့မွေတာ့ ငါခြင့္လႊတ္မွာ မဟုတ္ဘူး ရီရီ"
ရီရီ မ်က္ဝန္းမွ မ်က္ရည္မ်ား စီးက်လာသည္။အစမွအဆုံး မွားခဲ့သူဟာ သူ(မ)ျဖစ္ေနခဲ့ရသည္။
သူ(မ) ဆရာ အရမ္းေတာ္ပါေပသည္။ ခံစားခ်က္မ်ားအား ဖုံးကြယ္ၿပီး သူ(မ)ကို အ႐ူးတစ္ေယာက္ျဖစ္ေအာင္ လုပ္သြားခဲ့သည္။ ဘာမွ မသိသည့္ သူ(မ)ကေတာ့ အမွားႀကီးက်ဴးလြန္သူတစ္ေယာက္ျဖစ္ခဲ့ရသည္။
တစ္ႀကိမ္တစ္ခါေလာက္ သူ(မ)အား ေနာက္ကြယ္က ဂ႐ုစိုက္မႈတို႔ကို ျပသေပးခဲ့ပါလွ်င္။ တစ္ခါေလာက္ ဆရာ ရီရီ႕ကို ဂ႐ုစိုက္ပါတယ္ဟု ေျပာေပးခဲ့ပါလွ်င္။
ငယ္စဥ္ကတည္းက သူမလိုခ်င္ခဲ့သည္မွာ တစ္ခုတည္းသာ။ ဆရာ၏ သူ(မ)အေပၚ ရီဟြားကဲ့သို႔ ၾကင္နာစြာ ဆက္ဆံမႈ။ ထိုတစ္ခုတည္းေသာ ဆႏၵသည္ပင္ သူ(မ) ခ်စ္ရသူ ဆရာအား ေသေစခဲ့သည္။ ေနာင္တတရားမ်ားႏွင့္ သူ(မ) ရင္ဘတ္မွ စူးေအာင့္နာက်င္မႈတို႔ ခံစားလာရသည္။
ရီဟြား အေမႊးအိတ္အား တင္းတင္းဆုပ္ကိုင္ကာ မ်က္ဝန္းမွ မ်က္ရည္မ်ားစီးက်ေနသူကို မျမင္ခ်င္ေသာေၾကာင့္ မ်က္ႏွာလႊဲလိုက္သည္။ သူ ထိုမ်က္ႏွာအား လြန္စြာ မုန္းတီးမိသည္။ သူ ခ်စ္ရေသာ အကိုႀကီးအား သူ၏ ဘဝမွ ဆြဲထုတ္သြားသူ။
အကိုႀကီးသာ သက္ရွိထင္ရွား ရွိေနဦးမည္ဆိုလွ်င္ အကိုႀကီးအား ထုရိုက္၍ မနာလိုစိတ္ႀကီးကာ အတၱႀကီးေသာ ထိုမိန္းကေလးအား အဘယ္ေၾကာင့္ခ်စ္ခဲ့သနည္းဟု အျပစ္တင္ေျပာဆိုမိလိမ့္မည္။
ရီဟြား ႏႈတ္ခမ္းအား နာက်င္ေအာင္ဖိကိုက္လိုက္သည္။ ေသြးမ်ားသည္ ႏႈတ္ခမ္းမွထက္ စီးက်လာၾကသည္။ အကိုႀကီး၏ ဂုဏ္ပုဒ္မ်ားေၾကာင့္ ဈာပနအား လာတက္ေရာက္ၾကသည့္ အထက္တန္းလႊာလူတစ္စု၏ အၾကည့္မ်ားအားလည္း ဂ႐ုမစိုက္နိုင္ေတာ့။
လမ္းဖယ္ေပးထားေသာေၾကာင့္ ရွင္းလင္းေနေသာလမ္းအား အသက္မပါစြာ တစ္လွမ္းခ်င္းေလွ်ာက္လိုက္မိသည္။
အေတာ္ေဝးေဝးရွိ ေလွ်ာက္လမ္း မ်က္ႏွာခ်င္းဆိုင္တြင္ ရွိေနေသာ ေက်ာက္ဟြမ္သည္ အားနည္းေဖ်ာ့ေတာ့စြာ တစ္လွမ္းခ်င္းေလွ်ာက္လာသည့္ သူ႕အား စိုးရိမ္စြာ ၾကည့္ေနသည္။
တစ္လွမ္းခ်င္း ႀကိဳးစားလွမ္းေနရင္း စိတ္၏ နာက်င္ရမႈအား မထိန္းနိုင္စြာ သတိလစ္ေမ့ေမ်ာသြားေတာ့သည္။
ေက်ာက္ဟြမ္ ေမ့ေမ်ာသြားေသာ ရီဟြားရွိရာဆီ အေျပးသြားကာ ေပြ႕ခ်ီလိုက္သည္။
ရီရီသည္လည္း သတိလစ္သြားေသာ ရီဟြားအား စိုက္ၾကည့္ေနၿပီး ဈာပနတက္ေရာက္သူမ်ားသည္ မည္သို႔ျပဳမူရမည္မွန္း မသိစြာေၾကာင္အေနၾကသည္။
ေက်ာက္ဟြမ္ ပါလာေသာ အေစာင့္အေရွာက္မ်ားအား အမိန႔္ေပးလိုက္သည္။
"နန္းေတာ္ျပန္မယ္"
ကုန္းကုန္းတစ္ေယာက္၏ တဆင့္ေၾကညာသံအား ၾကားရေသာအခါမွ အားလုံးသည္ အသိျပန္ဝင္လာၾကၿပီး မင္းႀကီးအား ဒူးေထာက္အရိုအေသျပဳကာ ႏႈတ္ဆက္လိုက္ၾကသည္။
ေက်ာက္ဟြမ္ ရီဟြားအား ေပြ႕ခ်ီလ်က္ ပါလာေသာ အေစာင့္အေရွာက္၊ အေႁခြအရံမ်ားႏွင့္ အိမ္ေတာ္ဝင္းထဲမွ ထြက္သြားလိုက္သည္။
စစ္သူႀကီးအိမ္ေတာ္သည္ ျပန္လည္၍ တိတ္ဆိတ္သြားေလေတာ့သည္။
********************
"ေရွာင္အန္း ငါ့ကို ထားခဲ့ေတာ့...မင္း အစြမ္းနဲ႕ ငါ့ကို ကုသဖို႔က မျဖစ္နိုင္ဘူး...ေရွာင္ဟြားကိုသာ သြားကယ္ေခ်"
"အရွင္ စကားမေျပာပါနဲ႕...စိတ္ကို ေသခ်ာစုစည္းထားပါ...အရွင္ ျပန္ေကာင္းမွာပါ"
စိတ္မေလ်ာ့နိုင္ေသာ ေရွာင္အန္းကိုၾကည့္ကာ ရွင္းယြဲ႕ သက္ျပင္းခ်လိဳက္မိသည္။ ဒီလိုမ်ိဳး ဆက္သြားေနပါက အခ်ိန္ကုန္႐ုံသာ အဖက္တင္ေပလိမ့္မည္။
႐ုတ္တရက္ သူတို႔ေရွ႕တြင္ ေပၚလာေသာ လူႏွစ္ေယာက္။
အနက္ေရာင္ဝတ္႐ုံအား ဝတ္ဆင္ထားသူတစ္ေယာက္ႏွင့္ အနက္ေရာင္ကိုယ္က်ပ္ဝတ္စုံအား ဝတ္ဆင္ထားသည့္ လူငယ္တစ္ေယာက္။
"က်န္းဖုန္း"
ရွင္းယြဲ႕ အနက္ေရာင္ဝတ္႐ုံဝတ္ဆင္ထားသူအား ၾကည့္ကာ ေခၚဆိုလိုက္သည္။
"မင္း တရားက်င့္ေနတာဆို...ဘယ္လိုလုပ္ေရာက္လာတာလဲ"
"ငါ မလာရင္ မင္းေသေတာ့မယ္ထင္လို႔ ေရာက္လာတာ...ငါ့ထက္ အသက္ငယ္ငယ္နဲ႕ မေသေစခ်င္လို႔...ငါက စိတ္သေဘာထားျပည့္ဝတယ္ေလ"
က်န္းဖုန္း အေျပာေၾကာင့္ ရွင္းယြဲ႕ မ်က္ခုံးတို႔ တြန႔္ခ်ိဳးလိုက္မိသည္။
"တရားက်င့္ေနရာက ထြက္လာတာ တခါတည္း ေသသြားရမွာ...ခုေတာ့ နားညီးေနရၿပီ"
"မင္း ဘာမွမေျပာတာ ေကာင္းမယ္ ရွင္းယြဲ႕...ငါက မင္းသက္သာေအာင္ ကုေပးရမယ့္သူ"
"မင္း မကုေပးလည္း ရတယ္...မလိုဘူး"
ရွင္းယြဲ႕ မၾကည္လင္စြာ ျပန္ေျပာလိုက္သည္။ အေမွာင္နန္းေတာ္မွာ ေအးေဆးမေနဘဲ သူ႕ဂူထဲ ခြင့္မေတာင္းဘဲ ေရာက္လာျခင္းကပင္ ေတာ္ေတာ္ေလး လြန္ေနေလၿပီ။ သူ ခ်ထားေသာ အတားအဆီးမ်ားအား မည္သို႔ေက်ာ္ျဖတ္ခဲ့မွန္း မသိေပ။
"မင္း ျမန္ျမန္သက္သာၿပီး ေရွာင္ဟြားကို မကယ္ခ်င္ဘူးလား...ငါလည္း ေစတနာရွိလြန္းလို႔ လာကယ္တယ္ မထင္နဲ႕...မင္း ေသရင္ ေရွာင္ဟြား ဝမ္းနည္းရမွာစိုးလို႔ လာကယ္တာ"
ေရွာင္ဟြား နာမည္ၾကားလိုက္သည္ႏွင့္ စိုးရိမ္မႈတို႔ ခ်က္ခ်င္းေပၚလာေတာ့သည္။
"အဲဒါဆိုလည္း စကားမ်ားမေနနဲ႕...ျမန္ျမန္ ငါ့ကို လာကူေပး"
ကူညီေတာင္းသည္ကိုပင္ အထက္စီးဆန္ဆန္ျဖင့္ သူ႕အရွင္အား ေျပာေနသည္ကို မေက်နပ္စြာ ဟိုင္ဝမ္ ျပန္ေျပာလိုက္မိသည္။
"ရွင္းယြဲ႕နတ္ဘုရားရဲ႕ အေနာက္ကလူက ဖယ္မွ မဖယ္ေပးတာ ဘယ္လိုလုပ္ၿပီး ကြၽန္ေတာ့္အရွင္က ကုေပးရမွာလဲ"
ဟိုင္ဝမ္ ရွင္းယြဲ႕နတ္ဘုရားအေပၚ မေက်နပ္မႈအား ေရွာင္အန္းအေပၚ ပုံခ်လိဳက္သည္။
"ဘာလုပ္ေနတာလဲ ျမန္ျမန္ဖယ္ေပး...မျဖစ္စေလာက္ အစြမ္းေလးနဲ႕ ကုေပးေနတယ္...ဖယ္ အရွင္ကုလိမ့္မယ္"
မ်က္ႏွာအသားေရာင္တို႔ ျဖဴေဖ်ာ့ကာ အားအင္ကုန္ခမ္းသူလို ျဖစ္ေနေသာ ေရွာင္အန္း ဟိုင္ဝမ္အား ဘာမွ ျပန္မေျပာဘဲ အသာတၾကည္ ေနရာမွဖယ္ေပးလိုက္သည္။
က်န္းဖုန္း ေရွာင္အန္းထိုင္ခဲ့ေသာ ေနရာတြင္ထိုင္လိုက္ၿပီး လက္ႏွစ္ဖက္အား ရွင္းယြဲ႕ေက်ာျပင္တြင္ ထိကပ္ေစကာ အတြင္းအားမ်ားလႊဲ၍ ဒဏ္ရာကုသေပးလိုက္သည္။
ေဘးတြင္ေရာက္လာေသာ ေရွာင္အန္းအား ဟိုင္ဝမ္ လက္ထဲတြင္ ေဆးဗူးတစ္ခုဖန္ဆင္းၿပီး ေပးလိုက္၏။
"အဲဒါေသာက္လိုက္ သက္သာသြားလိမ့္မယ္"
"ေက်းဇူးပဲ"
"မလိုပါဘူး"
ေရွာင္အန္းသည္ ေဆးဗူးအား ယူကာ ေဆးတစ္လုံးထုတ္လိုက္ၿပီး ခ်က္ခ်င္းေသာက္လိုက္သည္။
"မင္း ငါ့ကို ဂ႐ုစိုက္တာ ငါသိသားပဲ"
ေရွာင္အန္း စကားေၾကာင့္ ဟိုင္ဝမ္ မ်က္ေစာင္းထိုးလိုက္မိသည္။
"ငါ မင္းကို ဂ႐ုမစိုက္ပါဘူး"
ထိုစဥ္ ေရွာင္အန္း ႐ုတ္တရက္စိုးရိမ္စြာ ေျပာလိုက္ေသာ အသံအား ၾကားလိုက္ရသည္။
"ျပသနာပဲ ခုလိုအခ်ိန္မွ"
ေရွာင္အန္းစကားေၾကာင့္ ဟိုင္ဝမ္ပါ စိုးရိမ္သြားရသည္။
"ဘာျဖစ္လို႔လဲ"
"သိခ်င္ရင္ လိုက္ခဲ့"
႐ုတ္တရက္ေျပာကာ ေပ်ာက္ကြယ္လိုက္ေသာ ေရွာင္အန္းေၾကာင့္ ဟိုင္ဝမ္လည္း စိုးရိမ္ကာ ကိုယ္ေပ်ာက္၍ အတူလိုက္သြားလိုက္သည္။
*************************